(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

247K 32K 747

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (33)

2K 264 20
By Kyiphyuswe

(33)

ရွှီးဟယ်က အရှေ့ ​သုံးလှမ်း စာလောက် သွေးတွေ အန််ထုတ် လိုက်တဲ့ အခါ သူမကို ကြိုက်ပါတယ် လို့ ပြောပြီး ရွံ့ရှာစွာနဲ့ အနောက်ကို ဆုတ်သွားတဲ့ စုယွမ်ကို တွေ့လိုက် ရတော့ သူမ ခမျာ နောက်ထပ် ဒေါသ ကို ထပ်ပြီးတော့ မထိန်းထား နိုင်တော့ပဲ သွေးတစ်လုတ် ထပ်အန် လိုက် ပြန်တယ်။

မြေပြင် ပေါ်က သွေးတွေကို ကြည့်လိုက် ပြီးတော့ စုယွမ် တစ်ယောက် ရွှီးဟယ်ကို အတော်လေး စိတ်မကောင်း ဖြစ်မိသွားတယ်။

ကြည့်စမ်း ပါအုံး ဒီလောက် သွေးတွေ ဖြစ်ဖို့ ဆိုရင် ဘယ်လောက်တောင် ထမင်းတွေ အများကြီး စားခဲ့ ရမှာလဲ။

အခုလေးတင် ရွှီးဟယ် က သွေးတွေ အများကြီး ဆုံးရှုံးခဲ့ ရတဲ့ အတွက်ကြောင့် သူမရဲ့ အရှေ့က  မြင်ကွင်း အနည်းငယ် မှောင်ဝေ နေလေတယ်။ နောက်တော့ သူမ က တကယ်ကြီး မူးလဲ သွားပြီးတော့ သွေးအိုင်ထဲကို လဲကျ သွားတော့တယ်။

အူး....။

ဒါက အရမ်းကို ညစ်ပတ်တာပဲ။

စုယွမ် က သူမ ကို လုံးဝ မထိချင်တော့ပေ။ ဒါကြောင့် သူမကို မြေပြင်ပေါ်က သွေးအိုင်ထဲ မှာပဲ ဆက်လှဲ ခိုင်းလိုက်တော့ လေတယ်။

အစီအစဉ် အလည်မှာ ကိစ္စလေး တစ်ချို့ ရှိသွား ပေမယ့်လည်း အဲ့တာ တွေက အဆုံးသတ်ကိုတော့ အကျိုး သက်ရောက်မှု မရှိစေပေ။

စုယွမ် က ဆက်လက် ပြီးတော့ အဝတ်အစားကို ချွတ်နေ ခဲ့တယ်။

အခုချိန်မှာတော့ ဟဲလျန်ချန်း က အတော်လေး ကို တည်ငြိမ် သွားပြီ ပဲ ဖြစ်လေတယ်။ ရွှီးဟယ် က အခုလို ဖြစ်နေတာ ကို တွေးကြည့်လိုက်တော့ စုယွမ် ကသာ  အဲ့လို မဟုတ်တာ တကယ်လုပ်ချင် နေရင်တောင်မှ ပဲ သူက ဘာမှ မပြောနိုင်ဘူး လေ။

ဒါ့အပြင် စုယွမ်သာ တစ်ဖက်လူ ကို တကယ် ကြိုက်တယ် ဆိုရင် အခုလို ဖြစ်တဲ့ အချိန်မှာ စိုးရိမ် ပူပန်စွာနဲ့ ပွေ့ပြီးတော့ အိပ်ယာပေါ် တင်ကာ အနား ကောင်းကောင်း ယူခိုင်း သင့်တယ်လေ။
စုယွမ် ရဲ့ အသွင်အပြင် ကို ကြည့်ရ သလောက် ကတော့ အဲ့လို ဖြစ်ဟန် မတူပါပေ။

ဟဲလျန်ချန်း က ဆက်ပြီးတော့ စောင့်ကြည့်ဖို့ နောက်ထပ် ဆုံးဖြတ် ချက် ချ လိုက်တယ်။

ဘာပဲ ဖြစ်ဖြစ် သူက စောင့်ကြည့် ပေးနေတာ ပဲလေ။ တကယ်လို့ စုယွမ် ကသာ မဟုတ်တာ တစ်ခု ခု လုပ်မယ် ဆိုရင်တောင် သူက စုယွမ် ကို မေ့လဲ သွားစေအောင် လုပ်လို့ ရတယ်လေ။

စုယွမ် က သူ့အဝတ်တွေကို ချွတ်ကာ ရွှီးဟယ် ရဲ့ အဝတ်အစား တွေကို ဝတ်လိုက် ပြီးတော့ သူ့ရဲ့ ဆံပင်ကို ဖြည်ချ လိုက်ကာ ရွှီးဟယ်လို ဆံပင် ပုံစံ ပြင်ပြီးတော့ သူမရဲ့ ဆံပင် အဆင်တန်ဆာ တစ်ခု ကို ယူလိုက် ပြီး တပ်ဆင်လိုက်တယ်။ နောက်တော့ စုကလန် က ပေးလိုက်တဲ့ အသွင်အတုခိုး မှော်ကိရိယာ ရဲ့ စွမ်းအား နဲ့ သူက ရွှီးဟယ် ပုံစံ အဖြစ် ပြောင်းလဲ သွားလေတယ်။

ဟဲလျန်ချန်း:'' !!!! ''

ကြည့်ရတာ သူအရမ်း ကို အတွေးလွန် သွားပြီးတော့ စုယွမ် ရဲ့ အကြံအစည် ကို ကျရှုံးအောင် ချိုးဖောက် မိလုနီးပါးပဲ။ တကယ်လို့ အဲ့တာကိုသာ စုယွမ်သိ သွားလို့ ကတော့ အဲ့တာကြောင့်နဲ့ စုယွမ် က သူ့အပေါ် အမြင်ဆိုး ရှိမှာကို သူမလို ချင်ပါပေ။

ထိုတစ်ခဏ မှာပဲ စုယွမ် က မမြင်နိုင်တာ ကို သူသိနေတာ တောင်မှ ပဲ ဟဲလျန်ချန်း က သူ့ဘာသာ သူ လိမ္မာတဲ့ ကလေးလေး အဖြစ်ပြုမူ နေခဲ့တယ်လေ။

သူ့ခမျာ အသက်တောင် ကောင်းကောင်း မရှုရဲပဲနဲ့ စုယွမ် ဘေးနားမှာပဲ ကြက်ကလေး တစ်ကောင် လို တိတ်တိတ်လေး စောင့်နေခဲ့ လေတယ်။

ကိစ္စတွေ အားလုံး အခြေကျ ပြီးသွားတာ နဲ့ စုယွမ် ပထမဆုံး လုပ်တဲ့ ဟာက ရွှီးဟယ်ရဲ့ ကိုယ်ကို ထောင့် နေရာ တစ်ခု ဆီ တရွတ်တိုက် ဆွဲ သွားပြီးတော့ ဖုံးကွယ်ထား လိုက်တာ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် သူက သူ့ရဲ့ အဝတ်တွေနဲ့ သွေးတွေကို သုတ်လိုက် ရလေတယ်။ ပြီးတော့မှ တံခါးကို ဖွင့်ကာ အပြင်ဘက် ကို လမ်းလျောက် ပြီးတော့ ထွက်သွားတော့တယ်။

သူက ဘေးက ဟောခန်း အဆောင် ဆီကို ဦးတည် သွားခဲ့ ပြီးတော့ မျှော်လင့်ထား သလိုပဲ ထိုနေရာမှာ စီးထူယန် ရှိနေ ခဲ့လေတယ်။ စီးထူယန် တင် မကပဲ ထိုဟောခန်း ထဲမှာ အစိမ်းရောင် ဝတ်စုံလေး ဝတ်ထားတဲ့ လှပချစ်စရာ ကောင်းတဲ့ အမျိုးသမီး တစ်ယောက် ပါ ရှိနေသေး လေတယ်။

ဒါက တစ္စေမင်းသမီး လုကျီ ဆိုတဲ့ သူပဲ ဖြစ်ရမယ်။

ဘေးဟောခန်း ထဲက လူ နှစ်ယောက် ကလည်း စုယွမ် ရောက်ရှိလာ မှုကို သတိပြုမိ ကြလေတယ်။ ပြီးတော့ တစ်​ယောက်ပြီး တစ်ယောက် လှည့်ကြည့် လာကြ လေတယ်။

စုယွမ် ရဲ့ မျက်ဝန်းတွေက လှုပ်ရှား သွား ပေမယ့် ဘာမှ အဲ့နေရာမှာ လှိုင်လုံးကြီး တွေ ဖြစ်ပေါ် မလာပါပေ။

လုကျီရဲ့ မျက်ဝန်းထဲမှာ မှေးမှိန်တဲ့ အလင်းရောင် တစ်ချို့က ဖြတ်ပြေး သွား ပြီးတော့ စုယွမ်ကို မျက်နှာချင်း ဆိုင်လိုက်တယ်။ သူမရဲ့ ပါးစပ်ထောင့် က မြင့်တက် သွားပြီးတော့ သူမရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေက လည်း ကွေးသွားကာ အရမ်း နှစ်လိုဖွယ် ကောင်းနေ လေတယ်။

တကယ်လို့ အခု ရှိနေတဲ့ လူသာ ရွှီးဟယ် အစစ်ဆိုရင် အမည်မသိပဲ ဒေါသ မီးတောက် တစ်ခု က ထပြီး တောက်လောင် လာမှာကို စုယွမ် ကြောက်မိလေတယ်။

ဒါပေမယ့် အခု က စုယွမ် လေ။ လုကျီရဲ့ အလှတရားကို တွေ့လိုက် ရတော့ သူက စိတ်မဝင်စား ပေမယ့် မထိန်းနိုင်ပဲ အကြိမ်အနည်းငယ်လောက်တော့ နှလုံးခုန် မြန်သွား ခဲ့တယ်လေ။

ထိုလက်ဖက်စိမ်းလေး က တကယ်ကြီး လှပပြီးတော့ မိတ်ကပ်အထူကြီး လည်း ပြင်ထားတယ်။ အတွင်းစိတ် က ပုပ်ပွ နေပေမယ့် ငြင်သာ နူးညံ့ နေတယ်။ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့  ကြာပန်းနက် အလှလေး တစ်ပါးပဲ။

ခေတ်သစ်ရဲ့ သူဌေးသား ဒုတိယ မျိုးဆက်လေး စုယွမ် လို မိန်းမလှလေး အများကြီး တွေ့ဘူးတဲ့ လူတောင်မှ ဒီလိုမျိုး တကယ့် ကြာပန်းနက် အလှလေး ကို အခုမှသာ ပထမဆုံး အကြိမ် အနေနဲ့  တွေ့ဘူးတာ ပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း က စုယွမ် နောက်ကနေ တစ်ချိန်လုံး လိုက်လာ ခဲ့တာ ဖြစ်ပြီးတော့ စုယွမ်ရဲ့ မျက်လုံးထဲ အံ့အား သင့်မှုကို တွေ့တော့ မြွေက ထပ်ပြီးတော့ စိတ်ကောင်း မဝင်တော့ ပြန်ပါပေ။

ဟဲလျန်ချန်း က သူ့ခေါင်းအား ထို အမျိုးသမီး ဘက်ကို လှည့်လိုက် ပြီးတော့ အကြည့်တွေ က ချက်ချင်းကိုပဲ အေးစက် သွားခဲ့တယ်။

အဲ့ အစိမ်းရောင် မ တော့ တစ္စေ ကလန်ကို အကောင်းအတိုင်း မပြန်ရ စေအောင် သူလုပ်မှာ။

စုယွမ် က စီးထူယန် အနားကို တိုးကပ် သွားကာ စိုးရိမ်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်။

'' မနေ့ကတည်း က အိမ်ထဲမှာ ဖမ်းချုပ်ထား ခံရပြီးတော့ တဲ့ အချိန်က စလို့ စုယွမ် က စားသောက်ဖို့ ငြင်းဆန်နေတယ်။ ကျွန်မ အတိတ်မှာ ဖျောင့်ဖျ ခဲ့တာ တွေ ကလည်း အသုံးမဝင်ဘူး။ သူက မြွေဘုရင် ကို  ဆက်ပြီး မဆန့်ကျင် တော့မှာ ကို ကျွန်မ ကြောက်မိတယ်။ တကယ်လို့များ မမျှော်လင့်ထားတာ တွေ တစ်ခုခု ဖြစ်လာခဲ့ရင် ပြဿနာ တွေ အတော် များသွား မှာကို ကြောက်မိတယ်။ ''

စီးထူယန် ခမျာ ဒါကို ကြားလိုက် ရတော့ စိတ်လှုပ်ရှား လွန်းလို့ ထပြီးတော့ ခုန်လု မတက် ဖြစ်သွား လေတယ်။

မနေ့ က မြွေဘုရင် ပြောသွားတာ ကို သူအမှတ် ပြန်ရသွားတယ်။

သူက အခုလို မျိုး လုပ်နေ ရတာတွေ အကုန်လုံး က စုယွမ် အတွက်ချည်းပဲ တဲ့လေ။

တကယ်လို့ အခုချိန်မှာသာ စုယွမ် တစ်ခုခု ဖြစ်သွား ခဲ့မယ်ဆိုရင် သေခြင်း တရားကို တော့ သူရမှာ မဟုတ်ဘူး ။ အဲ့တာထက် ပိုဆိုးတဲ့ ဘဝ တစ်ခု က သူ့ကို စောင့်ကြိုနေ မှာလေ။

''ကိုယ် အခုပဲ မင်းနဲ့ လိုက်ပြီးတော့ သွားကြည့် ရမယ် ''

အခုချိန်မှာ သူက ဘယ်လိုလုပ် လုကျီနဲ့ ကလူသို့မြူသို့ လုပ်နေ ရမှာလဲ။ စီးထူယန် က လုကျီရဲ့ ချစ်ခင်မှု အပြည့်နဲ့ ဆွဲဆောင် ညှို့ ယူနေတဲ့ မျက်လုံး တွေကို မမြင်ချင်ယောင် ဆောင်လိုက်ကာ စုယွမ်နဲ့ အတူ လိုက်ထွက် သွားတော့တယ်။

သူတို့က စုယွမ် ရဲ့ အခန်း နားကို ရောက်တဲ့ အချိန်မှာတော့ နှစ်ယောက် လုံး က အထဲကို အတူတူ ဝင်သွား ကြတော့တယ်။

စီးထူယန် က လွတ်နေတဲ့ အခန်း ကို တွေ့တော့ တစ်စုံတစ်ခု ​ပြောဖို့ ခေါင်းလှည့် လိုက်တဲ့ အချိန်မှာပဲ စုယွမ် က  အမွှေးနံသာ အိုး ထဲကို တစ်ခုခု ထည့် လိုက်တာ ကို တွေ့လိုက် ရလေတယ်။

'' မင်းဘာလုပ်တာ လဲ? ''

စီးထူယန် က သူ့ဘက်ကို လျောက်လာ နေတဲ့ အခါ မှာတော့ အမွှေးနံ့သာ အိုးထဲကနေ အခိုးအငွေ့တွေ ထွက်လာပြီးတော့ အဲ့တာတွေနဲ့ စီးထူယန် ကို တိုက်ရိုက် မျက်နှာချင်း ဆိုင်စေ လိုက်တယ်လေ။

နောက်တော့ စီးထူယန် ကလည်း ရွှီးဟယ် လိုမျိုးပဲ မေ့လဲ သွားတော့တယ်။

ဒါက သဘာဝ ကျစွာနဲ့ပဲ ဟဲလျန်ချန်း ရဲ့ လက်ချက်ပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း က သူ့စိတ် ထဲမှာ စီးထူယန်ကို မေ့လဲ စေလိုက်တာ ပဲ ​ဖြစ်လေတယ်။

သူက စုယွမ် လုပ်သမျှကို ဘာပဲ ဖြစ်စေ ဘေးကနေ ထိုင်ကြည့် နေရတာ သဘောကျ ပြီးတော့ မီးလောင်ရာ ကိုလောင်စာ ထည့်ပေးပြီး လေနဲ့ပင့်ပေးမယ့် သူပဲ ဖြစ်လေတယ်။

စုယွမ် က အမျိုးသား နဲ့ အမျိုးသမီး အတွဲ မေ့လဲ သွားတာ ကို တွေ့တော့ သူတို့ကို ဘယ်လို သတ်ရမလဲ ဆိုတာ တွေးမိလေတယ်။

ဒါပေမယ့် သူက ခေတ်သစ်က စည်းမျဥ်းစည်းကမ်း ဥပဒေကို လိုက်နာ တက်တဲ့ နိုင်ငံသား ကောင်းဖြစ်တဲ့ အတွက်ကြောင့် လူသတ်တာ လိုမျိုး ပြစ်မှုတွေကို တစ်ခုမှ မကျုးလွန်ခဲ့ ဘူးပါချေ။

အခုချိန်မှာလည်း သူက ထိုလူ နှစ်ယောက် ကို သတ်ရတော့မယ် ဆိုပြန်တော့လဲ သူက မလုပ်ရဲ ပဲ ဖြစ်နေ ဆဲပါပေ။

ကောင်းပြီလေ။ သူက ​အကြံဉာဏ်တစ်ခု လုပ်ပြီးတော့ မြွေကြီး ဆီကိုအရင်ဆုံး သွားရမယ်။

ရွှီးဟယ်ရဲ့ အခွံကြောင့် စုယွမ် က အရာရာတိုင်းကို လွယ်ကူစွာ လုပ်လို့ ရလေတယ်။ တစ်စက် ကလေးမှတောင် သံသယ အဝင်မခံ ရပဲနဲ့ အစောင့်တွေ တင်းကြပ်ထားတဲ့ မြွေဘုရင် နန်းတော်ကို လွယ်ကူစွာ ဝင်ရောက် သွားလေတယ်။

အခန်းထဲကို ဝင်ပြီးတဲ့နောက် သူက မတက်နိုင်ပဲ အိပ်ယာဆီကို အမြန်ပြေးကာ စောင်ကို ဆွဲလှပ်လိုက်ပြီးတော့ အိပ်ယာပေါ်က မြွေကြီးကို ကြည့်လိုက်တယ်။

မြွေကြီးက အိပ်ယာပေါ်မှာ အသက်မဲ့စွာ ခွေနေခဲ့တယ်။ သူ့ရဲ့ အကြေးခွံတွေ ကလည်း အရောင်မှိန်သထက် မှိန်လာကာ မြွေရဲ့ မျက်ဝန်း တွေထဲမှာလည်း တက်ကြွ မှု က မရှိတော့ပါပေ။

အရင်က ကြမ်းတမ်းပြင်းထန် တဲ့ မြွေကြီး က အခုလို အားနည်း နေတာကို တွေ့လိုက် ရတော့ အရမ်းကို သနားဖို့ကောင်း နေပြီး မှားယွင်းနေတယ် လို့ သူခံစား နေရတယ်လေ။

စုယွမ် က အိပ်ယာပေါ် ထိုင်ကာ သူ့ရဲ့ လက်ကို ဆန့်ထုတ် ပြီးတော့ တစ်ဖက်သူရဲ့ ခေါင်းလေးကို ထိပေးလိုက်ကာ နှစ်သိမ့်ပေး လိုက်လေတယ်။

'' အဆင်ပြေ ပါတယ်။ ခများ သေချာပေါက်ကို ပြန်ကောင်း လာမှာပါ။ ဟဲလျန်ချန်း ဆိုတာ က ကမ္ဘာပေါ်မှာ အင်အား အကြီး ဆုံး ဖြစ်နေဆဲ ပဲလေ''

ထိုစကားကို မြွေက ကြားတော့ သူ့ရဲ့ မြွေခေါင်းလေး ကို အနည်းငယ် ပင့်မကာ လျှာနှစ်ခွကို ထုတ်လိုက် ပြီးတော့ စုယွမ်ရဲ့ ပါးအစွန်း လေးကို လျက်လိုက်လေတယ်။

နောက်တော့ မမျှော်လင့်ထား ပဲ စုယွမ် က ရှက်သွေး ဖြာသွားတယ်။

တကယ်လို့ အဲ့တာက အတိတ်တုံး ကဆို စုယွမ် က သေလောက်အောင် ကြောက်မိမှာ ပဲ ဖြစ်တယ်။ ဒါပေမယ့် အခုတော့ သူက ကလူကျီစယ် မှု​ကြောင့် ရှက်ရွံ့တာ ကိုပဲ ခံစား မိတော့တယ်။

တကယ်လို့ ဟဲလျန်ချန်းသာ အခုလူ ပုံနဲ့ ဆိုလို့ ကတော့ သူ့ကို လျှာနဲ့ လျက်ယုံနဲ့တင် ပြီးသွားမှာ မဟုတ်ပါပေ။

ဒါက အရမ်းကို ရူးမိုက်တာ ပဲ။

ဒီမြွေကြီး ကတော့လေ။

သေခါနီးလို အားနည်းနေတာ တောင်မှပဲ သူ့ကို စနောက်ကျီစယ် နေရဲ သေးတယ်။

စုယွမ် က သူ့ရဲ့ ခေါင်းကို မြန်မြန် ရှောင်တိမ်းလိုက် ပြီးတော့ ပြောလိုက် လေတယ်။

'' ငါတော့ စီးထူယန်နဲ့ ရွှီးဟယ်တို့ကို ငါလုပ်ထားတဲ့ အဆိပ်ဆေး ခတ်ခဲ့ လိုက်ပြီ။ ဆိုတော့ သူတို့ က ခများကို နာကျင်အောင် မလုပ်နိုင်တော့ဘူး။ ကြည့်ပါအုံး။ သူတို့နဲ့ ပတ်သက်ပြီး တော့ ငါအခု ဘယ်လို လုပ်လိုက်ရမလဲ?''

ဟဲလျန်ချန်း က စိတ်ခံစားချက်တွေထဲ နစ်မြုပ် သွားလေတယ်။

ဖြစ်ချင်တော့ ဒီလောက် ကိစ္စတွေ အများကြီး ကို စုယွမ် လုပ်ခဲ့တာ က သူ့အတွက် ကြောင့်ပေါ့လေ။ မနေ့က စီးထူယန် က သူ့ရဲ့ မြွေဒျန်တန် ကို ထုတ်ယူမယ် လို့ပြော ခဲ့တဲ့ အတွက်ကြောင့် စုယွမ် က အရမ်းစိတ်ဆိုး ပြီးတော့ ဒီလောက် ကြီးမားတဲ့ ကိစ္စတွေကို လုပ်ပေးခဲ့တယ်လေ။

အဲ့အချိန်မှာပဲ ဟဲလျန်ချန်း က အရမ်းကိုပဲ ရင်ထဲ ထိသွားတော့တယ်။ စုယွမ် ဆိုတဲ့ လေပြင်းလေး က သူ့ရဲ့ စိတ်နှလုံးသား ကို ပြင်းပြင်းထန်ထန် ခုန်လှုပ်အောင် တကယ်လုပ် နိုင်တာပဲ။
ပြီးတော့ စုယွမ်ကို သူတကယ် တင်းတင်း​လေး ပတ်ထားချင် မိတယ်။

နောက်တော့ သူက မထိန်း နိုင်ပဲ တကယ်လုပ် လိုက် မိလေတယ်။

မြွေကြီးက အိပ်ယာပေါ် ကနေ လှုပ်ရှားလာပြီးတော့ သူ့ကို အလည်မှာ ထားကာ ပတ်နေတာကို တွေ့တော့ စုယွမ် ရဲ့ မျက်လုံးတွေ က ချက်ချင်း ကိုပဲ အံ့သြ သွားတယ်။

စုယွမ် က အနည်းငယ် ရှုပ်ထွေးနေဆဲပဲ။

စုယွမ် က ခါတိုင်းလို မျိုးခုခံ တာကို မတွေ့ရတော့ ဟဲလျန်ချန်း က နောက်ထက် စက်ဝိုင်းပတ် တစ်ပတ် ထပ်ပတ် လိုက်တယ်။

သူက ပတ်နေရင်း စုယွမ် ရဲ့ အမူအရာကို စောင့်ကြည့်နေခဲ့တယ်။ တကယ်လို့သာ စုယွမ် က ဆိုးဝါးတဲ့ ခံစားချက် တစ်ခု လောက် ပြသ ရင်တောင်မှ သူချက်ချင်းပဲ ရပ်လိုက်မှာ ပဲ ဖြစ်တယ်။

နောက်တော့ စုယွမ် က တစ်ချိန်လုံး တွေဝေ နေတာ တွေ့တော့ ဟဲလျန်ချန်း က ပျော်ပျော်ကြီး တစ်ပတ်ပြီး တစ်ပတ် ပေါင်းထည့် နေခဲ့တယ်။

အဆုံးမှာတော့ စုယွမ်ရဲ့ ခေါင်းလေးသာ ပေါ်နေတော့တယ်။

သူက အဲ့အချိန်ထိကို ကြောင်အန်း နေဆဲ ပါပဲ။

သူက ဘယ်နေရာမှာလဲ?

ဘာတွေ ဖြစ်နေတာလဲ?

စုယွမ်က သူ့ဘဝ ကို သူ သံသယ ဝင်နေခဲ့တယ်။

အောက်ငုံ့ကြည့်လိုက် ရင် မြွေကြီး က သူ့ကို တစ်ရစ်ပြီး တစ်ရစ် ပတ်ထားတာကို တွေ့ရမှာ ဖြစ်တယ်။ အပေါ် ကိုမော့ကြည့်လိုက်ရင် လည်း မြွေရဲ့ခေါင်းက ငုံ့စောင်းထားကာ သူနဲ့ မျက်နှာချင်း ဆိုင်နေတာ ကိုတွေ့ ရမှာပဲ ဖြစ်တယ်။

( သူ့နေရာမှာ ကိုယ်ဆို ကြောက်လို့ အသက်ထွက်လောက်ပြီ 😀)

ထိုမြင်ကွင်း က အရမ်းကို ကြောက်လန့်ဖို့ ကောင်းလို့ စုယွမ်ခမျာ လန့်နေကာ မိနစ်တိုးလာတိုင်း ဖြူဖျော့လာ လေတယ်။  ဒါပေမယ့် စုယွမ်ရဲ့ အကြောက်တရားတွေက အထက်ပိုင်း​မြွေမျက်လုံး ထဲက စူးစမ်းလိုမှုနဲ့ အပျော်တွေ ပြည့်နေတာ ကိုတွေ့လိုက် ရတော့ ပြိုကွဲ သွားလေတယ်။

ဒါပေမယ့် ဒီလိုမျိုး ဟာကိုတော့ သူလက်မခံ နိုင်ဆဲ ပဲ ဖြစ်လေတယ်။ သူ ခုခံ ပြမှ ရမယ်။ မဟုတ်လို့ ကတော့ ဒီကောင်ရဲ့ ဒီလိုလုပ်ပုံ နဲ့ သူ နေသားကျသွား လိမ့်မယ်။

ထိုမြင်ကွင်း က အရမ်းကိုပဲ ကြောက်စရာ ကောင်းနေမှာ ဖြစ်တာကြောင့် သူအဲ့အကြောင်းကို စဥ်းတောင် မစဥ်းစား ရဲတော့ပါပေ။

..............,....................................

အပြီးထိ တင်ပြီး နှုတ်ပြီး ၁၈၀၀ ကျပ် အထိ လျော့လိုက် ပါပြီ။ message board မှာ ရေးမရလို့ ။

Continue Reading

You'll Also Like

457K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
1M 105K 138
Author-POWER TIME Born ugly, the emperor had been bullied since his childhood until he met an eunuch... The idiot eunuch save not only the abnormal a...
521K 34.8K 31
story description>>>>> start-5/10/2021 end-1/1/2022
15.5K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant