(18. 2)
ဟော်ဆန်းအာ က စိတ်သက်သာ ရာ ရစွာ သက်ပြင်းချ လိုက် ပြီးတော့ သူက မြေပြင်ပေါ်မှာ လဲနေတဲ့ လူကို သနားညှာတာ စိတ် တစ်စက် ကလေးမှ မရှိပဲ နဲ့ ကြည့်လိုက် လေတယ် ။
ကျောက်ချင် က တကယ် ကို အလုပ်ကောင်းကောင်း လုပ်ခဲ့တာ ပဲလို့ သူက တွေးမိလေတယ်။ နောက်တော့ လူတိုင်းရဲ့ မျက်နှာ တွေကို လျစ်လျူ ရှု ပြီးတော့ သူတို့ရဲ့ အစာ တွေကို ဂူထဲ ကနေ ပြန်ယူ ကြလေတယ်။
ရွာလူကြီး က သက်ပြင်းချ ကာ ခေါင်းကို ခါလိုက် လေတယ်။
ဟော်ဆန်းအာ က ပြောလိုက်လေတယ်။
'' ရွာလူကြီး ကျုပ်တို့က ရွာသား တွေရဲ့ ခံစားချက် တွေကို တောင် နားလည် မပေးနိုင်ဘူး လို့ စကားတစ်ခွန်း တောင် မပြောလိုက် ပါနဲ့။ လူတိုင်းမှာ ခြေတွေနဲ့ လက်တွေ ပါတယ်လေ။ ပြီးတော့ ခများတို့ ဂူထဲမှာ လူက ပိုများပါတယ်။ တောင်ကြီး ကလည်း အရမ်းကျယ် ပါတယ်။ အသီးရိုင်း တွေ ကလည်း နေရာအနှံ့မှာ ရှိပါတယ်။ ခများတို့တွေက ဒီနှစ်ရက်မှာ အစာကို မြန်မြန် ကုန်အောင် ကျတော့ စားပြီးတော့ ကျုပ်တို့ ရဲ့ အစာ ကိုတော့ လာပြီးတော့ လုနေကြတယ်။ အဲ့တာတွေကို ခူးယူ ဖို့ ကျုပ်တို့က မိုးသည်းကြီး ထဲမှာ မနေ့က သွားခဲ့ ရတာ ပါ။ သူတို့က ကျုပ်တို့ အဲ့နေရာမှာ မရှိရင် အစာတွေကို လုယူ သွားရုံတင် မက ဘူး ကျိုးကောအာ ကိုပါ ရိုက်နှက် သွားသေးတာ။ တကယ်လို့ ကျောက်ချင်သာ ဒီနေ့မှာ ရွယ်ယောင် ကို သူ့မိန်းမ အတွက် သေအောင် ရိုက်မသွားတာ ကိုပဲ တကယ်ကြီး ကျေးဇူးတင်လိုက် ပါ ''
ရွာသူကြီး ရဲ့ မျက်နှာက အေးစက် နေပြီးတော့ ငြင်းပယ်ဖို့ စကားတစ်ခွန်း တောင် ထွက်မလာ ခဲ့ ပါပေ။
''အခုချိန် ကစပြီး ရွာလူကြီး ခများ ဂူထဲက လူတွေကို ကောင်းကောင်း ကြည့်ထား သင့်တယ်။ တကယ်လို့ ကျောက်ချင်သာ ထပ်ပြီး ကြုံရမယ်ဆို သူက ထပ်ပြီး ရိုက်မှာပဲ။ အဲ့အခါ ဆို ကျုပ် ကလည်း သူ့ကို မရိုက်တော့ ဖို့ မတားတော့ပဲ သေတဲ့ အထိ ကို ပေါင်းရိုက်မှာ! ''
ဟော်ဆန်းအာ က ကျိုးဝေ့ရှီး ကို သေသေချာချာ ကော မသေမချာရော စိုက်ကြည့် ကာ ပြောလိုက်လေတယ်။
အကြည့် တစ်ချက်မှာ တင် ကျိုးဝေ့ရှီး က အတော်လေး အေးစက် သွားတာကို ခံစား လိုက် ရတယ်။ ပြီးတော့ မထိန်းနိုင် တော့ပဲ အနည်းငယ် တုန်ရီ သွားလေတယ်။ နောက်တော့ သူမရဲ့ ခေါင်းကို အဝေးဆီ အကြည့်လွဲ လိုက်လေတယ်။
ဒါက ကျောက်ချင် ရဲ့ ခြိမ်းခြောက် ဒေါသထွက်မှု ကို သူမ ခံရတာ ပထမဆုံး အကြိမ် မဟုတ်တော့ ပါပေ။
ဟော်ဆန်းအာ နဲ့ သူ့လူတွေ ဂူထဲ ကနေ ထွက်သွား ပြီးတဲ့နောက် လူတိုင်း ရဲ့ ဆာလောင် မှုတွေက သူတို့ကို ကျောက်ချင်ရဲ့ ခြိမ်းခြောက်မှု တွေ ဆီက နေ ပြန်လည် လွတ်မြောက် လို့ လာစေ ခဲ့ ပါတယ်။
ချောင်ဖန် နဲ့ သူမရဲ့ အမေ ချောင်ကျုံ တို့ကတော့ တစ်မနက်ခင်း လုံး ဘာမှ ထွက် မလုပ် ခဲ့တဲ့ အတွက်ကြောင့် သူမတို့ က သက်ပြင်းချ လိုက်လေတယ်။ ဒါပေမယ့် သူတို့မှာ ဘာမှ စားစရာ မရှိတော့ပါပေ။
သူမ မထိန်းနိုင်ပဲ အတွန့်တက် လိုက်တယ်။
'' ရွာလူကြီးရှင့်။ ဟော်ဆန်းအာ တို့ ကလေ သိပ်ကို အနိုင်ကျင့်လွန်း တာပဲ။ သူတို့က ဘာကိုမှ မချန်ထား ခဲ့တဲ့ အပြင် ကျွန်မ တို့ ဆီကနေ အိုးတွေ ကိုတောင် အဝေးကို ယူသွား ခဲ့တယ်လေ ''
ရွာလူကြီး က အရမ်းကို ဒေါသ ထွက်နေ ခဲ့ပါတယ်။
'' မင်းတို့ ကလည်း တစ်ခြားလူ တွေ ဆီကနေ ပြီးတော့ အတင်းလု ယူလာသေးတယ်။ အဲ့တာကို ပြောရဲတဲ့ အရှက်ဆိုတာ ရှိသေးတယ်ပေါ့ လေ။ စောက်ရှက် တစ်စက် ကလေးမှ မရှိကြတဲ့ဟာတွေ။ နင်တို့ သေအောင် ရိုက်ခံ ရသင့်တယ်! ''
ချောင်ဖန် က သူမ လည်ပင်း ကို ကျုံ့ကာ ရေရွတ်လိုက်တယ်။
'' သူများ ဆီကနေ သွားလုယူ တာ ကျွန်မ တို့ မိသားစု မှ မဟုတ်တာ ကို ''
( အဲ့လို ကောင်မ မျိုးလဲ ရှောင်ပါ)
ရွာလူကြီး က ဒေါသအရမ်း ထွက်နေ ပေမယ့် ဘာလုပ် ရမှန်း မသိတော့ပေ။
ဘယ်သူ့ကို အဲ့လိုလုပ် လို့ သူက လည်း သင်ပေး လိုက်လို့လဲ?
သူ့ကို ပြဿနာ တွေပဲ ပေးတဲ့ မြေပြင်ပေါ်က လူနှစ်ယောက် ကို ဒေါသတကြီး စိုက်ကြည့် ပြီးတော့ အသက်ရှု ကြပ်လာကာ ဂူထဲက လူတွေကိုလည်း သွကနေ သံမဏိ မဖြစ်လာ လို့ မုန်းတီးစွာ ပဲ ကြည့်နေမိ လေတယ်။
'' မင်း တို့က ဒီနေရာမှာ ဘာဆက် လုပ်နေ ကြသေးတာလဲ။ အစာသွား ရှာ ကြလေ! ''
ထိုစကား သံလည်း ထွက်လာတဲ့ အခါ ကောင်းကင်ကြီး က နောက်တစ်ဖန် မဲမှောင် နေ ပြန်ပါပြီ။ ဘယ်အချိန် ကတည်း ကလဲ ဆိုတာ ဘယ်သူမှ မသိခဲ့ပါပေ။ ပြီးတော့ မိုးရေစက် တွေက လည်း ထပ်ပြီးတော့ ရွာကျ လာလေတယ်။
'' မိုးရွာနေပြီ! ''
'' မိုးရွာလို့ အစာထွက် မရှာဘူး လို့ ပြောချင်တာ လား။ မင်းတို့ တစ်ည လုံး ရေနွေး ကြိုသောက် ကြ မလို့လား! ''
ရွာလူကြီး က ဒေါသ ထွက်စွာနဲ့ ကြိမ်းမောင်း ပြီးတော့ သူက ပဲ ဦးဆောင်ကာ ဂူ အပြင်ကို ထွက်သွား တော့တယ်။
ကျောက်ချင် ပြန်လာတဲ့ အချိန်မှာ ကျိုးကောအာ က လမ်းလျောက်ဖို့ ရုန်းကန် နေလေတယ်။ ဟော်လင်းလင်း ကလည်း မျက်မှောင် ကြုတ်ကာ သူ့ကို ဆွဲထားတာ ဖြစ်ပြီး နှစ်ယောက် သား ဆွဲလိုက် တွန်းလိုက် ဖြစ်နေ ခဲ့လေတယ်။
'' အကိုကျောက် ရှင်ပြန်ရောက် လာတာ က တကယ့်ကို အချိန်ကိုက်ပဲ။ အကိုရှောက်ယု က ရှင့်ကို ရှာဖို့ အတင်း သွားချင်နေတာ ''
ကျောက်ချင် က ကျိုးကောအာ ဆီကို မြန်မြန်လေး သွား ကူပေး လိုက် ပြီးတော့ ဟော်လင်းလင်း ကို ပြုံးပြ လိုက်တယ်။
'' ကျေးဇူးတင် ပါတယ် ''
လင်းလင်း က ကျောက်ချင် ကို ဂူထဲ ကနေ ထွက် မသွားခင် အချိန် တုံး ကလိုမျိုး ပဲ ကြည့်လိုက် လေတယ်။
သူမ က တစ်ခဏ အတွင်း မှာတင် သူမရဲ့ စိတ်ကို ပြောင်းလိုက် ပြီးတော့ ပြန်လည် ပြုံးပြ ကာ ခေါင်းကို ခါပြ လိုက်ပြီးတော့ ဘေးနား ဆီကို ဉာဏ်ရှိစွာ နဲ့ ပြန်သွား လိုက်လေတယ်။
'' အဲ့တာ က အဆင်ပြေ ရဲ့လား? ''
ကျောက်ချင် က ကျိုးကောအာ ရဲ့ မြန်ဆန် နေတဲ့ မျက်လုံးလေး ကို ကြည့်ကာ ပြောလိုက် လေတယ်။
သူက ကျိုးကောအာ ကို အောက်မှာ ထိုင်ဖို့ လက်မောင်းလေး တွေကို ကိုင်ကာ ကူပေး လိုက်တယ်။
ကျောက်ချင် က လုံခြုံစွာ ပြန်လာတာ ကိုတွေ့တော့ ကျိုးကောအာ က စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းချ ကာ မေးခွန်းလေး တစ်ခု ထုတ်မေး လာခဲ့တယ်။
'' ငါတို့ ပစ္စည်းတွေ ကျတော့ရော ဘယ်လို လုပ်ကြ မလဲ? ''
'' ကိုယ် က ဟော်ဆန်းအာ နဲ့ တစ်ခြား လူတွေကို ပြန်ယူ လာပေးဖို့ ပြောပြီး ပါပြီ။ စိတ်မပူ ပါနဲ့''
ကျိုးကောအာ အတွက် လုံးဝ စိတ်မပူစေ ဖို့ဆိုတာ က မဖြစ်နိုင်ပါဘူး ။ ကျောက်ချင် ထွက်သွား တုံး က သူဟာ အရမ်းကို ကြောက်လန့် သွားခဲ့လေတယ်။
ကျောက်ချင် ဟာ အရင်တုံး က ဒီလိုမျိုး အမူအရာ တစ်ခါမှ မပြဘူး ပါပေ။ ဒါကြောင့်မို့ ကျိုးကောအာ က မနေနိုင်ပဲ နောက်တစ်ခု ထပ်မေးလိုက်တယ်။
'' အကိုကျောက် အဲ့တာက တကယ် အဆင်ပြေ လို့လား? ''
'' အကုန်လုံး အဆင်ပြေ ပါတယ် လို့ ကိုယ် မပြောဘူးလား? ''
ကျောက်ချင် က အရမ်းကို တည်ငြိမ် နေလေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခြားသူ ကို ရိုက်နှက် ခဲ့တာ သူ မဟုတ် သလိုပါပဲ။
ကျိုးကောအာ က မျက်လုံးကို ငုံ့ကြည့် လိုက်တယ်။
'' အကို့ လက်ပေါ်က သွေးတွေ က......''
ကျောက်ချင် က အဲ့တာကို တစ်ချက် ကြည့်လိုက် ပြီးတော့ ရုတ်တရက် ပဲ သူ့လက်ကို မြောက်လိုက်လေတယ်။ လက်က အဆစ်တွေ နားမှာ ခြောက်နေပြီ ဖြစ်တဲ့ သွေးတစ်ချို့ တကယ်ပဲ ရှိနေလေတယ်။ သူက လုံးဝ ကို ဂရုမစိုက် ပါပေ။
'' ကိုယ့်ရဲ့ သွေးတွေ မဟုတ်ဘူး ''
'' ရွယ်ယောင် ဟာတွေ လား ''
စိတ်ပူနေတဲ့ အကြည့် တစ်ချက် က ကျိုးကောအာ ရဲ့ မျက်လုံး ထဲမှာ ဖြတ်ပြေး သွားလေတယ်။
ကျောက်ချင် က သူ့ရဲ့ စကားကို တိုက်ရိုက် အဖြေမပေး လိုက်ပဲနဲ့ ကျိုးကောအာ ရဲ့ မျက်လုံး ထဲကို ပဲ တိုက်ရိုက် ကြည့်လိုက် လေတယ်။
'' ကိုယ်က မင်းကို ကာကွယ် ပေးမယ်လို့ ပြောခဲ့တယ်။ အဲ့တာက အလေး အနက်ပြော တာပဲ ''
ထိုကဲ့သို့ အလေးအနက် စကား တစ်ချို့ကို ကြားလိုက် ရတော့ ကျိုးကောအာ ခမျာ အကြောင်း တစ်ချို့ကြောင့် အနည်းငယ် ချဥ်မှု ကို ခံစားလိုက် ရတယ်။ သူက ခေါင်းလေး ကို အသာ ငြိမ့်ကာ နှာသံလေး ပေါက်နေလေတယ်။
'' အကိုကျောက် က အလေးအနက် ပြောနေတယ် ဆိုတာ ကို ငါ သိပါပြီ ''
မဟုတ်ဘူး ။
မင်း မသိပါဘူးကွာ။
မင်းဘာ မှ မသိပါဘူး။
မင်းကို ကိုယ်က ကာကွယ်ပေး ချင်တဲ့ အကြောင်း က ကိုယ် မင်းကို ကြိုက်နှစ်သက် လို့ပဲ။
ပြီးတော့ မင်းက နာကျင်တာ တွေ တွေ့ရပြီး ကိုယ့်ဘာသာ ကို ဂရုမစိုက် တာကို တွေ့ရတာ က ကိုယ့််ကို ပိုလို့တောင် နှလုံးသား ကို နာကျင်စေတယ်ကွ။
ကျောက်ချင် က ကျိုးကောအာ ကို ခါးသီးပြီယ နှုးညံ့နေတဲ့ နှလုံးသား လေးနဲ့ ကြည့်မိလေတယ်။ ပြီးတော့ ကောင်လေး ရဲ့ခေါင်းလေး ကိုထိကာ သူ့ရဲ့ ခံစားချက် တွေကို ပိတ်ပင် လိုက်တယ်။
သူက ဒီစကားတွေကို အပြင်မှာ ထုတ်ပြီးတော့ မပြောပြ နိုင်ပေမယ့် သူက ရယ်ကာ ပြောလိုက်တယ်။
'' စိတ်မပူပါနဲ့ ။ တကယ်လို့ သူက မင်းကို အနိုင်မကျင့် ခဲ့ဘူး ဆိုရင်တောင် မှ ကိုယ်က သူ့ကို သင်ခန်းစာ ပေးအုံးမှာပဲ။ မင်း ဘာသာ မင်း အပြစ်တင် မနေ ပါနဲ့။ ရွယ်ယောင် က အရမ်းပဲ စိတ်ကြီးဝင်လွန်းတယ်။ ''
ကျိုးကောအာ က သူ့ ခေါင်းလေး ကို ငုံ့ကာ သဘောတူ လိုက်လေတယ်။
ဒါကို မြင်ပြီးတော့ ကျောက်ချင် က မတ်တပ် ရပ်လိုက် လေတယ်။
'' ကိုယ် အပြင်ကို သွားပြီး ကိုယ့် လက်တွေ သွားဆေး လိုက်အုံးမယ်''
အပြင်မှာ မိုးတွေက သဲမည်းစွာ စတင်ရွာ ကျ လို့နေပါပြီ။
သူက ဂူပေါက်ဝ မှာ ရပ်ပြီးတော့ လက်တွေကို မြှောက်ထား လိုက်ကာ သူ့လက် ပေါ်ကို မိုးရေတွေ ကျဆင်း စေလိုက်တယ်။ ပြီးတော့ သူ့လက် က သွေးတွေကို ဆေးကြောလိုက်တယ်။
မိုးရေတွေက လက်ပေါ် က သွေးတွေကို ဖယ်ရှား စေခဲ့တဲ့ အတွက်ကြောင့် ဖြစ်ရမယ် သူ့လက် က သွေးနံ့ ကိုတောင် သူရ နေခဲ့ ပါတယ်။
သူက မထိန်းနိုင်ပဲ အနည်းငယ် စိုးရိမ် သွားတယ်။
သူက ရှောက်ယု ကို ကြောက်သွား စေမိ သလား ဆိုတာ မသိတော့ပေ။
သူက ခေါင်းကို လှည့်ကာ မြေပြင်ပေါ်မှာ ထိုင်နေတဲ့ ကောင်လေး ကို ကြည့်လိုက်တယ်။ ကျိုးကောအာ က လည်း သူ့ကို တစ်ချိန်တည်း မှာပဲ ကြည့်လာခဲ့တယ်။ သူက ပါးစပ်ကို ဖွင့်ပြီးတော့ တစ်စုံတစ်ခု ပြောမလို့ ပြင်လိုက်တယ်။
အဲ့ချိန်မှာ ဟော်ဆန်းအာ တို့က ပြန်လာခဲ့ တယ်လေ။
ကျောက်ချင် က ဟော်ဆန်းအာ တို့ ဘက်ကို လှည့်ကာ ပြောလိုက်တယ်။
'' မင်းတို့က သူတို့ရဲ့ အိုးတွေကိုပါ ဒီနေရာဆီ ပြန်ယူလာခဲ့တာလား? ''
ဟော်ဆန်းအာ က ဂူထဲကို ခုန်ဝင်လိုက် ပြီးတော့ သူ့ကိုယ်ပေါ် က မိုးရေ တွေကို ခါချ လိုက်လေတယ်။
'' သူတို့တွေက ငါတို့ဆီက အရာတွေကိုတောင် လုသွား ရဲသေးတာပဲ။ တကယ်လို့ ငါတို့သာ သူတို့ရဲ့ အိုးတွေကို ပြန်မယူလာရင် သူတို့အတွက် အရမ်း စျေးပေါ သွားတော့မှာပေါ့ ''
'' ဟုတ်တယ် ''
ကျောက်ချင် က လှည့်ပြီးတော့ လူတိုင်း ကိုပြောလိုက် တယ်။
'' တစ်ခြားသူ တွေက ငါတို့ အတွက် ချက်ပေး မှတော့ စားကြ ရအောင်လေ။ စားပြီးတော့ မှပဲ အိုးတွေကို ပြန်ပေး ကြမယ်! ''
ဂူထဲက လူတွေ ကလည်း ကြွေးကြော် ခဲ့လေတယ်။
'' ကောင်းပြီ! ''
..................
ကဲကဲ ဒီနေ့က စလို့ ကိုယ်ပြန်ပြီး တင်ပါပြီနော်