(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

232K 31K 743

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (23 )

2.7K 399 8
By Kyiphyuswe

(23)

'' မြွေဘုရင် က နတ်ဘုရားတစ်ဝက် တောင် ကနေ ပြန်လာပြီး တဲ့နောက် နင့်ကို လိုက်ရှာ နေခဲ့ ပြီးတော့ တစ်နှစ်လောက် အချိန် ကြာသွား ခဲ့တယ်။ ပြီးတော့ တစ္စေ ကလန် က တစ္စေဘုရင် ရောက်လာတာ နဲ့ တွေ့ဆုံ အချင်းများ ပြီးတော့ တိုက်ခိုက် ခဲ့ကြတယ်။ ပြီးတော့ သူတို့ မမျှော်လင့် ထားတာက ​မြွေဘုရင် က ရှုံးသွားမယ် လို့ပေါ့လေ။ငါသိ ခဲ့တာတာ ကတော့ နတ်ဘုရား တစ်ဝက်တောင်မှာ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်တဲ့လေ။  ပြီးတော့ သူက အဲ့တာကို တိတ်တိတ်​လေးပဲ လျှို့ဝှက်ထား ပြီးတော့ ပြန်လာ ခဲ့တာ ပဲလေ။ ဒါပေမယ့် ငါတို့ မထင်မှတ်ထားတဲ့ အရာ က ဖြစ်လာ ခဲ့တယ်။ တစ္စေဘုရင် က သူ့ကို ရန်စ လိုက်ပြီးတဲ့နောက် သူ့ရဲ့ မကုသ ရသေးတဲ့ ကိုယ်က ပြင်းထန်စွာ အရိုက်ခံ လိုက်ရတယ်လေ။ အခုတော့ ပြောကြတာက သူ့ရဲ့ လူသား ပုံစံ တောင်မှ ပြောင်းလို့ မရတော့ ပါဘူးတဲ့လေ။ အဲ့လိုနဲ့ပဲ တိုက်ပွဲက ပြီးသွား တော့တာပဲ။ ''

'' ဒါပေမယ့် မြွေဘုရင် က တစ်ချိန်လုံး ကမ္ဘာကြီး ကို စိုးမိုးထား နိုင်တဲ့ အတွက်ကြောင့် သေခါနီး လက်တကမ်း အလိုမှာ စွမ်းအား တွေ ပြန်ပြည့် လာမှာ ကို ငါတို့ စိုးရိမ် မိတယ်။ ဒါကြောင့် ဆွေရှုဟဲ နဲ့ စီးထူယန် က သေခါ ချက်ချင်း တိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ သူတို့က သူ့ကို ဖြေးဖြေးချင်း ညှင်းသတ် ဖို့ လုပ်ထား ကြတာလေ ''

မြွေဘုရင် က စုယွမ် ကို ပိုပြီး ဂရုစိုက်  နှစ်သတ် မှတော့ သူ့ကို ရှာကြတာပေါ့။ ပြီးတော့ သူတို့ အစီအစဥ် အတွက် စုယွမ် ကို အသုံးချ ကြမယ်ပေါ့။

'' နင်က အရင်ဆုံး မြွေဘုရင် နားကိုကပ် လိုက် ပြီးတော့ ယုံကြည်မှု ကို အရယူလိုက် ''

မြွေဘုရင် က စုယွမ် ကို လုံးလုံး ယုံကြည် အားကိုး သွားတဲ့ နေ့က သူပါ သေတဲ့ နေ့ပဲ။

ရွှီးဟယ် က ပြုံးပြီး စုယွမ် ကို ပြောနေတဲ့ ဟန်က အလွန်အမင်း ကို ငြင်သာ သိမ်မွေ့ လေတယ်။ ဒါပေမယ့် ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ် တွေ ကတော့ တကယ့်ကို ပဲ ဆိုးယုတ် နေခဲ့လေတယ်။

စုယွမ် က ချက်ချင်း ပဲ ခေါင်းကို ငြိမ့်လိုက် ပေမယ့် သူ့ရဲ့ နှလုံးသား ထဲမှာတော့ မြွေမကောင်းဆိုးဝါး ကို သူအန္တရာယ် ပေးလို့ လုံးဝမဖြစ်နိုင် ဘူးဆိုတာကို သိနေခဲ့လေတယ်။

အခု သူတို့က သေအတူ ရှင် အတူ ဖြစ်နေပြီလေ။ သူက တစ်ခြား ဘယ်သူထက် မဆို မြွေမကောင်းဆိုးဝါး ကို ပိုပြီး အသက်ရှည် စေ ချင်တဲ့ အပြင် နေထိုင်ဖို့ နှစ်ပေါင်း ၁၀၀၀၀ လောက်အထိ ကောင်းကောင်း မွန်မွန် နေသွား စေချင် လေတယ်။

ရွှီးဟယ် က တစ်ခြား အကြောင်း အရာတွေ ကိုလည်း ပြောပြ နေသေးတယ်။ ပြီးတော့ စုယွမ် က အရင်ဆုံး တုံ့ပြန် လိုက် ပြီးတော့မှ နောက်လာမယ့် ဟာတွေ အတွက် သူ့ဘာသာ သူ သရုပ်ဆောင် တော့ မှာ ပဲ ဖြစ်လေတယ်။

အဲ့အချိန်မှာပဲ စုယွမ် က မြွေဘုရင်ရဲ့ အိပ်ခန်း တံခါး အရှေ့ကို ရောက်လာ ခဲ့ပြီပဲ ဖြစ်တယ်။

တံခါးနားမှာ အနတ်ရောင် ဝတ်ထားတဲ့ အစောင့် တစ်အုပ်က တင်းကြပ်စွာ စောင့်ကြပ်နေကာ ထိုသူ တွေက လူသား ဆန်ပုံ မပေါက်တဲ့ အပြင် အသက်ကို ချက်ချင်း နှုတ်နိုင်တဲ့ ပုံပေါက်တာ ကြောင့် ရန်စ ဖို့ရာ ခက်ခဲတဲ့ သူတွေ မှန်း သိလိုက် ရလေတယ်။

'' အထဲကို ဝင်သွားတော့ ''

စုယွမ် က သူ့ဘာသာ သူတောင် မပြင်ဆင် ရသေးတဲ့ အချိန်မှာ ရွှီးဟယ်က လက်ကို ဆန့်ထုတ်ကာ အထဲကို တွန်းလိုက် တော့တယ်။

စုယွမ်က ပြုတ်ကျ တော့မလို နီးပါး ဖြစ်သွား ပြီးတော့မှ နောက်ဆုံးတော့ သူ့ဘာသာ သူပဲ တည်ငြိမ်အောင် ရပ်လိုက်နိုင်တယ်။ သူက အနောက်ကို လှည့်ကာ တံခါး ဆီကို ကြည့်လိုက်တဲ့ အခါ မှာတော့ တံခါး က ပိတ်သွား ပြီပဲ ဖြစ်လေတယ်။

ထိုနေရာကြီး က အတော်​လေး ကြောက်ဖို့ ကောင်းလောက်အောင် တိတ်ဆိတ် နေပြီးတော့ အပ်ကျ သံလေး က အစ ကြားနိုင်လောက် တဲ့ အထိ ဖြစ်လေတယ်။ ဒါတင် မက သေးပါဘူး အဲ့နေရာမှာ သွေးနံ့ခပ်ဖျော့ဖျော့ ပါ ပါနေတဲ့ အေးစက်တဲ့ အသံရှုသံ တစ်ခု ပါ ရှိနေ ခဲ့လေတယ်။

စုယွမ် က သေမတက် ကြောက်လန့် သွားလေတယ်။ ဒါပေမယ့် အစောက လာတဲ့ လမ်းမှာ ရွှီးဟယ် ပြောခဲ့တာ က မြွေမကောင်းဆိုးဝါး က သေလုနီးပါး အရိုက်ခံထား ရပြီးတော့ ဒဏ်ရာတွေ အများကြီး ရခဲ့တာ ကြောင့် လူပုံစံ တောင် မပြောင်းနိုင် တော့ဘူး ဆိုတာ ကို စုယွမ် ပြန်အမှတ် ရသွား လေတယ်။

ဘာဆက် လုပ်ရပါ့။

အဲ့တာ ကြီးက ကြောက်ဖို့ ကောင်းတယ်လေ။

သူက အထဲကို ဆက်ဝင်သွားဖို့ အတော်လေး ကြောက်နေ မိတယ်။

စုယွမ် က တံခါးနား မှာပဲ အချိန်အကြာကြီး တွယ်ကပ်နေကာ အရှေ့ကို ခြေတစ်လှမ်း ဆက်မတိုး နိုင်ခင် အချိန်ထိ သူ့ကိုယ်သူ အချိန် အကြာကြီး ပြင်ဆင် ခဲ့ရလေတယ်။

နန်းတော်ရဲ့ အတွင်းအကျ ဆုံး အပိုင်း နေရာမှာ ရှိနေတာ က အိပ်ယာ အကြီးကြီး တစ်ခုပါပဲ။

အဲ့အိပ်ယာ ကို ပိတ်ကျဲစ လိုက်ကာ အပြာရောင်လေး နဲ့ ကာထားတဲ့ အတွက်ကြောင့် အဲ့ထဲမှာ ဘာရှိ နေသလဲ ဆိုတာကို တော့ ဝေဝေ ဝါးဝါး နဲ့ မြင်နိုင် လေတယ်။

စုယွမ် က အထဲက တုန်ခါ သွားတဲ့ တစ်စုံတစ်ခု ကို တွေ့လိုက် ရတယ်။

စုယွမ်က ရပ်လိုက် ပြီးတော့ လှုပ်တောင် မလှုပ်ရဲ တော့ပါပေ။

အဲ့အချိန်မှာပဲ လေပြေ လေး တစ်သုတ်က လိုက်ကာစ လေးကို ဖြတ်ပြီး တိုက်သွားတာ ကြောင့် လိုက်ကာစ က အပေါ်ကို လွင့်သွားကာ အထဲ က မြင်ကွင်းက စုယွမ်ရဲ့ မျက်လုံး ထဲကို ဝင်ရောက် လာလေတယ်။

စုယွမ် က မတက်နိုင်ပဲ မျက်လုံး တွေ ပြူးကျယ် သွားကာ သူ့ရဲ့ ခေါင်း ကလည်း ဗလာ ဖြစ်သွားလေတယ်။

သူ ဘာကို မြင်လိုက် ရတာလဲ!

အိပ်ယာပေါ်မှာ ငွေရောင်မြွေ အကြီးကြီး က ငြင်သာစွာ လှည့်ပတ် ခွေနေတာကို စုယွမ် မြင်လိုက် ရတာ ပဲ ဖြစ်တယ်။ သူ့အတွက် ကတော့ ခြောက်ခြားစရာ ဇာတ်လမ်း တစ်ပုဒ်ကို ကြည့်လိုက် ရသလို ပါပဲ။

စုယွမ် က မထိန်းချုပ် နိုင်တော့ပဲ သူ့ရဲ့ ကိုယ်က ခပ်ပါးပါး လေး စတင်ပြီးတော့ တုန်ရီ လာတယ်။ ပြီးတော့ ခက်ခဲစွာ ပြောလိုက်တယ်။

'' ကောင်းပြီ......အကြာကြီး..... မတွေ့ခဲ့ ရတာ ''

စကားပြော နေတဲ့ အချိန်မှာ လည်း စုယွမ် က တုန်လှုပ် နေခဲ့လေတယ်။ ဒါကြောင့် စုယွမ် က ရိုးရှင်းစွာ နဲ့ပဲ စကားပြောတာ ကို ရပ်လိုက် လေတယ်။ သူက စကားပြောဖို့ရာ အတွက်လည်း ကြောက်လန့် နေမိတာ ဖြစ်လို့ သူက ဘာကို မှ မပြောနိုင်တော့ ပါပေ။

ဒါပေမယ့် အဲ့အချိန်မှာ ပဲ အိပ်ယာ ပေါ်က ငွေရောင်မြွေကြီး ရဲ့ကိုယ်က ထပ်ပြီးတော့ လှည့်လာကာ ဒေါင်လိုက် မျက်ဝန်း တွေက စုယွမ် ဆီကို ကြည့်လာ ခဲ့လေတယ်။

ထိုအချိန်မှာ ဖြစ်လာတာ က တော့ ချောင်ပိတ် ခံထား ရပြီး အစားခံ ရတော့ မလို ဖြစ်နေတယ်လို့ ခံစားမိလေတယ်။

စုယွမ် က မထိန်းနိုင်ပဲ တွေးမိသွားတဲ့ မြင်ကွင်း ကတော့ ငွေရောင်မြွေ ကြီးက သူ့ရဲ့ လျှာ နှစ်ခွ ကို ထုတ်ပြီးတော့ သူ့အား ပတ်ကာ ဗိုက်ထဲကို ​မျိုချ လိုက်တဲ့ မြင်ကွင်း ပါပဲ။ စုယွမ်က လှည့်ပြီးတော့ ထွက်ပြေး သွားချင် နေခဲ့ပါတယ်။

ဒီမြွေက ဘယ်မှာ သေမလို ဖြစ်နေလို့လဲ။

အရှင်လတ်လတ် ကြီး ရှိနေသေးတာကို။

သူကယ်ဖို့ လုံးဝ မလိုအပ်နေ ဘူး!

ဒီနေရာကို လာမိတာ က သူ့ခေါင်းကို သူ မြွေကြီးဆီ ထိုးပေး လိုက်တာ နဲ့ အတူတူ ပဲ မဟုတ်လား။

စိတ်ကူးထဲက လို  လျှာ နှစ်ခွက ထွက်မလာခဲ့ ပါပေ။ အဲ့တာ နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ လူပုံစံ ကိုသာ ပြောင်းလဲ သွားတာ ကိုတွေ့လိုက် ရလေတယ်။

သူက ဟဲလျန်ချန်းပါပေ။ ဒါပေမယ့် အရင်က သိပ်ကို လှပကျော့ရှင်း တဲ့ ကိုယ်ပေါ်မှာ ကြောက်စရာ ဒဏ်ရာတွေ ပြည့်နေခဲ့လေတယ်။

အရမ်းကို တုန်လှုပ်စရာ ကောင်းပြီးတော့ ကြောက်စရာလည်း ကောင်းပေမယ့် အတော်လေး လည်း နာကျင်မယ့်ပုံ ပေါ်နေလေတယ်။

စုယွမ် က ဒီလို မျိုး ဟဲလျန်ချန်း ကို လက်ခံ နေနိုင်ဆဲ ပါပဲ။ သူက အရှေ့ကို ဆက်တိုး သွားပြီးတော့ တစ်ဖက် လူရဲ့ ဘေးနားကို ရောက်သွား ခဲ့လေတယ်။

''ဖူးရန် ( မိန်းမ)  မင်း ပြန်လာ ပြီပဲ ''

ဟဲလျန်ချန်း က အပြုံးလေး တစ်ခု ကို ဖြစ်ညှစ်ပြီး ပြုံးပြ ကာ နူးညံ့စွာ ပြောလိုက်တယ်။

ကြည့်ရတာ အားကုန် ထုတ်ပြီး ပြောနေရဟန် ပါပဲ။ ပြုံးပြီး စကားပြောလိုက် တဲ့ အတွက်ကြောင့် နှုတ်ခမ်းထောင့် က အနာတွေကို ဆွဲဖြဲ သလို ဖြစ်သွားကာ နာကျင်မှုကြောင့် ပင့်သက်ရှိုက်သံ တစ်ခု ခပ်ဖျော့ဖျော့ လေး ထွက်ပေါ် လာခဲ့လေတယ်။

တစ်ဖက်လူ က ဒီလို ဖြစ်နေတာ ကို တွေ့တော့ စုယွမ် က သူ့ဘာသာ သူ အနည်းငယ် အပြစ်တင် မိလေတယ်။ သူက အခုလေးတင် တစ်ခြားလူရဲ့ ပုံစံ အမှန် ကို ကြောက် နေမိသေးတာလေ။

သူက အဲ့လို မဖြစ်သင့် ဘူးလေ။

'' ခများ အဆင်ပြေ ရဲ့လား? ''

စုယွမ် က အဲ့လို မေးပြီးတဲ့နောက် သူက အနည်းငယ် နောင်တရ သွားလေတယ်။

အဲ့တာ ကို သူမေး နေစရာ လိုသေးလို့လား?

တစ်ဖက်လူ ရဲ့ ပုံစံ ကို ကြည့် ရတာနဲ့တင် သူက အဆင်မပြေ ဘူးဆိုတာ ကို တွေ့နိုင် နေတာ ပဲကို။

စုယွမ် က သူ့မျက်နှာ ပေါ်မှာ ပွင့်နေတဲ့ ဒဏ်ရာတွေ အများကြီး နဲ့ အမာရွတ်တွေ ကိုလည်း တွေ့ရလေတယ်။ အဲ့တာ က သိသိသာသာ ကိုပဲ သူ့ဒဏ်ရာ တွေက ထိန်းသိမ်း ဖို့ ခက်ခဲ နေတယ် ။ ပြီးတော့ သူ့ရဲ့ လက်နဲ့ ကိုယ်မှာလည်း ချွန်ထက်တဲ့ အရာနဲ့ အခြစ်ခံ ထားရသလို မျိုး အနာတွေ ပြည့်နေ လေတယ်။

အထူးသဖြင့် ဘယ်ခြေပဲ။ အဲ့နားမှာဆို အထဲက အရိုးကိုတောင် မြင်ရနေ ပြီပဲ ဖြစ်လေတယ်။ ပြီးတော့ သွေးတွေ ကလည်း နည်းနည်း နဲ့ စိမ့်ကျ နေသေးတယ်။

ဒါတင်မက သေးဘူး သူ့ရဲ့ ကိုယ်ပေါ်မှာ အမဲရောင် လေထု ဝိုင်းနေတဲ့ ဒဏ်ရာတွေ အများကြီး ရှိနေ သေးတယ်။ ကြည့်ရတာ ဘယ်သူ ကမှ သူ့ရဲ့ ကိုယ်ပေါ်က အနာတွေကို မကုသ ပေးတဲ့ ပုံပဲ။ ပြီးတော့ တစ်ချို့နေရာ တွေဆို ပြည်တွေတည်နေ ပြီးတော့ အဲ့ပေါ်မှာ ပိုးကောင် အသေးလေးတွေ တက်နေ ခဲ့လေတယ်။

ထိုလူက ကြီးစိုးနိုင်တဲ့ ဟဲလျန်ချန်းပါ။ သူ့ရဲ့ နာမည် နဲ့တင် လူတိုင်းကို ကြောက်ရွံ့ သွားစေ နိုင်ပါတယ်။

သူက ဘယ်လိုလုပ် ဒီလို ဖြစ်လာ ရတာလဲ။

ဟဲလျန်ချန်း အခုလို ဖြစ်လာရတာ က သူလုပ်ခဲ့ မိတာ တွေ ကြောင့် များလား။

တကယ်လို့ သူတို့နှစ်ယောက် သာ မောင်နှံစာချုပ် ချုပ်ထားမှန်း သိလို့ကတော့ ရွှီးဟယ်က သူ့အပေါ်သုံးထားတဲ့  ဆေးတွေနဲ့ ပစ္စည်းတွေ ကို စုယွမ်က ဟဲလျန်ချန်းအား ထိခိုက်မိ စေမှာ မဟုတ်ဘူး ။

စုယွမ် ရဲ့ မျက်လုံးတွေ ထဲမှာ မထိန်းနိုင်ပဲ အရည်တွေ ဝေ့သီ လာခဲ့တယ်။ နောက်တော့ သူက မျက်တောင် ခတ်လိုက်ကာ ပုံမှန် ပြန်ဖြစ်သွား လေတယ်။

သူက ယောကျာ်းကြီး တစ်ယောက် ပါ။ သူက နွေဦးနဲ့ဆောင်းဦးလို အလှတရား ကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး ။ ဒါပေမယ့် ဖြစ်လာမှတော့ ပြန်ပြီးတော့ ပြင်ဆင် ဖို့အတွက် သူက အကောင်းဆုံး ကြိုးစား ရတော့မှာပေါ့လေ။

စုယွမ် က အိပ်ယာဘေး နားက ထိုင်ခုံပေါ်မှာ ထိုင်ချ လိုက်ပြီးတော့ ညင်သာစွာ ပြောလေတယ်။

'' အခုချိန်မှာ မင်းရဲ့ ကိုယ်က ဒဏ်ရာ အရမ်းပြင်းတယ်။ ဒါကြောင့် မင်းအတွက် လူသား ပုံစံ ထိန်းထား ရတာ က အတော် ခက်ခဲ မှာပဲ။ မင်းရဲ့ မူလ ပုံကိုပဲ ပြန်ပြောင်း သင့်တယ်။ ''

ဟဲလျန်ချန်း က စုယွမ် ဆီကို ပြင်ဆင်ထားတဲ အကြည့်တစ်ခု ကြည့်ပြီးတော့တီးတိုးပြောလိုက် တယ်။

'' ဒါပေမယ့် မင်းက ကိုယ့်ရဲ့ ပုံစံ အစစ်ကို ကြောက်တယ် မဟုတ်ဘူး လား?  မင်းက မြွေတွေကို ကြောက်တက် တယ် မဟုတ် ဘူးလား? ''

ထိုဟာကို ကြားလိုက်ရတဲ့ အခါ စုယွမ် က သူ့ရဲ့ နှလုံးသား ကို ပြင်းပြင်းထန်ထန် ထိသွားတယ် လို့ ခံစား လိုက်ရပြီးတော့ သူ့ရဲ့ လက်ချောင်း ထိပ်ဖျား တွေက တုန်ရီ သွားလေတယ်။

ဆိုတော့ သူက ကြောက်ရွံမှာကို တစ်ဖက်လူ က စိုးရိမ်တဲ့ အတွက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရထားတာ တောင်မှပဲ သူ့ရဲ့ မူလပုံစံကို မပြောင်း ရဲတာ ပေါ့လေ။

'' ငါ လုံးဝ မကြောက်တော့ဘူး ''

'' အဲ့တာ က တကယ်ကြီးလား? ''

မသေချာတာ ကိုတွေ့တော့ ဟဲလျန်ချန်း က မေးလိုက်လေတယ်။

'' ဟုတ်တယ် ၊ တကယ်ကြီး! ''

စုယွမ်က အလေးအနက် နဲ့ခေါင်း ငြိမ့်လိုက်တယ်။ သူက အစပိုင်းမှာတော့ ကြောက်မိ နေပေမယ့် အခုတော့ သူက လုံးဝ မကြောက်တော့ ပါပေ။

ဟဲလျန်ချန်း က သူ့ရဲ့ နဂိုပုံစံ ကို ပြန်ပြောင်း လိုက်လေတယ်။

စုယွမ် က မကြောက်ဘူး လို့ ပြောပြီးသား ဖြစ်ပေမယ့် သူက မြွေအကြီးကြီး ကို ထပ်မြင်တွေ့ လိုက်ရတဲ့ အချိန်မှာတော့ မြွေကြီး မလို့ သူက တုန်လှုပ် မိနေဆဲ ပါပဲ။

သူက သူ့ကိုယ်သူ မကြောက်ဖို့ အကောင်းဆုံး ကြိုးစား နေပြီးတော့ ပုံမှန် အတိုင်း ဖြစ်အောင် ထိန်းသိမ်းနေကာ ဟဲလျန်ချန်း ကိုသာ စူးစိုက် ပြီးတော့ ကြည့်လာ ခဲ့လေတယ်။

စုယွမ် က မြွေ ဟဲလျန်ချန်း တစ်ယောက် အိပ်ယာပေါ်မှာ လှဲနေရင်း မှာ ဒဏ်ရာတွေကြောင့် နာကျင်နေ ပြီးတော့ အရမ်း အားနည်း နေတာကို တွေ့လိုက်ရ လေတယ်။

'' မင်းကို ငါအရင်ဆုံး သန့်ရှင်း ပေး မယ်နော် ''

သွေးတွေ က စိမ့်ထွက် နေဆဲ ဖြစ်တာကြောင့် ငွေရောင်မြွေ က အရမ်းကို ညစ်ပတ် နေတယ်လို့ မြင်ရ လေတယ်။

ဟဲလျန်ချန်း က စကား မပြောခဲ့ ပါပေ။

သူ့ကို စကားပြောဖို့ စွမ်းအင် မရှိတော့တာ လားတော့ စုယွမ် မသိပါပေ။ ဒါမှမဟုတ် အသံတိတ် သဘောတူတာ လား ဆိုတာ မသိပါပေ။ ဒါပေမယ့် မြွေဟဲလျန်ချန်း ရဲ့ မျက်လုံး က အနည်းငယ် တောက်ပ သွားတာ ကိုတော့ မြင်တွေ့ လိုက်ရ လေတယ်။

စုယွမ် က လမ်းလျောက်သွား ပြီးတော့ တံခါးကို ဖွင့်ဖို့ လုပ်လိုက်တဲ့ အချိန် ကျတော့မှ အပြင် ကနေ တံခါးကို သော့ခတ်ထား တယ်ဆိုတာ ကိုတွေ့ လိုက်ရလေတယ်။

ရုတ်တရက် ပဲ စုယွမ်ရဲ့ စိတ်နှလုံးသား ထဲမှာ ဒေါသတွေ ဆူဝေ လာတယ်။

ရွှီးဟယ် နဲ့ စီးထူယန် တို့က အခု ဒီလိုတောင် လုပ်ရဲ နေပြီပေါ့လေ။

စီးထူယန် က တစ်ဖက်လူကို မသတ်သေးတာက ပေါက်ကွဲမှုတွေ ဖြစ်လာပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာ ကို ကြောက်လို့တဲ့ပေါ့။ ဒါကြောင့် တစ်ဖက်လူကို ဖြေးဖြေးချင်း အားနည်းပြီး တော့ သေစေ ချင်နေတာ ပေါ့လေ။

ဒါပေမယ့် အခုတော့ စုယွမ် ပေါ်လာတော့ အဲ့ကောင်က သူ့ရဲ့ အစီအစဥ်ကို အဆင့်မြင့် လိုက်တယ်ပေါ့။

စုယွမ်ကို ဟဲလျန်ချန်း ရဲ့ နှလုံးသား ကို ဆုပ်ကိုင်ဖို့ လမ်းညွှန် ထားပြီးတော့ မြွေဘုရင်ကို တိုက်ရိုက် သတ်စေချင် နေတာပေါ့လေ။

........................

Continue Reading

You'll Also Like

456K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
49.1K 6.6K 11
ကျွန်တော်မနေ့က body check upသွားလုပ်ခဲ့တယ်။ DRE test စစ်ပေးတဲ့လူက ကျွန်တော့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေတယ်ဗျာ။ ပြီးတော့ သူကကျွန်တော့်ကို...
642K 32.8K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
187K 19.8K 82
အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချစ်နေခဲ့တဲ့ တစ်ယောက်သောသူကိုတော့ ပြန်လည်မ...