အချစ်ထက်သာလွန်သော[Completed]

By Ta_yaw2006

906K 50.4K 3.2K

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း
memo
ART
Book!!

အပိုင်း(၁၇)

19.8K 1.2K 59
By Ta_yaw2006

Unicode

လမ်းမကြီးပေါ် စက်ဘီးလေး ၄စီးမှာ တစ်ရွေ့ရွေ့ ရွေ့လျားနေသည်။ကျွန်တော်နဲ့လွမ်းစေသော်ကတစ်စီး။တင်မောင်မြင့်နဲ့စန်းအောင်ကတစ်စီး။ရဲဝင်းနဲ့ထိုက်စံကတော့တစ်စီး သပ်သပ်စီစီးကာ ကွေ့ကြီးကွင်းသို့လရောက်လာခဲ့ကြသည်။ အညာမြေတမာပင်ပေါသည့်တိုင် ကွင်းရဲ့တစ်နေရာရှိ တမာပင်အရိပ်အောက် စက်ဘီးတွေထားခဲ့ကြသည်။ ညနေခင်းမို့ နေအပူရှိန်သိပ်မမြင့်သည်မို့ ​တော်တော့သည်ဟု ပြောရမည်။ ဘောလုံးကွင်းထဲရောက်သည့်အချိန်တွင် လွမ်းစေသော်နဲ့မတိမ်းမယိမ်း အသားခပ်ညိုညို ကောင်လေးတစ်ယောက်က ကျွန်တော်တို့အဖွဲ့ကိုမြင်တော့ အမြင်မကြည်သည့်သဘောမျိုးဖြင့် ကြည့်လာသည်။ ကျွန်တော်မှန်းပုံထောက် ထိုကောင်လေးက လွမ်းစေသော်တို့ ပြောနေတဲ့ ထွန်းကျော်ဆိုတာဘဲ ဖြစ်ရမည်။ လွမ်းစေသော်က ကျွန်တော့်အဖွဲ့ထဲမှာ မျက်နှာပြောင်တက်သော်ငှား သူနဲ့မတည့်တဲ့သူ၊သူ့အပေါ်အမြင်မကြည်တဲ့သူရှေ့ရောက်လျှင် မျက်နှာထားတည်တက်သည်။အမှန်အတိုင်းဝန်ခံရလျှင် လွမ်းစေသော် မျက်နှာတည်ထားရင် အနည်းနဲ့အများတော့ ရှိန်ချင်စရာကောင်းသည်။

ခပ်လှမ်းလှမ်းမှ အသားလတ်လတ်နဲ့ ဆံပင်ရှည်ကိုနောက်လှန်သိမ်းထားတဲ့ ကောင်လေးက ကျွန်တော်တို့အဖွဲ့ဆီ ဦးတည်လာကာ စကားဆိုလေသည်။

"ဆရာသမား မလာတော့ဘူးမှတ်နေတာ"

ထိုအခါ လွမ်းစေသော်က ခပ်ရေးရေးပြုံးပြရင်း

"မလာဘဲနေပါ့မလား ပုံမှန်ကန်မယ်ဆို လာဖြစ်ချင်မှ လာဖြစ်မှာ ဟိုတစ်ယောက်က ကြိမ်းထားတယ် ကြားလို့ လာလိုက်တာ"

"အဲ့တော့ အမောင်လွမ်းတို့ မကြာခင် သိတ်တော့မယ်ပေါ့"

"မောင်မောင်သိန်းတို့ရောပါသလားဟေ့"

စန်းအောင်က ခပ်နောက်နောက်ဖြင့်ဆိုတော့ မောင်မောင်သိန်းကရယ်ကျဲကျဲလုပ်ကာ

"ဆရာသမားတို့ကို ကြောက်ပါတယ်ဗျာ"

ပထမပွဲစဥ်ကို မောင်မောင်သိန်းတို့အဖွဲ့နဲ့ ထွန်းကျော်တို့အဖွဲ့က အရင်ကန်ကြသည်။ ကျွန်တော်တို့အဖွဲ့က တမာပင်အောင် ဖိနပ်ကို ဖင်ခုထိုင်ကာ စကားတပြောပြောနဲ့ စောင့်နေကြသည်။

"မင်းတို့ကမောင်မောင်သိန်းတို့နဲ့ကျ တည့်တယ်နော် ထွန်းကျော်ကျဘာလို့လဲ"

ထိုအခါက ထိုက်စံက

"မောင်မောင်သိန်းတို့နဲ့က ဘောလုံးကန်ကြရင်းနဲ့ ခင်သွားကြတာ အဲ့ကောင်တွေက 2ကျောင်းကလေ ငါတို့ရယ် ထွန်းကျော်တို့အုပ်စုရယ်က 3ကျောင်းက ကိုလွမ်းက ငါတို့ကျောင်းမှာ ကျိုင်းကိုင်လေ အဲ့တော့ ကောင်မလေးတွေကလည်း ဝိုင်းဝိုင်းလည်ကို၊ မနှစ်က ထွန်းကျော် ကြိုက်တဲ့ကောင်မလေးက လွမ်းစေသော်ကို ကြိုက်နေတာလေ ပြီးတော့ ဘောလုံးကန်ရင်လည်း ငါတို့အဖွဲ့ကိုနိုင်တာမဟုတ်ဘူး အဲ့မှာ ကြိတ်မနိုင်ခဲမနိုင်တွေဖြစ်ပြီး အလကားသပ်သပ် အမြင်မကြည်နေတာ"

ထိုက်စံရဲ့အပြောကြောင့် ဘာမှန်းမသိပါပဲ ကျွန်တော့်စိတ်က မသက်မသာဖြစ်သွား၏။ စိတ်ရဲ့ဆောင်ရာအတိုင်း လွမ်းစေသော်ရှိရာ ကြည့်မိတော့ ချွေးစအနည်းငယ်ဆိုသော ဆံပင်ကိုနောက်လှန်သပ်ကာ စက်ဘီးခြင်းထဲကပါလာတဲ့ ရေသန့်ဘူးကို မော့သောက်နေသည်။ နှုတ်ခမ်းနဲ့မထိဘဲ ရေမော့သောက်နေကာ ရေတစ်ခါသောက်တိုင်း အထက်အောက် ရွေ့လျားနေတဲ့ လည်စလုတ်အား အကြောင်းအရင်းမဲ့စွာ ငေးကနဲ ကြည့်မိ၏။

လွမ်းစေသော်က ရေတစ်ငုံလောက်သောက်ပြီး တစ်နေရာကို စူးစူးရဲရဲကြီး ကြည့်နေတာမို့ ကျွန်တော်လည်း လိုက်ကြည့်မိတော့ ခပ်သေးသေးခန္ဓာကိုယ်လေးနဲ့ မြန်မာဝတ်စုံလေးဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်။ ကောင်မလေးက ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြလာတာမို့ ကျွန်တော် အနေခက်စွာဖြင့် ပြန်ပြုံးပြလိုက်မိ၏။ ချက်ချင်း ကျွန်တော့်ရှေ့က မြင်ကွင်းပျောက်ကွယ်သွားအောင် လုပ်လိုက်သူက  လွမ်းစေသော်။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်တွင်လာထိုင်ရင်း ထိုက်စံတို့ဘက် လှည့်ကာ စောစောကကောင်မလေးထံသို့ မေးဆက်ပြရင်း

"အဲ့ကောင်မလေးက ဘယ်သူလဲ"

"ဪ သူလား သူက ထွန်းကျော်ရဲ့ကောင်မလေး  နောက်တစ်ယောက်လေ"

လွမ်းစေသော် မျက်မှောင်တစ်ချက်ကြုတ်ကာ ကောင်မလေးထံ တစ်ချက်ကြည့်ရင်း ကျွန်တော့်ဘက်လှည့်လာပြန်သည်။

"ဘာလို့ပြုံးပြတာလဲ"

"ဟမ်"

"အဲ့ကောင်မလေးကို ပြုံးပြလိုက်တာ ငါမြင်တယ်"

ချက်ချင်းပဲ ကျွန်တော် ရည်းစားတစ်ယောက် ကောက်ရလိုက်သလို ကိုယ့်ရည်းစားရစ်တာ ခံရတော့မလိုလို ခံစားချက်ကြီးရလာတော့သည်။

"သူကပြုံးပြမှတော့ ငါကပြုံးပြရမှာပေါ့ကွ"

"သူပြုံးပြလည်း မင်းကပြုံးပြစရာလား"

ကျွန်တော့် လက်ချောင်းတွေကို ဆော့ကစားရင်း ပြန်ပြောနေပုံက ၅နှစ်သား ကလေးလေး မကျေမနပ် ဖြစ်နေပုံနဲ့ တူသလိုလိုရှိသည်။

"အားနာစရာကြီးလေကွာ"

"ဟျောင့်တွေရေ ကလေးလိုလို ခွေးလိုလိုလုပ်နေတယ် ကြည့်ကြဦး"

ဘေးနားက တင်မောင်မြင့်က ခပ်နောက်နောက်ပြောတော့ လွမ်းစေသော်က ခြေထောက်နဲ့လှမ်းကန်ကာ

"*ီးလား"

ပထမပွဲစဥ်ပြီးချိန်၌ ထွန်းကျော်တို့ အနိုင်ရသွားတာမို့ လွမ်းစေသော်တို့အဖွဲ့နဲ့ ကန်ရမည်ဖြစ်သည်။ တမာပင်အောက် ကျွန်တော် တစ်ယောက်တည်းကျန်ခဲ့ကာ မကြာလိုက် စောစောက ထွန်းကျော်ရဲ့ကောင်မလေး ဆိုသူက ကျွန်တော့် နားရောက်လာကာ ပြုံးပြသည်။ ကျွန်တော် ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး ထိုင်နေရာမှထလိုက်ကာ ထိုကောင်မလေးနဲ့ ခပ်လှမ်းလှမ်းတွင်နေလိုက်သည်။

သိသိသာသာအုံလာတဲ့ လူတွေ၊အများစုမှာ လူငယ်များဖြစ်ကြပြီး မိန်းကလေးများကလည်း သူ့အုပ်စုနဲ့သူ စုဝေးလာကြသည်။ မိန်းကလေးတွေက လွမ်းစေသော်ကို တစ်ချက်တစ်ချက် ရှိုးနေကြသည်မို့ ကျွန်တော့် အနည်းငယ် စိတ်ရှုတ်သွားရသည်။ နောက်ဆုံးတွင် သုံးဂိုး တစ်ဂိုးနဲ့ လွမ်းစေသော်တို့က အပြတ်သတ်နိုင်သွားခဲ့သည်။ ထိုက်စံတို့က ကျွန်တော်ရှိရာဆီပြန်လာကြပေမဲ့ ကျန်နေခဲ့သူက လွမ်းစေသော်။ ထွန်းကျော်ရှိရာဆီသွားပြီး စကားပြောနေသည်ကို  ကျွန်တော်တွေ့လိုက်ရသည်။ ဘာစကားပြောလိုက်တယ်မသိပေမဲ့ ထွန်းကျော်က လက်သီးထိုးတော့သယောင် မာန်ခဲနေသည်မို့ ကျွန်တော် လန့်ဖြန့်ကာ ကျွန်တော့်ခြေလှမ်းတွေက လွမ်းစေသော်ဆီရောက်သွားတော့သည်။ လွမ်းစေသော်ရဲ့ ပုခုံးပေါ် လက်တင်လိုက်ရင်း

"လွမ်းစေသော် ပြန်ရအောင်"

"အင်း"

........

ညရောက်သည့်အခါ သူငယ်ချင်းတွေနဲ့ ဖိုးသိန်းဆိုင် စုထိုင်ဖြစ်သည်။ ခါတိုင်းလို ပေါ့စိမ့်တစ်ခွက်လှမ်း မှာရင်း ချစ်ငယ်အတွက် အချိုရည်သာ လှမ်းမှာလိုက်သည်။
ညနေက အဖြစ်အပျက်အား မျက်လုံးထဲပြန်မြင်ယောင်လာကာ စိတ်ကဖျင်းကနဲ ဖြစ်သွား၍ သက်ပြင်းပူတစ်ချက်ချမိလိုက်၏။ ထွန်းကျော်ရဲ့ ကောင်မလေးက ချစ်ငယ်ကို သိသိသာသာ ရှိူးနေသည်မို့ ကျွန်တော့်ထံ စိုးရိမ်စိတ်တို့က တိုးဝင်လာခဲ့သည်။သို့သော် ချစ်ငယ်ဘက်က အရေးပြန်မလုပ်တာမို့ ကျွန်တော် စိတ်အေးသွားရ၏။ မဟုတ်ပါက ကမ္ဘာပျက်ရမည်က ကျွန်တော်သာ။

တီဗီထံမှ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ ရုပ်ရှင်မင်းသား လွင်မိုးတို့ သရုပ်ဆောင်ထားတဲ့ ကိုကိုနော် ဆိုတဲ့ ရုပ်ရှင်ကားကို ပြသထားသည်။
ရုတ်တရက် ကျွန်တော့်အတွေးတို့က ပရုတ်ကျကာ မအူဝဲ ချွဲချွဲပြနေတဲ့ ကိုကိုနော်ဆိုတဲ့ အခန်းရောက်ရင် ချစ်ငယ်ရဲ့ ရုပ်လေးအား ပြေးမြင်ယောင်မိသွား၏။ ချစ်ငယ်သာ ကိုကိုနော် လိုချွဲကြည့် ကျွန်တော် အခါခါသေမှာ မြင်ယောင်နေမိသည်။
စန်းအောင်ဘေးထိုင်နေတဲ့ တင်မောင်မြင့်က ရေနွေးခွက်ကို ၃ကြိမ်လောက်ကျင်းနေတာမို့ မနေနိုင်မထိုင်နိုင်စွာ ကျွန်တော် ပြောလိုက်မိသည်။

"လူကသာ ဘာမှမဟုတ်တာ ဒီလိုကျ အသန့်ကြိုက်သားနော်"

"ဟျောင့် မတူဘူးကွ မတူဘူး ငါက မြိုရမဲ့ဟာဆို သန့်နေမှ"

ထိုအခါ စန်းအောင်မှ ရေနွေးတစ်ငုံသောက်ကာ

"ဟုတ်ပါပြီ ကိုသန့်ရှင်းကြီးရယ်"

"အောင်မာ မင်းတို့လို ငဒူတွေကိုရှင်းပြလည်း နားလည်မှာမဟုတ်ပါဘူး"

၃ကြိမ်လောက်ကျင်းပြီးသား ရေနွေးခွက်ကို တစ်ရှူးနဲ့သုတ်ကာ ပြန်ဖြေသည်။

"မင်းညစ်ပတ်တာ ညစ်ပတ်တာပဲ တစ်ပတ်လောက်နေမှ ရေချိုးချင်မှချိုးတဲ့ ကောင်ကများ"

"ဟျောင့်တွေ ခန္ဓာကိုယ်မှာ ချီးပေတာက ဘယ်ချိန်ဆေးချ ချ ရတယ် ပါးစပ်ထဲ ချီးဝင်ရင် ပြန်ဆေးလို့မရဘူးကွ မအေပေးတွေရ"

တင်မောင်မြင့်ရဲ့ ဥပမာပေးမှုကြီးတွင် ကျွန်တော်တို့အားလုံး ကျဆုံးကာ အသံထွက်တဲ့အထိ ရယ်မိကြတော့သည်။

ထိိုစဥ် အချိုရည်ကိုပိုက်လေးကိုက်ကာ သောက်နေတဲ့ ချစ်ငယ်နားတိုးကာ

"ချစ်ငယ်"

"အွန်း"

"ကိုကိုနော်လို့ ချွဲကြည့်ပါလား"

"ဘာ"

"ကိုကိုနော်လို့ချွဲကြည့်ပါလား ကိုကိုကြားချင်လို့"

"မင်း..."

"အာ့"

ကျွန်တော့်ရဲ့ လက်မောင်းကို လာစိတ်ကာ အံတစ်ကြိတ်ကြိတ်နဲ့ ပြောနေပုံက ရည်းစားကောင်မလေး စိတ်ဆိုးနေသလို၊ ကျွန်တော်တို့၂ယောက် ထိုသို့ ဖြစ်ပျက်နေတာကိုတော့ ဘောလုံးအကြောင်းဆွေးနွေးနေကြတဲ့ ထိုက်စံတို့တစ်တွေသတိမထားမိကြ။နှစ်နာရီနီးပါးလောက်ထွေရာလေးပါး ပြောဖြစ်ကြပြီး အိမ်ပြန်ဖို့ရာ အချိန်ရောက်လာခဲ့၏။ ကျွန်တော်နဲ့ချစ်ငယ်ကလွဲ ကျန်တဲ့သူတွေက ကွေ့ကြီးကမို့ အပြန်ကို ထိုက်စံတို့နဲ့ အတူတူလမ်းလျှောက်ကာ အိမ်ပြန်ပို့လိုက်၏။

"ဟျောင့် သောက်ခြောက်ကောင် မင်း"

ခွပ်

"အာ့"

မှောင်ရိပ်ခိုကာ ထွက်လာတဲ့ ထွန်းကျော်အသံနဲ့ အတူချစ်ငယ်ရဲ့ ညည်းညူသံ။ တစ်ပြိုက်နက် ချစ်ငယ်သည် အထိုးခံရတဲ့အရှိန်ကြောင့်မြေကြီးပေါ် လှဲကျသွား၏။

"သောက်ခြောက်က သောက်ခြောက်လိုမနေဘူး ငါ့ကောင်မလေးက မင်းကြောင့်ဖြတ်သွားပြီ သောက်ခြောက်ကောင်"

ကျွန်တော် တစ်ခါမှမထွက်ဘူးတဲ့ ဒေါသတွေ လူသတ်ချင်စိတ်တွေ တဟုန်တိုးထွက်လာခဲ့တာ  ထွန်းကျော်ဆိုတဲ့ ခွေးသူတောင်းစားကို နှစ်ချက်လောက်ဆင့်ထိုးပစ်လိုက်၏။သောက်ခြောက်တဲ့လေ

"မင်းကများ "

ခွပ်

"မင်းကဘာသိလို့ သောက်ခြောက်လို့ ပြောရတာလဲ"

ခွပ်

"အား"

"မင်းလိုကောင်ကများ မင်းသောက်ပါးစပ်နဲ့ "

ကျွန်တော်အံတကြိတ်ကြိတ်နဲ့ တစ်ခွန်းပြောတိုင်း တစ်ချက်ထိုးမိတဲ့အထိ ဒေါသထွက်နေမိတာ။ ကျွန်တော်လေ အဲ့အချိန်ဘာတွေးလိုက်မိလဲသိလား။ ကျွန်တော်ဟာ ချစ်ငယ်ကို စကားနဲ့တောင် အပြောအဆိုမခံနိုင်ဘူး ဆိုတာပဲ။ ကျွန်တော့်အတွေးထဲ ချစ်ငယ်ကိုလက်သီးနဲ့ ထိုးလိုက်တာကို တွေးမိလေလေ၊ကျွန်တော့်အောက်မှာ အကြိမ်ပေါင်းများစွာ ထိုးခံနေရတဲ့ ထွန်းကျော်ကို ကျွန်တော်သတ်ချင်မိလာလေလေပဲ၊

"မင်းသောက်ဖြစ်မရှိလို့ ငါ*မသားရ ကိုယ့်ရည်းစားကိုယ်ထိန်းလို့"

ခွပ်

" ငါမပြောခဲ့ဘူးလား  မင်းကများ ချစ်ငယ်ကို"

ခွပ်

"ဟျောင့် ကိုလွမ်း သေသွားလိမ့်မယ်"

"လွမ်းစေသော်!"

ချစ်ငယ်ရဲ့အသံ။လေပေါ်မှာ ရပ်တန့်သွားတဲ့ ကျွန်တော့်လက်သီးတစ်ချက်။ ချစ်ငယ်က ထွန်းကျော်ပေါ်က ကျွန်တော့်ကို တွန်းဖယ်တယ်။ ကျွန်တော့်နားလာကာ ပုခုံးပေါ် မျက်နှာအပ်တယ်။ မျက်ရည်တစ်စက်။ချစ်ငယ်ရဲ့ မျက်ရည် တစ်စက်ဟာ ကျွန်တော့်အတွက် အက်စစ်ရည် တစ်စက်ဖြစ်ဖို့ လုံလောက်တယ်။ကျွန်တော့် ရင်ထဲနင့်နင့်နဲနဲဖြစ်သွားရတယ်။နှမြောတယ်။ ဘာမဟုတ်တဲ့ကောင်ကြောင့် ချစ်ငယ်ကို မျက်ရည်မကျစေချင်ဘူး။

"မငိုနဲ့"

ကျွန်တော်ကိုယ်တိုင် ချစ်ငယ်ကို မငိုနဲ့လို့ တားနေပေမဲ့ အသိပေးမှုမပါတဲ့ မျက်ရည်တစ်စက်က ကျွန်တော့်မျက်စပ်ထောင့်မှာ ကျဆင်းလာလေတယ်။

"မငိုနဲ့ ချစ်ငယ် မငိုစမ်းနဲ့ မင်းမျက်ရည်ကျဖို့ မထိုက်တန်ဘူး"

ကျွန်တော်ကိုယ်တိုင် မျက်ရည်တွေကို ဖယ်ရှားပေးချင်ပါလျက်နဲ့ ကျွန်တော်မလုပ်နိုင်ခဲ့။ ကျွန်တော့်ရင်တွေတစ်ဆစ်ဆစ်နာနေတာ အဲ့မျက်ရည်စက်တွေသာ ကျွန်တော့်လက်နဲ့ထိမိရင် ရူးခါသွားနိုင်တယ်။ ကျွန်တော် ရူးခါသွားနိုင်တယ်။ ကျွန်တော်ရင်နာနာနဲ့ ပြောထွက်လိုက်တဲ့စကားက

"မငိုနဲ့ ချစ်ငယ် မင်းက သူများတွေထင်သလို အခြောက်မဟုတ်ဘူး"

ဟုတ်တယ်။အခြောက်မဟုတ်ဘူး။ကျွန်တော်ကဘဲ...ကျွန်တော်ဘဲ ချစ်မယ်။ ကျွန်တော်ရဲ့အချစ်တွေကိုတော့ ဖွင့်ဟဖို့စိတ်ကူးမရှိတော့ဘူး။အပြောအဆိုတောင်မခံနိုင်တဲ့ ကျွန်တော် ချစ်ငယ်ကို ဒီလိုလောကထဲ ဆွဲမသွင်းချင်တော့ဘူး။ကျွန်တော် ကိုယ်တိုင် မဆုံသောလမ်းကို လျှောက်ဖို့ရွေးခြယ်လိုက်တယ်။

......
ရထားလွဲတိုင်း ကွဲကွာရခြင်းမဟုတ်သည့်တိုင်
ချစ်ရက်နဲ့ မဆုံသောလမ်းကို ကိုယ်တိုင်လျှောက်ကြသူများရှိကြ၏။

....
Ta_yaw
Words_2163

Zawgyi

လမ္းမႀကီးေပၚ စက္ဘီးေလး ၄စီးမွာ တစ္ေ႐ြ႕ေ႐ြ႕ ေ႐ြ႕လ်ားေနသည္။ကြၽန္ေတာ္နဲ႕လြမ္းေစေသာ္ကတစ္စီး။တင္ေမာင္ျမင့္နဲ႕စန္းေအာင္ကတစ္စီး။ရဲဝင္းနဲ႕ထိုက္စံကေတာ့တစ္စီး သပ္သပ္စီစီးကာ ေကြ႕ႀကီးကြင္းသို႔လေရာက္လာခဲ့ၾကသည္။ အညာေျမတမာပင္ေပါသည့္တိုင္ ကြင္းရဲ႕တစ္ေနရာရွိ တမာပင္အရိပ္ေအာက္ စက္ဘီးေတြထားခဲ့ၾကသည္။ ညေနခင္းမို႔ ေနအပူရွိန္သိပ္မျမင့္သည္မို႔ ေတာ္ေတာ့သည္ဟု ေျပာရမည္။ ေဘာလုံးကြင္းထဲေရာက္သည့္အခ်ိန္တြင္ လြမ္းေစေသာ္နဲ႕မတိမ္းမရိမ္း အသားခပ္ညိုညို ေကာင္ေလးတစ္ေယာက္က ကြၽန္ေတာ္တို႔အဖြဲ႕ကိုျမင္ေတာ့ အျမင္မၾကည္သည့္သေဘာမ်ိဳးျဖင့္ ၾကည့္လာသည္။ ကြၽန္ေတာ္မွန္းပုံေထာက္ ထိုေကာင္ေလးက လြမ္းေစေသာ္တို႔ ေျပာေနတဲ့ ထြန္းေက်ာ္ဆိုတာဘဲ ျဖစ္ရမည္။ လြမ္းေစေသာ္က ကြၽန္ေတာ့္အဖြဲ႕ထဲမွာ မ်က္ႏွာေျပာင္တက္ေသာ္ငွား သူနဲ႕မတည့္တဲ့သူ၊သူ႕အေပၚအျမင္မၾကည္တဲ့သူေရွ႕ေရာက္လွ်င္ မ်က္ႏွာထားတည္တက္သည္။အမွန္အတိုင္းဝန္ခံရလွ်င္ လြမ္းေစေသာ္ မ်က္ႏွာတည္ထားရင္ အနည္းနဲ႕အမ်ားေတာ့ ရွိန္ခ်င္စရာေကာင္းသည္။

ခပ္လွမ္းလွမ္းမွ အသားလတ္လတ္နဲ႕ ဆံပင္ရွည္ကိုေနာက္လွန္သိမ္းထားတဲ့ ေကာင္ေလးက ကြၽန္ေတာ္တို႔အဖြဲ႕ဆီ ဦးတည္လာကာ စကားဆိုေလသည္။

"ဆရာသမား မလာေတာ့ဘူးမွတ္ေနတာ"

ထိုအခါ လြမ္းေစေသာ္က ခပ္ေရးေရးၿပဳံးျပရင္း

"မလာဘဲေနပါ့မလား ပုံမွန္ကန္မယ္ဆို လာျဖစ္ခ်င္မွ လာျဖစ္မွာ ဟိုတစ္ေယာက္က ႀကိမ္းထားတယ္ ၾကားလို႔ လာလိုက္တာ"

"အဲ့ေတာ့ အေမာင္လြမ္းတို႔ မၾကာခင္ သိတ္ေတာ့မယ္ေပါ့"

"ေမာင္ေမာင္သိန္းတို႔ေရာပါသလားေဟ့"

စန္းေအာင္က ခပ္ေနာက္ေနာက္ျဖင့္ဆိုေတာ့ ေမာင္ေမာင္သိန္းကရယ္က်ဲက်ဲလုပ္ကာ

"ဆရာသမားတို႔ကို ေၾကာက္ပါတယ္ဗ်ာ"

ပထမပြဲစဥ္ကို ေမာင္ေမာင္သိန္းတို႔အဖြဲ႕နဲ႕ ထြန္းေက်ာ္တို႔အဖြဲ႕က အရင္ကန္ၾကသည္။ ကြၽန္ေတာ္တို႔အဖြဲ႕က တမာပင္ေအာင္ ဖိနပ္ကို ဖင္ခုထိုင္ကာ စကားတေျပာေျပာနဲ႕ ေစာင့္ေနၾကသည္။

"မင္းတို႔ကေမာင္ေမာင္သိန္းတို႔နဲ႕က် တည့္တယ္ေနာ္ ထြန္းေက်ာ္က်ဘာလို႔လဲ"

ထိုအခါက ထိုက္စံက

"ေမာင္ေမာင္သိန္းတို႔နဲ႕က ေဘာလုံးကန္ၾကရင္းနဲ႕ ခင္သြားၾကတာ အဲ့ေကာင္ေတြက 2ေက်ာင္းကေလ ငါတို႔ရယ္ ထြန္းေက်ာ္တို႔အုပ္စုရယ္က 3ေက်ာင္းက ကိုလြမ္းက ငါတို႔ေက်ာင္းမွာ က်ိဳင္းကိုင္ေလ အဲ့ေတာ့ ေကာင္မေလးေတြကလည္း ဝိုင္းဝိုင္းလည္ကို၊ မႏွစ္က ထြန္းေက်ာ္ ႀကိဳက္တဲ့ေကာင္မေလးက လြမ္းေစေသာ္ကို ႀကိဳက္ေနတာေလ ၿပီးေတာ့ ေဘာလုံးကန္ရင္လည္း ငါတို႔အဖြဲ႕ကိုနိုင္တာမဟုတ္ဘူး အဲ့မွာ ႀကိတ္မနိုင္ခဲမနိုင္ေတြျဖစ္ၿပီး အလကားသပ္သပ္ အျမင္မၾကည္ေနတာ"

ထိုက္စံရဲ႕အေျပာေၾကာင့္ ဘာမွန္းမသိပါပဲ ကြၽန္ေတာ့္စိတ္က မသက္မသာျဖစ္သြား၏။ စိတ္ရဲ႕ေဆာင္ရာအတိုင္း လြမ္းေစေသာ္ရွိရာ ၾကည့္မိေတာ့ ေခြၽးစအနည္းငယ္ဆိုေသာ ဆံပင္ကိုေနာက္လွန္သပ္ကာ စက္ဘီးျခင္းထဲကပါလာတဲ့ ေရသန့္ဘူးကို ေမာ့ေသာက္ေနသည္။ ႏႈတ္ခမ္းနဲ႕မထိဘဲ ေရေမာ့ေသာက္ေနကာ ေရတစ္ခါေသာက္တိုင္း အထက္ေအာက္ ေ႐ြ႕လ်ားေနတဲ့ လည္စလုတ္အား အေၾကာင္းအရင္းမဲ့စြာ ေငးကနဲ ၾကည့္မိ၏။

လြမ္းေစေသာ္က ေရတစ္ငုံေလာက္ေသာက္ပၿပီး တစ္ေနရာကို စူးစူးရဲရဲႀကီး ၾကည့္ေနတာမို႔ ကြၽန္ေတာ္လည္း လိုက္ၾကည့္မိေတာ့ ခပ္ေသးေသးခႏၶာကိုယ္ေလးနဲ႕ ျမန္မာဝတ္စုံေလးဝတ္ထားတဲ့ ေကာင္မေလးတစ္ေယာက္။ ေကာင္မေလးက ကြၽန္ေတာ့္ကို ၾကည့္ၿပီး ၿပဳံးျပလာတာမို႔ ကြၽန္ေတာ္ အေနခက္စြာျဖင့္ ျပန္ၿပဳံးျပလိုက္မိ၏။ ခ်က္ခ်င္း ကြၽန္ေတာ့္ေရွ႕က ျမင္ကြင္းေပ်ာက္ကြယ္သြားေအာင္ လုပ္လိုက္သူက လြမ္းေစေသာ္။ ကြၽန္ေတာ္နဲ႕ မ်က္ႏွာခ်င္းဆိုင္တြင္လာထိုင္ရင္း ထိုက္စံတို႔ဘက္ လွည့္ကာ ေစာေစာကေကာင္မေလးထံသို႔ ေမးဆက္ျပရင္း

"အဲ့ေကာင္မေလးက ဘယ္သူလဲ"

"ဪ သူလား သူက ထြန္းေက်ာ္ရဲ႕ေကာင္မေလး ေနာက္တစ္ေယာက္ေလ"

လြမ္းေစေသာ္ မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ကာ ေကာင္မေလးထံ တစ္ခ်က္ၾကည့္ရင္း ကြၽန္ေတာ့္ဘက္လွည့္လာျပန္သည္။

"ဘာလို႔ၿပဳံးျပတာလဲ"

"ဟမ္"

"အဲ့ေကာင္မေလးကို ၿပဳံးျပလိုက္တာ ငါျမင္တယ္"

ခ်က္ခ်င္းပဲ ကြၽန္ေတာ္ ရည္းစားတစ္ေယာက္ ေကာက္ရလိုက္သလို ကိုယ့္ရည္းစားရစ္တာ ခံရေတာ့မလိုလို ခံစားခ်က္ႀကီးရလာေတာ့သည္။

"သူကၿပဳံးျပမွေတာ့ ငါကၿပဳံးျပရမွာေပါ့ကြ"

"သူၿပဳံးျပလည္း မင္းကၿပဳံးျပစရာလား"

ကြၽန္ေတာ့္ လက္ေခ်ာင္းေတြကို ေဆာ့ကစားရင္း ျပန္ေျပာေနပုံက ၅ႏွစ္သား ကေလးေလး မေက်မနပ္ ျဖစ္ေနပုံနဲ႕ တူသလိုလိုရွိသည္။

"အားနာစရာႀကီးေလကြာ"

"ေဟ်ာင့္ေတြေရ ကေလးလိုလို ေခြးလိုလိုလုပ္ေနတယ္ ၾကည့္ၾကဦး"

ေဘးနားက တင္ေမာင္ျမင့္က ခပ္ေနာက္ေနာက္ေျပာေတာ့ လြမ္းေစေသာ္က ေျခေထာက္နဲ႕လွမ္းကန္ကာ

"*ီးလား"

ပထမပြဲစဥ္ၿပီးခ်ိန္၌ ထြန္းေက်ာ္တို႔ အနိုင္ရသြားတာမို႔ လြမ္းေစေသာ္တို႔အဖြဲ႕နဲ႕ ကန္ရမည္ျဖစ္သည္။ တမာပင္ေအာက္ ကြၽန္ေတာ္ တစ္ေယာက္တည္းက်န္ခဲ့ကာ မၾကာလိုက္ ေစာေစာက ထြန္းေက်ာ္ရဲ႕ေကာင္မေလး ဆိုသူက ကြၽန္ေတာ့္ နားေရာက္လာကာ ၿပဳံးျပသည္။ ကြၽန္ေတာ္ ေခါင္းတစ္ခ်က္ ၿငိမ့္ျပလိုက္ၿပီး ထိုင္ေနရာမွထလိုက္ကာ ထိုေကာင္မေလးနဲ႕ ခပ္လွမ္းလွမ္းတြင္ေနလိုက္သည္။

သိသိသာသာအုံလာတဲ့ လူေတြ၊အမ်ားစုမွာ လူငယ္မ်ားျဖစ္ၾကၿပီး မိန္းကေလးမ်ားကလည္း သူ႕အုပ္စုနဲ႕သူ စုေဝးလာၾကသည္။ မိန္းကေလးေတြက လြမ္းေစေသာ္ကို တစ္ခ်က္တစ္ခ်က္ ရွိုးေနၾကသည္မို႔ ကြၽန္ေတာ့္ အနည္းငယ္ စိတ္ရႈတ္သြားရသည္။ ေနာက္ဆုံးတြင္ သုံးဂိုး တစ္ဂိုးနဲ႕ လြမ္းေစေသာ္တို႔က အျပတ္သတ္နိုင္သြားခဲ့သည္။ ထိုက္စံတို႔က ကြၽန္ေတာ္ရွိရာဆီျပန္လာၾကေပမဲ့ က်န္ေနခဲ့သူက လြမ္းေစေသာ္။ ထြန္းေက်ာ္ရွိရာဆီသြားၿပီး စကားေျပာေနသည္ကို ကြၽန္ေတာ္ေတြ႕လိုက္ရသည္။ ဘာစကားေျပာလိုက္တယ္မသိေပမဲ့ ထြန္းေက်ာ္က လက္သီးထိုးေတာ့သေယာင္ မာန္ခဲေနသည္မို႔ ကြၽန္ေတာ္ လန့္ျဖန့္ကာ ကြၽန္ေတာ့္ေျခလွမ္းေတြက လြမ္းေစေသာ္ဆီေရာက္သြားေတာ့သည္။ လြမ္းေစေသာ္ရဲ႕ ပုခုံးေပၚ လက္တင္လိုက္ရင္း

"လြမ္းေစေသာ္ ျပန္ရေအာင္"

"အင္း"

........

ညေရာက္သည့္အခါ သူငယ္ခ်င္းေတြနဲ႕ ဖိုးသိန္းဆိုင္ စုထိုင္ျဖစ္သည္။ ခါတိုင္းလို ေပါ့စိမ့္တစ္ခြက္လွမ္း မွာရင္း ခ်စ္ငယ္အတြက္ အခ်ိဳရည္သာ လွမ္းမွာလိုက္သည္။
ညေနက အျဖစ္အပ်က္အား မ်က္လုံးထဲျပန္ျမင္ေယာင္လာကာ စိတ္ကဖ်င္းကနဲ ျဖစ္သြား၍ သက္ျပင္းပူတစ္ခ်က္ခ်မိလိုက္၏။ ထြန္းေက်ာ္ရဲ႕ ေကာင္မေလးက ခ်စ္ငယ္ကို သိသိသာသာ ရွိူးေနသည္မို႔ ကြၽန္ေတာ့္ထံ စိုးရိမ္စိတ္တို႔က တိုးဝင္လာခဲ့သည္။သို႔ေသာ္ ခ်စ္ငယ္ဘက္က အေရးျပန္မလုပ္တာမို႔ ကြၽန္ေတာ္ စိတ္ေအးသြားရ၏။ မဟုတ္ပါက ကမၻာပ်က္ရမည္က ကြၽန္ေတာ္သာ။

တီဗီထံမွ ႐ုပ္ရွင္မင္းသမီး အိႏၵျာေက်ာ္ဇင္နဲ႕ ႐ုပ္ရွင္မင္းသား လြင္မိုးတို႔ သ႐ုပ္ေဆာင္ထားတဲ့ ကိုကိုေနာ္ ဆိုတဲ့ ႐ုပ္ရွင္ကားကို ျပသထားသည္။
႐ုတ္တရက္ ကြၽန္ေတာ့္အေတြးတို႔က ပ႐ုတ္က်ကာ မအူဝဲ ခြၽဲခြၽဲျပေနတဲ့ ကိုကိုေနာ္ဆိုတဲ့ အခန္းေရာက္ရင္ ခ်စ္ငယ္ရဲ႕ ႐ုပ္ေလးအား ေျပးျမင္ေယာင္မိသြား၏။ ခ်စ္ငယ္သာ ကိုကိုေနာ္ လိုခြၽဲၾကည့္ ကြၽန္ေတာ္ အခါခါေသမွာ ျမင္ေယာင္ေနမိသည္။
စန္းေအာင္ေဘးထိုင္ေနတဲ့ တင္ေမာင္ျမင့္က ေရႏြေးခြက္ကို ၃ႀကိမ္ေလာက္က်င္းေနတာမို႔ မေနနိုင္မထိုင္နိုင္စြာ ကြၽန္ေတာ္ ေျပာလိုက္မိသည္။

"လူကသာ ဘာမွမဟုတ္တာ ဒီလိုက် အသန့္ႀကိဳက္သားေနာ္"

"ေဟ်ာင့္ မတူဘူးကြ မတူဘူး ငါက ၿမိဳရမဲ့ဟာဆို သန့္ေနမွ"

ထိုအခါ စန္းေအာင္မွ ေရႏြေးတစ္ငုံေသာက္ကာ

"ဟုတ္ပါၿပီ ကိုသန့္ရွင္းႀကီးရယ္"

"ေအာင္မာ မင္းတို႔လို ငဒူေတြကိုရွင္းျပလည္း နားလည္မွာမဟုတ္ပါဘူး"

၃ႀကိမ္ေလာက္က်င္းၿပီးသား ေရႏြေးခြက္ကို တစ္ရႉးနဲ႕သုတ္ကာ ျပန္ေျဖသည္။

"မင္းညစ္ပတ္တာ ညစ္ပတ္တာပဲ တစ္ပတ္ေလာက္ေနမွ ေရခ်ိဳးခ်င္မွခ်ိဳးတဲ့ ေကာင္ကမ်ား"

"ေဟ်ာင့္ေတြ ခႏၶာကိုယ္မွာ ခ်ီးေပတာက ဘယ္ခ်ိန္ေဆးခ် ခ် ရတယ္ ပါးစပ္ထဲ ခ်ီးဝင္ရင္ ျပန္ေဆးလို႔မရဘူးကြ မေအေပးေတြရ"

တင္ေမာင္ျမင့္ရဲ႕ ဥပမာေပးမႈႀကီးတြင္ ကြၽန္ေတာ္တို႔အားလုံး က်ဆဳံးကာ အသံထြက္တဲ့အထိ ရယ္မိၾကေတာ့သည္။

ထိိုစဥ္ အခ်ိဳရည္ကိုပိုက္ေလးကိုက္ကာ ေသာက္ေနတဲ့ ခ်စ္ငယ္နားတိုးကာ

"ခ်စ္ငယ္"

"အြန္း"

"ကိုကိုေနာ္လို႔ ခြၽဲၾကည့္ပါလား"

"ဘာ"

"ကိုကိုေနာ္လို႔ခြၽဲၾကည့္ပါလား ကိုကိုၾကားခ်င္လို႔"

"မင္း..."

"အာ့"

ကြၽန္ေတာ့္ရဲ႕ လက္ေမာင္းကို လာစိတ္ကာ အံတစ္ႀကိတ္ႀကိတ္နဲ႕ ေျပာေနပုံက ရည္းစားေကာင္မေလး စိတ္ဆိုးေနသလို၊ ကြၽန္ေတာ္တို႔၂ေယာက္ ထိုသို႔ ျဖစ္ပ်က္ေနတာကိုေတာ့ ေဘာလုံးအေၾကာင္းေဆြးႏြေးေနၾကတဲ့ ထိုက္စံတို႔တစ္ေတြသတိမထားမိၾက။ႏွစ္နာရီနီးပါးေလာက္ေထြရာေလးပါး ေျပာျဖစ္ၾကၿပီး အိမ္ျပန္ဖို႔ရာ အခ်ိန္ေရာက္လာခဲ့၏။ ကြၽန္ေတာ္နဲ႕ခ်စ္ငယ္ကလြဲ က်န္တဲ့သူေတြက ေကြ႕ႀကီးကမို႔ အျပန္ကို ထိုက္စံတို႔နဲ႕ အတူတူလမ္းေလွ်ာက္ကာ အိမ္ျပန္ပို႔လိုက္၏။

"ေဟ်ာင့္ ေသာက္ေျခာက္ေကာင္ မင္း"

ခြပ္

"အာ့"

ေမွာင္ရိပ္ခိုကာ ထြက္လာတဲ့ ထြန္းေက်ာ္အသံနဲ႕ အတူခ်စ္ငယ္ရဲ႕ ညည္းၫူသံ။ တစ္ၿပိဳက္နက္ ခ်စ္ငယ္သည္ အထိုးခံရတဲ့အရွိန္ေၾကာင့္ေျမႀကီးေပၚ လွဲက်သြား၏။

"ေသာက္ေျခာက္က ေသာက္ေျခာက္လိုမေနဘူး ငါ့ေကာင္မေလးက မင္းေၾကာင့္ျဖတ္သြားၿပီ ေသာက္ေျခာက္ေကာင္"

ကြၽန္ေတာ္ တစ္ခါမွမထြက္ဘူးတဲ့ ေဒါသေတြ လူသတ္ခ်င္စိတ္ေတြ တဟုန္တိုးထြက္လာခဲ့တာ  ထြန္းေက်ာ္ဆိုတဲ့ ေခြးသူေတာင္းစားကို ႏွစ္ခ်က္ေလာက္ဆင့္ထိုးပစ္လိုက္၏။ေသာက္ေျခာက္တဲ့ေလ

"မင္းကမ်ား "

ခြပ္

"မင္းကဘာသိလို႔ ေသာက္ေျခာက္လို႔ ေျပာရတာလဲ"

ခြပ္

"အား"

"မင္းလိုေကာင္ကမ်ား မင္းေသာက္ပါးစပ္နဲ႕ "

ကြၽန္ေတာ္အံတႀကိတ္ႀကိတ္နဲ႕ တစ္ခြန္းေျပာတိုင္း တစ္ခ်က္ထိုးမိတဲ့အထိ ေဒါသထြက္ေနမိတာ။ ကြၽန္ေတာ္ေလ အဲ့အခ်ိန္ဘာေတြးလိုက္မိလဲသိလား။ ကြၽန္ေတာ္ဟာ ခ်စ္ငယ္ကို စကားနဲ႕ေတာင္ အေျပာအဆိုမခံနိုင္ဘူး ဆိုတာပဲ။ ကြၽန္ေတာ့္အေတြးထဲ ခ်စ္ငယ္ကိုလက္သီးနဲ႕ ထိုးလိုက္တာကို ေတြးမိေလေလ၊ကြၽန္ေတာ့္ေအာက္မွာ အႀကိမ္ေပါင္းမ်ားစြာ ထိုးခံေနရတဲ့ ထြန္းေက်ာ္ကို ကြၽန္ေတာ္သတ္ခ်င္မိလာေလေလပဲ၊

"မင္းေသာက္ျဖစ္မရွိလို႔ ငါ*မသားရ ကိုယ့္ရည္းစားကိုယ္ထိန္းလို႔"

ခြပ္

" ငါမေျပာခဲ့ဘူးလား မင္းကမ်ား ခ်စ္ငယ္ကို"

ခြပ္

"ေဟ်ာင့္ ကိုလြမ္း ေသသြားလိမ့္မယ္"

"လြမ္းေစေသာ္!"

ခ်စ္ငယ္ရဲ႕အသံ။ေလေပၚမွာ ရပ္တန့္သြားတဲ့ ကြၽန္ေတာ့္လက္သီးတစ္ခ်က္။ ခ်စ္ငယ္က ထြန္းေက်ာ္ေပၚက ကြၽန္ေတာ့္ကို တြန္းဖယ္တယ္။ ကြၽန္ေတာ့္နားလာကာ ပုခုံးေပၚ မ်က္ႏွာအပ္တယ္။ မ်က္ရည္တစ္စက္။ခ်စ္ငယ္ရဲ႕ မ်က္ရည္ တစ္စက္ဟာ ကြၽန္ေတာ့္အတြက္ အက္စစ္ရည္ တစ္စက္ျဖစ္ဖို႔ လုံေလာက္တယ္။ကြၽန္ေတာ့္ ရင္ထဲနင့္နင့္နဲနဲျဖစ္သြားရတယ္။ႏွေျမာတယ္။ ဘာမဟုတ္တဲ့ေကာင္ေၾကာင့္ ခ်စ္ငယ္ကို မ်က္ရည္မက်ေစခ်င္ဘူး။

"မငိုနဲ႕"

ကြၽန္ေတာ္ကိုယ္တိုင္ ခ်စ္ငယ္ကို မငိုနဲ႕လို႔ တားေနေပမဲ့ အသိေပးမႈမပါတဲ့ မ်က္ရည္တစ္စက္က ကြၽန္ေတာ့္မ်က္စပ္ေထာင့္မွာ က်ဆင္းလာေလတယ္။

"မငိုနဲ႕ ခ်စ္ငယ္ မငိုစမ္းနဲ႕ မင္းမ်က္ရည္က်ဖိဳ႕ မထိုက္တန္ဘူး"

ကြၽန္ေတာ္ကိုယ္တိုင္ မ်က္ရည္ေတြကို ဖယ္ရွားေပးခ်င္ပါလ်က္နဲ႕ ကြၽန္ေတာ္မလုပ္နိုင္ခဲ့။ ကြၽန္ေတာ့္ရင္ေတြတစ္ဆစ္ဆစ္နာေနတာ အဲ့မ်က္ရည္စက္ေတြသာ ကြၽန္ေတာ့္လက္နဲ႕ထိမိရင္ ႐ူးခါသြားနိုင္တယ္။ ကြၽန္ေတာ္ ႐ူးခါသြားနိုင္တယ္။ ကြၽန္ေတာ္ရင္နာနာနဲ႕ ေျပာထြက္လိုက္တဲ့စကားက

"မငိုနဲ႕ ခ်စ္ငယ္ မင္းက သူမ်ားေတြထင္သလို အေျခာက္မဟုတ္ဘူး"

ဟုတ္တယ္။အေျခာက္မဟုတ္ဘူး။ကြၽန္ေတာ္ကဘဲ...ကြၽန္ေတာ္ဘဲ ခ်စ္မယ္။ ကြၽန္ေတာ္ရဲ႕အခ်စ္ေတြကိုေတာ့ ဖြင့္ဟဖို႔စိတ္ကူးမရွိေတာ့ဘူး။အေျပာအဆိုေတာင္မခံနိုင္တဲ့ ကြၽန္ေတာ္ ခ်စ္ငယ္ကို ဒီလိုေလာကထဲ ဆြဲမသြင္းခ်င္ေတာ့ဘူး။ကြၽန္ေတာ္ ကိုယ္တိုင္ မဆုံေသာလမ္းကို ေလွ်ာက္ဖို႔ေ႐ြးျခယ္လိုက္တယ္။

......
ရထားလြဲတိုင္း ကြဲကြာရျခင္းမဟုတ္သည့္တိုင္
ခ်စ္ရက္နဲ႕ မဆုံေသာလမ္းကို ကိုယ္တိုင္ေလွ်ာက္ၾကသူမ်ားရွိၾက၏။

....
Ta_yaw
Words_2163

Continue Reading

You'll Also Like

1.3M 55.4K 54
"မောင့်အရိပ်က ပြောပြပါအုံး...မောင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ" စာလုံးပေါင်းမမှန်တာတွေ လက်တစ်လောပြန်မပြင်နိုင်သေးတာကြောင့်...အဆင်ပြေမှဖတ်ပါရှင့်။ ...
498K 26.3K 32
#ညဥ့်ဦးယံ (seme) #ကြေွရုပ်လွှာ (uke) Normal fic မဟုတ်ပါ။ bl fic💗 January 15 . Sat . 2022 #ညဥ့္ဦးယံ (seme) #ေႂကြ႐ုပ္လႊာ (uke) Normal fic မဟုတ္ပါ။ b...
75.1K 3K 34
အချစ်ဆိုတာကို ကျွန်တော်မယုံဘူး လက်တွေ့ဆန်တဲ့ ငွေကိုသာယုံကြည်တာ အချစ်ကလက်တွေ့မဆန်ဘူးအကို... နှင်းခါးဝိုင် သံသရာတဲ့ အစမရှိသလို အဆုံးလဲမရှိဘူး။ ကိုယ်ရဲ့...
3M 264K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...