The Everlasting One (volume 2...

By _pannthoon_

761K 75.3K 17.5K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 146

6K 773 171
By _pannthoon_

Unicode

မှန်ပချုပ်အတွင်းမှ လျှို့ဝှက်သောတေးထပ်ကဗျာ
________________

"မီး"

" မီးဗျို့"

အော်ဟစ်ဆူညံသံများ ပြည့်နှက်သွားသော နန်းတော်တွင်းဝယ် ရေပုံးကိုယ်စီဖြင့် ကပျာကယာပြေးလွှားလာသော လူများဟာလည်း မီးလောင်ကျွမ်းရာ မင်းသားမဏိ​၏နန်းဆောင်ဆီသို့ အသီးသီးရောက်ရှိလာကြသည်။

မင်းသားမဏိ​၏နန်းဆောင်သည် ကြီးမားသောမီးတောက်ကြီးများဖြင့် ဖုံးလွှမ်းခြင်းခံထားရ​၏။

ရဲမတ်များ၊ အစေခံများ ထိုနေရာသို့ အလျင်အမြန်ရောက်ရှိလာကာ မီးငြှိမ်းသတ်ရန် ကြိုးပမ်းကြသော်လည်း နောက်ကျသွားသည်ဖြစ်ရာ မီးတောက်မှာ ပို၍ပို၍သာ ကြီးမားလာသည်။ ထို့ကြောင့် နန်းဆောင်အတွင်း မလှုပ်မရှားနိုင်သော မင်းသားမဏိရှိနေသည်ကို သိကြသည့်တိုင် မည်သူကမှ မီးထဲတိုးဝင်ပြီး မကယ်ဆယ်ဝံ့ကြချေ။

ထိုအချိန်တွင် မင်းယောဇာသည် မဏိ​၏နန်းဆောင်မီးလောင်သည်ဟုအသံကြားသည်နှင့် သူ​၏ဘုရင်နန်းဆောင်မှ အလျင်အမြန်ထွက်ခွာလာခဲ့သည်။ သူသည် မြင်းကိုတဟုန်ထိုးစီး၍ မဏိ​၏နန်းဆောင်ရှိရာဆီ အမြန်ရောက်ရှိလာပြီး နန်းဆောင်ရှေ့ရောက်သည်နှင့် မြင်းမရပ်ခင် မြင်းပေါ်မှ ခုန်ဆင်းကာ

" အစ်ကိုတော်...."

ဟု စိုးရိမ်တကြီးဟစ်အော်ရင်း နန်းဆောင်တွင်းသို့ ပြေးဝင်သည်။

သူသည် အစ်ကိုတော်အတွက် အလွန်အမင်းစိုးရိမ်ပူပန်နေသာ်ဖြစ်ရာ တခြားမည်သည့်အန္တရာယ်ကိုမှလည်း မြင်ပုံလည်းမရတော့ပါချေ။

ထိုအချိန်မှာပင် ယင်းနေရာသို့ စုန်းမကိဏီလည်းရောက်ရှိလာသည်ဖြစ်ပြီး သူမသည် မီးပုံထဲပြေးဝင်တော့မည့် မင်းယောဇာကို မြင်သော် ကမန်းကတန်းလှမ်းဆွဲလေသည်။

" မင်းကြီး...အန္တရာယ်များပါတယ်"

သို့သော်လည်း မင်းယောဇာဟာ တခြားမည်သည်ကိုမှ မမြင်နိုင်တော့သည်ဖြစ်ရာ ကိဏီ​၏လက်ကို ကြမ်းတမ်းစွာပုတ်ချပြီး

" ဖယ်စမ်းပါ!"

ဟု ဒေါသတကြီးမာန်မဲသည်။ တဆက်တည်းပင် သူသည် မီးလောင်ရာ နန်းဆောင်ထဲသို့ မတွန့်မဆုတ်ပြေးဝင်သွားသည်။

ကိဏီသည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး အကျပ်ရိုက်စွာဖြင့် သူမမျက်နှာသူပွတ်သည်။ ထိုအချိန်တွင် ရဲမက်တစ်ဦးက ကိဏီရှိရာသို့ ရေးကြီးသုတ်ပျာရောက်လာသည်။ ထိုရဲမက်က မင်းယောဇာဆီ သတင်းပေးပို့ရမည်ဖြစ်သော်လည်း မင်းယောဇာမှာ မီးပုံထဲတိုးဝင်သွားပြီမို့ ဒုတိယရာထူးအကြီးဆုံးဖြစ်သည့် ကိဏီဆီသာ ပြေးလာခြင်းဖြစ်သည်။

"ပြဿနာတက်ပါပြီ"

ရဲမက်ကဆိုသည်။

ကိဏီ မျက်မှောင်ကြုတ်သွားသည်။ သူမ" လျှောက်စေ" ဟူသည့်သဘောဖြင့် မေးဆတ်ပြသည်။ ရဲမက်က လျှောက်တင်ရန် ဟန်ပြင်စဉ်မှာပင် တခြားသော ဒုတိယမြောက်ရဲမက်က ကိဏီဆီ ပျာယီးပျာယာရောက်ချလာပြန်သည်။

"ပြဿနာတက်ပါပြီ"

ကိဏီ မျက်မှောင်ပို၍ကြုတ်သွားပြီး

" ဘာလို့နှစ်ယောက်တောင်ပြဿနာတက်နေတာလဲ"

ဟု စိတ်ရှုပ်စွာဆိုသည်။ ရဲမက်နှစ်ဦးလည်း တစ်ယောက်မျက်နှာ တစ်ယောက်လှည့်ကြည့်မိကြ​၏။

ကိဏီက ပထမရဲမက်ဘက် လက်ညှိုးထိုးကာ

" မင်းအရင်ပြော"

ဟုဆိုသည်။ ပထမရဲမက်က တုန်တုန်ယင်ယင်ဖြင့်ပြောသည်။

" မင်းသားအရုဏရဲ့တပ်က မြို့ရိုးကို တဟုန်ထိုးလာရောက်တိုက်ခိုက်နေပါပြီ"

ကိဏီမျက်နှာပျက်သွားသော်လည်း လေးလေးနက်နက်စဉ်းစားနေဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ကာ ဒုတိယရဲမက်ဆီ မေးဆတ်ပြသည်။

ထိုအခါ ဒုတိယရဲမက်က လျှောက်တင်သည်။

" ဝက်သွေးစည်းဗဟိုအင်းကွက်ပျက်စီးသွားပါပြီ"

ကိဏီမျက်လုံးပြူးသွား​၏။ မင်းသားအရုဏ မြို့ရိုးကိုတိုက်ခိုက်နေသည်မှာ ယခင်ကတည်းကဖြစ်သော်လည်း ဝက်သွေးစည်းဗဟိုအင်းကွင်ကြောင့်သာ မင်းသားအရုဏတက်မှာ နန်းတော်နားမကပ်နိုင်ခြင်းဖြစ်သည်။

ယခု ဝက်သွေးစည်းအစီအရင်ပျက်သွားသည်ဆိုပါက မင်းသားအရုဏတပ်မှာ နန်းမြို့ရိုးနားသို့ ချဉ်းကပ်လာနိုင်ပြီဖြစ်သည်။

ဖိအားများကြောင့် ကိဏီ စိတ်ရှုပ်ထွေးကာ အကျပ်ရိုက်သွားမိသည်။ ထိုအချိန်မှာပင် နောက်ထပ် တတိယမြောက်သော ရဲမက်တစ်ဦး ထပ်မံရောက်ရှိလာပြန်သည်။

"ပြသနာတက်ပါပြီ"

ဒီတစ်ခါတွင်တော့ ကိဏီသည် စိတ်ရှုပ်နေသည်ဖြစ်ရာ တတိယမြောက်ရဲမက်ကို

" ဘာဖြစ်ပြန်ပြီလဲ"

ဟု အော်ငေါက်လိုက်မိသည်။ ရဲမက်မှာ ဇက်ကလေးပုသွားသော်လည်း ကြောက်ကြောက်လန့်လန့်နှင့်သာ မဝံ့မရဲလျှောက်တင်လာသည်။

" အရှင့်သားမဏိရဲ့ စီးတော်ခြင်္သေ့ အသဝနီ၊ သံကြိုးတွေကိုရုန်းပြီး ထွက်ပြေးပျံထွက်သွားပါပြီ။ ကျွန်တော်မျိုးတို့ လိုက်လို့ မမီလိုက်ပါဘူး"

စကားပင်မဆုံးသေး၊ စတုတ္ထမြောက်ရဲမက်က အပြေးအလွှားရောက်ရှိလာပြန်သည်။

" ပြဿနာကြီးပါပြီ"

ကိဏီသည် ထိုစကားချည်းပင်ကြားနေရ၍ ဒေါသပင်အလိပ်လိပ်ထွက်လာ​၏။ ထို့ကြောင့်

" ဟာ နင်တို့စောက်ပြဿနာတွေချည်းပဲ။ဘာလဲ ပြော"

ဟူ၍သာ ခုနကထက်ပြင်းထန်သော အသံဖြင့် ဟိန်းဟောက်လေ​၏။

စတုတ္ထမြောက်ရဲမက်မှာ ငိုချတော့မည့်အသွင်ပင် ပေါက်နေလေသည်။

" နန်းတော်ထဲကို မင်းသားအရုဏရဲ့တပ်တွေဝင်လာပါပြီ"

ကိဏီသည် ပေါက်ကွဲတောက်လောင်တော့မည့် မီးတောက်ကြီးတစ်ခုအသွင်ဖြင့် မျက်နှာကြီးတည်ကာ ခက်ထန်လာလေသည်။

သူမကိုကြည့်ပြီး ရဲမက်အသီးသီးဟာလည်း လန့်ကာ အနောက်ကိုပင်မသိမသာ ခြေလှမ်းဆုတ်သွားကြမိ​၏။

ကိဏီက အံကြိတ်လျက် မီးလောင်နေသော နန်းဆောင်ဆီ လှည့်ကြည့်လိုက်သည်။

အစ်ကိုဖြစ်သူအတွက် စိုးရိမ်စိတ်မွှန်ထူနေသော မင်းယောဇာဟာလည်း မီးအလုံးလုံး၊ မီးခိုးအလိပ်လိပ်ကြားမှပင် သူ​၏အစ်ကိုကို အသည်းအသန်လိုက်ရှာနေသည်။

နိုင်ငံရေးတွင် တိုက်ဆိုင်မှုမရှိချေ။

မီးလောင်ခြင်းကအစ၊ အစီအရင်ပျက်သည်အဆုံး မင်းသားအရုဏ​၏ အကြံအစည်များသာဖြစ်ရမည်။

ကိဏီ ရယ်မိသည်။

သူမရယ်သည်ကိုမြင်သော် ရဲမက်လေးဦးမှာ ကိဏီ ရူးသွပ်သွားပြီလား ဟူသောအကြည့်မျိုးဖြင့် အချင်းချင်းလှည့်ကြည့်၍ မျက်စပစ်ကြသည်။

ကိဏီကမူ အားပါးတရရယ်ပြီးမှ

" လတ်စသတ်တော့ ဒါ ဒင်းတို့ရဲ့အကြံအစည်တွေကိုး"

ဟူ၍သာ အံကြိတ်သံဖြင့် ရေရွတ်သည်။

သူမက လက်ဆစ်များကို တဖြောင်းဖြောင်းမည်အောင်ချိုးလိုက်သည်။

" အမတ်ယုဂန်နိုင်ကို ရှာကြ။ သူ သေချာပေါက် လွတ်သွားလောက်ပြီ"

*************************

လွန်ခဲ့သောတစ်ရက်ခန့်က....

ဟီရနန်းတော်ကို အပေါ်စီးမှလှမ်းမြင်ရသော တောင်ကုန်းနားတစ်ဝိုက်၌ စခန်းချထားသည့် မင်းသားအရုဏ​၏တပ်စခန်းရှိရာဆီသို့ မြင်းပျံနှစ်စီးဆင်းသက်လာသည်။

မြင်းပျံတစ်စီးပေါ်မှ တပ်မှူးသုန္ဒရီဆင်းလာပြီး ကျန်တစ်စီးပေါ်တွင်မူ မင်းသားနန္ဒနှင့် သုဒီပါတို့နှစ်ယောက်ပါသည်။

ဤတွင် ထူးခြားသည်မှာ မင်းသားသုဒီပါသည် လက်များကိုကြိုးတုပ်ခြင်းခံထားရပြီး မျက်လုံးကိုလည်း အဝတ်ဖြင့်၊ ပါးစပ်ကိုလည်း အဝတ်စအထပ်ထပ်ဖြင့်စည်းနှောင်၍ အပိတ်ခံထားရသည်။

မင်းသားသုဒီပါ​၏အရေပြားမှာ အက်ကွဲနေသည့်အပြင် သေလူပမာလည်း ဖြူလျော့နေသည်။ ထိုမျှသာမက သူ​၏လည်ပင်းတွင်လည်းကောင်း၊ လက်ဖျံတွင်လည်းကောင်း သွေးကြောမည်းနည်းများက ထင်း၍ယှက်ဖြာနေသည်။

နန္ဒသည် သုဒီိပါ မပြုတ်ကျအောင် သုဒီပါကို သူ​၏ကိုယ်နှင့်တွဲ၍ ကြိုးခိုင်ခိုင်ချည်ထားသည်။ မြင်းပေါ်မှ ဆင်းမည်ဆိုသောအခါ သုန္ဒရီကလာပြီး ကြိုးဖြည်ပေး​၏။

ထို့နောက် နန္ဒနှင့် သုန္ဒရီတို့နှစ်ယောက်ပေါင်းပြီး အသိစိတ်မရှိနေသော သုဒီပါကို မြင်းပေါ်မှ အောက်ချပေးသည်။

သုဒီပါမှာ လူအနံ့ရ၍ စိတ်ရိုင်းများထကြွနေသည်ဖြစ်သော်လည်း မျက်လုံးနှင့်ပါးစပ် တင်းကျပ်စွာအပိတ်ခံထားရသည်ဖြစ်သောကြောင့် ဘာမှမတတ်နိုင်ဘဲ သားရဲကောင်ပမာ တဂီးဂီးတဂဲဂဲအသံပြုရုံမျှသာ လုပ်နေနိုင်သည်။

နန္ဒနှင့် သုန္ဒရီတို့ ပြန်လည်ရောက်ရှိပြီဟူသော သတင်းကိုရရှိလိုက်သည်မို့ သုံးဦးတည်း စစ်ရေးဆွေးနွေးနေကြသည့် အရုဏ၊ ယုဂန်နှင့် ပီယံတို့မှာ ယာယီနန်းဆောင်တွင်းမှ အပြင်သို့ထွက်လာကြသည်။

နန္ဒသည် အရုဏကိုမြင်သည်နှင့် အားတင်းထားရသမျှ အကုန်ပြတ်ထွက်ကုန်ကာ မျက်နှာကလေးငိုမဲ့မဲ့ဖြစ်လာသည်။

သူသည် ဒီပါကိုလည်း လူနံ့ရပြီး ဝေးဝေးမပြေးသွားအောင်လည်း ကြိုးလေးဆွဲထားရင်း ငိုသံပါကြီးနှင့်အော်ပြောလာသည်။

" အစ်ကိုတော်ဒီပါကို ဘယ်လိုလုပ်ကြမလဲ...ဘယ်လိုလုပ်ကြမလဲဟင်..."

အရုဏသည် နန္ဒတို့နားသို့ စိုးရိမ်တကြီးလျှောက်လှမ်းလာ​၏။ သူက သုဒီပါကိုတစ်ချက်ကြည့်ပြီးနောက် ရောဂါများနှင့်ပတ်သက်ပါက ဗဟုသုတပြည့်စုံသော ပီယံမိတ်ဆီ တစ်ချက်လှမ်းကြည့်သည်။

ပီယံမှာလည်း အလွန်အမင်းမျက်နှာမကောင်းဖြစ်နေပြီး သုဒီပါ​၏အရေပြားကို လက်ဖြင့်အသာအယာထိကြည့်နေသည်။

ယုဂန်မှာ သုဒီပါကိုကြည့်ရင်း ရင်လေးစွာမေးသည်။

" ဘာဖြစ်သွားတာလဲ"

"ဖုတ်ကောင်အကိုက်ခံလိုက်ရတာ။ အဲ့ဖုတ်ကောင်တွေက ငါတို့ဆီကဖုတ်ကောင်တွေလိုမဟုတ်ဘဲ ကိုက်လိုက်တာနဲ့ အကူးစက်ခံရတယ်။  အစ်ကိုတော်က ငါ့ကိုကာကွယ်ရင်း ဖြစ်သွားရတာ။ သူကထားခဲ့ဖို့ပြောပေမဲ့ ငါသူ့ကိုမထားခဲ့နိုင်ဘူး"

နန္ဒသည် ပြောရင်းနှင့်ပင် မျက်ရည်များဝဲတက်လာ​၏။ အစ်ကိုများထဲတွင် ဒီပါမှာ သူ​၏အခင်တွယ်ရဆုံးသောအစ်ကိုပေမို့ နန္ဒမည်မျှစိုးရိမ်စိတ်နှင့် မိမိကိုယ်ကိုအပြစ်တင်နေမိမည်ကို ခန့်မှန်းသိရှိနိုင်သည်။

ယုဂန်သည် နန္ဒကိုကြည့်ရင်း စိတ်လေးနေမိသော်လည်း ပီယံ​၏အားတက်သရောစကားတစ်ခွန်းက လေထုကို အတော်လေးကောင်းမွန်သွားစေသည်။

" မစိုးရိမ်နဲ့တော့။ ဒါက ကုသလို့ရတဲ့ရောဂါပဲ။ ကူးစက်ပြီး အချိန်တစ်ပတ်နှစ်ပတ်ကြာသွားရင်သာ ကယ်ဆယ်လို့မရတော့တာ။ အခုကကုဖို့အချိန်မီသေးတယ်။ တစ်ရက်နှစ်ရက်လောက် ကုသလိုက်ရင် အစ်ကိုတော်ဒီပါ လူအကောင်းအတိုင်းပြန်ဖြစ်လာမှာပါ"

ပီယံ့စကားကြားမှ နန္ဒသည် အသက်ဝဝရှူနိုင်တော့​၏။ သူသည် ထိုအခါမှ မြေပြင်ပေါ် ဆောင့်ကြောင့်လေးထိုင်ချကာ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။

" တော်သေးတာပေါ့။ တော်သေးတာပေါ့"

ယုဂန်သည် နန္ဒကို နှစ်သိမ့်ရန်အတွက် သူပါ နန္ဒဘေးတွင် ဆောင့်ကြောင့်လေးဝင်ထိုင်ပြီး နန္ဒ​၏ကျောကိုပုတ်ပေးသည်။

ပီယံက သမားတော်နှင့်တွေ့ရန်အတွက် သုဒီပါကိုဆွဲခေါ်ကာ ဆေးကုသဆောင်ဘက်သို့ ထွက်သွားသည်။

ထိုအချိန်ကျမှ သုန္ဒရီသည် သူမသယ်ဆောင်လာသော မြေအောက်လျှို့ဝှက်လမ်းမြေပုံကို ထုတ်ပြီး အရုဏဆီ တရိုတသေကမ်းလင့်လာသည်။

" မြေပုံရရှိခဲ့ပါပြီ အရှင့်သား"

အရုဏ မြေပုံကိုယူလိုက်​၏။ ထို့နောက် ဆောင့်ကြောင့်ထိုင်ငိုနေသော နန္ဒကို သနားကြင်နာစွာကြည့်ကာ

" မင်းတို့အကုန် ပင်ပန်းခဲ့ရပြီ။ အနားယူလိုက်ပါဦး"

ဟုဆိုသည်။

သုန္ဒရီသည် အရုဏကို အရိုသေပေးပြီးနောက် နန္ဒကိုတစ်ချက်ကြည့်ကာ ထိုနေရာမှထွက်သွား​၏။

ကျန်ရစ်ခဲ့သော ယုဂန်နှင့် မြေပုံကိုင်ထားသော အရုဏတို့မှာ အကြံကိုယ်စီဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ပြိုင်တူကြည့်မိကြသည်။

ယုဂန်ကဆိုသည်။

" ဒီတိုင်းဆို ကျွန်တော်တို့ နန်းတွင်းထဲကို လျှို့ဝှက်လမ်းကနေ ဝင်လို့ရပြီ။ လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်က အရီးတော်မဟာသီဒါတို့ လုပ်ခဲ့တဲ့အတိုင်းပဲလေ"

ယုဂန်​၏စကားအဆုံးတွင် အရုဏသည် မြေပုံကို စူးစိုက်ကြည့်​၏။

ထိုအချိန်မှစ၍ ယုဂန်​၏ဗျူဟာမှာ အထင်အရှားအကောင်အထည်ပေါ်လာခဲ့ခြင်းဖြစ်သည်။

******************

ဟီရသို့မရောက်ရှိခင် သုံးရက်ခန့်က....

( chapter 143 မှအဆက်ဖြစ်သည်)

ဟီရနန်းတော်ကို ထိုးစစ်ဆင်မည်ဆိုသောအခါ မြို့ရိုးပတ်လည်ကာရံထားသော ဝက်သွေးစည်းအစီအရင်မှာ အဓိကပြဿနာဖြစ်လာသည်။

ထိုအစီအရင်အား မင်းသားဧကသူမှ ပယ်ဖျက်မည်ဆိုသောအခါ စိုးရိမ်နေသော ပီယံ​၏ ကန့်ကွက်မှုနှင့် နန္ဒ​၏ ထောက်ခံမှုတို့က ဆွေးနွေးပွဲ၌ ဆန့်ကျက်ဘက်ဖြစ်၍နေသည်။

ထိုအချိန်တွင် ယုဂန်သည်

" ဧကသူကိုလည်း စွန့်စားပြီး စည်းဖျက်ခိုင်းစရာမလိုဘူး။ကျွန်တော့်မှာ အကြံသက်သက်ရှိတယ်"

ဟူ၍ ကြားဖြတ်ဝင်ပြောလာ​၏။

ထိုအခါမှ ပီယံနှင့် နန္ဒ​၏ငြင်းခုံမှုလည်းရပ်တန့်သွားကာ အားလုံး​၏အာရုံက ယုဂန်ဆီဆိုက်ရောက်လာသည်။

ယုဂန်က လေသံရှင်းရှင်းဖြင့် ပြောသည်။

" ဒီမတိုင်ခင်က အရှင်နရတ်က ကျွန်တော့်ကို တစ်ခုပြောပြဖူးတယ်။ အချိန်ကူးသန်းပေါက်ကို ဖျက်ဆီးရပ်တန့်နိုင်မယ့် နည်းလမ်းရှိတယ်တဲ့။ လွန်ခဲ့တဲ့အနှစ်ခုနစ်ရာက အချိန်ကူးသန်းနည်းရေးခဲ့တဲ့ မာရစ်မျိုးနွယ်ဟာ ကူးသန်းဝင်ပေါက် ပိတ်နည်း၊ ဖျက်ဆီးနည်းကိုပါ တစ်ပါတည်းရေးသားခဲ့တယ်။ အဲ့ဒီ့အရာကို နှစ်သောင်းချီ ကြာညောင်းရင်တောင် မပျက်စီးနိုင်တဲ့ မှန်ပချုပ်နဲ့သိမ်းဆည်းထားခဲ့တယ်။ သူသေဆုံးပြီးတဲ့နောက်မှာ သူ့ရဲ့ အချိန်ကူးသန်းနည်းလမ်းတွေကို မှော်နက်ပညာရှင်တွေ အချင်းချင်းလုရင်းရှာရင်းဖွေရင်း ဖျက်ဆီးရေးနည်းလမ်းမှန်ပချုပ်ကို စုန်းမဂန္ဓမာရဲ့ မိဘအရင်းတွေ ယူဆောင်သွားခဲ့တယ်လို့ဆိုတယ်။

ဒါပေမဲ့ စုန်းမဂန္ဓမာရဲ့မိဘအရင်းတွေဆီကနေ စုန်းမကိဏီက ပြန်ယူသွားပြီး အခု မှန်အချုပ်က စုန်းမကိဏီလက်ထဲမှာရှိနေတယ်။ ဒါကြောင့် မှန်ပချုပ်က သေချာပေါက် နန်းတော်ထဲမှာ ရှိနေလိမ့်မယ်။ အဲ့ဒီ့မှန်ပချုပ်ကိုပါ ယူရမယ်"

( 145 မှာ ယုဂန်က ကိဏီကို အဲ့ဖျက်ဆီးနည်းရှိလား ဆိုပြီးမေးပါတယ်။ ကိဏီက " ယူနိုင်ရင် ယူလေ" ဆိုတဲ့သဘောမျိုးပြောသွားပါတယ်။ အဲ့ဥစ္စာပါ)

စကားအဆုံးတွင် ယုဂန်သည် အရုဏဘက်ကိုမသိမသာလှမ်းကြည့်​၏။ ထို့နောက်သူသည် တစ်ဆင့်ပိုတိုးသောလေသံဖြင့် မဝံ့မရဲဖြစ်နေသည့်အလား မသဲမကွဲဆိုလာသည်။

" အဲ့တာကြောင့် နန်းတော်ထဲကို ကျွန်တော်ကိုယ်တိုင်ဝင်မယ်"

" ယုဂန် ဘာတွေတွေးနေပြန်တာလဲ"

ထင်ထားသည့်အတိုင်း အရုဏထံမှ ကန့်ကွက်ဟန်အပြည့်ပါသောစကားက ပြတ်တောက်စွာထွက်ပေါ်လာသည်။

ယုဂန်သည် မောင့်​၏တင်းမာသွားသောမျက်နှာထားကို မြင်သော်လည်း စစ်ပွဲမှာ မလွှဲသာမရှောင်သာအခြေအနေဖြစ်နေသည်မို့ လျစ်လျူရှုလိုက်ရသည်။

" ကျွန်တော်ပြောတာ အရင်နားထောင်ပေးပါ"

အရုဏ မကျေနပ်ဟန်ရှိသော်လည်း လူကြီးလူကောင်းပီသစွာ ဘာမှဆင်မပြောတော့ဘဲ ယုဂန်ရှေ့ဆက်ဆိုမည်ကိုသာ နားထောင်ပေးနေသည်။

ယုဂန် မောင့်ကို သနားပါသည်။ သူ့ကိုတစ်ခါဆုံးရှုံးဖူးထားသည်မို့ စိတ်ဒဏ်ရာရနေသည့်မောင်က သူ့ကိုတည်ကြည်ထားပြီး စွန့်စားရမည့်ဗျူဟာမျိုးကို လုံးဝကန့်ကွက်မည်ဖြစ်ကြောင်း ယုဂန်သိသည်။ သို့တိုင် ဤသည်က စစ်ပွဲပင်မဟုတ်ပါလား။ ရိုးရိုးစစ်ပွဲတောင်မဟုတ်ဘဲ အခန့်မသင့်ပါက တစ်ကမ္ဘာလုံးပါသွားနိုင်သည့် စစ်ပွဲမျိုးဖြစ်သည်။

ဤစစ်ပွဲတွင် တစ်ယောက်ယောက်ကတော့ သေချာပေါက်စွန့်စားရမည်။ သို့သော်ငြား ယုဂန်မှာ မသေချာဘဲ စွန့်စားခြင်းမျိုးမလုပ်ချေ။ သူ​၏အသက်အန္တရာယ်မရှိကြောင်း အာမခံချက်ရှိမှသာ ယုဂန်က စွန့်စားသည်။

သေလျှင်ရှုံးသည်။ မသေမှနိုင်မည်။

မသေမှာသေချာမှ ရလဒ်နှင့်ထိုက်တန်သော စွန့်စားခြင်းမျိုးကို သူလုပ်ဆောင်မည်။ ဒါက ယုဂန်​၏ခံယူချက်ပင်။

" အာနီ့ကို ကျွန်တော် အပြည့်အဝမယုံကြည်ဘူး။ ဒါပေမဲ့ သူက ကျွန်တော်တို့လူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်တော့်ကို နန်းတော်ထဲသွင်းပေးနိုင်လိမ့်မယ်။ ဝက်သွေးစည်းအစီအရင်က အစီအရင်လုပ်တဲ့လူက ဝင်လို့ထွက်လို့ရတယ်။ စည်းကိုထိန်းချုပ်လို့ရတယ်။ ဒါကြောင့် အစီအရင်လုပ်တဲ့သူကသာ ခွင့်ပြုရင် ကျွန်တော်က စည်းကိုအသာလေးဖြတ်ပြီး နန်းတော်ထဲဝင်နိုင်မှာပဲ။

အာနီ့ကို မင်းယောဇာဆီ ကျွန်တော့်ကိုဖမ်းဖို့ နားချခိုင်းလိုက်မယ်။ တကယ်လို့အာနီက ကျွန်တော်တို့လူသာမှန်ရင် ကျွန်တော်ခိုင်းတဲ့အတိုင်း ကျွန်တော့်ကိုဖမ်းပြီး ဝက်သွေးစည်းဗဟိုအင်းကွက်ကို ဖျက်ဆီးပေးလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့လူမဟုတ်ဘူးဆိုရင်လည်း ကျွန်တော့်ကို ဖမ်းအောင်တော့ သူလုပ်မှာအသေအချာပဲ။

ကျွန်တော်က လောလောဆယ်မှာ ကမ္ဘာဦးမျက်ရှင်ရဲ့ ပိုင်ရှင်။ မင်းယောဇာအနေနဲ့ ကျွန်တော့်ကိုယ်ထဲကမျက်ရှင်အစွမ်းကို လိုအပ်တာမို့ ကျွန်တော့်ကို လက်ဖျားနဲ့မှာထိလိမ့်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်အဖမ်းခံရလည်း အန္တရာယ်မရှိဘူး"

ယုဂန် အရုဏကိုလှည့်ကြည့်ပြီး ထိုစကားဆို​၏။ ထို့တိုင် အရုဏက ယုဂန်ကို ဤစစ်ပွဲတွင် ကိုယ်တိုင်ပါဝင်ပတ်သက်စေလိုခြင်း ရှိပုံမပေါ်ပါချေ။

အရုဏ​၏မျက်နှာအမူအရာက အတော်လေးပျက်ယွင်းနေပြီဖြစ်သည်။

" အရင်ဆုံး နန်းတော်ထဲကို ကျွန်တော်အဖမ်းခံရရင် ကျွန်တော့်အနောက်ကနေ အရှင်နရတ်က ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်ပေးပါ။ အရှင်နရတ်ရဲ့အစွမ်းနဲ့သာဆို
ကျွန်တော်နောက်ကို သေချာပေါက်လိုက်လာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒါဆိုကျွန်တော်တို့နှစ်ယောက်လုံး နန်းတွင်းထဲ ရောက်လိမ့်မယ်။ နန်းတွင်းထဲရောက်တာနဲ့ မှန်ပချုပ်ကိုရှာမယ်။ အာနီ့ကို ဗဟိုအင်းကွက်ဖျက်ဆီးခိုင်းပြီး တကယ်လို့ သူကသာ မင်းယောဇာရဲ့လူဖြစ်နေလို့ အင်းကွက်ကို မဖျက်ဆီးရင် အရှင်နရတ်ကပဲ ဖျက်ဆီးပေးပါ"

" ကျွန်ုပ် လိုက်ပါလာတဲ့အကြောင်းကို အဲ့ဒီ့အာနီဆိုတဲ့သူ မသိအောင် လျှို့ဝှက်ထားမှာပေါ့"

နရတ်က မေးသည်။ ယုဂန် ခေါင်းညိတ်သည်။

" အာနီ့ကို အလုံးစုံမယုံကြည်သေးတာမို့လို့ အရှင်ပါမယ့်အကြောင်း အကုန်မပြောပါဘူး။ ကျွန်တော် သူ့လုပ်စေချင်တဲ့အရာလောက်ပဲ ပြောပြထားမှာပါ"

" ဒါဆိုရင်တော့ ဒါက ပြည့်စုံတဲ့ဗျူဟာလို့ ပြောလို့ရပါတယ်"

နရတ်က ထောက်ခံသော်လည်း အရုဏမှာမူ ယခုထက်တိုင် ဒီအစီအစဉ်အား ကန့်ကွက်လိုဟန်အပြည့်ဖြစ်နေသည်။

သူက မမျှော်လင့်ထားသော အမှားအယွင်းတစ်စုံတစ်ရာကြောင့် ယုဂန်တစ်ခုခုဖြစ်သွားမည်ကို အလွန်အမင်းစိုးရိမ်နေမိသည်။ သို့တိုင် ယုဂန်က ခိုင်ခိုင်မာမာပြောဆိုနေခြင်းဖြစ်သည်မို့ တားမရတော့မှန်းလည်း သူသိပြန်သည်။

ယုဂန်က ယုံကြည်စိတ်သာခိုင်မာပါလျှင် ခေါင်းမာမာနှင့် မရမကလုပ်တတ်သူဖြစ်ကြောင်းကို သူအသိဆုံးပင်ဖြစ်သည်။

ယုဂန်ကထပ်မံဆိုသည်။

" ပြီးရင် မင်းယောဇာ ဗျာများသွားအောင်လုပ်ကြမယ်"

" ဘယ်လိုလုပ်မှာလဲ"

နန္ဒက သိချင်စိတ်နှင့်မေးသည်။ ယုဂန်က အသက်တစ်ချက်ရှိုက်ပြီးနောက် တက်တက်ကြွကြွနှင့် ပြောသည်။

" မီးရှို့ကြမယ်...

မင်းသားမဏိရဲ့နန်းဆောင်ကို...."

**************************

နန္ဒနှင့်သုန္ဒရီတို့ ပြန်လည်ရောက်ရှိပြီး မြေပုံရရှိပြီးချိန်....

မြေပုံရရှိပြီးသည့်ချက်ချင်းပင် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးအဆုံးတွင် အားလုံးက ယုဂန်​၏ဗျူဟာကို အမှန်အကန်ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ယုဂန်​၏ခေါင်းမာမှုကို သိရှိပြီးဖြစ်သည်မို့ အရုဏမှာလည်း မလက်ခံချင်သည့်တိုင် ခေါင်းညိတ်ခဲ့ရသည်။

ယခင်ချမှတ်ထားသော ဗျူဟာနှင့်အတန်ငယ်ကွဲလွဲသွားသည့်အရာဟူ၍ လျှို့ဝှက်လမ်းမြေပုံရှိသွားခြင်းသာ ကွာခြားသည်။ သို့သော်လည်း မြေပုံရရှိသွားခြင်းက ကြီးမားသောကွာခြားချက်ကိုဖြစ်စေသည်။

ဤသည်မှာ အရုဏ​၏တပ်များသည် လျှို့ဝှက်မြေအောက်လမ်းမှတစ်ဆင့် ဟီရနန်းတော်ထဲသို့ အလွယ်တကူကျူးကျော်ဝင်ရောက်နိုင်သွားခြင်းပင်။

ဗျူဟာအရ ယုဂန်သည် ယုန်တူရှဉ့်တူလေး ပုတုအားအသုံးပြု၍ အာနီ့ကို စာနှစ်စောင်ပေးပို့လိုက်သည်။

တစ်စောင်တွင် ( မင်းယောဇာအား ယုဂန်ကိုဖမ်းဆီးခေါ်ဆောင်ဖို့အတွက် သွေးထိုးပေးရန်နှင့်
ယုဂန်နန်းတော်သို့ရောက်ပြီးည၌ ဝက်သွေးစည်းဗဟိုအင်းကွက်ကို ဖျက်ဆီးပေးရန်) စသောအမိန့်များပါဝင်သည်။

ဒုတိယတစ်စောင်တွင်မူ ယုဂန်က ရေးသားထားသည့်ပုံစံဖြင့် ( ည၌ မိမိအားတောစပ်အတွင်း လာရောက်တွေ့ဆုံရန်) ရေးသားထားသည်။

အာနီက ပထမတစ်စောင်ကို မီးရှို့လိုက်ကာ ဒုတိယတစ်စောင်ကိုမူ စီစဉ်ထားသည့်အတိုင်း မင်းယောဇာထံတင်ပြ၍ ယုဂန်ကိုဖမ်းဆီးခေါ်ဆောင်ရန် အကြံကို နားသွင်းပေးလိုက်သည်။

ဤသည်နှင့် ယုဂန် တမင်တကာအဖမ်းဆီးခံလိုက်သည်။ သူနှင့်အတူ အရှင်နရတ်ကပါ နန်းတော်ထဲ လျှို့ဝှက်လိုက်ပါဝင်လာသည်။

ယုဂန် အဖမ်းဆီးခံထားရသည့်အတောအတွင်း အရှင်နရတ်က ကိဏီ၌ရှိသော မှန်ပချုပ်ကိုလိုက်ရှာသည်။

ညရောက်သောအခါတွင်မူ နရတ်က မင်းသားမဏိ​၏နန်းဆောင်ကို မီးရှို့သည်။ ပြီးသည်နှင့် ယုဂန်ကို လာရောက်ကယ်ဆယ်သည်။

တစ်ချိန်တည်းတွင်ပင် အာနီက ဝက်သွေးစည်းဗဟိုအင်းပွက်အား ဖျက်ဆီးလိုက်​၏။

စည်းပျက်သည်နှင့် စောင့်ဆိုင်းနေသော အရုဏ​၏တပ်များက မြို့ရိုးကို တရကြမ်းဝင်တိုက်သည်။

ထို့အပြင် တပ်အချို့ကလည်း မြေအောက်လျှို့ဝှက်လမ်းမှတစ်ဆင့် နန်းတော်ထဲသို့ ဝင်ရောက်လာကြသည်။

မင်းယောဇာမှာ အစ်ကိုဖြစ်သူအတွက် ဗျာများနေသည်ဖြစ်ရာ အရုဏတပ်​၏ရှောင်တခင် ဝင်ရောက်တိုက်ခိုက်မှုကို ကြိုတင် မခန့်မှန်းနိုင်လိုက်ချေ။ ကာကွယ်ဖို့၊ ခုခံဖို့ရာလည်း မလုပ်ဆောင်လိုက်နိုင်ချေ။

ထို့ကြောင့် ဗျူဟာမှာ စီစဉ်ထားသည့်အတိုင်း မလွဲမသွေ ဖြစ်လာခဲ့သည်။

*************************

လက်ရှိအချိန်တွင်ဖြစ်သည်။

နရတ်သည် ယုဂန်ကိုကယ်ဆယ်ပြီးသည်နှင့် သူတို့နှစ်ဦးအတူ နန်းဆောင် အပြင်ဘက်သို့ အမြန်အဆန်ထွက်လာခဲ့ကြသည်။

နန်းတော်အတွင်းဝယ် ဓားသံတချွင်ချွင်၊ မီးတောက်တဟုန်းဟုန်းဖြင့် စစ်ပွဲက ပို၍ပို၍ ပြင်းထန်လာနေပြီဖြစ်သည်။

မင်းယောဇာမှာ မီးလောင်သောနန်းဆောင်အတွင်း မေ့မျောနေသော အစ်ကိုတော်မဏိကို  ရှာမတွေ့သောကြောင့် အစိုးရိမ်ကြီးစိုးရိမ်လျက်ရှိသည်။ ထိုအချိန်မှာပင် မင်းသားအရုဏတပ်က နန်းတော်ထဲထိပါ ရောက်လာကြောင်း သတင်းသိရှိလိုက်ရသည်။

ထို့ကြောင့် မင်းယောဇာလည်းချက်ချင်းပင် မီးလောင်သောနန်းဆောင်ကိုထားခဲ့ကာ လူသူလက်နက်စုဝေးပြီး ခုခံစစ်ပြင်ဆင်ပါသော်လည်း အရုဏ​တို့ဘက်မှ ရှောင်တခင်တိုက်ခိုက်မှုအင်အားကို မယှဉ်နိုင်တော့ပါချေ။

အရုဏတို့​၏ တဟုန်ထိုးထိုးစစ်က သိပ်ကိုကောင်းမွန်နေပြီး ပြီးပြည့်စုံသောဗျူဟာဖြစ်နေရာ မင်းယောဇာ​၏တပ်မှာ မနည်းတောင့်ခံနေရသည်။

ထိုသို့ မင်းယောဇာနှင့် စုန်းမကိဏီ ဗျာများနေသည်ကို အခွင့်ကောင်းယူကာ နရတ်နှင့် ယုဂန်သည် မှန်ပချုပ်ရှိရာ ကိဏီ​၏နန်းဆောင်ဆီသို့ အလျင်အမြန်သွားကြသည်။

သို့ရာတွင် လမ်း၌ မျက်တစ်လုံးရှင်နှင့် ထိပ်တိုက်ဆုံမိကြသည်။

မျက်တစ်လုံးရှင်သည် နီရဲလွန်းသော တောက်တောက်ပပဝတ်စုံတို့ကို ဝတ်ဆင်ထား​၏။ ဟိုးယခင်က မြင်ဖူးသည့်အတိုင်း သူ​၏အရိုးပမာပိန်လှီညောင်နေသော ကိုယ်ခန္ဓာက သွေးမရှိသည့်အတိုင်း ဖြူဖပ်ဖြူရော်လည်း ဖြစ်နေသေးသည်။

သူက ယုဂန်ကိုမြင်သော် မထီမဲ့မြင်ပြုံးသည်။ ထို့နောက် နရတ်ဘက်ကို ငဲ့ကြည့်ရင်း

" ရှေးဟောင်းမာရစ်မျိုးနွယ်ဝင်က ဘာလို့များ မင်းသားအရုဏဘက်ရောက်နေသလဲဆိုတာကို သိချင်မိသား"

ဟု ခပ်လေးလေးရေရွတ်သည်။

နရတ်တွင် ပြန်ဖြေဆိုရာ အတွေးမရှိနေပါချေ။ သူက ယုဂန်ကြားရုံမျှအသံဖြင့်

" အမတ်မင်းသွားတော့။ မှန်ပချုပ်က အနောက်မြောက်ဘက် တတိယမြောက်နန်းဆောင်မှာ ရှိတယ်။ အဲ့တာ ကိဏီရဲ့နန်းဆောင်ပဲ။ အဲ့နန်းဆောင်ရဲ့ စက်ရာဆောင်ကြမ်းပြင်မှာ အံဝှက်တစ်ခုရှိတယ်။ အဲ့အထဲမှာ မှန်ပချုပ်ထည့်ထားတယ်။ ပြီးတော့ မှတ်ထားပါ။ မှန်ပချုပ်ကို မဖွင့်လိုက်ပါနဲ့။ မှန်ပချုပ်က နှစ်သောင်းချီကြာအောင် မပျက်စီးနိုင်ဘူးဆိုပေမဲ့ ငါးခါအထိပဲဖွင့်ကြည့်ခွင့်ရှိတယ်။ ငါးခါအထိဖွင့်ပြီးရင် သူ့အလိုလိုပျက်စီးပါတယ်။ ဒီနှစ်တွေအတွင်း မှန်ပချုပ်ကို ဘယ်နှခါဖွင့်ကြည့်ပြီးပြီလဲဆိုတာ မသိနိုင်တာမို့လို့ ကိုယ်က အခုချိန်မဖွင့်ထားတာကောင်းတယ်"

ယုဂန် သေချာစွာနားထောင်ရင်း ခေါင်းညိတ်သည်။

ထိုအခြင်းအရာကို ခပ်လှမ်းလှမ်း၌ကြည့်နေသည့် မျက်တစ်လုံးရှင်မြင်သော် မျက်ခုံးပင့်ရင်း

" နှစ်ယောက်တည်း ဘာတွေများပြောနေတာပါလိမ့်"

ဟု သရော်ဟန်ဖြင့်ရေရွတ်သည်။ တစ်ဆက်တည်းပင် မျက်တစ်လုံးရှင်သည် သူ​၏စွမ်းအင်ဖြင့် နရတ်ကို စတင်တိုက်ခိုက်တော့သည်။

နရတ်သည် ရုတ်တရက်တိုက်ခိုက်မှုကို ကာကွယ်လိုက်နိုင်​၏။ သူက ယုဂန်ကို အမူအရာဖြင့် အချက်ပြလိုက်ရာ ယုဂန်လည်း အနောက်မြောက်နန်းဆောင်ရှိရာဆီသို့ တဟုန်ထိုးထွက်ပြေးသွားလေတော့သည်။

ယုဂန်ပြေးသွားသည်ကို မြင်သော် မျက်တစ်လုံးရှင်သည် သူ​၏လည်ပင်း၌ ဝတ်ထားသော လက်သန်းမျှအရွယ်ရှိ ငွေပေါင်းချောင်အသေးစား ဆွဲသီးပါသည့် လည်ဆွဲကို ချွတ်ကာ မြေပြင်ပေါ်သို့ အားပြင်းပြင်းဖြင့်ပစ်ပေါက်လိုက်သည်။

ငွေပေါင်းချောင်သည် မြေပြင်ကို ခပ်ကြမ်းကြမ်းရိုက်မိသည်နှင့် အဖုံးပွင့်ထွက်သွားသည်။ ထို့နောက် ယင်းအထဲမှ များပြားလှသော မီးခိုးလုံးကြီးများ အလိပ်လိပ်ထွက်လာသည်။

ထိုမီးခိုးလုံးကြီးများသည် တဖြည်းဖြည်းစုစည်းသွားပြီး မကောင်းဆိုးဝါးပုံစံများဖြစ်ပေါ်လာသည်။

မျက်တစ်လုံးရှင်သည် အဆိုပါ မဲမှောင်သောမီးခိုးလုံးများဖြင့်ဖွဲ့စည်းထားသည့် မကောင်းဆိုးဝါးများထံသို့ စူးစိုက်ကြည့်ကာ

" ထကြစမ်း!"

ဟူ၍ အသံနက်ကြီးဖြင့် ဟစ်အော်သည်။

ထိုအခါ မကောင်းဆိုးဝါးများသည် အလိပ်လိပ်ထလာကြပြီး မြေကြီးပေါ်တွင် မြန်းလွန်းသောအရှိန်ဖြင့် တွားသွားကာ ယုဂန်အနောက်သို့ တဟုန်ထိုးလိုက်လေသည်။

ယုဂန်သည် တတ်နိုင်သမျှသောလျင်မြန်မှုနှုန်းဖြင့် ကိဏီ​၏နန်းဆောင်ဆီ ပြေးနေ​၏။ ထိုအချိန်မှာပင် လျင်မြန်လွန်းသော မကောင်းဆိုးဝါးများက ယုဂန်အနောက်ကို လိုက်မီလာသည်။

မကောင်းဆိုးဝါးများက တွားသွားလာကြခြင်းဖြစ်ပြိး တချို့မှာမူ နန်းဆောင်နံရံများ၊ ခေါင်မိုးများအပေါ်ပါ တက်၍၊ ခုန်ကူး၍ လိုက်လာကြခြင်းဖြစ်သည်။

ထိုအကောင်များက ယုဂန်ကို ဝါးမျိုရန်ကြိုးစားကြသည်။ ယုဂန်သည် လမ်းကျဉ်းထဲပြေး၍လည်းကောင်း၊ ဘယ်ညာချိုး၍လည်းကောင်း မကောင်းဆိုးဝါးများလက်မှလွတ်အောင် တတ်နိုင်သလောက်ပြေးပါသော်လည်း ယင်းအကောင်များက ယုဂန်ကိုမျက်ခြည်မပြတ်ကြပါချေ။

ထိုအစား ပို၍ပို၍တောင်အမီလိုက်လာနိုင်ပြီး မကောင်းဆိုးဝါးတစ်ကောင်က ယုဂန်​၏ပခုံးကို ကိုက်အံ့ဆဲဆဲအထိ လိုက်မီသွားသည်။

သို့ရာတွင် ထိုအချိန်မှာပင် ရွှမ်းခနဲမြည်သောဓားအသံနှင့်အတူ မကောင်းဆိုးဝါးမှာ ကိုယ်တစ်ပိုင်းပြတ်၍ မြေပေါ်သို့ ဖုတ်ခနဲပြုတ်ကျသွားသည်။

အသံကြောင့် ယုဂန်လှည့်ကြည့်လိုက်သောအချိန်တွင် ဓားကိုယ်စီကိုင်ထားသည့် ပီယံနှင့် နန္ဒကို တွေ့လိုက်ရသည်။

" ပီယံ.. နန္ဒ...ရောက်လာတာ အချိန်မီပဲ"

ယုဂန် အားတက်သွားမိသည်။

သို့သော်လည်း သူတို့မှာကြာကြာမနှုတ်ဆက်နိုင်ဘဲ နန္ဒက ယုဂန်ကို ဓားတစ်ချောင်းပစ်ပေးသည်။

မကောင်းဆိုးဝါးများက သူတို့နားအုံလာပြီဖြစ်သောကြောင့် သူတို့သုံးဦးသား အလျင်အမြန်ခုခံရန်လုပ်ဆောင်ရပြီဖြစ်သည်။

ထို့အပြင် ခုနကနှစ်ပိုင်းပြတ်သွားသော အကောင်မှာလည်း ကိုယ်တစ်ပိုင်းဆီမှ နောက်ထပ်ခန္ဓာကိုယ်အသစ်တစ်ခုစီထွက်လာရာ နှစ်ကောင်ပင်ဖြစ်သွားသေးသည်။

ထို့ကြောင့် ဤအကောင်များကို ဓားဖြင့်ပိုင်း၍မရကြောင်း သူတို့အလိုလိုနားလည်လိုက်သည်။

ပီယံက ဆိုသည်။

" ဒီကောင်တွေကို မီးနဲ့ရှင်းမှရလိမ့်မယ်"

ယုဂန်အမြန်စဉ်းစားရင်း အကြံတစ်ခုရရှိသွားသည်။

" ပီယံ...ပန်းမြတ်ဂနိုင်မှာ ဆီတွေရှိတယ်"

ယုဂန်သည် အဆက်အစပ်မရှိသည့်စကားကို ကပျာကယာအော်ပြော​၏။

ကြားထဲက နန္ဒမှာ ဘာမှနားမလည်လိုက်သော်လည်း နားလည်လိုက်သည့် ပီယံမှာ ယုဂန်ကိုခေါင်းညိတ်ပြသည်။

ထို့နောက် နှစ်ဦိးသား တချိုးတည်းထွက်ပြေးသွားရာ
နန္ဒလည်း သူတို့နောက်သို့ ဘုမသိဘမသိနှင့် ပြေးလိုက် ရလေသည်။

ပီယံနှင့်ယုဂန်မှာ အနီိးနားတွင်ရှိနေသော ပန်းမြတ်ဂနိုင်နန်းဆောင်ထဲသို့ ပြေးဝင်သွားခြင်းဖြစ်သည်။ နန္ဒလည်း သူတို့နှစ်ဦးနောက်သို့ ထပ်ကြပ်မကွာလိုက်ဝင်သွားရာ
မကောင်းဆိုးဝါးများကလည်း အနောက်က လိုက်ဝင်လာကြသည်။

ယုဂန်က ပီယံ၊နန္ဒတို့နှင့် လမ်းခွဲ၍ အခန်းတစ်ခုထဲကိုဝင်ပြေးသည်။ မကောင်းဆိုးဝါးများလည်း အခန်းထဲသို့ရောက်လာသည်။

အဆိုပါအခန်းမှာ အရှေ့နှင့်အနောက် တံခါးနှစ်ပေါက်ပါရာ ယုဂန်သည် အရှေ့တံခါးမှဝင်ပြီးသည်နှင့် အနောက်တံခါးမှ ပြေးထွက်သည်။ ထွက်ပြီးပြီးချင်းလည်း တံခါးကိုပိတ်လိုက်သည်။

ထိုတစ်ချိန်တည်းမှာပင် အရှေ့တံခါးဝ၌ကျန်ခဲ့သော ပီယံက အရှေ့တံခါးကိုပိတ်လိုက်​၏။ ထိုအခါ မကောင်းဆိုးဝါးများ အခန်းတစ်ခုတည်း၌ ပိတ်မိသွားကြသည်။

သို့ရာတွင် မကောင်းဆိုးဝါးများက အငွေ့လုံးကြီးများ ဖြစ်သည်ဖြစ်ရာ တံခါးအောက်ခြေကြားမှ အပြင်သို့စိမ့်ထွက်ရန် ကြိုးပမ်းနေကြသည်။

ထိုအခြင်းအရာကိုမြင်သည်နှင့်ပီယံသည် အနီိးနားရှိ အရေပြားလှရန်လိမ်းကြံသော အလှဆီများ သိုလှောင်ထားရာ အိုးကြီးများကိုမ၍ အခန်းရှေ့၌ ရိုက်ခွဲလိုက်သည်။

နန္ဒလည်း ပီယံလုပ်သည့်အတိုင်း ဆီအိုးများကို ယူ၍ အခန်းတစ်လျှောက် သွန်ချလိုက်သည်။

ပီယံကချက်ချင်းလက်ငင်းပင် အနားရှိ ဆီမီးတိုင်ကို မကာ ဆီအိုင်ထဲသို့ ပစ်ချလိုက်သည်။ ထိုအခါ မီးများမှာ တောက်လျှောက်တောက်လောင်၍ အခန်းတစ်ခန်းလုံးကို မီးစွဲသွားလေသည်။

အခန်းအတွင်းမှ မကောင်းဆိုးဝါးများ​၏ ဆိုးဝါးသောအော်ဟစ်သံများကိုပါ ကြားလိုက်ရသည်။

" အချိန်မရှိဘူး။ မြန်မြန်သွားရအောင်"

ပီယံတို့နားကို ပြန်လာသော ယုဂန်က အမောတကောဖြင့်ဆိုသည်။

ထို့ကြောင့် သုံးဦးသား အချိန်မဆွဲနေတော့ဘဲ ကိဏီ​၏နန်းဆောင်ဆီသို့ သွားကြသည်။

ကိကီ​၏နန်းဆောင်ဆီသို့ ရောက်ရှိလေပြီ။

ယုဂန်သည် စိတ်ဆန္ဒလောစွာဖြင့် နန်းဆောင်ပေါ်ပြေးတက်ပြီး တံခါးကို ခြေဖြင့်ကန်ဖွင့်လိုက်သည်။

ဝင်ဝင်ချင်း နန်းဆောင်​၏ဧည့်တွေ့ခန်းတွင်မူ ရွဲထခေါင်နူးက အဆင်သင့်ရောက်ရှိလို့နေသည်။

ရွဲက ထိုင်ခုံပေါ်တွင် ခပ်မိန့်မိန့်ထိုင်လျက် သူ​၏အနောက်တွင်လည်း စစ်သည်ဆယ်ဦးခန့်က လက်နက်ကိုယ်စီဖြင့် ဝန်းရံနေသည်။

ရွဲထခေါင်နူး​၏လက်ထဲတွင်မူ ထူးခြားသောအရာတစ်ခုကိုဆုပ်ကိုင်ထားသည်။

ထိုအရာက သလင်းကျောက်ပမာကြည်စင်လွန်း၍ လှပလွန်းသောကနုတ်များဖြင့် အသေးစိတ်ပုံဖော်ထားသည့် ဒုလုံးရှည်သဏ္ဌာန်အရာတစ်ခုဖြစ်သည်။

ရွဲထခေါင်နူးက ယုဂန်ရောက်လာသည်ကိုမြင်သော် သူ့လက်ထဲမှ အဆိုပါအရာကို မြှောက်ပင့်ပြသည်။

" ဒါကိုလိုချင်လို့ရောက်လာတယ်ပေါ့။ ဟုတ်လား အမတ်မင်း"

ရွဲတခေါင်နူးက ခပ်ထေ့ထေ့ဆိုသည်။ သူ​၏စကားအရ သူ့လက်ထဲမှအရာမှာ မှန်ပချုပ်သာဖြစ်ရမည်။

ကြည့်ရသည်မှာ ကိဏီသည် ယုဂန် မှန်ပချုပ်အကြောင်းကို မေးလိုက်သည်မို့ ယုဂန်မှန်ပချုပ်ကို ယူဆောင်ရန်လာမည်ဖြစ်ကြောင်း ရိပ်စားမိလိုက်ဟန်ရှိသည်။ ထို့ကြောင့် ရွဲကိုစေလွှတ်ကာ ယုဂန်ကိုစောင့်ဖမ်းရန် ခိုင်းစေလိုက်ခြင်းပင်။ ကိဏီကမူ ရုတ်တရက်ထိုးစစ်ကြောင့် မအားမလပ်ဖြစ်နေမည်မှာ အသေအချာပင်။

ကိဏီနှင့်မင်းယောဇာသည် မည်သို့ပင်ဖြစ်စေကာမူ ယုဂန်ကို အသေရရ၊ အရှင်ရရလိုချင်နေကြမည်သာ။ မင်းသားအရုဏကို ထိန်းချုပ်ရန်နည်းလမ်းသည် ယုဂန်သာဖြစ်ကြောင်း သူတို့နှစ်ဦးလုံး ကောင်းကောင်းကြီးသိသည်။

နန္ဒက ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ယုဂန်​၏အရှေ့မှ ဝင်ရပ်လိုက်သည်။

" စစ်သည်ဆယ်ယောက်ကို အနောက်မှာထားပြီး ငါတို့ကိုတိုက်ဖို့ပြင်တာ မင်းမရှက်ဘူးလား။ သတ္တိရှိရင် ငါတို့တစ်ယောက်ချင်းတိုက်မယ်။ ဒီနည်းနဲ့အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့။ မကောင်းဘူးလား"

ရွဲ ပြုံးသည်။ သူက မထိတထိအသံထွက်ရယ်ရင်း

" သင်ဘာပြောပြော ကျွန်ုပ်က စိတ်မဝင်စားဘူး။ ကျွန်ုပ်က ယုဂန်ကိုပဲ လိုချင်တာ"

ဟု ယုဂန်ဘက်ကို စူးစိုက်ကြည့်လျက်ဆိုသည်။

ထို့နောက် သူအချက်ပေးလိုက်ရာ စစ်သည်ဆယ်ဦးမှာ နန္ဒနှင့်ယုဂန်ရှိရာဘက်ကို တဟုန်ထိုးပြေးဝင်လာတော့သည်။

သုံးဦးသား စစ်သည်ဆယ်ဦးကို တိုက်ခိုက်ရန် အလွန်အမင်းကြိုးစားရ​၏။

ပီယံနှင့် ယုဂန်​၏ဓားရေးစွမ်းရည်မှာ သိပ်မကောင်းလှသည်ဖြစ်ရာ စစ်သည်တိုင်း​၏တိုက်ခိုက်မှုတိုင်းကို လိုက်ကာရံပေးနေရသည်က နန္ဒတစ်ဦးတည်းသာဖြစ်နေသည်။

ရွဲသည် အဆိုပါမြင်ကွင်းကို ထိုင်ရာမှမထ ကြည့်နေ​၏။ ထိုအချိန်တွင် ရွဲ​၏အနောက်ဘက်မှ ထက်ရှသော အရာတစ်ခု တဟုန်ထိုးပျံလာသည်ဟူသော အသိကို ခံစားမိလိုက်ရာ ရွဲအမြန်ထ၍ရှောင်လိုက်သည်။

အမြန်ရှောင်လိုက်နိုင်၍ တော်သေးသည်။ သူ့အနောက်ကို ပျံလာသောအရာက အဲမောင်းတစ်လက်ဖြစ်ပြီး ရွဲထိုင်နေသော ထိုင်ခုံကိုတောင် ထုတ်ချင်းပေါက်သွားစေသည်။

ရွဲထခေါင်နူး အဲမောင်းလာရာ အရပ်ကိုလှည့်ကြည့်လိုက်သည်။ ထိုအခါ ပြတင်းပေါက်မှ သန်မာသောလူတစ်ဦး ခုန်ဝင်လာပြီး အဲမောင်းရှိရာဘက်ကို လက်ဆန့်တန်းလိုက်သည်။

ထိုအခါ ခုံထဲစိုက်ဝင်နေသော အဲမောင်းမှာ နောက်ပြန် ပျံသန်းသွားပြီး အဆိုပါသန်မာသောလူ​၏လက်ထဲသို့ ပြန်သွားလေသည်။

" အစ်ကိုတော်ဒီပါ...."

တိုက်ခိုက်နေရာမှ လှမ်းမြင်လိုက်သော နန္ဒသည် အားကိုးတကြီးနှင့် ဝမ်းပန်းတသာလှမ်းအော်ခေါ်​၏။

ဒီပါက တိုက်ခိုက်ပွဲထဲရောက်နေသည်ကို ဂရုမစိုက်သည့်အလား နန္ဒဘက်ကို လက်လှမ်းပြလိုက်သေးသည်။

ပီယံ မျက်မှောင်ကုတ်သွားသည်။ သူသည် စစ်သည်တစ်ဦးကို ဓားဖြင့်လွှဲယမ်းခုတ်လိုက်ရင်း

" အစ်ကိုတော်က နားနေရမှာလေ။ ဒီကို ဘာလာလုပ်တာလဲ။"

ဟု စိုးရိမ်သောကြောင့် စိတ်ဆိုးဟန်ဖြင့်ပြောမိသည်။

သုဒီပါကမူ အဲမောင်းကို စနစ်ကျသောဟန်ပန်ဖြင့် ဆုပ်ကိုင်ရင်း ရယ်သံစွက်ကာပြောသည်။

" စစ်ပွဲဖြစ်နေတာကို စစ်သည်က ဘယ်လိုလုပ်နားနေနိုင်မှာလဲ။ ပြီးတော့ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်မိဖုရားခေါင်ကြီးက ဒီမှာရှိနေတာ၊ ကာကွယ်ပေးရမှာပေါ့"

စကားဆုံးဆုံးချင်းပင် ဒီပါသည် ရွဲထခေါင်နူးကို သဲကြီးမဲကြီးတိုက်ခိုက်သည်။

ရွဲသည် ဒီပါ​၏တိုက်ခိုက်မှုကိုရှောင်ရှား၍ ပြန်တိုက်ရန် ဟန်ပြင်သော်လည်း ဒီပါက အလွန်တရာစွမ်းရည်ထက်လွန်းသည်ဖြစ်ရာ ပြန်တိုက်ဖို့ရာ မတတ်နိုင်ဘဲဖြစ်နေသည်။

ဒီပါက သာမန်တိုက်ခိုက်ခြင်းမျိုးတောင်မဟုတ်။ ရွဲကို အလွန်တရာအညှိုးအတေးကြီးသည့်ပမာ စက်ဆုပ်သောမျက်လုံးများဖြင့်ကြည့်၍ တစ်စစီဆုတ်ဖြဲမတတ် တိုက်ခိုက်နေခြင်းပင်။

ရွဲထခေါင်နူးကို ဒီပါ လုံးဝမေ့မည်မဟုတ်ချေ။

ဒီမျက်နှာကိုမြင်တိုင်း ဒီပါသည် သူ​၏သေဆုံးသွားသော အစ်ကိုပမာချစ်ခင်ရသည့်တပ်မှူးအား သွား၍ သတိရ​၏။

ထိုတပ်မှူးအတွက် သွေးကြွေးကို သူကဆပ်ရမည်။ ရွဲထခေါင်နူးကို တစ်စစီအပိုင်းပိုင်းခုတ်လျှင်တောင် မကြေအေးနိုင်သည့် သွေးကြွေးမျိုးဖြစ်သည်။

ရွဲသည် သူတစ်ဦးတည်းမနိုင်မှန်းသိသွားသည့်အခါ စစ်သည်အချို့ကို သူ့ဘက်လာရန် လှမ်းအော်ခေါ်လိုက်သည်။

ထိုအခါ စစ်သည်သုံးဦးကပြေးလာပြီး ရွဲဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးကြသည်။

ထိုအချိန်တွင် နန္ဒတို့ဘက်၌ စစ်သည်တစ်ဦးမှာသေပြီး နှစ်ဦးမှာ မထနိုင်အောင် မှောက်သွားပြီဖြစ်ရာ နန္ဒတို့ဘက်တွင်ရှိသော စစ်သည် လေးဦးသာဖြစ်သည်။

သုဒီပါသည် ရွဲအရှေ့မှနေ၍ ကာစီးကာစီးလုပ်နေသော စစ်သည်တို့ကို အချိန်ခဏအတွင်း အမြစ်ဖြုတ်လိုက်နိုင်​၏။

ဒီပါသည် ရွဲကို အဲမောင်းဖြင့်ထိုး​၏။ ရွဲက ဓားဖြင့်ကာလိုက်ရာ ရွဲ​၏လက်ထဲမှ မှန်ပချုပ်မှာ ကြမ်းပြင်ပေါ် လိမ့်ကျသွားလေသည်။

ယုဂန်သည် အဆိုပါအခွင့်အရေးကို လက်မလွှတ်နိုင်သည်ဖြစ်ရာ ကြမ်းပြင်ပေါ် ဝမ်းလျားထိုးပစ်ဝင်၍ မှန်ပချုပ်ကို ယူရန်ကြိုးစားသည်။

သို့ရာတွင် မှန်ပချုပ်ကိုမယူနိုင်သေးခင်မှာပင် မှန်ပချုပ်ကို စစ်သည်တစ်ဦးက နင်းချေမိသွားသည်ဖြစ်ရာ ပချုပ်​၏အဖုံးပွင့်သွားလေသည်။

ယုဂန် လန့်သွားသည်။

ပချုပ်ကို မဖွင့်ဖို့ နရတ်ကမှာခဲ့သော်လည်း ယခု ပွင့်သွားပြီဖြစ်ရာ မဖြစ်မနေဖွင့်ကြည့်ရတော့မည့် အခြေအနေကို ရောက်ရှိသွားလေပြီ။

ယုဂန် ပွင့်သွားသော မှန်ပချုပ်ကို အမြဲဆွဲယူ၍ မတ်တပ်အမြန်ထ,လိုက်သည်။

ပီယံက ယုဂန်ကို ဖမ်းချုပ်ရန် ကြိုးပမ်းသည့် စစ်သည်တစ်ဦး​၏လက်ကို ဓားဖြင့်ခုတ်လိုက်ရင်း အမောတကောပြောသည်။

" ပချုပ်ကို မှန်ဘက် ပစ်လိုက်....အမြန်"

ယုဂန် များများစားစား မတွေးနိုင်ဘဲ ပချုပ်ကိုသယ်၍ စက်ရာဆောင်( အိပ်ခန်း) ထဲ ပြေးသွားသည်။ ထိုထဲတွင် ကြီးမားသော မှန်တစ်ချပ်ရှိရာ ယုဂန်လည်း ပချုပ်ကို ထိုမှန်ရှေ့တည့်တည့်သို့ ပစ်ပေါက်လိုက်သည်။

ပချုပ်သည် လေပေါ်ပျံ၍ မှန်ရှေ့တည့်တည့်ရောက်သော် လေပေါ်မှာတင် ရပ်တန့်သွားသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာတင် ပချုပ်​၏အသွင်သဏ္ဌာန်ပြောင်းလဲသွားပြီး မှန်ကွဲစများ၊ သို့မဟုတ် သလင်းကျောက်များ ကာရံထားသည့် မှန်တစ်ချပ်အသွင်သို့ တစ်တစ်စကြီးမားကျယ်ပြန့်လာသည်။

ယုဂန်​၏အရှေ့တွင် မှန်ကွဲစများစုပေါင်းထားသည့် မညီမညာမှန်တစ်ချပ်ပမာ နံရံတစ်ခုပေါ်လာသည်။ ထိုနံရံပေါ်တွင် ယုဂန်​၏ပုံရိပ်ငယ်များက အတည့်လည်းကောင်း၊ ဇောက်ထိုးလည်းကောင်း၊ ဘေးတစ်စောင်းလည်းကောင်း အမျိုးစံယောင်ပြန်ဟပ်နေသည်။

ထိုနံရံက တဖြည်းဖြည်းနှင့် နဂိုရှိနေသော မှန်နှင့် ပေါင်းစပ်သွားသည်။

နဂိုရှိသောမှန်မှာ သံပြား၊ စတီးပြားပေါ်ရှိ မြင်ကွင်းပမာ ဖြစ်သွားပြီး ရေလှိုင်းလို အလိပ်လိပ်ထသွားသည်။

" ဒီထဲကို ဝင်ရမယ်"

ယုဂန်အနောက်သို့ လိုက်လာသောပီယံက ယုဂန်​၏ပခုံးကို ပုတ်၍ပြောသည်။

ရုတ်တရက်မို့ ယုဂန်ပင် လန့်သွားမိ​၏။

စက်ရာဆောင်​၏အပေါက်ဝတွင်မူ နန္ဒနှင့် ဒီပါက စစ်သည်များ ယုဂန်တို့နောက်မလိုက်လာနိုင်အောင် ကာကွယ်ပေးလျက်ရှိသည်။

ယုဂန်လည်း မစဉ်းစားနိုင်တော့ချေ။ သူ အလိပ်လိပ်ထနေသော မှန်ထဲကို မတွန့်မဆုတ်တိုးဝင်သွားသည်။ ထူးဆန်းစွာနှင့် ဤသည်က ပဝါစထဲဝင်တိုးရသည့်ပမာသာ နူးညံ့၍နေသည်။

ပီယံကလည်း ယုဂန်​၏အနောက်မှလိုက်ဝင်လာသည်။

မှန်ထဲတွင်မူ မှန်ဝင်္ကပါပမာ မှန်အချပ်ပေါင်းများစွာကသာ ကာရံထားနေသည်။ ထိုနေရာမှာ မှန်များသာရှိသည်။

ယုဂန်နှင့်ပီယံသည် လမ်းအနည်းငယ်လျှောက်ပြီး သိပ်မသွားရသေးခင်မှာတင် သလင်းကျောက်ပမာ ကျောက်တုံးကြီးတစ်တုံးပေါ်၌ ထွင်းထုရေးထားသောစာများကို ရှာဖွေတွေ့ရှိသွားသည်။

ယုဂန် စာကိုအမြန်ဖတ်ကြည့်သည်။ ထို့နောက် သူ တအံ့တဩရေရွတ်မိသည်။

" ဒါကဗျာကြီးပဲ"

စာများက အပိုဒ်သုံးပိုဒ်ပါသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။
ကဗျာစာပေကျွမ်းသည့် ပီယံကမူ သေချာစိုက်ကြည့်ပြီး

" တေးထပ်တစ်ပုဒ်ပဲ"

ဟု ပို၍တိကျစွာဆိုသည်။

ထိုအချိန်တွင် ယုဂန်နှင့် ပီယံတို့ရပ်နေရာ မြေကြီးမှာ ငလျင်လှုပ်သည့်ပမာ အုန်းခနဲတုန်ခါသွားလေသည်။

အမိုးပေါ်မှ မှန်တစ်ချို့ အောက်ပြုတ်ကျကာ ကွဲသွား​၏။ ယုဂန်နှင့်ပီယံတို့သာ အရှောင်မြန်၍ ခေါင်းကို မှန်မစိုက်သွားခြင်းဖြစ်သည်။

ပီယံကဆိုသည်။

" ကျွန်ုပ်တို့ ဝင်ခဲ့တဲ့မှန်ကို တစ်ယောက်ယောက်က ကွဲအောင် လုပ်လိုက်တယ်ထင်တယ်။ ဒါဆိုရင်တော့ မကြာခင် ဒီနေရာကြီးပါ ပျက်စီးသွားတော့မှာ"

ပီယံ့​၏စကားမဆုံးခင်မှာတင် ခပ်လှမ်းလှမ်းနေရာမှ မှန်များပြိုကျပျက်စီးကွဲကြေသံကို ကြားရသည်။ ထိုအသံများက ဆက်တိုက်ဖြစ်လာနေပြီး ယုဂန်လှမ်းကြည့်လိုက်သော် အဝေးတစ်နေရာမှ မှန်များ အဆက်မပြတ်ပြုတ်ကျနေသည်ကို တွေ့လိုက်ရသည်။

ယုဂန်သည် ထိုမှန်များ​၏ပြုတ်ကျနှုန်းနှင့် သူတို့ထံမှ အကွာအဝေးကို ခန့်မှန်းပြီး အလျင်အမြန်တွက်ချက်လိုက်သည်။

မှန်ကွဲကြေမှုက သူတို့ဆီ သိပ်မကြာခင်ရောက်ရှိလာလိမ့်မည်။

"ပီယံ... လေးဗီဇနာလောက် အချိန်ရှိမယ်။ မင်းဒီကဗျာအပေါ်ပိုဒ်နဲ့အလယ်တစ်ဝက်ကို ​၏သည်မရွေး အလွတ်ကျက်နိုင်မလား"

( တစ်ဗီဇနာ= ၂၄ စက္ကန့်၊ လေးဗီဇနာ- ၉၆ စက္ကန့်)

ယုဂန်​၏အမေးကို ပီယံ ယုံကြည်ချက်ပြင်းစွာဖြင့် ခေါင်းညိတ်ပြသည်။

ယုဂန်သည် အလေးအနက်ဖြစ်သောမျက်နှာထားနှင့် ခေါင်းညိတ်ပြီး

" စတော့"

ဟုဆိုသည်။

ထိုစကားဆုံးသည်နှင့် ပီယံသည် ကဗျာစာပိုဒ်ကို သေချာစွာအာရုံစိုက်ကြည့်​၏။ ယုဂန်ကမူ ကျန်အလယ်တစ်ဝက်နှင့် အောက်ဆုံးပိုဒ်ကိုဖတ်သည်။

မှန်ကွဲကြေမှုက သူတို့နှင့် တဖြည်းဖြည်းနီးလာသည်။

အချိန်များက အမြန်အဆန်ပင်ကုန်ဆုံးနေ​၏။

မှန်ကွဲကြေမှုက သူတို့​၏ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာလေပြီ။

************************************

A/N

action အခန်းတွေရေးရတာ မော...

26:9:2023
( Tuesday)
.
.
.

Zawgyi

မွန္ပခ်ဳပ္အတြင္းမွ လွ်ိဳ႕ဝွက္ေသာေတးထပ္ကဗ်ာ
________________

"မီး"

" မီးဗ်ိဳ႕"

ေအာ္ဟစ္ဆူညံသံမ်ား ျပည့္ႏွက္သြားေသာ နန္းေတာ္တြင္းဝယ္ ေရပုံးကိုယ္စီျဖင့္ ကပ်ာကယာေျပးလႊားလာေသာ လူမ်ားဟာလည္း မီးေလာင္ကြၽမ္းရာ မင္းသားမဏိ​၏နန္းေဆာင္ဆီသို႔ အသီးသီးေရာက္ရွိလာၾကသည္။

မင္းသားမဏိ​၏နန္းေဆာင္သည္ ႀကီးမားေသာမီးေတာက္ႀကီးမ်ားျဖင့္ ဖုံးလႊမ္းျခင္းခံထားရ​၏။

ရဲမတ္မ်ား၊ အေစခံမ်ား ထိုေနရာသို႔ အလ်င္အျမန္ေရာက္ရွိလာကာ မီးျငႇိမ္းသတ္ရန္ ႀကိဳးပမ္းၾကေသာ္လည္း ေနာက္က်သြားသည္ျဖစ္ရာ မီးေတာက္မွာ ပို၍ပို၍သာ ႀကီးမားလာသည္။ ထို႔ေၾကာင့္ နန္းေဆာင္အတြင္း မလႈပ္မရွားႏိုင္ေသာ မင္းသားမဏိရွိေနသည္ကို သိၾကသည့္တိုင္ မည္သူကမွ မီးထဲတိုးဝင္ၿပီး မကယ္ဆယ္ဝံ့ၾကေခ်။

ထိုအခ်ိန္တြင္ မင္းေယာဇာသည္ မဏိ​၏နန္းေဆာင္မီးေလာင္သည္ဟုအသံၾကားသည္ႏွင့္ သူ​၏ဘုရင္နန္းေဆာင္မွ အလ်င္အျမန္ထြက္ခြာလာခဲ့သည္။ သူသည္ ျမင္းကိုတဟုန္ထိုးစီး၍ မဏိ​၏နန္းေဆာင္ရွိရာဆီ အျမန္ေရာက္ရွိလာၿပီး နန္းေဆာင္ေရွ႕ေရာက္သည္ႏွင့္ ျမင္းမရပ္ခင္ ျမင္းေပၚမွ ခုန္ဆင္းကာ

" အစ္ကိုေတာ္...."

ဟု စိုးရိမ္တႀကီးဟစ္ေအာ္ရင္း နန္းေဆာင္တြင္းသို႔ ေျပးဝင္သည္။

သူသည္ အစ္ကိုေတာ္အတြက္ အလြန္အမင္းစိုးရိမ္ပူပန္ေနသာ္ျဖစ္ရာ တျခားမည္သည့္အႏၲရာယ္ကိုမွလည္း ျမင္ပုံလည္းမရေတာ့ပါေခ်။

ထိုအခ်ိန္မွာပင္ ယင္းေနရာသို႔ စုန္းမကိဏီလည္းေရာက္ရွိလာသည္ျဖစ္ၿပီး သူမသည္ မီးပုံထဲေျပးဝင္ေတာ့မည့္ မင္းေယာဇာကို ျမင္ေသာ္ ကမန္းကတန္းလွမ္းဆြဲေလသည္။

" မင္းႀကီး...အႏၲရာယ္မ်ားပါတယ္"

သို႔ေသာ္လည္း မင္းေယာဇာဟာ တျခားမည္သည္ကိုမွ မျမင္ႏိုင္ေတာ့သည္ျဖစ္ရာ ကိဏီ​၏လက္ကို ၾကမ္းတမ္းစြာပုတ္ခ်ၿပီး

" ဖယ္စမ္းပါ!"

ဟု ေဒါသတႀကီးမာန္မဲသည္။ တဆက္တည္းပင္ သူသည္ မီးေလာင္ရာ နန္းေဆာင္ထဲသို႔ မတြန႔္မဆုတ္ေျပးဝင္သြားသည္။

ကိဏီသည္ အသက္ျပင္းျပင္းတစ္ခ်က္ ရွဴထုတ္လိုက္ၿပီး အက်ပ္႐ိုက္စြာျဖင့္ သူမမ်က္ႏွာသူပြတ္သည္။ ထိုအခ်ိန္တြင္ ရဲမက္တစ္ဦးက ကိဏီရွိရာသို႔ ေရးႀကီးသုတ္ပ်ာေရာက္လာသည္။ ထိုရဲမက္က မင္းေယာဇာဆီ သတင္းေပးပို႔ရမည္ျဖစ္ေသာ္လည္း မင္းေယာဇာမွာ မီးပုံထဲတိုးဝင္သြားၿပီမို႔ ဒုတိယရာထူးအႀကီးဆုံးျဖစ္သည့္ ကိဏီဆီသာ ေျပးလာျခင္းျဖစ္သည္။

"ျပႆနာတက္ပါၿပီ"

ရဲမက္ကဆိုသည္။

ကိဏီ မ်က္ေမွာင္ၾကဳတ္သြားသည္။ သူမ" ေလွ်ာက္ေစ" ဟူသည့္သေဘာျဖင့္ ေမးဆတ္ျပသည္။ ရဲမက္က ေလွ်ာက္တင္ရန္ ဟန္ျပင္စဥ္မွာပင္ တျခားေသာ ဒုတိယေျမာက္ရဲမက္က ကိဏီဆီ ပ်ာယီးပ်ာယာေရာက္ခ်လာျပန္သည္။

"ျပႆနာတက္ပါၿပီ"

ကိဏီ မ်က္ေမွာင္ပို၍ၾကဳတ္သြားၿပီး

" ဘာလို႔ႏွစ္ေယာက္ေတာင္ျပႆနာတက္ေနတာလဲ"

ဟု စိတ္ရႈပ္စြာဆိုသည္။ ရဲမက္ႏွစ္ဦးလည္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္လွည့္ၾကည့္မိၾက​၏။

ကိဏီက ပထမရဲမက္ဘက္ လက္ညႇိဳးထိုးကာ

" မင္းအရင္ေျပာ"

ဟုဆိုသည္။ ပထမရဲမက္က တုန္တုန္ယင္ယင္ျဖင့္ေျပာသည္။

" မင္းသားအ႐ုဏရဲ႕တပ္က ၿမိဳ႕႐ိုးကို တဟုန္ထိုးလာေရာက္တိုက္ခိုက္ေနပါၿပီ"

ကိဏီမ်က္ႏွာပ်က္သြားေသာ္လည္း ေလးေလးနက္နက္စဥ္းစားေနဟန္ျဖင့္ ေခါင္းတစ္ခ်က္ညိတ္ကာ ဒုတိယရဲမက္ဆီ ေမးဆတ္ျပသည္။

ထိုအခါ ဒုတိယရဲမက္က ေလွ်ာက္တင္သည္။

" ဝက္ေသြးစည္းဗဟိုအင္းကြက္ပ်က္စီးသြားပါၿပီ"

ကိဏီမ်က္လုံးျပဴးသြား​၏။ မင္းသားအ႐ုဏ ၿမိဳ႕႐ိုးကိုတိုက္ခိုက္ေနသည္မွာ ယခင္ကတည္းကျဖစ္ေသာ္လည္း ဝက္ေသြးစည္းဗဟိုအင္းကြင္ေၾကာင့္သာ မင္းသားအ႐ုဏတက္မွာ နန္းေတာ္နားမကပ္ႏိုင္ျခင္းျဖစ္သည္။

ယခု ဝက္ေသြးစည္းအစီအရင္ပ်က္သြားသည္ဆိုပါက မင္းသားအ႐ုဏတပ္မွာ နန္းၿမိဳ႕႐ိုးနားသို႔ ခ်ဥ္းကပ္လာႏိုင္ၿပီျဖစ္သည္။

ဖိအားမ်ားေၾကာင့္ ကိဏီ စိတ္ရႈပ္ေထြးကာ အက်ပ္႐ိုက္သြားမိသည္။ ထိုအခ်ိန္မွာပင္ ေနာက္ထပ္ တတိယေျမာက္ေသာ ရဲမက္တစ္ဦး ထပ္မံေရာက္ရွိလာျပန္သည္။

"ျပသနာတက္ပါၿပီ"

ဒီတစ္ခါတြင္ေတာ့ ကိဏီသည္ စိတ္ရႈပ္ေနသည္ျဖစ္ရာ တတိယေျမာက္ရဲမက္ကို

" ဘာျဖစ္ျပန္ၿပီလဲ"

ဟု ေအာ္ေငါက္လိုက္မိသည္။ ရဲမက္မွာ ဇက္ကေလးပုသြားေသာ္လည္း ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္သာ မဝံ့မရဲေလွ်ာက္တင္လာသည္။

" အရွင့္သားမဏိရဲ႕ စီးေတာ္ျခေသၤ့ အသဝနီ၊ သံႀကိဳးေတြကို႐ုန္းၿပီး ထြက္ေျပးပ်ံထြက္သြားပါၿပီ။ ကြၽန္ေတာ္မ်ိဳးတို႔ လိုက္လို႔ မမီလိုက္ပါဘူး"

စကားပင္မဆုံးေသး၊ စတုတၳေျမာက္ရဲမက္က အေျပးအလႊားေရာက္ရွိလာျပန္သည္။

" ျပႆနာႀကီးပါၿပီ"

ကိဏီသည္ ထိုစကားခ်ည္းပင္ၾကားေနရ၍ ေဒါသပင္အလိပ္လိပ္ထြက္လာ​၏။ ထို႔ေၾကာင့္

" ဟာ နင္တို႔ေစာက္ျပႆနာေတြခ်ည္းပဲ။ဘာလဲ ေျပာ"

ဟူ၍သာ ခုနကထက္ျပင္းထန္ေသာ အသံျဖင့္ ဟိန္းေဟာက္ေလ​၏။

စတုတၳေျမာက္ရဲမက္မွာ ငိုခ်ေတာ့မည့္အသြင္ပင္ ေပါက္ေနေလသည္။

" နန္းေတာ္ထဲကို မင္းသားအ႐ုဏရဲ႕တပ္ေတြဝင္လာပါၿပီ"

ကိဏီသည္ ေပါက္ကြဲေတာက္ေလာင္ေတာ့မည့္ မီးေတာက္ႀကီးတစ္ခုအသြင္ျဖင့္ မ်က္ႏွာႀကီးတည္ကာ ခက္ထန္လာေလသည္။

သူမကိုၾကည့္ၿပီး ရဲမက္အသီးသီးဟာလည္း လန႔္ကာ အေနာက္ကိုပင္မသိမသာ ေျခလွမ္းဆုတ္သြားၾကမိ​၏။

ကိဏီက အံႀကိတ္လ်က္ မီးေလာင္ေနေသာ နန္းေဆာင္ဆီ လွည့္ၾကည့္လိုက္သည္။

အစ္ကိုျဖစ္သူအတြက္ စိုးရိမ္စိတ္မႊန္ထူေနေသာ မင္းေယာဇာဟာလည္း မီးအလုံးလုံး၊ မီးခိုးအလိပ္လိပ္ၾကားမွပင္ သူ​၏အစ္ကိုကို အသည္းအသန္လိုက္ရွာေနသည္။

ႏိုင္ငံေရးတြင္ တိုက္ဆိုင္မႈမရွိေခ်။

မီးေလာင္ျခင္းကအစ၊ အစီအရင္ပ်က္သည္အဆုံး မင္းသားအ႐ုဏ​၏ အႀကံအစည္မ်ားသာျဖစ္ရမည္။

ကိဏီ ရယ္မိသည္။

သူမရယ္သည္ကိုျမင္ေသာ္ ရဲမက္ေလးဦးမွာ ကိဏီ ႐ူးသြပ္သြားၿပီလား ဟူေသာအၾကည့္မ်ိဳးျဖင့္ အခ်င္းခ်င္းလွည့္ၾကည့္၍ မ်က္စပစ္ၾကသည္။

ကိဏီကမူ အားပါးတရရယ္ၿပီးမွ

" လတ္စသတ္ေတာ့ ဒါ ဒင္းတို႔ရဲ႕အႀကံအစည္ေတြကိုး"

ဟူ၍သာ အံႀကိတ္သံျဖင့္ ေရ႐ြတ္သည္။

သူမက လက္ဆစ္မ်ားကို တေျဖာင္းေျဖာင္းမည္ေအာင္ခ်ိဳးလိုက္သည္။

" အမတ္ယုဂန္ႏိုင္ကို ရွာၾက။ သူ ေသခ်ာေပါက္ လြတ္သြားေလာက္ၿပီ"

*************************

လြန္ခဲ့ေသာတစ္ရက္ခန႔္က....

ဟီရနန္းေတာ္ကို အေပၚစီးမွလွမ္းျမင္ရေသာ ေတာင္ကုန္းနားတစ္ဝိုက္၌ စခန္းခ်ထားသည့္ မင္းသားအ႐ုဏ​၏တပ္စခန္းရွိရာဆီသို႔ ျမင္းပ်ံႏွစ္စီးဆင္းသက္လာသည္။

ျမင္းပ်ံတစ္စီးေပၚမွ တပ္မႉးသုႏၵရီဆင္းလာၿပီး က်န္တစ္စီးေပၚတြင္မူ မင္းသားနႏၵႏွင့္ သုဒီပါတို႔ႏွစ္ေယာက္ပါသည္။

ဤတြင္ ထူးျခားသည္မွာ မင္းသားသုဒီပါသည္ လက္မ်ားကိုႀကိဳးတုပ္ျခင္းခံထားရၿပီး မ်က္လုံးကိုလည္း အဝတ္ျဖင့္၊ ပါးစပ္ကိုလည္း အဝတ္စအထပ္ထပ္ျဖင့္စည္းေႏွာင္၍ အပိတ္ခံထားရသည္။

မင္းသားသုဒီပါ​၏အေရျပားမွာ အက္ကြဲေနသည့္အျပင္ ေသလူပမာလည္း ျဖဴေလ်ာ့ေနသည္။ ထိုမွ်သာမက သူ​၏လည္ပင္းတြင္လည္းေကာင္း၊ လက္ဖ်ံတြင္လည္းေကာင္း ေသြးေၾကာမည္းနည္းမ်ားက ထင္း၍ယွက္ျဖာေနသည္။

နႏၵသည္ သုဒီိပါ မျပဳတ္က်ေအာင္ သုဒီပါကို သူ​၏ကိုယ္ႏွင့္တြဲ၍ ႀကိဳးခိုင္ခိုင္ခ်ည္ထားသည္။ ျမင္းေပၚမွ ဆင္းမည္ဆိုေသာအခါ သုႏၵရီကလာၿပီး ႀကိဳးျဖည္ေပး​၏။

ထို႔ေနာက္ နႏၵႏွင့္ သုႏၵရီတို႔ႏွစ္ေယာက္ေပါင္းၿပီး အသိစိတ္မရွိေနေသာ သုဒီပါကို ျမင္းေပၚမွ ေအာက္ခ်ေပးသည္။

သုဒီပါမွာ လူအနံ႔ရ၍ စိတ္႐ိုင္းမ်ားထႂကြေနသည္ျဖစ္ေသာ္လည္း မ်က္လုံးႏွင့္ပါးစပ္ တင္းက်ပ္စြာအပိတ္ခံထားရသည္ျဖစ္ေသာေၾကာင့္ ဘာမွမတတ္ႏိုင္ဘဲ သားရဲေကာင္ပမာ တဂီးဂီးတဂဲဂဲအသံျပဳ႐ုံမွ်သာ လုပ္ေနႏိုင္သည္။

နႏၵႏွင့္ သုႏၵရီတို႔ ျပန္လည္ေရာက္ရွိၿပီဟူေသာ သတင္းကိုရရွိလိုက္သည္မို႔ သုံးဦးတည္း စစ္ေရးေဆြးေႏြးေနၾကသည့္ အ႐ုဏ၊ ယုဂန္ႏွင့္ ပီယံတို႔မွာ ယာယီနန္းေဆာင္တြင္းမွ အျပင္သို႔ထြက္လာၾကသည္။

နႏၵသည္ အ႐ုဏကိုျမင္သည္ႏွင့္ အားတင္းထားရသမွ် အကုန္ျပတ္ထြက္ကုန္ကာ မ်က္ႏွာကေလးငိုမဲ့မဲ့ျဖစ္လာသည္။

သူသည္ ဒီပါကိုလည္း လူနံ႔ရၿပီး ေဝးေဝးမေျပးသြားေအာင္လည္း ႀကိဳးေလးဆြဲထားရင္း ငိုသံပါႀကီးႏွင့္ေအာ္ေျပာလာသည္။

" အစ္ကိုေတာ္ဒီပါကို ဘယ္လိုလုပ္ၾကမလဲ...ဘယ္လိုလုပ္ၾကမလဲဟင္..."

အ႐ုဏသည္ နႏၵတို႔နားသို႔ စိုးရိမ္တႀကီးေလွ်ာက္လွမ္းလာ​၏။ သူက သုဒီပါကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ ေရာဂါမ်ားႏွင့္ပတ္သက္ပါက ဗဟုသုတျပည့္စုံေသာ ပီယံမိတ္ဆီ တစ္ခ်က္လွမ္းၾကည့္သည္။

ပီယံမွာလည္း အလြန္အမင္းမ်က္ႏွာမေကာင္းျဖစ္ေနၿပီး သုဒီပါ​၏အေရျပားကို လက္ျဖင့္အသာအယာထိၾကည့္ေနသည္။

ယုဂန္မွာ သုဒီပါကိုၾကည့္ရင္း ရင္ေလးစြာေမးသည္။

" ဘာျဖစ္သြားတာလဲ"

"ဖုတ္ေကာင္အကိုက္ခံလိုက္ရတာ။ အဲ့ဖုတ္ေကာင္ေတြက ငါတို႔ဆီကဖုတ္ေကာင္ေတြလိုမဟုတ္ဘဲ ကိုက္လိုက္တာနဲ႔ အကူးစက္ခံရတယ္။  အစ္ကိုေတာ္က ငါ့ကိုကာကြယ္ရင္း ျဖစ္သြားရတာ။ သူကထားခဲ့ဖို႔ေျပာေပမဲ့ ငါသူ႔ကိုမထားခဲ့ႏိုင္ဘူး"

နႏၵသည္ ေျပာရင္းႏွင့္ပင္ မ်က္ရည္မ်ားဝဲတက္လာ​၏။ အစ္ကိုမ်ားထဲတြင္ ဒီပါမွာ သူ​၏အခင္တြယ္ရဆုံးေသာအစ္ကိုေပမို႔ နႏၵမည္မွ်စိုးရိမ္စိတ္ႏွင့္ မိမိကိုယ္ကိုအျပစ္တင္ေနမိမည္ကို ခန႔္မွန္းသိရွိႏိုင္သည္။

ယုဂန္သည္ နႏၵကိုၾကည့္ရင္း စိတ္ေလးေနမိေသာ္လည္း ပီယံ​၏အားတက္သေရာစကားတစ္ခြန္းက ေလထုကို အေတာ္ေလးေကာင္းမြန္သြားေစသည္။

" မစိုးရိမ္နဲ႔ေတာ့။ ဒါက ကုသလို႔ရတဲ့ေရာဂါပဲ။ ကူးစက္ၿပီး အခ်ိန္တစ္ပတ္ႏွစ္ပတ္ၾကာသြားရင္သာ ကယ္ဆယ္လို႔မရေတာ့တာ။ အခုကကုဖို႔အခ်ိန္မီေသးတယ္။ တစ္ရက္ႏွစ္ရက္ေလာက္ ကုသလိုက္ရင္ အစ္ကိုေတာ္ဒီပါ လူအေကာင္းအတိုင္းျပန္ျဖစ္လာမွာပါ"

ပီယံ့စကားၾကားမွ နႏၵသည္ အသက္ဝဝရွဴႏိုင္ေတာ့​၏။ သူသည္ ထိုအခါမွ ေျမျပင္ေပၚ ေဆာင့္ေၾကာင့္ေလးထိုင္ခ်ကာ ရႈိက္ႀကီးတငင္ငိုေႂကြးေတာ့သည္။

" ေတာ္ေသးတာေပါ့။ ေတာ္ေသးတာေပါ့"

ယုဂန္သည္ နႏၵကို ႏွစ္သိမ့္ရန္အတြက္ သူပါ နႏၵေဘးတြင္ ေဆာင့္ေၾကာင့္ေလးဝင္ထိုင္ၿပီး နႏၵ​၏ေက်ာကိုပုတ္ေပးသည္။

ပီယံက သမားေတာ္ႏွင့္ေတြ႕ရန္အတြက္ သုဒီပါကိုဆြဲေခၚကာ ေဆးကုသေဆာင္ဘက္သို႔ ထြက္သြားသည္။

ထိုအခ်ိန္က်မွ သုႏၵရီသည္ သူမသယ္ေဆာင္လာေသာ ေျမေအာက္လွ်ိဳ႕ဝွက္လမ္းေျမပုံကို ထုတ္ၿပီး အ႐ုဏဆီ တ႐ိုတေသကမ္းလင့္လာသည္။

" ေျမပုံရရွိခဲ့ပါၿပီ အရွင့္သား"

အ႐ုဏ ေျမပုံကိုယူလိုက္​၏။ ထို႔ေနာက္ ေဆာင့္ေၾကာင့္ထိုင္ငိုေနေသာ နႏၵကို သနားၾကင္နာစြာၾကည့္ကာ

" မင္းတို႔အကုန္ ပင္ပန္းခဲ့ရၿပီ။ အနားယူလိုက္ပါဦး"

ဟုဆိုသည္။

သုႏၵရီသည္ အ႐ုဏကို အ႐ိုေသေပးၿပီးေနာက္ နႏၵကိုတစ္ခ်က္ၾကည့္ကာ ထိုေနရာမွထြက္သြား​၏။

က်န္ရစ္ခဲ့ေသာ ယုဂန္ႏွင့္ ေျမပုံကိုင္ထားေသာ အ႐ုဏတို႔မွာ အႀကံကိုယ္စီျဖင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၿပိဳင္တူၾကည့္မိၾကသည္။

ယုဂန္ကဆိုသည္။

" ဒီတိုင္းဆို ကြၽန္ေတာ္တို႔ နန္းတြင္းထဲကို လွ်ိဳ႕ဝွက္လမ္းကေန ဝင္လို႔ရၿပီ။ လြန္ခဲ့တဲ့ငါးႏွစ္ေက်ာ္ေလာက္က အရီးေတာ္မဟာသီဒါတို႔ လုပ္ခဲ့တဲ့အတိုင္းပဲေလ"

ယုဂန္​၏စကားအဆုံးတြင္ အ႐ုဏသည္ ေျမပုံကို စူးစိုက္ၾကည့္​၏။

ထိုအခ်ိန္မွစ၍ ယုဂန္​၏ဗ်ဴဟာမွာ အထင္အရွားအေကာင္အထည္ေပၚလာခဲ့ျခင္းျဖစ္သည္။

******************

ဟီရသို႔မေရာက္ရွိခင္ သုံးရက္ခန႔္က....

( chapter 143 မွအဆက္ျဖစ္သည္)

ဟီရနန္းေတာ္ကို ထိုးစစ္ဆင္မည္ဆိုေသာအခါ ၿမိဳ႕႐ိုးပတ္လည္ကာရံထားေသာ ဝက္ေသြးစည္းအစီအရင္မွာ အဓိကျပႆနာျဖစ္လာသည္။

ထိုအစီအရင္အား မင္းသားဧကသူမွ ပယ္ဖ်က္မည္ဆိုေသာအခါ စိုးရိမ္ေနေသာ ပီယံ​၏ ကန႔္ကြက္မႈႏွင့္ နႏၵ​၏ ေထာက္ခံမႈတို႔က ေဆြးေႏြးပြဲ၌ ဆန႔္က်က္ဘက္ျဖစ္၍ေနသည္။

ထိုအခ်ိန္တြင္ ယုဂန္သည္

" ဧကသူကိုလည္း စြန႔္စားၿပီး စည္းဖ်က္ခိုင္းစရာမလိုဘူး။ကြၽန္ေတာ့္မွာ အႀကံသက္သက္ရွိတယ္"

ဟူ၍ ၾကားျဖတ္ဝင္ေျပာလာ​၏။

ထိုအခါမွ ပီယံႏွင့္ နႏၵ​၏ျငင္းခုံမႈလည္းရပ္တန႔္သြားကာ အားလုံး​၏အာ႐ုံက ယုဂန္ဆီဆိုက္ေရာက္လာသည္။

ယုဂန္က ေလသံရွင္းရွင္းျဖင့္ ေျပာသည္။

" ဒီမတိုင္ခင္က အရွင္နရတ္က ကြၽန္ေတာ့္ကို တစ္ခုေျပာျပဖူးတယ္။ အခ်ိန္ကူးသန္းေပါက္ကို ဖ်က္ဆီးရပ္တန႔္ႏိုင္မယ့္ နည္းလမ္းရွိတယ္တဲ့။ လြန္ခဲ့တဲ့အႏွစ္ခုနစ္ရာက အခ်ိန္ကူးသန္းနည္းေရးခဲ့တဲ့ မာရစ္မ်ိဳးႏြယ္ဟာ ကူးသန္းဝင္ေပါက္ ပိတ္နည္း၊ ဖ်က္ဆီးနည္းကိုပါ တစ္ပါတည္းေရးသားခဲ့တယ္။ အဲ့ဒီ့အရာကို ႏွစ္ေသာင္းခ်ီ ၾကာေညာင္းရင္ေတာင္ မပ်က္စီးႏိုင္တဲ့ မွန္ပခ်ဳပ္နဲ႔သိမ္းဆည္းထားခဲ့တယ္။ သူေသဆုံးၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ အခ်ိန္ကူးသန္းနည္းလမ္းေတြကို ေမွာ္နက္ပညာရွင္ေတြ အခ်င္းခ်င္းလုရင္းရွာရင္းေဖြရင္း ဖ်က္ဆီးေရးနည္းလမ္းမွန္ပခ်ဳပ္ကို စုန္းမဂႏၶမာရဲ႕ မိဘအရင္းေတြ ယူေဆာင္သြားခဲ့တယ္လို႔ဆိုတယ္။

ဒါေပမဲ့ စုန္းမဂႏၶမာရဲ႕မိဘအရင္းေတြဆီကေန စုန္းမကိဏီက ျပန္ယူသြားၿပီး အခု မွန္အခ်ဳပ္က စုန္းမကိဏီလက္ထဲမွာရွိေနတယ္။ ဒါေၾကာင့္ မွန္ပခ်ဳပ္က ေသခ်ာေပါက္ နန္းေတာ္ထဲမွာ ရွိေနလိမ့္မယ္။ အဲ့ဒီ့မွန္ပခ်ဳပ္ကိုပါ ယူရမယ္"

( 145 မွာ ယုဂန္က ကိဏီကို အဲ့ဖ်က္ဆီးနည္းရွိလား ဆိုၿပီးေမးပါတယ္။ ကိဏီက " ယူႏိုင္ရင္ ယူေလ" ဆိုတဲ့သေဘာမ်ိဳးေျပာသြားပါတယ္။ အဲ့ဥစၥာပါ)

စကားအဆုံးတြင္ ယုဂန္သည္ အ႐ုဏဘက္ကိုမသိမသာလွမ္းၾကည့္​၏။ ထို႔ေနာက္သူသည္ တစ္ဆင့္ပိုတိုးေသာေလသံျဖင့္ မဝံ့မရဲျဖစ္ေနသည့္အလား မသဲမကြဲဆိုလာသည္။

" အဲ့တာေၾကာင့္ နန္းေတာ္ထဲကို ကြၽန္ေတာ္ကိုယ္တိုင္ဝင္မယ္"

" ယုဂန္ ဘာေတြေတြးေနျပန္တာလဲ"

ထင္ထားသည့္အတိုင္း အ႐ုဏထံမွ ကန႔္ကြက္ဟန္အျပည့္ပါေသာစကားက ျပတ္ေတာက္စြာထြက္ေပၚလာသည္။

ယုဂန္သည္ ေမာင့္​၏တင္းမာသြားေသာမ်က္ႏွာထားကို ျမင္ေသာ္လည္း စစ္ပြဲမွာ မလႊဲသာမေရွာင္သာအေျခအေနျဖစ္ေနသည္မို႔ လ်စ္လ်ဴရႈလိုက္ရသည္။

" ကြၽန္ေတာ္ေျပာတာ အရင္နားေထာင္ေပးပါ"

အ႐ုဏ မေက်နပ္ဟန္ရွိေသာ္လည္း လူႀကီးလူေကာင္းပီသစြာ ဘာမွဆင္မေျပာေတာ့ဘဲ ယုဂန္ေရွ႕ဆက္ဆိုမည္ကိုသာ နားေထာင္ေပးေနသည္။

ယုဂန္ ေမာင့္ကို သနားပါသည္။ သူ႔ကိုတစ္ခါဆုံးရႈံးဖူးထားသည္မို႔ စိတ္ဒဏ္ရာရေနသည့္ေမာင္က သူ႔ကိုတည္ၾကည္ထားၿပီး စြန႔္စားရမည့္ဗ်ဴဟာမ်ိဳးကို လုံးဝကန႔္ကြက္မည္ျဖစ္ေၾကာင္း ယုဂန္သိသည္။ သို႔တိုင္ ဤသည္က စစ္ပြဲပင္မဟုတ္ပါလား။ ႐ိုး႐ိုးစစ္ပြဲေတာင္မဟုတ္ဘဲ အခန႔္မသင့္ပါက တစ္ကမာၻလုံးပါသြားႏိုင္သည့္ စစ္ပြဲမ်ိဳးျဖစ္သည္။

ဤစစ္ပြဲတြင္ တစ္ေယာက္ေယာက္ကေတာ့ ေသခ်ာေပါက္စြန႔္စားရမည္။ သို႔ေသာ္ျငား ယုဂန္မွာ မေသခ်ာဘဲ စြန႔္စားျခင္းမ်ိဳးမလုပ္ေခ်။ သူ​၏အသက္အႏၲရာယ္မရွိေၾကာင္း အာမခံခ်က္ရွိမွသာ ယုဂန္က စြန႔္စားသည္။

ေသလွ်င္ရႈံးသည္။ မေသမွႏိုင္မည္။

မေသမွာေသခ်ာမွ ရလဒ္ႏွင့္ထိုက္တန္ေသာ စြန႔္စားျခင္းမ်ိဳးကို သူလုပ္ေဆာင္မည္။ ဒါက ယုဂန္​၏ခံယူခ်က္ပင္။

" အာနီ႔ကို ကြၽန္ေတာ္ အျပည့္အဝမယုံၾကည္ဘူး။ ဒါေပမဲ့ သူက ကြၽန္ေတာ္တို႔လူ ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ ကြၽန္ေတာ့္ကို နန္းေတာ္ထဲသြင္းေပးႏိုင္လိမ့္မယ္။ ဝက္ေသြးစည္းအစီအရင္က အစီအရင္လုပ္တဲ့လူက ဝင္လို႔ထြက္လို႔ရတယ္။ စည္းကိုထိန္းခ်ဳပ္လို႔ရတယ္။ ဒါေၾကာင့္ အစီအရင္လုပ္တဲ့သူကသာ ခြင့္ျပဳရင္ ကြၽန္ေတာ္က စည္းကိုအသာေလးျဖတ္ၿပီး နန္းေတာ္ထဲဝင္ႏိုင္မွာပဲ။

အာနီ႔ကို မင္းေယာဇာဆီ ကြၽန္ေတာ့္ကိုဖမ္းဖို႔ နားခ်ခိုင္းလိုက္မယ္။ တကယ္လို႔အာနီက ကြၽန္ေတာ္တို႔လူသာမွန္ရင္ ကြၽန္ေတာ္ခိုင္းတဲ့အတိုင္း ကြၽန္ေတာ့္ကိုဖမ္းၿပီး ဝက္ေသြးစည္းဗဟိုအင္းကြက္ကို ဖ်က္ဆီးေပးလိမ့္မယ္။ တကယ္လို႔ ကြၽန္ေတာ္တို႔လူမဟုတ္ဘူးဆိုရင္လည္း ကြၽန္ေတာ့္ကို ဖမ္းေအာင္ေတာ့ သူလုပ္မွာအေသအခ်ာပဲ။

ကြၽန္ေတာ္က ေလာေလာဆယ္မွာ ကမာၻဦးမ်က္ရွင္ရဲ႕ ပိုင္ရွင္။ မင္းေယာဇာအေနနဲ႔ ကြၽန္ေတာ့္ကိုယ္ထဲကမ်က္ရွင္အစြမ္းကို လိုအပ္တာမို႔ ကြၽန္ေတာ့္ကို လက္ဖ်ားနဲ႔မွာထိလိမ့္မွာမဟုတ္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္အဖမ္းခံရလည္း အႏၲရာယ္မရွိဘူး"

ယုဂန္ အ႐ုဏကိုလွည့္ၾကည့္ၿပီး ထိုစကားဆို​၏။ ထို႔တိုင္ အ႐ုဏက ယုဂန္ကို ဤစစ္ပြဲတြင္ ကိုယ္တိုင္ပါဝင္ပတ္သက္ေစလိုျခင္း ရွိပုံမေပၚပါေခ်။

အ႐ုဏ​၏မ်က္ႏွာအမူအရာက အေတာ္ေလးပ်က္ယြင္းေနၿပီျဖစ္သည္။

" အရင္ဆုံး နန္းေတာ္ထဲကို ကြၽန္ေတာ္အဖမ္းခံရရင္ ကြၽန္ေတာ့္အေနာက္ကေန အရွင္နရတ္က ထပ္ၾကပ္မကြာ ေနာက္ေယာင္ခံလိုက္ေပးပါ။ အရွင္နရတ္ရဲ႕အစြမ္းနဲ႔သာဆို
ကြၽန္ေတာ္ေနာက္ကို ေသခ်ာေပါက္လိုက္လာႏိုင္လိမ့္မယ္လို႔ ယုံၾကည္တယ္။ ဒါဆိုကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး နန္းတြင္းထဲ ေရာက္လိမ့္မယ္။ နန္းတြင္းထဲေရာက္တာနဲ႔ မွန္ပခ်ဳပ္ကိုရွာမယ္။ အာနီ႔ကို ဗဟိုအင္းကြက္ဖ်က္ဆီးခိုင္းၿပီး တကယ္လို႔ သူကသာ မင္းေယာဇာရဲ႕လူျဖစ္ေနလို႔ အင္းကြက္ကို မဖ်က္ဆီးရင္ အရွင္နရတ္ကပဲ ဖ်က္ဆီးေပးပါ"

" ကြၽန္ုပ္ လိုက္ပါလာတဲ့အေၾကာင္းကို အဲ့ဒီ့အာနီဆိုတဲ့သူ မသိေအာင္ လွ်ိဳ႕ဝွက္ထားမွာေပါ့"

နရတ္က ေမးသည္။ ယုဂန္ ေခါင္းညိတ္သည္။

" အာနီ႔ကို အလုံးစုံမယုံၾကည္ေသးတာမို႔လို႔ အရွင္ပါမယ့္အေၾကာင္း အကုန္မေျပာပါဘူး။ ကြၽန္ေတာ္ သူ႔လုပ္ေစခ်င္တဲ့အရာေလာက္ပဲ ေျပာျပထားမွာပါ"

" ဒါဆိုရင္ေတာ့ ဒါက ျပည့္စုံတဲ့ဗ်ဴဟာလို႔ ေျပာလို႔ရပါတယ္"

နရတ္က ေထာက္ခံေသာ္လည္း အ႐ုဏမွာမူ ယခုထက္တိုင္ ဒီအစီအစဥ္အား ကန႔္ကြက္လိုဟန္အျပည့္ျဖစ္ေနသည္။

သူက မေမွ်ာ္လင့္ထားေသာ အမွားအယြင္းတစ္စုံတစ္ရာေၾကာင့္ ယုဂန္တစ္ခုခုျဖစ္သြားမည္ကို အလြန္အမင္းစိုးရိမ္ေနမိသည္။ သို႔တိုင္ ယုဂန္က ခိုင္ခိုင္မာမာေျပာဆိုေနျခင္းျဖစ္သည္မို႔ တားမရေတာ့မွန္းလည္း သူသိျပန္သည္။

ယုဂန္က ယုံၾကည္စိတ္သာခိုင္မာပါလွ်င္ ေခါင္းမာမာႏွင့္ မရမကလုပ္တတ္သူျဖစ္ေၾကာင္းကို သူအသိဆုံးပင္ျဖစ္သည္။

ယုဂန္ကထပ္မံဆိုသည္။

" ၿပီးရင္ မင္းေယာဇာ ဗ်ာမ်ားသြားေအာင္လုပ္ၾကမယ္"

" ဘယ္လိုလုပ္မွာလဲ"

နႏၵက သိခ်င္စိတ္ႏွင့္ေမးသည္။ ယုဂန္က အသက္တစ္ခ်က္ရႈိက္ၿပီးေနာက္ တက္တက္ႂကြႂကြႏွင့္ ေျပာသည္။

" မီးရႈိ႕ၾကမယ္...

မင္းသားမဏိရဲ႕နန္းေဆာင္ကို...."

**************************

နႏၵႏွင့္သုႏၵရီတို႔ ျပန္လည္ေရာက္ရွိၿပီး ေျမပုံရရွိၿပီးခ်ိန္....

ေျမပုံရရွိၿပီးသည့္ခ်က္ခ်င္းပင္ အစည္းအေဝးတစ္ခုျပဳလုပ္ခဲ့ၾကသည္။

အဆိုပါအစည္းအေဝးအဆုံးတြင္ အားလုံးက ယုဂန္​၏ဗ်ဴဟာကို အမွန္အကန္ေဆာင္႐ြက္ရန္ သေဘာတူဆုံးျဖတ္ခဲ့ၾကသည္။

ယုဂန္​၏ေခါင္းမာမႈကို သိရွိၿပီးျဖစ္သည္မို႔ အ႐ုဏမွာလည္း မလက္ခံခ်င္သည့္တိုင္ ေခါင္းညိတ္ခဲ့ရသည္။

ယခင္ခ်မွတ္ထားေသာ ဗ်ဴဟာႏွင့္အတန္ငယ္ကြဲလြဲသြားသည့္အရာဟူ၍ လွ်ိဳ႕ဝွက္လမ္းေျမပုံရွိသြားျခင္းသာ ကြာျခားသည္။ သို႔ေသာ္လည္း ေျမပုံရရွိသြားျခင္းက ႀကီးမားေသာကြာျခားခ်က္ကိုျဖစ္ေစသည္။

ဤသည္မွာ အ႐ုဏ​၏တပ္မ်ားသည္ လွ်ိဳ႕ဝွက္ေျမေအာက္လမ္းမွတစ္ဆင့္ ဟီရနန္းေတာ္ထဲသို႔ အလြယ္တကူက်ဴးေက်ာ္ဝင္ေရာက္ႏိုင္သြားျခင္းပင္။

ဗ်ဴဟာအရ ယုဂန္သည္ ယုန္တူရွဥ့္တူေလး ပုတုအားအသုံးျပဳ၍ အာနီ႔ကို စာႏွစ္ေစာင္ေပးပို႔လိုက္သည္။

တစ္ေစာင္တြင္ ( မင္းေယာဇာအား ယုဂန္ကိုဖမ္းဆီးေခၚေဆာင္ဖို႔အတြက္ ေသြးထိုးေပးရန္ႏွင့္
ယုဂန္နန္းေတာ္သို႔ေရာက္ၿပီးည၌ ဝက္ေသြးစည္းဗဟိုအင္းကြက္ကို ဖ်က္ဆီးေပးရန္) စေသာအမိန႔္မ်ားပါဝင္သည္။

ဒုတိယတစ္ေစာင္တြင္မူ ယုဂန္က ေရးသားထားသည့္ပုံစံျဖင့္ ( ည၌ မိမိအားေတာစပ္အတြင္း လာေရာက္ေတြ႕ဆုံရန္) ေရးသားထားသည္။

အာနီက ပထမတစ္ေစာင္ကို မီးရႈိ႕လိုက္ကာ ဒုတိယတစ္ေစာင္ကိုမူ စီစဥ္ထားသည့္အတိုင္း မင္းေယာဇာထံတင္ျပ၍ ယုဂန္ကိုဖမ္းဆီးေခၚေဆာင္ရန္ အႀကံကို နားသြင္းေပးလိုက္သည္။

ဤသည္ႏွင့္ ယုဂန္ တမင္တကာအဖမ္းဆီးခံလိုက္သည္။ သူႏွင့္အတူ အရွင္နရတ္ကပါ နန္းေတာ္ထဲ လွ်ိဳ႕ဝွက္လိုက္ပါဝင္လာသည္။

ယုဂန္ အဖမ္းဆီးခံထားရသည့္အေတာအတြင္း အရွင္နရတ္က ကိဏီ၌ရွိေသာ မွန္ပခ်ဳပ္ကိုလိုက္ရွာသည္။

ညေရာက္ေသာအခါတြင္မူ နရတ္က မင္းသားမဏိ​၏နန္းေဆာင္ကို မီးရႈိ႕သည္။ ၿပီးသည္ႏွင့္ ယုဂန္ကို လာေရာက္ကယ္ဆယ္သည္။

တစ္ခ်ိန္တည္းတြင္ပင္ အာနီက ဝက္ေသြးစည္းဗဟိုအင္းပြက္အား ဖ်က္ဆီးလိုက္​၏။

စည္းပ်က္သည္ႏွင့္ ေစာင့္ဆိုင္းေနေသာ အ႐ုဏ​၏တပ္မ်ားက ၿမိဳ႕႐ိုးကို တရၾကမ္းဝင္တိုက္သည္။

ထို႔အျပင္ တပ္အခ်ိဳ႕ကလည္း ေျမေအာက္လွ်ိဳ႕ဝွက္လမ္းမွတစ္ဆင့္ နန္းေတာ္ထဲသို႔ ဝင္ေရာက္လာၾကသည္။

မင္းေယာဇာမွာ အစ္ကိုျဖစ္သူအတြက္ ဗ်ာမ်ားေနသည္ျဖစ္ရာ အ႐ုဏတပ္​၏ေရွာင္တခင္ ဝင္ေရာက္တိုက္ခိုက္မႈကို ႀကိဳတင္ မခန႔္မွန္းႏိုင္လိုက္ေခ်။ ကာကြယ္ဖို႔၊ ခုခံဖို႔ရာလည္း မလုပ္ေဆာင္လိုက္ႏိုင္ေခ်။

ထို႔ေၾကာင့္ ဗ်ဴဟာမွာ စီစဥ္ထားသည့္အတိုင္း မလြဲမေသြ ျဖစ္လာခဲ့သည္။

*************************

လက္ရွိအခ်ိန္တြင္ျဖစ္သည္။

နရတ္သည္ ယုဂန္ကိုကယ္ဆယ္ၿပီးသည္ႏွင့္ သူတို႔ႏွစ္ဦးအတူ နန္းေဆာင္ အျပင္ဘက္သို႔ အျမန္အဆန္ထြက္လာခဲ့ၾကသည္။

နန္းေတာ္အတြင္းဝယ္ ဓားသံတခြၽင္ခြၽင္၊ မီးေတာက္တဟုန္းဟုန္းျဖင့္ စစ္ပြဲက ပို၍ပို၍ ျပင္းထန္လာေနၿပီျဖစ္သည္။

မင္းေယာဇာမွာ မီးေလာင္ေသာနန္းေဆာင္အတြင္း ေမ့ေမ်ာေနေသာ အစ္ကိုေတာ္မဏိကို  ရွာမေတြ႕ေသာေၾကာင့္ အစိုးရိမ္ႀကီးစိုးရိမ္လ်က္ရွိသည္။ ထိုအခ်ိန္မွာပင္ မင္းသားအ႐ုဏတပ္က နန္းေတာ္ထဲထိပါ ေရာက္လာေၾကာင္း သတင္းသိရွိလိုက္ရသည္။

ထို႔ေၾကာင့္ မင္းေယာဇာလည္းခ်က္ခ်င္းပင္ မီးေလာင္ေသာနန္းေဆာင္ကိုထားခဲ့ကာ လူသူလက္နက္စုေဝးၿပီး ခုခံစစ္ျပင္ဆင္ပါေသာ္လည္း အ႐ုဏ​တို႔ဘက္မွ ေရွာင္တခင္တိုက္ခိုက္မႈအင္အားကို မယွဥ္ႏိုင္ေတာ့ပါေခ်။

အ႐ုဏတို႔​၏ တဟုန္ထိုးထိုးစစ္က သိပ္ကိုေကာင္းမြန္ေနၿပီး ၿပီးျပည့္စုံေသာဗ်ဴဟာျဖစ္ေနရာ မင္းေယာဇာ​၏တပ္မွာ မနည္းေတာင့္ခံေနရသည္။

ထိုသို႔ မင္းေယာဇာႏွင့္ စုန္းမကိဏီ ဗ်ာမ်ားေနသည္ကို အခြင့္ေကာင္းယူကာ နရတ္ႏွင့္ ယုဂန္သည္ မွန္ပခ်ဳပ္ရွိရာ ကိဏီ​၏နန္းေဆာင္ဆီသို႔ အလ်င္အျမန္သြားၾကသည္။

သို႔ရာတြင္ လမ္း၌ မ်က္တစ္လုံးရွင္ႏွင့္ ထိပ္တိုက္ဆုံမိၾကသည္။

မ်က္တစ္လုံးရွင္သည္ နီရဲလြန္းေသာ ေတာက္ေတာက္ပပဝတ္စုံတို႔ကို ဝတ္ဆင္ထား​၏။ ဟိုးယခင္က ျမင္ဖူးသည့္အတိုင္း သူ​၏အ႐ိုးပမာပိန္လွီေညာင္ေနေသာ ကိုယ္ခႏၶာက ေသြးမရွိသည့္အတိုင္း ျဖဴဖပ္ျဖဴေရာ္လည္း ျဖစ္ေနေသးသည္။

သူက ယုဂန္ကိုျမင္ေသာ္ မထီမဲ့ျမင္ၿပဳံးသည္။ ထို႔ေနာက္ နရတ္ဘက္ကို ငဲ့ၾကည့္ရင္း

" ေရွးေဟာင္းမာရစ္မ်ိဳးႏြယ္ဝင္က ဘာလို႔မ်ား မင္းသားအ႐ုဏဘက္ေရာက္ေနသလဲဆိုတာကို သိခ်င္မိသား"

ဟု ခပ္ေလးေလးေရ႐ြတ္သည္။

နရတ္တြင္ ျပန္ေျဖဆိုရာ အေတြးမရွိေနပါေခ်။ သူက ယုဂန္ၾကား႐ုံမွ်အသံျဖင့္

" အမတ္မင္းသြားေတာ့။ မွန္ပခ်ဳပ္က အေနာက္ေျမာက္ဘက္ တတိယေျမာက္နန္းေဆာင္မွာ ရွိတယ္။ အဲ့တာ ကိဏီရဲ႕နန္းေဆာင္ပဲ။ အဲ့နန္းေဆာင္ရဲ႕ စက္ရာေဆာင္ၾကမ္းျပင္မွာ အံဝွက္တစ္ခုရွိတယ္။ အဲ့အထဲမွာ မွန္ပခ်ဳပ္ထည့္ထားတယ္။ ၿပီးေတာ့ မွတ္ထားပါ။ မွန္ပခ်ဳပ္ကို မဖြင့္လိုက္ပါနဲ႔။ မွန္ပခ်ဳပ္က ႏွစ္ေသာင္းခ်ီၾကာေအာင္ မပ်က္စီးႏိုင္ဘူးဆိုေပမဲ့ ငါးခါအထိပဲဖြင့္ၾကည့္ခြင့္ရွိတယ္။ ငါးခါအထိဖြင့္ၿပီးရင္ သူ႔အလိုလိုပ်က္စီးပါတယ္။ ဒီႏွစ္ေတြအတြင္း မွန္ပခ်ဳပ္ကို ဘယ္ႏွခါဖြင့္ၾကည့္ၿပီးၿပီလဲဆိုတာ မသိႏိုင္တာမို႔လို႔ ကိုယ္က အခုခ်ိန္မဖြင့္ထားတာေကာင္းတယ္"

ယုဂန္ ေသခ်ာစြာနားေထာင္ရင္း ေခါင္းညိတ္သည္။

ထိုအျခင္းအရာကို ခပ္လွမ္းလွမ္း၌ၾကည့္ေနသည့္ မ်က္တစ္လုံးရွင္ျမင္ေသာ္ မ်က္ခုံးပင့္ရင္း

" ႏွစ္ေယာက္တည္း ဘာေတြမ်ားေျပာေနတာပါလိမ့္"

ဟု သေရာ္ဟန္ျဖင့္ေရ႐ြတ္သည္။ တစ္ဆက္တည္းပင္ မ်က္တစ္လုံးရွင္သည္ သူ​၏စြမ္းအင္ျဖင့္ နရတ္ကို စတင္တိုက္ခိုက္ေတာ့သည္။

နရတ္သည္ ႐ုတ္တရက္တိုက္ခိုက္မႈကို ကာကြယ္လိုက္ႏိုင္​၏။ သူက ယုဂန္ကို အမူအရာျဖင့္ အခ်က္ျပလိုက္ရာ ယုဂန္လည္း အေနာက္ေျမာက္နန္းေဆာင္ရွိရာဆီသို႔ တဟုန္ထိုးထြက္ေျပးသြားေလေတာ့သည္။

ယုဂန္ေျပးသြားသည္ကို ျမင္ေသာ္ မ်က္တစ္လုံးရွင္သည္ သူ​၏လည္ပင္း၌ ဝတ္ထားေသာ လက္သန္းမွ်အ႐ြယ္ရွိ ေငြေပါင္းေခ်ာင္အေသးစား ဆြဲသီးပါသည့္ လည္ဆြဲကို ခြၽတ္ကာ ေျမျပင္ေပၚသို႔ အားျပင္းျပင္းျဖင့္ပစ္ေပါက္လိုက္သည္။

ေငြေပါင္းေခ်ာင္သည္ ေျမျပင္ကို ခပ္ၾကမ္းၾကမ္း႐ိုက္မိသည္ႏွင့္ အဖုံးပြင့္ထြက္သြားသည္။ ထို႔ေနာက္ ယင္းအထဲမွ မ်ားျပားလွေသာ မီးခိုးလုံးႀကီးမ်ား အလိပ္လိပ္ထြက္လာသည္။

ထိုမီးခိုးလုံးႀကီးမ်ားသည္ တျဖည္းျဖည္းစုစည္းသြားၿပီး မေကာင္းဆိုးဝါးပုံစံမ်ားျဖစ္ေပၚလာသည္။

မ်က္တစ္လုံးရွင္သည္ အဆိုပါ မဲေမွာင္ေသာမီးခိုးလုံးမ်ားျဖင့္ဖြဲ႕စည္းထားသည့္ မေကာင္းဆိုးဝါးမ်ားထံသို႔ စူးစိုက္ၾကည့္ကာ

" ထၾကစမ္း!"

ဟူ၍ အသံနက္ႀကီးျဖင့္ ဟစ္ေအာ္သည္။

ထိုအခါ မေကာင္းဆိုးဝါးမ်ားသည္ အလိပ္လိပ္ထလာၾကၿပီး ေျမႀကီးေပၚတြင္ ျမန္းလြန္းေသာအရွိန္ျဖင့္ တြားသြားကာ ယုဂန္အေနာက္သို႔ တဟုန္ထိုးလိုက္ေလသည္။

ယုဂန္သည္ တတ္ႏိုင္သမွ်ေသာလ်င္ျမန္မႈႏႈန္းျဖင့္ ကိဏီ​၏နန္းေဆာင္ဆီ ေျပးေန​၏။ ထိုအခ်ိန္မွာပင္ လ်င္ျမန္လြန္းေသာ မေကာင္းဆိုးဝါးမ်ားက ယုဂန္အေနာက္ကို လိုက္မီလာသည္။

မေကာင္းဆိုးဝါးမ်ားက တြားသြားလာၾကျခင္းျဖစ္ၿပိး တခ်ိဳ႕မွာမူ နန္းေဆာင္နံရံမ်ား၊ ေခါင္မိုးမ်ားအေပၚပါ တက္၍၊ ခုန္ကူး၍ လိုက္လာၾကျခင္းျဖစ္သည္။

ထိုအေကာင္မ်ားက ယုဂန္ကို ဝါးမ်ိဳရန္ႀကိဳးစားၾကသည္။ ယုဂန္သည္ လမ္းက်ဥ္းထဲေျပး၍လည္းေကာင္း၊ ဘယ္ညာခ်ိဳး၍လည္းေကာင္း မေကာင္းဆိုးဝါးမ်ားလက္မွလြတ္ေအာင္ တတ္ႏိုင္သေလာက္ေျပးပါေသာ္လည္း ယင္းအေကာင္မ်ားက ယုဂန္ကိုမ်က္ျခည္မျပတ္ၾကပါေခ်။

ထိုအစား ပို၍ပို၍ေတာင္အမီလိုက္လာႏိုင္ၿပီး မေကာင္းဆိုးဝါးတစ္ေကာင္က ယုဂန္​၏ပခုံးကို ကိုက္အံ့ဆဲဆဲအထိ လိုက္မီသြားသည္။

သို႔ရာတြင္ ထိုအခ်ိန္မွာပင္ ႐ႊမ္းခနဲျမည္ေသာဓားအသံႏွင့္အတူ မေကာင္းဆိုးဝါးမွာ ကိုယ္တစ္ပိုင္းျပတ္၍ ေျမေပၚသို႔ ဖုတ္ခနဲျပဳတ္က်သြားသည္။

အသံေၾကာင့္ ယုဂန္လွည့္ၾကည့္လိုက္ေသာအခ်ိန္တြင္ ဓားကိုယ္စီကိုင္ထားသည့္ ပီယံႏွင့္ နႏၵကို ေတြ႕လိုက္ရသည္။

" ပီယံ.. နႏၵ...ေရာက္လာတာ အခ်ိန္မီပဲ"

ယုဂန္ အားတက္သြားမိသည္။

သို႔ေသာ္လည္း သူတို႔မွာၾကာၾကာမႏႈတ္ဆက္ႏိုင္ဘဲ နႏၵက ယုဂန္ကို ဓားတစ္ေခ်ာင္းပစ္ေပးသည္။

မေကာင္းဆိုးဝါးမ်ားက သူတို႔နားအုံလာၿပီျဖစ္ေသာေၾကာင့္ သူတို႔သုံးဦးသား အလ်င္အျမန္ခုခံရန္လုပ္ေဆာင္ရၿပီျဖစ္သည္။

ထို႔အျပင္ ခုနကႏွစ္ပိုင္းျပတ္သြားေသာ အေကာင္မွာလည္း ကိုယ္တစ္ပိုင္းဆီမွ ေနာက္ထပ္ခႏၶာကိုယ္အသစ္တစ္ခုစီထြက္လာရာ ႏွစ္ေကာင္ပင္ျဖစ္သြားေသးသည္။

ထို႔ေၾကာင့္ ဤအေကာင္မ်ားကို ဓားျဖင့္ပိုင္း၍မရေၾကာင္း သူတို႔အလိုလိုနားလည္လိုက္သည္။

ပီယံက ဆိုသည္။

" ဒီေကာင္ေတြကို မီးနဲ႔ရွင္းမွရလိမ့္မယ္"

ယုဂန္အျမန္စဥ္းစားရင္း အႀကံတစ္ခုရရွိသြားသည္။

" ပီယံ...ပန္းျမတ္ဂႏိုင္မွာ ဆီေတြရွိတယ္"

ယုဂန္သည္ အဆက္အစပ္မရွိသည့္စကားကို ကပ်ာကယာေအာ္ေျပာ​၏။

ၾကားထဲက နႏၵမွာ ဘာမွနားမလည္လိုက္ေသာ္လည္း နားလည္လိုက္သည့္ ပီယံမွာ ယုဂန္ကိုေခါင္းညိတ္ျပသည္။

ထို႔ေနာက္ ႏွစ္ဦိးသား တခ်ိဳးတည္းထြက္ေျပးသြားရာ
နႏၵလည္း သူတို႔ေနာက္သို႔ ဘုမသိဘမသိႏွင့္ ေျပးလိုက္ ရေလသည္။

ပီယံႏွင့္ယုဂန္မွာ အနီိးနားတြင္ရွိေနေသာ ပန္းျမတ္ဂႏိုင္နန္းေဆာင္ထဲသို႔ ေျပးဝင္သြားျခင္းျဖစ္သည္။ နႏၵလည္း သူတို႔ႏွစ္ဦးေနာက္သို႔ ထပ္ၾကပ္မကြာလိုက္ဝင္သြားရာ
မေကာင္းဆိုးဝါးမ်ားကလည္း အေနာက္က လိုက္ဝင္လာၾကသည္။

ယုဂန္က ပီယံ၊နႏၵတို႔ႏွင့္ လမ္းခြဲ၍ အခန္းတစ္ခုထဲကိုဝင္ေျပးသည္။ မေကာင္းဆိုးဝါးမ်ားလည္း အခန္းထဲသို႔ေရာက္လာသည္။

အဆိုပါအခန္းမွာ အေရွ႕ႏွင့္အေနာက္ တံခါးႏွစ္ေပါက္ပါရာ ယုဂန္သည္ အေရွ႕တံခါးမွဝင္ၿပီးသည္ႏွင့္ အေနာက္တံခါးမွ ေျပးထြက္သည္။ ထြက္ၿပီးၿပီးခ်င္းလည္း တံခါးကိုပိတ္လိုက္သည္။

ထိုတစ္ခ်ိန္တည္းမွာပင္ အေရွ႕တံခါးဝ၌က်န္ခဲ့ေသာ ပီယံက အေရွ႕တံခါးကိုပိတ္လိုက္​၏။ ထိုအခါ မေကာင္းဆိုးဝါးမ်ား အခန္းတစ္ခုတည္း၌ ပိတ္မိသြားၾကသည္။

သို႔ရာတြင္ မေကာင္းဆိုးဝါးမ်ားက အေငြ႕လုံးႀကီးမ်ား ျဖစ္သည္ျဖစ္ရာ တံခါးေအာက္ေျခၾကားမွ အျပင္သို႔စိမ့္ထြက္ရန္ ႀကိဳးပမ္းေနၾကသည္။

ထိုအျခင္းအရာကိုျမင္သည္ႏွင့္ပီယံသည္ အနီိးနားရွိ အေရျပားလွရန္လိမ္းႀကံေသာ အလွဆီမ်ား သိုေလွာင္ထားရာ အိုးႀကီးမ်ားကိုမ၍ အခန္းေရွ႕၌ ႐ိုက္ခြဲလိုက္သည္။

နႏၵလည္း ပီယံလုပ္သည့္အတိုင္း ဆီအိုးမ်ားကို ယူ၍ အခန္းတစ္ေလွ်ာက္ သြန္ခ်လိုက္သည္။

ပီယံကခ်က္ခ်င္းလက္ငင္းပင္ အနားရွိ ဆီမီးတိုင္ကို မကာ ဆီအိုင္ထဲသို႔ ပစ္ခ်လိုက္သည္။ ထိုအခါ မီးမ်ားမွာ ေတာက္ေလွ်ာက္ေတာက္ေလာင္၍ အခန္းတစ္ခန္းလုံးကို မီးစြဲသြားေလသည္။

အခန္းအတြင္းမွ မေကာင္းဆိုးဝါးမ်ား​၏ ဆိုးဝါးေသာေအာ္ဟစ္သံမ်ားကိုပါ ၾကားလိုက္ရသည္။

" အခ်ိန္မရွိဘူး။ ျမန္ျမန္သြားရေအာင္"

ပီယံတို႔နားကို ျပန္လာေသာ ယုဂန္က အေမာတေကာျဖင့္ဆိုသည္။

ထို႔ေၾကာင့္ သုံးဦးသား အခ်ိန္မဆြဲေနေတာ့ဘဲ ကိဏီ​၏နန္းေဆာင္ဆီသို႔ သြားၾကသည္။

ကိကီ​၏နန္းေဆာင္ဆီသို႔ ေရာက္ရွိေလၿပီ။

ယုဂန္သည္ စိတ္ဆႏၵေလာစြာျဖင့္ နန္းေဆာင္ေပၚေျပးတက္ၿပီး တံခါးကို ေျချဖင့္ကန္ဖြင့္လိုက္သည္။

ဝင္ဝင္ခ်င္း နန္းေဆာင္​၏ဧည့္ေတြ႕ခန္းတြင္မူ ႐ြဲထေခါင္ႏူးက အဆင္သင့္ေရာက္ရွိလို႔ေနသည္။

႐ြဲက ထိုင္ခုံေပၚတြင္ ခပ္မိန႔္မိန႔္ထိုင္လ်က္ သူ​၏အေနာက္တြင္လည္း စစ္သည္ဆယ္ဦးခန႔္က လက္နက္ကိုယ္စီျဖင့္ ဝန္းရံေနသည္။

႐ြဲထေခါင္ႏူး​၏လက္ထဲတြင္မူ ထူးျခားေသာအရာတစ္ခုကိုဆုပ္ကိုင္ထားသည္။

ထိုအရာက သလင္းေက်ာက္ပမာၾကည္စင္လြန္း၍ လွပလြန္းေသာကႏုတ္မ်ားျဖင့္ အေသးစိတ္ပုံေဖာ္ထားသည့္ ဒုလုံးရွည္သဏၭာန္အရာတစ္ခုျဖစ္သည္။

႐ြဲထေခါင္ႏူးက ယုဂန္ေရာက္လာသည္ကိုျမင္ေသာ္ သူ႔လက္ထဲမွ အဆိုပါအရာကို ေျမႇာက္ပင့္ျပသည္။

" ဒါကိုလိုခ်င္လို႔ေရာက္လာတယ္ေပါ့။ ဟုတ္လား အမတ္မင္း"

႐ြဲတေခါင္ႏူးက ခပ္ေထ့ေထ့ဆိုသည္။ သူ​၏စကားအရ သူ႔လက္ထဲမွအရာမွာ မွန္ပခ်ဳပ္သာျဖစ္ရမည္။

ၾကည့္ရသည္မွာ ကိဏီသည္ ယုဂန္ မွန္ပခ်ဳပ္အေၾကာင္းကို ေမးလိုက္သည္မို႔ ယုဂန္မွန္ပခ်ဳပ္ကို ယူေဆာင္ရန္လာမည္ျဖစ္ေၾကာင္း ရိပ္စားမိလိုက္ဟန္ရွိသည္။ ထို႔ေၾကာင့္ ႐ြဲကိုေစလႊတ္ကာ ယုဂန္ကိုေစာင့္ဖမ္းရန္ ခိုင္းေစလိုက္ျခင္းပင္။ ကိဏီကမူ ႐ုတ္တရက္ထိုးစစ္ေၾကာင့္ မအားမလပ္ျဖစ္ေနမည္မွာ အေသအခ်ာပင္။

ကိဏီႏွင့္မင္းေယာဇာသည္ မည္သို႔ပင္ျဖစ္ေစကာမူ ယုဂန္ကို အေသရရ၊ အရွင္ရရလိုခ်င္ေနၾကမည္သာ။ မင္းသားအ႐ုဏကို ထိန္းခ်ဳပ္ရန္နည္းလမ္းသည္ ယုဂန္သာျဖစ္ေၾကာင္း သူတို႔ႏွစ္ဦးလုံး ေကာင္းေကာင္းႀကီးသိသည္။

နႏၵက ဓားကို က်စ္က်စ္ပါေအာင္ဆုပ္ရင္း ယုဂန္​၏အေရွ႕မွ ဝင္ရပ္လိုက္သည္။

" စစ္သည္ဆယ္ေယာက္ကို အေနာက္မွာထားၿပီး ငါတို႔ကိုတိုက္ဖို႔ျပင္တာ မင္းမရွက္ဘူးလား။ သတၱိရွိရင္ ငါတို႔တစ္ေယာက္ခ်င္းတိုက္မယ္။ ဒီနည္းနဲ႔အႏိုင္အရႈံးကို ဆုံးျဖတ္ၾကတာေပါ့။ မေကာင္းဘူးလား"

႐ြဲ ၿပဳံးသည္။ သူက မထိတထိအသံထြက္ရယ္ရင္း

" သင္ဘာေျပာေျပာ ကြၽန္ုပ္က စိတ္မဝင္စားဘူး။ ကြၽန္ုပ္က ယုဂန္ကိုပဲ လိုခ်င္တာ"

ဟု ယုဂန္ဘက္ကို စူးစိုက္ၾကည့္လ်က္ဆိုသည္။

ထို႔ေနာက္ သူအခ်က္ေပးလိုက္ရာ စစ္သည္ဆယ္ဦးမွာ နႏၵႏွင့္ယုဂန္ရွိရာဘက္ကို တဟုန္ထိုးေျပးဝင္လာေတာ့သည္။

သုံးဦးသား စစ္သည္ဆယ္ဦးကို တိုက္ခိုက္ရန္ အလြန္အမင္းႀကိဳးစားရ​၏။

ပီယံႏွင့္ ယုဂန္​၏ဓားေရးစြမ္းရည္မွာ သိပ္မေကာင္းလွသည္ျဖစ္ရာ စစ္သည္တိုင္း​၏တိုက္ခိုက္မႈတိုင္းကို လိုက္ကာရံေပးေနရသည္က နႏၵတစ္ဦးတည္းသာျဖစ္ေနသည္။

႐ြဲသည္ အဆိုပါျမင္ကြင္းကို ထိုင္ရာမွမထ ၾကည့္ေန​၏။ ထိုအခ်ိန္တြင္ ႐ြဲ​၏အေနာက္ဘက္မွ ထက္ရွေသာ အရာတစ္ခု တဟုန္ထိုးပ်ံလာသည္ဟူေသာ အသိကို ခံစားမိလိုက္ရာ ႐ြဲအျမန္ထ၍ေရွာင္လိုက္သည္။

အျမန္ေရွာင္လိုက္ႏိုင္၍ ေတာ္ေသးသည္။ သူ႔အေနာက္ကို ပ်ံလာေသာအရာက အဲေမာင္းတစ္လက္ျဖစ္ၿပီး ႐ြဲထိုင္ေနေသာ ထိုင္ခုံကိုေတာင္ ထုတ္ခ်င္းေပါက္သြားေစသည္။

႐ြဲထေခါင္ႏူး အဲေမာင္းလာရာ အရပ္ကိုလွည့္ၾကည့္လိုက္သည္။ ထိုအခါ ျပတင္းေပါက္မွ သန္မာေသာလူတစ္ဦး ခုန္ဝင္လာၿပီး အဲေမာင္းရွိရာဘက္ကို လက္ဆန႔္တန္းလိုက္သည္။

ထိုအခါ ခုံထဲစိုက္ဝင္ေနေသာ အဲေမာင္းမွာ ေနာက္ျပန္ ပ်ံသန္းသြားၿပီး အဆိုပါသန္မာေသာလူ​၏လက္ထဲသို႔ ျပန္သြားေလသည္။

" အစ္ကိုေတာ္ဒီပါ...."

တိုက္ခိုက္ေနရာမွ လွမ္းျမင္လိုက္ေသာ နႏၵသည္ အားကိုးတႀကီးႏွင့္ ဝမ္းပန္းတသာလွမ္းေအာ္ေခၚ​၏။

ဒီပါက တိုက္ခိုက္ပြဲထဲေရာက္ေနသည္ကို ဂ႐ုမစိုက္သည့္အလား နႏၵဘက္ကို လက္လွမ္းျပလိုက္ေသးသည္။

ပီယံ မ်က္ေမွာင္ကုတ္သြားသည္။ သူသည္ စစ္သည္တစ္ဦးကို ဓားျဖင့္လႊဲယမ္းခုတ္လိုက္ရင္း

" အစ္ကိုေတာ္က နားေနရမွာေလ။ ဒီကို ဘာလာလုပ္တာလဲ။"

ဟု စိုးရိမ္ေသာေၾကာင့္ စိတ္ဆိုးဟန္ျဖင့္ေျပာမိသည္။

သုဒီပါကမူ အဲေမာင္းကို စနစ္က်ေသာဟန္ပန္ျဖင့္ ဆုပ္ကိုင္ရင္း ရယ္သံစြက္ကာေျပာသည္။

" စစ္ပြဲျဖစ္ေနတာကို စစ္သည္က ဘယ္လိုလုပ္နားေနႏိုင္မွာလဲ။ ၿပီးေတာ့ ငါတို႔တိုင္းျပည္ရဲ႕ အနာဂတ္မိဖုရားေခါင္ႀကီးက ဒီမွာရွိေနတာ၊ ကာကြယ္ေပးရမွာေပါ့"

စကားဆုံးဆုံးခ်င္းပင္ ဒီပါသည္ ႐ြဲထေခါင္ႏူးကို သဲႀကီးမဲႀကီးတိုက္ခိုက္သည္။

႐ြဲသည္ ဒီပါ​၏တိုက္ခိုက္မႈကိုေရွာင္ရွား၍ ျပန္တိုက္ရန္ ဟန္ျပင္ေသာ္လည္း ဒီပါက အလြန္တရာစြမ္းရည္ထက္လြန္းသည္ျဖစ္ရာ ျပန္တိုက္ဖို႔ရာ မတတ္ႏိုင္ဘဲျဖစ္ေနသည္။

ဒီပါက သာမန္တိုက္ခိုက္ျခင္းမ်ိဳးေတာင္မဟုတ္။ ႐ြဲကို အလြန္တရာအညႇိဳးအေတးႀကီးသည့္ပမာ စက္ဆုပ္ေသာမ်က္လုံးမ်ားျဖင့္ၾကည့္၍ တစ္စစီဆုတ္ၿဖဲမတတ္ တိုက္ခိုက္ေနျခင္းပင္။

႐ြဲထေခါင္ႏူးကို ဒီပါ လုံးဝေမ့မည္မဟုတ္ေခ်။

ဒီမ်က္ႏွာကိုျမင္တိုင္း ဒီပါသည္ သူ​၏ေသဆုံးသြားေသာ အစ္ကိုပမာခ်စ္ခင္ရသည့္တပ္မႉးအား သြား၍ သတိရ​၏။

ထိုတပ္မႉးအတြက္ ေသြးေႂကြးကို သူကဆပ္ရမည္။ ႐ြဲထေခါင္ႏူးကို တစ္စစီအပိုင္းပိုင္းခုတ္လွ်င္ေတာင္ မေၾကေအးႏိုင္သည့္ ေသြးေႂကြးမ်ိဳးျဖစ္သည္။

႐ြဲသည္ သူတစ္ဦးတည္းမႏိုင္မွန္းသိသြားသည့္အခါ စစ္သည္အခ်ိဳ႕ကို သူ႔ဘက္လာရန္ လွမ္းေအာ္ေခၚလိုက္သည္။

ထိုအခါ စစ္သည္သုံးဦးကေျပးလာၿပီး ႐ြဲဘက္မွ ဝင္ေရာက္တိုက္ခိုက္ေပးၾကသည္။

ထိုအခ်ိန္တြင္ နႏၵတို႔ဘက္၌ စစ္သည္တစ္ဦးမွာေသၿပီး ႏွစ္ဦးမွာ မထႏိုင္ေအာင္ ေမွာက္သြားၿပီျဖစ္ရာ နႏၵတို႔ဘက္တြင္ရွိေသာ စစ္သည္ ေလးဦးသာျဖစ္သည္။

သုဒီပါသည္ ႐ြဲအေရွ႕မွေန၍ ကာစီးကာစီးလုပ္ေနေသာ စစ္သည္တို႔ကို အခ်ိန္ခဏအတြင္း အျမစ္ျဖဳတ္လိုက္ႏိုင္​၏။

ဒီပါသည္ ႐ြဲကို အဲေမာင္းျဖင့္ထိုး​၏။ ႐ြဲက ဓားျဖင့္ကာလိုက္ရာ ႐ြဲ​၏လက္ထဲမွ မွန္ပခ်ဳပ္မွာ ၾကမ္းျပင္ေပၚ လိမ့္က်သြားေလသည္။

ယုဂန္သည္ အဆိုပါအခြင့္အေရးကို လက္မလႊတ္ႏိုင္သည္ျဖစ္ရာ ၾကမ္းျပင္ေပၚ ဝမ္းလ်ားထိုးပစ္ဝင္၍ မွန္ပခ်ဳပ္ကို ယူရန္ႀကိဳးစားသည္။

သို႔ရာတြင္ မွန္ပခ်ဳပ္ကိုမယူႏိုင္ေသးခင္မွာပင္ မွန္ပခ်ဳပ္ကို စစ္သည္တစ္ဦးက နင္းေခ်မိသြားသည္ျဖစ္ရာ ပခ်ဳပ္​၏အဖုံးပြင့္သြားေလသည္။

ယုဂန္ လန႔္သြားသည္။

ပခ်ဳပ္ကို မဖြင့္ဖို႔ နရတ္ကမွာခဲ့ေသာ္လည္း ယခု ပြင့္သြားၿပီျဖစ္ရာ မျဖစ္မေနဖြင့္ၾကည့္ရေတာ့မည့္ အေျခအေနကို ေရာက္ရွိသြားေလၿပီ။

ယုဂန္ ပြင့္သြားေသာ မွန္ပခ်ဳပ္ကို အၿမဲဆြဲယူ၍ မတ္တပ္အျမန္ထ,လိုက္သည္။

ပီယံက ယုဂန္ကို ဖမ္းခ်ဳပ္ရန္ ႀကိဳးပမ္းသည့္ စစ္သည္တစ္ဦး​၏လက္ကို ဓားျဖင့္ခုတ္လိုက္ရင္း အေမာတေကာေျပာသည္။

" ပခ်ဳပ္ကို မွန္ဘက္ ပစ္လိုက္....အျမန္"

ယုဂန္ မ်ားမ်ားစားစား မေတြးႏိုင္ဘဲ ပခ်ဳပ္ကိုသယ္၍ စက္ရာေဆာင္( အိပ္ခန္း) ထဲ ေျပးသြားသည္။ ထိုထဲတြင္ ႀကီးမားေသာ မွန္တစ္ခ်ပ္ရွိရာ ယုဂန္လည္း ပခ်ဳပ္ကို ထိုမွန္ေရွ႕တည့္တည့္သို႔ ပစ္ေပါက္လိုက္သည္။

ပခ်ဳပ္သည္ ေလေပၚပ်ံ၍ မွန္ေရွ႕တည့္တည့္ေရာက္ေသာ္ ေလေပၚမွာတင္ ရပ္တန႔္သြားသည္။

ထို႔ေနာက္ မ်က္စိတစ္မွိတ္အတြင္းမွာတင္ ပခ်ဳပ္​၏အသြင္သဏၭာန္ေျပာင္းလဲသြားၿပီး မွန္ကြဲစမ်ား၊ သို႔မဟုတ္ သလင္းေက်ာက္မ်ား ကာရံထားသည့္ မွန္တစ္ခ်ပ္အသြင္သို႔ တစ္တစ္စႀကီးမားက်ယ္ျပန႔္လာသည္။

ယုဂန္​၏အေရွ႕တြင္ မွန္ကြဲစမ်ားစုေပါင္းထားသည့္ မညီမညာမွန္တစ္ခ်ပ္ပမာ နံရံတစ္ခုေပၚလာသည္။ ထိုနံရံေပၚတြင္ ယုဂန္​၏ပုံရိပ္ငယ္မ်ားက အတည့္လည္းေကာင္း၊ ေဇာက္ထိုးလည္းေကာင္း၊ ေဘးတစ္ေစာင္းလည္းေကာင္း အမ်ိဳးစံေယာင္ျပန္ဟပ္ေနသည္။

ထိုနံရံက တျဖည္းျဖည္းႏွင့္ နဂိုရွိေနေသာ မွန္ႏွင့္ ေပါင္းစပ္သြားသည္။

နဂိုရွိေသာမွန္မွာ သံျပား၊ စတီးျပားေပၚရွိ ျမင္ကြင္းပမာ ျဖစ္သြားၿပီး ေရလႈိင္းလို အလိပ္လိပ္ထသြားသည္။

" ဒီထဲကို ဝင္ရမယ္"

ယုဂန္အေနာက္သို႔ လိုက္လာေသာပီယံက ယုဂန္​၏ပခုံးကို ပုတ္၍ေျပာသည္။

႐ုတ္တရက္မို႔ ယုဂန္ပင္ လန႔္သြားမိ​၏။

စက္ရာေဆာင္​၏အေပါက္ဝတြင္မူ နႏၵႏွင့္ ဒီပါက စစ္သည္မ်ား ယုဂန္တို႔ေနာက္မလိုက္လာႏိုင္ေအာင္ ကာကြယ္ေပးလ်က္ရွိသည္။

ယုဂန္လည္း မစဥ္းစားႏိုင္ေတာ့ေခ်။ သူ အလိပ္လိပ္ထေနေသာ မွန္ထဲကို မတြန႔္မဆုတ္တိုးဝင္သြားသည္။ ထူးဆန္းစြာႏွင့္ ဤသည္က ပဝါစထဲဝင္တိုးရသည့္ပမာသာ ႏူးညံ့၍ေနသည္။

ပီယံကလည္း ယုဂန္​၏အေနာက္မွလိုက္ဝင္လာသည္။

မွန္ထဲတြင္မူ မွန္ဝကၤပါပမာ မွန္အခ်ပ္ေပါင္းမ်ားစြာကသာ ကာရံထားေနသည္။ ထိုေနရာမွာ မွန္မ်ားသာရွိသည္။

ယုဂန္ႏွင့္ပီယံသည္ လမ္းအနည္းငယ္ေလွ်ာက္ၿပီး သိပ္မသြားရေသးခင္မွာတင္ သလင္းေက်ာက္ပမာ ေက်ာက္တုံးႀကီးတစ္တုံးေပၚ၌ ထြင္းထုေရးထားေသာစာမ်ားကို ရွာေဖြေတြ႕ရွိသြားသည္။

ယုဂန္ စာကိုအျမန္ဖတ္ၾကည့္သည္။ ထို႔ေနာက္ သူ တအံ့တဩေရ႐ြတ္မိသည္။

" ဒါကဗ်ာႀကီးပဲ"

စာမ်ားက အပိုဒ္သုံးပိုဒ္ပါသည့္ ကဗ်ာတစ္ပုဒ္ျဖစ္သည္။
ကဗ်ာစာေပကြၽမ္းသည့္ ပီယံကမူ ေသခ်ာစိုက္ၾကည့္ၿပီး

" ေတးထပ္တစ္ပုဒ္ပဲ"

ဟု ပို၍တိက်စြာဆိုသည္။

ထိုအခ်ိန္တြင္ ယုဂန္ႏွင့္ ပီယံတို႔ရပ္ေနရာ ေျမႀကီးမွာ ငလ်င္လႈပ္သည့္ပမာ အုန္းခနဲတုန္ခါသြားေလသည္။

အမိုးေပၚမွ မွန္တစ္ခ်ိဳ႕ ေအာက္ျပဳတ္က်ကာ ကြဲသြား​၏။ ယုဂန္ႏွင့္ပီယံတို႔သာ အေရွာင္ျမန္၍ ေခါင္းကို မွန္မစိုက္သြားျခင္းျဖစ္သည္။

ပီယံကဆိုသည္။

" ကြၽန္ုပ္တို႔ ဝင္ခဲ့တဲ့မွန္ကို တစ္ေယာက္ေယာက္က ကြဲေအာင္ လုပ္လိုက္တယ္ထင္တယ္။ ဒါဆိုရင္ေတာ့ မၾကာခင္ ဒီေနရာႀကီးပါ ပ်က္စီးသြားေတာ့မွာ"

ပီယံ့​၏စကားမဆုံးခင္မွာတင္ ခပ္လွမ္းလွမ္းေနရာမွ မွန္မ်ားၿပိဳက်ပ်က္စီးကြဲေၾကသံကို ၾကားရသည္။ ထိုအသံမ်ားက ဆက္တိုက္ျဖစ္လာေနၿပီး ယုဂန္လွမ္းၾကည့္လိုက္ေသာ္ အေဝးတစ္ေနရာမွ မွန္မ်ား အဆက္မျပတ္ျပဳတ္က်ေနသည္ကို ေတြ႕လိုက္ရသည္။

ယုဂန္သည္ ထိုမွန္မ်ား​၏ျပဳတ္က်ႏႈန္းႏွင့္ သူတို႔ထံမွ အကြာအေဝးကို ခန႔္မွန္းၿပီး အလ်င္အျမန္တြက္ခ်က္လိုက္သည္။

မွန္ကြဲေၾကမႈက သူတို႔ဆီ သိပ္မၾကာခင္ေရာက္ရွိလာလိမ့္မည္။

"ပီယံ... ေလးဗီဇနာေလာက္ အခ်ိန္ရွိမယ္။ မင္းဒီကဗ်ာအေပၚပိုဒ္နဲ႔အလယ္တစ္ဝက္ကို ​၏သည္အေ႐ြး အလြတ္က်က္ႏိုင္မလား"

( တစ္ဗီဇနာ= ၂၄ စကၠန႔္၊ ေလးဗီဇနာ- ၉၆ စကၠန႔္)

ယုဂန္​၏အေမးကို ပီယံ ယုံၾကည္ခ်က္ျပင္းစြာျဖင့္ ေခါင္းညိတ္ျပသည္။

ယုဂန္သည္ အေလးအနက္ျဖစ္ေသာမ်က္ႏွာထားႏွင့္ ေခါင္းညိတ္ၿပီး

" စေတာ့"

ဟုဆိုသည္။

ထိုစကားဆုံးသည္ႏွင့္ ပီယံသည္ ကဗ်ာစာပိုဒ္ကို ေသခ်ာစြာအာ႐ုံစိုက္ၾကည့္​၏။ ယုဂန္ကမူ က်န္အလယ္တစ္ဝက္ႏွင့္ ေအာက္ဆုံးပိုဒ္ကိုဖတ္သည္။

မွန္ကြဲေၾကမႈက သူတို႔ႏွင့္ တျဖည္းျဖည္းနီးလာသည္။

အခ်ိန္မ်ားက အျမန္အဆန္ပင္ကုန္ဆုံးေန​၏။

မွန္ကြဲေၾကမႈက သူတို႔​၏ေရွ႕တည့္တည့္သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ခ်လာေလၿပီ။

************************************

A/N

action အခန္းေတြေရးရတာ ေမာ...

26:9:2023
( Tuesday)
.
.
.

Continue Reading

You'll Also Like

172K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
694K 48K 48
တကယ္လုိ႔ ကေလး နဲ႔ သာမဆံုျဖစ္ခဲ့ရင္ ဦး ကံၾကမၼာလဲ ဘာေတြဆက္ျဖစ္မယ္ဆုိတာ ဦးမေတြးဝံ့ႏုိင္ဘူး ဥိီးမင္းေသြးပုိင္ဆုိတဲ့ လူရဲ႕ဘဝမွာလဲ နာမည္နဲ႔လူိက္ေအာင္ လု...
321K 33K 30
#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---
56.6K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...