ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{130}

3.8K 704 48
By Greentealay-

Unicode



“ချူချန်နဲ့ကျွန်တော့်မှာ ခင်ဗျားထင်သလို ဆက်ဆံရေးမရှိဘူးမဆိုဘူး။ တကယ်လို့ ရှိနေခဲ့ရင်တောင် ခင်ဗျားနဲ့ဘာသက်ဆိုင်လို့လဲ?”

“ငါက မင်းကောင်းဖို့လုပ်နေတာလေ”

“မလိုဘူးလို့ ပြောပြီးသားပါ”

“ကျိချင်းကျိုး...မင်းကမင်းသား ငါက ဒါရိုက်တာ။ငါ့လက်အောက်မှာနေပြီး ငါ့နောက်လိုက်ဖို့ စာချုပ်ချုပ်တာက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။ငါက ပိုကောင်းတဲ့ အရင်းအမြစ်တွေ၊ပိုကောင်းတဲ့ဇာတ်ကောင်နေရာတွေ မင်းကို ပေးနိုင်တယ်။ချူချန်က မင်းကို မပေးနိုင်ဘူး။ရှီးယွီကလည်း မင်းကို အလေးထားမှာမဟုတ်ဘူး။ငါတို့ကမှ လုပ်ဖော်ကိုင်ဖက်တွေ၊ငါတို့မှာတူညီတဲ့ ဝါသနာရှိလို့ ပိုများတဲ့ အကြောင်းအရာတွေအကြောင်း ပြောလို့ရတယ်။ချူချန်ကတော့ စီးပွားရေးသမားသက်သက်ပဲ။သူအခုမင်းပေါ် ရင်းနှီးမြှုပ်နှံနေတာကလည်း မင်းကငယ်ပြီး ကစားလို့ရလို့။သူငြီးငွေ့လာတာနဲ့ မင်းမှာ ဘာမှရှိတော့မှာမဟုတ်ဘူး။ဒါကြောင့် သူ့စည်းဘောင်တွေအောက်မှာပဲ မနေထိုင်နဲ့။ မင်းက ပိုအလှမ်းဝေးတဲ့ကောင်းကင်ကြီးကို မြင်နိုင်သင့်တာ”

“ခင်ဗျားက အဲ့အလှမ်းဝေးတဲ့ကောင်ကင်လား?”

ကျိချင်းကျိုးက နှာခေါင်းရှုံ့သည်။

“ချီးလို့ အလှမ်းဝေးတဲ့ကောင်းကင်လုပ်နေလိုက် ကျွန်တော်တော့အာရုံမလာဘူး!”

စကားအဆုံး ဖုန်းကို တန်းချပလိုက်တယ်။

ဒေါသတရိပ်ရိပ်တက်နေတဲ့ သူ့မျက်နှာကိုကြည့်ပြီး ခုနဖုန်းကဘာအကြောင်းဖြစ်မှန်း ချူချန်ရေးတေးတေးခန့်မှန်းမိလာသလို လက်ဆန့်၍ ကျိချင်းကျိုးအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ အနမ်းတို့ပေးရင်း ‌စိတ်သက်သာရာရစေလိုက်သည်။

“ဒေါသထွက်မနေနဲ့တော့လေ”

ကျိချင်းကျိုးကတော့ ဒေါသထွက်ပြီးစိတ်ထဲတနုံ့နုံ့ဖြစ်နေဆဲ။သူတကယ်နားမလည်လို့ပါ။လူတစ်ယောက်က တစ်ခြားလူရဲ့ကိစ္စကို ဘာကြောင့် ယုံကြည်ချက်ရှိရှိနဲ့ ဝင်စွက်ဖက်နိုင်ရတာလဲ! မင်းကောင်းဖို့အတွက်ပါဆိုပြီးတောင် ဟန်ဆောင်ပန်ဆောင်လုပ်လိုက်သေး။တကယ်ဆို ဒီလောက်ကိစ္စကြီး သူ့ကို ကြိုပြောထားဖို့မလိုဘူးလား? သူကပဲ အလေးထားဖို့တောင် ထိုက်တန်မနေလို့လား?

“ကျွန်တော် သူ့ကို မုန်းတယ်”
ကျိချင်းကျိုး ပြောလိုက်သည်။

“ကျွန်တော့်ပေါ် လေးစားမှုမရှိတဲ့လူတိုင်းကို မုန်းတာ”

“အင်း”

ချူချန်က ပြော၏။

“ဘာဖြစ်ဖြစ် အဲ့လူတွေကလည်း မင်းအတွက် အရေးပါမနေပါဘူး။အနည်းဆုံး မင်းကို အရေးကြီးတယ်လို့ ခံစားရတယ်သူကသာ မင်းပေါ် လေးစားမှုရှိမှာလေ”

သူက ကျိချင်းကျိုး၏ နဖူးလေးထက်အနမ်းခြွေပြီး နှစ်ကိုယ်ကြားရုံစကား‌ဆိုလိုက်တယ်။

“ကိုယ်ဆို အမြဲ မင်းကို လေးစားပေးမှာ...နော်?”

ကျိချင်းကျိုး မော့ကြည့်လိုက်ချိန် သူ့ကို နူးညံ့ကြင်နာစွာပြုံးပြနေသည့် ချူချန်ကြောင့် စိတ်အေးသွားပြီး ရှန်းဝမ့်ရှီအကြောင်း ချူချန်ကို ပြောပြလိုက်သည်။

ချူချန်မှာနားထောင်ရင်း အံ့ဩရသည်။

“လက်မှတ်ထိုးပြီးသွားတာတောင် မင်း သူ့ဇာတ်ကားမှာ သရုပ်မဆောင်မှာ မစိုးရိမ်ဘူးလား?”

“မမေးမမြန်ဘဲနဲ့တောင် ကျွန်တော့်စာချုပ်ဖျက်သိမ်းဖို့ ကူလုပ်နေတဲ့သူက ကျွန်တော် သရုပ်ဆောင်ချင်လား မဆောင်ချင်ဘူးလား ဆိုတာကိုရော ဂရုစိုက်မယ်ထင်နေလား? ကျွန်တော်က ဘာလဲ? ရောင်းချင်တိုင်းရောင်းဝယ်ချင်တိုင်းဝယ်လို့ရတဲ့ ကုန်သက်သက်လား? သူကစားချင်လာတာနဲ့ ဝယ်သုံးခွင့်ရှိတယ်ပေါ့။သိတယ်မလား! ဘယ်လိုကုန်ပစ္စည်းကမှကိုယ်ပိုင်တွေးခေါ်ခွင့်မရှိကြဘူးလေ!”

သူ ဒေါသတွေထပ်ထွက်လာသဖြင့် ချူချန်က ချော့သည်။

“စိတ်မဆိုးနဲ့တော့...သူတို့ငြင်းလိုက်ပြီမလား? ကိုယ့်ကောက အဲ့လိုမျိုး ဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။စိတ်မပူနဲ့”

“တကယ်လို့ ခင်ဗျားကောက ကျွန်တော်က ဒီအချစ်ဆက်ဆံရေးပုံစံကြီးကို မကျေနပ်လို့ အလုပ်ပြောင်းချင်နေတယ်ဆိုပြီးထင်သွားရင်ရော။ကျွန်တော်က ရှန်းဝမ့်ရှီကို ဖုန်းဆက်ပြီး ကျွန်တော့်အတွက်ရပ်တည်ပေးဖို့ပြောထားတာဆိုပြီး ထင်သွားရင်ရောဘယ်လိုလုပ်ကြမလဲ?”

တွေးရင်းနဲ့ကို စိတ်ရှုပ်လာရပြီ။

“အစတည်းက ခင်ဗျားအစ်ကိုရဲ့အမြင်က ကျွန်တော့်အပေါ်ကို မကောင်းပါဘူးဆိုမှ...အခုတော့.....”

ကျိချင်းကျိုးခေါင်းကိုက်လာပြီနော်။

“မဟုတ်တာကွာ”

ချူချန်က ဖက်ပြီး နှစ်သိမ့်သည်။

“ကိုယ့်ကောရဲ့ မင်းပေါ်အမြင်က မဆိုးပါဘူး။တွေးပူမနေနဲ့။ပြီးတော့ မင်းက ကိုယ်တို့လက်ရှိ ပတ်သတ်မှုကို တကယ်မကျေနပ်ဘူးဆိုရင် ပိုကြီးတဲ့ပေါင်ကို ဖက်တွယ်သင့်တာမဟုတ်ဘူးလား? ရှန်းဝမ့်ရှီနောက်လိုက်တာက ဘာများသုံးစားရလို့လဲ?”

“ဆုအတွက်ပေါ့”

“ဒီလောကမှာ ဆုရနိုင်တဲ့ဒါရိုက်တာက သူ့ပဲရှိတာမှမဟုတ်တာကို။မပူပါနဲ့တော့ဗျာ။ကိုယ့်ကောက အထင်မလွဲပါဘူး။ မင်းက သူ့ကိုနားလည်တာလား? ကိုယ်က သူ့ကို နားလည်တာလား ပြန်တွေးကြည့်ပါဦး”

“ကျွန်တော် သူ့ကို နားမလည်ပါဘူး။ဒါပေမယ့် ခင်ဗျားကိုတော့ နားလည်တယ်။ခင်ဗျားက ကျွန်တော့်ကို အမြဲချော့တယ်။ကျွန်တော်ကြိုက်တာတွေပဲ ရွေးပြောပေးတယ်”

“ဒါဖြင့် ကျွန်‌တော်မျိုးလည်း အကြာကြီး ချော့ပြီးပြီဆိုတော့  ရွှေစိတ်တော်ပြေပြီလားဗျ?”

သူ့စကားတိုင်းက ကျိချင်းကျိုးကို သဘောတကျရယ်မောစေနိုင်တယ်။တကယ်ပါ ချူချန်က စကားတတ်လွန်းသည်။သူမပျော်မရွှင်ဖြစ်နေချိန်တိုင်း ချူချန်သာသူ့ဘေးရှိနေရင် နောက်ဆုံး ရယ်မိတာနဲ့ပဲ အဆုံးသတ်ရ၏။

ချူချန်ရဲ့လည်တိုင်အား လက်တွေဖြင့်ရစ်သိုင်းလိုက်ပြီး နား နားလေးကပ်၍ ဖွဖွစကားဆိုလိုက်သည်။

“ပြေသွားပြီ”

“ကောင်းပါ့ဗျာ”

ကျိချင်းကျိုးသည် သူ့ကို ဖက်ထားရင်း ရှန်းဝမ့်ရှီပြောတဲ့အလုပ်တူမှ ပြောစရာများတယ်ဆိုတဲ့အကြောင်းအားတွေးနေမိသည်။အဓိပ္ပါယ်မရှိချက်။သူနဲ့ရှန်းဝမ့်ရှီက ဘယ်တော့မှ လမ်းကြောင်းတူမှာ မဟုတ်သလို စိတ်ဝင်စားမှုချင်းလည်းမတူဘူး။ချူချန်ကတော့ ဘယ်လိုပဲစီးပွားရေးသမားကြီးဖြစ်နေပါစေ ကိစ္စမရှိ။သူတို့မှာ မတူညီတဲ့အလုပ်အကိုင်တွေရှိကြပေမယ့် တစ်ယောက်ပေါ်တစ်ယောက် လေးစားမှုရှိကာ အချင်းချင်း လိုက်လျောညီထွေမှုရှိစွာဖြင့် စကားတွေများ ပြောလို့ပင်မကုန်နိုင်ပါ။

ချူချန်ကလည်း သူ့ကို ချုပ်ချယ်လိမ့်မည်မဟုတ်ပါ။ချူချန်နဲ့ ရှိတဲ့အချိန်မှသာ သူအမြဲတမ်း လွတ်လွတ်လပ်လပ်နဲ့ တဇွတ်ထိုးလုပ်တတ်သည့်ဉာဉ်လေးဝင်လာတတ်တာဖြစ်ပါသည်။

ချူချန်သည် အတော်ကြာထိ တစ်ချိန်လုံး သူစိတ်ဆိုးပြေအောင် ဖျောင်းဖျရင်း စကားခေါင်းစဉ်တွေ ထပ်ခါထပ်ခါပြောင်းကာ သူစိတ်ဝင်စားမဲ့အကြောင်းအရာလေးတွေအား ကျိချင်းကျိုး စိတ်ပျော်လာသည်အထိ ဖောင်ဖွဲ့ပြီးပြောပေးသည်။

အိမ်ပြန်‌ရောက်တဲ့အချိန်၌ ကျိချင်းကျိုးအား ရေအရင်သွားချိုးရန် ချူချန်က ပြောလာသည်။ကျိချင်းကျိုးက သူ့ရဲ့ ညအိပ်ဝတ်စုံလေးယူကာ ရေချိုးခန်းထဲဝင်သွားသည်။ နောက်ဆုံး ရေချိုးခန်းတံခါးပိတ်သွားသည်နှင့် လှမ်းကြည့်နေသောချူချန် မျက်နှာထက်မှ  ကြင်နာယုယမှုတွေလည်း တဖြည်းဖြည်း လွင့်ပျယ်သွား၏။သူ ဖုန်းထုတ်ကာ ရှန်းဝမ့်ရှီကို ဆက်လိုက်သည်။ကျိန်းသေပေါက် ရှန်းဝမ့်ရှီရဲ့ ဖုန်းနံပါတ်ကို သူသိတာပေါ့။ရှန်းဝမ့်ရှီတစ်ယောက် ကျိချင်းကျိုးအား ဖုန်းနံပါတ်ပေးတဲ့အချိန်က သူလှမ်းကြည့်လိုက်တာဖြစ်သည်။

သူက အရမ်းမှတ်ဉာဏ်ကောင်းသည်။အထူးသဖြင့် သူမှတ်မိချင်တဲ့ကိစ္စရပ်တွေမှာပေါ့။

နံပါတ်စိမ်းကြောင့် မကိုင်ဘဲထားပေမယ့် ဆက်တိုက်မြည်နေသော ဖုန်းကြောင့်ရှန်းဝမ့်ရှီ ကိုင်လိုက်ရသည်။

ချူချန်သည် ဖုန်းကိုင်ထားလျက် လေသာဆောင်ဆီ လျှောက်လာလိုက်သည် ။

“ငါပါ ချူချန်”

“မင်းက ဘာလို့ဖုန်းဆက်တာလဲ?”

ရှန်းဝမ့်ရှီက အဖြေထုတ်မရစွာမေးသည်။

“ငါတို့နှစ်ယောက်မှာ ပြောစရာမရှိဘူး”

“ငါတို့မှာ ပြောစရာရှိပါတယ်...”

ချူချန်က တည်ငြိမ်စွာ-

“ကျိချင်းကျိုး အကြောင်းဆိုရင်ပေါ့”

ရှန်းဝမ့်ရှီက အေးခဲသွား၏။

“စကားမပြောခင် မင်းနဲ့သူက ဘယ်လိုပတ်သတ်တာလဲ ငါ့ကို အရင်ပြော”

“လေးစားစရာပဲ။ဒါပေမယ့် မင်းမှာ သိပိုင်ခွင့်မရှိဘူးရှန်းဝမ့်ရှီ။မင်းနဲ့ကျိချင်းကျိုးကရော ဘာမို့လို့လဲ? မင်းက သူ့သူငယ်ချင်းတောင် ဟုတ်ရဲ့လား”

ရှန်းဝမ့်ရှီက အေးစက်စွာ နှာမှုတ်သံပြုသည်။

ချူချန် ကအမှုမထားပေ။

“ငါဒီနေ့ဖုန်းခေါ်လိုက်တာက မင်းကို သတိပေးစရာတစ်ခုရှိလို့။ မင်းသူ့ကို အသိအမှတ်ပြုတယ်၊သူ့မှာ အရည်အချင်းရှိတယ်လို့ထင်တယ်၊ သူနဲ့အလုပ်လုပ်ချင်တာ တကယ်ဆိုရင် မင်း ပထမဆုံး သင်ရမယ့်အရာက သူ့ကို လေးစားမှုရှိပေးဖို့ပဲ။ကျိချင်းကျိုးက လွတ်လွတ်လပ်လပ်နေတတ်ပြီး စိတ်ထားကောင်းတဲ့သူဆိုပေမယ့် စိတ်မရှိဘူးလို့ မဆိုလိုဘူး။သူက ဆုံးဖြတ်ချပြီးတဲ့ အရာတစ်ခုကို ဘယ်တော့မှ မပြင်တတ်ဘူး။သူမကြိုက်တဲ့အရာတစ်ခုကို ကြိုက်အောင်လုပ်ဖို့ကလည်း ခက်သေး။မင်းတကယ်ပဲ သူကောင်းစားဖို့လုပ်ပေးချင်ဆို အရင်ဦးဆုံး သူ့စိတ်ကူးတွေကို နားထောင်ပြီးသူ့ကို လေးစားတတ်ဖို့ သင်ယူကြည့်လိုက်၊ခေါင်းမာမာနဲ့ မင်းဖြစ်ချင်သလိုပဲ ပုံသွင်းမနေနဲ့။မင်း အဲ့လိုပဲ ဆက်လုပ်နေရင် သူ ဘယ်တော့မှာ မင်းနဲ့ ပူးပေါင်းချင်စိတ်ရှိလာမှမဟုတ်ဘူး”

“ချူချန် .... မင်းက ဘာအခွင့်အရေးတွေနဲ့ ငါ့ကို ဒီစကားလာပြောနေတာလဲ? သူ့ကျေးဇူးရှင်အနေနဲ့လား? သူ့ချစ်သူအနေနဲ့လား? ဒါမှမဟုတ် သူ့သူငယ်ချင်းအနေနဲ့လား?”

“ငါဘာသာဘာဖြစ်ဖြစ်ပါ ငါ့အကြံပေးချက်ကို နားထောင်လိုက်တာပိုကောင်းမယ်”

“ဒီလောကအကြောင်း နကန်းတစ်လုံးမှ နားမလည်တဲ့ သာမန်လူမင်းကများ ဘာအရည်အချင်းနဲ့ ငါ့ကို အမိန့်လာပေးနေတာလဲ? ဇာတ်ကားလေးနှစ်ကားလောက် ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ သူကောင်းစားသွားပြီမင်းထင်နေလား? သူ မင်းဘေးမှာပဲ တစ်ချိန်လုံးနေနေမယ်ဆို အကန်းက ကောင်းကင်ကြီးကို မျှော်ကြည့်နေသလိုပဲဖြစ်နေမှာ။သူက ဒီ့ထက်အောင်မြင်နိုင်ခြေတွေရှိတယ်။ဒါကို ကြောက်တယ်ဆိုတာတစ်ခုကြောင့် ငြင်းတယ်တဲ့။ရယ်စရာကောင်းလွန်းတယ်လို့ မင်းမထင်ဘူးလား?သူသာ အဲ့အကြောက်တရားကို ကျော်လွှားချင်စိတ်ရှိမယ်ဆို ငါ့ဘက်က အကောင်းဆုံးစိတ်ကျွမ်းကျင်ပညာရှင်တွေ၊ အထက်မြက်ဆုံး ပရော်ဖက်ရှင်နယ်ကျကျအဖွဲ့တွေအကုန်စီစဉ်ပေးနိုင်တယ်။ဒါပေမယ့် သူက မလုပ်ရဲဘူးတဲ့။အခုချိန် သူ့နောက်ကနေ ကြိမ်နဲ့တို့ပေးနေတဲ့သူမရှိရင် သူ ရှေ့ဆက်ရဲမှာမဟုတ်ဘူး။သူရှေ့ဆက်ရဲအောင် ငါ ကြိုးစားပမ်းစားလုပ်ပေးနေတာက ဘာအတွက်လဲ? သူကောင်းဖို့အတွက်ပဲလေ! မင်းနားလည်လား?!”

“မင်းကျောပေါ် ကြိမ်မကျဘူးတော့ နာကျင်မှုကို ဘယ်ခံစားတတ်လိမ့်မလဲ? မခံစားဖူးဘူးမလား? အဲ့ဒါကြောင့်ပဲ မင်းဒီလိုဝေ့ပတ်လည်ပြောနေနိုင်တာမလား?”

ချူချန်ကတော့ သူမှန်တယ်ယူဆ၏။

“အဲ့ကြိမ်နဲ့တို့ခံနေရတဲ့လူက မင်းမဟုတ်ဘူးလေ။ ဇာတ်ကောင်ထဲက ရုန်မထွက်နိုင်ဖြစ်နေရတဲ့လူကလည်း  မင်း မဟုတ်ဘူး။ ဒါကြောင့်  ထိခိုက်ဆုံးရှုံးရမဲ့လူကလည်း မင်း မဟုတ်ဘူးပဲ။ ငါပြောတာမှန်လား? မင်း အရမ်းတော်နေရင် မင်းဘာမင်း ကြိုစားရုန်ကန်ပြီး  တစ်ခြားမင်းသားပဲ ရှာလိုက်‌ပါ?  မင်းဇာတ်ကားမှာ ပါခွင့်ရဖို့ ကျိချင်းကျိုးက ငိုယိုပြီး အနူးအညွတ်တောင်းဆိုထားတာမဟုတ်ဘဲ ဘာကများ မင်းမှာ သူ့ကို ထိန်းချုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်သွားစေတာလဲ ငါတကယ် နားမလည်ဘူး။မင်းက ဘာကောင်မို့လဲ? အဲ့ကားကို အဲ့လောက်သဘောကျနေရင် မင်းဘာသာ ဝင်သရုပ်ဆောင်လိုက်။မင်းသရုပ်ဆောင်ကောင်းမယ်လို့တော့ ထင်မိတာပဲ”

“မင်း....”

“ရှန်းဝမ့်ရှီ တစ်ခုတော့ ရှင်းရှင်းလင်းလင်းလုပ်ကြရအောင်။အစကနေအဆုံးထိ မင်းကပဲ သူ အဲ့ဇာတ်ကားနဲ့ သင့်တော်တယ်လို့ ထင်တာ၊ မင်းပဲ သူ့ကို သရုပ်ဆောင်စေချင်ခဲ့တာ၊ သူ ကျော်လွှားဖို့လိုအပ်တယ်လို့ ထင်နေတဲ့သူကလည်း မင်းပဲ ၊ သူ့သရုပ်ဆောင်လမ်းကြောင်းကို အတင်းအကြပ် ဝင်စွက်ဖက်နေတဲ့သူကလည်း မင်းပဲဖြစ်နေတယ်... အကုန်လုံး အကုန်လုံးက မင်းပဲ ... မင်းချည်းပဲ လုပ်နေတယ်ဆိုတာ နားလည်ထား? ကျိချင်းကျိုးလား?အဟင်း ဒီကိစ္စမှာ ကျိချင်းကျိုး ဝင်ပြောခဲ့တာတစ်ခုမှမရှိဘူး။သူငြင်းခဲ့တယ်။မင်းသဘောမတူနိုင်ဖြစ်နေသေးလည်း သူကတော့ ဆက်ငြင်းနေတာပဲ။နောက်တော့ မင်း ပြန်သွားတယ်။ဒါပေမယ့်နောက်တစ်ခဏအတွင်း မင်းက  သူ့စာချုပ်ကိုပါ ဖျက်ဖို့ထိလုပ်ချင်နေပြန်ပြီ။အရာတိုင်းကို မင်းစိတ်ထင်တိုင်း လျှောက်လုပ်တယ်။ကျိချင်းကျိုးလို ဖြူစင်တဲ့သူက ဘာမှ မပြောခဲ့ဘူး။အဲ့ဒါကိုပဲ မင်းက အကြိမ်ကြိမ်၊အကြိမ်ကြိမ်၊အကြိမ်ကြိမ်၊အကြိမ်ကြိမ် သူ့နောက်လိုက်ကပ်နေတာ။မင်းကိုမင်း လောကရဲ့အရှင်သခင်ကြီးလို့များ ထင်နေသလား? ဟမ်။ မင်းကောင်းတယ်ထင်ရင် ကောင်းရမယ်....မင်း သရုပ်ဆောင်သင့်တယ်ထင်ရင် သရုပ်ဆောင်ကို ဆောင်ရမယ်! မင်း ဒီလောက်တောင် တော်တတ်နေရင် ကမ္ဘာပေါ်မှာ ဘာနေလုပ်နေသေးတာလဲ? အာကာသဟင်းလင်းပြင်ထဲတက်နေပြီး အာကာသဟင်းလင်းပြင်ကြီး တစ်ခုလုံးကို မင်းသဘောကျ လှန်လိုလှန် မှောက်လိုမှောက် သွားလုပ်နေသင့်တယ်လို့ ငါထင်တယ်”

ရှန်းဝမ့်ရှီ ပါးစပ်ဟလိုက်ပြီး ခွန်းတုံ့ပြန်ချင်ပေမယ့် ချူချန်ထံမှ အပိတ်ခံလိုက်ရသည်။

“မင်းမှာပဲ အကောင်းဆုံးစိတ်ရောဂါကုဆရာဝန်တို့ အထက်မြက်ဆုံး ပရောဖက်ရှင်နယ်ကျကျအဖွဲ့တို့ ရှိတာလား။ယုံချင်ယုံမယုံချင်နေ ။ငါအခုချက်ချင်းပဲ အကောင်းဆုံးစိတ်ရောဂါကုဆရာဝန်ကို မင်းဆီလွှတ်ပြီးတော့ ဘာလို့ အစွဲလမ်းကြီးပြီး လူစကားကိုလူလိုနားမလည်တာလဲဆိုတဲ့ရောဂါကို စစ်ဆေးဖို့ လွှတ်ပေးလိုက်မယ်။ရှန်းဝမ့်ရှီ! မင်းတောင်မှ အဲ့ဇာတ်ကားမှာ တစ်ခြားအနုပညာရှင်တစ်ယောက်ကိုသရုပ်ဆောင်ခိုင်းဖို့  အင်တင်တင်ဖြစ်နေတာကို ကျိချင်းကျိုးဘာသာ သရုပ်မဆောင်ချင်တဲ့စိတ်ကို အတင်းကျော်လွှားခိုင်းနေရအောင် မင်းကဘာမို့လဲ? ဇာတ်ကားလေးတစ်ကားအတွက်နဲ့ သူက ဘာလို့ စွပ်စွပ်စွဲစွဲအပြောခံရမှာလဲ! သောက်ချီးလို အနုပညာ အနုပညာနဲ့ လာမပြောစမ်းနဲ့။ အနုပညာဆိုတာ မင်းဇာတ်ကားထက် အဆပေါင်းများစွာ ပိုတယ်ကွ! ကျိချင်းကျိုး မညှိနှိုင်းချင်နေတာက အဲ့ဟာက သူ့ဘဝဖြစ်နေလို့ပဲ။သူ့မှာဘဝတစ်ခုပဲရှိတယ်။ဒီလောကြီးမှာ ကိုယ့်ဘဝနဲ့ အလောင်အစား‌လုပ်ဖို့ထိ ဘယ်ဟာမှ ထိုက်တန်မနေဘူး!”

“မင်း သူ့ကို လေးစားမှုမပေးနိုင်ရင် သူနဲ့ဝေးဝေးနေ။ သူ့ပါးစပ်ကနေ မင်းနာမည်ကို ထပ်မကြားရစေနဲ့။မင်းလုပ်နေတာတွေက သူ့ကို စိတ်ရှုပ်စေတယ်၊ဒေါသထွက်စေတယ်၊ခံရခက်စေတယ်ဆိုတာ မင်းမသိဘူးလား? မင်းကသိလည်း ဂရုစိုက်မှာမဟုတ်လောက်ပါဘူး။ဒါပေမယ့် ငါဂရုစိုက်တယ်ကွ။ အဲ့ဒါကြောင့် ငါ မင်းကို ပြောလိုက်မယ်....နောက်တစ်ခါ ဒီလိုမျိုး ထပ်လုပ်ခဲ့ရင် ငါ့အဆိုးမဆိုနဲ့။ငါလုပ်ချင်ရင် ငါ့မှာလည်း မင်းကို စိတ်ရှုပ်စေမဲ့၊ဒေါသထွက်စေမဲ့၊ခံရခက်စေမဲ့ အရာတွေအများကြီးရှိတယ်နော်။မယုံရင် စမ်းကြည့်လိုက်”

ချူချန်က စကားဆုံးတာနဲ့တိခနဲ ဖုန်းချလိုက်သည်။သူ ရှန်းဝမ့်ရှီကို ဘယ်တုန်းမှ စိတ်ထဲမထားခဲ့ဘူး။ အဲ့ဒါကလည်း ရှန်းဝမ့်ရှီက ဒါရိုက်တာ တစ်ယောက်သာသာပဲဖြစ်နေလို့။အနုပညာလောကထဲ အများဆုံး တွေ့ရတာက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေပင်။ကျိချင်းကျိုးက သူ့ဇာတ်ကားမရိုက်ရင်တောင် ဆုရဦးမှာပဲ။တောက်ပတဲ့အနာဂတ်တစ်ခု ရလာဦးမှာပဲ။ကျိချင်းကျိုးက ဘယ်သူတစ်ဦး တစ်ယောက်မှ မရှိဘဲ ရပ်တည်နိုင်သည်။ဟိုတစ်ခါ သူနဲ့ပြတ်သွားတုန်းကတောင် သူ့အသက်မွေးလမ်းကြောင်းကို မနှောင့်နှေးစေတာ။ရှန်းဝမ့်ရှီလို့ ဟာလောက်ကတော့ လစ်လိုက်တော့။

ချူချန်သည် ခြေသံလုံလုံဖြင့် အိပ်ခန်းထဲပြန်ဝင်လာပြီး ဆိုဖာလေးပေါ်မှာ တိတ်တဆိတ်ထိုင်ကာ ကျိချင်းကျိုး ရေချိုးခန်းထဲမှထွက်လာမည်ကို စောင့်နေ၏။

မကြာခင်ဘဲ ရေချိုးခန်းထဲက ထွက်လာသည့် ကျိချင်းကျိုးက ချူချန်ကို ကြည့်ကာ-

“ရေသွားချိုးတော့လေ”

ချူချန်က အသံလေးပြု၍ ရေချိုးခန်းထဲဝင်သွားသည်။

ကျိချင်းကျိုးလည်း အိပ်ရာပေါ်ထိုင်ချလိုက်၏။မနက်ဖြန်တော့ ဝမ်ဖန်းဆီ သွားလည်ဦးမှပင်။တစ်နှစ်ပတ်လုံး ကုသမှုတွေကြောင့် ဝမ်ဖန်းရဲ့ အခြေအနေက အများကြီးတိုးတက်လာသည်။လွန်ခဲ့တဲ့ လတွေအတွင်း ကိုယ်လက်ကိုက်ခဲတာတွေလည်း မခံစားရတော့ပေ။တရုတ်နှစ်သစ်ကူးလောက်ဆို ဆေးရုံကနေ ဆင်းလို့ရနိုင်လောက်၏။


//////////////////////////

ပါးးးးးးးးချူ နှုတ်သီးကောင်းတယ်😂😂😂😂 (မိန်းမတော့ကြောက်တယ်၊😂😂😂😂)

ဟိုနေ့က တင်ပေးမို့ဘဲ ပြန်ရင်းပြန်ရင်းနဲ့ ဒီနေ့ဖြစ်သွားတာ ဟဲဟဲ

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\




Zawgyi

“ခ်ဴခ်န္နဲ႔ကြၽန္ေတာ္႕မွာ ခင္ဗ်ားထင္သလို ဆက္ဆံေရးမ႐ွိဘူးမဆိုဘူး။ တကယ္လို႔ ႐ွိေနခဲ့ရင္ေတာင္ ခင္ဗ်ားနဲ႔ဘာသက္ဆိုင္လို႔လဲ?”

“ငါက မင္းေကာင္းဖို႔လုပ္ေနတာေလ”

“မလိုဘူးလို႔ ေျပာၿပီးသားပါ”

“က်ိခ်င္းက်ိဳး...မင္းကမင္းသား ငါက ဒါ႐ိုက္တာ။ငါ့လက္ေအာက္မွာေနၿပီး ငါ့ေနာက္လိုက္ဖို႔ စာခ်ဳပ္ခ်ဳပ္တာက မင္းအတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈပဲ။ငါက ပိုေကာင္းတဲ့ အရင္းအျမစ္ေတြ၊ပိုေကာင္းတဲ့ဇာတ္ေကာင္ေနရာေတြ မင္းကို ေပးႏိုင္တယ္။ခ်ဴခ်န္က မင္းကို မေပးႏိုင္ဘူး။႐ွီးယြီကလည္း မင္းကို အေလးထားမွာမဟုတ္ဘူး။ငါတို႔ကမွ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ငါတို႔မွာတူညီတဲ့ ဝါသနာ႐ွိလို႔ ပိုမ်ားတဲ့ အေၾကာင္းအရာေတြအေၾကာင္း ေျပာလို႔ရတယ္။ခ်ဴခ်န္ကေတာ့ စီးပြားေရးသမားသက္သက္ပဲ။သူအခုမင္းေပၚ ရင္းႏွီးျမႇဳပ္ႏွံေနတာကလည္း မင္းကငယ္ၿပီး ကစားလို႔ရလို႔။သူၿငီးေငြ႕လာတာနဲ႔ မင္းမွာ ဘာမွ႐ွိေတာ့မွာမဟုတ္ဘူး။ဒါေၾကာင့္ သူ႕စည္းေဘာင္ေတြေအာက္မွာပဲ မေနထိုင္နဲ႔။ မင္းက ပိုအလွမ္းေဝးတဲ့ေကာင္းကင္ႀကီးကို ျမင္ႏိုင္သင့္တာ”

“ခင္ဗ်ားက အဲ့အလွမ္းေဝးတဲ့ေကာင္ကင္လား?”

က်ိခ်င္းက်ိဳးက ႏွာေခါင္း႐ႈံ႕သည္။

“ခ်ီးလို႔ အလွမ္းေဝးတဲ့ေကာင္းကင္လုပ္ေနလိုက္ ကြၽန္ေတာ္ေတာ့အာ႐ုံမလာဘူး!”

စကားအဆုံး ဖုန္းကို တန္းခ်ပလိုက္တယ္။

ေဒါသတရိပ္ရိပ္တက္ေနတဲ့ သူ႕မ်က္ႏွာကိုၾကည့္ၿပီး ခုနဖုန္းကဘာအေၾကာင္းျဖစ္မွန္း ခ်ဴခ်န္ေရးေတးေတးခန္႔မွန္းမိလာသလို လက္ဆန္႔၍ က်ိခ်င္းက်ိဳးအား ရင္ခြင္ထဲ ဆြဲသြင္းလိုက္ကာ အနမ္းတို႔ေပးရင္း ‌စိတ္သက္သာရာရေစလိုက္သည္။

“ေဒါသထြက္မေနနဲ႔ေတာ့ေလ”

က်ိခ်င္းက်ိဳးကေတာ့ ေဒါသထြက္ၿပီးစိတ္ထဲတႏုံ႔ႏုံ႔ျဖစ္ေနဆဲ။သူတကယ္နားမလည္လို႔ပါ။လူတစ္ေယာက္က တစ္ျခားလူရဲ႕ကိစၥကို ဘာေၾကာင့္ ယုံၾကည္ခ်က္႐ွိ႐ွိနဲ႔ ဝင္စြက္ဖက္ႏိုင္ရတာလဲ! မင္းေကာင္းဖို႔အတြက္ပါဆိုၿပီးေတာင္ ဟန္ေဆာင္ပန္ေဆာင္လုပ္လိုက္ေသး။တကယ္ဆို ဒီေလာက္ကိစၥႀကီး သူ႕ကို ႀကိဳေျပာထားဖို႔မလိုဘူးလား? သူကပဲ အေလးထားဖို႔ေတာင္ ထိုက္တန္မေနလို႔လား?

“ကြၽန္ေတာ္ သူ႕ကို မုန္းတယ္”
က်ိခ်င္းက်ိဳး ေျပာလိုက္သည္။

“ကြၽန္ေတာ့္ေပၚ ေလးစားမႈမ႐ွိတဲ့လူတိုင္းကို မုန္းတာ”

“အင္း”

ခ်ဴခ်န္က ေျပာ၏။

“ဘာျဖစ္ျဖစ္ အဲ့လူေတြကလည္း မင္းအတြက္ အေရးပါမေနပါဘူး။အနည္းဆုံး မင္းကို အေရးႀကီးတယ္လို႔ ခံစားရတယ္သူကသာ မင္းေပၚ ေလးစားမႈ႐ွိမွာေလ”

သူက က်ိခ်င္းက်ိဳး၏ နဖူးေလးထက္အနမ္းေႁခြၿပီး ႏွစ္ကိုယ္ၾကား႐ုံစကား‌ဆိုလိုက္တယ္။

“ကိုယ္ဆို အၿမဲ မင္းကို ေလးစားေပးမွာ...ေနာ္?”

က်ိခ်င္းက်ိဳး ေမာ့ၾကည့္လိုက္ခ်ိန္ သူ႕ကို ႏူးညံ့ၾကင္နာစြာျပဳံးျပေနသည့္ ခ်ဴခ်န္ေၾကာင့္ စိတ္ေအးသြားၿပီး ႐ွန္းဝမ့္႐ွီအေၾကာင္း ခ်ဴခ်န္ကို ေျပာျပလိုက္သည္။

ခ်ဴခ်န္မွာနားေထာင္ရင္း အံ့ဩရသည္။

“လက္မွတ္ထိုးၿပီးသြားတာေတာင္ မင္း သူ႕ဇာတ္ကားမွာ သ႐ုပ္မေဆာင္မွာ မစိုးရိမ္ဘူးလား?”

“မေမးမျမန္ဘဲနဲ႔ေတာင္ ကြၽန္ေတာ့္စာခ်ဳပ္ဖ်က္သိမ္းဖို႔ ကူလုပ္ေနတဲ့သူက ကြၽန္ေတာ္ သ႐ုပ္ေဆာင္ခ်င္လား မေဆာင္ခ်င္ဘူးလား ဆိုတာကိုေရာ ဂ႐ုစိုက္မယ္ထင္ေနလား? ကြၽန္ေတာ္က ဘာလဲ? ေရာင္းခ်င္တိုင္းေရာင္းဝယ္ခ်င္တိုင္းဝယ္လို႔ရတဲ့ ကုန္သက္သက္လား? သူကစားခ်င္လာတာနဲ႔ ဝယ္သုံးခြင့္႐ွိတယ္ေပါ့။သိတယ္မလား! ဘယ္လိုကုန္ပစၥည္းကမွကိုယ္ပိုင္ေတြးေခၚခြင့္မ႐ွိၾကဘူးေလ!”

သူ ေဒါသေတြထပ္ထြက္လာသျဖင့္ ခ်ဴခ်န္က ေခ်ာ့သည္။

“စိတ္မဆိုးနဲ႔ေတာ့...သူတို႔ျငင္းလိုက္ၿပီမလား? ကိုယ့္ေကာက အဲ့လိုမ်ိဳး ျဖစ္ခြင့္ျပဳမွာမဟုတ္ဘူး။စိတ္မပူနဲ႔”

“တကယ္လို႔ ခင္ဗ်ားေကာက ကြၽန္ေတာ္က ဒီအခ်စ္ဆက္ဆံေရးပုံစံႀကီးကို မေက်နပ္လို႔ အလုပ္ေျပာင္းခ်င္ေနတယ္ဆိုၿပီးထင္သြားရင္ေရာ။ကြၽန္ေတာ္က ႐ွန္းဝမ့္႐ွီကို ဖုန္းဆက္ၿပီး ကြၽန္ေတာ့္အတြက္ရပ္တည္ေပးဖို႔ေျပာထားတာဆိုၿပီး ထင္သြားရင္ေရာဘယ္လိုလုပ္ၾကမလဲ?”

ေတြးရင္းနဲ႔ကို စိတ္႐ႈပ္လာရၿပီ။

“အစတည္းက ခင္ဗ်ားအစ္ကိုရဲ႕အျမင္က ကြၽန္ေတာ့္အေပၚကို မေကာင္းပါဘူးဆိုမွ...အခုေတာ့.....”

က်ိခ်င္းက်ိဳးေခါင္းကိုက္လာၿပီေနာ္။

“မဟုတ္တာကြာ”

ခ်ဴခ်န္က ဖက္ၿပီး ႏွစ္သိမ့္သည္။

“ကိုယ့္ေကာရဲ႕ မင္းေပၚအျမင္က မဆိုးပါဘူး။ေတြးပူမေနနဲ႔။ၿပီးေတာ့ မင္းက ကိုယ္တို႔လက္႐ွိ ပတ္သတ္မႈကို တကယ္မေက်နပ္ဘူးဆိုရင္ ပိုႀကီးတဲ့ေပါင္ကို ဖက္တြယ္သင့္တာမဟုတ္ဘူးလား? ႐ွန္းဝမ့္႐ွီေနာက္လိုက္တာက ဘာမ်ားသုံးစားရလို႔လဲ?”

“ဆုအတြက္ေပါ့”

“ဒီေလာကမွာ ဆုရႏိုင္တဲ့ဒါ႐ိုက္တာက သူ႕ပဲ႐ွိတာမွမဟုတ္တာကို။မပူပါနဲ႔ေတာ့ဗ်ာ။ကိုယ့္ေကာက အထင္မလြဲပါဘူး။ မင္းက သူ႕ကိုနားလည္တာလား? ကိုယ္က သူ႕ကို နားလည္တာလား ျပန္ေတြးၾကည့္ပါဦး”

“ကြၽန္ေတာ္ သူ႕ကို နားမလည္ပါဘူး။ဒါေပမယ့္ ခင္ဗ်ားကိုေတာ့ နားလည္တယ္။ခင္ဗ်ားက ကြၽန္ေတာ့္ကို အၿမဲေခ်ာ့တယ္။ကြၽန္ေတာ္ႀကိဳက္တာေတြပဲ ေ႐ြးေျပာေပးတယ္”

“ဒါျဖင့္ ကြၽန္‌ေတာ္မ်ိဳးလည္း အၾကာႀကီး ေခ်ာ့ၿပီးၿပီဆိုေတာ့  ေ႐ႊစိတ္ေတာ္ေျပၿပီလားဗ်?”

သူ႕စကားတိုင္းက က်ိခ်င္းက်ိဳးကို သေဘာတက်ရယ္ေမာေစႏိုင္တယ္။တကယ္ပါ ခ်ဴခ်န္က စကားတတ္လြန္းသည္။သူမေပ်ာ္မ႐ႊင္ျဖစ္ေနခ်ိန္တိုင္း ခ်ဴခ်န္သာသူ႕ေဘး႐ွိေနရင္ ေနာက္ဆုံး ရယ္မိတာနဲ႔ပဲ အဆုံးသတ္ရ၏။

ခ်ဴခ်န္ရဲ႕လည္တိုင္အား လက္ေတြျဖင့္ရစ္သိုင္းလိုက္ၿပီး နား နားေလးကပ္၍ ဖြဖြစကားဆိုလိုက္သည္။

“ေျပသြားၿပီ”

“ေကာင္းပါ့ဗ်ာ”

က်ိခ်င္းက်ိဳးသည္ သူ႕ကို ဖက္ထားရင္း ႐ွန္းဝမ့္႐ွီေျပာတဲ့အလုပ္တူမွ ေျပာစရာမ်ားတယ္ဆိုတဲ့အေၾကာင္းအားေတြးေနမိသည္။အဓိပၸါယ္မ႐ွိခ်က္။သူနဲ႔႐ွန္းဝမ့္႐ွီက ဘယ္ေတာ့မွ လမ္းေၾကာင္းတူမွာ မဟုတ္သလို စိတ္ဝင္စားမႈခ်င္းလည္းမတူဘူး။ခ်ဴခ်န္ကေတာ့ ဘယ္လိုပဲစီးပြားေရးသမားႀကီးျဖစ္ေနပါေစ ကိစၥမ႐ွိ။သူတို႔မွာ မတူညီတဲ့အလုပ္အကိုင္ေတြ႐ွိၾကေပမယ့္ တစ္ေယာက္ေပၚတစ္ေယာက္ ေလးစားမႈ႐ွိကာ အခ်င္းခ်င္း လိုက္ေလ်ာညီေထြမႈ႐ွိစြာျဖင့္ စကားေတြမ်ား ေျပာလို႔ပင္မကုန္ႏိုင္ပါ။

ခ်ဴခ်န္ကလည္း သူ႕ကို ခ်ဳပ္ခ်ယ္လိမ့္မည္မဟုတ္ပါ။ခ်ဴခ်န္နဲ႔ ႐ွိတဲ့အခ်ိန္မွသာ သူအၿမဲတမ္း လြတ္လြတ္လပ္လပ္နဲ႔ တဇြတ္ထိုးလုပ္တတ္သည့္ဉာဥ္ေလးဝင္လာတတ္တာျဖစ္ပါသည္။

ခ်ဴခ်န္သည္ အေတာ္ၾကာထိ တစ္ခ်ိန္လုံး သူစိတ္ဆိုးေျပေအာင္ ေဖ်ာင္းဖ်ရင္း စကားေခါင္းစဥ္ေတြ ထပ္ခါထပ္ခါေျပာင္းကာ သူစိတ္ဝင္စားမဲ့အေၾကာင္းအရာေလးေတြအား က်ိခ်င္းက်ိဳး စိတ္ေပ်ာ္လာသည္အထိ ေဖာင္ဖြဲ႕ၿပီးေျပာေပးသည္။

အိမ္ျပန္‌ေရာက္တဲ့အခ်ိန္၌ က်ိခ်င္းက်ိဳးအား ေရအရင္သြားခ်ိဳးရန္ ခ်ဴခ်န္က ေျပာလာသည္။က်ိခ်င္းက်ိဳးက သူ႕ရဲ႕ ညအိပ္ဝတ္စုံေလးယူကာ ေရခ်ိဳးခန္းထဲဝင္သြားသည္။ ေနာက္ဆုံး ေရခ်ိဳးခန္းတံခါးပိတ္သြားသည္ႏွင့္ လွမ္းၾကည့္ေနေသာခ်ဴခ်န္ မ်က္ႏွာထက္မွ  ၾကင္နာယုယမႈေတြလည္း တျဖည္းျဖည္း လြင့္ပ်ယ္သြား၏။သူ ဖုန္းထုတ္ကာ ႐ွန္းဝမ့္႐ွီကို ဆက္လိုက္သည္။က်ိန္းေသေပါက္ ႐ွန္းဝမ့္႐ွီရဲ႕ ဖုန္းနံပါတ္ကို သူသိတာေပါ့။႐ွန္းဝမ့္႐ွီတစ္ေယာက္ က်ိခ်င္းက်ိဳးအား ဖုန္းနံပါတ္ေပးတဲ့အခ်ိန္က သူလွမ္းၾကည့္လိုက္တာျဖစ္သည္။

သူက အရမ္းမွတ္ဉာဏ္ေကာင္းသည္။အထူးသျဖင့္ သူမွတ္မိခ်င္တဲ့ကိစၥရပ္ေတြမွာေပါ့။

နံပါတ္စိမ္းေၾကာင့္ မကိုင္ဘဲထားေပမယ့္ ဆက္တိုက္ျမည္ေနေသာ ဖုန္းေၾကာင့္႐ွန္းဝမ့္႐ွီ ကိုင္လိုက္ရသည္။

ခ်ဴခ်န္သည္ ဖုန္းကိုင္ထားလ်က္ ေလသာေဆာင္ဆီ ေလွ်ာက္လာလိုက္သည္ ။

“ငါပါ ခ်ဴခ်န္”

“မင္းက ဘာလို႔ဖုန္းဆက္တာလဲ?”

႐ွန္းဝမ့္႐ွီက အေျဖထုတ္မရစြာေမးသည္။

“ငါတို႔ႏွစ္ေယာက္မွာ ေျပာစရာမ႐ွိဘူး”

“ငါတို႔မွာ ေျပာစရာ႐ွိပါတယ္...”

ခ်ဴခ်န္က တည္ၿငိမ္စြာ-

“က်ိခ်င္းက်ိဳး အေၾကာင္းဆိုရင္ေပါ့”

႐ွန္းဝမ့္႐ွီက ေအးခဲသြား၏။

“စကားမေျပာခင္ မင္းနဲ႔သူက ဘယ္လိုပတ္သတ္တာလဲ ငါ့ကို အရင္ေျပာ”

“ေလးစားစရာပဲ။ဒါေပမယ့္ မင္းမွာ သိပိုင္ခြင့္မ႐ွိဘူး႐ွန္းဝမ့္႐ွီ။မင္းနဲ႔က်ိခ်င္းက်ိဳးကေရာ ဘာမို႔လို႔လဲ? မင္းက သူ႕သူငယ္ခ်င္းေတာင္ ဟုတ္ရဲ႕လား”

႐ွန္းဝမ့္႐ွီက ေအးစက္စြာ ႏွာမႈတ္သံျပဳသည္။

ခ်ဴခ်န္ ကအမႈမထားေပ။

“ငါဒီေန႔ဖုန္းေခၚလိုက္တာက မင္းကို သတိေပးစရာတစ္ခု႐ွိလို႔။ မင္းသူ႕ကို အသိအမွတ္ျပဳတယ္၊သူ႕မွာ အရည္အခ်င္း႐ွိတယ္လို႔ထင္တယ္၊ သူနဲ႔အလုပ္လုပ္ခ်င္တာ တကယ္ဆိုရင္ မင္း ပထမဆုံး သင္ရမယ့္အရာက သူ႕ကို ေလးစားမႈ႐ွိေပးဖို႔ပဲ။က်ိခ်င္းက်ိဳးက လြတ္လြတ္လပ္လပ္ေနတတ္ၿပီး စိတ္ထားေကာင္းတဲ့သူဆိုေပမယ့္ စိတ္မ႐ွိဘူးလို႔ မဆိုလိုဘူး။သူက ဆုံးျဖတ္ခ်ၿပီးတဲ့ အရာတစ္ခုကို ဘယ္ေတာ့မွ မျပင္တတ္ဘူး။သူမႀကိဳက္တဲ့အရာတစ္ခုကို ႀကိဳက္ေအာင္လုပ္ဖို႔ကလည္း ခက္ေသး။မင္းတကယ္ပဲ သူေကာင္းစားဖို႔လုပ္ေပးခ်င္ဆို အရင္ဦးဆုံး သူ႕စိတ္ကူးေတြကို နားေထာင္ၿပီးသူ႕ကို ေလးစားတတ္ဖို႔ သင္ယူၾကည့္လိုက္၊ေခါင္းမာမာနဲ႔ မင္းျဖစ္ခ်င္သလိုပဲ ပုံသြင္းမေနနဲ႔။မင္း အဲ့လိုပဲ ဆက္လုပ္ေနရင္ သူ ဘယ္ေတာ့မွာ မင္းနဲ႔ ပူးေပါင္းခ်င္စိတ္႐ွိလာမွမဟုတ္ဘူး”

“ခ်ဴခ်န္ .... မင္းက ဘာအခြင့္အေရးေတြနဲ႔ ငါ့ကို ဒီစကားလာေျပာေနတာလဲ? သူ႕ေက်းဇူး႐ွင္အေနနဲ႔လား? သူ႕ခ်စ္သူအေနနဲ႔လား? ဒါမွမဟုတ္ သူ႕သူငယ္ခ်င္းအေနနဲ႔လား?”

“ငါဘာသာဘာျဖစ္ျဖစ္ပါ ငါ့အၾကံေပးခ်က္ကို နားေထာင္လိုက္တာပိုေကာင္းမယ္”

“ဒီေလာကအေၾကာင္း နကန္းတစ္လုံးမွ နားမလည္တဲ့ သာမန္လူမင္းကမ်ား ဘာအရည္အခ်င္းနဲ႔ ငါ့ကို အမိန္႔လာေပးေနတာလဲ? ဇာတ္ကားေလးႏွစ္ကားေလာက္ ရင္းႏွီးျမႇဳပ္ႏွံလိုက္႐ုံနဲ႔ သူေကာင္းစားသြားၿပီမင္းထင္ေနလား? သူ မင္းေဘးမွာပဲ တစ္ခ်ိန္လုံးေနေနမယ္ဆို အကန္းက ေကာင္းကင္ႀကီးကို ေမွ်ာ္ၾကည့္ေနသလိုပဲျဖစ္ေနမွာ။သူက ဒီ့ထက္ေအာင္ျမင္ႏိုင္ေျခေတြ႐ွိတယ္။ဒါကို ေၾကာက္တယ္ဆိုတာတစ္ခုေၾကာင့္ ျငင္းတယ္တဲ့။ရယ္စရာေကာင္းလြန္းတယ္လို႔ မင္းမထင္ဘူးလား?သူသာ အဲ့အေၾကာက္တရားကို ေက်ာ္လႊားခ်င္စိတ္႐ွိမယ္ဆို ငါ့ဘက္က အေကာင္းဆုံးစိတ္ကြၽမ္းက်င္ပညာ႐ွင္ေတြ၊ အထက္ျမက္ဆုံး ပေရာ္ဖက္႐ွင္နယ္က်က်အဖြဲ႕ေတြအကုန္စီစဥ္ေပးႏိုင္တယ္။ဒါေပမယ့္ သူက မလုပ္ရဲဘူးတဲ့။အခုခ်ိန္ သူ႕ေနာက္ကေန ႀကိမ္နဲ႔တို႔ေပးေနတဲ့သူမ႐ွိရင္ သူ ေ႐ွ႕ဆက္ရဲမွာမဟုတ္ဘူး။သူေ႐ွ႕ဆက္ရဲေအာင္ ငါ ႀကိဳးစားပမ္းစားလုပ္ေပးေနတာက ဘာအတြက္လဲ? သူေကာင္းဖို႔အတြက္ပဲေလ! မင္းနားလည္လား?!”

“မင္းေက်ာေပၚ ႀကိမ္မက်ဘူးေတာ့ နာက်င္မႈကို ဘယ္ခံစားတတ္လိမ့္မလဲ? မခံစားဖူးဘူးမလား? အဲ့ဒါေၾကာင့္ပဲ မင္းဒီလိုေဝ့ပတ္လည္ေျပာေနႏိုင္တာမလား?”

ခ်ဴခ်န္ကေတာ့ သူမွန္တယ္ယူဆ၏။

“အဲ့ႀကိမ္နဲ႔တို႔ခံေနရတဲ့လူက မင္းမဟုတ္ဘူးေလ။ ဇာတ္ေကာင္ထဲက ႐ုန္မထြက္ႏိုင္ျဖစ္ေနရတဲ့လူကလည္း  မင္း မဟုတ္ဘူး။ ဒါေၾကာင့္  ထိခိုက္ဆုံး႐ႈံးရမဲ့လူကလည္း မင္း မဟုတ္ဘူးပဲ။ ငါေျပာတာမွန္လား? မင္း အရမ္းေတာ္ေနရင္ မင္းဘာမင္း ႀကိဳစား႐ုန္ကန္ၿပီး  တစ္ျခားမင္းသားပဲ ႐ွာလိုက္‌ပါ?  မင္းဇာတ္ကားမွာ ပါခြင့္ရဖို႔ က်ိခ်င္းက်ိဳးက ငိုယိုၿပီး အႏူးအၫြတ္ေတာင္းဆိုထားတာမဟုတ္ဘဲ ဘာကမ်ား မင္းမွာ သူ႕ကို ထိန္းခ်ဳပ္ပိုင္ခြင့္႐ွိတယ္လို႔ ထင္သြားေစတာလဲ ငါတကယ္ နားမလည္ဘူး။မင္းက ဘာေကာင္မို႔လဲ? အဲ့ကားကို အဲ့ေလာက္သေဘာက်ေနရင္ မင္းဘာသာ ဝင္သ႐ုပ္ေဆာင္လိုက္။မင္းသ႐ုပ္ေဆာင္ေကာင္းမယ္လို႔ေတာ့ ထင္မိတာပဲ”

“မင္း....”

“႐ွန္းဝမ့္႐ွီ တစ္ခုေတာ့ ႐ွင္း႐ွင္းလင္းလင္းလုပ္ၾကရေအာင္။အစကေနအဆုံးထိ မင္းကပဲ သူ အဲ့ဇာတ္ကားနဲ႔ သင့္ေတာ္တယ္လို႔ ထင္တာ၊ မင္းပဲ သူ႕ကို သ႐ုပ္ေဆာင္ေစခ်င္ခဲ့တာ၊ သူ ေက်ာ္လႊားဖို႔လိုအပ္တယ္လို႔ ထင္ေနတဲ့သူကလည္း မင္းပဲ ၊ သူ႕သ႐ုပ္ေဆာင္လမ္းေၾကာင္းကို အတင္းအၾကပ္ ဝင္စြက္ဖက္ေနတဲ့သူကလည္း မင္းပဲျဖစ္ေနတယ္... အကုန္လုံး အကုန္လုံးက မင္းပဲ ... မင္းခ်ည္းပဲ လုပ္ေနတယ္ဆိုတာ နားလည္ထား? က်ိခ်င္းက်ိဳးလား?အဟင္း ဒီကိစၥမွာ က်ိခ်င္းက်ိဳး ဝင္ေျပာခဲ့တာတစ္ခုမွမ႐ွိဘူး။သူျငင္းခဲ့တယ္။မင္းသေဘာမတူႏိုင္ျဖစ္ေနေသးလည္း သူကေတာ့ ဆက္ျငင္းေနတာပဲ။ေနာက္ေတာ့ မင္း ျပန္သြားတယ္။ဒါေပမယ့္ေနာက္တစ္ခဏအတြင္း မင္းက  သူ႕စာခ်ဳပ္ကိုပါ ဖ်က္ဖို႔ထိလုပ္ခ်င္ေနျပန္ၿပီ။အရာတိုင္းကို မင္းစိတ္ထင္တိုင္း ေလွ်ာက္လုပ္တယ္။က်ိခ်င္းက်ိဳးလို ျဖဴစင္တဲ့သူက ဘာမွ မေျပာခဲ့ဘူး။အဲ့ဒါကိုပဲ မင္းက အႀကိမ္ႀကိမ္၊အႀကိမ္ႀကိမ္၊အႀကိမ္ႀကိမ္၊အႀကိမ္ႀကိမ္ သူ႕ေနာက္လိုက္ကပ္ေနတာ။မင္းကိုမင္း ေလာကရဲ႕အ႐ွင္သခင္ႀကီးလို႔မ်ား ထင္ေနသလား? ဟမ္။ မင္းေကာင္းတယ္ထင္ရင္ ေကာင္းရမယ္....မင္း သ႐ုပ္ေဆာင္သင့္တယ္ထင္ရင္ သ႐ုပ္ေဆာင္ကို ေဆာင္ရမယ္! မင္း ဒီေလာက္ေတာင္ ေတာ္တတ္ေနရင္ ကမ႓ာေပၚမွာ ဘာေနလုပ္ေနေသးတာလဲ? အာကာသဟင္းလင္းျပင္ထဲတက္ေနၿပီး အာကာသဟင္းလင္းျပင္ႀကီး တစ္ခုလုံးကို မင္းသေဘာက် လွန္လိုလွန္ ေမွာက္လိုေမွာက္ သြားလုပ္ေနသင့္တယ္လို႔ ငါထင္တယ္”

႐ွန္းဝမ့္႐ွီ ပါးစပ္ဟလိုက္ၿပီး ခြန္းတုံ႔ျပန္ခ်င္ေပမယ့္ ခ်ဴခ်န္ထံမွ အပိတ္ခံလိုက္ရသည္။

“မင္းမွာပဲ အေကာင္းဆုံးစိတ္ေရာဂါကုဆရာဝန္တို႔ အထက္ျမက္ဆုံး ပေရာဖက္႐ွင္နယ္က်က်အဖြဲ႕တို႔ ႐ွိတာလား။ယုံခ်င္ယုံမယုံခ်င္ေန ။ငါအခုခ်က္ခ်င္းပဲ အေကာင္းဆုံးစိတ္ေရာဂါကုဆရာဝန္ကို မင္းဆီလႊတ္ၿပီးေတာ့ ဘာလို႔ အစြဲလမ္းႀကီးၿပီး လူစကားကိုလူလိုနားမလည္တာလဲဆိုတဲ့ေရာဂါကို စစ္ေဆးဖို႔ လႊတ္ေပးလိုက္မယ္။႐ွန္းဝမ့္႐ွီ! မင္းေတာင္မွ အဲ့ဇာတ္ကားမွာ တစ္ျခားအႏုပညာ႐ွင္တစ္ေယာက္ကိုသ႐ုပ္ေဆာင္ခိုင္းဖို႔  အင္တင္တင္ျဖစ္ေနတာကို က်ိခ်င္းက်ိဳးဘာသာ သ႐ုပ္မေဆာင္ခ်င္တဲ့စိတ္ကို အတင္းေက်ာ္လႊားခိုင္းေနရေအာင္ မင္းကဘာမို႔လဲ? ဇာတ္ကားေလးတစ္ကားအတြက္နဲ႔ သူက ဘာလို႔ စြပ္စြပ္စြဲစြဲအေျပာခံရမွာလဲ! ေသာက္ခ်ီးလို အႏုပညာ အႏုပညာနဲ႔ လာမေျပာစမ္းနဲ႔။ အႏုပညာဆိုတာ မင္းဇာတ္ကားထက္ အဆေပါင္းမ်ားစြာ ပိုတယ္ကြ! က်ိခ်င္းက်ိဳး မညႇိႏိႈင္းခ်င္ေနတာက အဲ့ဟာက သူ႕ဘဝျဖစ္ေနလို႔ပဲ။သူ႕မွာဘဝတစ္ခုပဲ႐ွိတယ္။ဒီေလာႀကီးမွာ ကိုယ့္ဘဝနဲ႔ အေလာင္အစား‌လုပ္ဖို႔ထိ ဘယ္ဟာမွ ထိုက္တန္မေနဘူး!”

“မင္း သူ႕ကို ေလးစားမႈမေပးႏိုင္ရင္ သူနဲ႔ေဝးေဝးေန။ သူ႕ပါးစပ္ကေန မင္းနာမည္ကို ထပ္မၾကားရေစနဲ႔။မင္းလုပ္ေနတာေတြက သူ႕ကို စိတ္႐ႈပ္ေစတယ္၊ေဒါသထြက္ေစတယ္၊ခံရခက္ေစတယ္ဆိုတာ မင္းမသိဘူးလား? မင္းကသိလည္း ဂ႐ုစိုက္မွာမဟုတ္ေလာက္ပါဘူး။ဒါေပမယ့္ ငါဂ႐ုစိုက္တယ္ကြ။ အဲ့ဒါေၾကာင့္ ငါ မင္းကို ေျပာလိုက္မယ္....ေနာက္တစ္ခါ ဒီလိုမ်ိဳး ထပ္လုပ္ခဲ့ရင္ ငါ့အဆိုးမဆိုနဲ႔။ငါလုပ္ခ်င္ရင္ ငါ့မွာလည္း မင္းကို စိတ္႐ႈပ္ေစမဲ့၊ေဒါသထြက္ေစမဲ့၊ခံရခက္ေစမဲ့ အရာေတြအမ်ားႀကီး႐ွိတယ္ေနာ္။မယုံရင္ စမ္းၾကည့္လိုက္”

ခ်ဴခ်န္က စကားဆုံးတာနဲ႔တိခနဲ ဖုန္းခ်လိုက္သည္။သူ ႐ွန္းဝမ့္႐ွီကို ဘယ္တုန္းမွ စိတ္ထဲမထားခဲ့ဘူး။ အဲ့ဒါကလည္း ႐ွန္းဝမ့္႐ွီက ဒါ႐ိုက္တာ တစ္ေယာက္သာသာပဲျဖစ္ေနလို႔။အႏုပညာေလာကထဲ အမ်ားဆုံး ေတြ႕ရတာက ဒါ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္ေတြပင္။က်ိခ်င္းက်ိဳးက သူ႕ဇာတ္ကားမ႐ိုက္ရင္ေတာင္ ဆုရဦးမွာပဲ။ေတာက္ပတဲ့အနာဂတ္တစ္ခု ရလာဦးမွာပဲ။က်ိခ်င္းက်ိဳးက ဘယ္သူတစ္ဦး တစ္ေယာက္မွ မ႐ွိဘဲ ရပ္တည္ႏိုင္သည္။ဟိုတစ္ခါ သူနဲ႔ျပတ္သြားတုန္းကေတာင္ သူ႕အသက္ေမြးလမ္းေၾကာင္းကို မေႏွာင့္ေႏွးေစတာ။႐ွန္းဝမ့္႐ွီလို႔ ဟာေလာက္ကေတာ့ လစ္လိုက္ေတာ့။

ခ်ဴခ်န္သည္ ေျခသံလုံလုံျဖင့္ အိပ္ခန္းထဲျပန္ဝင္လာၿပီး ဆိုဖာေလးေပၚမွာ တိတ္တဆိတ္ထိုင္ကာ က်ိခ်င္းက်ိဳး ေရခ်ိဳးခန္းထဲမွထြက္လာမည္ကို ေစာင့္ေန၏။

မၾကာခင္ဘဲ ေရခ်ိဳးခန္းထဲက ထြက္လာသည့္ က်ိခ်င္းက်ိဳးက ခ်ဴခ်န္ကို ၾကည့္ကာ-

“ေရသြားခ်ိဳးေတာ့ေလ”

ခ်ဴခ်န္က အသံေလးျပဳ၍ ေရခ်ိဳးခန္းထဲဝင္သြားသည္။

က်ိခ်င္းက်ိဳးလည္း အိပ္ရာေပၚထိုင္ခ်လိုက္၏။မနက္ျဖန္ေတာ့ ဝမ္ဖန္းဆီ သြားလည္ဦးမွပင္။တစ္ႏွစ္ပတ္လုံး ကုသမႈေတြေၾကာင့္ ဝမ္ဖန္းရဲ႕ အေျခအေနက အမ်ားႀကီးတိုးတက္လာသည္။လြန္ခဲ့တဲ့ လေတြအတြင္း ကိုယ္လက္ကိုက္ခဲတာေတြလည္း မခံစားရေတာ့ေပ။တ႐ုတ္ႏွစ္သစ္ကူးေလာက္ဆို ေဆး႐ုံကေန ဆင္းလို႔ရႏိုင္ေလာက္၏။


//////////////////////////

ပါးးးးးးးးခ်ဴ ႏႈတ္သီးေကာင္းတယ္😂😂😂😂 (မိန္းမေတာ့ေၾကာက္တယ္၊😂😂😂😂)

ဟိုေန႔က တင္ေပးမို႔ဘဲ ျပန္ရင္းျပန္ရင္းနဲ႔ ဒီေန႔ျဖစ္သြားတာ ဟဲဟဲ

\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

Continue Reading

You'll Also Like

247K 2.5K 18
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
216K 15.2K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
2.7M 147K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
60.5K 11.6K 24
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ