(20. 2)
ရှောင်ယွဲ့လေး က မေ့လဲ သွားတဲ့ သူမ ရဲ့ အဖေ ကို ကြည့် လိုက်ပြီး တော့ သူမရဲ့ မောင်လေးကို တစ်ချက် ပြန်ကြည့် လိုက်လေတယ်။
ကောင်လေး လေး က အခုမှ ဥခွံ ထဲကနေ ပြီးတော့ ခွဲထွက်လာတာ ဖြစ်တာ ကြောင့် သူက စပ်စုလိုစွာ ရှောင်ယွဲ့ နဲ့ စုယွမ် ဆီကို ကြည့်လိုက်ကာ သူ့ ခေါင်းလေး ကို စောင်းလိုက် ပြီးတော့ ' ဟစ်စ်စ် ' လို့ လုပ်လိုက်တယ်။
မြွေအနီရောင် ခေါင်းလေး က တစ်ခဏ တုန့်ဆိုင်း သွားတယ်။
ကံကောင်းစွာနဲ့ စုယွမ် က မေ့လဲ နေလို့ပေါ့ ။ မဟုတ်လို့ ကတော့ အခု မြင်ကွင်း ကို တွေ့တာ နဲ့တင် ချက်ချင်း ပဲ မေ့လဲ သွားလောက် လေတယ်။
ဟုတ်ပါတယ်။
အသစ်မွေးလာတဲ့ သားသားလေး က ငွေရောင် မြွေခေါင်းနဲ့ လူကိုယ် ရှိတဲ့ ကောင်လေး တစ်ယောက် ပဲ ဖြစ်လေတယ်။ ပြီးတော့ အခွံထဲက အခုမှ ထွက်လာတာ ဖြစ်လို့ သူ့ရဲ့ ခေါင်းလေး က နီတယ်လို့ ထင်နေရတယ်လေ။ သူက သူ့ဖေဖေ ကိုပဲ တိုက်ရိုက် စိုက်ကြည့် နေခဲ့တယ်။
ရှောင်ယွဲ့ ခမျာ သူမရဲ့ မောင်ငယ်လေး ကို ကြည့်လိုက် ပြီးတော့ စကားတစ်ခွန်း နဲ့ ပြောဖို့တောင် ခက်ခဲ နေခဲ့တယ်။ သူမရဲ့ ဖေဖေ က ဘာလို့ မေ့လဲ သွားတာ လဲ ဆိုတာကို သူမ နားလည် ပေးနိုင် ပါတယ်။
ဒါပေမယ့် သူမ ကတော့ လုံးဝ မကြောက်ပါ ဘူး။ ဘာလို့လဲ ဆိုတော့ သူမရဲ့ ကိုယ်ထဲ မှာလည်း မြွေသွေး တွေက စီးစင်း နေတယ်လေ။
ဘယ်လိုပဲ ဖြစ်ဖြစ် လေ သူမရဲ့ အလှတရားက သူမရဲ့ ဖေဖေ တွေ ဆီ ကနေ ပြီးတော့ ဆက်ခံ ထား တာကြောင့် သူမရဲ့ မောင်လေး ရုပ်သွင်ကို မြင်လိုက် ရတဲ့ အချိန်မှာတော့ အတော်လေး ရုပ်ဆိုး လိုက်တာ လို့ တွေးမိလေတယ်။
ဒီလောက်ထိ ရုပ်ဆိုးတဲ့ မောင်လေး ကို သူမလည်း မလို ချင်ပါဘူးနော်။
ဒါပေမယ့် သိသိသာသာ ကိုပဲ သူမရဲ့ မောင်လေး က အဲ့တာ ကို လုံးဝ သဘောမပေါက် ဘူးလေ။ သူက သူ့ခြေထောက် ဖောင်ဖောင်းလေး နှစ်ခုနဲ့ လမ်းလျောက်လာကာ ရှောင်ယွဲ့ နားကို ရောက်ပြီး လက်လေး တွေနဲ့ ဆွဲရင်း ရှောင်ယွဲ့ အပေါ်ကို တက်လို ခဲ့တယ်။
ရှောင်ယွဲ့လေး က သူမရဲ့ မောင်လေး ကို ရုပ်ဆိုးလို့ အထင်သေးပေမယ့် လက်တွေကို ဖွင့်ကာ ကလေးလေး ကို ပွေ့ဖက် ပေးလိုက်တယ်။
ကလေးလေး က အရမ်းပျော် သွားတယ် ထင်ပါတယ် မြွေခေါင်းလေး ကနေ အသံတွေ တရှီးရှီး နဲ့ အော်မြည် လာခဲ့တယ်။
ရှီရှီ က အပြင် ကနေ ပြန်လာတဲ့ အခါ ရှောင်ယွဲ့ က သူမ လက်ထဲမှာ မကောင်းဆိုးဝါး လေးကို ပွေ့ဖက် ထားတာကို တွေ့လိုက် ရလေတယ်။ မြွေခေါင်းလေး က တရှီးရှီး နဲ့ ရှောင်ယွဲ့ဘက်ကို လှည့်ကာ အော်နေဆဲ ဖြစ်လေတယ်။
ရှီရှီ က အမြန် ပြေးသွား ပြီးတော့ ထိုမကောင်းဆိုးဝါး လေးကို အရှေ့တိုးကာ အတောင်ပံ နဲ့ ပုတ်ချ လိုက်တော့ မကောင်းဆိုးဝါး လေး က စုယွမ် ရဲ့ ခြေထောက်နား ဆီကို ကျ သွား လေတယ်။
ရှောင်ယွဲ့ လေး က အေးခဲ သွားပြီးတော့မှ ရှီရှီ ကို ပြောလိုက် လေတယ်။
'' ရှီရှီကျဲ အဲ့တာ က မောင်ငယ်လေး လေ.......''
ရှီရှီ က ရှောင်ယွဲ့ လေးကို အရမ်းပဲ ဂရုစိုက် လေတယ်။ ရှောင်ယွဲ့ ရဲ့ စကားကို ကြားရတော့ ရှီရှီ က မောင်ငယ်လေး ရဲ့ ဘေးနားကို ပျံသန်း သွားလိုက်ကာ တစ်ဖက်မှာ နားလိုက်ပြီးတော့ အသေအချာ ကြည့်လိုက် လေတယ်။
နောက်တော့ သူမရဲ့ တစ်ကိုယ်လုံး က မခံ နိုင်တော့ပဲ တုန်ရီလာကာ အဝေးကို မြန်မြန် ပျံ သွားတော့ တယ်။
သူမကို တစ်ယောက် ထဲ ထားပေး ကြပါ။
သူမ အတွက် စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု တစ်ခု ဆောက်ဖို့ လိုအပ်နေ သေးပါတယ်လို့။
ရက်အနည်းငယ်လောက် အလုပ်လုပ် ပြီးသွားတဲ့ နောက် စုယွမ် တစ်ယောက် သူ့ရဲ့ သားလေးဟာ ဒီလိုပုံလေး ပဲ ဆိုတာရဲ့ အမှန်တရား အစစ်အမှန် ကို လက်ခံ လိုက်ရလေတယ်။
သူက သူ့သမီးလေး လို အထူးနာမည် တွေ ဘာတွေ ရွေးတဲ့ အပိုင်းကို ဖယ်ချ လိုက်ပြီးတော့ သူ့သားကို အမည်ပေးလိုက်တယ်။ စုယွမ် က သူ့သား ရဲ့ နာမည် က ကောင်းသလား ဆိုးသလား စိတ်မဝင်စားပေ။ ဒါကြောင့် နောက်ဆုံးမှာတော့ သာမန် နာမည် ဖြစ်တဲ့ စုဟွေးဟွေး လို့ခေါ်ပြီး အိမ်ခေါ် နာမည် ကို ရှောင်ဟွေးဟွေး လို့ ပဲ ခေါ်ဖို့ လုပ်လိုက်တော့တယ်။
( စုဟွေးဟွေး = စုမီးခိုးရောင်လေး 😀)
ရှောင်ယွဲ့ကိုတော့ စုယွမ် က အမြဲတမ်းပဲ သူ့လက်ထဲမှာ ပွေ့ထား ခဲ့လေတယ်။
ရှောင်ဟွေးဟွေး အတွက် ကတော့ သူ့ဘာသူ မြေပေါ် မှာပဲ လမ်းလျောက် စေခဲ့တယ်လေ။
စုယွမ် က သူ့သား လေးနဲ့ သိပ်ပြီးတော့ နေသား မကျ သေးပါပေ။ အထူးသဖြင့် မြွေခေါင်း ပါတဲ့ ကလေးလေး ကို သူက မိဘ မေတ္တာ အပြည့် နဲ့ ပွေ့ချီ ချော့မော့ဖို့ ဆိုတာ ကို တစ်ကယ်ကြီး မလုပ် နိုင်သေး ပါပေ။
ဒါပေမယ့် စုဟွေးဟွေး လေး ကတော့ တစ်နေကုန် ပျော်နေ တက်တဲ့ ကလေးလေး တစ်ယောက် ပဲ ဖြစ်ပါတယ်။ သူက တစ်နေ့လုံး တရှီးရှီး နဲ့ အော်ကာ ခြံထဲ မှာ ပတ်ပြေး ပြီးတော့ ဆော့ကစား နေတက် ပါတယ်။
သူက ရုပ်လေး ဆိုးပေမယ့် သူ့ရဲ့ အကျင့်လေး ကတော့ တက်ကြွ ကာ ဖြူစင် ပြီးတော့ တစ်ချို့ အချိန်တွေ မှာ ဆိုရင် သူက သိပ်ကို ချစ်ဖို့ ကောင်းတဲ့ ကလေးလေး တစ်ယောက် ဖြစ်လေတယ်။
( အလှအပ ဆိုတာ အဲ့တာ ကို ပြောတာ ပဲ။ မလှရင် ကမ္ဘာကြီး မှာ တကယ် မျက်နှာသာ အပေး မခံ ရဘူး။ စိတ်ထား တွေ ဘာတွေ ညာတွေက နောက်မှ လူတွေက အရင်ဆုံး မျက်ခွက် ကိုပဲ ကြည့်ပြီးတော့ သာ ဆုံးဖြတ် ကြတာ ပါ။ ဒါကြောင့် ဘဲမပစ်စေဖို့ လှနေအောင် မိတ်ကပ်လိမ်း ဖို့ လိုကို လိုအပ် ပါတယ် 😀 တို့က စင်ဂနယ်)
.................
တနင်္ဂနွေ တိုင်း တစ်ပိုင်း တင်သည် ။