အချစ်ထက်သာလွန်သော[Completed]

By Ta_yaw2006

904K 50.3K 3.2K

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း
memo
ART
Book!!

အပိုင်း(၁၄)

20.1K 1.3K 60
By Ta_yaw2006

Unicode

"ဟာ လွမ်းစေသော်ရာ မင်းဘယ်လိုတွေညှပ်လိုက်တာလဲ"

"ဘာဖြစ်လို့လဲ ချစ်ငယ်ရ မင်းနဲ့လိုက်ပါတယ် "

"ဘာကိုလိုက်ရမှာလဲ ကွာ....အဲ့ဒါကြောင့် မင်းကိုမညှပ်နဲ့လို့ ငါမပြောဘူးလား အခုကြည့်ဦး "

ငယ်ချစ်ဦးတစ်ယောက် မှန်ထဲကကိုယ့်ရုပ်ကို တစ်လှည့် ကြမ်းပြင်ပေါ်က ပြန့်ကျဲနေတဲ့ ဆံစများကို တစ်လှည့်ကြည့်ရင်း နှာမြောတသဖြစ်သွားရ၏။ရပ်ကွက်ထိပ်က ဆံပင်ညှပ်ဆိုင် သွားညှပ်မယ်ဆိုလည်းမရ။ "ငါညှပ်တတ်ပါတယ်"ဆိုတဲ့ စကားကို ယုံကြည်မိတဲ့ ကျွန်တော်ဘဲ မှားတာလားမသိတော့။ တိရုံတင် တိမယ်ဆိုတာကို လွမ်းစေသော်ရဲ့ ဆံပင်တိမှုကြီးက ဂတုံးသာသာ သာကျန်တော့၏။ ခုကျွန်တော့်ပုံစံက ဗိုလ်သင်တန်း ဆင်းလိုလို ဘာလိုလို။ စိတ်ညစ်စွာဖြင့် လွမ်းစေသော်ကို စိတ်ညစ်သလို တစ်ချက်ကြည်လိုက်ရင်း ခြေထောက်ဖြင့် လှမ်းကန်လိုက်မိသည်။

"သွား မင်း ငါ့စကားလာမပြောနဲ့"

"ဟာ ချစ်ငယ်ရာ လိုက်ပါတယ်ဆိုကွာ "

"ထပ်ပြောရင် ငါကိုင်ထားတဲ့ မှန်နဲ့ကောက်ထုမှာနော် လွမ်းစေသော်!!"

"ဟုတ်"

စိတ်တိုတိုဖြင့် နှာတစ်ချက်မှုတ်လိုက်ရင်း အပေါ်ထပ်သို့ တက်လာခဲ့သည်။နောက်ကနေ တကောက်ကောက်လိုက်လာတဲ့ သူကို မသိချင်ယောင်ဆောင်ကာ အခန်းထဲဝင်လာလိုက်သည်။တစ်ရက်လောက်ကတော့ စိတ်ဆိုးပြလိုက်မှ တော်ခါကျမည်။မဟုတ်ပါက လူကို လုပ်ချင်သလိုလုပ်နေဦးမည်။ ဒီကေနဲ့တော့ မနေနိုင်။ဂတုံးတုံးပစ်မှသာ အဆင်ပြေမည့်ပုံ။ ဆံပင်ညှပ်ပြီးကာစမို့ လူက ဟိုနားယားသလို သည်နားယားသလို ဖြစ်လာသည်မို့ ရေချိုးရန်သာ ပြင်လိုက်သည်။ ရေလဲပုဆိုး နဲ့ တဘက်အား ယူလိုက်ပြီး အခန်းတံခါးဖွင့်ဖွင့်ချင်းတွင် မျက်နှာငယ်နဲ့လွမ်းစေသော်ကို တွေ့လိုက်ရသည်။
သက်ပြင်းကို တမင်ကြားရအောင် ချလိုက်ရင်း မျက်လုံးတစ်ချက်လှန်ကြည့်ပြီး လွမ်းစေသော်ကို ကျော်ကာ ထွက်လာခဲ့လိုက်သည်။

"စိတ်မဆိုးပါနဲ့ "

ကျွန်တော့်လက်တစ်ဖက်ကို ဖမ်းဆွဲကာ ခေါင်းကြီးငုံ၍ လာချော့နေသူသည် ကျွန်တော့်ကို တစ်ရက်ပြည့်အောင် စိတ်ဆိုးချင်သည့်စိတ်ကို ပြေပျောက်အောင်လုပ်နေသလို။ ကလန်ကလား အရပ်ဖြင့် ကျွန်တော့်လက်ကို ကလေးတစ်ယောက်သဖွယ် ဆော့ကိုင်ရင်း ချော့နေပုံက ကျွန်တော့်ရင်ထဲ တစ်မျိုးတစ်မည်ပင် ဖြစ်သွား၏။  ငုံထားတဲ့ခေါင်းလုံးလုံးလေးပေါ်က ဆံစလေးတွေကိုကိုင်ချင်သည်။ ဆော့ကစားနေတဲ့ လက်ချောင်းလေးတွေ ဆုတ်ကိုင်ထားချင်သည်။ သို့သော် ကျွန်တော်လုပ်လိုက်မိတာက

"ဖယ် ရေချိုးသွားမလို့"

ကျွန်တော်ပြောတာကို မကြားသည့်နှယ် နှုတ်ခမ်းကိုမဲ့ရင်း လက်ကိုကိုင်ထားဆဲ။

"လွှတ်လို့ ပြောနေတာကြားလား"

ကျွန်တော် ခပ်မာမာသာပြောမိသည်။

"လွှတ်"

ထိုအခါ ဆက်ချော့လာသူက လွမ်းစေသော်

"မလွှတ်ဘူးကွာ မလွှတ်ဘူး ချစ်ငယ် စိတ်ဆိုးပြေမှ လွှတ်မယ်"

ဂျစ်တိုက်နေသည်ဘဲလား၊ ချော့နေသည်လား မသဲကွဲတော့။တစ်ရက်တာ စိတ်ဆိုးဖို့ပြင်နေတဲ့ ကျွန်တော်က တစ်ထစ်လျှော့ကာ

"အေးကွာ မဆိုးဘူး မဆိုးဘူး ရပြီလား လွှတ်တော့"

"စိတ်ဆိုးနေတဲ့ လေသံကြီးနဲ့"

"ကွာ...."

သည်ပုံစံအတိုင်းဆို ကျွန်တော် သည်နေ့ရေချိုးရမည် မထင်တော့။

"အင်း စိတ်မဆိုးတော့ဘူး ငါရေချိုးမလို့ လွှတ်ဦး"

"အွန်း ချစ်ငယ်စားဖို့ ငါမနက်က စပျစ်သီးဝယ်လာတယ် ငါအခွံနွှာထားမယ်နော် "

"အေး"

ကျွန်တော်သိပါသည်။ဒါဟာ လွမ်းစေသော်ရဲ့ မသိမသာချော့နည်းလေး တစ်မျိုး။ အပြောထက် အလုပ်နဲ့ ချော့တတ်တဲ့ လွမ်းစေသော်က တခါတလေ ချစ်ဖို့ကောင်းပါသည်။

....
ဖွံဖြိုးဆဲ မြန်မာနိုင်ငံမှာ နေနေရသည်မို့ ညဘက်အိပ်ခါနီး ပန်ကာလေးနဲ့နှပ်မယ် လုပ်ခါမှ မီးကထပျက်လေ၏။ယပ်တောင်ကို တဖြတ်ဖြတ်ခက်ရင်း အိပ်ဖို့ကြိုးစားနေသော်လည်း နွေရာသီအပူကြောင့် လုံးဝအိပ်မရပေ။ အိပ်လို့မရတဲ့အဆုံး လက်နှိပ်ဓါတ်မီးကိုယူကာ အပြင်သို့ထွက်လာခဲ့သည်။လင်းထိန်းနေသော လရဲ့အကူအညီဖြင့် ပတ်ဝန်းကျင်မှာ လင်းကျင်းလျက်ရှိသည်။ လက်နှိပ်ဓါတ်မီးကိုပိတ်ပြီး ကွတ်ပစ်ပေါ်သွားထိုင်နေလိုက်သည်။

အနည်းငယ်မှောင်နေတာကြောင့် ခြင်တွေက ကျွန်တော့်နား တဝဲလည်လည်နဲ့မို့ ယပ်တောင်နဲ့ခါယမ်းရသေးသည်။လေအေးအေးလေး တိုက်ခက်လာသည်မို့ ထိုအခါမှ နေသာထိုင်သာရှိသွားတော့သည်၊အကြောင်းအရင်းမဲ့စွာဖြင့် ကောင်းကင်ထက်က လမင်းကြီးကို ဆွေးမြေ့စွာ ငေးမောကြည့်မိ၏။ ချက်ချင်း အတွေးထဲဝင်ရောက်လာသူက တစ်ယောက်သောသူ။ သူ မေမေနဲ့ဖုန်းပြောတုန်းက မေမေ ဒီလကုန်ဆို မုံရွာကိုလာခဲ့မယ်တဲ့။အိမ်ငှားနဲ့နေမည်ဟုပြောလာသည်။ ဒါဆို သူ လွမ်းစေသော်နဲ့ခွဲနေရတော့မည်။

ခဏခဏ မြင်ဖူးနေကျမျက်နှာကို ခိုးခိုးကြည့်တက်တဲ့ ကျွန်တော်၊ လွမ်းစေသော်ရဲ့ ဂရုစိုက်မှုအောက်နေသား ကျလာတဲ့ကျွန်တော်၊အစအနောက်တွေကြားမှာ ပျော်မွေ့နေတက်တဲ့ ကျွန်တော်။ ပျော်ရွှင်မှုဆိုတဲ့အရာနဲ့ ထိတွေ့စေခဲ့တဲ့ လွမ်းစေသော် နဲ့ ဝေးကွာသွားခဲ့လျှင် ကျွန်တော်ဘယ်လိုနေရမည်နည်း။သေချာပေါက် ကျွန်တော်ခက်ခဲနေလိမ့်မည်။ဖြစ်နိုင်ရင် တသက်လုံးအတူတူ ရှိနေချင်တယ်။ဘာလို့လဲ။အဘယ်ကြောင့်ဆိုသော်ရဲ့ နောက်က အကြောင်းအရင်းက ရိုးရှင်းပါသည်။ လွမ်းစေသော်ဟာ ကျွန်တော့်ရဲ့ ခံစားချက်လေးဖြစ်နေလို့။ သူ့ကြောင့်ပျော်ရွှင်ရတယ်၊ဝမ်းနည်းရတယ်၊ကြည်နူးရတယ်၊ဒေါသထွက်ရတယ်၊ပြီးတော့ ကျွန်တော် ချစ်တတ်လာခဲ့တယ်။

"ချစ်ငယ်"

ရုတ်တရက် အတွေးတောထဲနစ်နေတဲ့ ကျွန်တော်ဟာ လွမ်းစေသော်ရဲ့ အသံကြောင့် တုန်တက်သွားကာ လန့်သွားရသည်။

"ဘာလို့လဲ အိပ်မရလို့လား"

"အင်း မင်းရော အိပ်မရလို့လား"

"မဟုတ်ဘူး ရှူးပေါက်ချင်လာတာနဲ့ အောက်ဆင်းလာတာ "

ကျွန်တော် ယပ်တောင်ကို တဖြတ်ဖြတ်ခက်ရင်း "ဪ"တစ်လုံးသာ ပြန်ဖြေလိုက်သည်။

"ငါ့အခန်းထဲလာအိပ်ပါလား"

"ဟမ်"

"မင်းအခန်းက ပူမှာ လေဝင်လေထွက်သိပ်မရှိဘူး ငါ့အခန်းက အေးတယ် လာအိပ်ပါလား ဒီမီးနဲ့ဆို ကြာဦးမယ်ထင်တယ်"

"ရပါတယ် ကျပ်နေလိမ့်မယ် "

"မကျပ်ဘူး ကုတင်ကကျယ်တယ် လာအိပ်"

"အာ့"

"ဘာဖြစ်တာလဲ"

"ငါ့ပါးခြင်လာကိုက်သွားတာ"

လွမ်းစေသော်နဲ့စကားပြောနေစဥ် ကျွန်တော့် ပါးပြင်အား ခြင်တစ်ကောင်လာကိုက်လေသည်။အခြားသူတွေအတွက် ခြင်ကိုက်တာသည် သိပ်ကိစ္စကြီးမဟုတ်သော်ငှား ကျွန်တော့်အတွက် ကိစ္စရှိသည်။အသားဖြူသည့် အလျောက် ခြင်တစ်ခါကိုက်လျှင် နီရဲတက်လာကာ အဖုကြီးဖြစ်လာတက်သည်။ မေမေက အဲ့တာ သွေးဆိုးလို့ ဖြစ်တာ ဟု ပြောပြသည်။ တခါတလေ အနီဖုကနေ ပိန်သွားကာ အမဲကွက်ကြီးကျန်နေခဲ့လေ့ရှိသည်။ အခြားနေရာကိုက်တာ အကြောင်းမဟုတ်ပေမဲ့ အခုကမျက်နှာကို လာကိုက်သွားသည်မို့ အနည်းငယ် စိတ်ညစ်သွားရ၏။

"ဟာ.....နီရဲလာပြီ"

အမှောင်ထဲတွင် ကျွန်တော့်မေးစေ့ကို ကိုင်ရင်း ကျွန်တော့်မျက်နှာကို မျက်မှောင်ကြုတ်နဲ့ စိုက်ကြည့်နေတဲ့ လွမ်းစေသော်က ယောင်္ကျားပီသလွန်း၏။လှိုက်တက်လာတဲ့ ရင်ခုန်မှုနဲ့အတူ ကြက်သီးမွှေးညှင်းတွေက ဖြန်းကနဲ။အနေအထားက တော်တော်နီးနေသည်။လွမ်းစေသော်က နှစ်ကိုယ်ကြားရုံလောက်သာ လေသံတိုးတိုးလေး ဆိုလာသည်။

"ချစ်ငယ်"

"အွန် အွန်း"

ဤအချိန်သာ မနက်ဖြစ်နေမယ် ဆိုရင် ကျွန်တော့်ရဲ့ ပန်းရောင်သန်းနေတဲ့ မျက်နှာကို လွမ်းစေသော် ထင်းထင်းလင်းလင်း မြင်နေရမည်။ပုံမှန်အသံထက် ယောင်္ကျားဆန်နေတဲ့ အသံ။အညှို့ခံရသလို ရှောင်မထွက်ဘဲ ငြိမ်နေမိတဲ့ ကျွန်တော်။အရာရာဟာ ရင်ခုန်စရာကောင်းလွန်း၏။

"ခြင်ဖုဖြစ်ရင် တံတွေးတို့ ရတယ်တဲ့ အဲ့တာဆို ပျောက်တယ်တဲ့ "

လွမ်းစေသော် ထိုကဲသို့ပြောနေစဥ် ကျွန်တော်သတိရသွားသည်။ကျွန်တော်ခြင်ကိုက်မိရင် မေမေက ခြင်ဖုပေါ် တံတွေးစွတ် ပေးလေ့ရှိသည်။ ပျောက်စေချင်တဲ့မေတ္တာနဲ့ စွတ်ရင် အဆိပ်ပြေသည်တဲ့လေ။

"ငါ တို့ပေးမယ် ရလား"

ပျောက်သည်ဖြစ်စေ၊မပျောက်သည်ဖြစ်စေ ဤလူသားရဲ့ ချစ်ခြင်းမေတ္တာကို ကျွန်တော်ခံယူချင်ပါသေးသည်။

"အွန်း"

ရွတ်

ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်သွားကာ နေရာမှာတင် မေ့လဲပစ်ချင်တဲ့ထိဖြစ်သွားရသည်။ဘုရားရေ... လွမ်းစေသော်က ကျွန်တော့်ပါးကို နမ်းလိုက်တယ်။
ကျွန်တော့်ရင်မှာ တဒုန်းဒုန်း မြည်ဟီးနေသည်မှာ နားထင်ထိပါကြားနေရ၏။

"ဘာလုပ်တာလဲ"

"တံတွေးတို့တာလေ ဒီမယ် ခြင်ဖုလေးပျောက်တော့မယ်"

ဂယောင်ဂတမ်းဖြင့် ခြင်ဖုရှိရာနေရာသို့ လက်နဲ့စမ်းမိတော့ အနည်းငယ်စိုနေသည်ကို ခံစားလိုက်ရသည်။ဒါဆို ဒါကလွမ်းစေသော်ရဲ့ တံတွေးတို့နည်းကြီးပေါ့။သည်အရူးကောင်ကတော့....

"လာအိပ်ကြရအောင်လေ"

"အွန်း"

တကိုယ်လုံးထုံထိုင်းနေမိကာ ဘာမှမလုပ်ချင်လောက်အောင်ထိ ကျွန်တော်ကြောင်အနေမိသည်။ ကျွန်တော့်ပါးကို သူ့လျှာနဲ့ တံတွေးတို့သွားသည်ပေါ့လေ။ဒါပေမဲ့ အဲ့တာနမ်းသွားတာနဲ့ တူမနေဘူးလား။ ပူနွေးနေသည့်မျက်နှာအား လက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်ကာ စိတ်ထဲမှာပင် လွမ်းစေသော်အား ကြိမ်ဆဲနေမိ၏။

ခြင်ထောင်ထဲမဝင်မချင်း ခေါ်နေသည်မို့ လွမ်းစေသော်အခန်းထဲ ကျွန်တော်အိပ်ဖြစ်သွားသည်။ လွမ်းစေသော် ပြောသလို ကုတင်ကကျယ်သည်။လေဝင်လေထွက်လည်း ကောင်းသည်။

"ချစ်ငယ် မီးထွန်းပေးရမလား အမှောင်ထဲအိပ်ရမှာဆိုတော့"

"ရတယ် ငါကအိပ်တတ်တယ် မင်း ထွန်းချင်ထွန်းလေ"

"ငါလည်းအိပ်တတ်တယ် အဲ့တာဆို မထွန်းတော့ဘူးနော်"

မီးစလောင်းကို ဖွင့်ထားရာမှ ပြန်ပိတ်ကာ ကုတင်ပေါ်တက်လာတဲ့ လွမ်းစေသော်ကြောင့် ဒုတိယံမိ အလိုက်မသိစွာ ရင်ခုန်မိပြန်၏။ကုတင်ကျယ်ပါလျက်နဲ့ သိသိသာသာ ကျွန်တော့်ဘက်တိုးလာသည်မို့ မနေနိုင်စွာပြောမိသေးသည်။

"ဘာလို့ ငါ့ဘက် လာတိုးနေရတာလဲ"

"ငါပြုတ်ကျမှာစိုးလို့"

"အပိုတွေမပြောနဲ့ မင်းကုတင်က ဆင်နှစ်ကောင်တောင်ဝင်အိပ်လို့ရတယ် ဟိုဘက်တိုး အိုက်ပါတယ်ဆို"

"ငါကအအိပ်ကြမ်းတယ် ဒီလောက်တိုးအိပ်မှ ငါပြုတ်မကျမှာ"

"အဲ့တာဆို အတွင်းထဲလာအိပ် ထ ငါနဲ့နေရာလဲအိပ်"

"အာ နေနေ အိပ်အိပ် ငါဟိုဘက်တိုးပေးမယ်"

"ပြီးတာပဲ အိပ်ပြီ"

ထိုနေ့ညတွင် ကျွန်တော့်မျက်လုံးတွေဟာ မှိတ်ထားခဲ့သော်လည်း ၁နာရီကြာတဲ့ထိလည်း အိပ်မပျော်။ ၂နာရီကြာတဲ့ထိလည်း အိပ်မပျော်ခဲ့။ တရားခံကို လက်ညှိုးထိုးပြပါဆိုလျှင် လွမ်းစေသော် ဆိုသောသူကိုသာ။ ကျွန်တော်သိလိုက်ရတာက အဲ့နေ့ညက ကျွန်တော်နဲ့အတူ အိပ်မပျော်တဲ့သူတစ်ယောက်ရှိနေသည်ဆိုတာပင်။ အိပ်ချင်ယောင်ဆောင်နေတဲ့ ကျွန်တော့်ကို အနမ်းဖွဖွလေးပေးခဲ့တဲ့လူ။ မယုံနိုင်ခြင်းများစွာသာဖြစ်ခဲ့ပေမဲ့ ကျွန်တော့်မျက်ခွံတို့ကလှုပ်ခက်သွားရုံသာ။ ကျွန်တော် ပူအိုက်နေတဲ့ရာသီမှာ တကိုယ်လုံး အေးလာသယောင်။ ဒါကို လွမ်းစေသော်က ပူလို့ထင်ပါသည်။ကျွန်တော့်ရဲ့ အေးစက်နေတဲ့ ခန္ဓာကိုယ်ကိုဖက်တွယ်ကာ အအေးဓါတ်တွေ ခံယူခဲ့တယ် ဆိုတာ ကျွန်တော်နဲ့ သူသာ သိနေလိမ့်မည်။အဲ့နေ့ညက အိပ်မပျော်ခဲ့တဲ့ ကျွန်တော်ဟာ ခဏလေးအတွင်းမှာပဲ အိပ်ပျော်သွားခဲ့ပါသည်။

ကြည်နူးခြင်း ပျော်ရွှင်ခြင်း ဆိုသည့် စိတ္တဇနာမ်တွေကို ခံစားရင်း နှလုံးသားတို့ ထပ်တူကျရာ သံယောဇဥ်တို့ တွယ်ငြိခဲ့လေသည်။
.....

ဖြစ်နိုင်ရင် တစ်သက်လုံးအတူတူ ရှိနေချင်တယ်။ဘာလို့လဲ။အဘယ်ကြောင့်ဆိုသော်ရဲ့ နောက်က အကြောင်းအရင်းက ရိုးရှင်းပါသည်။ လွမ်းစေသော်ဟာ ကျွန်တော့်ရဲ့ ခံစားချက်လေးဖြစ်နေလို့။

(ကိုယ့်ဘာသာရေးပြီး ဒီစာသားလေးသဘောကျနေလို့><)

....
Ta_yaw
ကြိုက်ကြရဲ့လားလို့

မိုးကြိုးတွေပစ်ပြီး ဆံပင်တွေထောင်နေလို့ ခုမှupရတယ်

Zawgyi

"ဟာ လြမ္းေစေသာ္ရာ မင္းဘယ္လိုေတြညွပ္လိုက္တာလဲ"

"ဘာျဖစ္လို႔လဲ ခ်စ္ငယ္ရ မင္းနဲ႕လိုက္ပါတယ္ "

"ဘာကိုလိုက္ရမွာလဲ ကြာ....အဲ့ဒါေၾကာင့္ မင္းကိုမညွပ္နဲ႕လို႔ ငါမေျပာဘူးလား အခုၾကည့္ဦး "

ငယ္ခ်စ္ဦးတစ္ေယာက္ မွန္ထဲကကိုယ့္႐ုပ္ကို တစ္လွည့္ ၾကမ္းျပင္ေပၚက ျပန့္က်ဲေနတဲ့ ဆံစမ်ားကို တစ္လွည့္ၾကည့္ရင္း ႏွာေျမာတသျဖစ္သြားရ၏။ရပ္ကြက္ထိပ္က ဆံပင္ညွပ္ဆိုင္ သြားညွပ္မယ္ဆိုလည္းမရ။ "ငါညွပ္တတ္ပါတယ္"ဆိုတဲ့ စကားကို ယုံၾကည္မိတဲ့ ကြၽန္ေတာ္ဘဲ မွားတာလားမသိေတာ့။ တိ႐ုံတင္ တိမယ္ဆိုတာကို လြမ္းေစေသာ္ရဲ႕ ဆံပင္တိမႈႀကီးက ဂတုံးသာသာ သာက်န္ေတာ့၏။ ခုကြၽန္ေတာ့္ပုံစံက ဗိုလ္သင္တန္း ဆင္းလိုလို ဘာလိုလို။ စိတ္ညစ္စြာျဖင့္လြမ္းေစေသာ္ကို စိတ္ညစ္သလို တစ္ခ်က္ၾကည္လိုက္ရင္း ေျခေထာက္ျဖင့္ လွမ္းကန္လိုက္မိသည္။

"သြား မင္း ငါ့စကားလာမေျပာနဲ႕"

"ဟာ ခ်စ္ငယ္ရာ လိုက္ပါတယ္ဆိုကြာ "

"ထပ္ေျပာရင္ ငါကိုင္ထားတဲ့ မွန္နဲ႕ေကာက္ထုမွာေနာ္ လြမ္းေစေသာ္!!"

"ဟုတ္"

စိတ္တိုတိုျဖင့္ ႏွာတစ္ခ်က္မႈတ္လိုက္ရင္း အေပၚထပ္သို႔ တက္လာခဲ့သည္။ေနာက္ကေန တေကာက္ေကာက္လိုက္လာတဲ့ သူကို မသိခ်င္ေယာင္ေဆာင္ကာ အခန္းထဲဝင္လာလိုက္သည္။တစ္ရက္ေလာက္ကေတာ့ စိတ္ဆိုးျပလိုက္မွ ေတာ္ခါက်မည္။မဟုတ္ပါက လူကို လုပ္ခ်င္သလိုလုပ္ေနဦးမည္။ ဒီေကနဲ႕ေတာ့ မေနနိုင္။ဂတုံးတုံးပစ္မွသာ အဆင္ေျပမည့္ပုံ။ ဆံပင္ညွပ္ၿပီးကာစမို႔ လူက ဟိုနားယားသလို သည္နားယားသလို ျဖစ္လာသည္မို႔ ေရခ်ိဳးရန္သာ ျပင္လိုက္သည္။ ေရလဲပုဆိုး နဲ႕ တဘက္အား ယူလိုက္ၿပီး အခန္းတံခါးဖြင့္ဖြင့္ခ်င္းတြင္ မ်က္ႏွာငယ္နဲ႕လြမ္းေစေသာ္ကို ေတြ႕လိုက္ရသည္။
သက္ျပင္းကို တမင္ၾကားရေအာင္ ခ်လိဳက္ရင္း မ်က္လုံးတစ္ခ်က္လွန္ၾကည့္ၿပီး လြမ္းေစေသာ္ကို ေက်ာ္ကာ ထြက္လာခဲ့လိုက္သည္။

"စိတ္မဆိုးပါနဲ႕ "

ကြၽန္ေတာ့္လက္တစ္ဖက္ကို ဖမ္းဆြဲကာ ေခါင္းႀကီးငုံ၍ လာေခ်ာ့ေနသူသည္ ကြၽန္ေတာ့္ကို တစ္ရက္ျပည့္ေအာင္ စိတ္ဆိုးခ်င္သည့္စိတ္ကို ေျပေပ်ာက္ေအာင္လုပ္ေနသလို။ ကလန္ကလား အရပ္ျဖင့္ ကြၽန္ေတာ့္လက္ကို ကေလးတစ္ေယာက္သဖြယ္ ေဆာ့ကိုင္ရင္း ေခ်ာ့ေနပုံက ကြၽန္ေတာ့္ရင္ထဲ တစ္မ်ိဳးတစ္မည္ပင္ ျဖစ္သြား၏။  ငုံထားတဲ့ေခါင္းလုံးလုံးေလးေပၚက ဆံစေလးေတြကိုကိုင္ခ်င္သည္။ ေဆာ့ကစားေနတဲ့ လက္ေခ်ာင္းေလးေတြ ဆုတ္ကိုင္ထားခ်င္သည္။ သို႔ေသာ္ ကြၽန္ေတာ္လုပ္လိုက္မိတာက

"ဖယ္ ေရခ်ိဳးသြားမလို႔"

ကြၽန္ေတာ္ေျပာတာကို မၾကားသည့္ႏွယ္ ႏႈတ္ခမ္းကိုမဲ့ရင္း လက္ကိုကိုင္ထားဆဲ။

"လႊတ္လို႔ ေျပာေနတာၾကားလား"

ကြၽန္ေတာ္ ခပ္မာမာသာေျပာမိသည္။

"လႊတ္"

ထိုအခါ ဆက္ေခ်ာ့လာသူက လြမ္းေစေသာ္

"မလႊတ္ဘူးကြာ မလႊတ္ဘူး ခ်စ္ငယ္ စိတ္ဆိုးေျပမွ လႊတ္မယ္"

ဂ်စ္တိုက္ေနသည္ဘဲလား၊ ေခ်ာ့ေနသည္လား မသဲကြဲေတာ့။တစ္ရက္တာ စိတ္ဆိုးဖို႔ျပင္ေနတဲ့ ကြၽန္ေတာ္က တစ္ထစ္ေလွ်ာ့ကာ

"ေအးကြာ မဆိုးဘူး မဆိုးဘူး ရၿပီလား လႊတ္ေတာ့"

"စိတ္ဆိုးေနတဲ့ ေလသံႀကီးနဲ႕"

"ကြာ...."

သည္ပုံစံအတိုင္းဆို ကြၽန္ေတာ္ သည္ေန႕ေရခ်ိဳးရမည္ မထင္ေတာ့။

"အင္း စိတ္မဆိုးေတာ့ဘူး ငါေရခ်ိဳးမလို႔ လႊတ္ဦး"

"အြန္း ခ်စ္ငယ္စားဖို႔ ငါမနက္က စပ်စ္သီးဝယ္လာတယ္ ငါအခြံႏႊာထားမယ္ေနာ္ "

"ေအး"

ကြၽန္ေတာ္သိပါသည္။ဒါဟာ လြမ္းေစေသာ္ရဲ႕ မသိမသာေခ်ာ့နည္းေလး တစ္မ်ိဳး။ အေျပာထက္ အလုပ္နဲ႕ ေခ်ာ့တတ္တဲ့ လြမ္းေစေသာ္က တခါတေလ ခ်စ္ဖို႔ေကာင္းပါသည္။

....
ဖြံၿဖိဳးဆဲ ျမန္မာနိုင္ငံမွာ ေနေနရသည္မို႔ ညဘက္အိပ္ခါနီး ပန္ကာေလးနဲ႕ႏွပ္မယ္ လုပ္ခါမွ မီးကထပ်က္ေလ၏။ယပ္ေတာင္ကို တျဖတ္ျဖတ္ခက္ရင္း အိပ္ဖို႔ႀကိဳးစားေနေသာ္လည္း ႏြေရာသီအပူေၾကာင့္ လုံးဝအိပ္မရေပ။ အိပ္လို႔မရတဲ့အဆုံး လက္ႏွိပ္ဓါတ္မီးကိုယူကာ အျပင္သို႔ထြက္လာခဲ့သည္။လင္းထိန္းေနေသာ လရဲ႕အကူအညီျဖင့္ ပတ္ဝန္းက်င္မွာ လင္းက်င္းလ်က္ရွိသည္။ လက္ႏွိပ္ဓါတ္မီးကိုပိတ္ၿပီး ကြတ္ပစ္ေပၚသြားထိုင္ေနလိုက္သည္။

အနည္းငယ္ေမွာင္ေနတာေၾကာင့္ ျခင္ေတြက ကြၽန္ေတာ့္နား တဝဲလည္လည္နဲ႕မို႔ ယပ္ေတာင္နဲ႕ခါယမ္းရေသးသည္။ေလေအးေအးေလး တိုက္ခက္လာသည္မို႔ ထိုအခါမွ ေနသာထိုင္သာရွိသြားေတာ့သည္၊အေၾကာင္းအရင္းမဲ့စြာျဖင့္ ေကာင္းကင္ထက္က လမင္းႀကီးကို ေဆြးေျမ့စြာ ေငးေမာၾကည့္မိ၏။ ခ်က္ခ်င္း အေတြးထဲဝင္ေရာက္လာသူက တစ္ေယာက္ေသာသူ။ သူ ေမေမနဲ႕ဖုန္းေျပာတုန္းက ေမေမ ဒီလကုန္ဆို မုံ႐ြာကိုလာခဲ့မယ္တဲ့။အိမ္ငွားနဲ႕ေနမည္ဟုေျပာလာသည္။ ဒါဆို သူ လြမ္းေစေသာ္နဲ႕ခြဲေနရေတာ့မည္။

ခဏခဏ ျမင္ဖူးေနက်မ်က္ႏွာကို ခိုးခိုးၾကည့္တက္တဲ့ ကြၽန္ေတာ္၊ လြမ္းေစေသာ္ရဲ႕ ဂ႐ုစိုက္မႈေအာက္ေနသား က်လာတဲ့ကြၽန္ေတာ္၊အစအေနာက္ေတြၾကားမွာ ေပ်ာ္ေမြ႕ေနတက္တဲ့ ကြၽန္ေတာ္။ ေပ်ာ္႐ႊင္မႈဆိုတဲ့အရာနဲ႕ ထိေတြ႕ေစခဲ့တဲ့ လြမ္းေစေသာ္ နဲ႕ ေဝးကြာသြားခဲ့လွ်င္ ကြၽန္ေတာ္ဘယ္လိုေနရမည္နည္း။ေသခ်ာေပါက္ ကြၽန္ေတာ္ခက္ခဲေနလိမ့္မည္။ျဖစ္နိုင္ရင္ တသက္လုံးအတူတူ ရွိေနခ်င္တယ္။ဘာလို႔လဲ။အဘယ္ေၾကာင့္ဆိုေသာ္ရဲ႕ ေနာက္က အေၾကာင္းအရင္းက ရိုးရွင္းပါသည္။ လြမ္းေစေသာ္ဟာ ကြၽန္ေတာ့္ရဲ႕ ခံစားခ်က္ေလးျဖစ္ေနလို႔။ သူ႕ေၾကာင့္ေပ်ာ္႐ႊင္ရတယ္၊ဝမ္းနည္းရတယ္၊ၾကည္ႏူးရတယ္၊ေဒါသထြက္ရတယ္၊ၿပီးေတာ့ ကြၽန္ေတာ္ ခ်စ္တတ္လာခဲ့တယ္။

"ခ်စ္ငယ္"

႐ုတ္တရက္ အေတြးေတာထဲနစ္ေနတဲ့ ကြၽန္ေတာ္ဟာ လြမ္းေစေသာ္ရဲ႕ အသံေၾကာင့္ တုန္တက္သြားကာ လန့္သြားရသည္။

"ဘာလို႔လဲ အိပ္မရလို႔လား"

"အင္း မင္းေရာ အိပ္မရလို႔လား"

"မဟုတ္ဘူး ရႉးေပါက္ခ်င္လာတာနဲ႕ ေအာက္ဆင္းလာတာ "

ကြၽန္ေတာ္ ယပ္ေတာင္ကို တျဖတ္ျဖတ္ခက္ရင္း "ဪ"တစ္လုံးသာ ျပန္ေျဖလိုက္သည္။

"ငါ့အခန္းထဲလာအိပ္ပါလား"

"ဟမ္"

"မင္းအခန္းက ပူမွာ ေလဝင္ေလထြက္သိပ္မရွိဘူး ငါ့အခန္းက ေအးတယ္ လာအိပ္ပါလား ဒီမီးနဲ႕ဆို ၾကာဦးမယ္ထင္တယ္"

"ရပါတယ္ က်ပ္ေနလိမ့္မယ္ "

"မက်ပ္ဘူး ကုတင္ကက်ယ္တယ္ လာအိပ္"

"အာ့"

"ဘာျဖစ္တာလဲ"

"ငါ့ပါးျခင္လာကိုက္သြားတာ"

လြမ္းေစေသာ္နဲ႕စကားေျပာေနစဥ္ ကြၽန္ေတာ့္ ပါးျပင္အား ျခင္တစ္ေကာင္လာကိုက္ေလသည္။အျခားသူေတြအတြက္ ျခင္ကိုက္တာသည္ သိပ္ကိစၥႀကီးမဟုတ္ေသာ္ငွား ကြၽန္ေတာ့္အတြက္ ကိစၥရွိသည္။အသားျဖဴသည့္ အေလ်ာက္ ျခင္တစ္ခါကိုက္လွ်င္ နီရဲတက္လာကာ အဖုႀကီးျဖစ္လာတက္သည္။ ေမေမက အဲ့တာ ေသြးဆိုးလို႔ ျဖစ္တာ ဟု ေျပာျပသည္။ တခါတေလ အနီဖုကေန ပိန္သြားကာ အမဲကြက္ႀကီးက်န္ေနခဲ့ေလ့ရွိသည္။ အျခားေနရာကိုက္တာ အေၾကာင္းမဟုတ္ေပမဲ့ အခုကမ်က္ႏွာကို လာကိုက္သြားသည္မို႔ အနည္းငယ္ စိတ္ညစ္သြားရ၏။

"ဟာ.....နီရဲလာၿပီ"

အေမွာင္ထဲတြင္ ကြၽန္ေတာ့္ေမးေစ့ကို ကိုင္ရင္း ကြၽန္ေတာ့္မ်က္ႏွာကို မ်က္ေမွာင္ၾကဳတ္နဲ႕ စိုက္ၾကည့္ေနတဲ့ လြမ္းေစေသာ္က ေယာကၤ်ားပီသလြန္း၏။လွိုက္တက္လာတဲ့ ရင္ခုန္မႈနဲ႕အတူ ၾကက္သီးေမႊးညွင္းေတြက ျဖန္းကနဲ။အေနအထားက ေတာ္ေတာ္နီးေနသည္။လြမ္းေစေသာ္က ႏွစ္ကိုယ္ၾကား႐ုံေလာက္သာ ေလသံတိုးတိုးေလး ဆိုလာသည္။

"ခ်စ္ငယ္"

"အြန္ အြန္း"

ဤအခ်ိန္သာ မနက္ျဖစ္ေနမယ္ ဆိုရင္ ကြၽန္ေတာ့္ရဲ႕ ပန္းေရာင္သန္းေနတဲ့ မ်က္ႏွာကို လြမ္းေစေသာ္ ထင္းထင္းလင္းလင္း ျမင္ေနရမည္။ပုံမွန္အသံထက္ ေယာကၤ်ားဆန္ေနတဲ့ အသံ။အညွို႔ခံရသလို ေရွာင္မထြက္ဘဲ ၿငိမ္ေနမိတဲ့ ကြၽန္ေတာ္။အရာရာဟာ ရင္ခုန္စရာေကာင္းလြန္း၏။

"ျခင္ဖုျဖစ္ရင္ တံေတြးတို႔ ရတယ္တဲ့ အဲ့တာဆို ေပ်ာက္တယ္တဲ့ "

လြမ္းေစေသာ္ ထိုကဲသို႔ေျပာေနစဥ္ ကြၽန္ေတာ္သတိရသြားသည္။ကြၽန္ေတာ္ျခင္ကိုက္မိရင္ ေမေမက ျခင္ဖုေပၚ တံေတြးစြတ္ ေပးေလ့ရွိသည္။ ေပ်ာက္ေစခ်င္တဲ့ေမတၱာနဲ႕ စြတ္ရင္ အဆိပ္ေျပသည္တဲ့ေလ။

"ငါ တို႔ေပးမယ္ ရလား"

ေပ်ာက္သည္ျဖစ္ေစ၊မေပ်ာက္သည္ျဖစ္ေစ ဤလူသားရဲ႕ ခ်စ္ျခင္းေမတၱာကို ကြၽန္ေတာ္ခံယူခ်င္ပါေသးသည္။

"အြန္း"

႐ြတ္

ကြၽန္ေတာ့္မ်က္လုံးေတြ ျပဴးက်ယ္သြားကာ ေနရာမွာတင္ ေမ့လဲပစ္ခ်င္တဲ့ထိျဖစ္သြားရသည္။ဘုရားေရ... လြမ္းေစေသာ္က ကြၽန္ေတာ့္ပါးကို နမ္းလိုက္တယ္။
ကြၽန္ေတာ့္ရင္မွာ တဒုန္းဒုန္း ျမည္ဟီးေနသည္မွာ နားထင္ထိပါၾကားေနရ၏။

"ဘာလုပ္တာလဲ"

"တံေတြးတို႔တာေလ ဒီမယ္ ျခင္ဖုေလးေပ်ာက္ေတာ့မယ္"

ဂေယာင္ဂတမ္းျဖင့္ ျခင္ဖုရွိရာေနရာသို႔ လက္နဲ႕စမ္းမိေတာ့ အနည္းငယ္စိုေနသည္ကို ခံစားလိုက္ရသည္။ဒါဆို ဒါကလြမ္းေစေသာ္ရဲ႕ တံေတြးတို႔နည္းႀကီးေပါ့။သည္အ႐ူးေကာင္ကေတာ့....

"လာအိပ္ၾကရေအာင္ေလ"

"အြန္း"

တကိုယ္လုံးထုံထိုင္းေနမိကာ ဘာမွမလုပ္ခ်င္ေလာက္ေအာင္ထိ ကြၽန္ေတာ္ေၾကာင္အေနမိသည္။ ကြၽန္ေတာ့္ပါးကို သူ႕လွ်ာနဲ႕ တံေတြးတို႔သြားသည္ေပါ့ေလ။ဒါေပမဲ့ အဲ့တာနမ္းသြားတာနဲ႕ တူမေနဘူးလား။ ပူႏြေးေနသည့္မ်က္ႏွာအား လက္ျဖင့္ ခပ္ၾကမ္းၾကမ္းပြတ္ကာ စိတ္ထဲမွာပင္ လြမ္းေစေသာ္အား ႀကိမ္ဆဲေနမိ၏။

ျခင္ေထာင္ထဲမဝင္မခ်င္း ေခၚေနသည္မို႔ လြမ္းေစေသာ္အခန္းထဲ ကြၽန္ေတာ္အိပ္ျဖစ္သြားသည္။ လြမ္းေစေသာ္ ေျပာသလို ကုတင္ကက်ယ္သည္။ေလဝင္ေလထြက္လည္း ေကာင္းသည္။

"ခ်စ္ငယ္ မီးထြန္းေပးရမလား အေမွာင္ထဲအိပ္ရမွာဆိုေတာ့"

"ရတယ္ ငါကအိပ္တတ္တယ္ မင္း ထြန္းခ်င္ထြန္းေလ"

"ငါလည္းအိပ္တတ္တယ္ အဲ့တာဆို မထြန္းေတာ့ဘူးေနာ္"

မီးစေလာင္းကို ဖြင့္ထားရာမွ ျပန္ပိတ္ကာ ကုတင္ေပၚတက္လာတဲ့ လြမ္းေစေသာ္ေၾကာင့္ ဒုတိယံမိ အလိုက္မသိစြာ ရင္ခုန္မိျပန္၏။ကုတင္က်ယ္ပါလ်က္နဲ႕ သိသိသာသာ ကြၽန္ေတာ့္ဘက္တိုးလာသည္မို႔ မေနနိုင္စြာေျပာမိေသးသည္။

"ဘာလို႔ ငါ့ဘက္ လာတိုးေနရတာလဲ"

"ငါျပဳတ္က်မွာစိုးလို႔"

"အပိုေတြမေျပာနဲ႕ မင္းကုတင္က ဆင္ႏွစ္ေကာင္ေတာင္ဝင္အိပ္လို႔ရတယ္ ဟိုဘက္တိုး အိုက္ပါတယ္ဆို"

"ငါကအအိပ္ၾကမ္းတယ္ ဒီေလာက္တိုးအိပ္မွ ငါျပဳတ္မက်မွာ"

"အဲ့တာဆို အတြင္းထဲလာအိပ္ ထ ငါနဲ႕ေနရာလဲအိပ္"

"အာ ေနေန အိပ္အိပ္ ငါဟိုဘက္တိုးေပးမယ္"

"ၿပီးတာပဲ အိပ္ၿပီ"

ထိုေန႕ညတြင္ ကြၽန္ေတာ့္မ်က္လုံးေတြဟာ မွိတ္ထားခဲ့ေသာ္လည္း ၁နာရီၾကာတဲ့ထိလည္း အိပ္မေပ်ာ္။ ၂နာရီၾကာတဲ့ထိလည္း အိပ္မေပ်ာ္ခဲ့။ တရားခံကို လက္ညွိုးထိုးျပပါဆိုလွ်င္ လြမ္းေစေသာ္ ဆိုေသာသူကိုသာ။ ကြၽန္ေတာ္သိလိုက္ရတာက အဲ့ေန႕ညက ကြၽန္ေတာ္နဲ႕အတူ အိပ္မေပ်ာ္တဲ့သူတစ္ေယာက္ရွိေနသည္ဆိုတာပင္။ အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ ကြၽန္ေတာ့္ကို အနမ္းဖြဖြေလးေပးခဲ့တဲ့လူ။ မယုံနိုင္ျခင္းမ်ားစြာသာျဖစ္ခဲ့ေပမဲ့ ကြၽန္ေတာ့္မ်က္ခြံတို႔ကလႈပ္ခက္သြား႐ုံသာ။ ကြၽန္ေတာ္ ပူအိုက္ေနတဲ့ရာသီမွာ တကိုယ္လုံး ေအးလာသေယာင္။ ဒါကို လြမ္းေစေသာ္က ပူလို႔ထင္ပါသည္။ကြၽန္ေတာ့္ရဲ႕ ေအးစက္ေနတဲ့ ခႏၶာကိုယ္ကိုဖက္တြယ္ကာ အေအးဓါတ္ေတြ ခံယူခဲ့တယ္ ဆိုတာ ကြၽန္ေတာ္နဲ႕ သူသာ သိေနလိမ့္မည္။အဲ့ေန႕ညက အိပ္မေပ်ာ္ခဲ့တဲ့ ကြၽန္ေတာ္ဟာ ခဏေလးအတြင္းမွာပဲ အိပ္ေပ်ာ္သြားခဲ့ပါသည္။

ၾကည္ႏူးျခင္း ေပ်ာ္႐ႊင္ျခင္း ဆိုသည့္ စိတၱဇနာမ္ေတြကို ခံစားရင္း ႏွလုံးသားတို႔ ထပ္တူက်ရာ သံေယာဇဥ္တို႔ တြယ္ၿငိခဲ့ေလသည္။
.....

ျဖစ္နိုင္ရင္ တစ္သက္လုံးအတူတူ ရွိေနခ်င္တယ္။ဘာလို႔လဲ။အဘယ္ေၾကာင့္ဆိုေသာ္ရဲ႕ ေနာက္က အေၾကာင္းအရင္းက ရိုးရွင္းပါသည္။ လြမ္းေစေသာ္ဟာ ကြၽန္ေတာ့္ရဲ႕ ခံစားခ်က္ေလးျဖစ္ေနလို႔။

(ကိုယ့္ဘာသာေရးၿပီး ဒီစာသားေလးသေဘာက်ေနလို႔><)

....
Ta_yaw
ႀကိဳက္ၾကရဲ႕လားလို႔

Continue Reading

You'll Also Like

997K 63.1K 32
[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအႀကိဳက္ Sugar Daddyလိုပုံစံမ်ိဳးဇာတ္လမ္းေလး ......
459K 18.3K 94
မင္းဆိုးတာေတြ ကိုယ္သိတယ္ ဒါေပမဲ့ ကိုယ္ပဲမင္းကိုနားလည္တယ္..... ဘာလို႔လဲဆိုေတာ့ လူဆိုးတစ္ေယာက္ရဲ႕ ႏွလုံးသားကို လူဆိုးအခ်င္းခ်င္းပဲ နားလည္နိုင္လို႔ေပါ့...
268K 18.2K 29
[Unicode]Cover Songတွေသီဆိုပြီးနာမည်ကြီးနေတဲ့ကောင်လေးနဲ့ Dancerကောင်လေးတို့ရဲ့ချစ်ခြင်းက ဖြောင့်တန်းမလား ကောက်ကွေ့မလား ????? ဤဇာတ်လမ်းထဲတွင်ပါဝင်သော...
3M 264K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...