တံငါသည် (BL)

By Kyiphyuswe

152K 22.5K 281

Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to... More

မိိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (1.3)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3. 2)
အပိုင်း (3.3)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5. 1)
အပိုင်း (5.2 )
အပိုင်း (5. 3)
အပိုင်း (6.1)
အပိုင်း (6. 2)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (8. 1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12. 1)
အပိုင်း (12.2)
အပိုင်း (13. 1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14.2)
အပိုင်း ( 14. 3)
အပိုင်း (15. 1)
အပိုင်း (15.2)
အပိုင်း (16. 1)
အပိုင်း (16.2)
အပိုင်း (16. 3)
အပိုင်း (17. 1)
အပိုင်း (17. 2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19 .1)
အပိုင်း (19.2)
အပိုင်း (20.1)
အပိုင်း (20.2)
အပိုင်း (21.1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22. 2)
အပိုင်း (23.1)
အပိုင်း (23. 2)
အပိုင်း (24. 1)
အပိုင်း (24.2)
အပိုင်း (24.3)
အပိုင်း (24.4)
အပိုင်း (24.6)
အပိုင်း (25.1)
အပိုင်း (25.2)
အပိုင်း (25.3)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း (27.1)
အပိုင်း (27.2)
အပိုင်း (28.1)
အပိုင်း (28.2)
အပိုင်း (29.1)
အပိုင်း (29.2)
အပိုင်း (29.3)
အပိုင်း (30.1)
အပိုင်း (30.2)
အပိုင်း (31. 1)
အပိုင်း ( 31.2)
အပိုင်း (32.1)
အပိုင်း (32.2)
အပိုင်း (33.1)
အပိုင်း (33.2)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35.2)
အပိုင်း (35.3)
အပိုင်း (35.4)
အပိုင်း (36.1)
အပိုင်း (36.2)
အပိုင်း (37.1)
အပိုင်း (37.2)
အပိုင်း (38.1)
အပိုင်း (38.2)
အပိုင်း (38.3)
အပိုင်း (39.1)
အပိုင်း (39.2)
အပိုင်း (39.3)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (40.3)
အပိုင်း (41.1)
အပိုင်း (41.2)
အပိုင်း (41.3)
အပိုင်း (41.4)

အပိုင်း (24.5)

1K 165 1
By Kyiphyuswe

(24.5)

ကျောက်ချင် က တံခါး ဘောင် ကနေ တံစဥ်ကို ဆွဲနှုတ်လိုက်ကာ ဟော်ဆန်းအာ နဲ့ တစ်ခြား လူတွေ နောက်ကို လိုက်သွားကာ ရှားယု ရွာထဲ ကနေ ရန်လိုစွာနဲ့ ထွက်သွား ခဲ့လေတယ်။

'' ဒါက အရမ်းကို အရှက်မဲ့တာပဲ။ သူ့ကသာ ငါတို့ ရဲ့ ရွာထဲကို အမြန်ပြေး ဝင်လာတာ လေ။ ''

သူတို့တွေ ထွက်သွားတဲ့ အချိန်မှသာ ရွာသား တွေက စကားပြောရဲ ကြကာ ဆူညံဆူညံ လုပ်ရဲ ကြလေတယ်။

အမျိုးသမီး ခမျာ တော့ ဒေါသတွေ ကြောက်ရွံ့မှုတွေ အပြည့်နဲ့ ရွာထဲ ကနေ ထွက်လာ ခဲ့ ရလေတယ်။

''ငါ စိတ်မကောင်း ပါဘူး ဒါပေမယ့် ကျောက်ချင် က သူတို့ကို ပြန်ပြီး ဖြဲခြောက် နိုင်ခဲ့တယ်။ ရှားယုရွာ ထဲက လူတွေက ဒီလောက်အထိ အကျိုးကြောင်း ဆင်ခြင်မှု မဲ့လိမ့်မယ် လို့ ငါ မထင်ထား မိခဲ့ဘူး ။ ငါ က ပွင့်နေတဲ့ တံခါး ကို အသံ ကြားအောင် ခေါက်ပြီး သွားတော့မှ ခြံဝင်း ထဲကို ဝင်သွား ခဲ့တာလေ။ ငါ ဝင်သွားတဲ့ အခါမှာလည်း တစ်စုံတစ်ယောက် ကို အော်ခေါ် ခဲ့ပေမယ့် သူမက ငါ့ကို သူခိုးလို ဖမ်းဆီး ပြီးတော့ အော်ဟစ် ငိုယို နေခဲ့တာ လေ ''

ဟော်ဆန်းအာ က စိတ်အနှောင့်အယှက် ဖြစ်သွားလေတယ်။

'' ဒီလို ကိစ္စ ဖြစ်လာတဲ့ အတွက် သူတို့က ငါတို့ကို အပြစ်တင်လို့ မရဘူး။ သူတို့က သိပ်ကို လွန်တယ်။ သူတို့က လူ့ရေအတွက် ပိုများတာကို အခွင့်ကောင်း ယူပြီးတော့ ငါတို့ တံငါရွာသား တွေအပေါ် အနိုင်ကျင့်ဖို့ လုပ်တာ လေ။ ''

'' ကောင်းပြီ။ အခုတော့ အဲ့ကိစ္စ အကြောင်း  ပြောကြစို့ ''

'' သူတို့တွေက အသုံးမကျဘူး။ အမှန်ဆို သူတို့တွေ က လဲလှယ် ရောင်းချ ဖို့ ဆန္ဒ ရှိနေသမျှ ငါတို့က သူတို့ဆီ က ထိပ်ပိုင်း စားသောက် ကုန် တွေတောင် ဝယ်ဖို့ လုပ်ထားတာလေ။ ငါတို့ရဲ့ ပထမဆုံး ဦးစားပေး က စားသောက်ကုန် တွေ ရရှိဖို့ပဲ။ ပြီးတော့ အခု ငါတို့ စျေးကို သွားရလိမ့်မယ်။ ''

ကျောက်ချင် က လမ်းကြောင်းကို တစ်ချက် ကြည့်လိုက်တယ်။

'' ဒီနေရာမှာ နွားလှည်းတွေ ဘာတွေ မရှိဘူး ။ ငါတို့ဘာသာ ပဲ အဲ့ကို သွားရမယ် ထင်တယ်။ ''

ဟော်ဆန်း အာ က ပြောလိုက်တယ်။

'' ငါတို့ မြန်မြန်လေး သွားကြစို့။ တကယ်လို့ ငါတို့နောက် တစ်ရွာကို ရောက်တယ် ဆိုရင်တော့ ငါတို့ နွားလှည်း လမ်းကြုံစီးဖို့ တွေ့ရင် တွေ့မှာပေါ့ ''

လူတိုင်းက ဆွေးနွေးပြီးတာနဲ့ စတင် ထွက်ခွာ တော့တယ်။ ရွာ က ​စျေးနဲ့ ဆိုရင် အတော်လေး ကို ဝေးတယ်လို့ ပြောလို့ ရတယ်။ ပြီးတော့ လူတွေက စျေးကိုရောက်ဖို့ လမ်းမှာ တောင်တန်း တွေနဲ့ မြစ်တွေကို ကျော်ဖြတ် ဖို့ လိုသေးတယ်လေ။

တကယ်လို့ အဲ့တာ က သာ အဆင်မပြေခဲ့ရင် သူတို့တော့ ဒီနေ့ည ဂူဆီကို ပြန်မရောက် မှာကိုပဲ စိုးရိမ် ရတယ်လေ။

တစ်ချို့ အကွာအဝေး တွေကို လျော့ချ ဖို့ရာ အတွက် လူတိုင်း က သွားနေကြ လမ်းမ ကြီး ဆီကနေ မလျောက် ကြပဲနဲ့ လမ်းသွယ် လေးတွေ ကနေ လျောက် ကြလေတယ်။

ထိုဖြတ်လမ်း လမ်းသွယ်တွေက နွားလှည်း လမ်းမ ကြီးလောက်တော့ မချောမွေ့ ပေမယ့် ကံကောင်း တာ က သူတို့တွေ အကုန်လုံး က ရွာသူရွာသား တွေပဲ ဖြစ်တယ်လေ။ ပြီးတော့ လမ်းလျောက် ရတယ် ဆိုတာ က သူတို့ အတွက် တော့ ဘာမှကို မခက်ခဲတဲ့ အရာပဲ ဖြစ်လေတယ်။

လမ်းလျောက် ပြီး တစ်နာရီ ကြာတဲ့ နောက် အပြင်ထွက်တုံး ကတည်းက အေးနေ ဆဲ ဖြစ်တဲ့ သူ့ရဲ့ ကိုယ် ဟာ တဖြေးဖြေး နဲ့ ပူအိုက် လာခဲ့လေတယ်။ ဒါပေမယ့် သူတို့ နောက်တစ်ရွာကိုတော့ ရောက်သွား ခဲ့ပါပြီ။ သူတို့ နောက်တစ်ရွာဆီ ရောက်သွားတဲ့ အခါ ထိုရွာထဲမှာ လူသိပ်မရှိပဲ ရှားယု ရွာထက် လူဦးရေ ပိုနည်းတာ ကိုတွေ့လိုက် ရလေတယ်။

ပြီးတော့ အဲ့မှာ လယ်လုပ်ငန်း လုပ်ကိုင်တဲ့ ရွာသား ဦးရေ က အနည်းငယ် သာ ရှိလေတယ်။ ဘာလို့လဲ ဆိုတော့ ထိုရွာ က စျေးနဲ့ နီးတဲ့ အတွက်ကြောင့် ရွာထဲက လူတွေက စျေးထဲကို သွားပြီး အလုပ် ရှာကြ လို့ပဲ ဖြစ်လေတယ်။

သူတို့ စိုက်ပျိုးတဲ့ အစားအစာ တွေက သူတို့အတွက်ပဲ လုံလောက် လေတယ်။

ကျောက်ချင် တွေးမိတာ ကတော့ ဒီနေရာမှာ အစားအစာ ဝယ်ယူဖို့ ဆိုတာက လုံးဝ ကို မဖြစ်နိုင်ဘူး လို့ပေါ့လေ။

နောက်ဆုံးတော့ လူလေးယောက် ( *) ရဲ့ ကံကောင်းခြင်း တွေက တိုးတက် လာခဲ့လေတယ်။ သူတို့က စျေးကို ပို့ဆောင် ပေးတဲ့ နွားလှည်း တစ်စီး နဲ့ တွေ့ဆုံ ခဲ့တယ်လေ။ တစ်ယောက် ကို နှစ်ဆင့်ဆီ သာ ကျသင့်တာ ကြောင့် ပေးပြီးတော့ စျေးအထိ လိုက်သွား ကြတော့တယ်။

( * =ဘယ်လို ၄ ဖြစ်လဲ တို့လည်း မသိပါ)

ကိစ္စ အလှည့်အပြောင်း တွေ ဖြစ်ပြီးတဲ့နောက် သူတို့ က နေ့ခင်းပိုင်း အချိန်မှာ မှ စျေးထဲကို ရောက်လာ ကြလေတယ်။

လူတိုင်း က နွားလှည်းပေါ် ကနေ အမြန်ဆင်း လိုက်ကာ ဘာမှ မစားချင် ကြသေးတဲ့ အတွက်ကြောင့် သူတို့က အထောက်အပံ့ဖြစ်သော ပစ္စည်းတွေ ကိုသာ အမြန် သွားဝယ် ကြလေတယ်။

အမျိုးသမီးနဲ့ စာရင်းကိုင်က ဆန်၊ ခေါက်ဆွဲ နဲ့ ပြောင်းစေ့ တို့လို အစေ့အဆန် တွေကို သွားဝယ် ကြပြီးတော့ ကျောက်ချင် နဲ့ ဟော်ဆန်းအာ တို့ကတော့ အအေးကာကွယ်ဖို့ အတွက် ပစ္စည်းတွေ  နဲ့ လိုအပ်တဲ့ ကိရိယာ တွေကို သွားဝယ် ကြလေတယ်။  ပြီးတော့ တစ်နာ ရီ ကြာရင် စျေးရဲ့ ဝင်ပေါက်မှာ ပြန်ဆုံဖို့ သဘောတူ ခဲ့ ကြလေတယ်။

'' ငါတို့တောင် စျေးကို မရောက်ဖြစ်တာ အတော်လေး ကြာသွားပြီကွာ။ ပြီးတော့ ငါးတွေကို ရောင်းခဲ့ ရတဲ့ နေ့ရက်ဟောင်း တွေကို ငါ မှတ်မိ နေဆဲ ပဲကွ''

သူတို့ နှစ်ယောက် ငါးစျေးကို ဖြတ်ကျော်ခဲ့တဲ့ အခါ အဲ့နေရာမှာ ငါးရောင်းနေသူ တစ်ဦး နှစ်ဦးသာ ရှိလေတယ်။

တံငါရွာက ရင်းနှီး နေပြီးသား မျက်နှာ တွေ ကတော့ ဒီ​နေရာမှာ ရှိမနေ ခဲ့ပါပေ။

ဟော်ဆန်းအာ က မတက်နိုင်တော့ပဲ ခံစားချက်တွေ ရောထွေးနေကာ သက်ပြင်း ချ လိုက် မိလေတယ်။

ကျောက်ချင် က ပြောလိုက်တယ်။

'' အဲ့တာက နောက်အချိန် တစ်ချို့ဆို ကျော်ဖြတ် နိုင် ပါပြီကွ။ ငါတို့က တံငါရွာ ပြန်ဆောက် ပြီးသွားရင် ဒီနေရာကို လာပြီး ငါးရောင်းလို့ ရပါသေးတယ် ''

'' ဟုတ်တယ်။ ငါတို့က တံငါရွာ ကို တစ်နေရာရာမှာတော့ ပြန်တည်ဆောက် ရမှာပဲလေ။ ပြီးတော့ ဘယ်သူမှ အကြောက်တရား တွေ မရှိစေရတော့ဘူး။ အကုန်လုံး လုံခြုံစေ ရမယ် ''

နှစ်ယောက် သား တစ်ခဏတော့ စကားပြောဆို ခဲ့ကြလေတယ်။

တစ်ဖက်မှာတော့ ကျောက်ချင် က အပေါင်ဆိုင် ကိုသွားကာ ရွာသားတွေ လှုဒါန်းလိုက် သမျှ ပစ္စည်း တွေကို ငွေသား နဲ့ လဲလှယ် ဖို့ သွားခဲ့လေတယ်။

အပေါင်ဆိုင် ပိုင်ရှင် က သူ့ကို ကြည့်ကာ ထို စျေးပေါတဲ့ ပစ္စည်းတွေ ကို နိမ့်ကျစွာ ကြည့်လိုက် လေတယ်။

အဲ့ဒါတွေက ရွာသား တွေရဲ့ ရတနာ တွေ လိုမျိုး ဖြစ်နေပေမယ့် အပေါင်ဆိုင် ပိုင်ရှင် က အဲ့ထက် ပိုပြီး ရှားပါးတဲ့ ပစ္စည်းတွေ အများကြီး တွေ့ဘူး ပြီးသား ဖြစ်လေတယ်။

သူက အဲ့တာတွေ ကိုတွေ့တော့ ထူးဆန်းတယ် လို့မတွေးပဲ မနေနိုင်ပါပေ။

ဒါပေမယ့် ထိုလက်ဝတ်လက်စား အဆင်တန်ဆာ တွေက တစ်ဒါဇင်လောက် ရှိ​နေတာကို တွေ့တော့ ဆိုင်ပိုင်ရှင်က သူ့ရဲ့ မျက်ခွံတွေကို ပင့်ကာ အစုတ်အပြတ် အနွမ်း အဝတ်တွေ ဝတ်လာတဲ့ ကျောက်ချင်နဲ့ ဟော်ဆန်းအာ တို့ကို ကြည့်ကာ သူက မတက်နိုင်ပဲ ထိုပစ္စည်းတွေရဲ့ မူလ နေရာကို တွေးမိလေတယ်။

( ကျောက်ချင်တို့ကို သူခိုးတွေ ထင်နေတာ)

ကျောက်ချင် က ဆိုင်ပိုင်ရှင် ရဲ့ သဘောထားကို ဖောက်ထွင်း မြင်နေရတဲ့ အတွက်ကြောင့် စိတ်မရှည် စွာနဲ့ ပြောလိုက်တယ်။

'' အဆုံးမှာတော့ အဲ့တာ တွေကို မရောင်းချင် ပေမယ့်လည်း လူတိုင်း အတွက် ငါတို့က အစာတွေ ပြန်ပြီးတော့ ဝယ်သွား ရမှာလေ ''

ဆိုင်ပိုင်ရှင် က မျက်ခုံး ပင့်လိုက်တယ်။

'' မင်းတို့ က ဘယ်ကလဲ? ''

'' ရေကြီးမှု ဖြစ်တဲ့ တံငါရွာကလေ။ ဒါတွေကို ရွာသားတွေက လှုဒါန်းထားတာလေ။ ငါတို့ကို အပြင်ထွက်ပြီးတော့ စားသောက်ကုန် နဲ့ ပစ္စည်းတွေ ဝယ်ဖို့ ပေးလိုက် ကြတာ ပဲ ''

ရှင်းပြ ချက်ကိုလည်း ကြားရော ဆိုင်ပိုင်ရှင်ရဲ့ စိတ်လေး ခမျာ အနည်းငယ် သက်သာရာ ရသွားလေတယ်။ ဒါကြောင့်မို့ သူက လက်ဝတ်တန်ဆာ တွေကို အထင်သေးတဲ့ အကြည့်နဲ့ တစ်ခု ပြီး တစ်ခု ကောက်ကိုင် ကြည့်နေလေတယ်။

''မင်းတို့ဟာ တွေက ငွေတွေ အများကြီး မတန်ဘူး ပဲ ''

ကျောက်ချင် ရဲ့ မျက်လုံးတွေက မဲမှောင် သွားတယ်။

ဆိုင်ပိုင်ရှင်က ပန်းရောင် ပုလဲကို ကောက်ကိုင်ကာ လှည့်ပတ် ကြည့်ရင်းပြောလိုက်တယ်။

'' ဒါပေမယ့် ဒါပုလဲရိုင်း လေး ကတော့ အတော်လေး ကို ထူးဆန်းတယ်။ နည်းနည်း လောက် အရောင်တင် လိုက်တာ နဲ့ ကောင်းမွန်တဲ့ စျေးနဲ့ ရောင်းချ လို့ ရတယ်။ ''

'' ကောင်းပြီလေ။ မင်းတို့ကို စုစုပေါင်း ငွေဆယ် တုံး ပေးမယ် ''

ဟော်ဆန်းအာ က ဦးဆောင်ပြီးတော့ အော်လိုက် လေတယ်။

'' ငွေ တစ်ဆယ့်နှစ်တုံး  ၊ ဆိုင်ရှင် ၊ ခများ အဲ့လောက်ထိ နှလုံးသား မမဲညစ် စမ်းပါနဲ့! ''

'' နှလုံးသား မဲညစ်တယ်! မင်းတို့ရဲ့ ပစ္စည်းတွေ က ကြာလှ နေပြီကွ။ အိုဟောင်း ပြီး ကျိုးတဲ့ ဟာက ကျိုး နေပြီ။ မင်းတို့ဟာတွေ က ဒီစျေးနဲ့ ပဲ ထိုက်တန်တယ်ကွ ''

အပေါင်ဆိုင် ပိုင်ရှင် က သူ့ရဲ့ မုတ်ဆိတ်မွေး ကို သပ်ကာ မကျေမနပ်နဲ့ ပြောလိုက်တယ်။

ကျောက်ချင် က အဲ့ပစ္စည်းတွေကို တစ်ချက်ထဲ ပြန်သိမ်းကာ ပြောလိုက်တယ်။

'' ဒါဆိုလည်း ငါတို့ ကို သွားခွင့် ပြုပါအုံး ''

အပေါင်ဆိုင် ပိုင်ရှင် က ရတနာအပုံကြီး ကို ဆွဲထားကာ မြန်မြန်ပြော လိုက်တယ်။

'' အို မင်းတို့ က ဒီကို တစ်ခေါက် လာရတာ မလွယ်ဘူး ဆိုမှတော့ ငွေ တစ်တုံး နှစ်တုံးကို ငါ တိုးပေး လိုက်ပါ့မယ်။ ဟုတ်ပြီလား အဲ့တာပဲ ယူသွားလိုက်တော့ ''

'' တစ်ခွန်းစျေး ငွေ တစ်ဆယ့်ငါးတုံး ပဲ! ''

ကျောက်ချင် က မငြင်းပဲ ပြောလိုက်တယ်။

အပေါင်ဆိုင် ပိုင်ရှင် က ချက်ချင်း ပဲ လက်လွတ် လိုက်ကာ စိတ်ကြီးဝင်စွာ နဲ့ ​ပြောလိုက်တယ်။

'' အဲ့လောက်လော ဘ ကြီးမနေနဲ့!  ငွေတစ်ဆယ့်ငါးတုံးတဲ့"

အဲ့တာကို မြင်တော့ ကျောက်ချင် က ထိုလူကို ခယ ဖို့ စိတ်ထဲတောင် ရှိမနေ ပါပေ။

ကျောက်ချင် က တကယ်ပဲ ပစ္စည်းတွေ ကို ပြန်သိမ်း သွားကာ ဟော်ဆန်းအာ ကို ခေါ်ပြီးတော့ ထွက်သွားဖို့ လုပ်လိုက်လေတယ်။

အစကတော့ ဆိုင်ရှင်က သူပိုင်ပြီ ဆိုတဲ့ ဟန် လုပ်ထား ပေမယ့် ထို လူနှစ်ယောက် က တကယ်ကြီး ထွက်သွားတော့ မယ့်ပုံပေါ်တာကြောင့် သူ့ခမျာကောင်တာ ကနေ အမြန်သွား လိုက်ရလေတယ်။

'' အဲ၊ အဲ နေပါအုံး ၊ ငွေ တစ်ဆယ့်ငါးတုံး ဆိုလည်း တစ်ဆယ့်ငါးတုံး ပေါ့ ''

ကျောက်ချင် နဲ့ ဟော်ဆန်းအာ တိုက အချင်းချင်း ကြည့်လိုက်တယ်။ နောက်တော့ သူ့ရဲ့ ပါးစပ်ထောင့် က ကွေးတက် သွားလေတယ်။

ပစ္စည်းတွေကို ဗီရိုထဲ ထည့်နေရင်း ဆိုင်ရှင် က သူတို့ကို ငွေတွေ ရေတွက် ပေးခဲ့တယ်။

ဆိုင်ရှင် က တတွတ်တွတ် ပြောနေခဲ့သေးတယ်။

'' မင်းတို့တွေ ဘယ်လို စီးပွားရေး လုပ်ရမလဲ တကယ်သိတာပဲ။ ငါဆို ဒီတစ်ခု ကို မတွေ့ခဲ့ရင် ငါ့ဘဝ တစ်ခုလုံး အဲ့လို ပုလဲ မျိုး တစ်ခါမှ တောင်တွေ့ဘူးမှာ မဟုတ်ဘူးကွ။ အဲ့ပန်းရောင်ပုလဲ တကယ့်ကို ထူးခြားတယ်။ တစ်ခြားအပေါင်ဆိုင် တွေက အဲ့ပစ္စည်းကို စုဆောင်းဖို့ ငွေတွေ အများကြီး သုံးကြမှာကွ ........''

ကျောက်ချင် က ငွေရတာ နဲ့ တန်းထွက် လာပြီးတော့ ထိုလူပြောတာ ကို နားထောင်ဖို့ ပျင်းရိ နေခဲ့လေတယ်။

အပေါင်ဆိုင် အရှေ့ရောက်တဲ့ အခါမှာတော့ ဟော်ဆန်းအာ က ပြုံးပြီးတော့ ပြောလိုက်တယ်။

'' မင်းရဲ့ ဒုတိယ စျေးတင် မှု က အောင်မြင်သွား လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထား မိဘူးကွ''

ကျောက်ချင် က သက်ပြင်းချ လိုက်တယ်။

သူက ပစ္စည်းတွေ ထုတ်တဲ့ အချိန်တုံး က အပေါင်ဆိုင်ပိုင်ရှင် ရဲ့ မျက်လုံးတွေက ပုလဲ ကိုပဲ ကြည့်နေ ပြီးတော့ ရွေ့တောင် မရွေ့ခဲ့ ဘူးလေ။

သူက ဘယ်လိုလုပ် ကျိုးကောအာ ကြိုက်တဲ့ ပစ္စည်းလေး ကို စျေးအရမ်း အနှိမ်ခံ ပါ့မလဲ။

'' ရှောက်ယု က ဒီပုလဲ ကို အရမ်း ကြိုက်တာ ကွ ''

ဟော်ဆန်းအာ က ကျောက်ချင် ရဲ့ ပုခုံးကို ပုတ်ပေး လိုက်တယ်။

'' ဒါဆိုလည်း မင်းသူ့အတွက် ကျေးဇူးတင် လက်ဆောင် အနေနဲ့ တစ်စုံ တစ်ခုကို ပြန်ဝယ်ပေး သွားလိုက်လေ ''

'' မရဘူးကွ။  ဒါက အားလုံးရဲ့ ငွေ ဖြစ်နေပြီ။ ဘယ်သူ့ ဘယ်သူ ကိုမှ ဘက်လိုက် လို့မဖြစ်ဘူး။ အေးချမ်းတဲ့ နေ့ရက် တွေ ပြန်ရောက် လာမှ ငါသူ့ကို သူကြိုက်တာ တစ်ခုခု ပြန်ဝယ်ပေး လိုက်ပါ့မယ် ''

ကျောက်ချင်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ စိတ်ကို မြင်တော့ ဟော်ဆန်းအာ ခမျာ အရမ်းကို နှစ်လိုဖွယ် ကောင်းတယ်လို့ မတက်နိုင်ပဲ တွေးမိလေတယ်။

သူတို့က လိုအပ်တဲ့ အရာတွေကို ဝယ်ပြီးတဲ့နောက် စျေးရဲ့ ဝင်ပေါက် ဆီကို ရောက်သွား တဲ့အခါ အမျိုးသမီး နဲ့ စာရင်းကိုင်တို့ ကလည်း စားသောက် စရာ တွေကို ထုတ်ပိုးဝယ်ယူ လာကြ ပြီးတော့ သူတို့ရဲ့ ကိုယ်ပေါ် မှာလည်း အထုပ်တွေ ပြည့်နေခဲ့လေတယ်။

( ကျိုးကောအာလေး ရဲ့ ပထမဆုံး လက်ဆောင်ရထားတဲ့ ပုလဲ လေးကို ရောင်းလိုက်ရတာ ကိုယ်တကယ်စိတ်မကောင်းဘူး 😞💗💔)

..............................................

Continue Reading

You'll Also Like

32.8K 2.5K 13
page - Hikari Moon Bl rebirth novel ဇာတ်လမ်းအကျဥ်းချုပ်က အပိုင်းထဲမှာရှိပါတယ်နော်။ ဖတ်ကြည့်ကြည့်ပါရှင့်။
29.4K 3.9K 38
ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to raise cubs Author: Mr Rou Shan type: pure...
59.4K 5.1K 31
ဒီဟာလေး ကတော့ ဒုတိယမြောက် ခြေလှမ်း လေးပဲ ဖြစ်ပါတယ်နော်။ ရှေ့အပုဒ်က Boy X Boy ပုံစံ ဖြစ်တာမို့ BXG ကြိုက်တက်တဲ့ ကျယ်မေ့ တို့အတွက် ရည်ရွယ်ပေး ထားတဲ့ စာ...
379K 25.1K 146
The Villainess Female Supporting Character raising her bun