'သခင်လေး.....'
'ရဝေ..သူနိုးပြီလား...?'
'ဟုတ်ကဲ့.....'
'ဆရာဝန်ဘာပြောသေးလဲ..?'
'အကိုလေးကအားနည်းနေလို့ရုတ်တရက်မေ့လဲသွားတာတဲ့..သွေးအားလဲနည်းနေလို့အားဆေးလဲသွင်းပြီးdripပါချိတ်ပေးသွားတယ်...ကိုယ်ဝန်ကြောင့်သောက်ဆေးတော့ပေးမသွားဘူး...ဒီတိုင်းပုံမှန်လေးအစားဝင်အောင်ကျွေးပြီးဂရုစိုက်ပေးပါတဲ့....'
'အင်း........မင်းဒီနားကအရက်ပုလင်းတွေရှင်းထားလိုက်....ငါသူ့ကိုသွားတွေ့ဦးမယ်....'
'ဟို...'
'ဘာလဲ...?မင်းမှာပြောစရာရှိသေးလို့လား...?'
'ဟို...အကိုလေးကသခင်လေးကိုမတွေ့ချင်ဘူးတဲ့....'
'ဟက်...သူမတွေ့ချင်လဲငါသူ့ကိုတွေ့ချင်တယ်ရဝေ....မင်းပြောချင်တာဒါဘဲလား...?'
'ဟုတ်...'
'လုပ်စရာရှိတာသာလုပ်....'
ရဝေကိုမှာစရာရှိတာမှာရင်းကျွန်တော်အဝေးရှိရာအခန်းစီဦးတည်လျှောက်မိသည်...
တံခါးဝရှေ့မှာရပ်နေမိတာဘယ်လောက်ကြာသွားသည်မသိ...
အထဲဝင်ဖို့ကိုကျွန်တော်တွန့်ဆုတ်နေမိသည်....
အမှားလုပ်ခဲ့တာကိုယ်ပေမဲ့ဒီအချိန်မှာသူ့အမှားအတွက်အဝေးပေါ်ခွင့်လွှတ်မှုတောင်းခံချင်ရင်လဲအဝေးကလက်ခံမှာတဲ့လား...?
ခေါင်းမာလွန်းတဲ့အဝေးလေးအကြောင်းသူသိပ်သိတာပေါ့....
မတတ်နိုင်....ဒီကလေးရဲ့မျက်နှာကိုကျွန်တော်တွေ့ချင်မိတယ်..သူနဲ့စကားတွေပြောချင်မိတယ်...ခွင့်လွှတ်မှုလဲတောင်းခံချင်သေးတယ်လေ..
နောက်ဆုံးစိတ်ကိုလျှော့ချပြီးကျွန်တော်အခန်းထဲကိုဝင်သွားမိသည်...
ကျွန်တော်အခန်းထဲဝင်သွားတော့ကုတင်ခေါင်းရင်းကိုမှီပြီးထိုင်နေတဲ့အဝေးကဝင်လာတာကျွန်တော်မှန်းလဲသိရောမျက်နှာကိုတဖက်ပြတင်းပေါက်စီကိုလွှဲပြစ်လိုက်သည်........
'အဝေး....နေလို့သက်သာရဲ့လား...?'
'ကျုပ်ခင်ဗျားကိုမမြင်ချင်ဘူး...ခင်ဗျားအသံလဲမကြားချင်တာမို့အခန်းထဲကခုထွက်သွားပေးပါ...'
'ဝေး......မောင့်ကိုတောင်မကြည့်ချင်တော့ဘူးလား....?'
'...........'
'ဝေး....ဝေး.....'
'မကြားချင်ဘူးလို့ပြောနေတယ်လေ...ခင်ဗျားနားကန်းနေလား.....?ခုထွက်သွား...!!!'
ထိုအချိန်မှာဘဲရုတ်တရက်ဆိုသလိုထိုလူကကျွန်တော့်ရှေ့ခြေရင်းမှာဒူးနှစ်ဖက်ထောက်ပြီးကျွန်တော့်ကိုတောင်းပန်စကားဆိုလာတော့သည်....
'မောင်....မောင်မှားပါတယ်ဝေးရယ်.....မောင်ဝေးကိုတောင်းပန်ပါတယ်....မောင့်ကိုခွင့်လွှတ်ဖို့ဝေးကိုမတောင်းဆိုသင့်မှန်းသိပေမဲ့ဝေးစီကခွင့်လွှတ်စကားလေးကိုတော့မောင်ကြားချင်မိတယ်ဝေး.....မောင်မှားမှန်းသိပါပြီကလေးရယ်...မောင့်ကိုတော့ခုလိုပြစ်ပြစ်ခါခါကြီးမဆက်ဆံပါနဲ့....ဝေးရယ်...မောင်မနေတတ်လို့ပါ....မောင်တို့အရင်လိုလေးပျော်ဖို့ကောင်းတဲ့ဘဝလေးကိုပြန်သွားကြမယ်နော်ဝေး...'
'ဟက်....သိပ်ရယ်ရတာဘဲ..ခင်ဗျားရယ်.....ဟားဟား...'
'.........'
'ခင်ဗျားကျုပ်ကွယ်ရာမှဖောက်ပြန်တယ်.........ဒါထားဦး....ကျုပ်ကိုလေ.....ခင်ဗျားနောက်မီးလင်းနေတယ်ဆိုတဲ့အကြောင်းကိုလာပြောတဲ့သူတွေရှိတာတောင်ကျုပ်ကအကယ်၍ခင်ဗျားသာကျုပ်ကိုဝန်ခံပြီးအစတည်းကတောင်းပန်ခဲ့ရင်ကျုပ်ကခွင့်လွှတ်ပေးဖို့စဉ်းစားထားပြီးသား..သိလား.....သိလား!အဲ့တာတွေခင်ဗျားဘာတစ်ခုမှမသိခဲ့ဘူးမဟုတ်လား...ကျုပ်လိုအကန်းတစ်ယောက်အပေါ်မှာခင်ဗျားမို့အခွင့်ကောင်းယူခဲ့တယ်.....အဲ့အတွက်ခင်ဗျားကိုရွံမိတယ်.....နောက်....ခင်ဗျားတချိန်ကပြောတဲ့ဘာတဲ့...ဟက်...အရမ်းချစ်လွန်းလို့မထိရက်မကိုင်ရက်မနမ်းရက်ပါဘူးဆိုတဲ့ဝေးရဲ့ဟောဒီ့ပါးကိုခင်ဗျားကအဲ့ဘာမဟုတ်တဲ့ကောင်မကြောင့်ရိုက်ရက်ခဲ့တဘ်..အဲ့အတွက်ခင်ဗျားကိုသေလောက်အောင်မုန်းတယ်....ချစ်လွန်းလို့အရာရာကိုဥပေက္ခာပြုနိုင်ရင်တောင်ခင်ဗျားခုလုပ်ခဲ့တဲ့ပထမတစ်ချက်နဲ့တင်ခင်ဗျားကိုသေအောင်မုန်းပစ်ဖို့ကောင်းတယ်.....'
'ဝေး...တောင်းပန်ပါတယ်ကလေးရယ်..မောင်တကယ်ကိုတောင်းပန်ပါတယ်..နောက်မဖြစ်စေရပါဘူး..နော်..'
'တကယ်ချစ်တဲ့သူတွေဆိုတာသူချစ်ရတဲ့သူအပေါ်ကိုဘယ်တော့မှမဖောက်ပြန်ဘူး...'
'ဝေး....'
'ခင်ဗျားရှေ့တိုးမလာနဲ့....ခင်ဗျားကိုရွံလွန်းလို့...မုန်းတယ်..အား...သွား..ထွက်သွား!!!အင့်...ဟင့်...'
စိတ်ဆိုးတာရောစိတ်တိုတာရောကြောင့်ကျွန်တော်အနီးအနားမှာရှိတဲ့ခေါင်းအုံးတွေနဲ့သူ့ကိုပြစ်ပေါက်မိသည်...
'ထွက်သွား...ထွက်သွားလို့..ဟင့်..ပြောနေတယ်မဟုတ်လား....!!သွား..သွား...ဟင့်...'
'မောင်ပြောတာလေးကိုနားထောင်ပါဦးလားကလေးရယ်...အင့်....မောင်ခုသူမနဲ့လမ်းခွဲလိုက်ပါပြီ..မောင်နောက်ကို...'
'မပြောနဲ့....မကြားချင်ဘူး...မင်းစီကထွက်တဲ့စကားတွေအကုန်လုံးကအလိမ်အညာတွေချည်းဘဲ...!!အင့်...ဟင့်....ထွက်သွား..လူယုတ်မာကြီး.....'
'ဝေး..ကလေးလေးရယ်...အင့်.....'
'မင်း...အင့်...ထွက်....သွား.....ဟ့...အ့....'
'ဝေး...ဝေး...ဘာဖြစ်တာလဲ!!!'
ရုတ်တရက်အိပ်ယာပေါ်ကိုခွေခွေလေးလဲသွားတဲ့ဝေးစီကိုကျွန်တော်အပြေးကလေးသွားရင်းရင်ခွင်ထဲထွေးပွေ့ထားမိသည်......
ဒါတောင်အားမရှိတဲ့ဝေးကကျွန်တော့်ကိုလက်နဲ့တွန်းလွှတ်ပေမဲ့ကျွန်တော်သူ့ကိုမလွှတ်တမ်းဖက်တွယ်ထားတုန်း.....
'ဖယ်....ဟ့.....အ့....လွှတ်.....မ....မထိနဲ့...'
'ဝေး....ဝေးဘာဖြစ်နေတာလဲဟင်...ဟင့်..ရဝေ!!လာပါဦး....'
'ထွက်.......သွား.....အင့်.....'
'ဝေး.....'
'ဟင်း...............'
'ဝေး...ဝေးလေး.....လုပ်..လုပ်ကြပါဦး....အင့်..ဝေး....ဝေးလေး....မောင့်ကိုစကားတွေပြန်ပြောပါဦး...ဝေး...ဝေး.....မောင်ခေါ်နေတာမကြားဘူးလားကလေးရယ်....အင့်....ကလေးလေးမောင့်ကိုခုလိုမလုပ်ပါနဲ့...ဝေး.....'
ကျွန်တော်ဝေးကိုပွေ့ရင်းအရူးတစ်ယောက်လိုဖြစ်နေမိသည်...
'ဝေးကျေနပ်အောင်မောင်ကိုယ့်ဘာသာရိုက်ပြစ်မယ်နော်....ဖြောင်း...ဖြောင်း...ဖြောင်း...ဖြောင်း....!!!ကဲကွာ...အင့်ဟာ...ဝေး...မောင့်ကိုစိတ်ဆိုးပြီးအဲ့လိုမလုပ်ပါနဲ့အသဲရယ်..အီး...ဟီး....အင့်ဟာ..မင်းကြောင့်ဝေးခုလိုဖြစ်တာ....အင့်ဟာ....ဖြောင်းဖြောင်း....ဖြောင်း....!!!'
'ဟာ.....သခင်လေး......မ..မလုပ်ပါနဲ့တော့....'
'မင်းငါ့ကိုမတားနဲ့..ငါအဝေးကိုတောင်းပန်နေတာ...'
'ဟင်...အကိုလေး.....အကိုလေးကဘယ်လိုဖြစ်တာလဲ...?'
အမြန်ဘဲကျွန်တော်သခင်လေးလက်ထဲမှာမေ့မျောနေတဲ့အကိုလေးနှလုံးခုန်သံကိုလက်နဲ့စမ်းကြည့်မိသည်....
တကယ့်ကိုမှနှေးနှေးလေးခုန်နေတာ.....
'ဝေးကိုကယ်ပေးပါဦး...သူ..သူ့ကိုခေါ်လို့မရတော့ဘူး..အီးဟီး...ရဝေ...ငါ..ငါမှားပါတယ်ကွာ...ငါဝေးမရှိရင်မနေတတ်ဘူး...အင့်ဟာ...အင့်...'
'တော်ပါတော့သခင်လေး...သခင်လေးခုလိုကိုယ့်ကိုကိုယ်ရိုက်လဲအကိုလေးကခွင့်လွှတ်မှာတဲ့လား....?တော်ပါတော့...သခင်လေးပါးစပ်တွေလဲသွေးတွေစို့နေပြီ....'
'ငါဘာလုပ်ရမလဲ..ငါ..ငါသူ့ခွင့်လွှတ်မှုရအောင်ဘာလုပ်ရမလဲဟင်...'
'ခုကစိတ်အေးအေးထား...နော်..သခင်လေး...'
'ဝေး...ဟင့်....'
'ခုကျွန်တော်တို့ဆေးရုံသွားကြရအောင်..နော်...သခင်လေး...'
'အင်း..သွားမယ်..သွားကြမယ်...ဝေးဘာမှမဖြစ်ဖို့အရေးကြီးတယ်....'
'ဒါပေမဲ့....သခင်လေးအရင်ပါးစပ်ကသွေးတွေသွားသုတ်ဦးနော်...နော်..သခင်လေး....'
'...'
'ဒီလိုပုံစံကြီးနဲ့ဆေးခန်းသွားလို့မရဘူးလေ...နော်...ပြီးတော့အကိုလေးလဲကြိုက်မှာမဟုတ်ဘူး...'
'အင်း..ဝေးမကြိုက်ရင်ငါပြင်ရမှာပေါ့..ခဏစောင့်နော်...ငါ..ငါအခုဘဲသွားဆေးလိုက်ဦးမယ်.....'
'ဟုတ်....'
နောက်ဆုံးတော့ကျွန်တော်တို့သုံးယောက်သားဆေးရုံကိုရောက်လာတော့သည်..
အကိုလေးကိုဆရာဝန်ကြီးတွေကလှည်းပေါ်တင်ခေါ်သွားတော့သခင်လေးကအနောက်ကနေလိုက်သွားဖို့ပြင်ပြန်တာကြောင့်ကျွန်တော့်မှာတားရပြန်သည်....
စမ်းသပ်ခန်းထဲဝင်သွားတာမိနစ်သုံးဆယ်တောင်မပြည့်သေး...ကျွန်တော့်ဘေးကသခင်လေးကတော့မျက်နှာတွေပျက်လို့..ခေါင်းငိုက်စိုက်ကျပြီးတစ်ခုခုကိုအသေအချာတွေးသဘောင်ယောင်...
တချက်ချက်နှုတ်ကနေလဲငါအရမ်းမှားသွားပြီ...ငါ့ကိုအဝေးခွင့်မလွှတ်နိုင်ရင်ဘယ်လိုလုပ်မလဲလို့တဖွဖွပြောတတ်သလိုရှိသမျှကြားဖူးသမျှဘုရားစာတွေကိုလဲထိုင်ရွတ်တတ်သေးသည်...
ကြားထဲမေ့သွားရင်နောက်တကြောင်းကဘယ်ကစတာလဲလို့စကားကလဲလှမ်းထောက်တတ်သေး...
နောက်ဖင်တကြွကြွနဲ့တံခါးရှေ့မှာခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်တာလဲမျက်စိကိုနောက်လို့....
ဟင်း...လင်မယားတွေ..ခက်တယ်...ခက်တယ်...
သခင်လေးကလဲသခင်လေးဘဲ....အရမ်းချစ်မှန်းသိရက်နဲ့ဘာလို့အကိုလေးအပေါ်ကိုအမှားလုပ်ခဲ့သေးလဲ....
အကိုလေးကလဲ...ဟင်း....
ခက်တယ်..ခက်တယ်...
သခင်လေးရေ..သခင်လေးကိုကြည့်ပြီးရယ်ရခက်....ငိုရခက်သား....
'ရ..ရဝေ.....'
'ဗျာ.....'
'ဟို....ဟိုမှာသွားမေးပေးစမ်းပါဦးလား...ဟင်...တော်တော်ကြာနေပြီ....'
'အဲ့..အဲ့တာကကျွန်တော်သွားမေးလဲရမှမရဘဲ...'
'လုပ်ပါရဝေရယ်..ဒီလကုန်ကြမင်းကိုငါbonusပေးပါ့မယ်...'
'ဒါပေမဲ့...ရမှမရဘဲကို.....အယ်..ပြောရင်းဆိုရင်းနဲ့ဟိုမှာ..ထွက်လာကြ..အယ်.....ဟိုတောင်ရောက်သွားပြီ..မြန်လိုက်တာ...ဟူး.....'
...
.....
'ဆရာ....ဟို...အ....အခြေ......အ...နေ....လေး....ဝေး...အာ.....အင်း....'
'ကျွန်တော်အတန်တန်မှာထားရက်နဲ့ဗျာ......ကျွန်တော်တောင်ပြန်တာဘယ်လောက်မှမကြာသေးဘူး...ဘယ်လိုဖြစ်ရတာလဲဗျာ...?'
'အဝေးကစိုးရိမ်ရတာလားဟင်..?'
'ကောင်လေး...မင်းငါပြောတာတွေမပြောလိုက်ဘူးလား...?'
'ဟို..ဆရာ.အဲ့တာက...'
'ရဝေ...ဘာတွေလဲ...?'
'ဟို....'
'ခုကစပြီးကောင်လေးကိုသေချာဂရုစိုက်ပါ.....နောက်ဆုံးရှုံးလိုက်၇မှနောင်တရတာမျိုးမဖြစ်စေချင်ရင်ပေါ့...ကြားထဲခုလိုထပ်ဖြစ်လို့အနားမှာဘယ်သူမှမရှိတဲ့အချိန်ဆိုအသက်ပါပါသွားနိုင်တယ်ဆိုတာသိထား...?အမောဖောက်တာကကောင်းတဲ့လက္ခဏာမဟုတ်ဘူး.....'
'အ..အမောဖောက်တာ...'
'ဟုတ်တယ်....ကောင်လေးကနှလုံးရောဂါပုံစံမျိုးအစပျိုးနေပြီ....ခက်တာကဆေးပေးလို့လဲမရဘူး..ကိုယ်ဝန်နဲ့ဆိုတော့....မင်းစဉ်းစားကြည့်ပေါ့..သူ့မှာကိုယ်ဝန်ကြောင့်ပင်ပန်းတာတမျိုး...တစ်ခုခုကြောင့်စိတ်ဖိစိးပြီးshockရပီဲးခုလိုထပ်ြဖစ်ရင်သူရောဗိုက်ထဲက ကလေးရောမကယ်နိုင်ဖြစ်သွားလိမ့်မဘ်...'
'ဗျာ!!'
'ကျွန်တော့်ဘက်ကတော့ပြောသင့်တာပြောပြီးပြီ...နောက်ဆိုသူ့ကိုစိတ်ပျော်အောင်အဓိကထားပေးပေါ့...အာ..ပြီးတော့...စိတ်ချရအောင်ကျွန်တော်တို့ကောင်လေးကိုအထူးခန်းရွေ့ပေးထားတဘ်.....ဒီကnurseလေးကအခန်းလိုက်ပြလိမ့်မယ်..မေးစရာမရှိတော့ဘူးဆိုရင်ကျွန်တော့်ကိုသွားခွင့်ပြုပါဦး.....'
'ဟုတ်...ကျေးဇူးပါ...ကျေးဇူးပါဆရာ....'
စိတ်ချပါ.....မောင်.....မောင်အဝေးကိုဘာမှအဖြစ်ခံမှာမဟုတ်လို့....ဝေးမောင့်ကိုထားသွားလို့မရဘူးနော်ဝေး...
.........
.....................
ဝေး....ဝေးဘာလို့နိုးမလာသေးတာလဲကလေးရယ်....
ဆရာဝန်ကြီးပြောတော့ဝေးကစိုးရိမ်စရာမရှိတော့ဘူးဆို....ဘာလို့ခုလိုကြီးအိပ်ပျော်နေရတာလဲမောင့်ကလေးလေးရယ်........
လေးရက်ရှိပြီ...မောင်မင်းနဲ့စကားမပြောရတာ
မောင်ကလေးလေးရဲ့အသံလေးကိုမောင်လွမ်းလှပြီ....
မောင့်အစွာလေးကိုမောင်အရင်လိုလှုပ်လှုပ်ရှားရှားလေးပြန်မြင်ချင်နေပြီကလေးရဲ့...
မင်းမောင့်အပေါ်စိတ်ကြိုက်ဆိုးပါ...မောင့်ကိုစိတ်ဆိုးနေတုန်းဆိုလဲမောင်မင်းကိုမင်းစိတ်ကျေနပ်တြ့အထိတောင်းပန်မယ်...မင်းရဲ့ပျော်ရွှင်မှုလေးတွေကိုမောင့်လက်နဲ့ကိုယ်တိုင်ဖန်တီးခွင့်လေးမပေးတော့ဘူးလားကလေးရယ်......
ချစ်ရသူလက်ကလေးကိုကိုင်ပြီးကျါန်တော်တစ်ယောက်တည်းစကားတွေပြောနေပေမဲ့ကျွန်တော်ချစ်ရတဲ့ကောင်လေးကတော့မျက်လုံးတို့ကိုမှိတ်..နှုတ်ခမ်းတို့အားတင်းတင်းစေ့ပိတ်ရင်းအိပ်မောကျနေဆဲပင်...
'သခင်လေး...သွားလို့ရပြီ...'
'အင်း....ငါအမြန်ဆုံးပြန်လာခဲ့မှာမို့ဝေးအနားမှာခဏစောင့်ပေးရဝေ...'
'ဟုတ်......'
မကြာပါ...ကျွန်တော်ဝေးကိုထားပြီးတစ်ယောက်တည်းကားနဲ့ထွက်ခွာမိတာကတစ်ခုသောနတ်ခန်းလေးသို့....
ဒီနတ်ခန်းလေးကိုလာရတာလဲတခြားတော့မဟုတ်.....ချစ်ရသူအတွက်...သူနဲ့ကျွန်တော်နဲ့ကြားကအနှောက်တွေကိုရှင်းချင်ယုံတင်.....
တခြားသူတွေပြောပြောနေကြတာ..ဆရာမကအချစ်ရေးအချစ်ရာနဲ့အမှောင့်ပရောဂတွေမှာအရမ်းတော်တယ်ကြားလို့မယုံကြည်ပေမဲ့လည်းစွန့်စားကြည့်ချင်တာကြောင့်လာဖြစ်သွားရခြင်းပင်.....
'ကောင်လေး...ဝင်ခဲ့...'
'ဟုတ်...'
'ထိုင်ပါဦး...'
'....'
'....ကဲ..ပြော....မင်းကအနာဂတ်ကကိစ္စကိုသိချင်တာလား..အတိတ်ကအကြောင်းကိုသင်ပုဉ်းချေချင်တာလား...?'
'ဆရာမက.....သိတယ်လား...?'
'ဟက်.....ဆိုပါဦး..'
'တကယ်တော့..ကျွန်တော့်အိမ်ထောင်ဖက်ကယောကျ်ားတစ်ယောက်ပါဆရာမ...အတိတ်ဘဝမှာလဲပေါင်းဖက်ခွင့်ရပေမဲ့သေကွဲကွဲခဲ့ရပါတဘ်..ခုလက်၇ှိမှာလဲ....ကျွန်တော်တို့အိမ်ထောင်ရေးက.....ဟင်း....ကောင်လေးအပေါ်ကိုကျွန်တော်အမှားကြီးလဲလုပ်မိခဲ့တယ်ဆရာမ....သူကကျွန်တော့်ကြောင့်ခုအိပ်ယာထဲလဲနေရပြီ...နှလုံးရောဂါပါအစပြုခံစားနေရပြီတဲ့..အားလုံး..ကျွန်တော့်ကြောင့်.....ကျွန်တော်..ကျွန်တော်ဘယ်လိုလုပ်မှကျွန်တော်တို့အိမ်ထောင်ရေးလေးအဆင်ပြေမလဲဆရာမ......
'ရပြီ.......အမှန်တော့...ခုလိုတွေဖြစ်ရတာကမင်းကောင်လေးရဲ့ကျိန်စာလဲတစိတ်တပိုင်းလဲပါတဘ်ကလေး...'
'ဗျာ......'
'ခဏ....မင်းရှေ့တိုးပေးမလား.....?'
'ဘာ..ဘာလို့....အင်း........'
ဆရာမကျွန်တော့်နဖူးကိုတို့ထိလိုက်ချိန်ကျွန်တော့်မျက်လုံးတို့မှိတ်ကျသွားရသည်...
ခဏအကြာမျက်လုံးဖွင့်ကြည့်တော့အမှောင်ခန်းလိုအခန်းကျယ်ကြီးတစ်ခုထဲမှာ....
ဝေးလဲရှိနေခဲ့တဘ်...
ဒါပေမဲ့....အဝတ်မကပ်တော့တဲ့ဝေးကကျွန်တော်ရှိရာကိုလှည့်ကြည့်ပြီးအကူအညီတောင်းရှာတယ်....
ကျွန်တော်သူရှိရာကိုသွားဖို့လုပ်ပေမဲ့တိုင်မှာတုတ်နှောင်ထားခြင်းခံရတဲ့ကျွန်တော်သူ့စီရောက်အောင်မသွားနိုင်ခဲ့ဘူး...
သူအော်ဟစ်နေတာကိုမျက်ရည်တွေနဲ့ထိုင်ကြည့်ခဲ့ရတဘ်...
ထို့အတူဝေးရဲ့တအင့်အင့်ရှိုက်ငိုသံ....တောင်းပန်တိုးလျှိုးသံကိုလဲကြားရပါသော်လဲဝေးထိုလူလေးယောက်ရဲ့သားကောင်ဖြစ်ခဲ့ရသည်.....
ဒါ..ဒီအဖြစ်အပျက်...သူမက်နေကြအိမ်မက်ဆိုးအတိုင်းဘဲ...
အဖြစ်အပျက်တွေကမြန်ဆန်လွန်းလှသည်..မကြာပါ..အဝေးကသူ့ကိုယ်သူသတ်သေဖို့လုပ်တော့သည်...
ဝေဂနဲ့ကျွန်တော်ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာဘဲကျွနေ်တာ့်လက်ထဲကဖန်ကွဲစကသူ့ရင်ဘတ်ထဲစိုက်ဝင်သွားခဲ့သည်...
ဟင့်အင်း....ထပ်မဖြစ်ပါနဲ့တော့...
သွေးတွေနြံအဝေဂကကျွန်တော့်ရင်ခွင်ထဲလဲနေခဲ့တယ်....အိမ်မက်ထဲကအတိုင်းဘဲ....
('ချစ်....တယ်တဲ့....................မင်းအတွက်အဲ့...စကား...လုံး...လေးပြောဖို့...သိပ်...ခက်..ခဲ့လား.....?ကျုပ်.....အဲ့တာလေး....ကြားဖို့....အကြာကြီး.....စောင့်နေခဲ့တာ..........................အဟွတ်.........အွတ်...'
'အဟွတ်...ဟွတ်.....ကျုပ်..မကျေဘူး......မုန်းတယ်....ခင်ဗျား...ရော....အားလုံးကိုေ၇◌ာ...ဘဲ.....'
'နောင်ဘဝများ....ရှိရင်.....ခင်ဗျားနဲ့.......မဆုံပါရ...စေနဲ့....ဆုံခဲ့ရင်တောင်.....ကျုပ်ခင်ဗျား.....ကို.......မမှတ်မိပါစေနဲ့.............'
'ကျုပ်ဆု....တောင်းတယ်.....နောက်ဘဝများ...လူပြန်ဖြစ်ခဲ့ရင်....ခင်ဗျားကိုထပ်ပြီး...မချစ်ပါရစေနဲ့......ချစ်ခဲ့ရင်လဲကျုပ်....ကျိန်စာတိုက်....တယ်...ကျုပ်....နှလုံးတွေ......ကွဲပြီးသေပါစေ.................နောက်ဘဝတွေမှာမျက်ကန်းဘဲဖြစ်ချင်.......မိတယ်..........အဲ့တာမှ....ခင်ဗျား..ကိုမြင်...ပြီး...မချစ်....မိမှာ.........အဟွတ်.....ခင်ဗျား....ကတော့...နောင်တတွေနဲ့...အမြဲ....မွန်းကြပ်...နေပါစေ.............မောင်...........ကျုပ်.လေ..........ခင်..........ခင်ဗျားကို........................မုန်းးးးးး...............')
'ဝေး!!!အား.....ဝေး.....'
'နိုးလာပြီလားကောင်လေး....?'
'ဆ..ဆရာမ....ဝေး...ဟင့်..ဝေး...'
'စိတ်ကိုလျှော့ထား....မင်းကိုငါကအတိတ်ကိုခေါ်သွားပြယုံတင်...ဟင်း..မင်းတို့အချစ်ကလဲ...'
'ကျွန်တော်ဝေးကိုဘာတွေဘဲဖြစ်လာလာလက်လါှတ်အဆုံးရှုံးမခံနိုင်ဘူးဆရာမ....'
'အေး....ဒါပေမဲ့....မင်းတို့ရဲ့အိမ်ထောင်ရေးက....အခက်အခဲပေါင်းစုံနဲ့....ခုဆရာမကြည့်ရလောက်...မင်းတို့ကသေကွဲမကွဲတောင်၇ှင်ကွဲကွဲရမယ်ဆိုရင်ရော....'
'မဖြစ်နိုင်ဘူး......အဲ့လိုဖြစ်ဖို့သတ်မှတ်ထားလဲကံကြမ္မာကိုကျုပ်ကပြောင်းပြန်လှန်ဖြစ်မှာ......!!ဒီတော့....ဆရာမဘက်ကလုပ်နိုင်တာရှိရင်လုပ်ပေးပါ...ကျုပ်ဘက်ကလဲဝေးနဲ့ကျုပ်ရဲ့အိမ်ထောင်ရေးကိုထိန်းထားမယ်....'
'ခက်တာဘဲကွယ်..မင်းဇွတ်လုပ်ရင်ကောင်လေးရဲ့အသက်အန္တရာယ်ကစိုးရိမ်စရာဖြစ်လာနိုင်တယ်.....'
'ဘာတွေဘဲဖြစ်လာလာကျုပ်ဝေးကိုလက်မလွှတ်နိုင်ဘူး....'
'ကောင်းပြီလေ....မင်းဘက်ကဆုံးဖြတ်ပြီးရင်လဲငါလဲကူညီစရာရှိတာကူညီရမှာပေါ့....ရော့..ဒါကငါဖော်ထားတဲ့ဖယောင်း....သူ့အနားမှာထွန်းပေးထား...မပြတ်ပေါ့.....ဒါကရေမွှေး...သူ့ကိုစွတ်ပေးလိုက်.....ကံကောင်းပါစေကောင်လေး.......'
'ကျေးဇူးပါ..ဒီမှာကကျသင့်ငွေ....ခင်ဗျားကျေးဇူးကိုမမေ့ပါဘူး...'
'......'
'ကျုပ်ကိုသွားခွင့်ပြုပါဦး...'
'အင်း.......ဒါနဲ့...ဒီအရာတွေကတခဏတာအချိန်အတွက်ဘဲဖြေရှင်းပေးနိုင်လိမ့်မယ်နော်....ကျန်တာက...'
'..........အင်း.....'
'ဘာဘဲဖြစ်ဖြစ်,...ကံကောင်းပါစေကောင်လေး...'
'ကျေးဇူး....'
ဆရာမစီကနေခပ်သုတ်သုတ်ဘဲကျွန်တော်ဆေးရုံကိုပြန်မောင်းခဲ့သည်...
ကားမောင်းနေရင်းဆရာမပြောတဲ့ကျုပ်တို့အိမ်ထောင်ရေးကပေါင်းဖက်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုအတွေးရောက်နေတာနဲ့ဖုန်းလာတာတောင်မကြားခဲ့မိဘူး...
ဆေးရုံရှေ့ကားပါကင်ထိုးပြီးကားပေါ်ကဆင်းတော့ကျွန်တော်နဲ့မလှမ်းမကမ်းအကွာအဝေဂလောက်ကနေအဝေးကိုထွက်ပြေးသွားတဲ့အရိပ်ကလေး...
သေချာကြည့်မိတော့မှ..'ဝေး...'
'ဝေး....'
ကျွန်တော့်ခေါ်သံကြားတော့အထိတ်ထတ်အလန့်လန့်နဲ့လှည့်ကြည့်လာတြံမျက်နှာလေးကတကယ်ဘဲသူမှသူ....
ငါဘဲအမြင်မှားတာလား..?
ဝေးကသတိတောင်မလည်သေးဘူးလေ...
ဆေးရုံဝတ်စုံနဲ့ကောင်လေးတွေကိုမြင်တိုင်းငါကတော့ဝေးလို့ထင်မိပြီထင်တယ်....
ဟက်...ဝေးရေ..မောင်တော့မင်းကြောင့်နဲ့ရူးနေပြီထင်တယ်....
'သ..သခင်လေး....'
'ဟင်....'
'ဘာလို့ဒီမှာရပ်နေတာလဲ...?
'ဟမ်....'
'ထားတော့...ကျွန်တော်ဖုန်းဆက်နေတာ...'
'အင်း...ငါမတွေ့လိုက်ဘူး....'
ရဝေ့ကိုပြောရင်းကားတံခါးကိုပိတ်ပြီးဆေးရုံထဲဝင်ဖို့အလုပ်ရဝေ့ရဲ့စကားကြောင့်ကျွန်တော့်တကိုယ်လုံးအေးစက်လာရတော့သည်...
'အကိုလေး...ထွက်ပြေးသွားပြီ.....'
'ဟမ်....ငါ..ငါနားကြားများမှားသွားသလား..?ရဝေ...မင်းငါ့ကိုလာမနောက်နဲ့နော်...ဟားဟား..ဒါကမရယ်ရဘူး...'
'ကျွန်တော်မညာဘူးသခင်လေး......သူ..သူ....'
'တောက်!!ဟာ...ဒါ..ဒါဆို..ငါ..စောနကမြင်လိုက်တာ...ဝေး..ဝေးပေါ့....'
'....'
'..ဟား..ဟား..ဟား..ဟား...'
'သခင်လေး.....သတိထားလေ....သခင်လေး...'
'စောနကဝေး...ဝေးတဲ့...ဟားဟား....'
'....သခင်လေး...'
'ရှာရမယ်..ငါ..ငါအခုသွားရှာရမယ်.....မင်းး...မင်းလဲရှာ...'
ပြောပြောဆိုဆိုနဲ့ကားသော့ဆွဲပြီးကားထဲဝင်ကာတဝူးဝူးမောင်းထွက်သွားတဲ့သခင်လေးကိုစိတ်ပူမိသည်...
ကိစ္စတွေအားလုံးအဆင်ပြေသွားရင်အရမ်းကောင်းမှာဘဲဗျာ....
.......................
ကျွန်တော်ကားကိုဖြည်းဖြည်းမောင်းရင်းလမ်းတလျှောက်ကိုလိုက်ကြည့်မိသည်....
ဝေးအရိပ်အယောင်တော့မတွေ့ရ...
မောင်းရင်းနဲ့လမ်းကျဉ်းတစ်ခုနားရောက်တော့ဆက်မောင်းလို့မရတာနဲ့ကားသော့ပိတ်ပြီးလမ်းလျှောက်ကာအဝေးကိုလိုက်ရှာမိပြန်သည်....
'ဝေး...'
တွေ့လိုက်တဲ့အဖြူရိပ်လေးကိုအနောက်ကနေလက်ဆွဲကိုင်မိတော့ရုန်းလိုက်တာမှတအားဘဲ....
ဟုတ်ပါသည်..ဒါသူရှာနေတဲ့ကောင်လေးပါ....
ထပ်ပြီးလွတ်မထွက်သွားအောင်ကျွန်တော်အနောက်ကနေသူ့ရဲ့ခါးကိုဖက်ထားမိပြန်သည်...
'ဖယ်စမ်း...လွှတ်.....'
'ဝေး...လျှောက်မပြေးနဲ့လေကွာ...ဝေးက..ကလေးလိုဘဲ..အရမ်းပြောရခက်တာဘဲ...'
'ခင်ဗျားကိုလွှတ်လို့ပြောနေတယ်လေ....လွှတ်..လွှတ်..'
'မောင်လွှတ်လိုက်လို့မင်းလေးထွက်ပြေးသွားရင်ရော....ကဲ..ထား..ရော့...နေပူကြီးထဲဖိနပ်မပါဘဲထွက်ပြေးနေတာခြေထောက်လေးတွေပူရောပေါ့..မောင့်ဖိနပ်စီးထားနော်...'
သူကရုန်းနေပေမဲ့သူ့ခြေဖဝါးလေးပေါ်ကျါန်တော့်ဖိနပ်တို့နေရာယူစေခဲ့သည်....
'ဝေး...ဒါဘယ်လဲ..?'
'ကျုပ်ကိုချုပ်နှောင်မထားနဲ့..ကျုပ်ကခင်ဗျားရဲ့လှောင်အိမ်ထဲကငှက်မဟုတ်ဘူး....!!လွှတ်ပေး...'
'ဝေး....အိမ်ပြန်မယ်.....'
'ဟင့်အင်း..ခင်ဗျားနဲ့တသက်လုံးပြန်မလိုက်ဘူး...'
'ဝေး!!အိမ်ပြန်မယ်လို့မောင်ပြောနေတယ်မလား...?'
'ဟင့်အင်း...အင့်..ဟင့်..အ့..အား...နာ..နာတယ်..လက်....'
'ဟိတ်လူ..ဒါဘာလုပ်တာလဲ...?'
'ဒီမှာ...ကျုပ်တို့ကြားဝင်မ၇ှုပ်နဲ့..ခင်ဗျားလမ်းခင်ဗျားသွား...'
'ဟ..လူလယ်ခေါင်ကြီးမှာခုလိုဆွဲလားယမ်းခလားတွေလုပ်နေတာမသင့်တော်လို့လေ....ခင်ဗျားလွှတ်လိုက်.....'
'မလွှတ်ဘူး...သူကငါ့လူမို့ငါအိမ်ပြန်ခေါ်တာဘာဖြစ်လဲ..?'
'ဟဲ့..ကောင်လေး...ငါတို့လဲမြင်တယ်...နင်သူ့ကိုအနိုင်ကျင့်နေတာမလား...?'
'ဒီမှာ...အန်တီတို့ကဘာလို့ပါလာရတာလဲ..'
'အိုး..အမြင်မတော်တာကြီးကိုငါတို့ကလက်ပိုက်မကြည့်နေနိုင်ပါဘူးတော်....သား...လူလေး..ဒီလူကြီးကသားနဲ့သိလား....?'
'ဟင့်အင်း..မသိပါဘူးဒေါ်ဒေါ်....ကျွန်တော့်ကိုကယ်ပါ...'
'ဝေး...မင်းဘာဖြစ်နေတာလဲ...?'
'ကျေးဇူးပြုပြီး..ကျွနေ်တာ့်ကိုကယ်ပေးပါ..ဒီလိုအရူးနောက်မလိုက်ချင်ဘူး..'
'ကဲ..ကောင်လေးကပြောနေပြီဆိုတော့မင်းလွှတ်ပေးလိုက်တော့...'
'မလွှတ်ဘူးကွာ...လာ..အိမ်ပြန်မယ်..ဝေး...'
'ဟင့်အင့်....ဟင့်အင်း...မလိုက်ဘူး....'
'ဟာ...ပြောလို့မရဘူး..ကဲ...အန်တီတို့ကောင်လေးကိုခေါ်ထုတ်သွားတော့...ကျုပ်တို့ဒီလူ့ကိုတားထားမယ်....'
'ဟိတ်လူတွေ..ခင်ဗျားတို့ဘာလုပ်တာလဲ..လွှတ်..လွှတ်ဗျာ...ဝေး...ဝေး....ဟင့်အင်း...အဲ့တာကျုပ်လူ...ခင်ဗျားတို့သူ့ကိုဘယ်ခေါ်သွားမလို့လဲ...?ဝေး...ဝေး!!!'
....
.......
'သား..လူလေး...အဆင်ပြေရဲ့လား..?'
'ကျေးဇူးပါ...ဒါနဲ့...အန်တီ...သူ့ကိုတော့ဘာမှမလုပ်ပါနဲ့...'
'သူ....?'
'ကျွန်တော်တောင်းဆိုတာပါ.....'
'အင်း...မင်းလဲသွားတော့လေ..တော်ကြာလိုက်လာနေဦးမဘ်....'
'ဟုတ်ကဲ့..ကျေးဇူးပါ...ကျေးဇူးပါ....'
နောက်ဆုံးတချက်သူရှိရာကိုလှည့်ကြည့်ရင်းကျွန်တော်သူနဲ့ဝေးရာကိုသာထွက်ပြေးခဲ့မိသည်.....
ကျွန်တော်ပြေးနေတုန်းဟိုးအဝေးကြီးကနေ'ဝေး..!!'ဆိုတဲ့အသံနက်ကြီးကိုကြားမိလိုက်တယ်....
ပေါက်ခနဲဆင်းကျသွားတဲ့မျက်ရည်ကိုလက်နဲ့ခပ်ကြမ်းကြမ်းဖိသုတ်ရင်းပြေးနေရာကရပ်လိုက်မိသည်...
နောက်ဘက်တစ်လှမ်းပြန်လှည့်ရင်းမောင်ရှိရာဘက်ကိုဦးသုံးကြိမ်ချရှိခိုးမိသည်...
'နောက်ဆိုဝေးမရှိလဲကိုယ့်ဘာသာကိုဂရုစိုက်ပါမောင်....
ငါမောင့်ကိုထားသွားရလို့အကြာကြီးဝမ်းမနည်းနေပါနဲ့.....
တောင်းပန်ပါတယ်....မောင်.....အစစအရာရာအတွက်ရောကျေးဇူးတင်ပါတဘ်'
ထို့နောက်...ကျွန်တော်မောင်နဲ့ဝေးရာစီကျောခိုင်းထွက်ခွာမိသည်...
မောင့်ကိုခွင့်မလွှတ်နိုင်လို့ဆောရီးပါမောင်....
မောင်သိဖို့ပါ....
မောင့်ကိုချစ်ခဲ့တာ...နားလည်ပေးခဲ့တာတခြားတစ်ယောက်နဲ့ဖောက်ပြန်ဖို့မဟုတ်ဘူးမောင်....
ဟင့်......
မောင်မသိလို့...ငယ်ငယ်ထဲကမေတ္တာငတ်ခဲ့ရတဲ့ဒီကောင်ကလေ..ဘဝမှာဟန်ဆောင်ချစ်ခံရမှာကိုအကြောက်ဆုံးဆိုတာ....
To be continued
-------------------------
Zawgyi
'သခင်လေး.....'
'ရဝေ..သူနိုးပြီလား...?'
'ဟုတ်ကဲ့.....'
'ဆရာဝန်ဘာပြောသေးလဲ..?'
'ဟို...'
'ဟုတ်...'
'လုပ်စရာရှိတာသာလုပ်....'
'...........'
'ဝေး....ဝေး.....'
'.........'
'ဝေး....'
'ဝေး..ကလေးလေးရယ်...အင့်.....'
'ဝေး...ဝေး...ဘာဖြစ်တာလဲ!!!'
'ဖယ်....ဟ့.....အ့....လွှတ်.....မ....မထိနဲ့...'
'ထွက်.......သွား.....အင့်.....'
'ဝေး.....'
'ဟင်း...............'
'ဝေး...ဟင့်....'
'...'
'ဟုတ်....'
အကိုလေးကလဲ...ဟင်း....
ခက်တယ်..ခက်တယ်...
'ရ..ရဝေ.....'
'ဗျာ.....'
...
.....
'ဟို..ဆရာ.အဲ့တာက...'
'ရဝေ...ဘာတွေလဲ...?'
'ဟို....'
'အ..အမောဖောက်တာ...'
'ဟုတ်တယ်....ကောင်လေးကနှလုံးရောဂါပုံစံမျိုးအစပျိုးနေပြီ....ခက်တာကဆေးပေးလို့လဲမရဘူး..ကိုယ်ဝန်နဲ့ဆိုတော့....မင်းစဉ်းစားကြည့်ပေါ့..သူ့မှာကိုယ်ဝန်ကြောင့်ပင်ပန်းတာတမျိုး...တစ်ခုခုကြောင့်စိတ်ဖိစိးပြီးshockရပီဲးခုလိုထပ်ဖြစ်ရင်သူရောဗိုက်ထဲက ကလေးရောမကယ်နိုင်ဖြစ်သွားလိမ့်မဘ်...'
'ဗျာ!!'
.........
.....................
'သခင်လေး...သွားလို့ရပြီ...'
'ဟုတ်......'
'ကောင်လေး...ဝင်ခဲ့...'
'ဟုတ်...'
'ထိုင်ပါဦး...'
'....'
'ဆရာမက.....သိတယ်လား...?'
'ဟက်.....ဆိုပါဦး..'
'တကယ်တော့..ကျွန်တော့်အိမ်ထောင်ဖက်ကယောက်ျားတစ်ယောက်ပါဆရာမ...အတိတ်ဘဝမှာလဲပေါင်းဖက်ခွင့်ရပေမဲ့သေကွဲကွဲခဲ့ရပါတဘ်..ခုလက်၇ှိမှာလဲ....ကျွန်တော်တို့အိမ်ထောင်ရေးက.....ဟင်း....ကောင်လေးအပေါ်ကိုကျွန်တော်အမှားကြီးလဲလုပ်မိခဲ့တယ်ဆရာမ....သူကကျွန်တော့်ကြောင့်ခုအိပ်ယာထဲလဲနေရပြီ...နှလုံးရောဂါပါအစပြုခံစားနေရပြီတဲ့..အားလုံး..ကျွန်တော့်ကြောင့်.....ကျွန်တော်..ကျွန်တော်ဘယ်လိုလုပ်မှကျွန်တော်တို့အိမ်ထောင်ရေးလေးအဆင်ပြေမလဲဆရာမ......
'ဗျာ......'
'ဘာ..ဘာလို့....အင်း........'
ဝေးလဲရှိနေခဲ့တဘ်...
ဝေဂနဲ့ကျွန်တော်ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာဘဲကျွန်ေတာ့်လက်ထဲကဖန်ကွဲစကသူ့ရင်ဘတ်ထဲစိုက်ဝင်သွားခဲ့သည်...
'ဝေး!!!အား.....ဝေး.....'
'ဆ..ဆရာမ....ဝေး...ဟင့်..ဝေး...'
'ကျွန်တော်ဝေးကိုဘာတွေဘဲဖြစ်လာလာလက်လှါတ်အဆုံးရှုံးမခံနိုင်ဘူးဆရာမ....'
'......'
'..........အင်း.....'
'ကျေးဇူး....'
'ဝေး....'
ငါဘဲအမြင်မှားတာလား..?
'သ..သခင်လေး....'
'ဟင်....'
'ဟမ်....'
'အင်း...ငါမတွေ့လိုက်ဘူး....'
'....'
'..ဟား..ဟား..ဟား..ဟား...'
'....သခင်လေး...'
.......................
'ဝေး...'
'ဖယ်စမ်း...လွှတ်.....'
'ဝေး...ဒါဘယ်လဲ..?'
'ဝေး....အိမ်ပြန်မယ်.....'
'ဟိတ်လူ..ဒါဘာလုပ်တာလဲ...?'
'ဝေး...မင်းဘာဖြစ်နေတာလဲ...?'
'ကျေးဇူးပြုပြီး..ကျွန်ေတာ့်ကိုကယ်ပေးပါ..ဒီလိုအရူးနောက်မလိုက်ချင်ဘူး..'
....
.......
'သူ....?'
မောင်သိဖို့ပါ....
ဟင့်......
To be continued
-------------------------