(25.3)
ကျိုးကောအာ က လေထု ထဲမှာ တစ်ခုခု မူမမှန်မှန်း သိတဲ့ အတွက် အဝတ်စ ကိုလည်း လွတ်မပေး ရဲသလို ကျောက်ချင် ကိုလည်း တိုက်ရိုက် မကြည့်ရဲ ပါပေ။
အေးစက်နေတဲ့ ကျောက်ချင် ရဲ့ မျက်နှာပေါ်မှာ ရုတ်တရက် ပဲ လှည့်ဖျား လိုတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့လေတယ်။
သူက ကောင်လေး ရဲ့ ခါးကို ပွေ့ဖက် လိုက်ပြီးတော့ လှည့်ကာ အခုလေးတင် ခင်းထားတဲ့ အိပ်ယာပေါ် ကို လှဲ ချ ဖိထား လိုက်တော့တယ်။
''ကောင်းပြီလေ။ ကိုယ့်ကို နမ်းခွင့် ပေးမယ် ဆိုရင် ကိုယ်လည်း မင်းကို ခွင့်လွှတ်ပေးမယ်! ''
ကျိုးကောအာ က သူ့ရဲ့ မျက်လုံးလေး ကို အမြန်ပဲ ဖွင့်ကာ သူ့ရဲ့ ကိုယ်ပေါ်ကို ဖိထားတဲ့ လူအား တွန်းဖို့ လက်ထုတ်ပြီး ကျန်တစ်ဖက်နဲ့ ကျောက်ချင်ရဲ့ ပါးစပ်ကို အုပ်ကာ ပြောလိုက် တယ်။
'' ငါ အခုထိ မျက်နှာကို မဆေးကြော ရ သေးဘူး''
သူ့ရှေ့က သနားစရာ ကောင်းပြီး နူးညံ့နေတဲ့ ကောင်လေး ကို ကြည့် ပြီးတော့ ကျောက်ချင် မထိန်းနိုင်ပဲ ရယ်လိုက် မိလေတယ်။ ပြီးတော့ အအုပ်ခံ ထားရတဲ့ ပါးစပ် နဲ့ ပြောလိုက်တယ်။
'' ကိစ္စ မရှိပါဘူး။ ကိုယ် က ညစ်ပတ်တဲ့ အမွှေးလေး တွေ ရှိတဲ့ ကြောင်လေး ကိုတောင် သဘောကျတယ် လေ''
'' မရပါဘူး! ''
ကျိုးကောအာ က စောင်ကို မကာ ကျောက်ချင် ရဲ့ ခေါင်းကို အုပ်လိုက်လေတယ်။
ထိုအခြေအနေ ကို တွေ့တော့ သူက အမြန်ပဲ နောက်ထပ် အဖိခံ ရမှာ ဆိုးလို့ တွားသွား ဖို့ လုပ်လိုက်ပေမယ့် စောင်နဲ့ ပတ်ထား တဲ့လူက လုံးဝ မလှုပ်တာ ကိုတွေ့လိုက် ရလေတယ်။
ကျိုးကောအာ က ဘေးနာမှာ ထိုင်ကာ သံသယ ဝင်စွာနဲ့ပဲ ကြည့်လိုက် လေတယ်။ စောင်အောက် က ကျောက်ချင် က လှုပ်ရှားမှု မရှိတာ ကိုတွေ့တော့ သူက အဲ့နားကို တိုးကပ်သွားကာ စောင်ကို နောက်တစ်ခါ လှပ်လိုက်တယ်။
ကျောက်ချင် က မျက်မှောင်ကြုတ်ကာ သူ့ရဲ့ မျက်ခွံတွေကို ပင့်လိုက် ပြီးတော့ သူ့ရဲ့ မျက်နှာ ကလည်း အခြေအနေ ကောင်းမနေ ပါပေ ။
'' ဒါက မင်းရဲ့ အပြစ်ကို ခွင့်လွတ်ပေး ဖို့ တောင်းပန်တဲ့ ပုံလား? ''
သူက တင်းမာစွာ နဲ့ပြော လိုက်တယ်။
'' နောက်ဆုံး တစ်ကြိမ်တုံး က ကိုယ် မင်းကို တောင်းပန်တုံး က မင်းကို နမ်းခဲ့ ရတာ။ ဒီတစ်ကြိမ် မင်း က ကိုယ့်ကို တောင်းပန် ချင်ရင် ကိုယ့်ကို နမ်းပါ။ ဒါပေမယ့် မင်းက ကိုယ့်ကို မနမ်းတဲ့ အပြင်ဒီလိုတောင် လုပ်လိုက် သေးတယ်။ ကျိုးရှောက်ယု မင်း က ဒါကို တရားမျှတ တယ်လို့များ ထင်နေသလား။ မင်းဘာကို ပဲ လုပ်လုပ် ကိုယ်က မင်းကို အလိုလိုက် အကြိုက်ဆောင် ပေးဖို့ ကြိုးစား ခိုင်းနေတာလား? ''
ကျိုးကောအာ က ရှက်သွေးဖြာ သွားလေတယ်။
ထိုစကား တွေကို ကြားရတာ ရှက်သွေး ဖြာပြီးတော့ နှလုံးခုန်တာ မြန်လာတယ် လို့ သူခံစား ရပေမယ့် အဲ့တာတွေက အကျိုးအကြောင်းလည်း ဆီလျှော် နေပြန်ရောလေ။ ကြည့်ရတာ တကယ်ပဲ သူက အရမ်းလွန်သွား တယ်နဲ့ တူပါတယ်။ ဒါကြောင့် သူက ကြင်နာ တက်တဲ့ အသံလေးနဲ့ ပြောလိုက်တယ်။
'' ဒါဆို ငါ့မျက်နှာကို သွားပြီးတော့ ဆေးကြောလိုက် အုံးမယ် ''
'' မေ့လိုက်တော့ ၊ မေ့လိုက်တော့ ''
ကျောက်ချင် က လက်ကို ဝေ့ယမ်းကာ မျက်နှာသေကြီး နဲ့ မပြုံး မိအောင် ထိန်းထား လိုက်တယ်။
အဲ့အချိန်မှာပဲ အေးစက်နေတဲ့ ကျောက်ချင်ရဲ့ မျက်နှာဘေး တစ်ဖက်ကို ကျိုးကောအာ က ငုံ့ပြီး နမ်းလိုက် တာကြောင့် ကျောက်ချင် ခမျာ အံ့အားသင့် သွားတော့တယ်။
ကျိုးကောအာ က အခိုင်အမာ ပြောလိုက်တယ်။
'' ငါ တောင်းပန်ပါတယ် ''
ကျောက်ချင် က မထိန်းထား နိုင်တော့ပဲ ရယ်လိုက် တော့တယ်။
သူက အိပ်ယာပေါ် လှဲချ လိုက်ပြီးတော့ ဆက်ရယ်နေလေတယ်။ ပြီးတော့ သူ့လက်ကို ဆန့်ထုတ်ကာ ထိုကောင်လေး ကို သူ့ရဲ့ လက်မောင်းတွေ ကြားထဲ ဆွဲဖက်လိုက် တယ်။ ကျောက်ချင် က သူ့လက်မောင်းတွေကို ကောင်လေး ရဲ့ ပုခုံးနားမှာ ထားလိုက်ကာ သူ့ရဲ့ ခေါင်းကို ကျိုးကောအာ ရဲ့ လည်ပင်းနာ ထားလိုက်တယ်။
'' ကောင်းပြီ။ ကိုယ် မင်းကို ခွင့်လွှတ်တယ်။ ''
ကျိုးကောအာ က စိတ်သက်သာရာ ရစွာ သက်ပြင်းချ လိုက်လေတယ်။
ကျောက်ချင် က သူ့လည်ပင်းနား မြုပ်ထား နေတာကို တွေ့လိုက်ရတဲ့ အခါ ကျိုးကောအာ က ပြုံးလိုက် လေတယ်။
တစ်ခဏ ကြာပြီးတဲ့ အထိ ဘာမှ လှုပ်ရှားမှု ရှိမလာပါပေ။
ကျောက်ချင် ရဲ့ အသက်ရှုသံ တွေက ပင်ပန်း နေတာ ကြောင့် တဖြေးဖြေး နဲ့ တည်ငြိမ် လာတာကို သူခံစား မိတယ်။
သူက တီးတိုးပြော လိုက်တယ်။
'' ဒါဆို ငါအပြင် ထွက်ပြီး ဆေးကြောလိုက် အုံးမယ် ''
ကျောက်ချင် က လှုပ်ရှား သွားတာကြောင့် ကျိုးကောအာ က ခွင့်ပြုပေးတယ် လို့ ထင်သွားလေတယ်။ ဒါပေမယ့် သူမမျှော်လင့်ထားတာ က ကျောက်ချင်က ဂူထဲက ကျောက်ခဲအသေးလေး ကိုယူကာ မီးအိမ်ရဲ့ အလင်းရောင် ဆီ ပြစ်လိုက်တာကြောင့် ချက်ချင်း ပဲ မီးအလင်းက မှိန် သွားတော့တယ်။
နောက်တော့ ကျောက်ချင် က သူ့ခေါင်းနဲ့ ကောင်လေး ရဲ့လည်ပင်းကို ပွတ်ကာ ပင်ပန်းနေတဲ့ အသံနဲ့ ပြောလိုက်တယ်။
'' မသွားပါနဲ့။ အကိုကျောက် က လိမ်မာပြီး စဥ်းစား ပေးတက်တဲ့ ကျိုးရှောက်ယု လေးနဲ့ အိပ်ချင်လို့ပါကွာ ''
(😀😀😀)
..............................,................,