(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

242K 31.8K 745

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (30)

2.2K 313 5
By Kyiphyuswe

(30)

ဟဲလျန်ချန်း က ဧည့်တွေ့တဲ့ ဟောခန်းထဲကို သွားလိုက်တယ်။ အဲ့အထဲမှာ မိန်းမ နှစ်ယောက် က ယောကျာ်း တစ်ယောက် အတွက် ဒရမ်မာ ဆန်ဆန် ဖျော်ဖြေ နေကြလေတယ်။

တစ္စေမင်းသမီး လု လက်ဖက်စိမ်း ကျီ က လေရဲ့ အကူအညီကို ယူပြီးတော့ လေတိုက်လိုက်တာ နဲ့ စီးထူယန် ရဲ့ လက်မောင်းတွေ ကြားထဲကို မှီ ချ လိုက်လေတယ်။

ပြီးတော့ ရွှီးဟယ် ပြောတာ ကလည်း သိပ်ပြီးတော့ မလွန်ရှာပေ။  သူမ က တကယ်ကြီး  အားနည်းတဲ့ ကြာပန်းဖြူ လေးလို လုပ်နေတာလေ။  အဲ့အချိန်မှာ သူမရဲ့ မျက်ဝန်းတွေ က နီရဲ နေပေမယ့် မျက်ရည်မကျ လာအောင် ခေါင်းမာမာ နဲ့ ထိန်းသိမ်းထား လေတယ်။ ပြီးတော့ လှပတဲ့ မျက်ဝန်း တစ်စုံ က စီးထူယန်ကို ဒေါသ တွေနဲ့ စိုက်ကြည့်နေခဲ့တယ်။

စီးထူယန် က ရွှီးဟယ်ကို ဒီလို ပုံစံနဲ့ တစ်ခါမှ မမြင်ဘူး ပါပေ။ ရွှီးဟယ် ရဲ့ နူးညံ့ ငြင်သာကာ ချိုမြိန်တဲ့ အပြုံး  တွေကိုပဲ သူတွေ့ခဲ့ ဘူးတာ ဖြစ်လေတယ်။ ပြီးတော့ အခုလို ခေါင်းမားပြီး ဒေါသ ထွက်တာ မျိုး ကို တစ်ခါမှ မတွေ့ ဘူးတဲ့ အတွက်ကြောင့် သူက ရုတ်တရက်ပဲ စိတ်ဓာတ် ကျသွားတော့တယ်။

စီးထူယန် က ရွှီးဟယ် ကို သူ့လက်မောင်း တွေ ကြားထဲ ပွေ့ဖက် ပြီးတော့ ချော့မော့ ချင်နေခဲ့တယ်။ ချော့မော့ ပြီးတဲ့နောက် သူတို့ နှစ်ယောက် သား အခန်းထဲကို သွားပြီးတော့ နွေဦးညလေး ကို အတူ ကုန်ဆုံးလို့ ရလေတယ်။

သူလှုပ်ရှား လိုက်တဲ့ အခါ သူ့လက်မောင်း ထဲက လှပတဲ့ အမျိုးသမီး လေးက သက်ပြင်းချ တာ ကို ခံစားလိုက်ရ ပြီးတော့ နာကျင်စွာနဲ့ ငြီးတွား သံကို ကြားခဲ့ ရလေတယ်။ စီးထူယန် က ရုတ်တရက် ပဲ လမ်း ထပ်မလျောက် နိုင်တော့ပါပေ။ သူက သူ့လက်မောင်းထဲ က လှပတဲ့ အမျိုးသမီးလေး ကို ဂရုစိုက်ဖို့ နဲ့ အလုပ်ရှုပ်နေခဲ့ တယ်လေ။

ရွှီးဟယ် က အဲ့ကို ကြည့်လိုက် ပြီးတော့ သူ့မ နှာခေါင်းကြားထဲကတောင် လေတွေ ထွက်လာလု နီးပါး ဖြစ်နေ ပြီးတော့ သူမ က ခပ်ဖျော့ဖျော့ ပဲ အော်လိုက်တယ်။

'' အားယန် ''

စီးထူယန် က သူ့ရဲ့ တစ်ဘဝ လုံးစာ အလွန်အကျွံ ဆွဲဆောင် ခံလိုက် ရလေတယ်။

( လက်ထဲမှာ တစ်ယောက် ကိုင်ထား ပြီး တစ်ယောက် ကို အချစ်အပြည့်နဲ့ ငေးနေတာ ချစ်ဖက)

ဒါကို မြင်တော့ ဟဲလျန်ချန်းက ဆက်ပြီးတော့ သည်းမခံ နိုင်တော့ပါပေ။ တကယ်လို့ သူသာ အဲ့တာ ကို နောက်ထပ် ထပ်ပြီးတော့ ကြည့်မိရင် သူ့မှာ ရှိတဲ့ မြွေအဆိပ် အကုန်လုံး ကို အန်မိ လိမ့်မှာ ကို ကြောက်နေ ရလေတယ်။

သူတကယ်ကို အဲ့လို ဖြစ်နေလိမ့်မယ် လို့ ဟဲလျန်ချန်း မထင်ထား မိပါပေ။ အဲ့စီးထူယန် ဆိုတဲ့ မြွေနီ က သူ့လက်အောက် က သူပြီးရင် ဒုတိယ အသန်မာဆုံး ဖြစ်ပြီးတော့ တိကျ ပြတ်သား ခိုင်မာ တယ်လို့ ထင်ခဲ့ တာပဲ ဖြစ်လေတယ်။

ကြည့်စမ်းပါအုံး မိန်းမ နှစ်ယောက် က သူ့ကို ဒီလို ကစား နေတာ တောင်မှ သူက တွေဝေငေးမော ကြောင်အ နေပြီးတော့ ရှုပ်ထွေးနေဆဲ ပဲ။

အဲ့အမျိုးသမီး နှစ်ယောက် က ဘာတွေများ ကောင်းနေ လို့တုံး?

ကြည့်လို့ လှနေ လို့များလား?

ဟဲလျန်ချန်း က ဒီလိုနေရာမှာ တကယ်ပဲ ပါရမီမပါပါချေ။ သူကိုယ်တိုင် ကိုယ်ကလည်း တစ်သက်မှာ တစ်ခါ တွေ့ရခဲတဲ့ ရှားမှ ရှား ကျက်သရေ  ရှိတဲ့ အလှလေးပဲလေ။ သူ့လောက် လှတဲ့ လူ ကို တစ်ခါမှ မတွေ့ဘူးပါပေ။ ဒါတောင် သူ့ကိုယ်သူ ရုပ်ဆိုးတယ် ပဲ ထင်နေ သေးတာလေ။

( မယက ကတော့ နောက်ပြီ 😀)

စုယွမ် တစ်ယောက် ထဲ ကသာ သူ့အတွက် အထူးသီးသန့်လေး ဖြစ်နေတာ။ စုယွမ် က သူ့ကို နေမင်း အသေးလေး လို အနွေးဓာတ်တွေ ပေးခဲ့တာ လေ။

ဟဲလျန်ချန်း က စုယွမ် အကြောင်းတွေး မိတော့ သူက စုယွမ် အဖမ်းခံ ထားရတဲ့ အိမ်ဆီကို အသာလေး သွားကာ အိပ်ယာပေါ်မှာ အိပ်နေတဲ့ စုယွမ်ကို တိတ်တိတ်လေး ကြည့်နေ ပြန်တယ်။

ညနေခင်းမှာ ဟဲလျန်ချန်း က စီးထူယန် တို့ဆီကို ထပ်ပြီး သွားခဲ့ပေမယ့် ထိုမြွေအနီကောင် က အခုချိန်ထိ မပြီးဆုံး နိုင်သေးပါပေ။ ပြီးတော့ ထိုမိန်းမ နှစ်ယောက်နဲ့ ညိတွယ် နေဆဲပဲ။

စီးထူယန် ခမျာ မိန်းမ လေး နှစ်ယောက်ကို သီးခြားဆီ ခွဲလိုက်ပြီးတော့ နောက်တစ်နာရီ ကြာအောင် ချော့မော့ ပြီးတော့မှ သူလည်း ပင်ပန်းစွာနဲ့ သူ့အိပ်ခန်း ထဲကို ပြန်သွား ခဲ့ရတယ်။

ဟဲလျန်ချန်း က အနောက်ကနေ တိတ်တိတ်လေး လိုက်သွားကာ အထဲကို အရင်ချောင်းကြည့် ပြီးမှ သူ့ရဲ့ ကိုယ်ကို ဆင့်ခေါ်လိုက်တယ်။

စီးထူယန် က အိပ်ခန်း တံခါးကို ဖွင့်ပြီးတော့ အိပ်ယာပေါ်ကို သွားလိုက်တယ်။

အဲ့ဒါပြီး သွားပြီပဲ ဖြစ်လေတယ်။

အလှလေး တစ်ယောက် ဆိုတာက ကောင်းချီးပဲ။

ဒါပေမယ့် နှစ်ယောက် ဆိုရင်တော့ တကယ်ပဲ ကိုင်တွယ် ရတာ မလွယ်ကူဘူး။

သက်ပြင်းချ နေရင်းနဲ့ သူက အိပ်ယာ ရှေ့ကို လမ်းလျောက် သွားပေမယ့် သူ့ရဲ့ ခြေလှမ်းတွေက ရုတ်တရက် ပဲ ရပ်တန့် သွားခဲ့လေတယ်။

သူ့ရဲ့ လေကာ အဖြူ ပိတ်စ ကျဲ ပေါ်မှာ အနက်ရောင် အရိပ် တစ်ခု ထင်ဟပ် နေတာကို တွေ့လိုက် ရလေတယ်။

လေတွေ ကလည်း တိုက်ခတ် နေပြီးတော့ အခန်းရဲ့ အလင်းရောင် ကလည်း မှေးမှိန်နေကာ လိုက်ကာ ရဲ့ အနောက် အိပ်ယာပေါ်မှာ တစ်ယောက် ယောက် ထိုင်နေသလို မျိုး ဖြစ်နေခဲ့တယ်။

စီးထူယန် က ချက်ချင်း ပဲ နိုးကြား သွားပြီးတော့ ရပ်တန့်လိုက်ကာ စူးရှစွာ အော်ဟစ်လိုက်တယ်။

'' အထဲမှာ ဘယ်သူလဲ? ''

သူ့စကားတွေ ထွက်ကျ ပြီးသွားတာနဲ့ အနက်ရောင် အရိပ်က လှုပ်ရှားသွားကာ မတ်တပ်ထရပ် လာတယ်။ ပြီးတော့ ဖြေးဖြေးချင်း ပဲ ရှေ့ဆက်လျောက် လာကာ လေကာ လိုက်ကာ စ ကို ဖြတ်ပြီးတော့ သူ့ရဲ့ ရုပ်သွင် အမှန်ကို တဖြေး​ဖြေး နဲ့ ဖော်ပြ လာခဲ့ လေတယ်။

'' မြွေ အရှင်မင်းကြီး! ?''

စီးထူယန် က အနောက်ကို ပြန်ဆုတ် သွားခဲ့ လေတယ်။ ​ဒါက သူမမျှော်လင့် ထားဆုံး လူပဲ ဖြစ်တယ်။

ဒါပေမယ့် မကြာခင်မှာပဲ သူက ထပ်ပြီးတော့ တွေးမိ ပြန်တယ်။ သူက အစောက စုယွမ် အတွက် မြွေဒျန်တန် ကို ထုတ်ပေးဖို့ မြွေဘုရင် ကို စဥ်းစား ခိုင်းခဲ့တာ ကိုပေါ့။

အခု သူ့ကို မြွေဘုရင် က လာတွေ့တာ ကိုတွေ့တော့ သူ့ရဲ့ အတွေးတွေက ရှင်းလင်း သွားကာ သူက ပဲ အရင်ဆုံး နှိပ်စက်ဖို့ လက်ဦးမှု ရယူ လိုက်တယ်။

သူက ဒီငွေရောင်မြွေ က အရင်တုံး ကလို အင်အားကြီး သန်မာတဲ့ ငွေရောင် မြွေ မဟုတ်တော့ ဘူးဆိုတာကို သူတကယ် ထင်မိလေတယ်။

'' အဲ့ အကြောင်းကို စဥ်းစားပြီး ပြီလား? ''

စီးထူယန် ရဲ့ အမူအရာ တွေက ပြန်လည် တည်ငြိမ် သွားပြီးတော့ ဟဲလျန်ချန်း ကို အပြုံးလေး နဲ့ ကြည့်လိုက် လေတယ်။

ဟဲလျန်ချန်း က တစ်ခဏ ကြောင်အ သွားလေတယ်။ အခုချိန်မှာ သူက သေလုဆဲဆဲ အခြေအနေ ကို ကျရောက် နေပြီ ဆိုတာ ကို သူနားမလည်ဘူး လား။

ဒီမြွေနီ ကတော့ သုတ်ပိုးတွေ ခေါင်းထဲ ရောက်သွားလို့ အခုချိန်ထိ တုံးအ သွားတာလား ဘာလားပဲ။

'' စဥ်းစား ပြီးသွားပြီ ''

ဟဲလျန်ချန်း က အရိုးသားဆုံး နဲ့ ခေါင်းငြိမ့် ပြလိုက်တယ်။

သူက ဒီမြွေနီကို ဘယ်လို မျိုးနဲ့ သေခိုင်းရ မလဲ ဆိုတာကို စဥ်းစား ပြီးသွားပြီ ပဲ ဖြစ်လေတယ်။

ဒီကောင်က မဆိုးဘူး လို့ ပြောလို့ ရပေမယ့် သူ့ရဲ့ ချစ်လှစွာသော မိန်းမ လေး ပေါင်ပေ့ လေးကို ထိရဲ မှတော့ သူက သေဖို့ ထိုက်တန် နေပြီလေ။

စီးထူယန် က အခုချိန်ထိ သဘောမပေါက် ဆဲ ဖြစ်နေ သေးတယ်။ သူက ဟဲလျန်ချန်း ရဲ့ စကားကို ကြားလိုက် ရတော့ သူက ပရမ်းပတာ ပြုံးရယ် လိုက်တယ်။

'' ဟားဟား ။ တကမ္ဘာလုံး ကို လွှမ်းမိုးချုပ်ကိုင် နိုင်ပြီးတော့ ရက်စက် တဲ့ မြွေဘုရင် ကလည်း တစ်နေ့မှာတော့ ငါ့ဆီမှာ နှိမ့်ချ ဆက်ဆံ ခံရ လိမ့်မယ်လို့ ငါလုံးဝ ကို မမျှော်လင့် ထားတာကွာ ''

'' မင်းပြောလို့ ပြီးပြီလား ?''

ဟဲလျန်ချန်း ရဲ့ အေးစက်တဲ့ အသံက ထွက်လာ ခဲ့တယ်။

'' ပြီးပြီ? ''

နောက်ဆုံးမှာတော့ လေသံက အတော်လေးကို မူမမှန် နေဘူး ဆိုတာ ကို စီးထူယန် ရိပ်မိ သွားပါပြီ။ ပြီးတော့ သူက သေချာပြင်ဆင်ထား ကာ  ဟဲလျန်ချန်း ကို အံ့သြ တကြီး နဲ့ ကြည့်လိုက်လေတယ်။

ဒါပေမယ့် မကြာခင်မှာပဲ သူ့မျက်နှာပေါ် က အကြည့်တွေက အကြောက်တရား တွေနဲ့ ပြည့်သွားလေတယ်။ ဘာလို့လဲ ဆိုတော့ သူ့တစ်ကိုယ်လုံး လှုပ်ရှားလို့ မရတော့ လို့ပါပဲ။ သူ့ရဲ့ မျက်လုံး အစုံ ကသာ အကြောက်တရား တွေနဲ့ ရွေ့လျား နေခဲ့ လေတယ်။

ဒါက ဘယ်လို လုပ် ဖြစ်နိုင်မှာ တဲ့လဲ?

ဟဲလျန်ချန်း က မသန်မစွမ်း ဖြစ်သွား ပြီးသား မဟုတ်ဘူး လား?

အခု သူ့ရှေ့မှာ ရပ်နေတဲ့ လူက ရက်စက်တဲ့ အရှိန်အဝါ အပြည့် ရှိပြီးတော့ လုံးဝကို အသူရာချောက်နက် ကြီးလို မတွေးနိုင်အောင် ကို အရင်က ဒဏ်ရာ ရနေတာ ထက် ပိုပြီးတော့ တောင်း သန်မာ နေခဲ့လေတယ်။

ဆိုတော့ ဒီဟဲလျန်ချန်း က အမြဲတမ်းပဲ အဆင်ပြေ နေခဲ့တာပေါ့လေ။

အဲ့တာဆို အရင်က ဟာတွေက ဟန်ဆောင် နေခဲ့တာ လား?

ဒါပေမယ့် ဘာလို့ သူက အဲ့လို ဟန်ဆောင် နေစရာ အကြောင်း ရှိလို့လဲ?

စီးထူယန် က ဟဲလျန်ချန်း တစ်ယောက် ဟန်ဆောင် နေတယ်လို့ တစ်ခါမှ သံသယ မဝင်ခဲ့ ဘူးပါပေ။ ဘာလို့လဲ ဆိုတော့ ဟဲလျန်ချန်း က အလွန်အမင်း ကို မာနကြီး တဲ့ အပြင် ဘယ်တော့မှလဲ ဟန်ဆောင် နေဖို့ လဲ စိတ်မဝင်စားတဲ့ လူဖြစ်နေတာ ကြောင့် ဖြစ်လေတယ်။

ဒါ့အပြင် သူ့ရဲ့ သိုင်းပညာနဲ့ ကျင့်ကြံမှု က မြင့်မားတဲ့အတွက်ကြောင့် ဘာမှ ဟန်ဆောင် နေဖို့မလို အပ်ဘူးလေ။

စီးထူယန် က ဒီလိုမျိုး ဖြစ်နေလိမ့်မယ် လို့ သူ့နှလုံးသား ထဲမှာ တစ်ခါမှ သံသယ မရှိဘူးတာ အမှန်ပင် ဖြစ်တယ်။ တွေးနေချိန်မှာ သူ့ရဲ့ ကိုယ်ကို ဓား သေးသေး လေးတွေ နဲ့ ခုတ် ပိုင်း သွားသလို  ကို စီးထူယန် ခံစား မိလိုက်တယ်။

သူ့ရဲ့ မသေမျိုး ဝိဉာဉ် ရဲ့ အနားမှာဆိုရင် ပင်အပ်လေး တွေနဲ့ ထိုးသလို မျိုးကို စီးထူယန် ခံစား နေရတာ ပဲ ဖြစ်လေတယ်။

ထိုကဲ့သို့ နာကျင်မှု မျိုး က သူ့ရဲ့ စိတ်ဝိဉာဥ် အတွင်းပိုင်းထိ ရောက်လာတော့ သူ့ခမျာ အခုချက်ချင်း ပဲ သေသွားဖို့ ရာအတွက် သာ ဆန္ဒ ရှိတော့တယ်။

ဒါပေမယ့်လည်း အကူအညီ အတွက် သူ အော်ပြီး မခေါ်ရဲတဲ့ အပြင် အကူအညီ ခေါ်လည်း အဆင်ပြေ မှာ မဟုတ်တာကို သိတဲ့ အတွက်ကြောင့် ထို လူမဆန်တဲ့  နာကျင်မှုကို တိတ်တိတ်လေး ပဲ ကြိတ်ခံ နေရလေတယ်။

အချိန် က အရမ်းကြာကြီး ဖြစ်နိုင်သလို သိပ်မကြာ သေးပဲ ဖြစ်နိုင်ပေမယ့် စီးထူယန်ရဲ့ မျက်လုံးတွေ ကတော့ နီရဲနေကာ သူ့ရဲ့ ကိုယ်ပေါ်က အေးစက်နေတဲ့  ချွေးတွေက တော့ မြေပြင်ပေါ်မှာ ရေအိုင်ငယ်လေး တစ်ခုလို အိုင်ထွန်း နေခဲ့ ပြီပဲ ဖြစ်လေတယ်။

အဆုံးမှာတော့ ဟဲလျန်ချန်း က သူ့ကိုယ်ကနေ သွေးတစ်စက် ထုတ်ကာ စီးထူယန် ရဲ့ နဖူး တည့်တည့်ဆီ ပို့လိုက်ကာ စိတ်ဝိဉာဥ် ထဲကို ရိုက်သွင်း လိုက်တယ်။ ပြီးတော့ သူ့က လက်ဟန် လုပ်ကာ စည်းတံဆိပ် ခပ်နှိပ်လိုက် လေတယ်။

စီးထူယန် ရဲ့ ကြောက်လန့်မှုနဲ့ အဆင်မပြေတဲ့ ငေးကြည့်နေ မှုရဲ့ အောက်မှာပဲ သခင်နဲ့ ကျွန် စာချုပ်က ဖွဲ့တည် လာလေတယ်။

အခုချိန် က စလို့ ဟဲလျန်ချန်း ကသာ သူ့ကို သေစချင်တယ် ဆိုရင် တစ်ခဏ တွင်းမှာပဲ သူသေ ရတော့ မှာသာ ဖြစ်လေတယ်။

သူက ဘာဒဏ်ရာ မှ မရှိပဲ သေနိုင်တယ်။ ဟဲလျန်ချန်း သေသွားရင်တောင်မှ သူကပါ ချက်ချင်း လိုက် သေရတော့မှာ ပဲ ဖြစ်လေတယ်။

နတ်ဘုရား က ဒီကမ္ဘာပေါ်ကို ဆင်းသတ်လာ ရင်တောင်မှ ထို စာချုပ်ကို မဖျက်ဆီး နိုင်တော့ ပါပေ။

စီးထူယန် က အရိုးတွေ အကုန်ထုတ်ခံ လိုက် ရ သလို အားတွေ အကုန် ယုတ်လျော့ သွားကာ မြေပြင်ပေါ်မှာ လဲလျောင်း နေရလေတယ်။ သူက ကိစ္စတွေ အများကြီး လုပ်ပြီး သွား ပြီးတော့ အကြိမ်ပေါင်းများစွာ ကြံစည် ခဲ့ပေမယ့် နောက်ဆုံးတော့ ဒီလို ရလဒ်ကိုပဲ ကြုံခဲ့ ရတယ်။

'' ငါနဲ့ အတူ ပူးပေါင်းဆောင်ရွက် စမ်း။ မဟုတ်လို့ ကတော့ ငါက မင်းကို သေခွင့်မပေးဘူး။ အဲ့တာ ထက် ပိုဆိုးတာ ကို ခံစား ရစေမယ် ''

ထိုကိစ္စက အမှန်ပင် ဖြစ်လေတယ်။ သခင် တစ်ယောက် ရဲ့ အတွေးနဲ့တင် ကျွန်ကို နာကျင်အောင် လုပ်နိုင်လေတယ်။ ဒါကြောင့် သူ့ကို သေတာ ထက် ပိုဆိုးတာ ကို ခံစား ရစေမယ် ဆိုတာ က တကယ်ကို အမှန် ​ပဲ ဟဲလျန်ချန်း က လုပ်နိုင် လေတယ်။

အခုချိန် က စပြီးတော့ စီးထူယန် ရဲ့ သေခြင်း ရှင်ခြင်းသာ မက ဟဲလျန်ချန်းရဲ့ စကားတိုင်း ကို အမြဲထာဝရ နာခံ ရတော့မှာ ပဲ ဖြစ်လေတယ်။

'' ဘာကြောင့်လဲ? ''

တကယ်လို့ သူသာ သန်မာတယ် ဆိုရင် ဘာကြောင့် များ မသန်မစွမ်း တစ်ယောက် လို ဟန်ဆောင် ရတာလဲ?

'' စုယွမ် ''

ထိုစကား နှစ်လုံး နဲ့တင် အဲ့တာက ပြီးပြည့်စုံတဲ့ အဖြေ တစ်ခု  ဖြစ်နေ ပါပြီ။

စုယွမ် ရဲ့ အချစ်အတွက်၊ စုယွမ် က သူ့ဘေးနားမှာ ထာဝရ နေစေဖို့ အတွက်၊ စုယွမ် က သူနဲ့ အတူတူ ကောင်းစွာ ရှိနေ ဖို့အတွက် သူက ဘာကို မဆို လုပ်နိုင်လေတယ်။

စီးထူယန် က သူ့ရဲ့ မျက်လုံးတွေကို မယုံကြည် နိုင်စွာ ပြူးကျယ် ထားမိလေတယ်။

စုယွမ် က တကယ့် အလှလေး တစ်ယောက်ဆိုတာ ကို သူဝန်ခံ ပေမယ့် စုယွမ် က ယောကျာ်းကြီးလေ။ ပြီးတော့ စုယွမ်ရဲ့ ရုပ်ရည် ကလည်း ထိပ်တန်း အဆင့်မှ မဟုတ်တာ။

အခုလိုမျိုး ကြီးကျယ်ပြီး အထက်ဆီး ဆန်တဲ့ မြွေဘုရင် ကတောင် တန်းတန်းစွဲ ဖြစ်အောင် ဘယ်လိုများ လုပ်လိုက် နိုင်တာလဲ?

( ကလေးအမွှာလေး မွေးပေးလိုက်ပါ 🤣🤣)

'' ဒီနေ့ည ဘာမှ မဖြစ်ခဲ့ သလိုပဲ သဘောထား ပြီးတော့ အရင်ကအတိုင်း ဆက်ဆံ ကြားလား။ နောက်ကျ ရင်ဘာလုပ် ရမလဲ ဆိုတာ ကို ငါမင်းကို ပြောပြ မယ် ''

ထိုစကား ကိုလည်း ပြောပြီးတာနဲ့ ဟဲလျန်ချန်း တစ်ကိုယ်လုံး က ပျောက်ကွယ် သွားတော့တယ်။

( စပရိုက် မားသားဖာကား ပါ စီးထူမြွေနီရေ 🤣🤣)

.....................................................

Continue Reading

You'll Also Like

650K 33.1K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
242K 31.8K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
15.2K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
23.5K 964 4
Growl company ရဲ့သူဌေးဖြစ်တဲ့ Oh Sehun နဲ့ Growl company ကိုအလုပ်လာလျှောက်တဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ LuHan