(Complete)အေးစက်တဲ့မြွေဘုရင်က...

Kyiphyuswe tarafından

241K 31.7K 745

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... Daha Fazla

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (35)

1.8K 274 2
Kyiphyuswe tarafından

(35)

'' အကိုကြီး အားယန် ၊ ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့က မရှိ ကြတော့ဘူး ''

စုယွမ် က အဲ့တာ ကို ကြားတော့ အတော်လေး ကို ပြာယာ ခတ် သွား လေတယ်။

ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး ဆိုတာက ဒီကမ္ဘာမှာ သူပိုင်ဆိုင် ထားတဲ့ တစ်ခုတည်းသော ကလေးတွေ ပဲလေ။

တကယ်လို့ သူတို့ ဆီမှာသာ တစ်စုံတစ်ခု  ဖြစ်ပျက်ခဲ့ လို့ ကတော့ ဖြစ်လာမယ့် အကျိုးဆက် တွေကို သူခံနိုင်ရည် ရှိမှာ မဟုတ် ပါပေ။

တကယ်ကြီး တစ်ခုခု ဖြစ်ခဲ့ရင် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ် နိုင်တော့မယ် လို့ မထင်မိဘူး။

'' အကိုကြီး အားယန်၊ အရမ်းကြီး စိတ်ပူ မနေပါနဲ့။ ကျွန်မ ဦးလေး နဲ့ ကျွန်မ ကလည်း သူတို့တွေ ကို အတူတူ သွားပြီးတော့ ကူရှာ ပေးပါ့မယ်။ ကျွန်မ ဦးလေး က အရမ်းကို စွမ်းအား ကြီးတာ လေ။ ကျွန်မ တို့ သေချာ ရှာရင် ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့ကို ပြန်ရှာ တွေ့မှာပါ ''

ဒါပေမယ့် အဲ့တာက စုယွမ် ကို မနှစ်သိမ့်စေ ခဲ့ပါပေ။

သူ့ကလေး နှစ်ယောက် က ပျောက်ဆုံး သွားပြီ ဖြစ်တဲ့ အတွက် သူက ဘယ်လိုလုပ် မစိုးရိမ်ပဲ နေမှာ တဲ့လဲ။

'' အခု သွားကြစို့ ''

အဲ့အချိန် ခဏ လေးမှာတော့ စုယွမ် ကဘာကိုမှ ထပ်ပြီးတော့ မတွေးတော နိုင်တော့ ပါပေ။ ကလေး နှစ်ယောက် နဲ့ နှိုင်းယှဥ် လာရင် မြွေကြီး ဟဲလျန်ချန်း က ချောင်ထဲ ရောက်တဲ့ အထိကို ပစ်ထုတ် ခံလိုက် ရပါတော့တယ်။

သူ့ကလေး တွေနဲ့ အရာအားလုံးကို နှိုင်းယှဥ် လိုက်ရင် သူကိုယ်တိုင်တောင် အရေးမပါတော့ တာလေ။ မြွေကြီး ဟဲလျန်ချန်း က ဘာမလို့လဲ။

သဘာဝ ကျစွာနဲ့ပဲ ဖုန့်ဝူယိုး နဲ့ ဖုန့်ရှီးရှီးတို့ ကတော့ အဲ့တာ အတွက် ဘာမှ ထင်မြင်ချက် မရှိတဲ့ အပြင်  ပျောက်ဆုံးနေတဲ့ ကလေးလေး နှစ်ယောက်  ကို သွားပြီးတော့ သူတို့ ၃ ယောက် က သွားရှာ ကြတော့မှာ ပဲ ဖြစ်လေတယ်။

သူတို့က တံခါး ကိုလည်း ဖွင့်လိုက်ရော ဟဲလျန်ချန်း တစ်ယောက်  အပြေးလေး ဝင်လာ တာကို စုယွမ် က တွေ့ခဲ့ ရလေတယ်။

အစောလေး ကတည်းက ဟဲလျန်ချန်း က တံခါးနား ရောက်နေ ခဲ့တာ ပဲ ဖြစ်လေတယ်။ ပြီးတော့ လူရိုင်း နှစ်ယောက် က ပျောက်သွား ပြီဆိုတာကို စုယွမ် ကြားလိုက် ရတော့ အရမ်းကို စိုးရိမ် သွားတဲ့ ပုံပေါ်လေတယ်။ နောက်ပြီး စုယွမ် က အရမ်းကို စိတ်ဖိစီး သွားကာ သူ့ကို ထားခဲ့ ပြီး လိုက်ရှာ တော့မယ့် ပုံပေါ်လေတယ်။

ဟဲလျန်ချန်း က လုံးဝ ကို မစောင့် နိုင် တော့ပါပေ။ စုယွမ်ကို ထပ်ပြီး ထွက်သွားမှာ ကို သူသေချာပေါက် တားမှပဲ ဖြစ်ရမယ်။ အဲ့အချိန်မှာပဲ တစ်ဖက်လူ က တံခါး ကို ဖွင့်လာ ခဲ့လေတယ်။

စုယွမ် က ဟဲလျန်ချန်း ကို တွေ့တဲ့ အခါ မှာတော့ သူက တစ်ခဏတော့ တုံ့ဆိုင်း သွား လေတယ်။ ဒါပေမယ့် အဲ့အခုချိန်မှာ ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့ ပျောက်ဆုံး နေတာ ကပဲ သူ့ရဲ့ စိတ်ထဲမှာ ပဲ အရမ်းကို အလေးသာ နေခဲ့ လေတယ်။

ဒါ့ကြောင့် သဘာဝ ကျစွာ နဲ့ပဲ သူက ဟဲလျန်ချန်း ကို လုံးဝ ဂရုမစိုက် နိုင်တော့ပဲ အမြန် ပြောလိုက် လေတယ်။

'' ရှောင်ယွဲ့နဲ့ ရှောင်းဟွေးဟွေး တို့က ပျောက်ဆုံး နေတယ်တဲ့လေ။ ငါ သူတို့ကို သွားပြီးတော့ ချက်ချင်း ရှာမှ ဖြစ်လိမ့်မယ် ''

ရှောင်ယွဲ့ က နတ်သမီးလေး လို မျိုး လှပ လေတယ်။ ရှောင်ဟွေးဟွေးလေး ကလည်း ​ချစ်စရာ ကောင်းကာ ရိုးသားနုံ အပြီးတော့ အဖြူထည် လေးလေ။ ကလေး နှစ်ယောက် စလုံး က အတော်ငယ် သေးတယ်။ တစ်ယောက် ယောက်ကများ အကြံဆိုးကြီး ရှိနေ မယ်ဆို ကလေးတွေက ဘယ်လိုတောင် သိနိုင် မှာတဲ့လဲ?

'' ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး ဆိုတာ က ဘယ်သူလဲ? ''

ဟဲလျန်ချန်း က စိတ်ရှည်စွာနဲ့  တိတ်ဆိတ်ပဲ မေးလိုက် လေတယ်။ သူ့ရဲ့ နှလုံးသား ထဲမှာတော့ ' ငါစိတ်ငြိမ်မှ ဖြစ်မယ် ' ၊ ' စိတ်ငြိမ် ထား ရမယ် ' ဆိုပြီးတော့ ရေရွတ် နေခဲ့ လေတယ်။  သူ့ကိုယ်သူ ထိန်းချုပ်ထား ပြီးတော့ စုယွမ် ကို နာကျင် စေမယ့် ဘယ်လို ကိစ္စမျိုး ကိုမှ မလုပ်မိအောင် ရုန်းကန် နေခဲ့ ရလေတယ်။

အရှေ့က တွေးခဲ့ သမျှတွေ အကုန်လုံး က သူ့ရဲ့ ကိုယ်ပိုင် ခန့်မှန်း ချက်တွေသာ ဖြစ်ပြီးတော့ သူထင်ထား သလို မဖြစ် နေရင် ဘယ်လို လုပ်ကြ မတဲ့လဲ။

သူက စုယွမ် ရဲ့ အဖြေကို စောင့်နေ ခဲ့လေတယ်။ စုယွမ် က သူနဲ့ အတူတူ နေလို စိတ်ရှိ သရွေ့ကတော့ သူက အဲ့တာ တွေကို လည်း လျစ်လျု ရှုပေး ထားနိုင် လေတယ်။ အဲ့တာ က သူ့ကိုယ် နှိပ်စက် သလို ဖြစ်နေရင် တောင်မှ စုယွမ် အတွက် သူ မေ့ပေး ထားနိုင်ပါတယ်။

( ကလေးတွေကို အချစ်ပြိုင်ဘက် တွေ အဖြစ်မြင်ပြီး ခေါင်းစိမ်းနေ ပြီ ထင်နေတဲ့ မြွေ ဖေဖေကြီး 🤣)

'' ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့က ငါ့ရဲ့....... သူငယ်ချင်း တွေပါ ''

' ကလေးတွေ ' ဆိုတဲ့ စကားလုံး ကို ယောင်ပြီး ထွက်တော့ မလို ဖြစ်သွား လေတယ်။ ဒါပေမယ့် ကံကောင်း စွာနဲ့ ပဲ နောက်ဆုံး မိနစ်မှာ သူ ရပ်တန့် နိုင်ခဲ့တယ်​လေ။

ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး တို့က သူ့ရဲ့ အချစ်တော် လေးတွေလေ။ သူ့ခမျာ သူတို့ မွေးလာအောင် အလုပ်တွေ ခက်ခက်ခဲခဲ ကြိုးစား ထားခဲ့ ရတာ။ အဲ့တာ လေး တွေက သူ့ တစ်ယောက် ထဲ အပိုင်ပဲ။ ပြီးတော့ အဲ့ကလေး တွေက မြွေကြီး နဲ့ ဘာမှ လားလား မဆိုင် ဘူးလေ။

ထိုကိစ္စတွေ ပေါ်သွားမှာ ကို ကြောက်တဲ့ အတွက်ကြောင့် သူက အရှင်ကြီး ဟဲလျန်ချန်း နဲ့ စကား ဆက် မပြောချင် တော့ပါပေ။ ပြီးတော့ ပို အလျင်စလို ဖြစ်လာ ခဲ့လေတယ်။

'' ငါ အမြန်လေး သွားပြီးတော့ သူတို့ကို ရှာမှ ရလိမ့်မယ် ''

စုယွမ် က စကား ပြောပြီး တာနဲ့ လက်ကို ဆန့်ထုတ်ကာ မြွေဘုရင် ကြီး ဟဲလျန်ချန်း ကို ဘေးနား ရောက်အောင် တွန်းဖယ် လိုက်တယ်။ ​နောက်တော့ သူက တစ်စုံတစ်ယောက် ကို ရှာဖို့ အတွက် အမြန်ပဲ ပြေးထွက် သွား ဖို့ လုပ်လိုက် တော့တယ်။

သူ့ခမျာ ခြေ တစ်လှမ်းပဲ အပြင်ကို လှမ်းရတယ် ရှိသေးတယ် တစ်ယောက် ယောက် က သူ့လက်မောင်း ကို ဆွဲထား လေတယ်။

စုယွမ် က အနောက်ကို ပြန်လှည့် ကြည့်တော့ မြွေကြီး ဟဲလျန်ချန်း က အစောက ပုံစံ အတိုင်း ဆက်ထိန်းထား ဆဲ ပဲ ဆိုတာ ကို တွေ့လိုက် ရလေတယ်။ ပြီးတော့ သူက အရှေ့ကို ခြေ တစ်လှမ်း လှမ်းပြီးတော့ ပြန်လှည့် ကြည့်လိုက် မိတဲ့ အတွက်ကြောင့် သူက တစ်ဖက် လူရဲ့ မျက်နှာ ပေါ်က အမူအရာ ကို လုံး ဝ ရှင်းရှင်းလင်းလင်း မြင်သွား တော့လေတယ်။

ဒါပေမယ့် သူကတော့ အခုချိန်မှာ  တစ်ဖက် လူရဲ့ စိတ်အခြေအနေ ကို ဂရုမစိုက် အားတာ လည်း ဖြစ်သလို ဂရုစိုက် ချင်တာလဲ ဖြစ်လေတယ်။

'' ခများ ဘာလုပ်တာ လဲ။ ငါ တကယ်ကိုပဲ အလျင်လို နေတယ်။ ရှောင်ယွဲ့နဲ့ ရှောင် ဟွေးဟွေး တို့က ပျောက်နေတယ်။ ငါ သူတို့ကို အမြန် သွား ရှာရတော့မှာ  ''

'' ကိုယ် က ဒဏ်ရာ ရနေတယ်လေ။ ကိုယ် က ဆိုးဆိုးဝါးဝါး ကို ဒဏ်ရာ ရနေတယ်နော်။ ကိုယ်က မင်းမရှိပဲ နဲ့ ပြန်ကောင်း မလာ နိုင်လို့ပါ ''

ဟဲလျန်ချန်း ရဲ့ အသံက အရမ်းကို နိမ့်နေ ပြီးတော့ အသံနေ ထားကလည်း အမြဲတမ်း အေးစက် နေခဲ့ရာမှ အခုချိန်တော့ အားပျော့တဲ့ အသံ လေးကို ပြောင်းထား ခဲ့လေတယ်။

တကယ်လို့ ပုံမှန် အတိုင်းသာ ဆို စုယွမ် က အဲ့အသံလေး ကြားလိုက် ရတာ နဲ့ သူက အရမ်းကို အပြစ်ရှိစိတ် ခံစား ရပြီးတော့ မသက်မသာ ဖြစ်သွား မှာပါ။

ဒါပေမယ့်လို့ အခုလို အခိုက်အတန့် မှာတော့ စုယွမ် က တကယ်ကြီး ဘာကိုမှ မခံစား ရတော့ပါပေ။

'' ခများ က မြွေဘုရင် ပဲလေ။ ပြီးတော့ ခများ က ဟဲလျန်ချန်း ပဲလေ။ အရှေ့တိုက် ကြီးမှာ အကျော်ကြားဆုံး လူသား လေ။ ခများ က သမားတော် တစ်ယောက် ရှာလို့ ရတယ်။ ပြီးတော့ စွမ်းအားကြီး တဲ့ လူ တစ်ယောက် ကို ခများ ဆီ ပြုစု ပေးဖို့ ရှာလို့ ရတယ်လေ။ ငါက လုံးဝ ကို ဘာစွမ်းအား မှ မရှိတဲ့ ပုဇွန်လေး တစ်ကောင်ပါ။ ဘာမှ ကို ငါ မတက်နိုင် ပါဘူး ''

စုယွမ် က စကားတွေကို ဒီအထိ ရောက်အောင် ပြောခဲ့ ပြီး ဖြစ်ပေမယ့် ဟဲလျန်ချန်း ကတော့ သူ့ကို လုံးဝ လက်လွတ်ပေးမယ့် အရိပ်အ​ယောင် မရှိသေး ပါပေ။

စုယွမ် က ရုတ်တရက် ပဲ တစ်ဖက်လူ ရဲ့ ဆွဲထားမှု ကြောင့် ဆုံးရှုံး သွားတယ် လို့ ခံစား လိုက်ရတယ်။ တကယ်လို့ သူသာ စွမ်းအားကြီး တဲ့ လူ တစ်ယောက် သာ ဖြစ်ခဲ့ မယ်ဆိုရင် သူက တစ်ဖက်လူ ရဲ့ လက်ထဲ ကနေ သေချာပေါက် လက်ကို လွဲယမ်းပြီး ဒီအခိုက်အတန့်မှာ ထွက်လာ နိုင် လိမ့်မယ် လို့ တွေးမိ လေတယ်။

သနားစရာ ကောင်းတဲ့ အရာ က သူဟာ ဆန်ကုန်မြေလေး တစ်ယောက် ဖြစ်နေတာ ပဲ။ စုယွမ် ခမျာ အချိန်အတော် ကြာထိ ရုန်းကန် နေပေမယ့် သူ့လက် က ချုပ်ထားတဲ့ လက် က သံပြုတ်တူ ကြီး အလား ခိုင်မြဲစွာ ချုပ်ကိုင် ထားလေတယ်။

ဒီနေရာမှာ ရှောင်ထွက်ရမယ့် လမ်း မရှိတော့တာ ကြောင့် သူ့ရဲ့ အသင်းဖော် တွေကိုသာ အကူအညီ လှမ်းတောင်း ရလေတယ်။

စုယွမ် က ဖုန့်ဝူယိုး ဘက်ကို လှည့်လိုက် လေတယ်။

'' ရှီးရှီး ဦးလေးရေ ၊ ငါတော့ ခများကို ပဲ ပြဿနာ ပေး ရတော့မှာပဲ''

'' အဲ့ဒါ က အဆင်ပြေ ပါတယ်''

ဖုန့်ဝူယိုး ကလည်း ခေါင်းငြိမ့် ပြလိုက် လေတယ်။

အဲ့အချိန်မှသာ ဟဲလျန်ချန်း က စုယွမ် အပြင် တစ်ခြား လူတွေ ရှိနေ သေးတယ် ဆိုတာကို သတိပြု မိ သွားတော့ လေတယ်။

သူ့ရဲ့ မျက်လုံးတွေ က အသာ ရွေ့လျား သွားပြီးတော့ ဖုန့်ဝူယိုး က သာမန် ထက် လွန်ကဲတယ် ဆိုတာ ကို ခံစားလိုက်ရ လေတယ်။ ဒါပေမယ့် သူက အရင်ဆုံး စုယွမ် ရဲ့ လက်ကို လွတ်ပေး လိုက်လေတယ်။ သူက ထပ်ပြီးတော့ အချိန်ဆွဲနေ အုံးမယ် ဆိုရင် စုယွမ် ကို နာကျင်အောင် လုပ်မိ မှာ ကြောက်လို့ ပဲ ဖြစ်လေတယ်။ အဲ့တာ ကြောင့် မလို့သာ စုယွမ်ကို အရင်လွတ် ပေးလိုက် ပြီးတော့ ဘေးနားမှာ ရပ်စေ လိုက်လေတယ်။

နှစ်ယောက် သား တစ်ယောက် ကို တစ်ယောက် စိုက်ကြည့် နေပြီးတော့ သူတို့ရဲ့ မျက်လုံးထဲမှာ မီးတွေ တောက်လာဟန် ပေါ်နေ ခဲ့လေတယ်။

'' မင်း က ငါ့ကို တားနိုင်မှာ တဲ့လား? ''

ဟဲလျန်ချန်း က အမြဲတမ်း ပဲ စိတ်ကြီး ဝင်နေ ပြီးတော့ သူ့ရဲ့ အသံ ကလည်း ခြိမ်းခြောက် မှုတွေ အပြည့် ပါနေ ခဲ့လေတယ်။

ဒါပေမယ့် အခု သူ နဲ့ ရင်ဆိုင် နေရတဲ့ သူက ဖုန့်ဝူယိုးပါ။

ဖုန့်ဝူယိုး က စိတ်သဘောထား အလယ်အလတ် ရှိတယ် ဆိုပေမယ့် သူကလည်း ဖီးနစ် တစ်ကောင် ပဲလေ။ ဆိုတော့ သူ့မှာလည်း ကိုယ်ပိုင် မာန လည်း ရှိနေ သေးတယ်။

ဟဲလျန်ချန်း ရဲ့ စကားတွေ ကို ကြားပြီးတဲ့နောက် သူက မျက်ခုံး တစ်ဖက်ကို ပင့်ကာ ပြောလိုက်တယ်။

'' တကယ်လို့ မင်း လက်လွတ် ပေးလိုက် ရင် အဲ့တာ က အဆင်ပြေ သွားမှာ ပဲလေ ''

ဟဲလျန်ချန်း က လည်း မာန ကြီးတဲ့ အတွက်ကြောင့် သူက လုံးဝ ကို အလွတ် မ ပေး လိုက် နိုင် ပါပေ။

ဟဲလျန်ချန်း က သူ့မျက်လုံး တွေကို ကျဥ်းမြောင်း လိုက်ကာ အဓိပ္ပာယ် မရှိတဲ့ စကားတွေ ပြောနေတာ ကို ရပ်လိုက်တယ်။ ပြီးတော့ နှစ်ယောက် စလုံး တစ်ခဏ တွင်းပဲ အားပြိုင် တော့တယ်။

တစ်ယောက် က အရှေ့တိုက်ကြီး ရဲ့ နံပါတ်တစ် ဆရာ သခင် ဖြစ်ပြီးတော့ နောက် တစ်ယောက် ကလည်း အနောက်တိုက် ကြီးရဲ့ နံပါတ်၁ ဆရာသခင် တစ်ယောက် ပဲလေ။

အရှေ့တိုက်ကြီး နဲ့ အနောက်တိုက် ကြီးတို့ရဲ့ ကျင့်ကြံ မှုက လုံးဝ ကို ဖြောင့်တန်းစွာ ကွဲ ပြားနေတာ ဖြစ်ပြီးတော့ ဟဲလျန်ချန်း နဲ့ ဖုန့်ဝူယိုး တို့က သူတို့ရဲ့ ကျင့်ကြံမှု မှာ အထွပ်အထိပ် ကို ရောက်နေ ကြသူ တွေချည်း ပဲ ဖြစ်လေတယ်။

နှစ်ယောက် စလုံး က ချက်ချင်း ပဲ အတွင်းအား ပြိုင်ပြီး တဲ့နောက် အပြစ်ကင်းတဲ့ လူတွေကို ထိ ခိုက်မိမှာ စိုးရိမ်တဲ့ အတွက်ကြောင့် ပြောစရာမလိုပဲ အချင်းချင်း နားလည်ကာ လေထဲမှာပဲ တိုက်ခိုက်လေ တော့တယ်။

သူတို့တွေက လက်ရည် ညီနေတဲ့ အတွက်ကြောင့် တစ်ယောက် ကို တစ်ယောက် အနိုင်ရမယ်ဆိုတာ က မလွယ်မှန်း နှစ်ယောက် လုံး သိပြီးသား ပဲ ဖြစ်လေတယ်။

'' မင်း က ဘယ်သူလဲ? ''

ဟဲလျန်ချန်း က အမြဲလိုလို အထက်ဆီးဆန် စိတ်ကြီး ဝင်တက် တဲ့ သူမျိုး ဖြစ်ပေမယ့် အခု သူ့ရှေ့က လူဟာ သူနဲ့ တန်းတူ ရည်တူ ဖြစ်တယ် ဆိုတာကို ဝန်မခံ ပဲ မနေ ပါပေ။

ဒီလို လူမျိုး က လူမသိ သူမသိ တဲ့ ပုဂ္ဂိုလ် တစ်ယောက် တော့ မဟုတ်မှာ  အသေအချာ ပဲလေ။

ဖုန့်ဝူယိုး က ဟဲလျန်ချန်း ရဲ့ မေးခွန်း ကို ပြန်ဖြေ ပေးဖို့ စိတ်မဝင်စား ပါပေ။ ဒါပေမယ့် သူ့ရဲ့ လှုပ်ရှား မှုတွေက ပိုပြီး တော့တောင် ပြင်းထန် လာခဲ့ လေတယ်။

ဟဲလျန်ချန်း က လုံးဝ ကို စိတ်မလျော့ ရဲပါပေ။ မဟုတ်လို့ ရှိရင် တစ်ဖက်လူက အခွင့်အရေး ရသွား ပြီးတော့ သူရှုံးသွား မှာကို ကြောက်လို့ ပဲ ဖြစ်လေတယ်။ 

သူတို့ နှစ်ယောက် ဟာ လက်ဖက်ရည် ခွက် တစ်ဝက်စာ သောက်ချိန် လေး အတွင်းမှာ ပဲ အကွက်ပေါင်း သောင်းချီ ပြီးတော့ ဖလှယ် ခဲ့ပြီး ဖြစ်လေတယ်။ ဒါပေမယ့် အခုထိ အနိုင်အရှုံး မပေါ်လာ သေး ပါပေ။

နှစ်ယောက် စလုံး တကယ့်မီးတွေ တောက်ပြီး ချနေ ကြပါပြီ။ သူတို့က ဘယ်သူ နိုင်မလဲ ဘယ်သူ ရှုံးမလဲ ဆိုတာ ကို သိလိုခဲ့ ကြလို့ပဲ ဖြစ်လေတယ်။

အဲ့အချိန်မှာ ပဲ ဖုန့်ရှီးရှီး က အောက်ကနေ လှမ်းပြီးတော့ အော်လိုက် လေတယ်။

'' ကျို့ကျို့ ( ဦးလေး) ၊ ကိုယ့်ဘာသာ ကို တိုက်ပြီး နေခဲ့နော်။ သမီး က အကိုကြီး အားယန် ကို ခေါ်ပြီးတော့ အရင် သွားလိုက်မယ် ''

ထိုစကားလေး က အရမ်းပဲ ရိုးရှင်း ပေမယ့် ဆန်းလည်း ဆန်းကြယ် နေပါတယ်။ ဟဲလျန်ချန်း က ချက်ချင်းပဲ တိုက်ပွဲကို စိတ်မပါတော့ ပါပေ။ ပြီးတော့ အလုပ်ရှုပ်နေ ရင်းနဲ့ ဘယ်လို တွေ ဖြစ်သွားလဲ ဆိုတာကို ကြည့်လိုက်တယ်။

သူလည်း အနောက်ကို လှည့်ကြည့်လိုက်ရော အစတုံး က ရိုးရိုးငှက်လေး တစ်ကောင်ဟာ မီးတွေ ထတောက် လာပြီးတော့ ဖီးနစ်အော်သံ တစ်ချက် ထုတ်ကာ အရောင်စုံ ဖီးနစ်ငှက် တစ်ကောင် ပေါ်ထွက် လာလေတယ်။ ပြီးတော့ စုယွမ် က အဲ့ အရောင်စုံ ဖီးနစ်ပေါ်ကို တက်လိုက်တာ တွေ့လိုက် ရလေတယ်။

'' ဖီးနစ်မိသားစု ပဲ! ''

ဟဲလျန်ချန်း က အံ့အားသင့်သွား လေတယ်။

သူက အနောက် ကနေ လိုက်လို ပေမယ့် ဖုန့်ဝူယိုး က သူ့နောက်ကနေ လိုက်ပြန်တယ်။ သူ့စကေးထပ် ဖုန့်ဝူယိုး စကေး ကလည်း မနည်းပါပေ။ အဲ့အချိန်မှာပဲ ဖုန့်ဝူယိုး က သူ့ကို တင်းကြပ်စွာ   ကိုက်ထားတဲ့ အတွက်ကြောင့် ဟဲလျန်ချန်း ထွက်မရ ပါပေ။

တကယ်လို့ လွတ် သွားရင်တောင် အပြေးသန် တဲ့ ဖုန့်ရှီးရှီး ကို မမှီတော့ပါပေ။

ဖုန့်ကလန် က ရုပ်ပိုင်းဆိုင်ရာ မှာ အတော်လေး သန်မာ ကြပြီးတော့ ဖုန့်တူရီး နှစ်ယောက် ကပိုလို့တောင် သွေးစက် သန့်စင် ပါသေးတယ်။ ဒါ့အပြင် ရှီရှီး က ငယ်သေးတယ် သာ ဆိုတယ် အပြေးလည်း သန်တဲ့ အတွက် သူမရဲ့ အလျင် က တကယ်ကို နောက်စရာ မဟုတ်ပါပေ။

အချိန်တစ်ခဏ လေးသာ ဆိုပေမယ့် ဟဲလျန်ချန်း က ဖုန့်ရှီးရှီးရဲ့ အမြီးတောင် ရှာမတွေ့တော့ ပါပေ။

ထို တစ်ခဏ မှာပဲ ဟဲလျန်ချန်း က ရူးသွပ်မှု ထဲ ကျရောက် သွားတော့တယ်။ စုယွမ် တစ်ယောက် သူ့ဆီကို ထပ်ပြီး ပြန်မလာခင် အထိ သူ့ကိုယ်သူ အကောာင်းဆုံး ဖြစ်အောင် ကြိုးစား စောင့်ဆိုင်း ခဲ့ရတယ်။

ရလဒ် အနေနဲ့ ကတော့ စုယွမ် က ထပ်ပြီး သူ့ဆီ ကနေ ထွက်သွား ခဲ့တယ်​လေ။

ဒီတစ်ခါ ထွက်သွား ရင် ဘယ်အချိန် ကျတော့မှ သူ့မိန်းမ ကို သူပြန်တွေ့ ရမလဲ ဆိုတာ မသိဘူး ။

အဲ့အချိန်မှာပဲ ဟဲလျန်ချန်း က သူ့ရဲ့ မူလ ပုံစံ ဖြစ်တဲ့ ကြီးမားတဲ့ ငွေရောင်မြွေကြီး အဖြစ် ပြန်ပြောင်း လိုက်ပြီးတော့ သူ့ရဲ့ မျက်ဝန်း တွေက အပေါ်ကို မြင့်တက်နေ ကာ အရမ်းပဲ တုန်လှုပ် နေဟန် ပေါ်လေတယ်။

အဲ့တာ ရဲ့ အရှိန်အဟုန်ကြောင့် ဖုန့်ဝူယိုးခမျာ အနောက်ကို အနည်းငယ် ဆုတ်ခွာ လိုက် ရလေတယ်။ နောက်တော့ သူ တကယ်ပဲ အလျော့ပေး  လိုက် ရလေတယ်။

( အေ့လေ အိမ်ထဲလည်း ဖောက်သေး မိန်းမကိုလည်း ခေါ်သွားသေးတယ်။ လူဆိုးတွေ ၊ 🤣🤣🤣🤣)

...........................................................

Okumaya devam et

Bunları da Beğeneceksin

327K 11.9K 57
Achara get into a car accident but instead of dying, she was reborn into Beastworld filled with over populated males. She knew that females are rare...
49.2K 6.6K 11
ကျွန်တော်မနေ့က body check upသွားလုပ်ခဲ့တယ်။ DRE test စစ်ပေးတဲ့လူက ကျွန်တော့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေတယ်ဗျာ။ ပြီးတော့ သူကကျွန်တော့်ကို...
15.1K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
70.6K 9.5K 10
ရွာသားများက မြစ်စောင့်နတ်ထံ သတို့သမီးအဖြစ် ဆက်သရန် မိန်းမပျိုတစ်ဦးကို ရွေးချယ်ထားသည်။ ထိုမိန်းမပျိုအား ကယ်တင်ရန် လျိုချီသည် မြစ်စောင့်နတ်နန်းသို့ ကိ...