Doctor Husband (Complete)
By khatKhat396
1.6M 63.3K 1.8K
စိုင်းတည်တံ့ဉီး + နှိုင်းမြတ်ဘုန်း More
intro💙
အပိုင်း(1)U/Z
အပိုင်း(3)U/Z
အပိုင်း(4)U/Z
အပိုင်း(5)U/Z
အပိုင်း(6)U/Z
အပိုင်း(7)U/Z
အပိုင်း(8)U/Z
အပိုင်း(9)U/Z
အပိုင်း(10)U/Z
အပိုင်း(11)U/Z
အပိုင်း(12)U/Z
အပိုင်း(13)U/Z
အပိုင်း( 14 ) U / Z
အပိုင်း( 15)U/Z
အပိုင်း(16)U/Z
အပိုင်း(17)U/Z
အပိုင်း(18)U/Z
အပိုင်း(19)U/Z
အပိုင်း(20)U/Z
အပိုင်း(21)U/Z
အပိုင်း(22)U/Z
အပိုင်း(23)U/Z
အပိုင်း(24)U/Z
အပိုင်း(25)U/Z
အပိုင်း(26)U/Z
အပိုင်း(27)U/Z
အပိုင်း(28)U/Z
အပိုင်း(29)U/Z
အပိုင်း(30)U/Z
အပိုင်း( 31)U/Z
အပိုင်း(32) U/Z (End )
💙
Extra (1)U/Z
Hapi 💙
Extra (2) U/Z
Book 💙
💙💙
အပိုင်း(2)U/Z
62.3K 2.6K 216
By khatKhat396
နှိုင်းမနက်အစောကြီး  အိမ်ရှေ့အထိ လာခေါ်သော  မေမေ​ကြောင့်  နှိုင်းနှင့်လက်ထပ်ရမည့်သူ၏ အိမ်ကိုလိုက်လာခဲ့ရသည်။
အိမ်ဝန်းထဲကိုဝင်လိုက်တာနဲ့   အပင်များစွာကို စိုက်ပျိုးထားသည် ကိုမြင်ရသည်။ အိမ်ကတော်တော်ကျယ်တယ် ပြောရမည်   ကားပေါ်ကဆင်းလိုက်သည်နှင့်တစ်ပြိုင်နက်  နှိုင်းမော့ကြည့်လိုက်မိသည် ။ အိမ်ကတော်တော်ကိုကြီး၏။  မေမေနှင့်စကားရပ်ပြောနေသော  အမျိူးသမီးကိုတွေ့တာကြောင့် အံ့သြသွားရသည်။
" တီတီ ကဒီကိုဘယ်လိုရောက်နေတာ..."
"နှိုင်းလေ လက်ထပ်ရမှာ...တီတီသားလေ..."
"ဟင် ...အဲ့ဆိုတိမ်ယံ ရဲ့ညီပေါ့...."
"ဟုတ်ပါ အထဲမှာရောက်နေကြပြီအကုန်လုံးက...."
နှိုင်း တီတီကိုသာမြင်ဖူးပါသည်။ တီတီသားကိုတော့ တစ်ခါမှမမြင်ဘူးပါ    နာမည်တော့သိ၏  စိုင်းတည်တံ့ဉီးတဲ့    နိုင်ငံခြားမှာ  ကျောင်းတက်နေသည်ဟုသိထားရသည် ။တီတီနဲ့ကလည်း  စနေနေ့တိုင် ညစားဆုံစားရင် တစ်ခါတစ်ရံ  ဖေဖေထူးက ဖုန်းဆက်ခေါ်တာကြောင့်  ရင်နှီးခဲ့ရတာဖြစ်သည်။  တီတီက  လုပ်ငန်းတွေကိုတစ်ယောက်ထဲ ဉီးစီးနေရတော့ မအားလပ်တော့ ဆုံတွေ့ရတာတော့ရှားပါသည် ။
နှိုင်းတို့ အထဲကိုဝင်လာတော့  သစ္စာတို့မိသားစုရောပါ ရောက်နေကြတာဖြစ်သည်။ နှိုင်း  တိမ်ယံနှင့် သစ္စာကို မျက်စောင်းထိုးလိုက်သည်။   ညက​နှိုင်းပြောပြတော့ မသိချင်ယောင်ဆောင်ပြီ  အံ့သြပြနေကြတာသူတို့မဟုတ်သည့်အတိုင်း  နှိုင်းမျက်စောင်းထိုးတာမြင်လို့ထင်၏  စပ်ဖြီးဖြီးနဲ့ရယ်ပြ၍  နှိုင်းလက်ကိုလာတွဲကြသည်။
" လာလာ ....အိမ်ထောင်ပြုမည့် သတိုးသားလောင်းလေ..."
" နင်တို့သိနေတာမလား..."
" အင်း ဟိုတစ်နေ့ကတည်းကလေ ...အစပိုင်းက ငါတို့လည်းမသိဘူး   တီတီတောင်မသိဘူး မင်းဆိုတာကိုဓာတ်ပုံပြမှသိတာတဲ့ အဲ့တာနဲ့ဖေဖေဆီကိုဖုန်းဆက်ပြီးပြောလာတာလေ မင်းမေမေနဲ့  တီတီနဲ့က ငယ်သူငယ်ချင်းတွေတဲ့  အဆက်သွယ်ပြန်ရတော့ ခုလိုဖြစ်သွားတာတဲ့ အကြောင်းစုံတော့ငါလည်းသေချာမသိဘူး..."
" အဲ့ တာကိုညတုန်းကကြ ...ငါပြောတာကို မသိသလိုနေနေကြ...."
"ဟီး ...စပရိုက်လေ...တိမ်ယံညီဘဲကို  အမျိုးတော်ရတယ်လေ နင်ကလည်း..."
" တော်စမ်းမှာ...နင်တို့နှစ်ယောက် ခဏနေကြရင်တွေ့မယ် ...."
" အေးပါ...ပြီးကြရင် ...ပြောဟုတ်ပြီးလား..ခုလာပါထိုင်တော့..."
နှိုင်းလည်းလူကြီးတွေကိုအားနာတာနဲ့ ပြုံးပြစွာ ဝင်ထိုင်လိုက်သည် ။နှိုင်းနှင့် လက်ထပ်ရမည်သူကိုခုထိမတွေ့သေးဘူး နှိုင်းထက်ငယ်မှာသေချာသည် ။
" စိုင်းတည်တံ့....အောက်ကိုဆင်းလာတော့လူကြီးတွေဆုံနေပြီး...."
တီတီက ခေါ်လိုက်တော့ အပေါ်ထက်ကနေ  ကောင်လေးတစ်ယောက်ဆင်းလာသည် ။ အရပ်ကတော့ နှိုင်းတို့ထက်ရှည်တာသိသာပါသည်။  အသားကလည်းနှိုင်းထက်နည်းနည်းပိုဖွေးသည်။
 နှိုင်းမျက်စိရှေ့တွင်ထိုင်နေသော ကောင်လေးကို ကြည့်နေမိသည် ။  အက်ျီချိုင်းပြတ်  အနက်ရောင်နှင့်  ဘောင်ဘီးအတို အပြာရင့်ရောင်ကို ဝတ်ဆင်ထား၍  ဂုထ်ထောက်နေသော  ဆံပင်ကိုလည်း  အပြာနုရောင် ဘက်သွားသည့်  ဆေးကိုအသုံးပြုကာ  ကွက်တည်ကွက်ကြား  ဆိုးထားသေးသည် ။ ညာဘက်နားတွင်လည်း  စိန်နားကပ်ကို ပန်ဆင်ထားသေးသည်  ။ ခန္ဓာကိုယ်ကိုလည်း  ဆိုဖာကိုမှီ၍   ပျင်းရိစွာ ထိုင်နေသေးသည် ။ ဒီနေ့ဟာ  နှိုင်းတို့ လက်မှတ်ထိုးတဲ့နေဖြစ်ပါသည်။ ကိုယ်နဲ့လက်ထက်ရမည် ကောင်လေးပုံစံကိုကြည့်၍   ငိုချင်စိတ်တောင်ပေါက်သွားရ၏ ။  ရှေ့ဆက် အဆင်ပြေပါ့မလား  မိဘတွေသဘောကျ ယူရသည်ဖြစ်သော်လည်း  လေးစားသည့်အနေဖြစ်အက်ျီကိုသပ်သပ်ရပ်ရပ် ဝတ်စားထားသင့်သည်   ။။
နှိုင်း ကိုယ်အတွေးနဲ့ကိုယ် တွေးနေတာကြောင့်  သူကိုစိုက်ကြည့်နေမိသည်။  နှိုင်းကြည့်နေတာသိသွား၍ ထင်သည် မျက်လုံးလှန်ကာ  ပြန်ကြည့်လာသည်။  နှိုင်းမှာ အရှက်သဲစွာအကြည့်လွဲရ၏။တော်ကြာသူ့ကိုဘာလို့ကြည့်တာလည်းဆိုပြီး  ထထိုးနေမှ (လက်သီးနဲ့နော် ) ထပြေးနေရတဲ့အဖြစ်ကိုရောက်လိမ့်မည် ။ ပုံစံကိုကြည့်တာနဲ့ ကောင်လေးကဆိုးတဲ့ type ဖြစ်သည်။
တည်တံ့ ကိုယ်ကို့ စိုက်ကြည့်နေတာကိုသိပါသည်။  ဘယ်လိုဟာလေးလည်းမသိပါဘူး  အူကြောင်ကြောင်နဲ့  မာမီပြောပုံအရဆို ဆရာဝန်တစ်ယောက်ဖြစ်ပုံရသည်။ အနေတော့အေးမဲ့ပုံ  ဝတ်စားလာတာလည်း  တိုက်ပုံအက်ျီတွေရော  တည်တံ့ဆို ပေါ့ပေါ့ပါးပါးဘဲ   လက်မှတ်လေးထိုးပြီး  ညားသွားတာဘဲကို ဘာတွေခက်ခဲတာကြလို့  ဟွန့်  ရှေ့ရှောက် အနိုင်ကျင့်လို့ရတဲ့သူတစ်ယောက်ပေါ်လာတဲ့အတွက် ကိုယ့်အတွေးနဲ့ကိုပြုံးလိုက်သည်။
"မာမီ... လက်မှတ်ထိုးရမှာမလား....ကြာတယ် ....ကျွန်တော်အပြင်သွားစရာရှိတယ် ..."
" ဟဲ့ဘယ်လိုဖြစ်နေတာလည်း...လူကြီးတွေစကားပြောနေတယ်လေ ..."
ဒေါ်မြတ်သီဉီးတစ်ယောက်  သူငယ်ချင်းဖြစ်သူ  စိမ့်နှင်တကွ သူမ၏ အကိုဖြစ်သူ ဉီးထူးယံခန့်  အပါအဝင် ရှေ့နေ့နှင့်  ကလေးတွေအကြောင်းတိုင်ပင်နေတုန်း  သားဖြစ်သူ ထပြောလိုက်တဲ့စကားကြောင့်  ရှေ့နေကြီးနှင့် ဖိတ်ထားတဲ့ ဧည်သည့်တွေ ကိုအားနာသွားရသည် ။ ကျန်တဲ့သူတွေက ကိစ္စမရှိ   မိသားစုဝင်​တွေပင်ဖြစ်တော့မှာဖြစ်သည်။
" စိုင်းတည်တံ့ဉီး...မင်းဘယ်လိုဖြစ်နေတာလည်း  ...ပါးစပ်ပိတ်နေလို့မရဘူးလား...ဟိုမှာလူကြီးတွေတိုင်ပင်နေတာကို..."
"ကိုကိုတိမ်ယံဘာသိလို့လည်း..."
" တိတ်..."
နှိုင်း  တစ်ဝမ်းကွဲညီဖြစ်သူကို ဆူနေသော် တိမ်ယံကို စိတ်ထဲမှာ မေတ္တာတွေပို့နေမိသည်  ပြီးကြရင်တော့  သေဖို့သာပြင်ထားကြ ငါကိုကြတစ်ယောက်မှမ​ပြောဘဲ လျိုထားကြသည်။
" မတိတ်ချင်ဘူး...ကြာတယ်လို့ ..မာမီ  ..လက်မှတ်ထိုးပြီးပီးတာကို .."
" စိုင်းတည်တံ့ဉီး..မင်းဘယ်လိုဖြစ်နေတာလည်း...."
" မာမီဘဲ လက်မှတ်ထိုးပြီးရင် ညားတာဆို..."
"အေးခုလူကြီးတွေ စကားပြောနေတယ်လေ ..."
" လက်မှတ်ထိုးပြီးမှ ပြောလည်းရတာကို... အဲ့လိုလုပ်တော့ဘယ်သူက တရားစွဲမှကြလို့..."
"ကဲပါ  ..အဲ့ဆိုလက်မှတ်အရင်ထိုးခိုင်းလိုက်မယ် ..."
တည်တံ့လိုချင်တာဒါဘဲ   ရှေ့နေကြီးအကောင်းဆုံးဘဲ   အလိုက်သ်ိတတ်တယ် ဘယ်ဆိုးလို့လည်း 
" ကဲ ဒီမယ် လက်မှတ်ထိုးလိုက်ကြ ... ဒီတစ်အုပ်မှာရောဘဲ  .."
တည်တံ့ လက်မှတ်ထိုးပေးရမဲ့  နေရာတွေကိုလက်မှတ်ထိုးပေးပြီးတော့ မတ်တပ်ရပ်လိုက်သည်။
"ဒါပဲမလား ကျွန်တော်အပေါ်တတ်တော့မယ်"
"ရပါပြီ "
"ခင်များ!ကျွန်တော်နဲ့အပေါ်ခဏလိုက်ခဲ့"
"ရပါပြီးခင်ဗျာ..."
"ဟင် ..ငါ့ကိုလား"
"ခင်များမဟုတ်လို့ဘယ်သူခေါ်ရမှာလဲ လက်ညိုးထိုးလိုက်တာမမြင်ရအောင်ကန်းနေလား"
"ဟင်..."
"စိုင်းတည်တံ့ဉီး..မင်းထက်အကြီးကိုဘယ်လိုတွေပြောနေတာလည်း..."
"ဟ...မာမီဘဲ လက်မှတ်ထိုးပြီးရင်   ...ညားတယ်ဆို ...ခုသူကကျွန်တော်ယောက်ျားဖြစ်သွားပြီးလေ...ခိုင်းစရာရှိလို့...ခေါ်တာလေ ဘာဖြစ်လို့လည်း..."
"စိုင်းတည်တံ့ဉီး...."
"ကျွန်တော် ပြောတာမှားလို့လား  သူယောကျာ်းကိစ္စဘဲ လုပ်ပေးရမှာကို ..."
" ဟို  ....တီတီ...သားလိုက်သွားလိုက်မယ်နော်..."
"အေးအေးပါ ကွယ် .."
"ကြပ်ကြပ်သတိထားနေ   ..စိုင်းတည်တံ့..."
ဒေါ်မြတ်သီဉီး  သားဖြစ်သူကြောင့် ရှိသမျှ သွေးတွေတောင် ခေါင်းပေါ်ကိုဆောင့်တက်သွားသလိုဖြစ်ရသည်  ။ ခုမှလက်မှတ်ထိုးပြီးတာရှိသေး   နှိုင်းကိုခိုင်းဖို့ခေါ်တယ်ဆိုတဲ့သားစကားကြောင့် မိမိသူငယ်ချင်း   စိမ့် ကို အားနာစေပါသည်။
နှိုင်းလက်မှတ်ထိုးပြီး ထိုင်နေတုန်း  လက်ညိုးထိုးခေါ်လာတဲ့သူကြောင့် ကြောင်သွားရသည်။  အပေါ်ကိုလိုက်ခဲ့တဲ့  ကိုယ်နဲ့သူက တစ်ခါမှမရင်းနှီးဘူးတော့  တခြားသူခေါ်တာမှတ်လို့မေးတာကို  ကန်းနေတာလားတဲ့  ဘယ်လိုကလေးလည်းမသိဘူး    သူထက်အကြီးဆိုတာသိသေးရဲ့လား မသိပါ။  တီတီနဲ့ စကားအချေအတင်များနေတာကြောင့် နှိုင်း သူခေါ်တဲ့နောက်လိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။   လူကြီးတွေနဲ့ အားနာစရာဖြစ်သည်မဟုတ်လား ။
နှိုင်းသူခေါ်ရာနောက်ကိုလာလိုက်သည်  လှေကားတွေကိုဖြတ်ကျော်ပြီး နည်းနည်းဆက်သွား၍  အခန်းတစ်ခုရှေ့တွင် ရပ်လိုက်ပြီး  အထဲကို ဝင်သွားတာကြောင့် နှိုင်းပါ အထဲကိုလိုက်ဝင်ရသည်။
" ခင်ဗျား...နာမည်ဘယ်သူလည်း.."
ဟင်...နှိုင်းနာမည်ကိုသူမသိဘူးလား...သူအမေးကြောင့်နှိုင်းမျက်လုံးပြူးဖြင့် ကြောင်ရပ်နေမိသည်။
" မျက်လုံးပြူပြီး ကြောင်မနေနဲ့....ခင်ဗျားယောက်ျားက နာမည်မေးနေတယ်လေ..."
" နှိုင်းမြတ်ဘုန်း..."
" ok  ...ခုကျုပ်က ...ခင်ဗျား ယောက်ျားဖြစ်သွားပြီး....သိတယ်မဟုတ်လား..."
"အင်း..."
" ဒီမှာဘဲနေရမယ် ...ကျုပ်ခင်ဗျားဆီကိုလိုက်မနေနိုင်ဘူး....ငြင်းဖို့လည်းမကြံနဲ့......မာမီပေးစားလို့ယူရလည်း ... ကျုပ်က ဉပုပ်စောင့်တဲ့ အသားစားကျားမဟုတ်ဘူး  ...စားမှာဘဲနော်...ကြိုပြောထားတာ..."
"ဟင် ...."
"မဟင်နဲ့ ...ဉပုသ်မစောင့်တက်ဘူး...ok..."
တည်တံ့ ဘာပြောပြော အံ့သြသလိုလုပ်နေပြီးဘာမှပြန်မပြောတဲ့သူကြောင့်စိတ်ကို မနည်းဆွဲဆန်ထားရသည်  ။ ဟုတ်တယ်လေ တစ်ချို့တွေလို မိဘပေးစားတာဘာညာဆိုပြီး  သူအသားကိုမထိနိုင်ဘူးဆိုတော့ မနေနိုင်ဘူး လူပျိုရည်ပျက်မဲ့ တူတူ  အပျက်ခံလိုက်မယ် 
" ကျုပ်ပြောတာကြားလား...."
"အင်းကြားတယ်လေ ..."
" ပြီးတာဘဲ  ...အား ပူလိုက်တာ..."
နှိုင်းကို သူစိတ်ကြိုက်ပြောချင်ရာပြော  ခြယ်လည်သွားတဲ့ အဆိုးအတေလေးက   အက်ျီကို ဆွဲချွတ်ခါ  လွတ်ပစ်၍  အိပ်ယာပေါ်ကိုလှဲသွားသည်။
"ကျုပ် အပြင်သွားမို့ ..အက်ျီထုတ်ပေး  ..."
"အင်း... ဘယ်လိုပုံစံထုတ်ပေးရမှာလည်း..."
"အဆင်ပြေတာ ထုတ်ပေး...club သွားမှာ..."
" အင်း....ခဏနော်..."
နှိုင်းလည်း  သူပြောတဲ့တိုင်းလုပ်ပေးဖို့ သူအဝတ်အစားတွေထားတဲ့ဘက်ကို  ဝင်လာလိုက်သည် ။  များလှစွာသော် ဖိနပ်တွေ နာရီတွေ  အက်ျီတွေကိုသေချာသပ်ရပ်စွာထည့်ထားသော မှန်ဘောင်တွေကိုကြည့်ပြီးမအံ့သြမိတော့ပါ   ချမ်းသာတဲ့သူတွေဒီလောက်တော့ရှိမှာဘဲလေ အဆင်ပြေမဲ့ အဝတ်အစားတွေကို  ရှာကြည့်လိုက်သည်။  တော်တော်များများက  အနက်နဲ့ အဖြူ  အပြာရောင်​တွေဖြစ်သည်  ။
နှိုင်းကုတင်ဘက်ကိုပြန်ထွက်လာတော့  အိပ်ယာပေါ်တွင်  မှောက်အိပ်နေသည့် လောလောလတ်လတ်  ယူထားတဲ့ နှိုင်းယောက်ျား  ရှေ့လျှောက်အဆင်ပြေအောင်  နှိုင်းဘက်က အလျော့ပေးရမည်ဆိုတာ  စိတ်အာရုံအရ ကြိုသိနေသည်။
" တည်တံ့....အိပ်​ပျော်သွားပြီးလား..."
"အတည်ကြီး  ..အိပ်​ပျော်သွားတာလား..."
" ဟင်....အ.."
တည်တံ့  ကိုယ်ကို ခေါ်နေတဲ့အသံကိုကြားသော်လည်း  မကြားချင်ယောင်ဆောင်နေလိုက်သည်   အဲ့တော့ အနားကိုတိုးလာ၍ လှုပ်ကြည့်ပြီး မေးလာသည်။ သူကို အူးယားတာကြောင့် လက်ကိုဆွဲ၍ ကုတင်ပေါ်ဆွဲတင်ပြီး   ဖတ်ထားလိုက်သည်။
" ဟို....လွတ်အုံး...ငါမနေတက်ဘူး...."
"မလွတ်ဘူး...အိပ် ..."
" အက်ျီ ယူခဲ့ပြီးပီး..."
"အင်းသိတယ်..."
"ငါမနေတက်ဘူး....လွှတ်ပါအုံး..."
"ငြိမ်ငြိမ်နေလိုက် ..စိတ်သိပ်ရှည်တာမဟုတ်ဘူးနော် ..."
တည်တံ့ အသံလေးနည်းနည်းမာ၍ ဟောက်လိုက်မှာ  ရုန်းထွက်နေသူက  အသံတိတ်သွားသည်။  ဘယ်ဆိုးလို့လည်း  စိုင်းတည့်တံ့ဉီးတို့  ယူထားတဲ့သူက  အချိုးပြေလို့ပေါ့ မဟုတ်ရင်တော့  ခုယူပြီး ခုကွဲနေလောက်ပြီးဖြစ်သည်။
နှိုင်းသူ့ကိူအတင်းဆွဲပြီး ချုပ်ဖက်ထားတဲ့သူကြောင့်    မနေတတ်တော့ သူကငြိမ်နေဆိုလို့သာ ငြိမ်နေရတာ  အတင်းချုပ်ထားတာကြောင့် အသက်ရှုကြပ်လာသည်။
" ဟို ..တည်တံ့....အသက်ရှုကြပ်လို့ ...လွတ်ပေးပါအုံး..."
"အင်း..."
နှိုင်း​ပြောလိုက်တော့  လွှတ်ပေးပြီး  အိပ်ယာပေါ်ကနေ ဆင်းသွား၍  သူ့တွက်နှိုင်းယူလာပေးသော အဝတ်အစားတွေကို  လဲနေတာကြောင့်  နှိုင်းမျက်နှာလွှဲထားမိသည်။
" မျက်နှာလွဲမနေနဲ့....ခင်ဗျားယောက်ျားဘဲ ...ကြားလားကျုပ်ပြောတာ...
"
တည်တံ့အက်ျီလှဲနေတာကို မကြည့်ဘဲ မျက်နှာလွဲထားတဲ့သူကို ပိတ်ဟောက်လိုက်တော့   လှည့်ကြည့်လာပြီး   ကိုယ်ချွတ်ထားတဲ့အဝတ်အစားတွေကို ကောက်၍  ခြင်းထဲကိုသွားထည့်နေသည်။
" ခင်ဗျား အဝတ်အစားတွေ ပါမလာသေးဘူးမလား...."
"ဟုတ်တယ်..."
" ခုပြန်ယူလိုက် လိုအပ်တာတွေအကုန်သိမ်းထားလိုက်    ကျုပ်ညနေကြ ဝင်ခေါ်မယ် ခုတော့ ကိုကိုတိမ်ယံကို လိုက်ပို့ခိုင်းလိုက် ...ခင်ဗျား ဖုန်းနံပါတ် ကျုပ်ကိုပေးထား..."
"အွန်း....0998......."
" ok  ...ကျုပ် misscall ထိုးထားတယ် ...ဝင်လား... ယောက်ျားလို့မှတ်ထားလိုက် ကြားတယ်နော်...."
"အင်းပါ..."
နှိုင်းလည်းသူပြောတဲ့တိုင်း မှတ်ထားလိုက်သည် တော်ကြာနှိုင်းကို သူပြောတဲ့တိုင်းမလုပ်ရကောင်းလားဆိုပြီးထရိုက်နေမှဖြင့် တိမ်ယံဆီကကြားဖူးသည်  သူ့ညီက တအားဆိုးတယ်တဲ့  စိတ်ရှိရင်  လက်ကပါပြီးသားတဲ့ လေ ရန်ဆိုလည်းခဏခဏဖြစ်တက်သည်တဲ့
" သွားမယ် အောက်ကို...."
နှိုင်းတို့အောက်ကိုဆင်းလာတာ ရှေ့နေကြီးနှင့် တခြားဧည်သည့်တွေကပြန်သွားပြီးဖြစ်သည် ။
" ကိုကိုတိမ်ယံ သူငယ်ချင်းကို ...ဟိုကိုလိုက်ပို့လိုက်အုံး....မာမီကျွန်တော်အပြင်သွား​တော့မယ်..."
" ဟက်  ..ဒီကောင်လေးကတော့လေ..."
ဒေါ်မြတ်သီဉီးမှာ  သားဖြစ်သူကိုရင်လေးမိသည်  အလိုက်ကနည်းနည်းမှမသိတတ်  နှိုင်းလေးကိုလည်းအပေါ်ခေါ်သွား ဘာတွေပြောခဲ့တယ်မသိ  အရင်ကတည်းက သူကသာအနိုင်ယူရမှ  မဟုတ်ရင် ဒေါသကကြီးတတ်သည်။
"သားကိုဘာတွေပြောသွားတာလည်းနှိုင်း..."
"ဘာမှမပြောပါဘူး ...ဒီအိမ်မှာဘဲနေရမယ်တဲ့  ..သူကလိုက်မနေနိုင်ဘူးတဲ့..."
" ငါကိုလိုက်ပို့လိုက်ဆိုတာဘာလည်း  နှိုင်း..
"
" မင်းညီက ငါပစ္စည်းတွေ သွားသိမ်းထားတဲ့ညနေသူဝင်ခေါ်မယ်တဲ့ ခုကသူသွားစရာရှိလို့ထင်တယ် ..."
"အော် ...မင်းကိုဆရာမလုပ်ဘူးလား.."
"ဟင့်အင်း..."
နှိုင်း  မပြောပြချင်ပါ လူကြီးတွေရှိသည်လလေ ကိုယ်တွေကြောင့်စိတ်ဆင်းရဲရလိမ့်မည်   ကိုယ်ထက်အငယ်ကိုအလျော့ပေးရမှာသဘာဝဖြစ်သည်မဟုတ်လား။
........................................................................
နှိုင်းလိုအပ်တာတွေ သိမ်းဆည်းပြီးတော့  အိပ်ယာပေါ်မှာလှဲအိပ်နေလိုက်သည်  ။ဒီနေ့ညကစပြီး  အိပ်ယာလေးနဲ့ ခွဲရတော့မည် မဟုတ်လား မတက်သာလို့  ထားခဲ့ရမှာ ဒီအိမ်လေးကို မထားခဲ့ချင်ပါ  နှိုင်းမှေးခနဲ့အိပ်​ပျော်သွားတုန်း အိမ်ရှေ့က ကားဟွန်းတီးသံကြောင့်လန့်နိုးလာရသည်   ။
"တီ ...တီ....တောက်စ့်...ငါလိုးမဟာလေ..."
"တီတီ.....တီ.."
တည်တံ့ စိတ်မရှည်စွာ   တောက်စ့်တွေခေါက်နေမိသည် ။ဟွန်းတီနေတာကြာလှပြီဖြစ်သည်။  တစ်ကယ်ဆို ထွက်လာသင့်သည်စောက်ရေးမလုပ်တာလား   ဒီကိုဝင်ခေါ်ဖို့လုပ်တော့လည်း  ဖုန်းမကိုင်တာကြောင့်  ကိုကိုတိမ်ယံဆီ ဖုန်းဆက်ပြီးမေးရသည် ။ အိမ်ရှေ့ရောက်တော့လည်း  ဟွန်းတီးနေတာတောင်​လူမပြောနဲ့ ခြင်တစ်ကောင်တောင်ထွက်မလာဘူး ။စိတ်မရှည်စွာဖြစ် ကားပေါ်မှာဆင်းလာလိုက်၍  အိမ်ထဲကိုဝင်လာတော့ပြေးထွက်လာတဲ့လူကိုတွေ့ရသည်။
" ခင်ဗျား...ဘာလုပ်နေတာလည်း...ကျုပ်စောင့်နေတာကြာလှပြီး...ခင်ဗျားဖုန်းကိုလည်းကြည့်လိုက်အုံး...နားကကန်းနေတာလား...ဟမ်.."
"ဟို ..အိပ်​ပျော်သွားလို့..."
"ကျုပ်ဒေါသကိုလာမဆွနဲ့နော်....စိတ်တွေက သိပ်ရှည်နေတာမဟုတ်ဘူး.."
"တောင်းပန်ပါတယ်..."
"တောက်စ့်....သွားသယ်မဲ့ပစ္စည်းတွေကားပေါ်တင်ရအောင်...."
နှိုင်းအိပ်​ပျော်သွားတာကြောင့် ဖုန်းလာတာတွေလည်းတကယ်မသ်ိလိုက်ပါ  ကားဟွန်းတီးသံကြားတာနဲ့ တန်းထွက်လာတာဘဲကို  သူစိတ်ချည်းဘဲ ဒါတောင်ကိုယ်ထက်အငယ်မို့ အကြီးသာဆို  ရိုက်သတ်မလား။
နှိုင်းယူမဲ့ပစ္စည်းတွေ ကားပေါ်တင်ပြီးတော့  အိမ်သော့တွေကိုသေချာခတ်လိုက်သည် ။ ကားပေါ်တက်မိတဲ့အချိန်ထိ လှည့်မကြည့်မိပါ နှိုင်းအားတာနဲ့ နေခင်းဘက် လာနေလို့ရသည်မဟုတ်လား ။ ကားမောင်းနေသည်သူကိုမျက်လုံးဝေ့ကြည့်လိုက်တော့ ဒေါသထွက်နေတာသိသိသာသာ  တစ်လမ်းလုံးစကားတစ်ခွန်းမပြော   သူအိမ်ကိုရောက်တော့လည်း အပေါ်ကိုတန်းတက်သွားသည်  ။
" နှိုင်းလေ ထမင်းမစားခဲ့ရသေးဘူးမလား..."
"ဟုတ် ..တီတီ..."
"တီတီ မဟုတ်တော့ဘူး...မာမီဖြစ်သွားပြီးလေ..."
"ဟုတ်ကဲ့ ...ပါမာမီ .."
"ထမင်းစားရအောင်လေ ...တည်တံ့နဲ့လာတာမလား  ..."
"ဟုတ် အပေါ်တက်သွားတယ်...မာမီတို့အရင်စားနှင့်လေ ...ပစ္စည်းတွေ  ကားပေါ်က ချလိုက်အုံးမယ်..."
"ထားထား...  အိမ်က ကောင်လေးတွေကိုခိုင်းလိုက်မယ် .."
"အားနားစရာကြီး..."
" သားက ..ဒီအိမ်ကဖြစ်သွားပြီလေ..."
"ဟုတ်  .."
နှိုင်းတို့သွားခေါ်စရာမလိုအောင် တည်တံ့ကအဝတ်မစားလဲပြီး အောက်ကိုပြန်ဆင်းလာသည်   နှိုင်းတို့ထမင်းစားသောက်ပြီးတဲ့ထိ   စောင့်ရလို့စိတ်တိုနေသောသူက နှိုင်းကို စကားလည်းမပြောသလို  မျက်လုံးချင်းစုံအောင်ကြည့်မလာပါ ။
" မင်းမင်း...."
"ဗျာ...အကိုလေး..."
"ကားပေါ်ကပစ္စည်းတွေ  ငါအခန်းထဲ ထည့်လိုက်..."
"ဟုတ်..."
မင်းမင်းဆိုတဲ့ကောင်လေးကို  ခိုင်း၍ အိမ်ပေါ်ကို တက်သွားသည် အဆိုးအတေလေးကို   သည်းခံလိုက်အုံး နှိုင်းမြတ်ဘုန်းရေ ဟုသာကိုယ်ဘာသာ ပြောမိ၏။
" သားကိုစိတ်ဆိုးနေတာထင်တယ် ကြည့်ရတာ ..."
"ဟုတ်တယ် ...."
"ခုယူပြီးခုဘဲ အနိုင်ကျင့်နေတာဘဲ  ..သည််းမခံနဲ့  ..သည်းခံရင် ပိုနိုင်လိမ့်မယ် ..."
"ဟုတ်ကဲ့.... အပေါ်လိုက်သွားလိုက်အုံးမယ် ..."
" အေးအေး..."
နှိုင်းအပေါ်တက်လာတော့   ရေချိုးခန်းထဲတွင်ရေကျသံကြားရသည် ။  တည်တံ့ထွက်လာရင်ဝတ်ဖို့ ညဝတ်အက်ျီကိုထုတ်ပေးထား၍ ကုတင်ပေါ်တင်ပေးထားလိုက်သည် ။ နှိုင်းပါလာတဲ့  ပစ္စည်းတစ်ချို့ကို နေရာချနေတုန်း  ရေချိုးခန်းထဲက ထွက်လာသည် အဆိူးအတေလေး
တည်တံ့ ရေချိုးခန်းထဲကထွက်လာတော့ ပစ္စည်းတွေကို နေရာချနေသည်  ။နှိုင်း အလိုက်တသိ ထုတ်ပေးထားတဲ့ ညဝတ်အက်ျီကိုတွေတာကြောင့်ပြုံးမိကာ  ကုတင်ပေါ်တွင်  တင်ပေးထားသော အဝတ်အစားတွေကိုယူဝတ်ကာ  ကုတင်ပေါ်မှာဖုန်းထိုင်သုံးနေရင်းစောင့်နေလိုက်သည်  ။
" ခင်ဗျားဟာတွေက မပြီးးသေးဘူးလား..."
" မပြီးသေးဘူး...ဘာလို့လည်းဟင် ..."
"ဘာ  ...ခင်ဗျားကိုကျုပ်ပြောထားပြီးသားလေ  ဉပုသ်စားတဲ့ကျားမဟုတ်ဘူး အသားစားကျားလို့...ခင်ဗျားဉီးနှောက်ကမေ့သွားတာလား..."
"မမေ့ဘူးလေ.."
"ခင်ဗျားဟာတွေ နောက်မှဆက်လုပ်တော့...ခုလာခဲ့တော့..."
နှိုင်းလည် အစကတည်းက စိတ်ဆိုးနေသည် သူကခေါ်တာကြောင့် အသာတကြည် ထသွားလိုက်ရသည်   အဲ့ဒီနောက်တော့ နှိုင်းတစ်ယောက်  အသားစားတဲ့ ကျားပေါက်လေး၏  စားတာကိုခံလိုက်ရပါသည် ။
.......................................................................
( အများကြီး ကြိုးစားပီးတော့ ရေးထားပါတယ် ဖတ်လို့ အဆင်ပြေပါမလားမသိဘူး   ဖတ်တဲ့သူမရှိလည်း သေချာကြိုးစားရေးသွားမှာပါရှင့်  ကြိုပြောထားမယ်နော် seme က ခပ်ဆိုးဆိုးလေပါနော်😁)
........................................................................
"နှိုင်းလေ လက်ထက်ရမှာ...တီတီသားလေ..."
"ဟင် ...အဲ့ဆိုတိမ်ယံညီပေါ့...."
" နင်တို့သိနေတာမလား..."
" တိတ်..."
တည်တံ့လိုချင်တာဒါဘဲ   ရှေ့နေကြီးအကောင်းဆုံးဘဲ   အလိုက်သိတတ်တယ် ဘယ်ဆိုးလို့လည်း 
"ရပါပြီ "
"ဟင် ..ငါ့ကိုလား"
"ခင်များမဟုတ်လို့ဘယ်သူခေါ်ရမှာလဲ လက်ညိုးထိုးလိုက်တာမမြက်ရအောင်ကန်းနေလား"
"ဟငျ "
"စိုင်းတည်တံ့ဉီး...."
"အေးအေးပါ ကွယ် .."
"ကြတ်ကြတ်သတိထားနေ   ..စိုင်းတည်တံ့..."
" နှိုင်းမြတ်ဘုန်း..."
"အင်း..."
"ဟင် ...."
" ကျုပ်ပြောတာကြားလား...."
"အင်းကြားတယ်လေ ..."
" အင်း....ခဏနော်..."
" ဟင်....အ.."
"မလွတ်ဘူး...အိပ် ..."
" အက်ျီ ယူခဲ့ပြီးပီး..."
"အင်းသိတယ်..."
နှိုင်းသူ့ကိုအတင်းဆွဲပြီး ချုပ်ဖက်ထားတဲ့သူကြောင့်    မနေတတ်တော့ သူကငြိမ်နေဆိုလို့သာ ငြိမ်နေရတာ  အတင်းချုပ်ထားတာကြောင့် အသက်ရှုကြပ်လာသည်။
"အင်း..."
"
"ဟုတ်တယ်..."
"အွန်း....0998......."
"အင်းပါ..."
နှိုင်းလည်းသူပြောတဲ့တိုင်း မှတ်ထားလိုက်သည် တော်ကြာနှိုင်းကို သူပြောတဲ့တိုင်းမလုပ်ရကောင်းလားဆိုပြီးထရိုက်နေမြှဖင့် တိမ်ယံဆီကကြားဖူးသည်  သူ့ညီက တအားဆိုးတယ်တဲ့  စိတ်ရှိရင်  လက်ကပါပြီးသားတဲ့ လေ ရန်ဆိုလည်းခဏခဏဖြစ်တက်သည်တဲ့
" သွားမယ် အောက်ကို...."
"
"ဟင့်အင်း..."
........................................................................
"တီတီ.....တီ.."
"တောင်းပန်ပါတယ်..."
နှိုင်းအိပ်​ပျော်သွားတာကြောင့် ဖုန်းလာတာတွေလည်းတကယ်မသိလိုက်ပါ  ကားဟွန်းတီးသံကြားတာနဲ့ တန်းထွက်လာတာဘဲကို  သူစိတ်ချည်းဘဲ ဒါတောင်ကိုယ်ထက်အငယ်မို့ အကြီးသာဆို  ရိုက်သတ်မလား။
"ဟုတ် ..တီတီ..."
"ဟုတ်ကဲ့ ...ပါမာမီ .."
"အားနားစရာကြီး..."
"ဟုတ်  .."
" မင်းမင်း...."
"ဗျာ...အကိုလေး..."
"ဟုတ်..."
"ဟုတ်တယ် ...."
"ခုယူပြီးခုဘဲ အနိုင်ကျင့်နေတာဘဲ  ..သည်းမခံနဲ့  ..သည်းခံရင် ပိုနိုင်လိမ့်မယ် ..."
" အေးအေး..."
"မမေ့ဘူးလေ.."
.......................................................................
........................................................................
Continue Reading
You'll Also Like
11.7K 539 82
She is an outcast. She finds it easier to express what she feels in the form of writing. Whether it is poems, letters or long texts. These are poems...
17.1K 659 8
1.7K 48 12
❝ I wonder, why do people love? It is quite pointless. Love feels like a rubber glove, clingy, uncomfortable and jointless.❞ #1 in poetry (2/6/2024...
1.1M 32.7K 16
I want to remember you, remember us... through my poems.