(24.6)
'' ငါတို့တော့ ငွေပြတ်သွားပြီ ''
အမျိုးသမီး က ပြောလိုက်တယ်။
ကျောက်ချင် က သူသယ်လာတဲ့ ပစ္စည်းတွေ ကို ချ လိုက်တယ်။ ပြီးတော့ သူသယ်ဆောင်လာတဲ့ ထဲက တစ်စုံတစ်ခု ကိုထုတ် လိုက်ပြီးတော့ အဲ့ထဲကနေ ငွေ၂ တုံး နဲ့ ကြေးပြား အနည်းငယ် တို့ကို ထုတ်လိုက်လေတယ်။
'' ငါတို့မှာ ငွေ တစ်ချို့ ရှိနေသေးတယ်။ ငါတို့ကို သယ်ပို့ပေးမယ့် နွားလှည်း သမား ကို ရှာကြ ရအောင်။ ပစ္စည်းတွေ က အရမ်း များလွန်းတာကြောင့် ငါတို့ချည်းပဲ ပြန်သယ်သွားရင် အဆင်ပြေမနေဘူး။ ဒါကို ယူလိုက်ပါ။ မနည်းပါဘူး ''
'' ကောင်းပြီ ''
ကျောက်ချင် က လှည်းသမား ကို ရှာဖို့ သွားပြီးတော့ နှစ်ယောက် သားစျေးညှိနှိုင်းခဲ့ ကာ လူနည်းနည်းနဲ့ ထွက်ဖို့ တစ်ယောက်ကို ၁၀ ပြားဆီ ပေးလိုက် ရတယ်လေ။ သူက အဲ့တာကို ပေးချေ လိုက် ပြီးတော့ သူတို့ရဲ့ ပစ္စည်းတွေ ကို အဲ့ပေါ်အကုန် တင်ကာ သူတို့တွေက လှည်းပေါ်ကို တက်လိုက် ကြတော့လေတယ်။
လှည်းပေါ်က ပစ္စည်းတွေ ကိုတွေ့တော့ အမျိုးသမီး က ပြုံးကာ ပြောလိုက်တယ်။
''ငါဆို နှစ်ကူး အတွက် တောင်မှ ဒီလောက် များတဲ့ ပစ္စည်းတွေ တစ်ခါမှ မဝယ်ဘူးဘူး။ ''
'' ငါတို့က နှစ်သစ်ကူး ပစ္စည်းတွေ ဝယ်ဖို့ ထွက်လာတာ နဲ့ တူမနေဘူးလား''
ဟော်ဆန်းအာ က သူ့ရဲ့ နဖူးပေါ် က ချွေးတွေကို သုတ်လိုက် ပြီးတော့ ထိုအမျိုးသမီးနောက်က နေ သံယောင်လိုက်ကာ မေးလိုက်လေတယ်။
ကျောက်ချင် ကတော့ စာရင်းကိုင် ကို သူဘယ် ပစ္စည်း ပေါ်မှာ ဘယ်လောက် သုံးခဲ့တယ် ဆိုတာ ကို ရှင်းပြ နေပြီးတော့ တစ်မျိုးပြီး တစ်မျိုး စာရွက်ပေါ်မှာ စာရင်း မှတ်သားနေစေ လေတယ်။ ဒါမှသာ သူ အဲ့ကို ပြန်ရောက်တဲ့ အခါ လူတိုင်းနဲ့ ငွေကြေး ကိစ္စတွေ ရှင်းလင်း နေမှာ ပဲ ဖြစ်လေတယ်။
ဆောင်းရာသီ က နေ့တာ တိုပါတယ်။ သူတို့က လှည်းဆရာကို လမ်းမှာ မြန်မြန်လေး မောင်းပေးဖို့ နိုးဆော် ခဲ့ပေမယ့် သူတို့ လှေနဲ့ သိပ်မကွာတော့ တဲ့ နေရာ အရောက်မှာတော့ ကောင်းကင် ကြီး က အတော် မှောင်နေ ပြီပဲ ဖြစ်လေတယ်။
လှည်းဆရာ ခမျာ ထိုလမ်းကို ခက်ခဲစွာနဲ့ မောင်းလာ ခဲ့ရလေတယ်။ တောင်လမ်း တစ်ဖက် က ရေတွေ ပြည့်နေတဲ့ ဧရိယာ ကြီးကို ကြည့်မိတော့ ထို လူလေးယောက် က သူတို့ နေထိုင်ရာ ဆီကို ဘယ်လိုတောင် ပြန်ပြီး လှေလှော်သွား မလဲ ဆိုတာက်ို သူမသိ တော့ပါပေ။
လှည်းသမား ကလည်း ပြန်ရမှာ ဖြစ်တဲ့ အတွက် အမြန်ပဲ ပြင်လိုက်ကာ သူတို့နဲ့ အတူ စကား တွေ ပြောမနေတော့ပဲ သူတို့ရဲ့ အထုပ်တွေကို ကူပြီးတော့ ချ ပေးလိုက်လေတယ်။
လူလေးယောက် က အလုပ်တာ ဝန် ကိုယ်စီ ခွဲ ပြီးတော့ ပစ္စည်းတွေကို လှေရဲ့ တစ်ခြား တစ်ဖက်မှာ တင်ကြလေတယ်။
ဟော်ဆန်းအာ က ပစ္စည်းတွေ စုပုံတင် နေရင်းနဲ့ လှေရဲ့ဖင်ပိုင်း ကို စစ်ဆေး နေတဲ့ ကျောက်ချင်ကို တွေ့တော့ ပြောလိုက်တယ်။
'' မင်း ဘာလုပ်နေတာ လဲ? လှေပေါ်ကို ပစ္စည်းတွေ မြန်မြန် တင်လေကွာ။ မကြာခင် မှောင်လာတော့မှာ ကွ။ ငါတို့ လှေအမြန် ပြန်လှော် သွားကြ မယ်''
'' လှေကို ခြေတွေ လက် တွေနဲ့ တွန်းထုတ် ရအုံးမယ်လေ ''
ကျောက်ချင် က မတ်မတ် ရပ်နေ ပြီးတော့ သူ့ရဲ့ မျက်နှာ ကလည်း တည်ငြိမ်နေခဲ့ လေတယ်။ ဟော်ဆန်းအာ က သူ့လက်ထဲက ဟာကို နေရာ တကျ ချလိုက် ပြီးတော့ ခြေလှမ်း အနည်းငယ် နဲ့ လျောက်သွား လိုက်ကာ လှေနောက်ပိုင်း ကို သွားကြည့်လိုက်တယ်။
'' ဘာဖြစ်တာ လဲ။ လှေက ငါတို့လာတုံး ကတောင်မှ အဆင်ပြေ နေသေးတယ် မဟုတ်လား ''
'' လှေနဲ့ ပတ်သက်ပြီး ဘာမှား နေလို့လဲ? ဒါက အသေးလေး လာပြီးတော့ ဖောက်သွားတာ နဲ့ တူတယ်။ တကယ်လို့ ငါတို့သာ အဲ့တာကို မမြင်ပဲ သွားလိုက်မယ်ဆို ငါတို့တော့ သွားပြီပဲ! ''
စာရင်းကိုင် က ဒေါသ ထွက်စွာနဲ့ ပြောလိုက်တယ်။
'' ဒါက အရမ်း ရက်စက် ယုတ်မာ တာပဲ! ဒါကို ဘယ်သူလုပ်သွားတာ လဲ မသိဘူး။ သူတို့က တစ်ယောက် ယောက် ကိုများ အသေ သတ်ချင်နေတာ လား မသိဘူး! ''
ကျောက်ချင် က မြေကြီးပေါ်မှာ လူတွေ အများကြီး လာပြီးတော့ ထွက်သွား တဲ့ ခြေရာတွေကို တွေ့လိုက် ရလေတယ်။
ခြေရာတွေက လှေကို ဦးတည် သွားတာ ကို သတိပြုမိ လိုက်လို့ ကျောက်ချင် က သတိ ထား မိသွားတာ ဖြစ်လေတယ်။ ပြီးတော့ ဘယ်သူတွေ လုပ်သွား သလဲ ဆိုတာက ပြောနေစရာတောင် မလိုပဲ သိနိုင်ပါတယ်။
'' ရှားယု ရွာက လူတွေက တကယ်ပဲ ဂရုစိုက် နေ ကြတာ ပဲကိုး ''
ဟော်ဆန်းအာ က ရွံ့စေး မြေပေါ်ကို လက်သီးစုပ်နဲ့ ပြင်းထန်စွာ ထိုးချ လိုက်လေတယ်။
'' အကြောင်းပြချက် မေးဖို့ အတွက် ငါအဲ့ရွာသား တွေကို သွားရှာမယ်! ''
'' မင်း သူတို့ဆီက အကြောင်းပြချက် သွားတောင်း လဲ အဆင်ပြေ လာမယ်လို့ ထင်နေတာလား?''
ကျောက်ချင် က ဒေါသ တအား ထွက်နေတဲ့ ဟော်ဆန်းအာ ရဲ့ လက်ကို ဆုပ်ကိုင်ထားလိုက်တယ်။
'' ငါတို့ လှေကို ပြန်ပြင်ဖို့ နည်းလမ်း ရှာရမယ်။ မကြာခင်ပဲ အဲ့တာ က အရမ်း မှောင်လာတော့ မှာ ''
..............
'' ဘာလို့ သူတို့က အခုချိန်ထိ ပြန်မရောက် လာကြ သေးတာလဲ? ဒီနေ့မှ ပဲ အရမ်းကို မှောင်နေတယ်ရော! ''
ဂူထဲက လူတွေက သူတို့ရဲ့ လည်ပင်း တွေကို ဆန့်တန်းကာ ဂူအပြင် ဘက်ကို မကြာခဏ လှမ်းကြည့် နေကြ လေတယ်။
'' မတော်တဆ တစ်ခုခုတော့ ဖြစ်နေတာ တော့ မဟုတ်လောက် ပါဘူးနော် ''
ကျိုးကောအာ က ဂူအပြင်မှာ ရပ်နေခဲ့ လေတယ်။ သူက အကြိမ်ပေါင်း များစွာ လမ်းပတ်လျောက် ပြီးပြီ ပဲ ဖြစ်လေတယ်။
သူက ဂူထဲကို ပြေးဝင် သွားပြီးတော့ ပြောလိုက်လေတယ်။
'' ငါအပြင် သွားပြီးတော့ တောင်ပေါ်ကို တစ်ချက်သွား ကြည်ချင်တယ်။ ''
'' ကျိုးကောအာ အရမ်းကြီးလည်း စိတ်မပူပါနဲ့။ အဆုံးမှာတော့ စျေးကို သွားတဲ့ လမ်းက ရှည်လျားတယ်လေ။ ပြီးတော့ နောက်ကျ တာက ပုံမှန်ပါပဲ။ ညပိုင်းမှာ အပြင်မထွက်နဲ့ မင်းရဲ့ ခြေထောက်တွေ ပြန်နာ ကျင်ရ လိမ့်မယ်။ အဲ့လိုသာဆို ကျောက်ချင် ပြန်လာရင် ငါတို့က သူ့ကို ဘယ်လို ရှင်းပြ ရတော့မှာလဲ ''
'' ဟုတ်တယ် ၊ ဟုတ်တယ်! ''
လူတိုင်း က စိတ်ပူနေကြ စဥ် အတွင်းမှာ ကျိုးကောအာ က ပိုပြီးတော့ စိတ်ပူ နေတယ် ဆိုတာကို သူတို့တွေ သိလိုက် ရလေတယ်။ ဒါကြောင့် သူတို့က ကျိုးကောအာ ကို နှစ်သိမ့်ပေး နေကြလေတယ်။
'' တကယ်လို့ သူတို့သာ မင်းတို့ရဲ့ ငွေတွေကို ယူပြီးတော့ ထွက်ပြေးသွားတယ် ဆို အဲ့တာ က ပိုလို့တောင် ရယ်စရာ ကောင်းနေ အုံးမှာ ''
ထိုစကားကို ပြောလိုက်တဲ့ လူကတော့ ရွယ်ယောင် ပဲ ဖြစ်လေတယ်။ အဲ့လူက သူတို့ရဲ့ ဂူဘေးနား ကနေ ဖြတ်သွား ပြီးတော့ သူတို့ ပြောနေတာ တွေကို ကြားသွား လို့ပဲ ဖြစ်လေတယ်။ ရွယ်ယောင် က သေလုနီးပါး အရိုက်ခံထား ရလို့ ဒဏ်ရာတွေ ရှိနေဆဲ ဖြစ်ပေမယ့် လမ်းလျောက် တာနဲ့ ပတ်သတ်လို့တော့ သိပ်ပြီး ပြဿနာ မရှိပါပေ။
သူပြောတာ ကို ကြားလိုက် ရတဲ့ အခါ လူတိုင်း က စိတ်ပျက် သွားကြလေတယ်။
'' ရွယ်ယောင် ၊ ကျောက်ချင် မရှိရင်တောင်မှ ဂူထဲက လူတွေက မင်းကို မရိုက်ရဲ ဘူးလို့များ မင်းထင်နေသလားကွ! ''
ရွယ်ယောင် က ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
'' ငါက ဒီတိုင်းပဲ စကားကို သာမန်ကယလျှံကာ ပြောလိုက်တာကို။ ဘုရားရေ။ အခုတောင် အရမ်းမှောင်နေ ပြီကို သူတို့ရဲ့ အရိပ်အယောင်တောင် အခုချိန်ထိ မမြင်ရသေးဘူး နော်။ မင်းတို့က သူတို့ကို မင်းတို့ရဲ့ ငွေတွေ ပေးလိုက်တယ်။ သူတို့က လှေလေးနဲ့ ထွက်သွား ပြီးတော့ စျေးကို ရောက်တယ်။ ပြီးတော့ သူတို့ သောက်စား နေကြတာ နေမှာပေါ့။ ပြီးတော့ အနွေးထည် အထူတွေ ကိုတောင် ဝယ်ဝတ် နေကြ အုံးမှာ။ ဘယ်သူ က တောင်ပေါ်ကို ဒုက္ခ ခံဖို့ ပြန်လာချင် ကြမှာတဲ့လဲ? လူတွေကို အမှန်တိုင်း ပြောပြလိုက် စမ်းပါ ''
ဘယ်သူကမှ ပြန်မပြောတာ ကိုတွေ့တော့ ရွယ်ယောင် က ထပ်ပြီးတော့ ပြောလိုက်တယ်။
'' မင်းတို့ ရဲ့ နှလုံးသား တွေက တကယ်ကြီး ကြီးတာပဲကိုး! ''
'' အကိုကျောက် က အဲ့လို လူမျိုး မဟုတ်ဘူး !''
ကျိုးကောအာ က ရွယ်ယောင် ကို အေးစက် စွာ အော်ပြီးတော့ ပြောလိုက်တယ်။
'' လူတိုင်းလည်း သိပြီးသား။ ငါတို့ရဲ့ စိတ်ထဲ မှာလည်း အဲ့တာကို သိပြီးသားပဲဟဲ့! ''
ဟော်လင်းလင်း ကလည်း အနောက် ကနေ လိုက်ပြော လိုက်တယ်။
'' ပြီးတော့ ပါသွားတဲ့ ငါ့ရဲ့ အကိုကြီး ကလည်း ဒီလို လူမျိုး မဟုတ်ဘူး ဆိုတာကို ငါယုံတယ် ''
ကျိုးကောအာ က ဂူထဲကို ရုတ်တရက် ပြေးဝင်သွားကာ ဝါးနဲ့လုပ်ထားတဲ့ မီးတုတ်ကို ယူလာခဲ့တယ်။
'' အခု က မှောင်နေပြီ။ တောင်ပေါ်ကို သွားပြီးတော့ သူတို့ ပြန်အလာကို သွားစောင့်နေမယ် !''
ကျိုးကောအာ က သွားပြီးစောင့်မယ် လို့ပြောလာတော့ ဂူထဲက လူတွေက အနည်းငယ် မသက်မသာ ဖြစ်သလို ခံစားလိုက် ရပြီးတော့ သတ္တိတွေ ရှိလာဟန် ပေါ်လေတယ်။
''အတူတူ သွားကြစို့! အမျိုးသမီး တွေက ဂူထဲမှာ နေခဲ့ ။ အမျိုးသားတွေ က သူတို့ကို စောင့်ဖို့ တောင်ဘေး ကို သွားကြမယ် !''
ကျိုးကောအာ က လူတိုင်းကို ကျေးဇူးတင်တဲ့ အကြည့် တစ်ခု ပေးလိုက်လေတယ်။ မီးတုတ်တွေ ထွန်းညှိ ပြီးတော့ အုပ်စုလိုက် တောင်ဘေး ကို ပြင်းထန်စွာ ချီတက် သွားကြလေတယ်။
ရွယ်ယောင် က မီးရောင် ကို ကြည့်လိုက်ကာ နှာရှုံ့လိုက် လေတယ်။
'' တုံးအ တဲ့ လူတစ်စုပဲ ''
ဂူထဲ မှာ ကျန်နေ ခဲ့တဲ့ အမျိုးသမီး တွေက ထွက်လာပြီး တော့ ကျိန်ဆဲ ကြလေတယ်။
'' မြန်မြန် လေး ငါတို့ ဂူအရှေ့ ကနေ ထွက်သွားစမ်း! ငါတို့ ဂူအရှေ့ကို လာပြီးတော့ လှည့်ပတ် မနေစမ်းပါနဲ့! ဘာများလဲ ၊ နင်က ငါတို့ ဆီကနေ တစ်စုံတစ်ခု ကို ထပ်ပြီး အတင်းလုယူ ချင်နေ သေးတာလား။ ငါတို့က လူပိုများတယ်နော်! ''
ရွယ်ယောင် က လည်ပင်းကို ကျုံ့ကာ သူ့ရဲ့ ဂူဘက်ဆီကို ဒေါသထွက်စွာ နဲ့ ပြန်သွားတော့တယ်။
.......................................................