(24)
စုယွမ် က တံခါးကို ပြင်းထန် စွာခေါက်ပေမယ့် ဘယ်သူ တစ်ဦး တစ်ယောက် ကမှ တုံ့ပြန် မှု ကတော့ ရှိမလာပါပေ။
ထားလိုက် ပါတော့။
စုယွမ် က သက်ပြင်း ချ ကို နက်ရှိုင်းစွာ ချ လိုက်လေတယ်။ ပြီးတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက် လေတယ်။
နောက်တော့ ပြန်လှည့်ကာ ထိုနေရာ မှာ ပတ်ကြည့် လေတယ်။ စုယွမ် ရှာတွေ့ ခဲ့တာ ကတော့ ထိုနေရာက ကြီးပေမယ့် သူက ဟဲလျန်ချန်း ရဲ့ အိပ်ယာ ကြီး ပဲ ရှိနေတာ ကို တွေ့လိုက် ရလေတယ်။ အဲ့အိပ်ဆောင်ရဲ့ ဘေးမှာတော့ အိပ်ခန်းငယ် တစ်ခု၊ မီးဖိုချောင် အသေးတစ်ခု နဲ့ သိုလှောင်ခန်း အသေးလေး တစ်ခု သာရှိလေတယ်။
အဲ့ထဲမှာ ရှိတဲ့ ပစ္စည်းတွေ က သိပ်ပြီးတော့ များများစားစား မရှိပါပေ။ စီးထူယန် က ငွေရောင်ရေခဲမြွေ ကလန် တစ်ခု လုံးကိုသာ တပ်မတ် တာ ဖြစ်ပြီးတော့ ဒီလိုမျိုး ပစ္စည်း အသေးအဖွဲလေး တွေကိုတော့ ဂရုတောင် မစိုက် ခဲ့ပါပေ။
စုယွမ်က သေချာလေး ရှာကြည့် လိုက်တဲ့ အခါမှာတော့ သိုလှောင်ခန်း အသေးလေး ထဲမှာ စိတ်ဝိဉာဥ် မြက်တွေ အများကြီး ရှိနေတာ ကို တွေ့လိုက် ရတယ်။ သူက ဒီနေရာမှာ ဆေးဖော်ပြီးတော့ ဟဲလျန်ချန်း ကို ပိုကောင်းလာအောင် ကူပြီးတော့ ကုသ ပေးလို့ ရတာ ပေါ့လေ။
ဆေးလုံးဖော်မယ် ဆိုတဲ့ အတွေး တွေးမိတာ နဲ့ စုယွမ် က မနေနိုင်တော့ ပဲ ပြုံးလိုက် မိတယ်။ သူက စိတ်ကူးယဥ် ကမ္ဘာ က ဆေးလုံးဖော်တဲ့ မှော်ကို အနည်းအကျဥ်းသာ တက်မြောင် လာခဲ့ ပေမယ့် အဲ့တာ ကပဲ သူ့ကို အရည်အချင်း ရှိပါသေးလား ဆိုပြီးတော့ ပျော်ရွှင်မှု ကို ခံစားရ စေတယ်လေ။ သူက အခုချိန်မှာ ကြိုးစား ပြီးလေ့ကျင့် သမျှတော့ အနာဂတ်မှာ သူက ကောင်းမွန် သာယာတဲ့ ဘဝ တစ်ခု မှာ နေနိုင်မယ် လို့ ယုံကြည် လေတယ်။
စုယွမ် က ရေဆေးဇလုံ တစ်ခု ကို အပြုံးလေး နဲ့ ရှာကာ ရေနွေး ကြိုလိုက် ပြီးတော့ အိပ်ယာဆီကို ပြန်လာ ခဲ့လေတယ်။
ဟဲလျန်ချန်း က အိပ်ယာ ပေါ်မှာ အတော်လေး ကို အားနည်းတဲ့ အနေအထား နဲ့ လဲလှောင်း နေခဲ့ ရလေတယ်။ စုယွမ် က အဝတ်စုတ် ကို ယူကာ ရေထဲ နှစ်လိုက် ပြီးတော့ ဟဲလျန်ချန်း ကို စတင် သန့်ရှင်း ပေးတော့တယ်။
ရေဇလုံ ၄ ခု ၅ ခုလောက် ကုန်သွားပြီးတဲ့ နောက်မှာတော့ ငွေရောင် မြွေ ကြီး က အတော်လေး ကို သန့်ရှင်း သွားပြီ ပဲ ဖြစ်လေတယ်။
ငွေရောင်မြွေ ကြီး ရဲ့ ကိုယ်လုံး ကို သန့်ရှင်း ပြီးသွားတဲ့ နောက်မှာတော့ နောက်ထပ် ခြေတစ်လှမ်း က ဒဏ်ရာ တွေကို ကုသ ပေးဖို့ပါပဲ။ အစောလေး ကတင် စုယွမ် က သိုလှောင်ခန်းလေး ထဲမှာ ကုသဆေး တွေကို တွေ့ခဲ့တဲ့ အတွက်ကြောင့် အဲ့တာ တွေကို သွားယူ ပြီးတော့ မြွေ ကြီးရဲ့ ကိုယ်ပေါ် က ဒဏ်ရာတွေ အပေါ်ကို ဖြေးဖြေး ချင်း လိမ်းပေး ခဲ့လေတယ်။
အဲ့လို မျိုး အလုပ် ရှုပ် ပြီးသွားတဲ့ နောက် ညအချိန်တောင် ရောက်နေ ပြီပဲ ဖြစ်လေတယ်။
ညစ်ပတ် ပြီးတော့ ကြောက်စရာ ကောင်းတဲ့ ငွေရောင်မြွေ ကြီး က အခုတော့ မျက်လုံး ထဲမှာ ကြည့်ရတာ ပိုကောင်း လို့ လာခဲ့ ပါပြီ။
စုယွမ် စ စ ချင်း ဝင်လာတုံး က ကြောက်လန့် ခဲ့တယ် ဆိုတာ မှန် ပါတယ်။ ဒါပေမယ့် အခုတော့ တွေ့မြင် ရတာ နေသား ကျသွား ပြီ ဖြစ်တဲ့ အတွက်ကြောင့် စုယွမ် က သိပ်ပြီး မကြောက်တော့ ဘူးလို့ ခံစား ရလေတယ်။
အထူးသဖြင့် မြွေမကောင်းဆိုးဝါး ရဲ့ ဒေါင်လိုက် မျက်ဝန်း တွေက သူ့ဆီကိုပဲ တွယ်ငြိစွာ ကြည့်နေဆဲ ဖြစ်လေတယ်။
ဟဲလျန်ချန်း က အခုလို ဖြစ်နေတာ ကို မြင်လိုက် ရတော့ အဲ့တာကို ဖြစ်စေတဲ့ ကိစ္စထဲမှာ သူက ပါဝင်မှု အကြီးကြီး ဖြစ် လုပ်ခဲ့မိတယ် လို့ စုယွမ် ခံစား ရတာ ကြောင့် မတက်နိုင်ပဲ ပျော့ညံ့ သွားလေတယ်။
သူ့နှလုံးသား ထဲက ကြောက်လန့်မှု နဲ့ စိုးရွံ့ မှုတွေ က အတော်လေး ကို လျော့ပါး သွားတယ် လို့ စုယွမ် ခံစား နေရလေတယ်။
'' ခများ က ဘယ်လိုလုပ် ငါ့ရဲ့ ကိုယ်ရေး အချက်အလက် အစစ် အမှန် ကို သိသွား ရတာလဲ? ''
သူက စုချင်းရှု မဟုတ်ပဲနဲ့ စုမိသားစု ရဲ့ အပယ်ခံ ကိုယ်လုပ်တော် သား ဆိုတာကို ဟဲလျန်ချန်း က သိသွား ရတာလဲ။
'' အဲ့နေ့တုံး က ကိုယ်တို့ အတူ ရှိပြီးတဲ့ နောက် မင်း က ထွက်သွား ခဲ့တယ်လေ။ ကိုယ် က အဲ့တာ ကို လက်မခံ နိုင်လို့ နေရာအနှံ့ မင်းကို လိုက်ရှာ ခဲ့တယ်။ ဒါပေမယ့် ကိုယ် မင်းကို ရှာမတွေ့ ခဲ့ဘူး။ ဒါနဲ့ ကိုယ်လည်း စုမိသားစု အိမ်ကို သွားတော့ မင်း က စုချင်းရှု ကိုယ်စား ကိုယ့်ကို လက်ထပ် ခဲ့ ရတယ် ဆိုတဲ့ လျှို့ဝှက်ချက် ကို မတော်တဆ ကြားခဲ့ ရတယ် ''
'' ဒါဆို ခများ က စုချင်းရှု ကို ခများဆီ ပေးဖို့ စုမိသားစု ဆီကို မတောင်းဆို လိုက်ဘူးလား ''
အဲ့တာကို ပြောပြီးတဲ့နောက် စုယွမ် က သူပြောတဲ့ စကား တွေ ထဲမှာ ချဥ်စူး နေပြီးတော့ ရင်ဘက် ကြီး စုကြုံ့ လာတယ် ဆိုတဲ့ ခံစားချက် ကြီးကို ရခဲ့လေတယ်။
ဒါပေမယ့် အဲ့စကား ကို ဟဲလျန်ချန်း ကြားလိုက် ရတဲ့ အခါ မှာတော့ သူ့ရဲ့ ဒေါင်လိုက် မြွေမျက်လုံး တွေ ထဲမှာ အပြုံးတွေ က ဖြတ်ကနဲ လက်သွား လိုက်လေတယ်။ အပြုံးက တစ်ကယ့်ကို ခဏလေး ပါပဲ။ ပြီးတော့ သူက အလေးအနက် နဲ့ စုယွမ် ကို ကြည့်ကာ ပြောလိုက်လေတယ်။
'' ကိုယ် က မင်း သိမယ် ထင်နေတာ ''
'' ငါက ဘာကို သိရမှာလဲ? ''
စုယွမ် က မျက်လုံးကို အဝေးကို လွဲလိုက် လေတယ်။ သူတို့ နှစ်ယောက် ကြား က စကား ဝိုင်း က အတော်လေး ထူးဆန်းနေတယ် လို့ သူခံစား ရလေတယ်။ တကယ်လို့ ဒီနေရာမှာ တစ်ခြား လူတွေသာ ရှိမယ် ဆိုရင် ယောကျာ်း ကြီး နှစ်ယောက် အခုလို ပြောနေ ကြတာ ကြောင့် အထင်တွေ လွဲသွား လောက်တယ်။
စုယွမ် က မြန်မြန် ပဲ မတ်တပ် ထရပ်လိုက် ပြီးတော့ ဟဲလျန်ချန်း ကို စကား ပြောဖို့ အခွင့်အရေး တောင် မပေးခဲ့ပါပေ။
'' ငါ ဗိုက်ဆာ နေပြီ။ စားဖို့ ငါ့ဘာသာ ငါ သွား လုပ်လိုက် အုံးမယ် ''
ထိုစကား ဆုံးတာနဲ့ အခန်းထဲ ကနေ စုယွမ် က ထွက်သွား တော့တယ်။
ဟဲလျန်ချန်း က ဝေးကွာ သွားတဲ့ ပုံရိပ် ကို ကြည့်နေ ပြီးတော့ သူ့မျက်လုံး တွေက နက်ရှိုင်း လာလေတယ်။
စုယွမ် က မီးဖိုချောင် အသေးလေးထဲကို သွားပြီးတော့ ကိုယ့်ဘာသာ ကိုယ် ရိုးရှင်းတဲ့ စားစရာ တစ်ချို့ ချက်ပြုတ် လိုက်တယ်။ ပြီးတော့ ဆေးကြော ပြီးတာနဲ့ ဘေးက အိပ်ခန်း ငယ်လေး ဆီ ကို သွားကာ လှဲလိုက် တော့တယ်။
စုယွမ် တစ်ယောက် ဒီနေ့မှာ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်း ဆိုင်ရာရောပါ အရမ်း စိတ်လှုပ်ရှား ခဲ့ ရတာကြောင့် သူတကယ် ကြီး ပင်ပန်း နေခဲ့ ပြီပဲ ဖြစ်လေတယ်။ စုယွမ် တစ်ယောက် သူက အိပ်ယာပေါ်မှာ လဲရင်း နဲ့ မျက်လုံး မှိတ် လိုက်တဲ့အခါ အိပ်ပျော် သွားမယ် လို့ ထင် မိလေတယ်။
ဒါပေမယ့် အိပ်ယာပေါ် လှဲ ပြီးတော့ အချိန် အတော်ကြာတဲ့ အထိ အိပ်ပျော် မှာ မဟုတ်ဘူး လို့တော့ သူမမျှော်လင့် ထားမိပါပေ။ သူက မျက်လုံး ကို ဖွင့်ထား ရင်းနဲ့ ပဲ ကူကယ်ရာ မဲ့စွာ သက်ပြင်း ချ လိုက်လေတယ်။ သူက မျက်လုံး မှိတ်လိုက် တိုင်းမှာ ဟဲလျန်ချန်း ရဲ့ ပြင်းထန်စွာ ဒဏ်ရာ ရနေတာကို ပဲ မြင်ယောင် နေလေတယ်။
လူသား ပုံစံပဲ ဖြစ်စေ မူရင်း ပုံစံ ပဲ ဖြစ်စေ အရမ်းကို ပြင်းထန်စွာ ဒဏ်ရာ တွေ ရနေ ခဲ့တာလေ။
သူက မအိပ်နိုင် တော့မှတော့ စုယွမ် က ရိုးရှင်းစွာ ပဲ ထလိုက်တော့တယ်။
သူက သိုလှောင်လက် စွပ်ထဲက အခြေခံ ဆေးလုံးတွေ အကြောင်း ရေးထားတဲ့ စာအုပ်ကို ထုတ်ယူ လိုက်လေတယ်။
သူက ဒါကို ဖုန့်ဝူယိုး ဆီကနေ တောင်းခဲ့တာပဲ ဖြစ်လေတယ်။ သူက ဆေးဖော်ဖို့ ရည်ရွယ်ပြီး ဖြစ်မှတော့ လေ့လာ စရာတွေလဲ လိုသေးတာပေါ့။ သူ့မှာ အခွင့်အရေး ရှိသမျှ လေ့လာ ရမယ်။ သူ့ရဲ့ အရည်အချင်း ကို ဖြုန်းတီးမှု မဖြစ်နိုင်ဘူး လို့ တွေးမိတယ်။
သူက ပထမ ဆေးလုံး ငါးမျိုးကို အောင်မြင်စွာ ဖော်နိုင် သွားပြီးတဲ့ နောက် သူက နောက်ထပ် ခြောက်လုံး မြောက် ဖြစ်တဲ့ ကျယ်တု ဆေးလုံး ကို ဖော်ဖို့ လုပ်လိုက်တယ်။
သူက လိုအပ်တဲ့ ဆေးပင်တွေကို စာအုပ်ထဲမှာ ရှာတွေ့ ပြီးတော့ အဲ့တာ တွေက သူ့ရဲ့ လက်စွပ်ထဲမှာ ရှိနေတာကို တွေ့လိုက်ရတယ်။
ဆိုတော့ ဒီတစ်ခေါက် က စတင် ပြီးတော့ လေ့ကျင့် ကြတာပေါ့လေ။
ဘယ်လိုပဲ ဖြစ်ပါစေ ဒါပြီးသွား ရင်တော့ သူက ဟဲလျန်ချန်း ပိုပြီး ကောင်းမွန် လာစေဖို့ အတွက် ရှန်းကျီ ဆေးလုံးကို ဖော်ဖို့ ကြိုးစား ကြည့် ရမယ်။
ဟဲလျန်ချန်း ရဲ့ ကိုယ်ပေါ် က ဒဏ်ရာတွေ က အရမ်းကို နက်ရှိုင်း လွန်းတယ်။ အထူးသဖြင့် ဘယ်ဘက် ခြေထောက်ပေါ့။ အရိုးတောင် မြင်ရနေပြီလေ။
ဘယ်လိုပဲ ဖြစ်ဖြစ် သူမှ မအိပ်ပျော် နိုင်မှတော့ ဆေးဖော်တာ လေ့ကျင့်ရင် ပဲ ပိုကောင်း တာပေါ့လေ။
လုပ်လိုက် ကြတာပေါ့!
စုယွမ် က ထလိုက်တယ်။
မီးပြင်းဖို လေးကို ထုတ်ယူ လိုက်ပြီးတော့ ဆေးဖော်ဖို့ စတင် လိုက်လေတယ်။
တစ်နာရီ ကြာပြီး သွားတဲ့ နောက်....။
ဘုန်း.... !
တစ်မိုင် လောက် ကအထိ ကြားနိုင်တဲ့ ပေါက်ကွဲသံ ကြီး ကို ကြားလိုက် ရလေတယ်။
'' မင်း အဆင်ပြေ ရဲ့လား ''
ဟဲလျန်ချန်း ရဲ့ ပုံရိပ် က ချက်ချင်း ပဲ စုယွမ် နားမှာ ပေါ်လာ ပြီးတော့ သူ့မျက်လုံး ထဲ မှာလဲ စိုးရိမ်မှုတွေ နဲ့ ပြည့်နေ ခဲ့လေတယ်။
စုယွမ် အတွက် ကတော့လား အဲ့အချိန်မှာ တစ်ကိုယ်လုံး မဲတူးနေပြီးတော့ ဆံပင် အနည်းငယ် တောင် မီးလောင်ကျွမ်း သွားလေတယ်။ ပြီးတော့ သူက မီးခိုးငွေ့ တစ်ချို့ကို မှုတ်ထုတ် လိုက်ပြီးတော့ ချောင်းဆိုးကာ အနည်းငယ် ရှက်ရွံ့သွားလေတယ်။
သူက ဖုန့်ကလန် ကနေ စွန့်ခွာပြီး ရှီရှီ မပါလာတဲ့ အချိန်မှာ သူက မီးပြင်းဖို ကို ပထမဆုံး မီးညှိတာ မအောင်မြင် ဘူးလို့ တော့ မထင်ထား ခဲ့မိပေ။
သူအဲ့တာကို လုံးဝ မထိန်းနိုင် ခဲ့ဘူး။
သူ့ရဲ့ အရမ်းကြီးလွန်းတဲ့ ရည်မှန်းချက် ကို အနည်းငယ် ထိခိုက် သွားစေ တယ်လို့ စုယွမ် ခံစားလိုက် ရတယ်။
ဒါပေမယ့် စုယွမ် က အနည်းငယ်သာ စိတ်ထိခိုက် သွားတာ ပဲ ဖြစ်တယ်။ သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်း ကို မှီခိုပြီးတော့ ဆေးလုံးနတ်ဘုရား ဖြစ်ချင်တဲ့ ယုံကြည် မှု ကတော့ သူ့မှာ အပြည့်အဝ ရှိနေ ဆဲပါပဲနော်။
ဟဲလျန်ချန်း က စုယွမ် ရဲ့ တစ်ကိုယ်လုံး ကို အပေါ်ကနေ အောက်အထိ ကြည့်ပြီးတဲ့ နောက်မှာတော့ စုယွမ် က အနည်းငယ် ရှက်နေတာ ဖြစ်ကာ အပြင်ကော အတွင်း ပါ ဘာမှ မဖြစ်သွားဘူး ဆိုတာကို တွေ့ရလေတယ်။ ဒါကြောင့် စိုးရိမ်နေတဲ့ မျက်လုံးတွေက ပြေလျော့ သွားလေတယ်။
'' ငါ အဆင်ပြေ ပါတယ် ''
စုယွမ်က မြန်မြန်ပဲ စိတ်သက်သာရာရသွား ကာ ချက်ချင်း ပဲ ရှင်းပြ လာတယ်။
နောက်တော့ သူက သဘောပေါက် သွား လေတယ်။
'' ခများ အိပ်ယာပေါ် ကနေ ဘယ်လိုလုပ် ထလာရတာလဲ?''
အဲ့လိုလဲ ပြောလိုက်ရော ဟဲလျန်ချန်း ရဲ့ ကိုယ်က ချက်ချင်းပဲ ပျော့ပျောင်း သွားလေတယ်။ စုယွမ် က မြန်မြန် လေး ဖမ်းလိုက် ပြီးတော့ သူ့လက်မောင်း ထဲမှာ လှဲခွင့် ပေးလိုက်လေတယ်။
သူတို့ရဲ့ ဆံပင် တွေက ရောယှက် နေကာ သူတို့ရဲ့ အသက်ရှုသံတွေ ကလည်း အချင်းချင်း ကြားနိုင်လေတယ်။ ပြီးတော့ ဟဲလျန်ချန်း ရဲ့ မျက်နှာ က တဖြေးဖြေး နဲ့ နီရဲ လာလေတယ်။
ဒါပေမယ့် စုယွမ် ကတော့ အရမ်းကို တုန်လှုပ် သွား ပြီးတော့ ဟဲလျန်ချန်း ကို အိပ်ယာပေါ် လှဲဖို့ရာ ကို ကူညီပေးဖို့ပဲ စိတ်ထဲ ရောက်နေခဲ့ လေတယ်။
အဲ့အချိန်မှာ တံခါး က ရက်စက်စွာ တွန်းဖွင့် ခံလိုက် ရပြီးတော့ အစောင့်တွေ များစွာ က အထဲကို ဝင်လာ ခဲ့လေတယ်။
ကြီးမားတဲ့ အသံကြီးကို ကြားလိုက် ရတာကြောင့် အပြင်မှာ စောင့်ကြပ်နေတဲ့ အစောင့်တွေက အထဲမှာ တစ်စုံတစ်ရာ ဖြစ်နေတယ် လို့ ထင်မိလေတယ်။
ဘယ်သူက ကြိုသိမှာတဲ့လဲ။
သူတို့လည်း အထဲကို ဝင်လာရော အမျိုးသား နှစ်ယောက် က ပွေ့ဖက်ပြီး အိပ်ယာဆီကို သွားနေတာ ကိုတွေ့လိုက် ရတယ်လေ။
ထိုနားလည်မှု လွဲတာ ကြီး က အတော့်ကို ကြီးမားလေတယ်။
မီးကျွမ်းလို့ မဲနေတဲ့ စုယွမ်နဲ့ သူ့ဘေး က မီးခိုးတွေ ထွက်နေတဲ့ မီးဖိုကိုပါ တွေ့လိုက် ကြရတဲ့ အခါ သူတို့တွေ တွေးမိတာ ကတော့ သူတို့ နှစ်ယောက် က အတော်လေး ကို ထူးခြားတဲ့ အကြိုက် ရှိနေတာ ပဲလို့ပေါ့လေ။
လူအများကြီး က သူတို့ နှစ်ယောက် ကို ကြည့်လိုက်ပြီးတော့ အချင်းချင်း ကြည့်ကာ မပြောပဲ နားလည်သွား ကြပြီးတော့ အခန်းထဲ ကနေ ပြန် ထွက်သွား ကြလေတယ်။
ဒီနေရာမှာ ဖြစ်သွားတဲ့ အခြေအနေ ကို အစီရင် ခံရမှာ ဖြစ်ပြီးတော့ ဘယ်လို မျိုး ဆုံးဖြတ်ချက် ချပေးမလဲ ဆိုတာ ကတော့ သူတို့က စောင့်ဆိုင်း ရမှာပဲ ဖြစ်လေတယ်။
လူတွေ အများကြီး က ဝင်လာပြီး ပြန်ထွက် သွား ကြတယ်။ ဒါပေမယ့် သူတို့ မထွက်သွားခင် ကြည့်တဲ့ အဓိပ္ပာယ် ပါတဲ့ အကြည့်တွေက စုယွမ် ကို အနည်းငယ် ရှုပ်ထွေးစေလေတယ်။
ဒါပေမယ့် သူတို့တွေရဲ့ ကိစ္စက သူနဲ့ ဘာမှ မဆိုင်ဘူးလေ။
သူ့ရဲ့ ပထမဆုံး ဦးစား ပေးတာ ကတော့ ဟဲလျန်ချန်း ရဲ့ ဒဏ်ရာ တွေကို ကြည့်ဖို့ ပါပဲ။
စုယွမ် က ဂရုတစိုက်လေး နဲ့ ဟဲလျန်ချန်း ကို တွဲကူကာ အိပ်ယာပေါ်ကို အသာလေး လှဲချ စေဖို့ တင်ပေး လိုက်တယ်။
ဘယ်သူ သိမှာတဲ့လဲ။
အောက်ကပဲ ထောက်ခံပေးတဲ့ အားက လွဲချော်သွား တာလား ဒါမှမဟုတ် တစ်ခုခုလား မသိပေမယ့် စုယွမ် ကပါ အိပ်ယာပေါ်ကို ပြင်းထန်စွာ အတူတူ ပြုတ်ကျ သွားလေတယ်။ ပြီးတော့ ကိုယ်တစ်ဝက် က ဟဲလျန်ချန်း ကို ဖိမိထားလေတယ်။
သူ့မျက်နှာ တစ်ခုလုံးက တစ်ခြားသူနဲ့ မျက်နှာပေါ် ထပ် ကျသွားကာ မျက်လုံးချင်း အကြည့်ဆုံ၊ နှာခေါင်း ချင်းထိတွေ့၊ အသက်ရှုသံချင်း ခံစားမိ၊ နှလုံးခုန်သံ ချင်း ကြားရ ပြီးတော့ နူးညံ့တဲ့ နှုတ်ခမ်း ချင်းလည်း ထိမိနေခဲ့လေတယ်။
အဲ့တာ...... အဲ့တာ..... ကြီးက ကြောက်ဖို့ကောင်းတယ်လို့!
စုယွမ် က လျှပ်စီးနဲ့ အတို့ခံလိုက် ရသလို သူ့ကိုယ်က တောင့်တင်း သွားကာ သူ့ရဲ့ မျက်နှာ ကလည်း ပြုတ်ပြီးသား ပုဇွန်ထက်တောင် နီရဲ လာလေတယ်။ ပြီးတော့ နားရွက်ဖျားတွေ အထိပါ နီစွေး သွားလေတယ်။
ဒီလောက် ရှက်ဖို့ကောင်း တဲ့အနေအထား ကြောင့် အခုချိန်မှာ စုယွမ်က ဟဲလျန်ချန်း ကို မျက်နှာချင်း မဆိုင် ရဲတာကြောင့် ထွက်ပြေး သွားတော့တယ်။
.................
မယ်ရီခရစ်စမတ်ပါ အချစ်လေးတို့ လျော့စျေးတွေကို ကိုယ့်ရဲ့ message board မှာ တင်ထားပါတယ်။ သွားကြည့်လိုက် ကြပါ။