ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{134}

3.7K 593 11
By Greentealay-

Unicode



ဖေဖော်ဝါရီလအစတွင် the Seal Glory၏ ဆုပေးပွဲအခမ်းအနား ကျင်းပလေသည်။ချူချန်က ပို့စ်တစ်ခုအား ကြိုတင်၍ တင်လိုက်သည်။

[ငါ့ကိုချစ်ပေးကြပြီး ဒီ the Seal Glory Festival Most Popular Newcomer Awardကို ရအောင်ကြိုးစားကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ဒါပေမယ့် အလုပ်ကိစ္စတစ်ချို့ကြောင့် ဆုပေးပွဲအခမ်းအနားကို တက်နိုင်မှာ မဟုတ်တဲ့အတွက် ဝမ်းနည်းမိပါတယ်။ကျိချင်းကျိုးက ငါ့ကိုယ့်စား ဆုတက်ယူပေးမှာပါ။မင်းတို့ရဲ့ ပံ့ပိုး‌မှုတွေ အချစ်တွေအတွက် ကျေးဇူးပါ! မင်းတို့အားလုံးအတွက်ပျော်ရွှင်ဖွယ်တရုတ်နှစ်သစ်ကူးလေးဖြစ်ပါစေလို့ ကြိုဆုတောင်းပေးလိုက်ပါတယ်!]

ထိုပို့စ်ကြောင့် ချူချန်ရဲ့ပရိတ်သတ်တွေက ဝမ်းနည်းသွားကြကာ group ထဲမှာ အသံတိုးတိုးဖြင့် ညည်းညူကြ၏။

[ငါတို့ကြိုးကြိုးစားစားနဲ့ ကောဆုအောင်လုပ်ပေးခဲ့တာက ကျိချင်းကျိုး ရေပန်းစားဖို့မဟုတ်ဘူးလေ။ကောကဘာလို့ ကိုယ်တိုင် ဆုလာမယူရတာလဲ]

[ဟုတ်ပ။ ဆုပေးပွဲတက်ရုံလောက်ဆိုရင်တောင် အဆင်ပြေပါတယ်။ ချန်ချန်တို့က အရမ်းနှိမ့်ချပေးနေတာမဟုတ်ဘူးလား]

<ချန်ချန်က ပါးချူရဲ့ fandom nameပါ>

ကျိချင်းကျိုးတစ်ယောက် အမြန်ပင် groupထဲမှာ ဝင်နှစ်သိမ့်ပေးလိုက်သည်။

[အဲ့လိုပြောလို့မရဘူးလေ။နှစ်တစ်နှစ်ရဲ့ အစက အလုပ်အများဆုံး အချိန်ပဲမို့ ကောလည်း အလုပ်တွေရှုပ်နေတာဖြစ်ပါလိမ့်မယ်။အဲ့ဒါကြောင့် သူမလာနိုင်တာဖြစ်မယ်။ဒါပေမယ့် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုကို ကောမြင်ခဲ့တယ်လေ။ဒီဆုက ငါတို့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ပဲ။ကော အနုပညာလောကနဲ့ ဆက်သွယ်မှုတစ်ခုရှိဖူးတယ်ဆိုတာ ဒီဆုကပဲ သက်သေပြပေးမှာ။အနာဂတ်မှာ သူဒီဆုကို မြင်လိုက်တဲ့အချိန်တိုင်း သူ့ရဲ့ ပရိတ်သတ်တွေ သူ့အတွက် ယူပေးခဲ့တာကို သတိရပြီး ငါတို့ကို အမြဲမှတ်မိနေမှာပဲ]

[ချန်ကျဲကျဲက တအားနူးညံ့လွန်းတာပဲ။ ကျဲကျဲက အရမ်းစိတ်ထားကောင်းတယ်။ဒီgroupထဲက ကောင်မလေးတွေ ဝမ်းနည်းတိုင်း ကျဲကျဲပဲနှစ်သိမ့်နေကျ]

[ဟုတ်တယ်။ငါဝမ်းနည်းတဲ့အချိန်တိုင်း ချန်ကျဲကျဲပဲ နှစ်သိမ့်ပေးခဲ့တာ။ကျဲကျဲက အရမ်းစိတ်ရှည်ပြီး ကြင်နာတတ်လွန်းတယ်။ငါ ဒီ group ကို join လိုက်တဲ့အချိန်တည်းက ကျဲကျဲပဲ ကောကောအတွက် ပရိုမိုးရှင်းတွေလုပ်ပေးနေတာ အခုထိပဲလေ]

[ငါလည်း ထောက်ခံတယ်။groupထဲမှာ လူတွေဝင်လိုက်ထွက်လိုက်နဲ့ ဂယက်ရိုက်အောင်လုပ်နေပေမယ့် ကျဲကျဲက အကောင်းမြင်ပြီး လူတိုင်းကို အားပေးစကားတွေပြောပေးတယ်။ငါတို့ဝမ်းနည်းနေတဲ့အချိန်တွေမှာလည်း ကျဲကျဲကပဲ ဉာဏ်အလင်းပွင့်အောင်စကားတွေပြောပေးလိမ့်မယ်။ကောကောမှာ ဒီလို ကျဲကျဲပရိတ်သတ်မျိုးရှိတာ တအားကံကောင်းတာပဲ။ဖြစ်နိုင်ရင် ‌ကျဲကျဲပဲ ဆုသွားယူလိုက်လို့ မရဘူးလားဟင်။ ပြီးရင် ကောကို ပေးလိုက်ပေါ့။ငါ့တို့ ပရိတ်သတ်တွေရဲ့ နှလုံးသားတွေကို ကောဆီ လွှဲ‌ပေးလိုက်သလိုမျိုးလေ]

[ဟုတ်တယ်။ဟုတ်တယ်။ငါတို့က တရားဝင် support club ပဲဟာ။ကောကောမတက်ရောက်နိုင်ရင် ငါ့တို့ support clubနဲ့ကောကောရဲ့ကိုယ်စား ဥက္ကဋ္ဌဖြစ်တဲ့ကျဲကျဲကပဲ တက်ပေးလို့မရဘူးလား? ဘာလို့ ကျိချင်းကျိုးလဲ?]

ကျိချင်းကျိုး : ............

ကျိချင်းကျိုးတစ်ယောက် ဆွံ့အစွာဖြင့် ကောင်ကင်ကြီးကို မော့ကြည့်လိုက်သည်။သူပြောပြလိုက်ရင် ထိုသူတွေယုံပါ့မလားတော့မသိ။ သူတို့သဘောမကျဖြစ်နေတဲ့လူက သူတို့ ထောက်ခံပေးနေတဲ့လူဖြစ်နေတယ်။အဲ့တော့ အရှုံးပေးပြီး အမှန်တရားကို လက်ခံလိုက်ကြစမ်းပါ ကောင်မလေးတို့!

ကျိချင်းကျိုးက တည်ငြိမ်စွာ စာပြန်လိုက်သည်။

[အလုပ်ရှိတာမို့ ငါတက်လို့မရဘူး။ပြီးတော့ ငါတို့ support club ပဲ ကိုယ်စားပြုပြီး ယူတာလည်း မသင့်တော်ဘူးလေ။voteပေးခဲ့တဲ့ တစ်ခြား အဖွဲ့တွေရှိသေးတယ်။ငါတို့ တစ်ဖွဲ့တည်း ပေးခဲ့တာမှမဟုတ်တာ။ကောရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့ ကျိချင်းကျိုးပဲ အဆင်ပြေပါတယ်။ဘာလို့ဆို ကောဒီဇာတ်ကောင်နေရာမှာသရုပ်ဆောင်ခဲ့တာကလည်း သူ့ကြောင့်ပဲလေ။အဲ့အပြင်ကောက သူ့နာမည်ကို ကြေညာပြီးမှတော့ ကောသဘောအတိုင်းပဲ သွားကြတာပေါ့။ကျိချင်းကျိုးက ဆုလက်ခံယူပေးမှာဖြစ်ပေမယ့် ဆုယူပြီးရင် ကောက အဲ့ဆုနဲ့ ဆယ်လ်ဖီတင်ပေးမှာပါ]

[ဝိုးးးးးးးးး ဆယ်လ်ဖီလေးစောင့်နေပြီ!]

[ဆယ်လ်ဖီလေးမျှော်နေပါပြီ။ကျိချင်းကျိုး ငါ့တို့ကောကို သတိပေးနိုင်ရင်ကောင်းမယ်]

ဒါပေါ့! ဒီကိစ္စအကြောင်း ချူချန်ကို အသေအချာသတိပေးပေးမှာပါ။ ကျိချင်းကျိုးတွေ့လိုက်မိသည်။

ဆုပေးပွဲနေ့တွင် ကတိပေးထားသည့်တိုင်း ချူချန်က ကျိချင်းကျိုးနဲ့အတူ ဆုပေးပွဲကျင်းပသည့်နေရာသို့ လိုင်လာသည်။nanny vanထဲ၌ ကျိချင်းကျိုး အပြင်မထွက်‌ခင်လေး ကျိချင်းကျိုးရဲ့ အင်္ကျီကော်လံတွေ ရင်ထိုးတွေကို ချူချန်က ကျကျနနပြင်ပေးပြီးမှသာ သူ့ကို အပြင်ထွက်ခွင့်ပေး၍ red carpet လျှောက်စေသည်။

ချူချန်ကတော့ ကားထဲကမထွက်ဘဲ ကျိုးချန်ဖုန်းတို့ တစ်ခြားသူတွေနဲ့အတူ backstageသို့ တန်းသွားသည်။

ကျိချင်းကျိုး red carpet လျှောက်ပြီးနောက် သတင်းထောက်တွေ ဓာတ်ပုံယူရန် လက်မှတ်ထိုးသည့်နံရံရှေ့မှာ အတော်ကြာရပ်ပေးလိုက်သည်။ပရိတ်သတ်အော်ဟစ်သံတွေကြားမှ အစီအစဉ်တင်ဆက်သူက သူ့ကို မေးလာသည်။

[ဒီနှစ်အတွက် ဘာအစီအစဉ်လေးတွေများ ရှိလဲဗျ]

[《48နာရီပြိုင်ပွဲ》မှာပါဖို့ စီစဉ်ထားပါတယ်။ပြီးတော့ ရုပ်ရှင်ပဲဖြစ်ဖြစ် TVဇာတ်လမ်းတွဲပဲဖြစ်ဖြစ် ရိုက်သွားမို့ရှိပါတယ်။အခုထိတော့ ဇာတ်ညွှန်းဖတ်နေဆဲပါ]

[ဘယ်လိုဇာတ်ရုပ်မျိုးကို သဘောကျလဲဗျ]

[ဆွဲဆောင်မှုရှိတဲ့ ဇာတ်ရုပ်မှန်သမျှ အဆင်ပြေပါတယ်]

မေးခွန်းတွေအားယဉ်ကျေးစွာဖြင့် ဖြေပြီးသည့်နောက်မှာတော့ တင်ဆက်သူက [အိုကေ...ကျိချင်းကျိုး ပွဲထဲဝင်နှင့်လို့ရပါပြီဗျ] ဟုပြောလာသည်။

ထို့နောက် သူလည်း ပွဲခင်းထဲဝင်လာခဲ့သည်။

ကျိချင်းကျိုးတစ်ယောက် backstage နေရာဆီရောက်သည့်အချိန် ချူချန်က ထိုင်နေနှင့်ပြီးဖြစ်သည်။သူတံခါးပိတ်လိုက်ကာ ချူချန်ဘေးဝင်ထိုင်လိုက်သည်။

“ကျိုးကောနဲ့တစ်ခြားသူတွေရော”

“အပြင်မှာအလုပ်တွေရှုပ်နေကြတယ်”

ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်ပြီး ဖုန်းထုတ်ကြည့်လိုက်သည်။

“ပွဲမစခင် အချိန်ရသေးတာပဲ”

“ဒါဖြင့် ခဏလောက်အနားယူလိုက်လေ”

ကျိချင်းကျိုးလည်း တကယ်ကို နည်းနည်းပင်ပန်းနေတာဖြစ်၍ အနားယူဖို့ မျက်လုံးတွေမှိတ်ကာ ချူချန်ပခုံးကို မှီလိုက်သည်။

သူအိပ်ပျော်ခါနီးလေးတင် WeChatသံကြားလိုက်ရ၏။ကျိချင်းကျိုးက အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကာ ဖွင့်ကြည့်လိုက်သည်။ပွဲစခါနီးပြီဖြစ်၍ ဝင်လာဖို့ ကျိုးချန်ဖုန်းကပြောထားခြင်းပင်။

မတတ်သာစွာ သူ့အင်အားတွေကို ပြန်စုလိုက်ပြီး ခါးဆန့်၍ မတ်တပ်ရပ်လိုက်သည်။

“ကျွန်တော် အခုသွားလိုက်ဦးမယ်။ပြီးရင် တွေ့မယ်နော်”

သူသွားခါနီးတွင် ချူချန်က သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ပေးပြီး ရင်ခွင်ထဲထည့်၍ နှုတ်ခမ်းလေးအား ဖိကပ်နမ်းလိုက်သည်။

“ကျားရို့! ကောင်းကောင်လုပ်ခဲ့”

“အင်း။ ခင်ဗျားအတွက် ဆုယူပြီး ပြန်လာခဲ့မယ် စောင့်နေနော်”

“ကောင်းပါပြီ”

ကျိချင်းကျိုးက ခေါင်းလေးမော့၍ ချူချန်နှုတ်ခမ်းလေးအား လှမ်းနမ်းလိုက်ည်။ချူချန်ကတော့ ထိုအနမ်းကိုပဲ အခွင့်ကောင်းယူကာ အားရပါးရနမ်းပြီးမှ ရင်ခွင်ထဲကပြန်ထုတ်ပေးပြီး သူအနားယူခန်းထဲက ထွက်သွားတာကို ငေးကြည့်နေသည်။

ကျိချင်းကျိုး အခု the Seal Glory Ceremony ကို တက်ရောက်ရခြင်းမှာ သူရမယ့် the Most Potential Actor Award အတွက် ဖြစ်သည်။ဝက်လိုရစ်ငှက်ဆုမျိုးက ရွှေတန်ဖိုးနည်းနည်းသာပါပြီး တကယ့်တကယ်တမ်းကျ Seal Glory Festival ဆိုတဲ့ အနေအထားကြောင့် Seal Glory နှင့် ရှေ့ကောင်းနောက်ကောင်းဖြစ်စေရန် ဖိတ်ကြားခံရသည့် သရုပ်ဆောင်တိုင်း တက်ရောက်ရမည်ဖြစ်သည်။

ကျိချင်းကျိုးရောက်သွားတော့ လူတွေအများကြီးထိုင်နေကြပြီဖြစ်သည်။သူ့နာမည်ရေးထားသည့် ထိုင်ခုံမှာဝင်ထိုင်လိုက်ကာ ဆုပေးပွဲအခမ်းအနား စတင်မှာကို စောင့်နေလိုက်တော့သည်။

ချူချန်ရဲ့ ဆုက သူ့ထက် ပိုသေးသည့်အတွက် အချိန်အများကြီး မစောင့်လိုက်ရ။တင်ဆက်သူက ချူချန်ရဲ့ဆုကို ပထမဆုံးကြေညာသည်။ ကျိချင်းကျိုး ထရပ်လိုက်ပြီး စင်ပေါ်တက်၍ ဆုယူလိုက်ကာ ကင်မရာဆီကြည့်လိုက်သည်။

[ဒီတစ်ခါတော့ ချူချန်ကို ကူပြီး ဆုလက်ခံပေးခွင့်ရလိုက်တဲ့အတွက် အရမ်းဝမ်းသာရပါတယ်။သူ ကျွန်တော့်ကိုပဲ သီးသန့်ပြောပြဖူးတယ်။သူမှာ ပရိတ်သတ်တွေအများကြီး ရှိလာမယ်လို့ရော ဆုပါ ရလာမယ်လို့ပါ မမျှော်လင့်ထားဘူးတဲ့ဗျ။သူ အရမ်းကိုမှ တအံ့တဩဖြစ်နေရပြီး သူ့ကို ဆက်ပံ့ပိုးပေးနေတဲ့ ပရိတ်သတ်တွေကြောင့်လည်း အရမ်းဝမ်းသာနေပါတယ်။နောက်ပိုင်းတစ်ခြားဇာတ်ကောင်တွေမှာ သူ သရုပ်ဆောင်ဖြစ်တော့မှာ မဟုတ်ပေမယ့် ကျွမ်းရှန်းယန်နဲ့ သူ့ကို ပံ့ပိုးပေး သဘောကျပေးတဲ့ ပရိတ်သတ်တိုင်းကို သတိရနေမှာပါ။သူက ဒီဆုကို အရမ်း မြတ်နိုးတန်ဖိုးထားနေပြီး Seal Gloryနှင့် သူ့ပရိတ်သတ်တွေအကုန်လုံး အဆင်ပြေချော့မွေ့စွာဖြင့် နှစ်သစ်တိုင်းမှာ အနာဂတ်သစ်ကို စတင်နိုင်ဖို့ ဆုတောင်းလိုက်ပါတယ်တဲ့။ကျေးဇူးပါ၊]

နားနေခန်း၌ ချူချန်သည်  the sealက တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်၍ စခရင်အပြည့် commentတွေကို အသေအချာကြည့်နေခဲ့သည်။

[ကော! ကျားရို့! ကောက ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ လင်းလက်တောက်ပတဲ့နေမင်းကြီးကို မျက်နှာမှူလိုက်စမ်းပါကော]

ချူချန်မှာ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်လှုပ်ရှားလာသည်ကို ထိန်းမရခဲ့။ ပရိတ်သတ်တွေနှင့်အနုပညာရှင်တွေကြားက ဆက်ဆံရေးသည်ပတ်သက်ဆက်နွယ်မှု မရှိပါသော်လည်း ချစ်ခင်ရင်းနှီးမှုတို့ ပြည့်နေသည့် ဆက်ဆံရေးမျိုး။လူငယ်လေးတွေက သူတို့ရဲ့ ချစ်မြတ်နိုးမှုတွေကို တစ်ခြားလူတစ်ယောက်ဆီ ပုံအပ်ထားကြသည်။သူတို့က ပိုက်ဆံတွေ၊အချစ်တွေ၊ဂရုစိုက်ပေးမှုတွေ ဘာတစ်ခုမှ ပြန်မတောင်းဆိုဘဲ သူတို့ချစ်ရတဲ့ 'idol' သာလျှင် မနက်ဖြန်တိုင်းကို အောင်မြင်ချောမွေ့စွာဖြင့် ပိုမိုကောင်းမွန်စွာ ဖြတ်သန်းသွားနိုင်ကြဖို့ကိုဘဲ မျှော်လင့်ချက်ထားကြသည့် ရိုးသားဖြူစင်ကြသူတွေပင်။

သူတို့ရဲ့ သဘောကျမှုက ခဏတာဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီနေ့ မင်းကို သဘောကျ ပေမယ့် မနက်ဖြန်တစ်ခြား‌တစ်ယောက်ကို သဘောကျသွားတာမျိုးဖြစ်နိုင်သလို ရေရှည်သဘောကျသွားတာမျိုးလည်း ဖြစ်နိုင်သည်။ဥပမာ အသက် ၁၈ နှစ်တည်းက ကြိုက်ခဲ့သည့် မင်းကို အသက်၂၈နှစ်ထိ ကြိုက်နေတာမျိုး။နောက်ဆုံး သူတို့ မင်းပေါ် သဘောကျတဲ့အချိန်ဆိုရင် ရိုးသားမှုနဲ့ ပြင်းပြမှုတို့ ရှိကြသည်။မင်းအတွက် comment နဲ့ voteတွေရဖို့ သူတို့ကောင်းကောင်းအနားယူနိုင်မယ့်ညတွေကို မင်းကျေနပ်အောင်လုပ်ဖို့  ဖြတ်သန်းကြတယ်။ မင်းထောက်ခံချက်ပေးတဲ့ သောက်စရာအချိုရည်ဖြစ်စေ မုန့်ပဲသရေစာတွေဖြစ်စေ အကုန် ရောင်းကုန်နိုင်ဖို့ သူတို့ ပိုက်ဆံကို အကုန်အကျခံကြတယ်။

နောက်ပိုင်း သူတို့ ဆက်ပြီး ကြိုက်နေသေး၍ ဖြစ်ဖြစ် မကြိုက်တော့၍ ဖြစ်ဖြစ် သူတို့ထွက်သွားခဲ့ရင် မင်း မရပ်တည်နိုင်ဘူး။ မင်းရှိနေရင်တော့ သူတို့ကလည်း ထွက်သွားမှာ မဟုတ်ပါဘူး။အဲ့ဒါကြောင့် 'idol'တွေဆိုတာနဲ့ အံ့ဖွယ်ကြီးဖြစ်နေဖို့မလိုဘူး။မင်းက မင်းဖြစ်နေသ၍ သူတို့အတွက် အဆင်ပြေတယ်။

ချူချန်သည် စခရင်ထက်မှ ပရိတ်သတ်တွေ၏ commentတွေအားကြည့်ကာ Weibo အကောင့်ထဲ log in ဝင်၍ [ကျေးဇူးပါ!] ဆိုတဲ့ စကားနှစ်လုံးအား ပို့စ်တင်လိုက်သည်။

ကျိချင်းကျိုးမယ် သူ့ဆုကို လက်ခံရယူဖို့ အတော်ကြာစောင့်လိုက်ရ၏။ဆုရသည့်အချိန်မှာတော့ သူ အများကြီး မပြောလိုက်ပေ။ ယဉ်ကျေးစွာဖြင့် ရိုက်ကူးရေးအဖွဲ့၊ပရိတ်သတ်တွေနဲ့ the seal  အား ကျေးဇူးတင်စကားပြောလိုက်ပြီး အလုပ်တွေဆက်ကြိုးစားသွားပါဦးမယ်ဟုသာ ပြောလိုက်သည်။

ကျိချင်းကျိုး ချူချန်အစား ဆုတက်ယူပေးလိုက်တာက ချန်ကျိုး CP ပရိတ်သတ်တွေအတွက် ခွေးစာစားလိုက်ရသလိုပင်။တစ်ညလုံး အချိုအဝစားပြီးနောက်တော့ #ချန်ကျိုး CPအား hot searchရောက်အောင် အောင်အောင်မြင်မြင် တွန်းတင်လိုက်နိုင်သည်။သူတို့ကတော့ တကယ့် right cp ကို stand နေခဲ့ကြတာဟု ခံစားချက်တွေဖြင့် နေ့ရက်တိုင်းက သူတို့အတွက် ချစ်သူများနေ့ပင်။

ဒီညဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျိချင်းကျိုးနဲ့ချူချန်တို့ သီးသန့်ပရိတ်သတ်တွေက မကျေမချမ်းတွေဖြစ်ကြပေမယ့် ချူချန်က ဒီလောကထဲက မဟုတ်သည့်အပြင် ကျိချင်းကျိုးကြောင့်နဲ့ ဇာတ်ကောင်တစ်နေရာစာပဲ သရုပ်ဆောင်ဖြစ်ခဲ့သည့်အတွက် သူတို့ ပြောချင်ရင်တောင် ပြောမရပေ။မိသားစုနှစ်စုက တစ်ဖက်နှင့်တစ်ဖက် မကျေမနပ်တွေဖြစ်နေကြသော်လည်း သူတို့ကောကောတွေကြောင့် ယဉ်ကျေးပျူငှာသည့် အပြုအမူလေးကိုပဲ ဆက်ထိန်းကာ ဟယ်လို ဟယ်လို ဟယ်လို နှုတ်ဆက်ကြရုံပဲတတ်နိုင်သည်။

လူမြင်သာတဲ့ဘက်ခြမ်းမှာ ပရိတ်သတ်နှစ်ဖက်က ခင်မင်ရင်းနှီးအောင်နေနေကြသော်လည်း ကျိချင်းကျိုးကတော့ ဆုပေးပွဲပြီးတာနဲ့ ချူချန်နဲ့ တိတ်တိတ်လေးသွားတွေ့ကာ ဆုကို လက်ပြောင်းထည့်ပေးလိုက်သည်။

ချူချန်က ဆုကိုယူပြီး  စေ့စေ့စပ်စပ်ကြည့်ကာ “မဆိုးပါဘူး” ဟုရေရွတ်၍ ကျိချင်းကျိုးထံပြန်ပေးသည်။

“မင်း ကိုယ့်အတွက် ယူပေးထားတာမို့ ကိုယ့်အတွက် သိမ်းပေးထားပါဦး”

ကျိချင်းကျိုးက အတန်ကြာစဉ်းစားကာ-

“အိမ်ပြန်ရင် ခင်ဗျားစာကြည့်ခန်းက ဗီရိုထဲမှာ ထားလိုက်မယ်၊”

အဲ့ညပဲ သူတို့နှစ်ယောက်ရဲ့ ဆုနဲ့ group photo ရယ် သူတို့နှစ်ယောက်ရဲ့ ပုံရယ်ကို ရိုက်ကာ Weiboမှာ တစ်ချိန်တည်း ပြိုင်တူတင်ကြသည်။CPပရိတ်သတ်တွေကတော့ ချက်ချင်းပေါက်ကွဲသွားကြကာ ဟစ်အော်ကြလျက်။

[ညဘက်မှာစုံစည်းခြင်း! CPဆု! အားးးးး ငါ့ကို မတားကြနဲ့တော့။ငါအောက်ထပ်ကို လျှောဆင်းပြီး သွားအူတော့မယ်]

သီးသန့်ပရိတ်သတ်တွေအတွက်ကတော့ အရင်ကတည်းက သူတို့နှစ်ဖက်ရဲ့ သီးသန့်ပရိတ်သတ်တွေဖြစ်၍ ဘာမှ မမှားဘူးလို့ တောင်ခံစားနေရသည်။

ချူချန်ရဲ့ သီးသန့်ပရိတ်သတ်တွေကတော့ groupထဲမှာပဲ ဖြေရှင်းချက်တွေထုတ်ကြသည်။

[ကောင်းပြီ! အနည်းဆုံးတော့ ကျိချင်းကျိုးက ကောကို ဆုနဲ့အတူ ဓာတ်ပုံရိုက်ပေးပြီး Weiboမှာတင်ပေးခဲ့တာပဲလေ။ကောင်းပါတယ်]

[ဟုတ်တယ်။အချိန်ကွာဟချက်ကို ကြည့်လိုက်တာနဲ့ ကျိကောက ဆုပေးပွဲပြီးတာနဲ့ ငါတို့ကောဆီ တန်းသွားပုံပဲ။နည်းနည်းလေးတောင် မတုံ့ဆိုင်းခဲ့ဘူး။ဒါမှ သူငယ်ချင်းစစ်သူငယ်ချင်းမှန်ပဲလေ]

[ဟုတ်တယ်။ဟုတ်တယ်။ဟုတ်တယ်။အရမ်းခိုင်မြဲတဲ့ သူငယ်ချင်းဆက်ဆံရေး ပဲ]

‌ဂရုထဲတွင် ဖြစ်ပျက်နေကြသည်များကို ကြည့်နေသည့် ရှောင်ချန်းမှာ အရမ်းခိုင်မြဲတဲ့ သူငယ်ချင်းဆက်ဆံရေး ဆိုသည့်စကားလုံးအားကြည့်ပြီး ဘာမှမပြောနိုင်သည်အထိ ဆွံ့အသွားသည်။

ဆုယူပြီး ဆယ်ရက်ကျော်လောက်ဖြတ်သန်းပြီးနောက် ချစ်သူများနေ့ရောက်လာသည်။ဒီနှစ်ရဲ့နှစ်ကူးကနောက်ကျသည့်အတွက် အတွဲများအနေဖြင့် ချစ်သူများနေ့ကုန်ဆုံးပြီးတရုတ်နှစ်သစ်ကူးပွဲကိုလည်း ဖြတ်သန်းနိုင်လေသည်။

စင်စစ် မနှစ်က ချစ်သူများနေ့တွင် ကျိချင်းကျိုးနဲ့ ချူချန်နဲ့အတူ ကုန်ဆုံးချင်ခဲ့တာဖြစ်သည်။ဒါပေမယ့် အဲ့တုန်းက သူတို့ဟာ အတွဲတွေလည်း မဟုတ်သဖြင့် ထုတ်မပြောဖြစ်ခဲ့ပေ။သို့သော် မတော်တဆဖြင့် ချစ်သူများနေ့၌ လက်ဆောင်ပါရခဲ့လေသည်။ထို့ကြောင့် ဒီနှစ်ချစ်သူများနေ့လည်း ဘယ်လိုဖြတ်သန်းရမလဲဆိုတာ သူအကြာကြီး တွေးခဲ့ဖူးသည်။

သို့သော်လည်း ချစ်သူများနေ့ကျင်းပဖို့အတွက် ချူချန်ဘက်ကနေ သူ့ကို စဖိတ်လာမည်ကို မြင်ချင်ပါတယ်ဟူ၍လည်း ချူချန်အား မပြောလိုခဲ့ပါ။

နှစ်ဆုံးပိုင်း၌ ချူချန်က အလုပ်တွေတအားများနေတာဖြစ်ပြီး အစည်းအဝေးတွေတစ်ခြားအရှုပ်ကိစ္စတွေအများကြီးနှင့် ကြုံနေရသည်။new cultureနဲ့ ချူမိသားစုမှလူတွေအကုန်လုံး တစ်ခါတစ်လေဆို ၁၁နာရီ ၁၂နာရီထိ အလုပ်လုပ်ပြီးမှသာ အိမ်ပြန်နိုင်ကြသည်။ချူချန်ပြန်လာသည့်အချိန်တိုင်း အရမ်းပင်ပန်းနွမ်းနယ်နေသည်ကို ကျိချင်းကျိုးလည်း မျက်မြင်တွေ့နေရတာဖြစ်သဖြင့် ဒီတစ်ပတ်အတွင်း ကျရောက်မယ့်ချစ်သူများနေ့မှာ သူနဲ့အတူ ဖြတ်သန်းဖို့အတွက်နဲ့ အလုပ်တွေကို ပစ်ချထားဖို့ ပြောလိုက်ရန်မှာ ရှက်ဖို့ကောင်းလွန်းလှသည်။

ကိစ္စကြီးတစ်ခုရယ်လို့လည်း သူ့စိတ်ထဲမခံစားရမိပါ။ချူချန်အလုပ်ရှုပ်နေပါက သူ့ဘာသာ။ ညစာပြင်၍ ချူချန်ရဲ့ ကုမ္ပဏီကို ယူသွားပေးမည်။ဒါကိုလည်း အားလပ်ရက်မှာ ချူချန်နဲ့အတူ ညစာစားခြင်းလို့ သတ်မှတ်လို့ရတာပဲလေ။တကယ်တော့ ချစ်သူများနေ့ဆိုတာက ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေရရင် အားလုံးပြီးပြည့်စုံသွားပြီပဲဟာ။

*************

စာရေးသူမှာ ပြောစရာရှိပါတယ် :

ချန်ချန် : ငါ ချန်ကျဲကျဲကို support ပြီး ကျိချင်းကျိုးရဲ့ ဆန့်ကျင်ဘက်မှာနေမယ်!

ကျိုးကျိုး : ငါက ချန်ချန်ရဲ့ ခေါင်းဆောင်ပါ။ပြီး ကျိချင်းကျိုးကလည်း ငါပဲ ။

ချန်ချန် : ?!??????!!!! အဲ့တော့ကာ နင်က ချန်ကျဲကျဲမဟုတ်ဘဲ ချန်ကောကောပေါ့!!!

ကျိုးကျိုး : ငါ့ကိုယ်ငါ ဘယ်တုန်းက မိန်းကလေးပါလို့ ပြောခဲ့လို့လဲ??????? ကောင်လေးတွေရော အနုပညာရှင်ကို ကြိုက်လို့မရဘူးလား?

ချန်ချန် : ...............

////////////////////////////



Zawgyi




ေဖေဖာ္ဝါရီလအစတြင္ the Seal Glory၏ ဆုေပးပြဲအခမ္းအနား က်င္းပေလသည္။ခ်ဴခ်န္က ပို႔စ္တစ္ခုအား ႀကိဳတင္၍ တင္လိုက္သည္။

[ငါ့ကိုခ်စ္ေပးၾကၿပီး ဒီ the Seal Glory Festival Most Popular Newcomer Awardကို ရေအာင္ႀကိဳးစားကူညီေပးၾကတဲ့အတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္။ဒါေပမယ့္ အလုပ္ကိစၥတစ္ခ်ိဳ႕ေၾကာင့္ ဆုေပးပြဲအခမ္းအနားကို တက္ႏိုင္မွာ မဟုတ္တဲ့အတြက္ ဝမ္းနည္းမိပါတယ္။က်ိခ်င္းက်ိဳးက ငါ့ကိုယ့္စား ဆုတက္ယူေပးမွာပါ။မင္းတို႔ရဲ႕ ပံ့ပိုး‌မႈေတြ အခ်စ္ေတြအတြက္ ေက်းဇူးပါ! မင္းတို႔အားလုံးအတြက္ေပ်ာ္႐ႊင္ဖြယ္တ႐ုတ္ႏွစ္သစ္ကူးေလးျဖစ္ပါေစလို႔ ႀကိဳဆုေတာင္းေပးလိုက္ပါတယ္!]

ထိုပို႔စ္ေၾကာင့္ ခ်ဴခ်န္ရဲ႕ပရိတ္သတ္ေတြက ဝမ္းနည္းသြားၾကကာ group ထဲမွာ အသံတိုးတိုးျဖင့္ ညည္းညဴၾက၏။

[ငါတို႔ႀကိဳးႀကိဳးစားစားနဲ႔ ေကာဆုေအာင္လုပ္ေပးခဲ့တာက က်ိခ်င္းက်ိဳး ေရပန္းစားဖို႔မဟုတ္ဘူးေလ။ေကာကဘာလို႔ ကိုယ္တိုင္ ဆုလာမယူရတာလဲ]

[ဟုတ္ပ။ ဆုေပးပြဲတက္႐ုံေလာက္ဆိုရင္ေတာင္ အဆင္ေျပပါတယ္။ ခ်န္ခ်န္တို႔က အရမ္းႏွိမ့္ခ်ေပးေနတာမဟုတ္ဘူးလား]

<ခ်န္ခ်န္က ပါးခ်ဴရဲ႕ fandom nameပါ>

က်ိခ်င္းက်ိဳးတစ္ေယာက္ အျမန္ပင္ groupထဲမွာ ဝင္ႏွစ္သိမ့္ေပးလိုက္သည္။

[အဲ့လိုေျပာလို႔မရဘူးေလ။ႏွစ္တစ္ႏွစ္ရဲ႕ အစက အလုပ္အမ်ားဆုံး အခ်ိန္ပဲမို႔ ေကာလည္း အလုပ္ေတြ႐ႈပ္ေနတာျဖစ္ပါလိမ့္မယ္။အဲ့ဒါေၾကာင့္ သူမလာႏိုင္တာျဖစ္မယ္။ဒါေပမယ့္ ငါတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈကို ေကာျမင္ခဲ့တယ္ေလ။ဒီဆုက ငါတို႔ ႀကိဳးစားအားထုတ္မႈရဲ႕ ရလဒ္ပဲ။ေကာ အႏုပညာေလာကနဲ႔ ဆက္သြယ္မႈတစ္ခု႐ွိဖူးတယ္ဆိုတာ ဒီဆုကပဲ သက္ေသျပေပးမွာ။အနာဂတ္မွာ သူဒီဆုကို ျမင္လိုက္တဲ့အခ်ိန္တိုင္း သူ႕ရဲ႕ ပရိတ္သတ္ေတြ သူ႕အတြက္ ယူေပးခဲ့တာကို သတိရၿပီး ငါတို႔ကို အၿမဲမွတ္မိေနမွာပဲ]

[ခ်န္က်ဲက်ဲက တအားႏူးညံ့လြန္းတာပဲ။ က်ဲက်ဲက အရမ္းစိတ္ထားေကာင္းတယ္။ဒီgroupထဲက ေကာင္မေလးေတြ ဝမ္းနည္းတိုင္း က်ဲက်ဲပဲႏွစ္သိမ့္ေနက်]

[ဟုတ္တယ္။ငါဝမ္းနည္းတဲ့အခ်ိန္တိုင္း ခ်န္က်ဲက်ဲပဲ ႏွစ္သိမ့္ေပးခဲ့တာ။က်ဲက်ဲက အရမ္းစိတ္႐ွည္ၿပီး ၾကင္နာတတ္လြန္းတယ္။ငါ ဒီ group ကို join လိုက္တဲ့အခ်ိန္တည္းက က်ဲက်ဲပဲ ေကာေကာအတြက္ ပ႐ိုမိုး႐ွင္းေတြလုပ္ေပးေနတာ အခုထိပဲေလ]

[ငါလည္း ေထာက္ခံတယ္။groupထဲမွာ လူေတြဝင္လိုက္ထြက္လိုက္နဲ႔ ဂယက္႐ိုက္ေအာင္လုပ္ေနေပမယ့္ က်ဲက်ဲက အေကာင္းျမင္ၿပီး လူတိုင္းကို အားေပးစကားေတြေျပာေပးတယ္။ငါတို႔ဝမ္းနည္းေနတဲ့အခ်ိန္ေတြမွာလည္း က်ဲက်ဲကပဲ ဉာဏ္အလင္းပြင့္ေအာင္စကားေတြေျပာေပးလိမ့္မယ္။ေကာေကာမွာ ဒီလို က်ဲက်ဲပရိတ္သတ္မ်ိဳး႐ွိတာ တအားကံေကာင္းတာပဲ။ျဖစ္ႏိုင္ရင္ ‌က်ဲက်ဲပဲ ဆုသြားယူလိုက္လို႔ မရဘူးလားဟင္။ ၿပီးရင္ ေကာကို ေပးလိုက္ေပါ့။ငါ့တို႔ ပရိတ္သတ္ေတြရဲ႕ ႏွလုံးသားေတြကို ေကာဆီ လႊဲ‌ေပးလိုက္သလိုမ်ိဳးေလ]

[ဟုတ္တယ္။ဟုတ္တယ္။ငါတို႔က တရားဝင္ support club ပဲဟာ။ေကာေကာမတက္ေရာက္ႏိုင္ရင္ ငါ့တို႔ support clubနဲ႔ေကာေကာရဲ႕ကိုယ္စား ဥကၠ႒ျဖစ္တဲ့က်ဲက်ဲကပဲ တက္ေပးလို႔မရဘူးလား? ဘာလို႔ က်ိခ်င္းက်ိဳးလဲ?]

က်ိခ်င္းက်ိဳး : ............

က်ိခ်င္းက်ိဳးတစ္ေယာက္ ဆြံ႕အစြာျဖင့္ ေကာင္ကင္ႀကီးကို ေမာ့ၾကည့္လိုက္သည္။သူေျပာျပလိုက္ရင္ ထိုသူေတြယုံပါ့မလားေတာ့မသိ။ သူတို႔သေဘာမက်ျဖစ္ေနတဲ့လူက သူတို႔ ေထာက္ခံေပးေနတဲ့လူျဖစ္ေနတယ္။အဲ့ေတာ့ အ႐ႈံးေပးၿပီး အမွန္တရားကို လက္ခံလိုက္ၾကစမ္းပါ ေကာင္မေလးတို႔!

က်ိခ်င္းက်ိဳးက တည္ၿငိမ္စြာ စာျပန္လိုက္သည္။

[အလုပ္႐ွိတာမို႔ ငါတက္လို႔မရဘူး။ၿပီးေတာ့ ငါတို႔ support club ပဲ ကိုယ္စားျပဳၿပီး ယူတာလည္း မသင့္ေတာ္ဘူးေလ။voteေပးခဲ့တဲ့ တစ္ျခား အဖြဲ႕ေတြ႐ွိေသးတယ္။ငါတို႔ တစ္ဖြဲ႕တည္း ေပးခဲ့တာမွမဟုတ္တာ။ေကာရဲ႕ အေကာင္းဆုံးသူငယ္ခ်င္းျဖစ္တဲ့ က်ိခ်င္းက်ိဳးပဲ အဆင္ေျပပါတယ္။ဘာလို႔ဆို ေကာဒီဇာတ္ေကာင္ေနရာမွာသ႐ုပ္ေဆာင္ခဲ့တာကလည္း သူ႕ေၾကာင့္ပဲေလ။အဲ့အျပင္ေကာက သူ႕နာမည္ကို ေၾကညာၿပီးမွေတာ့ ေကာသေဘာအတိုင္းပဲ သြားၾကတာေပါ့။က်ိခ်င္းက်ိဳးက ဆုလက္ခံယူေပးမွာျဖစ္ေပမယ့္ ဆုယူၿပီးရင္ ေကာက အဲ့ဆုနဲ႔ ဆယ္လ္ဖီတင္ေပးမွာပါ]

[ဝိုးးးးးးးးး ဆယ္လ္ဖီေလးေစာင့္ေနၿပီ!]

[ဆယ္လ္ဖီေလးေမွ်ာ္ေနပါၿပီ။က်ိခ်င္းက်ိဳး ငါ့တို႔ေကာကို သတိေပးႏိုင္ရင္ေကာင္းမယ္]

ဒါေပါ့! ဒီကိစၥအေၾကာင္း ခ်ဴခ်န္ကို အေသအခ်ာသတိေပးေပးမွာပါ။ က်ိခ်င္းက်ိဳးေတြ႕လိုက္မိသည္။

ဆုေပးပြဲေန႔တြင္ ကတိေပးထားသည့္တိုင္း ခ်ဴခ်န္က က်ိခ်င္းက်ိဳးနဲ႔အတူ ဆုေပးပြဲက်င္းပသည့္ေနရာသို႔ လိုင္လာသည္။nanny vanထဲ၌ က်ိခ်င္းက်ိဳး အျပင္မထြက္‌ခင္ေလး က်ိခ်င္းက်ိဳးရဲ႕ အက်ႌေကာ္လံေတြ ရင္ထိုးေတြကို ခ်ဴခ်န္က က်က်နနျပင္ေပးၿပီးမွသာ သူ႕ကို အျပင္ထြက္ခြင့္ေပး၍ red carpet ေလွ်ာက္ေစသည္။

ခ်ဴခ်န္ကေတာ့ ကားထဲကမထြက္ဘဲ က်ိဳးခ်န္ဖုန္းတို႔ တစ္ျခားသူေတြနဲ႔အတူ backstageသို႔ တန္းသြားသည္။

က်ိခ်င္းက်ိဳး red carpet ေလွ်ာက္ၿပီးေနာက္ သတင္းေထာက္ေတြ ဓာတ္ပုံယူရန္ လက္မွတ္ထိုးသည့္နံရံေ႐ွ႕မွာ အေတာ္ၾကာရပ္ေပးလိုက္သည္။ပရိတ္သတ္ေအာ္ဟစ္သံေတြၾကားမွ အစီအစဥ္တင္ဆက္သူက သူ႕ကို ေမးလာသည္။

[ဒီႏွစ္အတြက္ ဘာအစီအစဥ္ေလးေတြမ်ား ႐ွိလဲဗ်]

[《48နာရီၿပိဳင္ပြဲ》မွာပါဖို႔ စီစဥ္ထားပါတယ္။ၿပီးေတာ့ ႐ုပ္႐ွင္ပဲျဖစ္ျဖစ္ TVဇာတ္လမ္းတြဲပဲျဖစ္ျဖစ္ ႐ိုက္သြားမို႔႐ွိပါတယ္။အခုထိေတာ့ ဇာတ္ၫႊန္းဖတ္ေနဆဲပါ]

[ဘယ္လိုဇာတ္႐ုပ္မ်ိဳးကို သေဘာက်လဲဗ်]

[ဆြဲေဆာင္မႈ႐ွိတဲ့ ဇာတ္႐ုပ္မွန္သမွ် အဆင္ေျပပါတယ္]

ေမးခြန္းေတြအားယဥ္ေက်းစြာျဖင့္ ေျဖၿပီးသည့္ေနာက္မွာေတာ့ တင္ဆက္သူက [အိုေက...က်ိခ်င္းက်ိဳး ပြဲထဲဝင္ႏွင့္လို႔ရပါၿပီဗ်] ဟုေျပာလာသည္။

ထို႔ေနာက္ သူလည္း ပြဲခင္းထဲဝင္လာခဲ့သည္။

က်ိခ်င္းက်ိဳးတစ္ေယာက္ backstage ေနရာဆီေရာက္သည့္အခ်ိန္ ခ်ဴခ်န္က ထိုင္ေနႏွင့္ၿပီးျဖစ္သည္။သူတံခါးပိတ္လိုက္ကာ ခ်ဴခ်န္ေဘးဝင္ထိုင္လိုက္သည္။

“က်ိဳးေကာနဲ႔တစ္ျခားသူေတြေရာ”

“အျပင္မွာအလုပ္ေတြ႐ႈပ္ေနၾကတယ္”

က်ိခ်င္းက်ိဳး ေခါင္းညိမ့္ျပလိုက္ၿပီး ဖုန္းထုတ္ၾကည့္လိုက္သည္။

“ပြဲမစခင္ အခ်ိန္ရေသးတာပဲ”

“ဒါျဖင့္ ခဏေလာက္အနားယူလိုက္ေလ”

က်ိခ်င္းက်ိဳးလည္း တကယ္ကို နည္းနည္းပင္ပန္းေနတာျဖစ္၍ အနားယူဖို႔ မ်က္လုံးေတြမွိတ္ကာ ခ်ဴခ်န္ပခုံးကို မွီလိုက္သည္။

သူအိပ္ေပ်ာ္ခါနီးေလးတင္ WeChatသံၾကားလိုက္ရ၏။က်ိခ်င္းက်ိဳးက အိပ္ခ်င္မူးတူးျဖင့္ မ်က္လုံးဖြင့္ကာ ဖြင့္ၾကည့္လိုက္သည္။ပြဲစခါနီးၿပီျဖစ္၍ ဝင္လာဖို႔ က်ိဳးခ်န္ဖုန္းကေျပာထားျခင္းပင္။

မတတ္သာစြာ သူ႕အင္အားေတြကို ျပန္စုလိုက္ၿပီး ခါးဆန္႔၍ မတ္တပ္ရပ္လိုက္သည္။

“ကြၽန္ေတာ္ အခုသြားလိုက္ဦးမယ္။ၿပီးရင္ ေတြ႕မယ္ေနာ္”

သူသြားခါနီးတြင္ ခ်ဴခ်န္က သူ႕အဝတ္အစားေတြကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္ျပင္ေပးၿပီး ရင္ခြင္ထဲထည့္၍ ႏႈတ္ခမ္းေလးအား ဖိကပ္နမ္းလိုက္သည္။

“က်ား႐ို႕! ေကာင္းေကာင္လုပ္ခဲ့”

“အင္း။ ခင္ဗ်ားအတြက္ ဆုယူၿပီး ျပန္လာခဲ့မယ္ ေစာင့္ေနေနာ္”

“ေကာင္းပါၿပီ”

က်ိခ်င္းက်ိဳးက ေခါင္းေလးေမာ့၍ ခ်ဴခ်န္ႏႈတ္ခမ္းေလးအား လွမ္းနမ္းလိုက္ည္။ခ်ဴခ်န္ကေတာ့ ထိုအနမ္းကိုပဲ အခြင့္ေကာင္းယူကာ အားရပါးရနမ္းၿပီးမွ ရင္ခြင္ထဲကျပန္ထုတ္ေပးၿပီး သူအနားယူခန္းထဲက ထြက္သြားတာကို ေငးၾကည့္ေနသည္။

က်ိခ်င္းက်ိဳး အခု the Seal Glory Ceremony ကို တက္ေရာက္ရျခင္းမွာ သူရမယ့္ the Most Potential Actor Award အတြက္ ျဖစ္သည္။ဝက္လိုရစ္ငွက္ဆုမ်ိဳးက ေ႐ႊတန္ဖိုးနည္းနည္းသာပါၿပီး တကယ့္တကယ္တမ္းက် Seal Glory Festival ဆိုတဲ့ အေနအထားေၾကာင့္ Seal Glory ႏွင့္ ေ႐ွ႕ေကာင္းေနာက္ေကာင္းျဖစ္ေစရန္ ဖိတ္ၾကားခံရသည့္ သ႐ုပ္ေဆာင္တိုင္း တက္ေရာက္ရမည္ျဖစ္သည္။

က်ိခ်င္းက်ိဳးေရာက္သြားေတာ့ လူေတြအမ်ားႀကီးထိုင္ေနၾကၿပီျဖစ္သည္။သူ႕နာမည္ေရးထားသည့္ ထိုင္ခုံမွာဝင္ထိုင္လိုက္ကာ ဆုေပးပြဲအခမ္းအနား စတင္မွာကို ေစာင့္ေနလိုက္ေတာ့သည္။

ခ်ဴခ်န္ရဲ႕ ဆုက သူ႕ထက္ ပိုေသးသည့္အတြက္ အခ်ိန္အမ်ားႀကီး မေစာင့္လိုက္ရ။တင္ဆက္သူက ခ်ဴခ်န္ရဲ႕ဆုကို ပထမဆုံးေၾကညာသည္။ က်ိခ်င္းက်ိဳး ထရပ္လိုက္ၿပီး စင္ေပၚတက္၍ ဆုယူလိုက္ကာ ကင္မရာဆီၾကည့္လိုက္သည္။

[ဒီတစ္ခါေတာ့ ခ်ဴခ်န္ကို ကူၿပီး ဆုလက္ခံေပးခြင့္ရလိုက္တဲ့အတြက္ အရမ္းဝမ္းသာရပါတယ္။သူ ကြၽန္ေတာ့္ကိုပဲ သီးသန္႔ေျပာျပဖူးတယ္။သူမွာ ပရိတ္သတ္ေတြအမ်ားႀကီး ႐ွိလာမယ္လို႔ေရာ ဆုပါ ရလာမယ္လို႔ပါ မေမွ်ာ္လင့္ထားဘူးတဲ့ဗ်။သူ အရမ္းကိုမွ တအံ့တဩျဖစ္ေနရၿပီး သူ႕ကို ဆက္ပံ့ပိုးေပးေနတဲ့ ပရိတ္သတ္ေတြေၾကာင့္လည္း အရမ္းဝမ္းသာေနပါတယ္။ေနာက္ပိုင္းတစ္ျခားဇာတ္ေကာင္ေတြမွာ သူ သ႐ုပ္ေဆာင္ျဖစ္ေတာ့မွာ မဟုတ္ေပမယ့္ ကြၽမ္း႐ွန္းယန္နဲ႔ သူ႕ကို ပံ့ပိုးေပး သေဘာက်ေပးတဲ့ ပရိတ္သတ္တိုင္းကို သတိရေနမွာပါ။သူက ဒီဆုကို အရမ္း ျမတ္ႏိုးတန္ဖိုးထားေနၿပီး Seal Gloryႏွင့္ သူ႕ပရိတ္သတ္ေတြအကုန္လုံး အဆင္ေျပေခ်ာ့ေမြ႕စြာျဖင့္ ႏွစ္သစ္တိုင္းမွာ အနာဂတ္သစ္ကို စတင္ႏိုင္ဖို႔ ဆုေတာင္းလိုက္ပါတယ္တဲ့။ေက်းဇူးပါ၊]

နားေနခန္း၌ ခ်ဴခ်န္သည္  the sealက တိုက္႐ိုက္ထုတ္လႊင့္မႈကိုၾကည့္၍ စခရင္အျပည့္ commentေတြကို အေသအခ်ာၾကည့္ေနခဲ့သည္။

[ေကာ! က်ား႐ို႕! ေကာက ငယ္ငယ္ေလးပဲ ႐ွိပါေသးတယ္။ လင္းလက္ေတာက္ပတဲ့ေနမင္းႀကီးကို မ်က္ႏွာမႉလိုက္စမ္းပါေကာ]

ခ်ဴခ်န္မွာ ၾကည့္ရင္းၾကည့္ရင္းနဲ႔ စိတ္လႈပ္႐ွားလာသည္ကို ထိန္းမရခဲ့။ ပရိတ္သတ္ေတြႏွင့္အႏုပညာ႐ွင္ေတြၾကားက ဆက္ဆံေရးသည္ပတ္သက္ဆက္ႏြယ္မႈ မ႐ွိပါေသာ္လည္း ခ်စ္ခင္ရင္းႏွီးမႈတို႔ ျပည့္ေနသည့္ ဆက္ဆံေရးမ်ိဳး။လူငယ္ေလးေတြက သူတို႔ရဲ႕ ခ်စ္ျမတ္ႏိုးမႈေတြကို တစ္ျခားလူတစ္ေယာက္ဆီ ပုံအပ္ထားၾကသည္။သူတို႔က ပိုက္ဆံေတြ၊အခ်စ္ေတြ၊ဂ႐ုစိုက္ေပးမႈေတြ ဘာတစ္ခုမွ ျပန္မေတာင္းဆိုဘဲ သူတို႔ခ်စ္ရတဲ့ 'idol' သာလွ်င္ မနက္ျဖန္တိုင္းကို ေအာင္ျမင္ေခ်ာေမြ႕စြာျဖင့္ ပိုမိုေကာင္းမြန္စြာ ျဖတ္သန္းသြားႏိုင္ၾကဖို႔ကိုဘဲ ေမွ်ာ္လင့္ခ်က္ထားၾကသည့္ ႐ိုးသားျဖဴစင္ၾကသူေတြပင္။

သူတို႔ရဲ႕ သေဘာက်မႈက ခဏတာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ဒီေန႔ မင္းကို သေဘာက် ေပမယ့္ မနက္ျဖန္တစ္ျခား‌တစ္ေယာက္ကို သေဘာက်သြားတာမ်ိဳးျဖစ္ႏိုင္သလို ေရ႐ွည္သေဘာက်သြားတာမ်ိဳးလည္း ျဖစ္ႏိုင္သည္။ဥပမာ အသက္ ၁၈ ႏွစ္တည္းက ႀကိဳက္ခဲ့သည့္ မင္းကို အသက္၂၈ႏွစ္ထိ ႀကိဳက္ေနတာမ်ိဳး။ေနာက္ဆုံး သူတို႔ မင္းေပၚ သေဘာက်တဲ့အခ်ိန္ဆိုရင္ ႐ိုးသားမႈနဲ႔ ျပင္းျပမႈတို႔ ႐ွိၾကသည္။မင္းအတြက္ comment နဲ႔ voteေတြရဖို႔ သူတို႔ေကာင္းေကာင္းအနားယူႏိုင္မယ့္ညေတြကို မင္းေက်နပ္ေအာင္လုပ္ဖို႔  ျဖတ္သန္းၾကတယ္။ မင္းေထာက္ခံခ်က္ေပးတဲ့ ေသာက္စရာအခ်ိဳရည္ျဖစ္ေစ မုန္႔ပဲသေရစာေတြျဖစ္ေစ အကုန္ ေရာင္းကုန္ႏိုင္ဖို႔ သူတို႔ ပိုက္ဆံကို အကုန္အက်ခံၾကတယ္။

ေနာက္ပိုင္း သူတို႔ ဆက္ၿပီး ႀကိဳက္ေနေသး၍ ျဖစ္ျဖစ္ မႀကိဳက္ေတာ့၍ ျဖစ္ျဖစ္ သူတို႔ထြက္သြားခဲ့ရင္ မင္း မရပ္တည္ႏိုင္ဘူး။ မင္း႐ွိေနရင္ေတာ့ သူတို႔ကလည္း ထြက္သြားမွာ မဟုတ္ပါဘူး။အဲ့ဒါေၾကာင့္ 'idol'ေတြဆိုတာနဲ႔ အံ့ဖြယ္ႀကီးျဖစ္ေနဖို႔မလိုဘူး။မင္းက မင္းျဖစ္ေနသ၍ သူတို႔အတြက္ အဆင္ေျပတယ္။

ခ်ဴခ်န္သည္ စခရင္ထက္မွ ပရိတ္သတ္ေတြ၏ commentေတြအားၾကည့္ကာ Weibo အေကာင့္ထဲ log in ဝင္၍ [ေက်းဇူးပါ!] ဆိုတဲ့ စကားႏွစ္လုံးအား ပို႔စ္တင္လိုက္သည္။

က်ိခ်င္းက်ိဳးမယ္ သူ႕ဆုကို လက္ခံရယူဖို႔ အေတာ္ၾကာေစာင့္လိုက္ရ၏။ဆုရသည့္အခ်ိန္မွာေတာ့ သူ အမ်ားႀကီး မေျပာလိုက္ေပ။ ယဥ္ေက်းစြာျဖင့္ ႐ိုက္ကူးေရးအဖြဲ႕၊ပရိတ္သတ္ေတြနဲ႔ the seal  အား ေက်းဇူးတင္စကားေျပာလိုက္ၿပီး အလုပ္ေတြဆက္ႀကိဳးစားသြားပါဦးမယ္ဟုသာ ေျပာလိုက္သည္။

က်ိခ်င္းက်ိဳး ခ်ဴခ်န္အစား ဆုတက္ယူေပးလိုက္တာက ခ်န္က်ိဳး CP ပရိတ္သတ္ေတြအတြက္ ေခြးစာစားလိုက္ရသလိုပင္။တစ္ညလုံး အခ်ိဳအဝစားၿပီးေနာက္ေတာ့ #ခ်န္က်ိဳး CPအား hot searchေရာက္ေအာင္ ေအာင္ေအာင္ျမင္ျမင္ တြန္းတင္လိုက္ႏိုင္သည္။သူတို႔ကေတာ့ တကယ့္ right cp ကို stand ေနခဲ့ၾကတာဟု ခံစားခ်က္ေတြျဖင့္ ေန႔ရက္တိုင္းက သူတို႔အတြက္ ခ်စ္သူမ်ားေန႔ပင္။

ဒီညျဖစ္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္တို႔ သီးသန္႔ပရိတ္သတ္ေတြက မေက်မခ်မ္းေတြျဖစ္ၾကေပမယ့္ ခ်ဴခ်န္က ဒီေလာကထဲက မဟုတ္သည့္အျပင္ က်ိခ်င္းက်ိဳးေၾကာင့္နဲ႔ ဇာတ္ေကာင္တစ္ေနရာစာပဲ သ႐ုပ္ေဆာင္ျဖစ္ခဲ့သည့္အတြက္ သူတို႔ ေျပာခ်င္ရင္ေတာင္ ေျပာမရေပ။မိသားစုႏွစ္စုက တစ္ဖက္ႏွင့္တစ္ဖက္ မေက်မနပ္ေတြျဖစ္ေနၾကေသာ္လည္း သူတို႔ေကာေကာေတြေၾကာင့္ ယဥ္ေက်းပ်ဴငွာသည့္ အျပဳအမူေလးကိုပဲ ဆက္ထိန္းကာ ဟယ္လို ဟယ္လို ဟယ္လို ႏႈတ္ဆက္ၾက႐ုံပဲတတ္ႏိုင္သည္။

လူျမင္သာတဲ့ဘက္ျခမ္းမွာ ပရိတ္သတ္ႏွစ္ဖက္က ခင္မင္ရင္းႏွီးေအာင္ေနေနၾကေသာ္လည္း က်ိခ်င္းက်ိဳးကေတာ့ ဆုေပးပြဲၿပီးတာနဲ႔ ခ်ဴခ်န္နဲ႔ တိတ္တိတ္ေလးသြားေတြ႕ကာ ဆုကို လက္ေျပာင္းထည့္ေပးလိုက္သည္။

ခ်ဴခ်န္က ဆုကိုယူၿပီး  ေစ့ေစ့စပ္စပ္ၾကည့္ကာ “မဆိုးပါဘူး” ဟုေရ႐ြတ္၍ က်ိခ်င္းက်ိဳးထံျပန္ေပးသည္။

“မင္း ကိုယ့္အတြက္ ယူေပးထားတာမို႔ ကိုယ့္အတြက္ သိမ္းေပးထားပါဦး”

က်ိခ်င္းက်ိဳးက အတန္ၾကာစဥ္းစားကာ-

“အိမ္ျပန္ရင္ ခင္ဗ်ားစာၾကည့္ခန္းက ဗီ႐ိုထဲမွာ ထားလိုက္မယ္၊”

အဲ့ညပဲ သူတို႔ႏွစ္ေယာက္ရဲ႕ ဆုနဲ႔ group photo ရယ္ သူတို႔ႏွစ္ေယာက္ရဲ႕ ပုံရယ္ကို ႐ိုက္ကာ Weiboမွာ တစ္ခ်ိန္တည္း ၿပိဳင္တူတင္ၾကသည္။CPပရိတ္သတ္ေတြကေတာ့ ခ်က္ခ်င္းေပါက္ကြဲသြားၾကကာ ဟစ္ေအာ္ၾကလ်က္။

[ညဘက္မွာစုံစည္းျခင္း! CPဆု! အားးးးး ငါ့ကို မတားၾကနဲ႔ေတာ့။ငါေအာက္ထပ္ကို ေလွ်ာဆင္းၿပီး သြားအူေတာ့မယ္]

သီးသန္႔ပရိတ္သတ္ေတြအတြက္ကေတာ့ အရင္ကတည္းက သူတို႔ႏွစ္ဖက္ရဲ႕ သီးသန္႔ပရိတ္သတ္ေတြျဖစ္၍ ဘာမွ မမွားဘူးလို႔ ေတာင္ခံစားေနရသည္။

ခ်ဴခ်န္ရဲ႕ သီးသန္႔ပရိတ္သတ္ေတြကေတာ့ groupထဲမွာပဲ ေျဖ႐ွင္းခ်က္ေတြထုတ္ၾကသည္။

[ေကာင္းၿပီ! အနည္းဆုံးေတာ့ က်ိခ်င္းက်ိဳးက ေကာကို ဆုနဲ႔အတူ ဓာတ္ပုံ႐ိုက္ေပးၿပီး Weiboမွာတင္ေပးခဲ့တာပဲေလ။ေကာင္းပါတယ္]

[ဟုတ္တယ္။အခ်ိန္ကြာဟခ်က္ကို ၾကည့္လိုက္တာနဲ႔ က်ိေကာက ဆုေပးပြဲၿပီးတာနဲ႔ ငါတို႔ေကာဆီ တန္းသြားပုံပဲ။နည္းနည္းေလးေတာင္ မတုံ႔ဆိုင္းခဲ့ဘူး။ဒါမွ သူငယ္ခ်င္းစစ္သူငယ္ခ်င္းမွန္ပဲေလ]

[ဟုတ္တယ္။ဟုတ္တယ္။ဟုတ္တယ္။အရမ္းခိုင္ၿမဲတဲ့ သူငယ္ခ်င္းဆက္ဆံေရး ပဲ]

‌ဂ႐ုထဲတြင္ ျဖစ္ပ်က္ေနၾကသည္မ်ားကို ၾကည့္ေနသည့္ ေ႐ွာင္ခ်န္းမွာ အရမ္းခိုင္ၿမဲတဲ့ သူငယ္ခ်င္းဆက္ဆံေရး ဆိုသည့္စကားလုံးအားၾကည့္ၿပီး ဘာမွမေျပာႏိုင္သည္အထိ ဆြံ႕အသြားသည္။

ဆုယူၿပီး ဆယ္ရက္ေက်ာ္ေလာက္ျဖတ္သန္းၿပီးေနာက္ ခ်စ္သူမ်ားေန႔ေရာက္လာသည္။ဒီႏွစ္ရဲ႕ႏွစ္ကူးကေနာက္က်သည့္အတြက္ အတြဲမ်ားအေနျဖင့္ ခ်စ္သူမ်ားေန႔ကုန္ဆုံးၿပီးတ႐ုတ္ႏွစ္သစ္ကူးပြဲကိုလည္း ျဖတ္သန္းႏိုင္ေလသည္။

စင္စစ္ မႏွစ္က ခ်စ္သူမ်ားေန႔တြင္ က်ိခ်င္းက်ိဳးနဲ႔ ခ်ဴခ်န္နဲ႔အတူ ကုန္ဆုံးခ်င္ခဲ့တာျဖစ္သည္။ဒါေပမယ့္ အဲ့တုန္းက သူတို႔ဟာ အတြဲေတြလည္း မဟုတ္သျဖင့္ ထုတ္မေျပာျဖစ္ခဲ့ေပ။သို႔ေသာ္ မေတာ္တဆျဖင့္ ခ်စ္သူမ်ားေန႔၌ လက္ေဆာင္ပါရခဲ့ေလသည္။ထို႔ေၾကာင့္ ဒီႏွစ္ခ်စ္သူမ်ားေန႔လည္း ဘယ္လိုျဖတ္သန္းရမလဲဆိုတာ သူအၾကာႀကီး ေတြးခဲ့ဖူးသည္။

သို႔ေသာ္လည္း ခ်စ္သူမ်ားေန႔က်င္းပဖို႔အတြက္ ခ်ဴခ်န္ဘက္ကေန သူ႕ကို စဖိတ္လာမည္ကို ျမင္ခ်င္ပါတယ္ဟူ၍လည္း ခ်ဴခ်န္အား မေျပာလိုခဲ့ပါ။

ႏွစ္ဆုံးပိုင္း၌ ခ်ဴခ်န္က အလုပ္ေတြတအားမ်ားေနတာျဖစ္ၿပီး အစည္းအေဝးေတြတစ္ျခားအ႐ႈပ္ကိစၥေတြအမ်ားႀကီးႏွင့္ ၾကဳံေနရသည္။new cultureနဲ႔ ခ်ဴမိသားစုမွလူေတြအကုန္လုံး တစ္ခါတစ္ေလဆို ၁၁နာရီ ၁၂နာရီထိ အလုပ္လုပ္ၿပီးမွသာ အိမ္ျပန္ႏိုင္ၾကသည္။ခ်ဴခ်န္ျပန္လာသည့္အခ်ိန္တိုင္း အရမ္းပင္ပန္းႏြမ္းနယ္ေနသည္ကို က်ိခ်င္းက်ိဳးလည္း မ်က္ျမင္ေတြ႕ေနရတာျဖစ္သျဖင့္ ဒီတစ္ပတ္အတြင္း က်ေရာက္မယ့္ခ်စ္သူမ်ားေန႔မွာ သူနဲ႔အတူ ျဖတ္သန္းဖို႔အတြက္နဲ႔ အလုပ္ေတြကို ပစ္ခ်ထားဖို႔ ေျပာလိုက္ရန္မွာ ႐ွက္ဖို႔ေကာင္းလြန္းလွသည္။

ကိစၥႀကီးတစ္ခုရယ္လို႔လည္း သူ႕စိတ္ထဲမခံစားရမိပါ။ခ်ဴခ်န္အလုပ္႐ႈပ္ေနပါက သူ႕ဘာသာ။ ညစာျပင္၍ ခ်ဴခ်န္ရဲ႕ ကုမၸဏီကို ယူသြားေပးမည္။ဒါကိုလည္း အားလပ္ရက္မွာ ခ်ဴခ်န္နဲ႔အတူ ညစာစားျခင္းလို႔ သတ္မွတ္လို႔ရတာပဲေလ။တကယ္ေတာ့ ခ်စ္သူမ်ားေန႔ဆိုတာက ကိုယ္ခ်စ္တဲ့သူနဲ႔ အတူ႐ွိေနရရင္ အားလုံးၿပီးျပည့္စုံသြားၿပီပဲဟာ။

*************

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္ :

ခ်န္ခ်န္ : ငါ ခ်န္က်ဲက်ဲကို support ၿပီး က်ိခ်င္းက်ိဳးရဲ႕ ဆန္႔က်င္ဘက္မွာေနမယ္!

က်ိဳးက်ိဳး : ငါက ခ်န္ခ်န္ရဲ႕ ေခါင္းေဆာင္ပါ။ၿပီး က်ိခ်င္းက်ိဳးကလည္း ငါပဲ ။

ခ်န္ခ်န္ : ?!??????!!!! အဲ့ေတာ့ကာ နင္က ခ်န္က်ဲက်ဲမဟုတ္ဘဲ ခ်န္ေကာေကာေပါ့!!!

က်ိဳးက်ိဳး : ငါ့ကိုယ္ငါ ဘယ္တုန္းက မိန္းကေလးပါလို႔ ေျပာခဲ့လို႔လဲ??????? ေကာင္ေလးေတြေရာ အႏုပညာ႐ွင္ကို ႀကိဳက္လို႔မရဘူးလား?

ခ်န္ခ်န္ : ...............

////////////////////////////

Continue Reading

You'll Also Like

276K 11.4K 38
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
315K 25.4K 29
Mini Story Uni Life Style Sweet Romance
705K 76.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.1M 46.4K 58
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...