(24. 3)
ကျောက်ချင် က သစ်အယ်သီး စွပ်ပြုတ်ကို သောက်လိုက်တယ်။ ပြီးတော့ သူရှာတွေ့ခဲ့ တာ က အရသာ က အချိန်အတော်ကြာ ကတည်း က မခံစား ခဲ့ရတော့တာ ကိုပေါ့။
မျက်စိ တစ်မှိတ် အတွင်းမှာ ပဲ သူတို့ ဒီတောင်ပေါ်ကို ရောက်နေတာ တစ်လ လောက် ရှိသွားပြီ ပဲ ဖြစ်လေတယ်။
ပါးစပ်နဲ့ အပြည့် အသား တွေ စားပြီး သွားတဲ့ နောက် သူ့ရဲ့ ဗိုက်က ပြည့်သွားကာ ပြောလိုက်တယ်။
'' ငါတို့တွေ လှေဆောက် ပြီးသွား ကြပြီ။ ဒါပေမယ့် လှေက လူလေးယောက်ပဲ ဆန့်တယ်။ တကယ်လို့ မနက်ဖြန် ရောက်လို့ ရာသီ ဥတု ကောင်းလို့ ရှိရင် ငါတို့ ပင်လယ်ထဲကို ထွက် ကြမယ်။ ပြီးတော့ ငါတို့ က အဲ့နေရာကို ရောက်နိုင်မလား ဆိုတာ ဆင်းသွား ကြည့်မယ်။ ပြီးတော့ တံငါရွာ က နေ တစ်စုံ တစ်ခု ဝယ်ပြီးတော့ ပြန်လာခဲ့မယ် ''
'' ဒီအချိန်မှာတော့ တန်ဖိုးရှိတဲ့ အရာတွေကို ထုတ်ဖို့ ကြိုးစား ပေးကြပါ ''
ထိုဟာကိုလည်း ပြောလိုက်ရော လူတိုင်းက လက်ထဲမှာ ပန်းကန်တွေ ကိုင်ထားရင်း နဲ့ တန့်သွား ကြလေတယ်။
လူတိုင်းရဲ့ အိပ်ကပ်တွေက တင်းကြပ်စွာ ချုပ်နှောင်ထားတာ ဖြစ်မှန်း ကျောက်ချင် သိပြီးသား ဖြစ်လေတယ် ။
သူတို့က ပင်လယ် လှိုင်းလုံး ကြီးနဲ့ ကြုံတွေ့ခဲ့ရ ပေမယ့် လူတိုင်းက ထွက်ပြေး လာစဥ် သူတို့ နဲ့ အတူ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ကို သယ်လာ ကြလေတယ်။
အများကြီး တော့ မဖြစ်နိုင်ပေမယ့် အနည်းအကျဉ်းတော့ လူတိုင်းမှာ ပါလာ ကြတာ ပဲ ဖြစ်တယ်။
လူတိုင်းက တိတ်ဆိတ်နေတာ ကိုတွေ့တော့ ဟော်ဆန်းအာ ကပဲ ဦးဆောင်ကာ သူ့အိတ်ထဲက ငွေတုံး အပိုင်းအစ အသေးလေး တစ်ချို့ကို ထုတ်ကာ ကျောက်ချင် ကို ကမ်းပေး လိုက်တယ်။
'' ဒါက အကုန်ပဲ ''
ကျောက်ချင်က ငွေကို ယူပြီးတော့ လူတိုင်းကို ကြည့်လိုက်တယ်။ နောက်တော့ အမျိုးသမီး တစ်ယောက် က သူမ ရဲ့ လက်ကောက်ဝတ်က ငွေလက်ကောက် ကို ချွတ်ပေး လိုက်တယ်။
သူမက အဲ့တာကို ချွတ်ရင်း ပြောလေတယ်။
''ငွေနဲ့ တစ်ခြား ပစ္စည်းတွေ က ပြန်ရှာလို့ ရပေမယ့် ဘဝ က ပိုပြီးတော့ အရေးကြီးတယ် ''
မျိုးဆက်လက်ဆင့် ကမ်းလာတဲ့ အသိသညာဆိုင်ရာ အတွေးတွေ ထဲမှာ လူတိုင်း က ပိုက်ဆံ နဲ့ ပတ်သက်ပြီး တော့ လုပ်ဆောင် ရတော့မယ် ဆိုရင် စကားကို သေချာရှင်း အောင် ပြောပြ ထားဖို့ လိုအပ်လေတယ်။
သူတို့တွေ ရဲ့ နှလုံးသား တွေ ထဲမှာ တွန့်ဆုတ် နေကြ ပေမယ့် တကယ်လို့ ပစ္စည်းတွေ ရှိလာရင် နေထိုင်မှု ဘဝက ပိုမို ကောင်းမွန် လာမှာ ဖြစ်ပြီးတော့ အသက်ရှင် နေနိုင်မှာ ပဲ ဖြစ်တယ်။ အသက်ဆက်ရှင် နေမှသာ ငွေရှာနိုင်မှာ ဖြစ်လေတယ်။
တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ ပါလာတဲ့ ပစ္စည်းတွေ ကို ထုတ်ပေး ကြလေတယ်။ ကျောက်ချင် ကလည်း သူ့ပစ္စည်း ကို ထုတ်လိုက်ကာ အကုန်လုံး ရဲ့ ပစ္စည်းတွေ နဲ့ အတူတူ သေချာ ထုတ်ပိုးလိုက် ပြီးတော့ လူတိုင်း အတွက် ဒါဟာ အတော်လေး ခက်ခဲ မယ်ဆိုတာ နားလည်လေတယ်။
'' ငါက ဒီက ငွေတွေကို လူတိုင်း အသက်ရှင်ဖို့ အတွက် အထောက်အပံ့ ဖြစ်တဲ့ ပစ္စည်းတွေ အပေါ်မှာပဲ သုံးမှာပါ။ ရှုပ်ထွေး သွားမှာကိုတော့ စိတ်မပူပါနဲ့ ။ ငါက မနက်ဖြန် စာတက်တဲ့ လူတစ်ယောက် ကို ခေါ်လာပြီးတော့ စာရင်းတွေကို ချရေးထား ပါ့မယ် ''
'' ကျောက်ချင် အဲ့တာ က မလိုအပ် ပါဘူး။ လူတိုင်း က မင်းကို ယုံကြည် ကြပါတယ်။ မင်းက ဒီရက်တွေမှာ လူတိုင်းအတွက် လိုအပ်သမျှတွေ အများကြီး လုပ်ပေးခဲ့ ပြီးပါပြီ။ အဲ့ဒါကို လူတိုင်း က မြင်ပါတယ်''
'' လူတိုင်း က ငါ့ကို ယုံကြည် လို့ပဲ ငါက ဒီလို လုပ်ရမှာ လေ။ မင်း ကိစ္စ တစ်ခုကို လုပ်ပေး တော့မယ် ဆိုရင် ကိစ္စတွေကို ရှင်းလင်းအောင် လုပ်တာ က ပိုပြီးတော့ လူတိုင်းအတွက် ကောင်းတယ်ကွ ''
ဒါကြောင့် ကျောက်ချင် က သူ့ဘာသာ သူ နဲ့ သူသိတဲ့ လူတစ်ယောက် ကို ရွေးလိုက် တယ်။ သူတို့က စာရေးတက် တဲ့ လူကို ခေါ်လာ အုံးမှာလေ။ ပြီးတော့ သူတို့လှေ က လူလေး ယောက်ပဲ ဆန့်တယ်လေ။ ထိုရွေးလိုက်တဲ့ လူက ဟော်ဆန်းအာ ဖြစ်လေတယ်။
သူတို့ရဲ့ လှေပေါ်မှာ လူတစ်ယောက် စာ နေရာကျန် သေးလေတယ်။ ကျောက်ချင်က နောက်ဆုံး တော့ အမျိုးသမီး တစ်ယောက် ကို လိုက်ခွင့် ပြုခဲ့လေတယ်။
အဆုံးမှာတော့ စျေးဝယ် သွားမယ် ဆိုရင် အမျိုးသမီး တစ်ယောက်ပါတာ က ပိုပြီးတော့ ကောင်းလေတယ်။ အမျိုးသမီး တွေက အမြဲတမ်း ပဲ သတိ ထားဂရုစိုက် တက် ကြလေတယ်။ ကိစ္စတွေက ဒီလို စီစဥ် ပြီးမှတော့ ဘယ်လိုမျိုး ရလဒ်ထွက် လာမလဲ ဆိုတာကို လူတိုင်း က စောင့် ကြည့်နေကြ မှာပဲ ဖြစ်လေတယ်။
ညမှာတော့ ကျိုးကောအာ က ဂူလေး ထဲမှာ ချိတ်ထားတဲ့ အပေါ်ဝတ် အထူကြီးကို ပေးလာခဲ့တယ်။ သူတို့မှာ ထိုအဝတ်ထူ နှစ်ထည်သာ ရှိလေတယ်။ တကယ်လို့သာ အဲ့နေ့ ညက ကျောက်ချင်သာ အဲ့တာ တွေ မယူခဲ့မိရင် သူတို့အတွက် ညအိပ်တာတောင် ခြုံစရာ ရှိတော့မှာ မဟုတ်ပါပေ။
ဂူအသေးထဲ မှာ အပြင်က မီးဖို က မီးအလင်းရောင် ရှိနေလေတယ်။ မီးရောက် ရှိသေးတဲ့ အတွက် ကျောက်ချင် က ဖျာပေါ်မှာ ထိုင်ကာ ကျိုးကောအာ ကို ပြောလိုက်တယ် ။
'' ကိုယ် မနက်ဖြန် စျေးသွားရင် စျေးအနည်းငယ် ပေါတဲ့ မီးအိမ်တစ်ချို့ ဝယ်လာခဲ့မယ်။ အဲ့အခါ အမှောင်ထဲ မှာမင်း မမြင်မစမ်း ဖြစ်စရာ မလိုတော့ဘူးပေါ့။ ''
ကျိုးကောအာ က အဝတ်တွေကို ယူလာကာ ကျောက်ချင် ဘေးနားကို ဝင်ထိုင်လိုက်တယ်။ ပြီးတော့ သူ့အိပ်ထဲကနေ ပန်းရောင် ပုလဲ လေးကို ထုတ်ကာ ကျောက်ချင် ကို ပေးလိုက်တယ်။
'' လူတိုင်း က သူတို့ ကိုယ်ပိုင် ပစ္စည်းတွေ ကို ထုတ်ပေး ခဲ့ ပြီးပြီ။ ဒါနဲ့လည်း ရနိုင်တဲ့ ပစ္စည်းတွေ ဝယ်ခဲ့ပါ''
ကျောက်ချင် က ကျိုးကောအာ လက်ထဲက ပန်းရောင်ပုလဲ ကို ယူလိုက်တယ်။ ဒါလေးကို ကျိုးကောအာ က အရမ်းကို နှစ်သက်တယ် ဆိုတာကို သူသိပါတယ်။ ဒါပေမယ့် ကျိုးကောအာ ပြောတာ ကလည်း မှန်နေ ပြန်တယ်လေ။
မိသားစု မှာ ငွေတွေ အများကြီး မရှိပါပေ။ သူက ငါးတွေကို ယူပြီးတော့ စျေးမှာ ငွေတစ်ချို့နဲ့ သွားလဲ မလို့ လုပ်ခဲ့တာ ပဲ ဖြစ်တယ်။ ဒါပေမယ့် အဲ့တာ မတိုင်ခင်မှာ ဆူနာမီလှိုင်း နဲ့ ကြုံတွေ့ ခဲ့ရလေတယ်။
အခုတော့ ငါးတွေက သူ့ရဲ့ နေရာလွတ် ထဲမှာ ပဲ ရှိနေ ဆဲ ဖြစ်ပြီးတော့ သူတို့ကို အသုံးချ ဖို့ မှန်ကန်တဲ့ အချိန် ကိုလည်း ရှာမတွေ့ သေးပါပေ။ ဒီအချိန်မှာ ပုလဲ က ငွေကြေး အတော်များများ ထိုက်တန်လေတယ်။
သူက ကျိုးကောအာ ရဲ့ ခေါင်းလေးကို ပုတ်လိုက်တယ်။
'' မင်းထင် ထားသလို ပဲ အဲ့တာ က အများကြီး အသုံးဝင်ပါတယ်ကွာ ''
'' မနက်ဖြန် ခများ အပြင် ထွက်ရင် သေချာ ဂရုစိုက်နော် ''
ကျိုးကောအာ က ဖျာပေါ်မှာ လှဲလိုက် ပြီးတော့ ခပ်တိုးတိုး ပြောလိုက်တယ်။ ကျောက်ချင် က သူ့ကို အတူတူ အပြင်ခေါ် မသွားဘူး ဆိုတာ ကျိုးကောအာ သိပါတယ်။ ကျောက်ချင် ရဲ့ ဘေးနားမှာ ရှိမနေ ရတဲ့ အတွက်ကြောင့် သူ့စိတ်ထဲမှာ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ ရှိနေဆဲ ပဲ ဖြစ်လေတယ်။
ကျောက်ချင်ကလည်း သူ့ဘေးနားမှာ လှဲချ လိုက်ပြီးတော့ လက်ကို ဆန့်ထုတ်ကာ ကျိုးကောအာ အား သူ့ရဲ့ လက်မောင်း ထဲမှာ ဖမ်းထား လိုက်လေတယ်။
'' ကိုယ်က ပင်လယ်ပြင်ကနေ တစ်ခြားဆီ သွားမှာပါ စိတ်မပူနေပါနဲ့။ ''
'' စိတ်ပဲ ပူမနေနဲ့တော့ ''
'' ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ကွာ ''
ကျောက်ချင် က ကျိုးကောအာ ရဲ့ နဖူးလေး ကို နမ်းလိုက်တယ်။
( ငါတော့ ခေါင်းအုံး ပဲ နမ်းနေရတယ် ဂွတ် 😀)
'' မင်းက ဒီနေရာမှာ နေပြီးတော့ ကိုယ့်ကို စောင့်နေပေါ့။ ကိုယ်က အရာရာတိုင်းကို သေချာလေး ကိုင်တွယ် ဖြေရှင်း ခဲ့ပါ့မယ် ''
ကျိုးကောအာ ကလည်း ကျောက်ချင် ကို ပြန်ဖက် လိုက်ပြီးတော့ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက် လေတယ်။
'' ကောင်းပါပြီ။ အိပ်ယာစောစော ဝင်ကြ စို့လေ။ မနက်ကြ ရင် အစောထ ရမှာကို ''
နောက်တစ်နေ့ မှာတော့ ကျောက်ချင် က အစောကြီး ထသွား လေတယ်။ ကျိုးကောအာ လည်း နိုးလာရော သူ့ဘေးနားမှာ ဘယ်သူမှ မရှိတော့ ပါပေ။
သူက မြန်မြန်ထပြီးတော့ ဂူလေး ထဲကနေ ဖိနပ်တောင် မဝတ်ပဲ အမြန်ပြေးထွက် လာခဲ့တယ်။ ဒါပေမယ့် ကျောက်ချင်က ထွက်သွားတာ ကြာခဲ့ ပါပြီ။
ဆောင်းရာသီ မနက်ပိုင်းမှာ တိုက်တဲ့ မနက်ခင်းပဲ လေတွေ က အတော်လေးကို အေးစက် နေလေတယ်။ ဟော်လင်းလင်း က မီးဖိုရှေ့မှာ မီးထိုင်လှုံနေခဲ့တာ ပဲ ဖြစ်လေတယ်။
ကျိုးကောအာ က အဝတ်ပါးလေး ပဲ ဝတ်ထားတာ ကို တွေ့တော့ သူမက အာရုံစိုက်ကာ ပြောလိုက်တယ်။
'' သူတို့က သွားခဲ့ ပြီ။ အကိုရှောက်ယု အဝတ်အထူ သွားပြန် ဝတ်လိုက်အုံး ။ အအေးမမိစေနဲ့။ ''
ကျိုးကောအာ က ဟော်လင်းလင်း ကို ခေါင်းငြိမ့် ပြလိုက်တယ်။ ပြီးတော့ သူ့ရဲ့ ဂူလေး ဆီကို အနည်းငယ် စိတ်ပျက်စွာနဲ့ ပြန်သွား ခဲ့လေတယ်။
''ငါက ဒီရက်တွေမှာ တောင်ပေါ်သား ဖြစ်လာတဲ့ အတွက်ကြောင့် ငါ့ကိုငါ တံငါသည် ဆိုတာ မေ့ လုနီးပါး ဖြစ်နေပြီကွ''
လှေလေး က သစ်ရွက်တွေ ပြည့်နေတဲ့ ရေပြင်ကြီးမှာ လှော်ခတ်နေခဲ့လေတယ်။
တောင်ပေါ်က ရေတွေ ကို ကျော်ဖြတ်ဖို့ လှေလှော် ရတာ သိပ်ပြီးတော့ လွယ်ကူ မနေပါပေ။ လှေရဲ့ အောက်ခြေမှာ များစွာသော သစ်ကိုင်းတွေနဲ့ ခြုံနွယ်အထွေးတွေ ရှိနေ လေတယ်။ ဒါကြောင့် လှေတစ်စင်း လှော်ရတာ တကယ်ကို မလွယ်ပါပေ။
လှေရဲ့ လှော်တက်တွေက အဲ့တာ တွေကို ရှောင်ရှား နေရတဲ့ အတွက်ကြောင့် ရွေ့လျားနှုန်း က နှေးကွေးလေတယ်။ ဒါပေမယ့် လူတိုင်းက အချိန်အတော်ကြာထိ ဝေးကွာနေခဲ့ ရတဲ့ ရင်းနှီးကျွမ်းဝင် နေတဲ့ ခံစားချက် ကြောင့် သူတို့ရဲ့ နှလုံးသား ထဲမှာ ရှိတဲ့ အပျော်တွေက စကားနဲ့ ထုတ်ပြောလို့တောင် မရနိုင် ပါပေ။
'' ငါတို့က လှေတစ်စင်း ရှိပြီဆိုတော့ စျေးထဲက လျှော်ကြိုး တစ်ချို့ ဝယ်လာရမယ်။ ပြီးတော့ အဖိုးလီ ကို ငါးဖမ်း ပိုက်ကွန်တစ်ချို့ လုပ်ခိုင်း ပြီးတာနဲ့ ငါတို့ ငါးတွေ သွားဖမ်းလို့ ရပြီကွ ''
ကျောက်ချင် က လှော်တက်ကို လှုပ်ယမ်း နေကာ ဟော်ဆန်းအာ ကို ပြောလိုက်လေတယ်။
ဟော်ဆန်းအာ က ရယ်လိုက်တယ်။
'' တွေးရတာ တော့ အရမ်းက်ို ကောင်းနေတာ ပဲပေါ့ကွာ ''
လူတိုင်း က စူးစမ်းနေကြ ကာ လမ်းတစ်လျောက် စကားတွေ ပြောလာ ကြလေတယ်။
အရင်က တောလမ်းလေး တွေက အခုတော့ ရေအောက်ထဲ မြုပ်နေ ခဲ့ပါပြီ။
သူတို့က ရေပြင်ကို ဖြတ်သန်း ပြီးတဲ့နောက် သိပ်မကြာခင် မှာပဲ အနားက တံငါရွာ အစပ်ကို ရောက်သွား လေတယ်။
သူတို့က လှေကို ကမ်းနားမှာ ကပ်ကာ ဆွဲတင် ခဲ့ပြီးတဲ့နောက် လူတိုင်းက လမ်းဆင်းလျောက်ကာ တောင်အကျော် က ရှားယု ရွာ ဆီကို သွားခဲ့လေတယ်။
လုတိုင်းက လှည်းလမ်းကြောင်း သွားခဲ့တဲ့ လမ်းအတိုင်း ပဲ လျောက်သွား ခဲ့လေတယ်။
သူတို့ အမျိုးသား တွေက လမ်းလျောက် တာ မြန်ပြီးတော့ အမျိုးသမီး ကလည်း အချိန်နှေးဖင့်အောင် အီးလေး ဆွဲမနေတာ ကြောင့် သူတို့က မကြာခင်ပဲ ရောက်တော့ တယ်။
ရှားယု ရွာက ဆူနာမီ လှိုင်းလုံးဒဏ်ကို လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ ပါပေ။ ဆောင်းရာသီ အစ ပိုင်း ဖြစ်တဲ့အတွက်ကြောင့် ရွာသားတွေက သူတို့ရဲ့ လယ်ကွင်းက အသီးအရွက်တွေကို ခူးယူပြီးတော့ အိမ်ကို ပြန်ပို့ ကြ နေတာကို အဝေးကနေ သူတို့က ကြည့်နေ ပြီးတော့ မတက်နိုင်ပဲ မနာလို ဖြစ်မှုကို ခံစားလိုက်ရတယ်။
'' ရှားယု ရွာထဲမှာ မုန်လာဥတွေ ၊ ဂေါ်ဖီတွေနဲ့ ငရုတ်သီး တွေ အများ ကြီး ရှိမယ် ထင်တယ်။ ငါတို့ တစ်ချို့ကို ဝယ်နိုင်မလား ဆိုတာကိုတော့ ကြည့်ရမှာပေါ့လေ။ အဆုံးမှာတော့ ဒါက ငါတို့ရဲ့ တောင်နားမှာ အနီးစပ်ဆုံး ရှိတဲ့ ရွာပဲလေ။ ပြီးတော့ ဒီကနေ ဝယ်လို့ရရင် အားထုတ်မှုတွေ အများကြီး လျော့ကျ သွားမှာပါ''
.........................................