Unicode
ဝက်သွေးစည်း ဗဟိုအင်းကွက် ပပျောက်ခြင်း
________________
အိုဟောင်းကာ တကျွီကျွီအသံမြည်နေသော သစ်သားတွန်းလှည်းလေးမှာ မညီမညာမြေလမ်းထက်တွင် အိပဲ့အိပဲ့နှင့်ရွေ့လျားလာနေသည်။ ထိုတွန်းလှည်းလေးကို တွန်းလာသူနှစ်ဦးသည် ကျေးတောသူဟုထင်ရသော မိန်းကလေးတစ်ဦးနှင့် အသားအရေညိုကျစ်ကျစ်ရှိသော အမျိုးသားတစ်ဦးတို့ဖြစ်သည်။
ထိုတွန်းလှည်းကလေးပေါ်တွင် လတ်ဆတ်သောဟင်းသီးဟင်းရွက်များစွာရှိပြီး တွန်းလှည်းသွားရာ ဦးတည်လမ်းမှာ သန္နီးမြို့စားစိတ္တ၏စံအိမ်တော်ဆီသို့ဖြစ်သည်။
သန္နီးမြို့စား၏စံအိမ်တော်သည် မြို့အလယ်တွင်ရှိတတ်သည့် တခြားသော မြို့စားစံအိမ်များနှင့်မတူဘဲ မြို့အစွန်ဆုံးတွင်တည်ရှိသည်။ ထို့ကြောင့် မြို့စားစံအိမ်သို့ရောက်လေလေ၊ လူပြတ်လေလေဖြစ်သည်။ မြို့စားအိမ်တွင် အစောင့်အကြပ်များ များပြားတောင့်တင်းလှသည်ဖြစ်ရာ တော်ရုံလူတို့မှာ မြို့စားစံအိမ်နားသို့ မလာဝံ့ကြဘဲ ပိုမိုခြောက်ကပ်နေလေသည်။
သို့ရာတွင် အနှီအမျိုးသားနှင့်အမျိုးသမီးမှာတော့ တောင်ယာလုပ်ကိုင်ကြပြီး သူတို့လယ်မှထွက်သော သီးနှံများကို မြို့စားစံအိမ်သို့ တစ်ပတ်တစ်ခါပေးပို့ရသည်။ ပို့သည့်အခါတိုင်းလည်း လှည်းနှင့်အပြည့်ပို့ရသည်။ ထိုအတွက် ပြန်ရသောငွေမှာ မစို့မပို့နှင့် မထိုက်တန်သော်လည်း မြို့စားစိတ္တကို အာခံဝံ့သောသတ္တိမရှိသည်မို့ ဖိနှိပ်သမျှဒဏ်ကို ခါးစည်းခံနေရသည်လည်းဖြစ်သည်။
ထိုသို့ သူတို့နှစ်ဦးသည် မြို့စားအိမ်သို့သွား၍ တစ်နေရာအရောက်၌ သစ်ပင်ကြီးအကွယ်မှ လူရိပ်နှစ်ခုထွက်လာသည်ကို မြင်လိုက်ရသည်။ အဆိုပါ လူရိပ်တို့သည် လွန်စွာလျှင်မြန်လှသည်ဖြစ်ရာ မျက်တစ်ခတ်အတွင်းမှာတင် သူတို့အနောက်ကိုရောက်၍ အသီးသီး၏လည်ပင်းကို ဓားမြှောင်ဖြင့်ထောက်ထားပြီးဖြစ်သည်။
ကျေးတောသူ၏လည်ပင်းကို ထောက်ထားသူမှာ မိန်းကလေးတစ်ဦးဖြစ်ပြီး ယောက်ျား၏လည်ကိုထောက်ထားသည်မှာလည်း လူငယ်အမျိုးသားတစ်ဦးဖြစ်သည်။
" စိတ်တော့မကောင်းပေမဲ့ မင်းတို့ရဲ့ပစ္စည်းတွေ ခဏငှါးရလိမ့်မယ်"
ချုံခိုတိုက်ခိုက်လာသူ မိန်းကလေးကပြောသည်။
လယ်သမားနှစ်ဦးသည် ဘာမှမပြောဝံ့ကြဘဲ တိုက်ခိုက်သူနှစ်ဦး၏စကားကို ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းညိတ်ကြသည်။
ရွာသူရွာသားများပေမို့ သူတို့နှစ်ဦးသည် တိုက်ခိုက်လာသူနှစ်ဦး၏ ပုံစံအစစ်အမှန်ကို မသိကြချေ။
အကယ်၍ တိုက်ခိုက်သူနှစ်ဦးမှာ ဆဋ္ဌမမြောက် မင်းသားနန္ဒကန်စီနှင့် တစ်ရာမှာတစ်ယောက်မရှိသော တပ်မှူးသုန္ဒရီမှန်းသာသိပါလျှင် ထိုနေရာမှာတင် ရင်ဘတ်နှင့်မြေကြီးထိမတတ် ပြားပြားဝပ်အောင် အရိုအသေပေးနေလိမ့်မည်ဖြစ်သည်။
နန္ဒနှင့် သုန္ဒရီသည် သာမန်အရပ်သူအရပ်သားများပမာဝတ်ဆင်ထားသော်လည်း လယ်သမားနှစ်ဦးထက်စာရင် ပိုပြီး အရောင်အဆင်းရှိသေးသည်ပင်။ ထို့ကြောင့် ချုံပုတ်အကွယ်တွင် လယ်သမားနှစ်ဦးနှင့် အင်္ကျီများလဲလယ်ဝတ်ဆင်လိုက်ပြီး လယ်သမားနှစ်ဦးကို မိမိတို့ရွာဆီိ အမြန်ပြန်၍ နှုတ်ပိတ်နေရင် ခြိမ်းခြောက်လိုက်သည်။
ကြောက်လန့်နေသော လယ်သမားနှင့် လယ်သူနှစ်ဦးသည် တဟုတ်ဟုတ်နှင့်သာနေ၏။
အဝတ်လဲပြီး၍ သူတို့၏အသီးအရွက်လှည်းကို နန္ဒနှင့် သုန္ဒရီတို့ ယူသွားခိုက်တွင် နန္ဒသည် နောက်ပြန်လှည့်လာပြီး သူ၏ခါးကြားမှ ဒင်္ဂါးထုပ်ကို ပစ်ပေးလိုက်သည်။
အနည်းဆုံးတော့ သူဟာ တော်ဝင်သွေးသားပင်။ ဒီငွေလောက်ကလေးက သူ့ရဲ့ တစ်နေ့စာအသုံးစရိတ်တောင်ရှိမည်မဟုတ်ပေ။ သို့သော်လည်း လယ်သမားနှစ်ဦးအတွက်တော့ တစ်လစာဖြစ်နိုင်သည်။
" နစ်နာကြေး ယူလိုက်"
ငွေထုပ်ကို မဝံ့မရဲနှင့်ယူကာ ဖွင့်ကြည့်လိုက်သော လယ်သမား၏မျက်နှာတွင် အံ့ဩခြင်းနှင့် ဝမ်းသာခြင်းတို့ ရောယှက်သွားသည်။
ထိုအခြင်းအရာကို မြင်လိုက်ရသော နန္ဒသည် အပြုံးရေးရေးပြုမိ၏။ ထိုအချိန်တွင် သုန္ဒရီက နန္ဒ၏ပခုံးကိုပုတ်ကာ သတိပေးသည်။
" အမြန်သွားရအောင်"
နန္ဒ ခေါင်းညိတ်ပြပြီးနောက် သူနှင့်သုန္ဒရီတို့ လယ်သမားများယောင်ဆောင်ရင်း ဟင်းရွက်လှည်းကို တွန်းသွားကြသည်။
ဤသို့နှင့် မြို့စားစံအိမ်တော်ခြံဝန်း တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ စံအိမ်ဝန်းသည် အလွန်အမင်းကျယ်ဝန်းလှသည်ဖြစ်ရာ အနောက်တံခါး၊ အရှေ့တံခါး၊ တောင်တံခါး၊ မြောက်တံခါးဟူ၍ တံခါးလေးခုရှိသည်။ အရှေ့တံခါးမှာ မြို့စားမင်းနှင့် ဧည့်သည်တော်များ၊ အထက်တန်းလွှာများဝင်ထွက်ရာ အပေါက်ဖြစ်ပြီး အနောက်တံခါးမှာမူ အစေခံများ၊ ကျွန်များနှင့် အဆင့်နိမ့်များ ဝင်ထွက်ရာဖြစ်သည်။
ထို့ကြောင့် ဟင်းရွက်သည်များယောင်ဆောင်ထားသော နန္ဒနှင့် သုန္ဒရီတို့သည် စံအိမ်ခြံဝန်းအနောက်ပေါက်မှ ဝင်ကြရသည်။
မြို့စားစံအိမ်သည် အလွန်တရာလုံခြုံရေးမြင့်၏။ မည်သည့်တံခါး၌မဆို အစောင့်အကြပ်များချထားကာ အစစ်ဆေးအမေးမြန်းလည်း ထူပြောလှသည်။
သုန္ဒရီသည် သူမအသွင်ယူထားသည့်အတိုင်း တောသူမအသွင်အပြည့်ဆောင်ကာ
" ဟင်းသီးဟင်းရွက် လာပို့တာပါရှင်"
ဟူ၍ တံခါးစောင့်ကိုပြောလိုက်သည်။
တံခါးစောင့်လည်း နန္ဒနှင့် သုန္ဒရီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူတို့၌ လက်နက်ပါမပါစစ်ဆေးသည်။ ထို့နောက် လှည်းကို စစ်ဆေးသည်။ နန္ဒနှင့် သုန္ဒရီတို့သည် ဟင်းရွက်ထုတ်များအောက်၌ ဝှက်ထားသည့် ဓားမြှောင်များကို မတွေ့စေရန် ကြိတ်ဆုတောင်းနေမိ၏။
ကံကောင်းထောက်မ၍အစောင့်ဟာ ထိုအထိ နှိုက်နှိုက်ချွတ်ချွတ်မရှာဖွေဘဲ သူတို့ကို အထဲဝင်ခွင့်ပေးလိုက်သည်။
သူတို့လည်း ဟင်းရွက်လှည်းကိုတွန်း၍ စံအိမ်ဝန်းထဲသို့ ဝင်လာကြသည်။ အထဲရောက်သော် စားဖိုဆောင်ဘက်သို့ သွားသလိုလိုနှင့် ပတ်ဝန်းကျင်အရိပ်အခြည်ကြည့်ကာ အစောင့်နှင့်လူများမရှိသောနေရာဆီ အလျင်အမြန်ထွက်လာလိုက်ကြသည်။
လှည်းကို ချောင်တစ်နေရာတွင် ထိုးရပ်လိုက်သည်။ ထို့နောက် သုန္ဒရီသည် ကန်စွန်းရွက်များကြား ညှပ်ထားသော သားရေလိပ်ကို နှိုက်ရှာကာ ကန်စွန်းစည်းပေါ်မှာပင် ဖြန့်ချလိုက်သည်။
သားရေလိပ်ပေါ်ဝယ် သျှသိစံအိမ်တော်၏ မြေပုံရှိနေသည်။
" မြေပုံအရဆိုရင် ဒီဘက်ကိုသွားရမှာ"
သုန္ဒရီက သားရေလိပ်ပေါ်ရှိ အကျဉ်းထောင်ဟု ရေးထားသော နေရာကို လက်ညှိုးဖြင့်ထောက်၍ဆိုသည်။
မြေပုံအရ သုဒီပါကို ချုပ်ထားသော မြေအောက်အကျဉ်းထောင်မှာ စံအိမ်၏တောင်ဘက်တွင်ရှိနေသည်။ သူတို့ရှိရာနေရာမှ အနည်းငယ်တော့ သွားရဦးမည်။
" တော်သေးတာပေါ့။ ငါတို့မှာ စံအိမ်မြေပုံရှိနေလို့"
နန္ဒက စိတ်သက်သာရာရဟန်ဖြင့်ဆိုသည်။ သုန္ဒရီလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြီးနောက်
" နေ့မွန်းတည့်ချိန်ဆိုရင် အကျဉ်းသားတွေကို စားစရာပို့တဲ့ စစ်သည်တွေ ဒီလမ်းကဖြတ်လိမ့်မယ်။ သူတို့နေရာ ဝင်ယူဖို့ အသင့်ပြင်ထားတော့"
ဟုဆိုသည်။ တစ်ဆက်တည်းပင်
" မင်းသားသုဒီပါကို အကျဉ်းထောင်အနောက်ဘက်ရဲ့ ထောင့်စွန်းခန်းမှာ ချုပ်ထားတယ်။ သူ့ကို လွှတ်ပြီးတာနဲ့ စံအိမ်အနောက်ဘက်က မြင်းဇောင်းကနေတစ်ဆင့် တောအုပ်ထဲ ထွက်လို့ရမယ်။ ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်။ အကျဉ်းထောင်က အပေါက်ဝတစ်ခုပဲရှိတယ်။ ငါတို့ ဝင်လာတဲ့အပေါက်ကပဲ ပြန်ထွက်မှရမှာ။ သိပ်ကိုစွန့်စားရလိမ့်မယ်"
အကျဉ်းထောင်သည် မြေအောက်ထဲ၌ ဆောက်လုပ်ထားသည်ဖြစ်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဟူ၍တစ်ပေါက်တည်းသာရှိသည်။ တခြားမည်သည့်နေရာမှ လွတ်လမ်းမရှိချေ။
နန္ဒ စိတ်ပူဟန်ပြသော်လည်း သူအားတင်းလိုက်သည်။
" ရပါတယ်။ နင်ရော၊ အစ်ကိုတော်ဒီပါရော ပါတာပဲ။ ပြန်ထွက်နိုင်မှာပါ။ ဒါမဲ့ ငါသိချင်တာက ဒီသတင်းတွေ ဘယ်ကရတာလဲ"
" ငါတို့ဘက်မှာလည်း အတွင်းလူရှိပါတယ်နော်"
သုန္ဒရီစကားကြောင့် နန္ဒဝမ်းသာကာ ခပ်ဟဟရယ်သည်။
" ဟုတ်လား။ ဟဟ အတွင်းလူရှိတာပဲ"
ထို့နောက် သူတို့နှစ်ဦးသည် မိမိတို့ကြံစည်ထားသည့်အတိုင်း အကျဉ်းထောင်ထမင်းပို့သည့် ရဲမက်များသွားရာလမ်းဆီ ခိုးကြောင်ခိုးဝှက်ဖြင့်ထွက်လာကြသည်။
ထမင်းပို့သောရဲမက်နှစ်ဦးသည် အညံ့စားထမင်းများနှင့် ဟင်းဟုခေါ်ဖို့ရာတောင် မထိုက်တန်သော အနံ့ဆိုးဆိုးရှိသည် စားစရာများကို ဖက်ဖြင့်ထုပ်၍ အဆိုပါထမင်းထုပ်များကို လှည်းဖြင့်တွန်းလာကြသည်။
လူရှင်းသော ထောင့်ချိုးတစ်နေရာအရောက်တွင်မူ အခွင့်အရေးစောင့်နေသော နန္ဒနှင့် သုန္ဒရီသည် ရဲမက်များကို အနောက်မှ အလစ်ဝင်တိုက်ကာ ရဲမက်များအသံမထွက်နိုင်ခင်မှာပင် သတိမေ့အောင် ပြုလုပ်လိုက်ကြသည်။
ထို့နောက် သတိလစ်နေသော ရဲမက်များကို နံရံအကွယ်သို့ ဆွဲခေါ်သွားပြီး သူတို့၏အပေါ်ရုံအဝတ်များကို ချွတ်ကာ အဝတ်လဲရန်စီစဉ်သည်။
နန္ဒသည် ရဲမက်တစ်ဦး၏ဝတ်စုံကို အပေါ်မှထပ်ဝတ်နေရင်း သုန္ဒရီ့ဘက်ကိုလှည့်ကြည့်မိသည်။ ရဲမက်ဝတ်ရုံအား အပေါ်မှ ထပ်ခြုံနေသော သုန္ဒရီသည် ရဲမက်ထပ်စာလျှင် များစွာအကောင်သေးသည်ဖြစ်ရာ အဝတ်ပုံထဲ ကြွက်တိုးသလိုသာ ဖြစ်နေသည်။ ဘယ်လိုကြည့်ကြည့် အင်္ကျီက သူမနှင့် များစွာပွယောင်းနေသည်။
" နင်ဒီလိုကြီးဝတ်လို့ မဖြစ်လောက်ဘူးထင်တယ်နော်"
နန္ဒ စကားကြောင့် သုန္ဒရီမျက်မှောင်ကြုတ်သွားသည်။
" ဘာဖြစ်လို့လဲ"
" ဒီမှာ ဒီကစစ်သည်တွေအကုန်လုံးက ငါတို့ဥတ္တရတပ်တွေလိုမဟုတ်ဘူး။ ငါတို့ဆီမှာ ဘယ်အရပ်ဖြစ်ဖြစ် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး တိုက်ခိုက်ရေးတော်ရင် ခန့်တယ်ဆိုပေမဲ့ သျှသိမြို့က စစ်သည်တွေအကုန်လုံးက အရပ်ရှည်ပြီး ထွားကျိူင်းမှ ခန့်တာ။ ငါ့အရပ်လောက်က သူတို့ဆီမှာ အပုဆုံးပဲ။ နင့်လောက် ပုတဲ့လူမရှိဘူး။ နင်စစ်သည်လိုဝတ်ရင် ဟန်ဆောင်ထားတယ်ဆိုတာ ဘူးပေါ်သလိုပေါ်သွားလိမ့်မယ်"
အရပ်ကို ထိပါးလိုက်သဖြင့် သုန္ဒရီမကျေမနပ်ဖြစ်သွားသော်လည်း ၎င်းဟာအမှန်တရားမို့ သူမ လက်ခံလိုက်ရသည်။
သူမ အင်္ကျီကို ငုံ့ကြည့်ရင်းမေးသည်။
"အဲ့တာဆို ဘယ်လိုဝင်ကြမလဲ"
နန္ဒ စဉ်းစားရင်း စားစရာလှည်းကို တစ်ချက်လှမ်းကြည့်မိသည်။
**************************
"စားစရာလာပို့တာပါ"
သျှသိရဲမက်ဝတ်စုံဝတ်ထားသော နန္ဒသည် မျက်နှာကို မသိမသာငုံ့ရင်း ဖြေ၏။ သူ၏ရှေ့တွင် ထမင်းထုတ်များတင်ထားသော လှည်းရှိပြီး ထိုလှည်း၏ ဝမ်းဗိုက်အောက်၊ ဘီးနှစ်ဘီးကြားတွင်မူ သုန္ဒရီမှာ အလျားလိုက်လေးကပ်၍ ပုန်းကွယ်ပါလာလေသည်။
လှည်းသည် အတော်အတန်နိမ့်ပြီး ဘေးရှိဘီးနှစ်ဘီးက ဝမ်းဗိုက်ကို အပြည့်အဝကာရံထားသည်။ ထို့ကြောင့် ဝမ်းဗိုက်အောက်၌ လူရှိသည်ကို တော်ရုံမမြင်နိုင်ချေ။
သုန္ဒရီမှာ လူကောင်သေးသော်လည်း ကြံ့ခိုင်သောစစ်သည်ဖြစ်ရာ လှည်းအောက်တွင် ခန္ဓာကိုယ်ကိုတောင့်၍ တွယ်ကပ်ထားနိုင်သည်။ ထိုသို့တွယ်ကပ်ရာတွင် လှည်း၏ကြမ်းပြင်သစ်သားအဟကြားကို လက်ဖြင့်ကုတ်တွယ်၍ သူမ၏ခြေထောက်ကို လှည်းအောက်ရှိ အတန်းပေါ် တင်ထားရသည်။ ဤသည်မှာ လွန်စွာပင်ပန်းသောအလုပ်ဖြစ်သည်။ သို့သော်လည်း အသက်နှင့်ရင်းရသော လုပ်ငန်းတွင် ပင်ပန်းဆင်းရဲမှုဒဏ်ကို အဆုံးစွန်အထိ သည်းခံထားရသည်ပင်။
ကံကောင်းစွာနှင့် ထောင်အဝရှိရဲမက်များက နန္ဒနှင့်လှည်းကို သံသယမရှိသောကြောင့် မစစ်ဆေးဘဲလွယ်လင့်တကူ ပေးဝင်လိုက်သည်။
နန္ဒသည် ရဲမက်အယောင်ဆောင်ရင်း လှည်းကိုတွန်း၍ မြေအောင်အကျဉ်းထောင်တိုက်ထဲသို့ ဆင်းခဲ့၏။ ထို့နောက် အစ်ကိုတော်ဒီပါရှိပါ အကျဉ်းထောင်၏အနောက်ဘက် ထောင့်စွန်းခန်းဆီ အလျင်အမြန်ဉ်ီးတည်သွားသည်။
အကျဉ်းထောင်မှာ မြေအောက်ခန်းဖြစ်လေရာ စင်္ကြံလမ်းဘေးနံရံပေါ်ရှိ မီးတုတ်များမှအပ တခြားသောအလင်းရောင်မရှိချေ။ ထောင့်ချိုးနေရာများတွင်တော့ ရံဖန်ရံခါဆိုသလို အစောင့်အကြပ်ရဲမက်များကိုတွေ့ရသည်။
လမ်းတွင် သူသည် အချုပ်ခန်းတစ်ခုကိုဖြတ်ရသည်။ ယင်းအချုပ်ခန်းအတွင်းတွင် အကျဉ်းသားငါးဦးရှိပြီး ယင်းငါးဦးဟာ အလွန်အမင်းထူးဆန်းကြလေသည်။
တခြားသောအကျဉ်းသားများကို လက်နှင့်ခြေထောက်တွင် သံကြိုးခတ်ခြင်းများပြုလုပ်လေ့ရှိသော်လည်း အဆိုပါ ထူးဆန်းသောငါးယောက်ကိုမူ လည်ပင်းကို သံကွင်းစွပ်၍ နံရံနှင့်တွဲထားသည်။ ထို့ကြောင့်ယင်းငါးယောက်မှာ နံရံမှဝေးဝေးသို့မသွားနိုင်ဘဲ နံရံနားတွင်သာ ကပ်နေကြသည်။
ထူးဆန်းသည်က ယင်းငါးယောက်မှာ လူနှင့်မတူလောက်အောင် ရုပ်ကစုတ်ပျက်နေ၍ သွေးစိမ်းရှင်ရှင်ထွက်နေကြသည်။ သူတို့၏ပါးစပ်မှသွေးများစီးကျနေပြီး မျက်လုံးများတွင်လည်း သွေးကြောနီများက ပေါက်ကွဲမတတ်ရဲတက်နေသည်။
နန္ဒ အခန်းရှေ့မှဖြတ်သွားသော် အဆိုပါအကျဉ်းသားငါးယောက်က ဆာလောင်နေသော သားရဲကောင်ကြီးများသဖွယ် အော်ဟစ်ကာ အခန်းအပြင်ရှိ နန္ဒရှိရာဘက်ခြမ်းဆီ ကွေးကောက်နေသောလက်ကြီးများကို လှမ်းလာကြသည်။ သူတို့ကိုကြည့်ရသည်မှာ နန္ဒကို ဝါးစားပစ်ချင်နေသည့် သဘောရှိသည်။
နန္ဒ ကြက်သီးထသွားသည်။ သို့သော်လည်း မိမိ၏တာဝန်မှာ ပိုအရေးကြီးသည်မို့ ထူးဆန်းသောငါးယောက်ကို လျစ်လျူရှုလိုက်ပြီး ထောင့်စွန်းခန်းဆီသာ တစိုက်မတ်မတ်သွားသည်။
ထောင့်စွန်းခန်းရှေ့သို့ရောက်သော် အချုပ်ခန်းရှေ့တွင် ရဲမက်နှစ်ဦးက စောင့်ကြပ်နေသည်။
နန္ဒသည် အဆိုပါအချုပ်ခန်းရှေ့သို့ လှည်းကိုတွန်းသွားပြီးနောက် ထမင်းထုပ်ယူသလိုလိုနှင့် ဝှက်ထားသော ဓားကိုဆွဲထုတ်လိုက်သည်။ ထို့နောက် ရဲမက်နှစ်ဦးကို ဗြုန်းစားကြီးတိုက်ခိုက်လေသည်။
နန္ဒ၏လျှပ်တပြက်တိုက်ခိုက်မှုနှင့်အတူ အချိန်အခါ စောင့်ဆိုင်းနေသော လှည်းအောက်မှ သုန္ဒရီဟာလည်း လှစ်ခနဲထွက်လာသည်။
သူမသည် လှည်းအောက်မှထွက်ထွက်လာချင်းပင် လက်ထဲရှိဓားမြှောင်ကို ရဲမက်တစ်ဦး၏ရင်ဘတ်တည့်တည့်သို့ ပစ်ထည့်လိုက်သည်။ နှလုံးတည့်တည့်သို့ ဓားစိုက်ဝင်သွားသော ရဲမက်သည် ထိုနေရာမှာတင် ချက်ချင်းလဲကျကာ သေဆုံးသွားလေသည်။
အနှီသေဆုံးသွားသော ရဲမက်၏ခါးတွင် သော့တွဲများချိတ်ဆွဲထားသည်။ သုန္ဒရီသည် အချိန်ကုန်ခံမနေဘဲ ထိုရဲမက်ဆီ ပြေးကာ ခါးမှသော့တွဲကို ဖြုတ်ယူပြီး သုဒီပါရှိသော အကျဉ်းထောင်တံခါး၏သော့ကို ဖွင့်လေသည်။
ယင်းအချိန်တွင် နန္ဒသည် ကျန်ရဲမက်တစ်ဦးနှင့် တိုက်ခိုက်နေရ၏။
အဆိုပါရဲမက်သည် နန္ဒ၏တိုက်ခိုက်မှုကို ခုခံနေရင်း ရန်သူလာပါက အချက်ပေးရန်သုံးသော ခေါင်းလောင်းကြိုးကို အလျင်အမြန်ဆွဲလိုက်သည်။ ခေါင်းလောင်းသည် ကျယ်လောင်စွာမြည်ဟည်းသွား၏။
သို့သော်လည်း ခေါင်းလောင်းသံမဆုံးခင်မှာပင် နန္ဒသည် အဆိုပါရဲမက်၏ဦးခေါင်းကို ဓားရိုးဖြင့် ချထည့်လိုက်နိုင်သည်။ ရဲမက်မှာ မူးဝေရင်းမြေကြီးပေါ်လဲကျသွားသည်။
ခေါင်းလောင်းမြည်သွားပြီမို့ သူတို့ထံတွင် အချိန်မရှိတော့ပေ။ တခြားသောရဲမက်များက အနှေးနှင့်အမြန်ဆိုသလို ရောက်ရှိလာပေတော့မည်။
စိတ်လှုပ်ရှားနေသော သုန္ဒရီသည် သော့တွဲများမှ သော့များကို ပျာယီးပျာယာနှင့် တစ်ချောင်းပြီးတစ်ချောင်း စမ်းဖွင့်ကြည့်နေသည်။
ငါးချောင်းမြောက်တွင်မူ အချုပ်ခန်းတံခါးပွင့်သွားသည်။
နန္ဒတို့နှင့်ထပ်တူ စိတ်မအေးနိုင်သေးသော သုဒီပါလည်း အချုပ်ခန်းတွင်းမှ အလျင်အမြန်ပင် ထွက်လာသည်။
အကြာကြီးနေမှ ပြန်တွေ့ရခြင်းဖြစ်သော်လည်း သူတို့ နှုတ်ဆက်စကားမဆိုနိုင်ချေ။ နန္ဒက ရဲမက်တစ်ဦး၏ဓားကို ယူကာ သုဒီပါဘက်ကို ပစ်ပေးလိုက်သည်။
နန္ဒ: " အသင့်ပြင်ထားတော့"
သုဒီပါလည်း ပစ်ပေးသော ဓားကိုကျွမ်းကျင်ပိုင်နိုင်စွာ ဖမ်းပြီးနောက် တိုက်ခိုက်ရန်အသင့်အနေအထားသို့ ပြင်ဆင်လိုက်သည်။
မကြာပါချေ။ လက်နက်ကိုယ်စီကိုင်ဆောင်လာသော ရဲမက်များက သူတို့သုံးဦးရှိရာဆီ တဟုန်ထိုးရောက်ရှိလာကြသည်။
သုဒီပါက အရှေ့ဆုံးမှဦးဆောင်ကာ ရဲမက်များကို ပြင်းထန်စွာ တိုက်ခိုက်သည်။ ထို့အပြင် သုန္ဒရီလည်းရှိပြီး နန္ဒ၏တိုက်ခိုက်ရည်ဟာလည်း မနိမ့်ကျသည်မို့ တစ်ဖက်ရန်သူ ၂၀ မျှတိုက်ရသည့်တိုင် အင်အားချင်းတူသယောင်ယောင်ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ ရန်သူနယ်မြေထဲဝင်ကာ ချောင်ပိတ်သောလမ်းတွင် တိုက်ခိုက်ရခြင်းက မိုက်ရူးရဲဆန်သည်ဟုတော့ ဆိုနိုင်သည်။ ဤသည်က ချောင်ပိတ်ရိုက်ခံရသောကြွက်က မိမိမသေစေရန်အလို့ငှာ အစွမ်းကုန်ပြန်လည်တိုက်ခိုက်နေရခြင်းနှင့်တူသည်။ အသက်မသေစေရန်ဟူသော စိတ်တွန်းအားက သူတို့၏ရှိရှိသမျှသောအင်အားအတို့ကို ထွက်ပေါ်လာစေကာ ရန်သူများကို တိုက်ခိုက်ရန် ခွန်အားပေးနေသည်။
သုဒီပါ၊ နန္ဒနှင့် သုန္ဒရီတို့သည် တိုက်ခိုက်ရင်းတန်းလန်းနှင့် ဖြည်းဖြည်းချင်းအရှေ့သို့ တိုးတိုးလာသည်။ ထို့ကြောင့် တိုက်ခိုက်ပွဲမှာ ခုနက ဆာလောင်နေသောအကျဉ်းသားငါးဦးရှိရာ အခန်းရှေ့ဆီ ရောက်ရှိလာသည်။
အဆိုပါအကျဉ်းသားငါးဦးသည် မိမိတို့အခန်းရှေ့သို့ လူများစွာရောက်လာသည်ကိုမြင်သော် ပိုပြီးဆာလောင်လာဟန်ဖြင့် တဂါးဂါးအော်မြည်ကာ လူများရှိရာအရပ်ဆီ မရမကရုန်းကန်လာကြသည်။
ထိုအခါ သူတို့၏လည်ပင်းတွင်စွပ်ထားသော နံရံနှင့်တွဲထားသည့် သံကြိုးမှာတင်းခနဲဖြစ်သွား၏။ ထို့နောက် ယင်းသံကြိုးများမှာ သူတို့၏ရုန်းကန်မှုကြောင့် နံရံမှ နှုတ်ထွက်တော့မည့်ပမာ ဖြည်းဖြည်းချင်း ကျွတ်ထွက်လာသည်။
သို့သော်လည်း အချုပ်ခန်းအပြင်ဘက်ရှိ တိုက်ပွဲမှလူများသည် ယင်းအရာကို လုံးလုံးသတိမပြုမိကြချေ။
သုဒီပါသည် ရဲမက်တစ်ဦးနှင့်တိုက်ခိုက်နေရင်း အနှီရဲမက်က သုဒီပါကို ထက်ရှသောဓားဖြင့်ခုတ်ချသည်။ သုဒီပါရှောင်လိုက်ရာ ဓားမှာ အကျဉ်းသားငါးဦးရှိရာ အချုပ်ခန်းတံခါးကို သော့ခလောက်ကို ပိုင်းချမိသွားသည်။
အချုပ်ခန်းတံခါးဟသွားသည်။
ထိုအခါ တခြားသောရဲမက်တစ်ဦးက အကြံရရှိသွားသည့်ပမာ ဟသွားသော အချုပ်ခန်းတံခါးကို စင်္ကြံလမ်းဘက်သို့ ဆွဲဖွင့်လိုက်သည်။
စင်္ကြံလမ်းသည် ကျဉ်းမြောင်း၏။
အချုပ်ခန်းတံခါးကို အလုံးစုံဖွင့်လိုက်သောအခါတွင် အချုပ်ခန်းတံခါးနှင့် စင်္ကြံလမ်းပေါက်မှာ ကွက်တိသွားဖြစ်လေသည်။
အချုပ်ခန်းတံခါးက စင်္ကြံ၏ဘေးဘီအပေါ်ဘက်၊ အောက်ဘက် အပြည့်ဖြစ်သွားပြီး မသိပါက စင်္ကြံလမ်းကို သံတိုင်များဖြင့် ပိတ်ချလိုက်သည့်အတိုင်းပါပင်။
ထိုအခါ သုဒီပါ၊ နန္ဒနှင့် သုန္ဒရီတို့သည် သံတိုင်၏တစ်ဖက်ခြမ်းသို့ရောက်ရှိသွားကာ ထွက်ပေါက်မဲ့လမ်းတွင် ပိတ်မိသွားသည်။ ထို့အပြင် သံတိုင်တံခါးနှင့် ဂူသဖွယ်လမ်းဟာ ကွက်တိကျနေသည်မို့ ဖွင့်ရကြပ်သွားပြီး တံခါးကိုပြန်ဖယ်၍လည်း မရတော့ချေ။
အကျဉ်းထောင်ဟာ မြေအောက်ခန်းဖြစ်သည်။ ဝင်ပေါက်၊ ထွက်ပေါက် တစ်ပေါက်သာရှိသည်။ ထို့ကြောင့် သုဒီပါတို့သည် ပိတ်မိနေပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။
ရဲမက်များသည် သူတို့ကိုသူတို့ ဂုဏ်ယူနေဟန်ရှိ၏။ သူတို့သည် ယခုမှစိတ်အေးသွားဟန်ဖြင့် သက်မချကာ ဟားခနဲရယ်မောစဉ်တွင် မမျှော်လင့်သော ကိစ္စတစ်ရပ်ဖြစ်လာသည်။
ဤသည်မှာ အကျဉ်းသားငါးဦးအနက် တစ်ဦးမှာ အချုပ်ခန်းအပြင်ဘက်သို့ တဟုန်ထိုးပြေးထွက်လာပြီး ရဲမက်တစ်ဦးအပေါ်ခုန်အုပ်လိုက်ခြင်းပင်။
ရုတ်ချည်းအဖြစ်အပျက်မို့ မည်သူမျှ မတားဆီးလိုက်နိုင်ချေ။
အကျဉ်းသား ရဲမက်ကို ခုန်အုပ်ပြီးနောက် ရဲမက်၏ ပါးတစ်ခြမ်းကို သွားဖြင့်ကိုက်ခဲကာ ဆွဲဖြဲလိုက်သည်။ သွေးများဖြန်းခနဲပန်းထွက်လာ၏။
အကုန်လုံး လန့်ထိတ်သွားစဉ်တွင် တခြားသောအကျဉ်းသားလေးဦးကပါ အသီးသီးလွတ်မြောက်လာကြပြီး ရဲမက်များကို အမဲဖြတ်တော့မည့်ကျားရဲလို ခုန်အုပ်လာကြသည်။
ရဲမက်များလည်း ချက်ချင်းပင် ဓားထုတ်ကာ အကျဉ်းသားငါးဦးကို တိုက်ခိုက်သည်။ သို့သော်လည်း အဆိုပါအကျဉ်းသားများက ရင်ဘတ်ထဲဓားစိုက်ရုံဖြင့် ခုတ်ရုံဖြင့်မသေချေ။ လည်ပင်းကိုဖြတ်မျှသာသေလေသည်။
မည်သို့ပင်ဆိုစေကာမူ ရဲမက်အချို့သည် အကိုက်ခံလိုက်ရပြီဖြစ်ပြီး မရှေးမနှောင်းပင် သူတို့ပါ အကျဉ်းသားများပမာ အသွင်ပြောင်းသွားကြသည်။
ရဲမက်များဘက်ခြမ်းတွင် ပရမ်းပတာဖြစ်၍နေသည်။
အသွင်ပြောင်းသွားသော ရဲမက်တစ်ဦးက နန္ဒတို့ရှိရာဘက်ဆီ လှည့်လာကာ နန္ဒကို လက်ဖြင့်လှမ်းကုတ်သည်။
သို့သော်လည်း အလယ်တွင် သံတိုင်တံခါးခြားနေသည်မို့ နန္ဒတို့ရှိရာဘက်ဆီ ယင်းအကောင်တို့ မဝင်လာနိုင်ချေ။
သုဒီပါက နန္ဒ၏ရင်ဘတ်အရှေ့သို့ လက်ဆန့်တန်းကာ နန္ဒကို အနောက်သို့တွန်းပို့သည်။
" နန္ဒ အနောက်ဆုတ်"
နန္ဒ အနောက်ဆုတ်ရင်း မြင်နေရသော လူအချင်းချင်းကိုက်ဖဲ့စားသောက်နေသည့်မြင်ကွင်းကို နားမလည်နိုင်စွာ ကြည့်နေသည်။
သုဒီပါက အကြံအိုက်ဟန်ဖြင့် သူ့မျက်နှာသူ လက်ဖြင့်ပွတ်သည်။
ဒီပါ: " ဖုတ်ကောင်တွေ လွတ်သွားပြီ"
သုန္ဒရီသည် ဖုတ်ကောင်များနှင့် တွေ့ဖူးသော်လည်း ဤမျှရန်လိုသည့်ဖုတ်ကောင်များကို ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမသိသည့်ဖုတ်ကောင်က အလောင်းကောင်ကြီးဖြစ်နေရုံကလွဲရင် လူတွေကို အမဲဖြတ်သလို လိုက်မကိုက်စားနေချေ။ တချို့ဖုတ်ကောင်များဟာတော့ သေဆုံးပြီးစလူများကိုဝင်ပူးပြီး ထိုလူယောင်ဆောင်တတ်သည်။ အဆိုပါ ဖုတ်ကောင်များကတော့ နည်းနည်းအဆင့်ပိုမြင့်သည်။
သုန္ဒရီ: " ဒီလိုဖုတ်ကောင်မျိုး တစ်ခါမှမတွေ့ဖူးဘူး။ သူတို့က ဘယ်လိုလုပ် အဲ့လောက်ရန်လိုနေပြီး သူတို့ကိုက်လိုက်တာနဲ့ ဘာလို့ကူးစက်သွားရတာလဲ"
သုဒီပါ: " ငါတို့နယ်မြေက ဖုတ်ကောင်တွေမဟုတ်ဘူး။ တိုင်းကြည်ကိုကမောက်ကမဖြစ်အောင် လုပ်ဖို့အတွက် ကမ္ဘာတစ်ဖက်ခြမ်းကနေ သယ်လာတဲ့အကောင်တွေပဲ"
နန္ဒ: " ဘယ်လိုလုပ်ကြမလဲ။ ထွက်ပေါက်က ဒီတစ်လမ်းပဲရှိတာ"
သူတို့၏ထွက်ပေါက်တွင် ဖုတ်ကောင်နှင့် ဖုတ်ကောင်အသွင်ပြောင်းရဲမက်များ ပြည့်နှက်နေလေပြီ။
ထိုအချိန်တွင် ရဲမက်အသစ်များက အကူအနေနှင့်ထပိရောက်လာရာ ဖုတ်ကောင်တစ်သိုက်မှာ အဆိုပါ ရဲမက်များဆီ ပြေးသွားကြပြန်သည်။
နန္ဒတို့နှင့်နီးသောနေရာတွင် ဖုတ်ကောင်မကျန်ရစ်တော့ချေ။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ သုဒီပါသည်
" ဖုတ်ကောင်တွေ ဟိုဘက်ကို စိတ်ရောက်နေတုန်း တံခါးကိုရွှေ့ရအောင်"
ဟုဆိုရင်း သံတိုင်တံခါးကို တွန်းကြည့်သည်။ တံခါးက နံရံနှင့်ညပ်၍ကြပ်နေသည်။ တော်ရုံနှင့် ဖွင့်ရမည်မထင်ချေ။
နန္ဒ: " ပြီးတော့ဘာဆက်လုပ်မှာလဲ"
နန္ဒက သုဒီပါနှင့်အတူတူ တံခါးရွှေ့ဖို့ ကြိုးစားရင်းမေးသည်။ သူတို့နှစ်ဦး တံခါးကိုအတူတူမ,လိုက်ကြသည်။ ထိုအခါ တံခါးမှာ ချောင်သွားပြီး ရွှေ့၍ရသွားသည်။
ထိုအချိန်တွင် သုန္ဒရီက အနီးအနားရှိမေ့လဲနေသော စစ်သည်ထံမှ အပေါ်ရုံကို ချွတ်ယူ၍ ဝတ်ဆင်လိုက်သည်။ ထို့နောက် ပိတ်စအနည်းငယ်ကိုဖြဲပြီး သူမ၏လက်နှစ်ဖက်ကို အထပ်ထပ်ရစ်ပတ်သည်။ ပြီးသော် ဓားနှစ်ချောင်းကို လက်နှစ်ဖက်တွင် မြဲမြံစွာကိုင်လျက် အသင့်အနေအထားသို့ပြင်ရင်းဆိုသည်။
သုန္ဒရီ:" အကိုက်မခံရစေနဲ့။ ပြီးရင်လည်ပင်းကိုဖြတ်"
သုန္ဒရီနှင့် သုဒီပါတို့ မျက်လုံးချင်းဆုံသွားကြသည်။ သုန္ဒရီ၏အစီအစဉ်ကို ရိပ်စားမိသည့် သုဒီပါက
" လုပ်နိုင်ပါ့မလား။ စွန့်စားရာရောက်တယ်"
ဟုဆိုသည်။ သုန္ဒရီက ခေါင်းကိုဖြည်းညင်းစွာခါရင်း ပြုံးသည်။
" တပ်မှူးသုန္ဒရီပါ။ သေမင်းနဲ့က ကြုံနေကြပဲ"
သုဒီပါ ဘာမှဆက်မပြောတော့ဘဲ တံခါးကို တွန့်းရွှေ့လိုက်
သည်။ တံခါးရွေ့၍ ထွက်ပေါက်ရှိသွားသည်နှင့် သုဒီပါဟာ ကြမ်းပြင်ပေါ်သို့ မုဆိုးထိုင်ထိုင်ချလိုက်သည်။
သုန္ဒရီသည် အနောက်မှအရှိန်ဖြင့်ပြေးလာ၏။ သူမက သွက်လက်စွာဖြင့် သုဒီပါ၏ကျောပေါ် နင်းကာ ခပ်ဝေးဝေးနေရာအထိ ခုန်ပျံကျော်လွှားသွားပြီး တစ်ပတ်လည်ကျွမ်းထိုးကာ ဖုတ်ကောင်နှင့်ရဲမက်များရှုပ်ထွေးနေသော နေရာအလယ်သို့ ရောက်ရှိသွားသည်။
နန္ဒသည် ရှုပ်ထွေးနေသည့် မြင်ကွင်းများကြားမှပင် သုန္ဒရီ၏ဝှေ့ယမ်းနေသော ဓားသွားကို တစ်ချက်တစ်ချက်မြင်ရသည်။
နန္ဒ:" အကြောက်အလန့်မရှိဘူးပဲ"
နန္ဒစကားကြောင့် သုဒီပါ သူ့ကိုမျက်လုံးထောင့်ကပ်ကြည့်သည်။
သုဒီပါ:" ကြောက်လို့လုပ်နေတာပေါ့ကွ။ ဖုတ်ကောင်တွေလို ရုပ်ဆိုးဆိုးနဲ့သေရမှာကြောက်လို့ လုပ်နေရတာပဲ"
နန္ဒ:" ဟုတ်တော့လည်းဟုတ်သားပဲ။ သေမည့်သေ ရုပ်ဆိုးဆိုးတော့မသေချင်ဘူး"
သုဒီပါ:" ဟေ့ကောင်၊ ငါတို့ဘယ်သူ ဖုတ်ကောင်ပိုများများသတ်နိုင်မလဲ ပြိုင်မလား။ သေချာတာတော့ ငါနိုင်မှာပဲ"
နန္ဒ သူ့ကိုမျက်စောင်းထိုးကြည့်ပြီး
" ယုံကြည်ချက်တွေပြင်းထန်နေပုံပဲ။ ကြည့်ကြသေးတာပေါ့။ စိန်လိုက်လေ"
ဟုဆိုသည်။
ထိုစကားဆုံးဆုံးချင်းဆိုသလို ဖုတ်ကောင်လေးငါးကောင်မျှက သူတို့ဆီဦးတည်လာသည်။ ထို့ကြောင့် သူတို့နှစ်ဦး သတိကပ်ကာ စတင်တိုက်ခိုက်ရလေသည်။
အမှန်တိုင်းဆိုရပါက ဖုတ်ကောင်များကိုတိုက်ရခြင်းမှာ ရဲမက်များထက်စာလျှင် လွယ်ကူပေသည်။ ရဲမက်များက အသိဉာဏ်ရှိသဖြင့် ပြန်လည်ခုခံနိုင်ပြီး လက်နက်ဖြင့်လည်း ပြန်တိုက်နိုင်သည်။
ဖုတ်ကောင်များက သွေးနှင့်သွားရည်တမြားမြားဖြစ်ရုံမှလွဲ၍ ခုခံနိုင်စွမ်းမရှိချေ။ သူတို့ကို ခေါင်းဖြတ်ရခြင်းမှာလည်း မြန်ဆန်သည်။ တစ်ခုတည်းသော ပြဿနာမှာ ဖုတ်ကောင်အရေအတွက်က များများလာခြင်းပင်။ ယင်းဟာ ကူးစက်တတ်သည်မို့ ဖုတ်ကောင်၏သွားဖြင့် ခြစ်မိရုံလေးကတင် ဖုတ်ကောင်အသစ်ဖြစ်ပေါ်စေနိုင်သည်။
နောက်ပြီး ဖုတ်ကောင်များဟာ အစုလိုက်အပြုံလိုက်ရောက်လာသည်မို့ သူတို့ကြားထဲ ကိုယ်မမြုပ်သွားအောင်ဂရုစိုက်ရသည်။ သတ်ရသည်မှာ လွယ်ကူသော်လည်း အလုံးစုံရှင်းပစ်ဖို့ရန်က ခက်ခဲပြန်သည်။
သို့သော်ငြားလည်း အသက်ရှင်ဖို့အတွက် ကြိုးပမ်းရသည်ဖြစ်လေရာ သူတို့အနေနှင့် ဖုတ်ကောင်များကို တတ်နိုင်သမျှသတ်ဖြတ်ရလေသည်။
သုန္ဒရီက ရှေ့ဆုံးရောက်နေခြင်းဖြစ်သောကြောင့် ဖုတ်ကောင်များကြားမှ အမြန်တိုးထွက်ကာ အကျဉ်းထောင်တံခါးဝဆီ တဟုတ်ထိုးပြေးသွားသည်။
သူမသည် ပြေးနေရင်း သူမ၏လက်ဖဝါးကို ဓားဖြင့်လှီး၍ သွေးစက်စက်ကျစေကာ
" ဟေ့ ငါ့နောက်လိုက်ခဲ့စမ်းပါ"
ဟုအော်ဟစ်လေသည်။
တုံးအသော ဖုတ်ကောင်အများစုသည် လူအရှင်လတ်လတ်၏ သွေးနံ့ရ၍လည်းကောင်း၊ အသံကြောင့်လည်းကောင်း သုန္ဒရီ့နောက်သို့ လိုက်သွားကြသည်။
သုဒီပါတို့နေရာတွင် ဖုတ်ကောင်နည်းသွားသည်မို့ ဒီပါနှင့် နန္ဒတို့ အလျင်အမြန်ပင်သုတ်သင်ကာ အပေါက်ဝရှိရာဆီ ပြေးသွားကြသည်။
သုန္ဒရီ အကျဉ်းထောင်အပြင်ဝသို့ ရောက်ရှိသွား၏။
အကျဉ်းထောင်အပြင်ဘက်တွင်မူ ဖုတ်ကောင်နှင့် စံအိမ်အတွင်းရှိလူများ လုံးထွေး၍ အုတ်အော်သောင်းနင်းဖြစ်နေသည်။
ဖုတ်ကောင်ကိုက်ခံရ၍ အစေခံများမှာ ဖုတ်ကောင်အဖြစ်ပြောင်းလဲနေသည်။ ထို့ကြောင့် အကျဉ်းထောင်အပြင်ဘက်ရှိ စံအိမ်ခြံဝန်းတွင် ဖုတ်ကောင်များ တစ်စတစ်စပိုများလာလျက်ရှိသည်။
သုန္ဒရီသည် အနီးအနားရှိ သစ်ပင်ပေါ်သို့ပြေးတက်သွား၏။
သစ်ပင်ခြေရင်းတွင် ဆာလောင်နေသော ဖုတ်ကောင်များက သုန္ဒရီ့ရှိရာဆီ လက်လှမ်းနေကြသည်။ ဖုတ်ကောင်များက သစ်ပင်ပေါ် မတက်နိုင်၍တော်သေးသည်။
ထိုအချိန်တွင် တခြားနေရာမှ လူအော်သံထွက်ပေါ်လာရာ သုန္ဒရီကို ပစ်မှတ်ထားနေသော ဖုတ်ကောင်များမှာ အသံလာရာဆီ တဟုန်ထိုးထွက်ခွာသွားကြသည်။
ထိုအခါမှ သုန္ဒရီသက်ပြင်းချလိုက်နိုင်သည်။
မကြာခင်တွင် အကျဉ်းထောင်အတွင်းထဲမှ သုဒီပါနှင့် နန္ဒတို့ထွက်လာကြသည်။
နန္ဒက မီးတုတ်တစ်ချောင်းကို ကိုင်ဆောင်လာသည်။ သူတို့နှစ်ဦးအပြင်ရောက်သည်နှင့် နန္ဒက မီးတုတ်ကို ဖုတ်ကောင်တစ်ကောင်ဆီပစ်ပေါက်လိုက်ကာ သူနှင့် ဒီပါတို့ အကျဉ်းထောင်တံခါးကို အမြန်ဆွဲပိတ်လိုက်ကြသည်။
ထို့နောက် သူတို့နှစ်ဦးသည် သစ်ပင်ပေါ်ရှိ သုန္ဒရီ့ကိုတွေ့သွားကြသဖြင့် သူတို့ပါ သစ်ပင်ပေါ် အလျင်အမြန်တက်သွားကြသည်။
အပင်ပေါ်ရောက်သည်နှင့် နန္ဒက မောဟိုက်သံနှင့်ဆိုသည်။
" ငါတို့ မြင်းဇောင်းတန်းဆီသွားပြီး အဲ့ကနေမြင်းပျံနဲ့ ထွက်ပြေးရင် လွတ်နိုင်တယ်။ စံအိမ်က ခြံဝန်းအခိုင်အမာကာထားတာဆိုတော့ ဝန်းတံခါးသာပိတ်ထားရင် ဖုတ်ကောင်တွေ အပြင်မထွက်နိုင်ဘူး။ ဝန်းတံခါးကိုတော့ အပြင်ဘက်ကနေ အသေပိတ်သွားမှဖြစ်မယ်။ ပြီးရင် အစ်ကိုတော်အရုဏကို ပြောပြီး ဒီဖုတ်ကောင်ကိစ္စအမြန်ရှင်းရမယ်။ အစ်ကိုတော်မင်းယောဇာကိစ္စတောင် မပြီးသေးတာ၊ တစ်နိုင်ငံလုံး ဖုတ်ကောင်ကိစ္ပပါဖြစ်ရင် ငါတို့တော့သေမှာပဲ"
နန္ဒသည် ပြောပြောဆိုဆိုနှင့် မြင်းဇောင်းရှိရာဘက်ဆီ သွားရန်ဟန်ပြင်၏။ သို့သော်လည်း သူ့အနောက်ရှိ နှစ်ယောက်က တုတ်တုတ်မလှုပ်သည်မို့ နန္ဒ အူကြောင်ကြောင်ဖြစ်သွားကာ
" မသွားဘူးလား"
ဟု မေးသည်။
သုဒီပါက ပင်မစံအိမ်ရှိရာဆီ နှမြောတသဟန်ဖြင့် လှမ်းကြည့်သည်။
သုဒီပါ: " မြေအောက်လျှို့ဝှက်လမ်းမြေပုံ မယူရသေးဘူး"
နန္ဒ: " ဒီလောက် ဖုတ်ကောင်တွေဖြစ်နေတဲ့ အခြေအနေမှာ မြေပုံယူဖို့ တွေးနိုင်သေးတယ်လား"
သုန္ဒရီ:"ဒီအခြေအနေအထိ ရောက်ပြီးမှတော့ ငါတို့ရဲ့အဓိက ပစ်မှတ်ကိုယူသွားတာ မကောင်းဘူးလား။ အရှင့်သားအရုဏ တိုက်ပွဲအောင်နိုင်ရေးက ငါတို့အပေါ်မူတည်နေတယ်"
နန္ဒ ဟာခနဲသက်ပြင်းချကာ စိတ်ညစ်ဟန်ဖြင့် မျက်နှာကြီးရှုံ့မဲ့လေသည်။
" နှစ်ယောက်ကဘာလို့ တစ်လေသံတည်းထွက်နေရတာလဲ"
သို့သော်လည်း နှစ်မဲတစ်မဲဖြစ်နေသည်မို့ မတတ်သာဘဲ
" ကောင်းပြီလေ။ ဖုတ်ကောင်တွေ ပိုမများလာခင် မြန်မြန်သွားရအောင်"
ဟူ၍သာ သဘောတူလိုက်ရသည်။
သုန္ဒရီသည် ဝမ်းပန်းတသာဖြင့် ခေါင်းညိတ်ပြီး သူမခါးတွင်ချိတ်ထားသော ကိရိယာကို ထုတ်ယူလိုက်သည်။
ထိုကိရိယာသည် ဒုလုံးရှည်ပုံစံဖြစ်ပြီး ထိပ်ရှိ ခလုတ်ကိုနှိပ်လိုက်သောအခါ အထဲမှ ချိတ်ကောက်တပ်ထားသော ကြိုးက ပြင်းစွာသောအရှိန်ဖြင့်ရှည်ထွက်လာသည်။
သုန္ဒရီက အဆိုပါကြိုးကို ပင်မစံအိမ်ရှိရာဆီ ဦးတည်ပစ်လိုက်ခြင်းဖြစ်သည်။
ချိတ်ကောက်က စံအိမ်၏ခေါင်မိုးကို ချိတ်မိပြီး သစ်ပင်နှင့် စံအိမ်ကြား ကြိုးတန်းသွား၏။ သုန္ဒရီက ကျန်ကြိုးတစ်ဖက်ကို သစ်ကိုင်းတွင် ခိုင်ခိုင်ချည်လိုက်သည်။
" ကြိုးပေါ်က ပြုတ်ကျရင်တော့ ငါတို့အသေပဲ"
သုန္ဒရီက စံအိမ်နှင့် သစ်ပင်ကြား အမဲဖြတ်စားသောက်နေသော ဖုတ်ကောင်များကို ငုံ့ကြည့်ရင်းဆိုသည်။
သုဒီပါက လေတစ်ချက်မှုတ်ထုတ်ရင်း သူ၏လက်ချောင်းများကို ချိုး၍၊ လက်နှစ်ဖက်ကို အကြောဆန့်သည်။ ထို့နောက် ပုဆိုးကို ခါးတောင်းကျိုက်သည်။
" ကြိုးက တစ်ယောက်ရဲ့အလေးချိန်ပဲခံနိုင်တယ်။ တစ်ယောက်ချင်းစီသွားမှရမယ်။ ငါအရင်သွားမယ်"
သုဒီပါ ကြိုးကိုတွယ်ကပ်၍ တစ်ဖက်စံအိမ်ဆီသို့ တရွေ့ရွေ့ ကူးသွားသည်။ သုဒီပါ ပြီးမှ နန္ဒသွားသည်။ နောက်ဆုံးတွင် သုန္ဒရီသွားသည်။
သုံးဦးလုံးစံအိမ်ခေါင်မိုးပေါ်ရောက်ပြီးမှ ထိုမှတစ်ဆင့် အနီးစပ်ဆုံး ပြတင်းပေါက်ဆီ တွယ်ဆင်းသည်။
ထိုပြတင်းပေါက်မှဝင်သော အခန်းတွင် ဖုတ်ကောင်နှစ်ကောင်ရှိရာ အလျင်အမြန်ပင် သတ်လိုက်နိုင်သည်။
ယင်းနောက် နေရာသိသော သုဒီပါကဦးဆောင်၍ လျှို့ဝှက်မြေပုံရှိရာအခန်းဆီ အလျင်အမြန်သွားကြသည်။ ပင်မစံအိမ်ဟာလည်း ဖုတ်ကောင်များနှင့် ပြည့်နှက်နေပြီဖြစ်ရာ ဖုတ်ကောင်များကို သတ်ရင်း၊ အရိပ်အခြည်ကြည့်ရင်းနှင့်သာ ရင်တထိတ်ထိတ်သွားရသည်။
တချို့နေရာများတွင် ဖုတ်ကောင်မဖြစ်သေးသော လူများ၊ ရဲမက်များကိုတွေ့ရသည်။ သို့သော်လည်း အခြေအနေမှာ ပရမ်းပတာဖြစ်နေပြီး မိမိအသက်ကိုဖက်နှင့်ထုပ်ထားရသည်မို့ သုဒီပါတို့ကိုဖမ်းရန် မည်သည့်ရဲမက်မှ မကြိုးစားကြချေ။
သုဒီပါက လမ်းတစ်လမ်းကိုချိုးဝင်လိုက်သည်။ ထိုအချိန်တွင် အနီးရှိအခန်းတစ်ခန်းမှ ဗြုန်းစားကြီးထွက်လာသော ဖုတ်ကောင်က နန္ဒရှိရာဆီ ခုန်အုပ်လာသည်။
သုဒီပါထိတ်လန့်သွားပြီး နန္ဒအရှေ့မှ ဝင်ကာလိုက်သည်။ သူ ဖုတ်ကောင်ကို လက်သီးဖြင့်ထိုးလိုက်ကာ ဖုတ်ကောင်လဲသွားမှ လည်ပင်းကို ဓားဖြင့်ပိုင်းချလိုက်သည်။
ထို့နောက် သူတို့သည် အသက်ရှူချိန်တောင်မရှိဘဲ မြေပုံရှိရာ အခန်းထဲသို့ အလျင်အမြန်ဝင်ပြီး တံခါးပိတ်လိုက်သည်။
ထိုအခန်းထဲတွင်တော့ ဖုတ်ကောင် တစ်ကောင်တစ်လေမျှမရှိချေ။
" မြေပုံက အဲ့ထဲမှာပဲ"
သုဒီပါက ရွှေကနုတ်များဖော်ထားသော သေတ္တာတစ်လုံးကို လက်ညှိုးထိုး၍ပြောသည်။
နန္ဒသည် သူ၏ဓားမြှောင်ကိုသုံး၍ သေတ္တာ၏သော့ကိုဖွင့်လိုက်သည်။ သို့ရာတွင် သေတ္တာအတွင်း၌ နောက်ကပ်အကန့်တစ်ခုရှိသေးသည်။ ထိုအကန့်ကိုကား ဖွင့်မရချေ။
နန္ဒအကြံအိုက်သွားစဉ်တွင် ဘေးရှိသုန္ဒရီက သေတ္တာကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။ ထူးဆန်းစွာနှင့် အကန့်အဖုံးပွင့်သွားလေသည်။
နန္ဒလည်း ပျော်ရွှင်သွားပြီး အကန့်ထဲမှ မြေပုံကို ယူ၍ လျှို့ဝှက်မြေပုံမှန်းသေချာအောင် စစ်ဆေးပြီးနောက် သူ၏အတွင်းအင်္ကျီထဲသို့ ထည့်သိမ်းလိုက်သည်။
ထိုအခါမှ သုံးဦးသား သက်ပြင်းချလိုက်နိုင်ပြီး အချင်းချင်းကြည့်ကာ ခပ်ဟဟရယ်လိုက်ကြသည်။
ရယ်ပြီးမှ နန္ဒကမေးသည်။
" ငါတို့အခု ဘယ်လိုပြန်ထွက်ကြမလဲ"
"မြေပုံရပြီးပြီပဲ။ မြေပုံထဲကအတိုင်း မြေအောက်လမ်းကနေ ထွက်ကြမယ်"
သုန္ဒရီက ပြန်ဖြေသည်။
ထိုအချိန်တွင် သုဒီပါက သူ၏လက်ကို အတန်ကြာစိုက်ကြည့်နေသည်။ တစ်ခုခုဖြစ်နေမှန်း ရိပ်စားမိသည်မို့ နန္ဒချက်ချင်းပင်မေးလိုက်သည်။
" အစ်ကိုတော် ဘာဖြစ်လို့လဲ"
သုဒီပါမျက်နှာမကောင်းပေ။ သို့တိုင် သူဟာ လက်တစ်ဖက်ကို ထောင်ပြပြီး အသံငြိမ်ငြိမ်ဖြင့်
" ငါအကိုက်ခံလိုက်ရပြီ"
ဟုဆိုသည်။ သူ၏လက်တွင် သားရဲ၏ကိုက်ချက်ပမာ စုတ်ပြဲနေသော ဒဏ်ရာက သွေးစများ၊ အသားစများနှင့် အကျည်းတန်နေသည်။
နန္ဒကို ကာပေးလိုက်စဉ်က အကိုက်ခံလိုက်ရသည်နှင့်တူသည်။
ထိတ်လန့်စိုးရိမ်စိတ်နှင့်အတူ နန္ဒ သုဒီပါအနားပြေးလာသည်။ သူ သုဒီပါ၏လက်ကို မယုံကြည်နိုင်ဟန်ဖြင့် ဆွဲယူကြည့်သည်။
ကိုက်ရာမှန်း မမှားနိုင်ပါချေ။ ဒဏ်ရာတွင် သွားရာများကို ထင်ထင်ရှားရှားတွေ့နိုင်သည်။
နန္ဒ သူ့ခေါင်းကိုခါရင်း
" ခြစ်ရာနေမှာပါ"
ဟူ၍ အက်ရှစွာဆိုလာသည်။ သုဒီပါ၏ ကြီးမားသောလက်ဖဝါးက နန္ဒ၏ခေါင်းကို နှစ်ချက်မျှ ပုတ်လာသည်။
" ငတုံးလား။ သွားရာတွေ မမြင်ဘူးလား"
" အစ်ကိုတော်ကရော ငတုံးလား။ မြေပုံကြောင့် သေမလိုအဖမ်းခံရပြီးပြီကို ဘာလို့မြေပုံကို ထပ်သွားယူချင်ရတာလဲ!"
နန္ဒ အော်ဟစ်ရင်း သုဒီပါကို မော့ကြည့်လာသည်။
နန္ဒ၏ မျက်လုံးထဲတွင် မျက်ရည်များ အိုင်ထွန်းနေ၏။ သူဟာ ငိုချင်စိတ်ကို ကြိတ်မှိတ်သည်းခံထားရသည့်ပမာ နှုတ်ခမ်းတို့ တဆက်ဆက်တုန်ယင်နေသည်။
နန္ဒကို တည့်တည့်မကြည့်နိုင်တော့လေရာ သုဒီပါ မျက်နှာလွှဲသွားသည်။ ထို့နောက် သူသည် နန္ဒနှင့် သုန္ဒရီ၏ဝေးရာသို့သွား၍ အခန်းထဲရှိ ကြိုးတစ်ကြိုးကိုယူကာ သူ၏လက်နှင့် လေးလံသောထိုင်ခုံ၏အစွန်းကို တွဲချည်နေလေသည်။
သူ၏လုပ်ရပ်များမှာ လျင်မြန်နေသည့်တိုင် များစွာလည်းတည်ငြိမ်နေသည်။ သူဟာ မည်သည်ကိုမှ နောက်ဆံတင်းစရာမရှိသည့်လူပမာ ထွက်သွားရမည်ကိုလည်း ကြောက်ရွံ့နေဟန်မရှိပါချေ။
သူက တည်ငြိမ်စွာပင် ပြောဆိုလာသည်။
" ခဏနေရင် ငါအသွင်ပြောင်းသွားလိမ့်မယ်။ မင်းတို့အနောက် လိုက်လာတဲ့ဖုတ်ကောင်သာ ငါဆိုရင် မင်းတို့လည်း သတ်ပစ်နိုင်မယ်မထင်ဘူး။ မြေပုံထဲကအတိုင်း အမြန်ထွက်သွားကြ။ စံအိမ်ကိုလည်း အပြင်ကနေ အသေပိတ်ခဲ့ဖို့ မမေ့နဲ့။ တစ်မြို့လုံး ဖုတ်ကောင်တွေဖြစ်သွားလို့တော့ မဖြစ်ဘူးလေ။ ဟုတ်တယ်မလား။ အစ်ကိုတော်အရုဏကတော့ ဒီစံအိမ်ထဲက ဖုတ်ကောင်ကိစ္စကို သေချာဖြေရှင်းနိုင်မယ်လို့ ငါယုံတယ်"
" မြေပုံကိုမယူပါနဲ့လို့ ပြောခဲ့တာကို"
တစ်ဖက်မှ နန္ဒ၏ငိုသံနှင့် ဆူပူဟန်ရောယှက်နေသော အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
သုဒီပါ နန္ဒကိုလှည့်ကြည့်လိုက်စဉ်တွင် သူ့ဆီတည့်တည့်လျှောက်လာသော နန္ဒက သူ့ကိုတင်းကျပ်စွာ ပွေ့ဖက်လာသည်။ နန္ဒဟာ သူ့ထက်စာလျှင် ခေါင်းတစ်လုံးစာပုသည်မို့ သူ့ရင်ခွင်ထဲသာ နစ်ဝင်နေသည်။
နန္ဒက အော်ငိုရင်း ဗလုံးဗထွေးနှင့်ရေရွတ်လာသည်။
" ဒီမြေပုံက အသက်နဲ့လဲရအောင် ဘာမို့လို့လဲ။ သူရဲကောင်းက စစ်ပွဲမှာပဲသေတယ်ဆိုပြီး နာမည်ကောင်းလိုချင်လို့လား။ ဘာအတွက်လဲ။ ဘာအတွက် သူရဲကောင်းတံဆိပ်လိုချင်ရတာလဲ။ ဒီအတိုင်း ထွက်ပြေးမှပေါ့"
သုဒီပါ၏ မျက်ဝန်းများနီမြန်း၍စိုစွတ်လာသည်။ သူ နန္ဒကိုပြန်ဖက်မည့်ဟန်ပြင်လိုက်သော်လည်း ထိုအစား ကျောပြင်ကိုတစ်ချက်ပုတ်ကာ သူ့အနားမှ ခွာသွားအောင် တွန်းလိုက်သည်။
" မင်းအနံ့က ငါ့နှာခေါင်းထဲချိုနေပြီကွ သိရဲ့လား။ ငါပုံမပြောင်းခင် သွားကြတော့။ ငါ့ရုပ်ဆိုးဆိုးပုံကြီးမပြချင်ဘူး"
" အစ်ကိုတော်...ဝါး...အီးဟီးဟီး"
" သုန္ဒရီ သူ့ကိုခေါ်ထုတ်သွားတော့"
ဘေးတွင်ကပ်နေသော သုန္ဒရီသည် စိတ်မကောင်းချင်းများစွာနှင့် ချီတုံချတုံဖြစ်နေ၏။ သို့သော်လည်း သူမကပဲဖြစ်ဖြစ်၊ အခြေအနေကိုထိန်းသိမ်းရမည်ဖြစ်လေရာ နန္ဒအနားကိုလာပြီး နန္ဒကို ဆွဲခေါ်သွားဖို့ကြိုးစားသည်။
နန္ဒမှာ မျက်ရည်များတသွင်သွင်စီးကျရင်း ရှိုက်ငိုနေ၏။ ညီအစ်ကိုများထဲတွင် သူနှင့်အရင်းနှီးဆုံး၊ တပူးပူးတတွဲတွဲအရှိဆုံးသူဟုဆိုလျှင် သုဒီပါနှင့် ပီယံမိတ်သာဖြစ်သည်။ ထိုထဲတွင်မှ သုဒီပါသည် နန္ဒ၏အနွံတာကို အခံခဲ့ဆုံးသူဖြစ်သည်။ သူသည် သုဒီပါကို မိမိ၏အစ်ကိုတော်ရင်းဖြစ်သော ဘရဏသူထက်တောင် ပိုမိုခင်တွယ်သည်။ အစ်ကိုတော်ဒီပါက သူ့အတွက် အစ်ကိုတော်တစ်ယောက်ဆိုသည်ထက် သူငယ်ချင်းပမာ၊ မိဘပမာ အမြဲတမ်းရှိခဲ့ပေးသည့် သူတစ်ယောက်ဖြစ်သည်။
သုဒီပါမှာ ဖြည်းဖြည်းချင်းအရေပြားများ အက်ကွဲလာနေသည်။ သုဒီပါ၏မြင်ကွင်းသည် သွေးရောင်များနှင့် ပြည့်လာပြီး နန္ဒနှင့်သုန္ဒရီိကို မှုန်ဝါးဝါးသာမြင်ရတော့သည်။
သုဒီပါ ပြုံးသည်။ ထို့နောက် သူဟာ ရယ်သံစွက်၍ဆိုသည်။
" ၅၆ ကောင်...၅၆ ကောင်သတ်ခဲ့တယ်။ မင်းက အကောင် ၄၀ လောက်ပဲ သတ်နိုင်ခဲ့တယ်မလား။ ဒီပွဲ ငါနိုင်တယ်"
**************************
သစ်သားကုလားထိုင်တစ်လုံးပေါ်ဝယ် ယုဂန်သည် ကြိုးအထပ်ထပ်တုပ်၍ စည်းနှောင်ခံထားရ၏။
သူ၏ဘေးပတ်လည်တွင်မူ လူသွေးဖြင့် စက်ဝိုင်းစည်းတားထားပြီး ဆီမီးများကိုလည်း ပတ်ပတ်လည် စီရီထွန်းညှိထားသည်။
လက်တစ်ထွာမျှရှိ စုန်းမီးတောက်များက ယုဂန်ဘေးတစ်တစ်လျှောက် ဝိုင်းကြီးပတ်လည်ကာ လေပေါ်ပျံဝဲနေသည်။ အဆိုပါ စုန်းတောက်များထံမှ အစွမ်းသတ္တိများက ယုဂန်၏ကိုယ်ထဲသို့ တစိမ့်စိမ့် စိမ့်ဝင်ကာ ယုဂန်၏သွေးသားထဲရောနှောနေသော ပတ္တမြားမျက်ရှင်၏ဂုဏ်သတ္တိကို နှိုးဆော်ပေးနေသည်။
ယုဂန်၏အရှေ့တည့်တည့်တွင် စုန်းမကိဏီရှိသည်။ ယုဂန်၏မျက်စောင်းထိုးနားတွင်တော့ တံခါးဘောင်ကို ဟန်ကျပန်ကျမှီကာ ယုဂန်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့် မြို့စားရွဲထခေါင်နူးရှိသည်။
ကြိုးတုပ်ခံထားရသည်မှအပ အစီအရင်အလုပ်ခံရခြင်းက ယုဂန်ကို နည်းနည်းလေးမှ မနာစေပါ။ သို့သော်လည်း ဤအခြေအနေကြီးက စိတ်ညစ်စရာကောင်းလှလေရာ ယုဂန်မှာ မျက်မှောင်ကုတ်ရင်းသာ ဆူပုတ်ပုတ်ဖြစ်နေသည်။
များမကြာမီတွင် အစီအရင်ပြီးဆုံးသွားသည်။ ယုဂန်ဘေး ဝဲနေသော စုန်းမီးတောက်များလည်း ပျောက်ကွယ်သွားပြီး စုန်းမကိဏီက ယုဂန်အနားသို့ လမ်းလျှောက်လာသည်။
သူမက ယုဂန်၏ ခန္ဓာကိုယ်အခြေအနေနှင့် မှော်စွမ်းအင်လည်ပတ်မှုကို စစ်ဆေးသည့်အနေဖြင့် ယုဂန်၏လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ကြည့်သည်။ ထို့နောက်
"ဒီအစီအရင်တွေ ခုနှစ်ညဆက်တိုက် လုပ်ပြီးသွားရင်တော့ လာမယ့်လပြည့်နေ့မှာ သင့်ဆီက စွမ်းအင်တွေရယူဖို့ အဆင်သင့်ဖြစ်ပါပြီ"
ဟု ပြုံး၍ဆိုသည်။ သူမ၏အပြုံးက မထိတထိဖြစ်လှသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။
သူမ ယုဂန်အနားမှ ထွက်သွားမည်ပြုသည်။ ယုဂန် သူမကို ဟန့်တားလိုက်သည်။
" ခဏနေဦး။ ကျွန်တော်ခင်ဗျားကို မေးစရာရှိတယ်"
"မေးကြည့်လေ။ အမတ်မင်းမေးသမျှ ဖြေဖို့အသင့်ပါပဲ"
ကိဏီသည် သူမ၏ဝသီအတိုင်း အန္တရာယ်များသည့် အသံချိုချိုလေးဖြင့် ပြန်လည်တုံ့ပြန်၏။ စင်စစ် ဒီမိန်းမဟာ "ပျော့ပျော့လေးနှင့်နံသည့် ကြောင်ချီး" ဟူ၍သာ ယုဂန်တွေးတောလိုက်မိသည်။
" စုန်းမဂန္ဓမာ...သူတစ်ရွာလုံးကိုသတ်မိအောင် စိတ်ညှို့ခဲ့တာ ခင်ဗျားမဟုတ်လား"
ကိဏီ ဘာမှပြန်မဖြေသော်လည်း သူမမျက်နှာဟာ မခို့တရို့ ပြုံးရယ် သွားသည်။ အဆိုပါ မျက်နှာပေးကို မြင်တွေ့လိုက်ရသောအခါ ယုဂန် ထောင်းခနဲ ဒေါသထွက်သွားမိသည်။
ယုဂန် မျက်လုံးထဲတွင် နောက်ဆုံးအချိန်အထိ နာကျင်ခံစားခဲ့ရသော စုန်းမဂန္ဓမာ၏မျက်နှာက တရိပ်ရိပ်ထင်ပေါ်လာသည်။
ယုဂန် လက်သီးကိုဆုပ်ရင်း အံကြိတ်လိုက်မိသည်။
"ဟုတ်နေတာပဲ။ ခင်ဗျားက သူ့ကို စိတ်ညှို့တယ်။ သူ့ရဲ့အမုန်းတရားတွေကို လှုံ့ဆော်ပေးပြီး တစ်ရွာလုံးကို သူသတ်မိအောင်လုပ်တယ်။ နောက်ပြီး ခင်ဗျားက စုန်းမဂန္ဓမာဘေးနားမှာ သိမ်းငှက်နေနဲ့ နေခဲ့တယ်။ ဂန္ဓမာက ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းချင်ခဲ့တဲ့သူ။ ဒီလိုဘဝမျိုး သူဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး။ ခင်ဗျားကသာ သူ့ကို မကောင်းဆိုးဝါးဖြစ်အောင် ပြောင်းလဲခဲ့တာ"
"အဲ့တော့ သင်က သူ့အတွက်ခံပြင်းပေးနေတာလား"
ကိဏီဟာ ထိုကိစ္စအတွက် မည်သို့သော အပြစ်ခံယူစိတ်မှ ရှိပုံမပေါ်ပါပေ။ သူမက နူးနူးညံ့ညံ့၊ ရှရှတတလေးပင် ရေရွတ်ကာ သူမ၏လက်သည်းများကို ကွေး၍၊ ဆန့်၍သာ တစိမ့်စိမ့်ကြည့်ရှုနေသည်။
သူမက psychopath တစ်ယောက်လိုပါပင်။
" အမတ်မင်း ထင်ချင်သလိုထင်ပြီး ဒေါသထွက်ချင်သလိုထွက်ပါ။ ကျွန်ုပ်ကတော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောလိုဘူး"
ကိဏီ၏ မထိတထိမျက်နှာပေးကိုက ယုဂန်အတွက် ထရိုက်ချင်စရာ ကောင်းနေလေပြီ။ သို့သော်လည်း ဘာမှမတတ်နိုင်သည်ဖြစ်ရာ ယုဂန် ဒေါသထွက်ရင်းသာ အံကြိတ်၍ မေးသည်။
" ကျွန်တော်သိချင်တာက ခင်ဗျားဘာလို့သူ့ကိုမှ လုပ်ရတာလဲ။ သူကဘယ်လောက်ပဲ စုန်းသွေးပါပါစေ၊ မှော်နက်ပညာတွေနဲ့ မပတ်သက်ခဲ့တဲ့သူပါ"
"အမတ်မင်းက သိပြီးသားလူဆိုတော့ ကျွန်ုပ်ဘာမှမဖုံးကွယ်နေတော့ပါဘူး။ အကြောင်းစုံကို ကျွန်ုပ်ပြောပြမယ်"
ကိဏီက သစ်သားထိုင်ခုံတစ်လုံးကို ဆွဲယူပြီး ယုဂန်အရှေ့တွင် ထိုင်သည်။ ထို့နောက် သူမဟာ ခြေထောက်ချိတ်လိုက်ပြီး အန္တရာယ်များသော အပြုံးတစ်ပွင့်ကိုဆင်ရင်း အကြောင်းစုံကိုရှင်းပြသည်။
" အဲ့ကတည်းက ကျွန်ုပ်က အချိန်ယန္တရားဖွင့်နိုင်မယ့်နည်းလမ်းကို လိုက်ရှာနေခဲ့တာ။ အမတ်မင်းသိထားတဲ့အတိုင်း ရှေးဟောင်းမာရစ်မျိုးနွယ်ဝင်က အချိန်ယန္တရားကူးသန်းပေါက်ဖွင့်နည်းကို ရေးခဲ့တယ်လေ။ နောက် သူသေသွားတဲ့အခါ သူရေးခဲ့တဲ့အရာတွေက တစ်စစီပျံ့နှံ့သွားပြီး မှော်နက်ပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် အသေအကျေလုယူရတဲ့ အဖိုးတန်ပစ္စည်းဖြစ်လာတယ်။ ဂန္ဓမာ့မိဘတွေက အဲ့ဒီ့အစိတ်အပိုင်းတစ်ခုကို ရထားတယ်။
ကျွန်ုပ်သိလိုက်တဲ့အချိန်မှာ ဂန္ဓမာ့မိဘအရင်းတွေက သေသွားပြီ။ သူတို့ရဲ့အရေးကြီးပစ္စည်းတွေက ဂူထဲမှာကျန်ခဲ့တယ်။ ဂူတံခါးမှရ သူတို့ရဲ့သွေးသားအရင်းအချာဖွင့်မှ ပွင့်နိုင်မယ့်အစီအရင်လုပ်ထားတယ်။ ကျွန်ုပ်လည်း သူတို့ရဲ့သွေးသားကိုလိုက်ရှာရင်း ဂန္ဓမာဆိုတဲ့သမီးတစ်ယောက်ရှိမှန်းသိသွားတယ်။ ဂူတံခါးက ဂန္ဓမာဖွင့်မှရမှာ။ ဂန္ဓမာကလည်း နေရင်းထိုင်ရင်းတော့ ဂူတံခါးသွားဖွင့်မှာ မဟုတ်ဘူးလေ။ အဲ့တာကြောင့် သူရွာကနေထွက်ပြီး ဂူဆီသွားဖြစ်အောင် လုပ်လိုက်ရတာပဲ"
"ခင်ဗျားက ဂန္ဓမာ့ကို ရုပ်သေးရုပ်လို ကြိုးဆွဲခဲ့တာပဲ"
ကိဏီ ပခုံးတွန့်ပြပြီး ခုံအနောက်ကို မှီသည်။
"အဲ့ကောင်မလေးက စွမ်းအားကြီးတယ်။ ဒါပေမဲ့ စိတ်ပျော့တယ်။ ငါနဲ့သာပူးပေါင်းလိုက်ရင် စွမ်းအားကြီးတဲ့ ကဝေတစ်ယောက်ဖြစ်လာမှာကို သူ့ချစ်သူကို ရှာဖို့ပဲ စိတ်အားထက်သန်နေတာ။ သူက အလဟဿနဲ့သေသွားရတာပဲ"
" ဆိုတော့ ခင်ဗျားက ဂန္ဓမာ့မိဘတွေရဲ့ အစီအရင်တွေ၊ ရထားတဲ့မှော်နက်ပစ္စည်းတွေကို ယူလိုက်တာပေါ့"
" အင်းပေါ့။ သူတို့ဆီကနေ အချိန်ကူးသန်းပေါက်ဖွင့်နည်း တစ်ပိုင်းတစ်စကို ရလိုက်တယ်လေ"
" အချိန်ကူးသန်းပေါက်က ဖျက်ဆီးနည်းရှိတယ်လို့လည်း ကြားတယ်"
ကိဏီ မျက်ဝန်းအရောင်ပြောင်းလဲသွားပြီး ယုဂန်ကို စိတ်ဝင်တစားစိုက်ကြည့်လာသည်။
"ဘယ်သူ့ဆီကလဲ"
" မာရစ်မျိုးနွယ်ဝင်ဆီက"
ကိဏီမျက်နှာ တစ်မျိုးပြောင်းသွားသည်ကို ယုဂန်သတိထားမိလိုက်သည်။ ထင်သည့်အတိုင်း စုန်းတိုင်းဟာမာရစ်မျိုးနွယ်ကိုတော့ ခန့်ကြ၊ ရှိန်ကြသည်ပင်။
"ဆံပင်အဖြူနဲ့တစ်ယောက်လေ။ ခင်ဗျားတောင် သူ့ကို စစ်ပွဲမှာတွေ့ဖူးပါတယ်။ သူပြောတာတော့ ဖျက်ဆီးနည်းက ဂန္ဓမာ့မိဘတွေဆီ ရောက်သွားတာတဲ့။ ဆိုတော့ အခုခင်ဗျားဆီမှာပေါ့"
"ကျွန်ုပ်ဆီမှာသာဆိုရင် အမတ်မင်းကယူမလို့လား"
ကိဏီ လေပြည်အေးနှင့်ဆိုရင်း မျက်လုံးကိုတစ်ဝက်မှေး၍ ယုဂန်ကို ငေးကြည့်သည်။
ယုဂန်၏ပြတ်သားတည်ကြည်နေသော မျက်နှာထားကိုမြင်သော် ကိဏီဖြည်းဖြည်းချင်းပြုံးသွားသည်။
" ယူကြည့်လေ။ ကျွန်ုပ်က စိန်ခေါ်ရတာတွေကြိုက်ပါတယ်"
ကိဏီ ထိုင်ရာမှထသည်။ ထိုအချိန်တွင် သူမသည် ယုဂန်၏ဘယ်ဘက်လက်သူကြွယ်မှ ကျောက်စိမ်းလက်စွပ်ကို တွေ့မြင်သွားသည်။
သူမ၏နှုတ်ခမ်းစွန်းတို့မြင့်တက်သွားပြီး အဆိုပါလက်စွက်ကို လက်ညှိုးဖြင့်တို့ထိသည်။
" လက်စွပ်လေးလှသားပဲ။ ကျွန်ုပ်ကိုပေးမလား"
ကိဏီသည် ပြောပြောဆိုဆိုနှင့် လက်စွပ်ကို ချွတ်ယူလိုက်၏။ ယုဂန်မှာ ကြိုးတုပ်ခံထားရသည်ဖြစ်ရာ
" မင်း..."
ဟု ဟိန်းဟောက်လိုက်ရုံမှအပ ဘာမှပြန်မလုပ်နိုင်ခဲ့ချေ။
သာမန်လက်စွပ်ဆိုပါက ယုဂန်ဂရုစိုက်နေမည်မဟုတ်ချေ။ ယခုက သူနှင့်မောင် လက်ထပ်ခြင်းတစ်နှစ်ပြည့်အတွက် မောင်လက်ဆောင်ပေးထားသော အရာပေမို့ ဤလက်စွပ်ကိုထိခြင်းက သူ့ကိုထိခြင်းနှင့်အတူတူပင်။
ကိဏီကမူ အမြင်ကတ်စရာကောင်းလောက်အောင် ပြုံးနေပြီး လက်စွပ်ကို ဝတ်ကြည့်နေသည်။ သူမက
" လက်မှာ အတော်ပဲ။ အမတ်မင်းလက်က ဘယ်လိုတောင် သေးသွယ်ရတာလဲ။ လက်စွပ်အတွက် ကျေးဇူးပဲ။ သွားပြီနော်"
ဟု ပြုံးပြုံးရွှင်ရွှင်ဆိုရင်း ဆံပင်ကိုခါကာ လှုပ်လီလှုပ်လဲ့နှင့် လမ်းလျှောက်ထွက်သွားလေသည်။
အခန်းထဲတွင် ယုဂန်နှင့် မြို့စားရွဲသာကျန်ခဲ့သည်။
မြို့စားရွဲက ယုဂန်အနားသို့ ဖြည်းဖြည်းချင်းလျှောက်လာပြီး ယုဂန်ရှေ့ရှိခုံတွင် မျက်နှာချင်းဆိုင်ဝင်ထိုင်သည်။
ယုဂန် စိတ်ညစ်လွန်း၍မျက်လုံးကို မှိတ်ချလိုက်သည်။ ကိဏီထက်ပိုပြီး မြို့စားရွဲ၏မျက်နှာကို သူမမြင်ချင်ပင်။
" အရင်တစ်ခေါက် ပြန်တွေ့တုန်းက စစ်ပွဲအလယ်မှာမို့ ယုဂန်နဲ့ သေချာမတွေ့လိုက်ရဘူး။ ဒီအတောအတွင်း သိပ်ကိုလွမ်းနေခဲ့ရတာ။ ယုဂန် ပိုပြီးလှလာတယ်"
မြို့စားရွဲ၏ လက်တစ်ဖက်က ယုဂန်၏ဆံပင်များကို အသာအယာထိတွေ့လာသည်။
ယုဂန်က ဆံပင်ဖားလျားချထားသည်ဖြစ်ရာ ဆံနွယ်များက ယုဂန်၏မျက်နှာဖူးဖူးလေးနားဝဲနေပြီး သူ့ကို ပို၍ အလှလေးဆန်နေစေသည်။ မျက်နှာက မကျေမနပ်ဖြင့် တင်းမာနေသော်လည်း ဤသည်ကပင် ချစ်ဖို့ကောင်းနေစေသည်။
" ပါးစပ်ပိတ်ပြီး ထွက်သွားပေးပါလား။ ကျွန်တော် ခင်ဗျားရဲ့ရူးကြောင်ကြောင်စကားတွေကို နားထောင်ချင်စိတ်မရှိဘူး"
" နောက်ကျရင် ယုဂန်ကိုယ်တိုင် ကျွန်ုပ်ရှေ့မှာ ဝပ်တွားခယလာမှာပါ"
ယုဂန် ထောင်းခနဲဖြစ်သွားသဖြင့် မြို့စားရွဲကို ဒေါသတကြီးကြည့်ကာ ပက်ခနဲပြန်ပြောလာသည်။
" ခင်ဗျားရူးနေတာလား။ တစ်ခန်းလွတ်နေတာလား။ တချို့တွေ ဖြစ်ချင်တာများပြီး မဖြစ်ရလို့ ရူးသွားတယ်လို့တော့ ကြားဖူးပါတယ်။ အခုမှပဲမြင်ဖူးတော့တယ်"
မြို့စားရွဲက ခပ်သဲ့သဲ့ရယ်သည်။ သူက ထိုင်ခုံတွင် လက်ပိုက်ကျောမှီလိုက်ပြီး
" ထူးဆန်းတယ်။ ကျွန်ုပ်လိုချင်ရင် လက်ထပ်နိုင်တဲ့သူတွေ အများကြီးရှိရက်နဲ့ ယုဂန်ကိုမှ ထူးထူးခြားခြား စွဲလမ်းနေမိတာပဲ။ ဒီလိုမျက်နှာလှလှလေးနဲ့၊ မျိုးရိုးမြင့်၊ အထက်တန်းလွှာ၊ အမတ်မင်း။ ယုဂန်လိုလူမျိုး ထပ်မရှိနိုင်တော့ဘူး။ ကျွန်ုပ်အတွက် အသင့်တော်ဆုံးလူက ယုဂန်ပဲ"
ဟုဆိုသည်။ တစ်ဆက်တည်းပင်
" ကျွန်ုပ်ရဲ့တရားဝင်ဇနီး သေဆုံးသွားပြီ။ ထပ်ပြီး စီးပွားရေးအရ လက်တွဲစရာအကြောင်းရင်းလည်း မရှိတော့တာ မို့လို့ အခုချိန်ကစပြီး ကျွန်ုပ် ယုဂန်ကို ဦးစားပေးသွားမှာပါ။ လပြည့်ညပြီးတာနဲ့ ယုဂန်ကို ကျွန်ုပ်ရဲ့အပိုင်အဖြစ်ပေးဖို့ အရှင်ယောဇာဆီတောင်းခံထားတယ်။ အချိန်ကူးသန်းပေါက်ပွင့်ပြီးတာနဲ့ ကျွန်ုပ် ယုဂန်ကို လက်ထပ်မယ်"
ဟု တိကျပြတ်သားစွာပြောလာသည်။
ယုဂန်သည် ခေါင်းကိုက်လာသဖြင့် အရေးမပါသည့်ထိုအရာကို ပြန်ရန်တွေ့ချင်တော့ပေ။ သူအနေနှင့် အရူးစကားတိုင်းကို ပြန်လည်တုံ့ပြန်ဖို့ မလိုအပ်သည်မဟုတ်ပါလား။
" အေးပါကွာ၊ ပြောချင်တာသာ ပြောနေတော့။ အရူးစိတ်ချမ်းသာရင်ပြီးတာပဲ။ ဒီကိစ္စတွေပြီးရင် မင်းပဲအသက်ရှင်ပါစေဦး။ ငါ့ယောက်ျားက မင်းကိုအသတ်ချင်ဆုံးဖြစ်နေမှာ ငါပြောရဲတယ်"
" ဘယ်သူအရင်သေမလဲ ကြည့်ကြတာပေါ့"
မြို့စားရွဲက ရယ်၍ပြောရင်း ယုဂန်အနားသို့တိုးကပ်လာသည်။
သူက ယုဂန်၏ပါးကို လက်ဖြင့်ပွတ်သပ်ရန် ကြိုးပမ်းသည်။ သို့သော် ယုဂန်က မျက်နှာဘေး လွှဲသွားသဖြင့် မထိလိုက်ရချေ။
ရွဲက လေသံတိုးတိုးနှင့် ခပ်ရှရှဆိုသည်။
" ယုဂန်ကိုထိတွေ့ဖို့ မစောင့်နိုင်တော့ဘူး။ အိပ်ရာထဲမှာ ယုဂန် ဘယ်လောက်လှလိုက်မလဲဆိုတာကို မြင်ချင်မိတယ်။ ဒါပေမဲ့ အခုတော့ အညစ်အကြေးစွန်းထင်းလို့မရတဲ့ အစီအရင်ကြောင့် ယုဂန်ကို ထိခွင့်မရသေးဘူး။ အစီအရင် ခုနစ်ရက်ပြည့်တဲ့နေ့ကျရင်တော့ ယုဂန် ကျွန်ုပ်လက်ထဲကို ရောက်လာမှာပါ။ အဲ့ကျရင် မင်းရဲ့ခင်ပွန်းထက် သာတယ်ဆိုတာကို သေသေချာချာပြသပေးမယ်"
ယုဂန် အံကြိတ်ထားသဖြင့် မေးရိုးများထင်းနေ၏။
ရွဲက ယုဂန်၏ဆံပင်များကို ဆွဲယူနမ်းရှိုက်ပြီးနောက်
" မနက်ဖြန်မှ ထပ်လာခဲ့မယ်"
ဟုဆိုကာ အနားမှ ထ,သွားသည်။
မြို့စားရွဲထွက်သွားမှ ယုဂန်ဟာ စိတ်အေးချမ်းသာစွာ အချုပ်ကျနိုင်သည်။
သူသည် ခြေချောင်းများကို ဆန့်လိုက်၊ ကုတ်လိုက်လုပ်ရင်း စိတ်ထဲမှ အချိန်များရေတွက်နေသည်။ သူ ပျင်းပျင်းရှိလှသဖြင့် ၁ မှ ၁၀၀ ရအောင် ဂဏန်းစဉ်ရေသည်။
သူရေတွက်၍ ၁၀၀ မပြည့်ခင်မှာပင် သူ့အရှေ့သို့ အကောင်ဖြူဖြူလေးတစ်ကောင် ဘုတ်ခနဲကျလာလေသည်။
ထိုအကောင်ဖြူဖြူလေးက ကြောင်လေးတစ်ကောင်ဖြစ်သည်။ ယင်းကြောင်ကလေးက ချက်ချင်းပင် လူကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။
" အမတ်မင်း"
မာရစ်မျိုးနွယ်က ဂါရဝပြု၍ နှုတ်ခွန်းဆက်သသည်။
နရတ်ကိုမြင်သည်နှင့် ယုဂန်၏နှုတ်ခမ်းစွန်းများဟာ ကွေးညွတ်ပြုံးသွားလေသည်။
" အချိန်ကျပြီ"
***********************************
နန်းဆောင်တစ်ခု၏ ခေါင်မိုးထက်ဝယ် လူတစ်ဦးဟာ နက်မှောင်သောအဝတ်အစားများဝတ်၍ မတ်တပ်ရပ်နေလေသည်။ ညဟာ မှောင်မိုက်နေပြီမို့ ထိုလူဟာ ကောင်းကင်အနက်နှင့်အတူ ရောနှော၍ ပျောက်ကွယ်နေသည်။
ထိုလူသည် မျက်နှာကိုအဝတ်ဖြင့်ကွယ်ထား၏။
ထို့တိုင် သူ၏ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းများနှင့် သေးသွယ်ပါးလျသောအချိုးအစားကို ကြည့်၍ မိန်းကလေးဟု အထင်ခံရနိုင်သည်။
သို့သော် သူဟာမိန်းကလေးမဟုတ်။ သူဟာ ဒေါဏသာဖြစ်သည်။
ဒေါဏသည် လက်ထဲတွင် လေးနှင့်မြားကိုကိုင်ကာ တစ်နေရာသို့ ဦးတည်ချိန်ထားသည်။
သူ၏မျက်ဝန်းများက ပစ်မှတ်ကို စူးရဲစွာကြည့်နေသည်။ သူ၏လက်ချောင်းသွယ်များက မြားကိုပစ်လွှတ်လိုက်သည်။
မြားဟာ တစ်ဖက်အဆောက်အအုံထဲသို့ မှန်ပြတင်းမှတစ်ဆင့်ဖောက်ဝင်သွား၏။ မှန်များကွဲကြေသွားပြီး မြားဟာလည်း အဆောက်အအုံအတွင်း၏ အလယ်တည့်တည့်ရှိ စားပွဲပေါ်မှ အင်းစာရွက်ကို သွားရောက်ထိမှန်လေသည်။
အင်းစာရွက်ဟာ ဝုန်းခနဲ မီးထတောက်သည်။
အင်းစာရွက်ပျက်စီးသွားပြီး အစအနေပင်မကျန်အောင် ပြာမှုန်များအဖြစ် လေထဲလွင့်ပျံသွားသည်။
အဆိုပါ အင်းစာရွက်သည် ဝက်သွေးစည်းအစီအရင်၏ ဗဟိုအင်းစာရွက်သာဖြစ်သည်။
ဗဟိုစာရွက်ပျက်စီးသွားပြီမို့ မြို့ရိုးပတ်လည်ကာရံထားသော ဝက်သွေးစည်းဟာလည်း အလုံးစုံကွယ်ပျောက်သွားပြီဖြစ်သည်။ သို့ဆိုလျှင် မင်းသားအရုဏတပ်ဟာ နန်းတော်ထဲသို့ အခက်အခဲမရှိ ဝင်ရောက်နိုင်ပြီဖြစ်သည်။
ထိုတစ်ချိန်တည်းမှာပင်။ တခြားသော ကိစ္စလည်းဖြစ်ပျက်လေသည်။
မီး....
နန်းဆောင်တစ်ခုမှ မီးတောက်ကြီးများ ထတောက်သည်။
မီးလောင်နေလေပြီ။
မီးလောင်သော နန်းဆောင်မှာ မေ့မြောနေသော မင်းသားမဏိရှိရာ နန်းဆောင်ပင်ဖြစ်သည်။
******************************
A/N
ပြန်လာပါပြီ! teo က အားလုံးနီးပါးအတွက် he ပါ။ h မ e ခင်တော့ နည်းနည်းလောင်ရမယ်။ အားလုံးပဲ ဖိုက်တင်းပါ။
16.8.2023
.
.
Zaw Gyi
ဝက္ေသြးစည္း ဗဟိုအင္းကြက္ ပေပ်ာက္ျခင္း
________________
အိုေဟာင္းကာ တကြၽီကြၽီအသံျမည္ေနေသာ သစ္သားတြန္းလွည္းေလးမွာ မညီမညာေျမလမ္းထက္တြင္ အိပဲ့အိပဲ့ႏွင့္ေ႐ြ႕လ်ားလာေနသည္။ ထိုတြန္းလွည္းေလးကို တြန္းလာသူႏွစ္ဦးသည္ ေက်းေတာသူဟုထင္ရေသာ မိန္းကေလးတစ္ဦးႏွင့္ အသားအေရညိဳက်စ္က်စ္ရွိေသာ အမ်ိဳးသားတစ္ဦးတို႔ျဖစ္သည္။
ထိုတြန္းလွည္းကေလးေပၚတြင္ လတ္ဆတ္ေသာဟင္းသီးဟင္း႐ြက္မ်ားစြာရွိၿပီး တြန္းလွည္းသြားရာ ဦးတည္လမ္းမွာ သႏၷီးၿမိဳ႕စားစိတၱ၏စံအိမ္ေတာ္ဆီသို႔ျဖစ္သည္။
သႏၷီးၿမိဳ႕စား၏စံအိမ္ေတာ္သည္ ၿမိဳ႕အလယ္တြင္ရွိတတ္သည့္ တျခားေသာ ၿမိဳ႕စားစံအိမ္မ်ားႏွင့္မတူဘဲ ၿမိဳ႕အစြန္ဆုံးတြင္တည္ရွိသည္။ ထို႔ေၾကာင့္ ၿမိဳ႕စားစံအိမ္သို႔ေရာက္ေလေလ၊ လူျပတ္ေလေလျဖစ္သည္။ ၿမိဳ႕စားအိမ္တြင္ အေစာင့္အၾကပ္မ်ား မ်ားျပားေတာင့္တင္းလွသည္ျဖစ္ရာ ေတာ္႐ုံလူတို႔မွာ ၿမိဳ႕စားစံအိမ္နားသို႔ မလာဝံ့ၾကဘဲ ပိုမိုေျခာက္ကပ္ေနေလသည္။
သို႔ရာတြင္ အႏွီအမ်ိဳးသားႏွင့္အမ်ိဳးသမီးမွာေတာ့ ေတာင္ယာလုပ္ကိုင္ၾကၿပီး သူတို႔လယ္မွထြက္ေသာ သီးႏွံမ်ားကို ၿမိဳ႕စားစံအိမ္သို႔ တစ္ပတ္တစ္ခါေပးပို႔ရသည္။ ပို႔သည့္အခါတိုင္းလည္း လွည္းႏွင့္အျပည့္ပို႔ရသည္။ ထိုအတြက္ ျပန္ရေသာေငြမွာ မစို႔မပို႔ႏွင့္ မထိုက္တန္ေသာ္လည္း ၿမိဳ႕စားစိတၱကို အာခံဝံ့ေသာသတၱိမရွိသည္မို႔ ဖိႏွိပ္သမွ်ဒဏ္ကို ခါးစည္းခံေနရသည္လည္းျဖစ္သည္။
ထိုသို႔ သူတို႔ႏွစ္ဦးသည္ ၿမိဳ႕စားအိမ္သို႔သြား၍ တစ္ေနရာအေရာက္၌ သစ္ပင္ႀကီးအကြယ္မွ လူရိပ္ႏွစ္ခုထြက္လာသည္ကို ျမင္လိုက္ရသည္။ အဆိုပါ လူရိပ္တို႔သည္ လြန္စြာလွ်င္ျမန္လွသည္ျဖစ္ရာ မ်က္တစ္ခတ္အတြင္းမွာတင္ သူတို႔အေနာက္ကိုေရာက္၍ အသီးသီး၏လည္ပင္းကို ဓားေျမႇာင္ျဖင့္ေထာက္ထားၿပီးျဖစ္သည္။
ေက်းေတာသူ၏လည္ပင္းကို ေထာက္ထားသူမွာ မိန္းကေလးတစ္ဦးျဖစ္ၿပီး ေယာက္်ား၏လည္ကိုေထာက္ထားသည္မွာလည္း လူငယ္အမ်ိဳးသားတစ္ဦးျဖစ္သည္။
" စိတ္ေတာ့မေကာင္းေပမဲ့ မင္းတို႔ရဲ႕ပစၥည္းေတြ ခဏငွါးရလိမ့္မယ္"
ခ်ဳံခိုတိုက္ခိုက္လာသူ မိန္းကေလးကေျပာသည္။
လယ္သမားႏွစ္ဦးသည္ ဘာမွမေျပာဝံ့ၾကဘဲ တိုက္ခိုက္သူႏွစ္ဦး၏စကားကို ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ ေခါင္းညိတ္ၾကသည္။
႐ြာသူ႐ြာသားမ်ားေပမို႔ သူတို႔ႏွစ္ဦးသည္ တိုက္ခိုက္လာသူႏွစ္ဦး၏ ပုံစံအစစ္အမွန္ကို မသိၾကေခ်။
အကယ္၍ တိုက္ခိုက္သူႏွစ္ဦးမွာ ဆ႒မေျမာက္ မင္းသားနႏၵကန္စီႏွင့္ တစ္ရာမွာတစ္ေယာက္မရွိေသာ တပ္မႉးသုႏၵရီမွန္းသာသိပါလွ်င္ ထိုေနရာမွာတင္ ရင္ဘတ္ႏွင့္ေျမႀကီးထိမတတ္ ျပားျပားဝပ္ေအာင္ အ႐ိုအေသေပးေနလိမ့္မည္ျဖစ္သည္။
နႏၵႏွင့္ သုႏၵရီသည္ သာမန္အရပ္သူအရပ္သားမ်ားပမာဝတ္ဆင္ထားေသာ္လည္း လယ္သမားႏွစ္ဦးထက္စာရင္ ပိုၿပီး အေရာင္အဆင္းရွိေသးသည္ပင္။ ထို႔ေၾကာင့္ ခ်ဳံပုတ္အကြယ္တြင္ လယ္သမားႏွစ္ဦးႏွင့္ အက်ႌမ်ားလဲလယ္ဝတ္ဆင္လိုက္ၿပီး လယ္သမားႏွစ္ဦးကို မိမိတို႔႐ြာဆီိ အျမန္ျပန္၍ ႏႈတ္ပိတ္ေနရင္ ၿခိမ္းေျခာက္လိုက္သည္။
ေၾကာက္လန႔္ေနေသာ လယ္သမားႏွင့္ လယ္သူႏွစ္ဦးသည္ တဟုတ္ဟုတ္ႏွင့္သာေန၏။
အဝတ္လဲၿပီး၍ သူတို႔၏အသီးအ႐ြက္လွည္းကို နႏၵႏွင့္ သုႏၵရီတို႔ ယူသြားခိုက္တြင္ နႏၵသည္ ေနာက္ျပန္လွည့္လာၿပီး သူ၏ခါးၾကားမွ ဒဂၤါးထုပ္ကို ပစ္ေပးလိုက္သည္။
အနည္းဆုံးေတာ့ သူဟာ ေတာ္ဝင္ေသြးသားပင္။ ဒီေငြေလာက္ကေလးက သူ႔ရဲ႕ တစ္ေန႔စာအသုံးစရိတ္ေတာင္ရွိမည္မဟုတ္ေပ။ သို႔ေသာ္လည္း လယ္သမားႏွစ္ဦးအတြက္ေတာ့ တစ္လစာျဖစ္ႏိုင္သည္။
" နစ္နာေၾကး ယူလိုက္"
ေငြထုပ္ကို မဝံ့မရဲႏွင့္ယူကာ ဖြင့္ၾကည့္လိုက္ေသာ လယ္သမား၏မ်က္ႏွာတြင္ အံ့ဩျခင္းႏွင့္ ဝမ္းသာျခင္းတို႔ ေရာယွက္သြားသည္။
ထိုအျခင္းအရာကို ျမင္လိုက္ရေသာ နႏၵသည္ အၿပဳံးေရးေရးျပဳမိ၏။ ထိုအခ်ိန္တြင္ သုႏၵရီက နႏၵ၏ပခုံးကိုပုတ္ကာ သတိေပးသည္။
" အျမန္သြားရေအာင္"
နႏၵ ေခါင္းညိတ္ျပၿပီးေနာက္ သူႏွင့္သုႏၵရီတို႔ လယ္သမားမ်ားေယာင္ေဆာင္ရင္း ဟင္း႐ြက္လွည္းကို တြန္းသြားၾကသည္။
ဤသို႔ႏွင့္ ၿမိဳ႕စားစံအိမ္ေတာ္ၿခံဝန္း တံခါးဝသို႔ ေရာက္ရွိလာခဲ့သည္။ စံအိမ္ဝန္းသည္ အလြန္အမင္းက်ယ္ဝန္းလွသည္ျဖစ္ရာ အေနာက္တံခါး၊ အေရွ႕တံခါး၊ ေတာင္တံခါး၊ ေျမာက္တံခါးဟူ၍ တံခါးေလးခုရွိသည္။ အေရွ႕တံခါးမွာ ၿမိဳ႕စားမင္းႏွင့္ ဧည့္သည္ေတာ္မ်ား၊ အထက္တန္းလႊာမ်ားဝင္ထြက္ရာ အေပါက္ျဖစ္ၿပီး အေနာက္တံခါးမွာမူ အေစခံမ်ား၊ ကြၽန္မ်ားႏွင့္ အဆင့္နိမ့္မ်ား ဝင္ထြက္ရာျဖစ္သည္။
ထို႔ေၾကာင့္ ဟင္း႐ြက္သည္မ်ားေယာင္ေဆာင္ထားေသာ နႏၵႏွင့္ သုႏၵရီတို႔သည္ စံအိမ္ၿခံဝန္းအေနာက္ေပါက္မွ ဝင္ၾကရသည္။
ၿမိဳ႕စားစံအိမ္သည္ အလြန္တရာလုံၿခဳံေရးျမင့္၏။ မည္သည့္တံခါး၌မဆို အေစာင့္အၾကပ္မ်ားခ်ထားကာ အစစ္ေဆးအေမးျမန္းလည္း ထူေျပာလွသည္။
သုႏၵရီသည္ သူမအသြင္ယူထားသည့္အတိုင္း ေတာသူမအသြင္အျပည့္ေဆာင္ကာ
" ဟင္းသီးဟင္း႐ြက္ လာပို႔တာပါရွင္"
ဟူ၍ တံခါးေစာင့္ကိုေျပာလိုက္သည္။
တံခါးေစာင့္လည္း နႏၵႏွင့္ သုႏၵရီကို ေျခဆုံးေခါင္းဆုံးၾကည့္ကာ သူတို႔၌ လက္နက္ပါမပါစစ္ေဆးသည္။ ထို႔ေနာက္ လွည္းကို စစ္ေဆးသည္။ နႏၵႏွင့္ သုႏၵရီတို႔သည္ ဟင္း႐ြက္ထုတ္မ်ားေအာက္၌ ဝွက္ထားသည့္ ဓားေျမႇာင္မ်ားကို မေတြ႕ေစရန္ ႀကိတ္ဆုေတာင္းေနမိ၏။
ကံေကာင္းေထာက္မ၍အေစာင့္ဟာ ထိုအထိ ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္မရွာေဖြဘဲ သူတို႔ကို အထဲဝင္ခြင့္ေပးလိုက္သည္။
သူတို႔လည္း ဟင္း႐ြက္လွည္းကိုတြန္း၍ စံအိမ္ဝန္းထဲသို႔ ဝင္လာၾကသည္။ အထဲေရာက္ေသာ္ စားဖိုေဆာင္ဘက္သို႔ သြားသလိုလိုႏွင့္ ပတ္ဝန္းက်င္အရိပ္အျခည္ၾကည့္ကာ အေစာင့္ႏွင့္လူမ်ားမရွိေသာေနရာဆီ အလ်င္အျမန္ထြက္လာလိုက္ၾကသည္။
လွည္းကို ေခ်ာင္တစ္ေနရာတြင္ ထိုးရပ္လိုက္သည္။ ထို႔ေနာက္ သုႏၵရီသည္ ကန္စြန္း႐ြက္မ်ားၾကား ညႇပ္ထားေသာ သားေရလိပ္ကို ႏႈိက္ရွာကာ ကန္စြန္းစည္းေပၚမွာပင္ ျဖန႔္ခ်လိုက္သည္။
သားေရလိပ္ေပၚဝယ္ သွ်သိစံအိမ္ေတာ္၏ ေျမပုံရွိေနသည္။
" ေျမပုံအရဆိုရင္ ဒီဘက္ကိုသြားရမွာ"
သုႏၵရီက သားေရလိပ္ေပၚရွိ အက်ဥ္းေထာင္ဟု ေရးထားေသာ ေနရာကို လက္ညႇိဳးျဖင့္ေထာက္၍ဆိုသည္။
ေျမပုံအရ သုဒီပါကို ခ်ဳပ္ထားေသာ ေျမေအာက္အက်ဥ္းေထာင္မွာ စံအိမ္၏ေတာင္ဘက္တြင္ရွိေနသည္။ သူတို႔ရွိရာေနရာမွ အနည္းငယ္ေတာ့ သြားရဦးမည္။
" ေတာ္ေသးတာေပါ့။ ငါတို႔မွာ စံအိမ္ေျမပုံရွိေနလို႔"
နႏၵက စိတ္သက္သာရာရဟန္ျဖင့္ဆိုသည္။ သုႏၵရီလည္း ေထာက္ခံဟန္ျဖင့္ ေခါင္းညိတ္ၿပီးေနာက္
" ေန႔မြန္းတည့္ခ်ိန္ဆိုရင္ အက်ဥ္းသားေတြကို စားစရာပို႔တဲ့ စစ္သည္ေတြ ဒီလမ္းကျဖတ္လိမ့္မယ္။ သူတို႔ေနရာ ဝင္ယူဖို႔ အသင့္ျပင္ထားေတာ့"
ဟုဆိုသည္။ တစ္ဆက္တည္းပင္
" မင္းသားသုဒီပါကို အက်ဥ္းေထာင္အေနာက္ဘက္ရဲ႕ ေထာင့္စြန္းခန္းမွာ ခ်ဳပ္ထားတယ္။ သူ႔ကို လႊတ္ၿပီးတာနဲ႔ စံအိမ္အေနာက္ဘက္က ျမင္းေဇာင္းကေနတစ္ဆင့္ ေတာအုပ္ထဲ ထြက္လို႔ရမယ္။ ဒါေပမဲ့ ျပႆနာတစ္ခုရွိတယ္။ အက်ဥ္းေထာင္က အေပါက္ဝတစ္ခုပဲရွိတယ္။ ငါတို႔ ဝင္လာတဲ့အေပါက္ကပဲ ျပန္ထြက္မွရမွာ။ သိပ္ကိုစြန႔္စားရလိမ့္မယ္"
အက်ဥ္းေထာင္သည္ ေျမေအာက္ထဲ၌ ေဆာက္လုပ္ထားသည္ျဖစ္ရာ ဝင္ေပါက္၊ ထြက္ေပါက္ ဟူ၍တစ္ေပါက္တည္းသာရွိသည္။ တျခားမည္သည့္ေနရာမွ လြတ္လမ္းမရွိေခ်။
နႏၵ စိတ္ပူဟန္ျပေသာ္လည္း သူအားတင္းလိုက္သည္။
" ရပါတယ္။ နင္ေရာ၊ အစ္ကိုေတာ္ဒီပါေရာ ပါတာပဲ။ ျပန္ထြက္ႏိုင္မွာပါ။ ဒါမဲ့ ငါသိခ်င္တာက ဒီသတင္းေတြ ဘယ္ကရတာလဲ"
" ငါတို႔ဘက္မွာလည္း အတြင္းလူရွိပါတယ္ေနာ္"
သုႏၵရီစကားေၾကာင့္ နႏၵဝမ္းသာကာ ခပ္ဟဟရယ္သည္။
" ဟုတ္လား။ ဟဟ အတြင္းလူရွိတာပဲ"
ထို႔ေနာက္ သူတို႔ႏွစ္ဦးသည္ မိမိတို႔ႀကံစည္ထားသည့္အတိုင္း အက်ဥ္းေထာင္ထမင္းပို႔သည့္ ရဲမက္မ်ားသြားရာလမ္းဆီ ခိုးေၾကာင္ခိုးဝွက္ျဖင့္ထြက္လာၾကသည္။
ထမင္းပို႔ေသာရဲမက္ႏွစ္ဦးသည္ အညံ့စားထမင္းမ်ားႏွင့္ ဟင္းဟုေခၚဖို႔ရာေတာင္ မထိုက္တန္ေသာ အနံ႔ဆိုးဆိုးရွိသည္ စားစရာမ်ားကို ဖက္ျဖင့္ထုပ္၍ အဆိုပါထမင္းထုပ္မ်ားကို လွည္းျဖင့္တြန္းလာၾကသည္။
လူရွင္းေသာ ေထာင့္ခ်ိဳးတစ္ေနရာအေရာက္တြင္မူ အခြင့္အေရးေစာင့္ေနေသာ နႏၵႏွင့္ သုႏၵရီသည္ ရဲမက္မ်ားကို အေနာက္မွ အလစ္ဝင္တိုက္ကာ ရဲမက္မ်ားအသံမထြက္ႏိုင္ခင္မွာပင္ သတိေမ့ေအာင္ ျပဳလုပ္လိုက္ၾကသည္။
ထို႔ေနာက္ သတိလစ္ေနေသာ ရဲမက္မ်ားကို နံရံအကြယ္သို႔ ဆြဲေခၚသြားၿပီး သူတို႔၏အေပၚ႐ုံအဝတ္မ်ားကို ခြၽတ္ကာ အဝတ္လဲရန္စီစဥ္သည္။
နႏၵသည္ ရဲမက္တစ္ဦး၏ဝတ္စုံကို အေပၚမွထပ္ဝတ္ေနရင္း သုႏၵရီ႕ဘက္ကိုလွည့္ၾကည့္မိသည္။ ရဲမက္ဝတ္႐ုံအား အေပၚမွ ထပ္ၿခဳံေနေသာ သုႏၵရီသည္ ရဲမက္ထပ္စာလွ်င္ မ်ားစြာအေကာင္ေသးသည္ျဖစ္ရာ အဝတ္ပုံထဲ ႂကြက္တိုးသလိုသာ ျဖစ္ေနသည္။ ဘယ္လိုၾကည့္ၾကည့္ အက်ႌက သူမႏွင့္ မ်ားစြာပြေယာင္းေနသည္။
" နင္ဒီလိုႀကီးဝတ္လို႔ မျဖစ္ေလာက္ဘူးထင္တယ္ေနာ္"
နႏၵ စကားေၾကာင့္ သုႏၵရီမ်က္ေမွာင္ၾကဳတ္သြားသည္။
" ဘာျဖစ္လို႔လဲ"
" ဒီမွာ ဒီကစစ္သည္ေတြအကုန္လုံးက ငါတို႔ဥတၱရတပ္ေတြလိုမဟုတ္ဘူး။ ငါတို႔ဆီမွာ ဘယ္အရပ္ျဖစ္ျဖစ္ ခႏၶာကိုယ္ႀကံ့ခိုင္ၿပီး တိုက္ခိုက္ေရးေတာ္ရင္ ခန႔္တယ္ဆိုေပမဲ့ သွ်သိၿမိဳ႕က စစ္သည္ေတြအကုန္လုံးက အရပ္ရွည္ၿပီး ထြားက်ိဴင္းမွ ခန႔္တာ။ ငါ့အရပ္ေလာက္က သူတို႔ဆီမွာ အပုဆုံးပဲ။ နင့္ေလာက္ ပုတဲ့လူမရွိဘူး။ နင္စစ္သည္လိုဝတ္ရင္ ဟန္ေဆာင္ထားတယ္ဆိုတာ ဘူးေပၚသလိုေပၚသြားလိမ့္မယ္"
အရပ္ကို ထိပါးလိုက္သျဖင့္ သုႏၵရီမေက်မနပ္ျဖစ္သြားေသာ္လည္း ၎ဟာအမွန္တရားမို႔ သူမ လက္ခံလိုက္ရသည္။
သူမ အက်ႌကို ငုံ႔ၾကည့္ရင္းေမးသည္။
"အဲ့တာဆို ဘယ္လိုဝင္ၾကမလဲ"
နႏၵ စဥ္းစားရင္း စားစရာလွည္းကို တစ္ခ်က္လွမ္းၾကည့္မိသည္။
**************************
"စားစရာလာပို႔တာပါ"
သွ်သိရဲမက္ဝတ္စုံဝတ္ထားေသာ နႏၵသည္ မ်က္ႏွာကို မသိမသာငုံ႔ရင္း ေျဖ၏။ သူ၏ေရွ႕တြင္ ထမင္းထုတ္မ်ားတင္ထားေသာ လွည္းရွိၿပီး ထိုလွည္း၏ ဝမ္းဗိုက္ေအာက္၊ ဘီးႏွစ္ဘီးၾကားတြင္မူ သုႏၵရီမွာ အလ်ားလိုက္ေလးကပ္၍ ပုန္းကြယ္ပါလာေလသည္။
လွည္းသည္ အေတာ္အတန္နိမ့္ၿပီး ေဘးရွိဘီးႏွစ္ဘီးက ဝမ္းဗိုက္ကို အျပည့္အဝကာရံထားသည္။ ထို႔ေၾကာင့္ ဝမ္းဗိုက္ေအာက္၌ လူရွိသည္ကို ေတာ္႐ုံမျမင္ႏိုင္ေခ်။
သုႏၵရီမွာ လူေကာင္ေသးေသာ္လည္း ႀကံ့ခိုင္ေသာစစ္သည္ျဖစ္ရာ လွည္းေအာက္တြင္ ခႏၶာကိုယ္ကိုေတာင့္၍ တြယ္ကပ္ထားႏိုင္သည္။ ထိုသို႔တြယ္ကပ္ရာတြင္ လွည္း၏ၾကမ္းျပင္သစ္သားအဟၾကားကို လက္ျဖင့္ကုတ္တြယ္၍ သူမ၏ေျခေထာက္ကို လွည္းေအာက္ရွိ အတန္းေပၚ တင္ထားရသည္။ ဤသည္မွာ လြန္စြာပင္ပန္းေသာအလုပ္ျဖစ္သည္။ သို႔ေသာ္လည္း အသက္ႏွင့္ရင္းရေသာ လုပ္ငန္းတြင္ ပင္ပန္းဆင္းရဲမႈဒဏ္ကို အဆုံးစြန္အထိ သည္းခံထားရသည္ပင္။
ကံေကာင္းစြာႏွင့္ ေထာင္အဝရွိရဲမက္မ်ားက နႏၵႏွင့္လွည္းကို သံသယမရွိေသာေၾကာင့္ မစစ္ေဆးဘဲလြယ္လင့္တကူ ေပးဝင္လိုက္သည္။
နႏၵသည္ ရဲမက္အေယာင္ေဆာင္ရင္း လွည္းကိုတြန္း၍ ေျမေအာင္အက်ဥ္းေထာင္တိုက္ထဲသို႔ ဆင္းခဲ့၏။ ထို႔ေနာက္ အစ္ကိုေတာ္ဒီပါရွိပါ အက်ဥ္းေထာင္၏အေနာက္ဘက္ ေထာင့္စြန္းခန္းဆီ အလ်င္အျမန္ဥ္ီးတည္သြားသည္။
အက်ဥ္းေထာင္မွာ ေျမေအာက္ခန္းျဖစ္ေလရာ စႀကႍလမ္းေဘးနံရံေပၚရွိ မီးတုတ္မ်ားမွအပ တျခားေသာအလင္းေရာင္မရွိေခ်။ ေထာင့္ခ်ိဳးေနရာမ်ားတြင္ေတာ့ ရံဖန္ရံခါဆိုသလို အေစာင့္အၾကပ္ရဲမက္မ်ားကိုေတြ႕ရသည္။
လမ္းတြင္ သူသည္ အခ်ဳပ္ခန္းတစ္ခုကိုျဖတ္ရသည္။ ယင္းအခ်ဳပ္ခန္းအတြင္းတြင္ အက်ဥ္းသားငါးဦးရွိၿပီး ယင္းငါးဦးဟာ အလြန္အမင္းထူးဆန္းၾကေလသည္။
တျခားေသာအက်ဥ္းသားမ်ားကို လက္ႏွင့္ေျခေထာက္တြင္ သံႀကိဳးခတ္ျခင္းမ်ားျပဳလုပ္ေလ့ရွိေသာ္လည္း အဆိုပါ ထူးဆန္းေသာငါးေယာက္ကိုမူ လည္ပင္းကို သံကြင္းစြပ္၍ နံရံႏွင့္တြဲထားသည္။ ထို႔ေၾကာင့္ယင္းငါးေယာက္မွာ နံရံမွေဝးေဝးသို႔မသြားႏိုင္ဘဲ နံရံနားတြင္သာ ကပ္ေနၾကသည္။
ထူးဆန္းသည္က ယင္းငါးေယာက္မွာ လူႏွင့္မတူေလာက္ေအာင္ ႐ုပ္ကစုတ္ပ်က္ေန၍ ေသြးစိမ္းရွင္ရွင္ထြက္ေနၾကသည္။ သူတို႔၏ပါးစပ္မွေသြးမ်ားစီးက်ေနၿပီး မ်က္လုံးမ်ားတြင္လည္း ေသြးေၾကာနီမ်ားက ေပါက္ကြဲမတတ္ရဲတက္ေနသည္။
နႏၵ အခန္းေရွ႕မွျဖတ္သြားေသာ္ အဆိုပါအက်ဥ္းသားငါးေယာက္က ဆာေလာင္ေနေသာ သားရဲေကာင္ႀကီးမ်ားသဖြယ္ ေအာ္ဟစ္ကာ အခန္းအျပင္ရွိ နႏၵရွိရာဘက္ျခမ္းဆီ ေကြးေကာက္ေနေသာလက္ႀကီးမ်ားကို လွမ္းလာၾကသည္။ သူတို႔ကိုၾကည့္ရသည္မွာ နႏၵကို ဝါးစားပစ္ခ်င္ေနသည့္ သေဘာရွိသည္။
နႏၵ ၾကက္သီးထသြားသည္။ သို႔ေသာ္လည္း မိမိ၏တာဝန္မွာ ပိုအေရးႀကီးသည္မို႔ ထူးဆန္းေသာငါးေယာက္ကို လ်စ္လ်ဴရႈလိုက္ၿပီး ေထာင့္စြန္းခန္းဆီသာ တစိုက္မတ္မတ္သြားသည္။
ေထာင့္စြန္းခန္းေရွ႕သို႔ေရာက္ေသာ္ အခ်ဳပ္ခန္းေရွ႕တြင္ ရဲမက္ႏွစ္ဦးက ေစာင့္ၾကပ္ေနသည္။
နႏၵသည္ အဆိုပါအခ်ဳပ္ခန္းေရွ႕သို႔ လွည္းကိုတြန္းသြားၿပီးေနာက္ ထမင္းထုပ္ယူသလိုလိုႏွင့္ ဝွက္ထားေသာ ဓားကိုဆြဲထုတ္လိုက္သည္။ ထို႔ေနာက္ ရဲမက္ႏွစ္ဦးကို ျဗဳန္းစားႀကီးတိုက္ခိုက္ေလသည္။
နႏၵ၏လွ်ပ္တျပက္တိုက္ခိုက္မႈႏွင့္အတူ အခ်ိန္အခါ ေစာင့္ဆိုင္းေနေသာ လွည္းေအာက္မွ သုႏၵရီဟာလည္း လွစ္ခနဲထြက္လာသည္။
သူမသည္ လွည္းေအာက္မွထြက္ထြက္လာခ်င္းပင္ လက္ထဲရွိဓားေျမႇာင္ကို ရဲမက္တစ္ဦး၏ရင္ဘတ္တည့္တည့္သို႔ ပစ္ထည့္လိုက္သည္။ ႏွလုံးတည့္တည့္သို႔ ဓားစိုက္ဝင္သြားေသာ ရဲမက္သည္ ထိုေနရာမွာတင္ ခ်က္ခ်င္းလဲက်ကာ ေသဆုံးသြားေလသည္။
အႏွီေသဆုံးသြားေသာ ရဲမက္၏ခါးတြင္ ေသာ့တြဲမ်ားခ်ိတ္ဆြဲထားသည္။ သုႏၵရီသည္ အခ်ိန္ကုန္ခံမေနဘဲ ထိုရဲမက္ဆီ ေျပးကာ ခါးမွေသာ့တြဲကို ျဖဳတ္ယူၿပီး သုဒီပါရွိေသာ အက်ဥ္းေထာင္တံခါး၏ေသာ့ကို ဖြင့္ေလသည္။
ယင္းအခ်ိန္တြင္ နႏၵသည္ က်န္ရဲမက္တစ္ဦးႏွင့္ တိုက္ခိုက္ေနရ၏။
အဆိုပါရဲမက္သည္ နႏၵ၏တိုက္ခိုက္မႈကို ခုခံေနရင္း ရန္သူလာပါက အခ်က္ေပးရန္သုံးေသာ ေခါင္းေလာင္းႀကိဳးကို အလ်င္အျမန္ဆြဲလိုက္သည္။ ေခါင္းေလာင္းသည္ က်ယ္ေလာင္စြာျမည္ဟည္းသြား၏။
သို႔ေသာ္လည္း ေခါင္းေလာင္းသံမဆုံးခင္မွာပင္ နႏၵသည္ အဆိုပါရဲမက္၏ဦးေခါင္းကို ဓား႐ိုးျဖင့္ ခ်ထည့္လိုက္ႏိုင္သည္။ ရဲမက္မွာ မူးေဝရင္းေျမႀကီးေပၚလဲက်သြားသည္။
ေခါင္းေလာင္းျမည္သြားၿပီမို႔ သူတို႔ထံတြင္ အခ်ိန္မရွိေတာ့ေပ။ တျခားေသာရဲမက္မ်ားက အေႏွးႏွင့္အျမန္ဆိုသလို ေရာက္ရွိလာေပေတာ့မည္။
စိတ္လႈပ္ရွားေနေသာ သုႏၵရီသည္ ေသာ့တြဲမ်ားမွ ေသာ့မ်ားကို ပ်ာယီးပ်ာယာႏွင့္ တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္း စမ္းဖြင့္ၾကည့္ေနသည္။
ငါးေခ်ာင္းေျမာက္တြင္မူ အခ်ဳပ္ခန္းတံခါးပြင့္သြားသည္။
နႏၵတို႔ႏွင့္ထပ္တူ စိတ္မေအးႏိုင္ေသးေသာ သုဒီပါလည္း အခ်ဳပ္ခန္းတြင္းမွ အလ်င္အျမန္ပင္ ထြက္လာသည္။
အၾကာႀကီးေနမွ ျပန္ေတြ႕ရျခင္းျဖစ္ေသာ္လည္း သူတို႔ ႏႈတ္ဆက္စကားမဆိုႏိုင္ေခ်။ နႏၵက ရဲမက္တစ္ဦး၏ဓားကို ယူကာ သုဒီပါဘက္ကို ပစ္ေပးလိုက္သည္။
နႏၵ: " အသင့္ျပင္ထားေတာ့"
သုဒီပါလည္း ပစ္ေပးေသာ ဓားကိုကြၽမ္းက်င္ပိုင္ႏိုင္စြာ ဖမ္းၿပီးေနာက္ တိုက္ခိုက္ရန္အသင့္အေနအထားသို႔ ျပင္ဆင္လိုက္သည္။
မၾကာပါေခ်။ လက္နက္ကိုယ္စီကိုင္ေဆာင္လာေသာ ရဲမက္မ်ားက သူတို႔သုံးဦးရွိရာဆီ တဟုန္ထိုးေရာက္ရွိလာၾကသည္။
သုဒီပါက အေရွ႕ဆုံးမွဦးေဆာင္ကာ ရဲမက္မ်ားကို ျပင္းထန္စြာ တိုက္ခိုက္သည္။ ထို႔အျပင္ သုႏၵရီလည္းရွိၿပီး နႏၵ၏တိုက္ခိုက္ရည္ဟာလည္း မနိမ့္က်သည္မို႔ တစ္ဖက္ရန္သူ ၂၀ မွ်တိုက္ရသည့္တိုင္ အင္အားခ်င္းတူသေယာင္ေယာင္ရွိေနသည္။
မည္သို႔ပင္ဆိုေစကာမူ ရန္သူနယ္ေျမထဲဝင္ကာ ေခ်ာင္ပိတ္ေသာလမ္းတြင္ တိုက္ခိုက္ရျခင္းက မိုက္႐ူးရဲဆန္သည္ဟုေတာ့ ဆိုႏိုင္သည္။ ဤသည္က ေခ်ာင္ပိတ္႐ိုက္ခံရေသာႂကြက္က မိမိမေသေစရန္အလို႔ငွာ အစြမ္းကုန္ျပန္လည္တိုက္ခိုက္ေနရျခင္းႏွင့္တူသည္။ အသက္မေသေစရန္ဟူေသာ စိတ္တြန္းအားက သူတို႔၏ရွိရွိသမွ်ေသာအင္အားအတို႔ကို ထြက္ေပၚလာေစကာ ရန္သူမ်ားကို တိုက္ခိုက္ရန္ ခြန္အားေပးေနသည္။
သုဒီပါ၊ နႏၵႏွင့္ သုႏၵရီတို႔သည္ တိုက္ခိုက္ရင္းတန္းလန္းႏွင့္ ျဖည္းျဖည္းခ်င္းအေရွ႕သို႔ တိုးတိုးလာသည္။ ထို႔ေၾကာင့္ တိုက္ခိုက္ပြဲမွာ ခုနက ဆာေလာင္ေနေသာအက်ဥ္းသားငါးဦးရွိရာ အခန္းေရွ႕ဆီ ေရာက္ရွိလာသည္။
အဆိုပါအက်ဥ္းသားငါးဦးသည္ မိမိတို႔အခန္းေရွ႕သို႔ လူမ်ားစြာေရာက္လာသည္ကိုျမင္ေသာ္ ပိုၿပီးဆာေလာင္လာဟန္ျဖင့္ တဂါးဂါးေအာ္ျမည္ကာ လူမ်ားရွိရာအရပ္ဆီ မရမက႐ုန္းကန္လာၾကသည္။
ထိုအခါ သူတို႔၏လည္ပင္းတြင္စြပ္ထားေသာ နံရံႏွင့္တြဲထားသည့္ သံႀကိဳးမွာတင္းခနဲျဖစ္သြား၏။ ထို႔ေနာက္ ယင္းသံႀကိဳးမ်ားမွာ သူတို႔၏႐ုန္းကန္မႈေၾကာင့္ နံရံမွ ႏႈတ္ထြက္ေတာ့မည့္ပမာ ျဖည္းျဖည္းခ်င္း ကြၽတ္ထြက္လာသည္။
သို႔ေသာ္လည္း အခ်ဳပ္ခန္းအျပင္ဘက္ရွိ တိုက္ပြဲမွလူမ်ားသည္ ယင္းအရာကို လုံးလုံးသတိမျပဳမိၾကေခ်။
သုဒီပါသည္ ရဲမက္တစ္ဦးႏွင့္တိုက္ခိုက္ေနရင္း အႏွီရဲမက္က သုဒီပါကို ထက္ရွေသာဓားျဖင့္ခုတ္ခ်သည္။ သုဒီပါေရွာင္လိုက္ရာ ဓားမွာ အက်ဥ္းသားငါးဦးရွိရာ အခ်ဳပ္ခန္းတံခါးကို ေသာ့ခေလာက္ကို ပိုင္းခ်မိသြားသည္။
အခ်ဳပ္ခန္းတံခါးဟသြားသည္။
ထိုအခါ တျခားေသာရဲမက္တစ္ဦးက အႀကံရရွိသြားသည့္ပမာ ဟသြားေသာ အခ်ဳပ္ခန္းတံခါးကို စႀကႍလမ္းဘက္သို႔ ဆြဲဖြင့္လိုက္သည္။
စႀကႍလမ္းသည္ က်ဥ္းေျမာင္း၏။
အခ်ဳပ္ခန္းတံခါးကို အလုံးစုံဖြင့္လိုက္ေသာအခါတြင္ အခ်ဳပ္ခန္းတံခါးႏွင့္ စႀကႍလမ္းေပါက္မွာ ကြက္တိသြားျဖစ္ေလသည္။
အခ်ဳပ္ခန္းတံခါးက စႀကႍ၏ေဘးဘီအေပၚဘက္၊ ေအာက္ဘက္ အျပည့္ျဖစ္သြားၿပီး မသိပါက စႀကႍလမ္းကို သံတိုင္မ်ားျဖင့္ ပိတ္ခ်လိုက္သည့္အတိုင္းပါပင္။
ထိုအခါ သုဒီပါ၊ နႏၵႏွင့္ သုႏၵရီတို႔သည္ သံတိုင္၏တစ္ဖက္ျခမ္းသို႔ေရာက္ရွိသြားကာ ထြက္ေပါက္မဲ့လမ္းတြင္ ပိတ္မိသြားသည္။ ထို႔အျပင္ သံတိုင္တံခါးႏွင့္ ဂူသဖြယ္လမ္းဟာ ကြက္တိက်ေနသည္မို႔ ဖြင့္ရၾကပ္သြားၿပီး တံခါးကိုျပန္ဖယ္၍လည္း မရေတာ့ေခ်။
အက်ဥ္းေထာင္ဟာ ေျမေအာက္ခန္းျဖစ္သည္။ ဝင္ေပါက္၊ ထြက္ေပါက္ တစ္ေပါက္သာရွိသည္။ ထို႔ေၾကာင့္ သုဒီပါတို႔သည္ ပိတ္မိေနၿပီး ထြက္ေျပးရန္ မျဖစ္ႏိုင္ေတာ့ေခ်။
ရဲမက္မ်ားသည္ သူတို႔ကိုသူတို႔ ဂုဏ္ယူေနဟန္ရွိ၏။ သူတို႔သည္ ယခုမွစိတ္ေအးသြားဟန္ျဖင့္ သက္မခ်ကာ ဟားခနဲရယ္ေမာစဥ္တြင္ မေမွ်ာ္လင့္ေသာ ကိစၥတစ္ရပ္ျဖစ္လာသည္။
ဤသည္မွာ အက်ဥ္းသားငါးဦးအနက္ တစ္ဦးမွာ အခ်ဳပ္ခန္းအျပင္ဘက္သို႔ တဟုန္ထိုးေျပးထြက္လာၿပီး ရဲမက္တစ္ဦးအေပၚခုန္အုပ္လိုက္ျခင္းပင္။
႐ုတ္ခ်ည္းအျဖစ္အပ်က္မို႔ မည္သူမွ် မတားဆီးလိုက္ႏိုင္ေခ်။
အက်ဥ္းသား ရဲမက္ကို ခုန္အုပ္ၿပီးေနာက္ ရဲမက္၏ ပါးတစ္ျခမ္းကို သြားျဖင့္ကိုက္ခဲကာ ဆြဲၿဖဲလိုက္သည္။ ေသြးမ်ားျဖန္းခနဲပန္းထြက္လာ၏။
အကုန္လုံး လန႔္ထိတ္သြားစဥ္တြင္ တျခားေသာအက်ဥ္းသားေလးဦးကပါ အသီးသီးလြတ္ေျမာက္လာၾကၿပီး ရဲမက္မ်ားကို အမဲျဖတ္ေတာ့မည့္က်ားရဲလို ခုန္အုပ္လာၾကသည္။
ရဲမက္မ်ားလည္း ခ်က္ခ်င္းပင္ ဓားထုတ္ကာ အက်ဥ္းသားငါးဦးကို တိုက္ခိုက္သည္။ သို႔ေသာ္လည္း အဆိုပါအက်ဥ္းသားမ်ားက ရင္ဘတ္ထဲဓားစိုက္႐ုံျဖင့္ ခုတ္႐ုံျဖင့္မေသေခ်။ လည္ပင္းကိုျဖတ္မွ်သာေသေလသည္။
မည္သို႔ပင္ဆိုေစကာမူ ရဲမက္အခ်ိဳ႕သည္ အကိုက္ခံလိုက္ရၿပီျဖစ္ၿပီး မေရွးမေႏွာင္းပင္ သူတို႔ပါ အက်ဥ္းသားမ်ားပမာ အသြင္ေျပာင္းသြားၾကသည္။
ရဲမက္မ်ားဘက္ျခမ္းတြင္ ပရမ္းပတာျဖစ္၍ေနသည္။
အသြင္ေျပာင္းသြားေသာ ရဲမက္တစ္ဦးက နႏၵတို႔ရွိရာဘက္ဆီ လွည့္လာကာ နႏၵကို လက္ျဖင့္လွမ္းကုတ္သည္။
သို႔ေသာ္လည္း အလယ္တြင္ သံတိုင္တံခါးျခားေနသည္မို႔ နႏၵတို႔ရွိရာဘက္ဆီ ယင္းအေကာင္တို႔ မဝင္လာႏိုင္ေခ်။
သုဒီပါက နႏၵ၏ရင္ဘတ္အေရွ႕သို႔ လက္ဆန႔္တန္းကာ နႏၵကို အေနာက္သို႔တြန္းပို႔သည္။
" နႏၵ အေနာက္ဆုတ္"
နႏၵ အေနာက္ဆုတ္ရင္း ျမင္ေနရေသာ လူအခ်င္းခ်င္းကိုက္ဖဲ့စားေသာက္ေနသည့္ျမင္ကြင္းကို နားမလည္ႏိုင္စြာ ၾကည့္ေနသည္။
သုဒီပါက အႀကံအိုက္ဟန္ျဖင့္ သူ႔မ်က္ႏွာသူ လက္ျဖင့္ပြတ္သည္။
ဒီပါ: " ဖုတ္ေကာင္ေတြ လြတ္သြားၿပီ"
သုႏၵရီသည္ ဖုတ္ေကာင္မ်ားႏွင့္ ေတြ႕ဖူးေသာ္လည္း ဤမွ်ရန္လိုသည့္ဖုတ္ေကာင္မ်ားကို ပထမဦးဆုံးျမင္ဖူးျခင္းျဖစ္သည္။ သူမသိသည့္ဖုတ္ေကာင္က အေလာင္းေကာင္ႀကီးျဖစ္ေန႐ုံကလြဲရင္ လူေတြကို အမဲျဖတ္သလို လိုက္မကိုက္စားေနေခ်။ တခ်ိဳ႕ဖုတ္ေကာင္မ်ားဟာေတာ့ ေသဆုံးၿပီးစလူမ်ားကိုဝင္ပူးၿပီး ထိုလူေယာင္ေဆာင္တတ္သည္။ အဆိုပါ ဖုတ္ေကာင္မ်ားကေတာ့ နည္းနည္းအဆင့္ပိုျမင့္သည္။
သုႏၵရီ: " ဒီလိုဖုတ္ေကာင္မ်ိဳး တစ္ခါမွမေတြ႕ဖူးဘူး။ သူတို႔က ဘယ္လိုလုပ္ အဲ့ေလာက္ရန္လိုေနၿပီး သူတို႔ကိုက္လိုက္တာနဲ႔ ဘာလို႔ကူးစက္သြားရတာလဲ"
သုဒီပါ: " ငါတို႔နယ္ေျမက ဖုတ္ေကာင္ေတြမဟုတ္ဘူး။ တိုင္းၾကည္ကိုကေမာက္ကမျဖစ္ေအာင္ လုပ္ဖို႔အတြက္ ကမာၻတစ္ဖက္ျခမ္းကေန သယ္လာတဲ့အေကာင္ေတြပဲ"
နႏၵ: " ဘယ္လိုလုပ္ၾကမလဲ။ ထြက္ေပါက္က ဒီတစ္လမ္းပဲရွိတာ"
သူတို႔၏ထြက္ေပါက္တြင္ ဖုတ္ေကာင္ႏွင့္ ဖုတ္ေကာင္အသြင္ေျပာင္းရဲမက္မ်ား ျပည့္ႏွက္ေနေလၿပီ။
ထိုအခ်ိန္တြင္ ရဲမက္အသစ္မ်ားက အကူအေနႏွင့္ထပိေရာက္လာရာ ဖုတ္ေကာင္တစ္သိုက္မွာ အဆိုပါ ရဲမက္မ်ားဆီ ေျပးသြားၾကျပန္သည္။
နႏၵတို႔ႏွင့္နီးေသာေနရာတြင္ ဖုတ္ေကာင္မက်န္ရစ္ေတာ့ေခ်။ ထိုအေျခအေနကို အခြင့္ေကာင္းယူကာ သုဒီပါသည္
" ဖုတ္ေကာင္ေတြ ဟိုဘက္ကို စိတ္ေရာက္ေနတုန္း တံခါးကိုေ႐ႊ႕ရေအာင္"
ဟုဆိုရင္း သံတိုင္တံခါးကို တြန္းၾကည့္သည္။ တံခါးက နံရံႏွင့္ညပ္၍ၾကပ္ေနသည္။ ေတာ္႐ုံႏွင့္ ဖြင့္ရမည္မထင္ေခ်။
နႏၵ: " ၿပီးေတာ့ဘာဆက္လုပ္မွာလဲ"
နႏၵက သုဒီပါႏွင့္အတူတူ တံခါးေ႐ႊ႕ဖို႔ ႀကိဳးစားရင္းေမးသည္။ သူတို႔ႏွစ္ဦး တံခါးကိုအတူတူမ,လိုက္ၾကသည္။ ထိုအခါ တံခါးမွာ ေခ်ာင္သြားၿပီး ေ႐ႊ႕၍ရသြားသည္။
ထိုအခ်ိန္တြင္ သုႏၵရီက အနီးအနားရွိေမ့လဲေနေသာ စစ္သည္ထံမွ အေပၚ႐ုံကို ခြၽတ္ယူ၍ ဝတ္ဆင္လိုက္သည္။ ထို႔ေနာက္ ပိတ္စအနည္းငယ္ကိုၿဖဲၿပီး သူမ၏လက္ႏွစ္ဖက္ကို အထပ္ထပ္ရစ္ပတ္သည္။ ၿပီးေသာ္ ဓားႏွစ္ေခ်ာင္းကို လက္ႏွစ္ဖက္တြင္ ၿမဲၿမံစြာကိုင္လ်က္ အသင့္အေနအထားသို႔ျပင္ရင္းဆိုသည္။
သုႏၵရီ:" အကိုက္မခံရေစနဲ႔။ ၿပီးရင္လည္ပင္းကိုျဖတ္"
သုႏၵရီႏွင့္ သုဒီပါတို႔ မ်က္လုံးခ်င္းဆုံသြားၾကသည္။ သုႏၵရီ၏အစီအစဥ္ကို ရိပ္စားမိသည့္ သုဒီပါက
" လုပ္ႏိုင္ပါ့မလား။ စြန႔္စားရာေရာက္တယ္"
ဟုဆိုသည္။ သုႏၵရီက ေခါင္းကိုျဖည္းညင္းစြာခါရင္း ၿပဳံးသည္။
" တပ္မႉးသုႏၵရီပါ။ ေသမင္းနဲ႔က ႀကဳံေနၾကပဲ"
သုဒီပါ ဘာမွဆက္မေျပာေတာ့ဘဲ တံခါးကို တြန႔္းေ႐ႊ႕လိုက္
သည္။ တံခါးေ႐ြ႕၍ ထြက္ေပါက္ရွိသြားသည္ႏွင့္ သုဒီပါဟာ ၾကမ္းျပင္ေပၚသို႔ မုဆိုးထိုင္ထိုင္ခ်လိုက္သည္။
သုႏၵရီသည္ အေနာက္မွအရွိန္ျဖင့္ေျပးလာ၏။ သူမက သြက္လက္စြာျဖင့္ သုဒီပါ၏ေက်ာေပၚ နင္းကာ ခပ္ေဝးေဝးေနရာအထိ ခုန္ပ်ံေက်ာ္လႊားသြားၿပီး တစ္ပတ္လည္ကြၽမ္းထိုးကာ ဖုတ္ေကာင္ႏွင့္ရဲမက္မ်ားရႈပ္ေထြးေနေသာ ေနရာအလယ္သို႔ ေရာက္ရွိသြားသည္။
နႏၵသည္ ရႈပ္ေထြးေနသည့္ ျမင္ကြင္းမ်ားၾကားမွပင္ သုႏၵရီ၏ေဝွ႔ယမ္းေနေသာ ဓားသြားကို တစ္ခ်က္တစ္ခ်က္ျမင္ရသည္။
နႏၵ:" အေၾကာက္အလန႔္မရွိဘူးပဲ"
နႏၵစကားေၾကာင့္ သုဒီပါ သူ႔ကိုမ်က္လုံးေထာင့္ကပ္ၾကည့္သည္။
သုဒီပါ:" ေၾကာက္လို႔လုပ္ေနတာေပါ့ကြ။ ဖုတ္ေကာင္ေတြလို ႐ုပ္ဆိုးဆိုးနဲ႔ေသရမွာေၾကာက္လို႔ လုပ္ေနရတာပဲ"
နႏၵ:" ဟုတ္ေတာ့လည္းဟုတ္သားပဲ။ ေသမည့္ေသ ႐ုပ္ဆိုးဆိုးေတာ့မေသခ်င္ဘူး"
သုဒီပါ:" ေဟ့ေကာင္၊ ငါတို႔ဘယ္သူ ဖုတ္ေကာင္ပိုမ်ားမ်ားသတ္ႏိုင္မလဲ ၿပိဳင္မလား။ ေသခ်ာတာေတာ့ ငါႏိုင္မွာပဲ"
နႏၵ သူ႔ကိုမ်က္ေစာင္းထိုးၾကည့္ၿပီး
" ယုံၾကည္ခ်က္ေတြျပင္းထန္ေနပုံပဲ။ ၾကည့္ၾကေသးတာေပါ့။ စိန္လိုက္ေလ"
ဟုဆိုသည္။
ထိုစကားဆုံးဆုံးခ်င္းဆိုသလို ဖုတ္ေကာင္ေလးငါးေကာင္မွ်က သူတို႔ဆီဦးတည္လာသည္။ ထို႔ေၾကာင့္ သူတို႔ႏွစ္ဦး သတိကပ္ကာ စတင္တိုက္ခိုက္ရေလသည္။
အမွန္တိုင္းဆိုရပါက ဖုတ္ေကာင္မ်ားကိုတိုက္ရျခင္းမွာ ရဲမက္မ်ားထက္စာလွ်င္ လြယ္ကူေပသည္။ ရဲမက္မ်ားက အသိဉာဏ္ရွိသျဖင့္ ျပန္လည္ခုခံႏိုင္ၿပီး လက္နက္ျဖင့္လည္း ျပန္တိုက္ႏိုင္သည္။
ဖုတ္ေကာင္မ်ားက ေသြးႏွင့္သြားရည္တျမားျမားျဖစ္႐ုံမွလြဲ၍ ခုခံႏိုင္စြမ္းမရွိေခ်။ သူတို႔ကို ေခါင္းျဖတ္ရျခင္းမွာလည္း ျမန္ဆန္သည္။ တစ္ခုတည္းေသာ ျပႆနာမွာ ဖုတ္ေကာင္အေရအတြက္က မ်ားမ်ားလာျခင္းပင္။ ယင္းဟာ ကူးစက္တတ္သည္မို႔ ဖုတ္ေကာင္၏သြားျဖင့္ ျခစ္မိ႐ုံေလးကတင္ ဖုတ္ေကာင္အသစ္ျဖစ္ေပၚေစႏိုင္သည္။
ေနာက္ၿပီး ဖုတ္ေကာင္မ်ားဟာ အစုလိုက္အၿပဳံလိုက္ေရာက္လာသည္မို႔ သူတို႔ၾကားထဲ ကိုယ္မျမဳပ္သြားေအာင္ဂ႐ုစိုက္ရသည္။ သတ္ရသည္မွာ လြယ္ကူေသာ္လည္း အလုံးစုံရွင္းပစ္ဖို႔ရန္က ခက္ခဲျပန္သည္။
သို႔ေသာ္ျငားလည္း အသက္ရွင္ဖို႔အတြက္ ႀကိဳးပမ္းရသည္ျဖစ္ေလရာ သူတို႔အေနႏွင့္ ဖုတ္ေကာင္မ်ားကို တတ္ႏိုင္သမွ်သတ္ျဖတ္ရေလသည္။
သုႏၵရီက ေရွ႕ဆုံးေရာက္ေနျခင္းျဖစ္ေသာေၾကာင့္ ဖုတ္ေကာင္မ်ားၾကားမွ အျမန္တိုးထြက္ကာ အက်ဥ္းေထာင္တံခါးဝဆီ တဟုတ္ထိုးေျပးသြားသည္။
သူမသည္ ေျပးေနရင္း သူမ၏လက္ဖဝါးကို ဓားျဖင့္လွီး၍ ေသြးစက္စက္က်ေစကာ
" ေဟ့ ငါ့ေနာက္လိုက္ခဲ့စမ္းပါ"
ဟုေအာ္ဟစ္ေလသည္။
တုံးအေသာ ဖုတ္ေကာင္အမ်ားစုသည္ လူအရွင္လတ္လတ္၏ ေသြးနံ႔ရ၍လည္းေကာင္း၊ အသံေၾကာင့္လည္းေကာင္း သုႏၵရီ႕ေနာက္သို႔ လိုက္သြားၾကသည္။
သုဒီပါတို႔ေနရာတြင္ ဖုတ္ေကာင္နည္းသြားသည္မို႔ ဒီပါႏွင့္ နႏၵတို႔ အလ်င္အျမန္ပင္သုတ္သင္ကာ အေပါက္ဝရွိရာဆီ ေျပးသြားၾကသည္။
သုႏၵရီ အက်ဥ္းေထာင္အျပင္ဝသို႔ ေရာက္ရွိသြား၏။
အက်ဥ္းေထာင္အျပင္ဘက္တြင္မူ ဖုတ္ေကာင္ႏွင့္ စံအိမ္အတြင္းရွိလူမ်ား လုံးေထြး၍ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနသည္။
ဖုတ္ေကာင္ကိုက္ခံရ၍ အေစခံမ်ားမွာ ဖုတ္ေကာင္အျဖစ္ေျပာင္းလဲေနသည္။ ထို႔ေၾကာင့္ အက်ဥ္းေထာင္အျပင္ဘက္ရွိ စံအိမ္ၿခံဝန္းတြင္ ဖုတ္ေကာင္မ်ား တစ္စတစ္စပိုမ်ားလာလ်က္ရွိသည္။
သုႏၵရီသည္ အနီးအနားရွိ သစ္ပင္ေပၚသို႔ေျပးတက္သြား၏။
သစ္ပင္ေျခရင္းတြင္ ဆာေလာင္ေနေသာ ဖုတ္ေကာင္မ်ားက သုႏၵရီ႕ရွိရာဆီ လက္လွမ္းေနၾကသည္။ ဖုတ္ေကာင္မ်ားက သစ္ပင္ေပၚ မတက္ႏိုင္၍ေတာ္ေသးသည္။
ထိုအခ်ိန္တြင္ တျခားေနရာမွ လူေအာ္သံထြက္ေပၚလာရာ သုႏၵရီကို ပစ္မွတ္ထားေနေသာ ဖုတ္ေကာင္မ်ားမွာ အသံလာရာဆီ တဟုန္ထိုးထြက္ခြာသြားၾကသည္။
ထိုအခါမွ သုႏၵရီသက္ျပင္းခ်လိုက္ႏိုင္သည္။
မၾကာခင္တြင္ အက်ဥ္းေထာင္အတြင္းထဲမွ သုဒီပါႏွင့္ နႏၵတို႔ထြက္လာၾကသည္။
နႏၵက မီးတုတ္တစ္ေခ်ာင္းကို ကိုင္ေဆာင္လာသည္။ သူတို႔ႏွစ္ဦးအျပင္ေရာက္သည္ႏွင့္ နႏၵက မီးတုတ္ကို ဖုတ္ေကာင္တစ္ေကာင္ဆီပစ္ေပါက္လိုက္ကာ သူႏွင့္ ဒီပါတို႔ အက်ဥ္းေထာင္တံခါးကို အျမန္ဆြဲပိတ္လိုက္ၾကသည္။
ထို႔ေနာက္ သူတို႔ႏွစ္ဦးသည္ သစ္ပင္ေပၚရွိ သုႏၵရီ႕ကိုေတြ႕သြားၾကသျဖင့္ သူတို႔ပါ သစ္ပင္ေပၚ အလ်င္အျမန္တက္သြားၾကသည္။
အပင္ေပၚေရာက္သည္ႏွင့္ နႏၵက ေမာဟိုက္သံႏွင့္ဆိုသည္။
" ငါတို႔ ျမင္းေဇာင္းတန္းဆီသြားၿပီး အဲ့ကေနျမင္းပ်ံနဲ႔ ထြက္ေျပးရင္ လြတ္ႏိုင္တယ္။ စံအိမ္က ၿခံဝန္းအခိုင္အမာကာထားတာဆိုေတာ့ ဝန္းတံခါးသာပိတ္ထားရင္ ဖုတ္ေကာင္ေတြ အျပင္မထြက္ႏိုင္ဘူး။ ဝန္းတံခါးကိုေတာ့ အျပင္ဘက္ကေန အေသပိတ္သြားမွျဖစ္မယ္။ ၿပီးရင္ အစ္ကိုေတာ္အ႐ုဏကို ေျပာၿပီး ဒီဖုတ္ေကာင္ကိစၥအျမန္ရွင္းရမယ္။ အစ္ကိုေတာ္မင္းေယာဇာကိစၥေတာင္ မၿပီးေသးတာ၊ တစ္ႏိုင္ငံလုံး ဖုတ္ေကာင္ကိစၸပါျဖစ္ရင္ ငါတို႔ေတာ့ေသမွာပဲ"
နႏၵသည္ ေျပာေျပာဆိုဆိုႏွင့္ ျမင္းေဇာင္းရွိရာဘက္ဆီ သြားရန္ဟန္ျပင္၏။ သို႔ေသာ္လည္း သူ႔အေနာက္ရွိ ႏွစ္ေယာက္က တုတ္တုတ္မလႈပ္သည္မို႔ နႏၵ အူေၾကာင္ေၾကာင္ျဖစ္သြားကာ
" မသြားဘူးလား"
ဟု ေမးသည္။
သုဒီပါက ပင္မစံအိမ္ရွိရာဆီ ႏွေျမာတသဟန္ျဖင့္ လွမ္းၾကည့္သည္။
သုဒီပါ: " ေျမေအာက္လွ်ိဳ႕ဝွက္လမ္းေျမပုံ မယူရေသးဘူး"
နႏၵ: " ဒီေလာက္ ဖုတ္ေကာင္ေတြျဖစ္ေနတဲ့ အေျခအေနမွာ ေျမပုံယူဖို႔ ေတြးႏိုင္ေသးတယ္လား"
သုႏၵရီ:"ဒီအေျခအေနအထိ ေရာက္ၿပီးမွေတာ့ ငါတို႔ရဲ႕အဓိက ပစ္မွတ္ကိုယူသြားတာ မေကာင္းဘူးလား။ အရွင့္သားအ႐ုဏ တိုက္ပြဲေအာင္ႏိုင္ေရးက ငါတို႔အေပၚမူတည္ေနတယ္"
နႏၵ ဟာခနဲသက္ျပင္းခ်ကာ စိတ္ညစ္ဟန္ျဖင့္ မ်က္ႏွာႀကီးရႈံ႕မဲ့ေလသည္။
" ႏွစ္ေယာက္ကဘာလို႔ တစ္ေလသံတည္းထြက္ေနရတာလဲ"
သို႔ေသာ္လည္း ႏွစ္မဲတစ္မဲျဖစ္ေနသည္မို႔ မတတ္သာဘဲ
" ေကာင္းၿပီေလ။ ဖုတ္ေကာင္ေတြ ပိုမမ်ားလာခင္ ျမန္ျမန္သြားရေအာင္"
ဟူ၍သာ သေဘာတူလိုက္ရသည္။
သုႏၵရီသည္ ဝမ္းပန္းတသာျဖင့္ ေခါင္းညိတ္ၿပီး သူမခါးတြင္ခ်ိတ္ထားေသာ ကိရိယာကို ထုတ္ယူလိုက္သည္။
ထိုကိရိယာသည္ ဒုလုံးရွည္ပုံစံျဖစ္ၿပီး ထိပ္ရွိ ခလုတ္ကိုႏွိပ္လိုက္ေသာအခါ အထဲမွ ခ်ိတ္ေကာက္တပ္ထားေသာ ႀကိဳးက ျပင္းစြာေသာအရွိန္ျဖင့္ရွည္ထြက္လာသည္။
သုႏၵရီက အဆိုပါႀကိဳးကို ပင္မစံအိမ္ရွိရာဆီ ဦးတည္ပစ္လိုက္ျခင္းျဖစ္သည္။
ခ်ိတ္ေကာက္က စံအိမ္၏ေခါင္မိုးကို ခ်ိတ္မိၿပီး သစ္ပင္ႏွင့္ စံအိမ္ၾကား ႀကိဳးတန္းသြား၏။ သုႏၵရီက က်န္ႀကိဳးတစ္ဖက္ကို သစ္ကိုင္းတြင္ ခိုင္ခိုင္ခ်ည္လိုက္သည္။
" ႀကိဳးေပၚက ျပဳတ္က်ရင္ေတာ့ ငါတို႔အေသပဲ"
သုႏၵရီက စံအိမ္ႏွင့္ သစ္ပင္ၾကား အမဲျဖတ္စားေသာက္ေနေသာ ဖုတ္ေကာင္မ်ားကို ငုံ႔ၾကည့္ရင္းဆိုသည္။
သုဒီပါက ေလတစ္ခ်က္မႈတ္ထုတ္ရင္း သူ၏လက္ေခ်ာင္းမ်ားကို ခ်ိဳး၍၊ လက္ႏွစ္ဖက္ကို အေၾကာဆန႔္သည္။ ထို႔ေနာက္ ပုဆိုးကို ခါးေတာင္းက်ိဳက္သည္။
" ႀကိဳးက တစ္ေယာက္ရဲ႕အေလးခ်ိန္ပဲခံႏိုင္တယ္။ တစ္ေယာက္ခ်င္းစီသြားမွရမယ္။ ငါအရင္သြားမယ္"
သုဒီပါ ႀကိဳးကိုတြယ္ကပ္၍ တစ္ဖက္စံအိမ္ဆီသို႔ တေ႐ြ႕ေ႐ြ႕ ကူးသြားသည္။ သုဒီပါ ၿပီးမွ နႏၵသြားသည္။ ေနာက္ဆုံးတြင္ သုႏၵရီသြားသည္။
သုံးဦးလုံးစံအိမ္ေခါင္မိုးေပၚေရာက္ၿပီးမွ ထိုမွတစ္ဆင့္ အနီးစပ္ဆုံး ျပတင္းေပါက္ဆီ တြယ္ဆင္းသည္။
ထိုျပတင္းေပါက္မွဝင္ေသာ အခန္းတြင္ ဖုတ္ေကာင္ႏွစ္ေကာင္ရွိရာ အလ်င္အျမန္ပင္ သတ္လိုက္ႏိုင္သည္။
ယင္းေနာက္ ေနရာသိေသာ သုဒီပါကဦးေဆာင္၍ လွ်ိဳ႕ဝွက္ေျမပုံရွိရာအခန္းဆီ အလ်င္အျမန္သြားၾကသည္။ ပင္မစံအိမ္ဟာလည္း ဖုတ္ေကာင္မ်ားႏွင့္ ျပည့္ႏွက္ေနၿပီျဖစ္ရာ ဖုတ္ေကာင္မ်ားကို သတ္ရင္း၊ အရိပ္အျခည္ၾကည့္ရင္းႏွင့္သာ ရင္တထိတ္ထိတ္သြားရသည္။
တခ်ိဳ႕ေနရာမ်ားတြင္ ဖုတ္ေကာင္မျဖစ္ေသးေသာ လူမ်ား၊ ရဲမက္မ်ားကိုေတြ႕ရသည္။ သို႔ေသာ္လည္း အေျခအေနမွာ ပရမ္းပတာျဖစ္ေနၿပီး မိမိအသက္ကိုဖက္ႏွင့္ထုပ္ထားရသည္မို႔ သုဒီပါတို႔ကိုဖမ္းရန္ မည္သည့္ရဲမက္မွ မႀကိဳးစားၾကေခ်။
သုဒီပါက လမ္းတစ္လမ္းကိုခ်ိဳးဝင္လိုက္သည္။ ထိုအခ်ိန္တြင္ အနီးရွိအခန္းတစ္ခန္းမွ ျဗဳန္းစားႀကီးထြက္လာေသာ ဖုတ္ေကာင္က နႏၵရွိရာဆီ ခုန္အုပ္လာသည္။
သုဒီပါထိတ္လန႔္သြားၿပီး နႏၵအေရွ႕မွ ဝင္ကာလိုက္သည္။ သူ ဖုတ္ေကာင္ကို လက္သီးျဖင့္ထိုးလိုက္ကာ ဖုတ္ေကာင္လဲသြားမွ လည္ပင္းကို ဓားျဖင့္ပိုင္းခ်လိုက္သည္။
ထို႔ေနာက္ သူတို႔သည္ အသက္ရွဴခ်ိန္ေတာင္မရွိဘဲ ေျမပုံရွိရာ အခန္းထဲသို႔ အလ်င္အျမန္ဝင္ၿပီး တံခါးပိတ္လိုက္သည္။
ထိုအခန္းထဲတြင္ေတာ့ ဖုတ္ေကာင္ တစ္ေကာင္တစ္ေလမွ်မရွိေခ်။
" ေျမပုံက အဲ့ထဲမွာပဲ"
သုဒီပါက ေ႐ႊကႏုတ္မ်ားေဖာ္ထားေသာ ေသတၱာတစ္လုံးကို လက္ညႇိဳးထိုး၍ေျပာသည္။
နႏၵသည္ သူ၏ဓားေျမႇာင္ကိုသုံး၍ ေသတၱာ၏ေသာ့ကိုဖြင့္လိုက္သည္။ သို႔ရာတြင္ ေသတၱာအတြင္း၌ ေနာက္ကပ္အကန႔္တစ္ခုရွိေသးသည္။ ထိုအကန႔္ကိုကား ဖြင့္မရေခ်။
နႏၵအႀကံအိုက္သြားစဥ္တြင္ ေဘးရွိသုႏၵရီက ေသတၱာကို ေျခေထာက္ျဖင့္ ေဆာင့္ကန္လိုက္သည္။ ထူးဆန္းစြာႏွင့္ အကန႔္အဖုံးပြင့္သြားေလသည္။
နႏၵလည္း ေပ်ာ္႐ႊင္သြားၿပီး အကန႔္ထဲမွ ေျမပုံကို ယူ၍ လွ်ိဳ႕ဝွက္ေျမပုံမွန္းေသခ်ာေအာင္ စစ္ေဆးၿပီးေနာက္ သူ၏အတြင္းအက်ႌထဲသို႔ ထည့္သိမ္းလိုက္သည္။
ထိုအခါမွ သုံးဦးသား သက္ျပင္းခ်လိုက္ႏိုင္ၿပီး အခ်င္းခ်င္းၾကည့္ကာ ခပ္ဟဟရယ္လိုက္ၾကသည္။
ရယ္ၿပီးမွ နႏၵကေမးသည္။
" ငါတို႔အခု ဘယ္လိုျပန္ထြက္ၾကမလဲ"
"ေျမပုံရၿပီးၿပီပဲ။ ေျမပုံထဲကအတိုင္း ေျမေအာက္လမ္းကေန ထြက္ၾကမယ္"
သုႏၵရီက ျပန္ေျဖသည္။
ထိုအခ်ိန္တြင္ သုဒီပါက သူ၏လက္ကို အတန္ၾကာစိုက္ၾကည့္ေနသည္။ တစ္ခုခုျဖစ္ေနမွန္း ရိပ္စားမိသည္မို႔ နႏၵခ်က္ခ်င္းပင္ေမးလိုက္သည္။
" အစ္ကိုေတာ္ ဘာျဖစ္လို႔လဲ"
သုဒီပါမ်က္ႏွာမေကာင္းေပ။ သို႔တိုင္ သူဟာ လက္တစ္ဖက္ကို ေထာင္ျပၿပီး အသံၿငိမ္ၿငိမ္ျဖင့္
" ငါအကိုက္ခံလိုက္ရၿပီ"
ဟုဆိုသည္။ သူ၏လက္တြင္ သားရဲ၏ကိုက္ခ်က္ပမာ စုတ္ၿပဲေနေသာ ဒဏ္ရာက ေသြးစမ်ား၊ အသားစမ်ားႏွင့္ အက်ည္းတန္ေနသည္။
နႏၵကို ကာေပးလိုက္စဥ္က အကိုက္ခံလိုက္ရသည္ႏွင့္တူသည္။
ထိတ္လန႔္စိုးရိမ္စိတ္ႏွင့္အတူ နႏၵ သုဒီပါအနားေျပးလာသည္။ သူ သုဒီပါ၏လက္ကို မယုံၾကည္ႏိုင္ဟန္ျဖင့္ ဆြဲယူၾကည့္သည္။
ကိုက္ရာမွန္း မမွားႏိုင္ပါေခ်။ ဒဏ္ရာတြင္ သြားရာမ်ားကို ထင္ထင္ရွားရွားေတြ႕ႏိုင္သည္။
နႏၵ သူ႔ေခါင္းကိုခါရင္း
" ျခစ္ရာေနမွာပါ"
ဟူ၍ အက္ရွစြာဆိုလာသည္။ သုဒီပါ၏ ႀကီးမားေသာလက္ဖဝါးက နႏၵ၏ေခါင္းကို ႏွစ္ခ်က္မွ် ပုတ္လာသည္။
" ငတုံးလား။ သြားရာေတြ မျမင္ဘူးလား"
" အစ္ကိုေတာ္ကေရာ ငတုံးလား။ ေျမပုံေၾကာင့္ ေသမလိုအဖမ္းခံရၿပီးၿပီကို ဘာလို႔ေျမပုံကို ထပ္သြားယူခ်င္ရတာလဲ!"
နႏၵ ေအာ္ဟစ္ရင္း သုဒီပါကို ေမာ့ၾကည့္လာသည္။
နႏၵ၏ မ်က္လုံးထဲတြင္ မ်က္ရည္မ်ား အိုင္ထြန္းေန၏။ သူဟာ ငိုခ်င္စိတ္ကို ႀကိတ္မွိတ္သည္းခံထားရသည့္ပမာ ႏႈတ္ခမ္းတို႔ တဆက္ဆက္တုန္ယင္ေနသည္။
နႏၵကို တည့္တည့္မၾကည့္ႏိုင္ေတာ့ေလရာ သုဒီပါ မ်က္ႏွာလႊဲသြားသည္။ ထို႔ေနာက္ သူသည္ နႏၵႏွင့္ သုႏၵရီ၏ေဝးရာသို႔သြား၍ အခန္းထဲရွိ ႀကိဳးတစ္ႀကိဳးကိုယူကာ သူ၏လက္ႏွင့္ ေလးလံေသာထိုင္ခုံ၏အစြန္းကို တြဲခ်ည္ေနေလသည္။
သူ၏လုပ္ရပ္မ်ားမွာ လ်င္ျမန္ေနသည့္တိုင္ မ်ားစြာလည္းတည္ၿငိမ္ေနသည္။ သူဟာ မည္သည္ကိုမွ ေနာက္ဆံတင္းစရာမရွိသည့္လူပမာ ထြက္သြားရမည္ကိုလည္း ေၾကာက္႐ြံ႕ေနဟန္မရွိပါေခ်။
သူက တည္ၿငိမ္စြာပင္ ေျပာဆိုလာသည္။
" ခဏေနရင္ ငါအသြင္ေျပာင္းသြားလိမ့္မယ္။ မင္းတို႔အေနာက္ လိုက္လာတဲ့ဖုတ္ေကာင္သာ ငါဆိုရင္ မင္းတို႔လည္း သတ္ပစ္ႏိုင္မယ္မထင္ဘူး။ ေျမပုံထဲကအတိုင္း အျမန္ထြက္သြားၾက။ စံအိမ္ကိုလည္း အျပင္ကေန အေသပိတ္ခဲ့ဖို႔ မေမ့နဲ႔။ တစ္ၿမိဳ႕လုံး ဖုတ္ေကာင္ေတြျဖစ္သြားလို႔ေတာ့ မျဖစ္ဘူးေလ။ ဟုတ္တယ္မလား။ အစ္ကိုေတာ္အ႐ုဏကေတာ့ ဒီစံအိမ္ထဲက ဖုတ္ေကာင္ကိစၥကို ေသခ်ာေျဖရွင္းႏိုင္မယ္လို႔ ငါယုံတယ္"
" ေျမပုံကိုမယူပါနဲ႔လို႔ ေျပာခဲ့တာကို"
တစ္ဖက္မွ နႏၵ၏ငိုသံႏွင့္ ဆူပူဟန္ေရာယွက္ေနေသာ အသံက က်ယ္ေလာင္စြာထြက္ေပၚလာသည္။
သုဒီပါ နႏၵကိုလွည့္ၾကည့္လိုက္စဥ္တြင္ သူ႔ဆီတည့္တည့္ေလွ်ာက္လာေသာ နႏၵက သူ႔ကိုတင္းက်ပ္စြာ ေပြ႕ဖက္လာသည္။ နႏၵဟာ သူ႔ထက္စာလွ်င္ ေခါင္းတစ္လုံးစာပုသည္မို႔ သူ႔ရင္ခြင္ထဲသာ နစ္ဝင္ေနသည္။
နႏၵက ေအာ္ငိုရင္း ဗလုံးဗေထြးႏွင့္ေရ႐ြတ္လာသည္။
" ဒီေျမပုံက အသက္နဲ႔လဲရေအာင္ ဘာမို႔လို႔လဲ။ သူရဲေကာင္းက စစ္ပြဲမွာပဲေသတယ္ဆိုၿပီး နာမည္ေကာင္းလိုခ်င္လို႔လား။ ဘာအတြက္လဲ။ ဘာအတြက္ သူရဲေကာင္းတံဆိပ္လိုခ်င္ရတာလဲ။ ဒီအတိုင္း ထြက္ေျပးမွေပါ့"
သုဒီပါ၏ မ်က္ဝန္းမ်ားနီျမန္း၍စိုစြတ္လာသည္။ သူ နႏၵကိုျပန္ဖက္မည့္ဟန္ျပင္လိုက္ေသာ္လည္း ထိုအစား ေက်ာျပင္ကိုတစ္ခ်က္ပုတ္ကာ သူ႔အနားမွ ခြာသြားေအာင္ တြန္းလိုက္သည္။
" မင္းအနံ႔က ငါ့ႏွာေခါင္းထဲခ်ိဳေနၿပီကြ သိရဲ႕လား။ ငါပုံမေျပာင္းခင္ သြားၾကေတာ့။ ငါ့႐ုပ္ဆိုးဆိုးပုံႀကီးမျပခ်င္ဘူး"
" အစ္ကိုေတာ္...ဝါး...အီးဟီးဟီး"
" သုႏၵရီ သူ႔ကိုေခၚထုတ္သြားေတာ့"
ေဘးတြင္ကပ္ေနေသာ သုႏၵရီသည္ စိတ္မေကာင္းခ်င္းမ်ားစြာႏွင့္ ခ်ီတုံခ်တုံျဖစ္ေန၏။ သို႔ေသာ္လည္း သူမကပဲျဖစ္ျဖစ္၊ အေျခအေနကိုထိန္းသိမ္းရမည္ျဖစ္ေလရာ နႏၵအနားကိုလာၿပီး နႏၵကို ဆြဲေခၚသြားဖို႔ႀကိဳးစားသည္။
နႏၵမွာ မ်က္ရည္မ်ားတသြင္သြင္စီးက်ရင္း ရႈိက္ငိုေန၏။ ညီအစ္ကိုမ်ားထဲတြင္ သူႏွင့္အရင္းႏွီးဆုံး၊ တပူးပူးတတြဲတြဲအရွိဆုံးသူဟုဆိုလွ်င္ သုဒီပါႏွင့္ ပီယံမိတ္သာျဖစ္သည္။ ထိုထဲတြင္မွ သုဒီပါသည္ နႏၵ၏အႏြံတာကို အခံခဲ့ဆုံးသူျဖစ္သည္။ သူသည္ သုဒီပါကို မိမိ၏အစ္ကိုေတာ္ရင္းျဖစ္ေသာ ဘရဏသူထက္ေတာင္ ပိုမိုခင္တြယ္သည္။ အစ္ကိုေတာ္ဒီပါက သူ႔အတြက္ အစ္ကိုေတာ္တစ္ေယာက္ဆိုသည္ထက္ သူငယ္ခ်င္းပမာ၊ မိဘပမာ အၿမဲတမ္းရွိခဲ့ေပးသည့္ သူတစ္ေယာက္ျဖစ္သည္။
သုဒီပါမွာ ျဖည္းျဖည္းခ်င္းအေရျပားမ်ား အက္ကြဲလာေနသည္။ သုဒီပါ၏ျမင္ကြင္းသည္ ေသြးေရာင္မ်ားႏွင့္ ျပည့္လာၿပီး နႏၵႏွင့္သုႏၵရီိကို မႈန္ဝါးဝါးသာျမင္ရေတာ့သည္။
သုဒီပါ ၿပဳံးသည္။ ထို႔ေနာက္ သူဟာ ရယ္သံစြက္၍ဆိုသည္။
" ၅၆ ေကာင္...၅၆ ေကာင္သတ္ခဲ့တယ္။ မင္းက အေကာင္ ၄၀ ေလာက္ပဲ သတ္ႏိုင္ခဲ့တယ္မလား။ ဒီပြဲ ငါႏိုင္တယ္"
**************************
သစ္သားကုလားထိုင္တစ္လုံးေပၚဝယ္ ယုဂန္သည္ ႀကိဳးအထပ္ထပ္တုပ္၍ စည္းေႏွာင္ခံထားရ၏။
သူ၏ေဘးပတ္လည္တြင္မူ လူေသြးျဖင့္ စက္ဝိုင္းစည္းတားထားၿပီး ဆီမီးမ်ားကိုလည္း ပတ္ပတ္လည္ စီရီထြန္းညႇိထားသည္။
လက္တစ္ထြာမွ်ရွိ စုန္းမီးေတာက္မ်ားက ယုဂန္ေဘးတစ္တစ္ေလွ်ာက္ ဝိုင္းႀကီးပတ္လည္ကာ ေလေပၚပ်ံဝဲေနသည္။ အဆိုပါ စုန္းေတာက္မ်ားထံမွ အစြမ္းသတၱိမ်ားက ယုဂန္၏ကိုယ္ထဲသို႔ တစိမ့္စိမ့္ စိမ့္ဝင္ကာ ယုဂန္၏ေသြးသားထဲေရာေႏွာေနေသာ ပတၱျမားမ်က္ရွင္၏ဂုဏ္သတၱိကို ႏႈိးေဆာ္ေပးေနသည္။
ယုဂန္၏အေရွ႕တည့္တည့္တြင္ စုန္းမကိဏီရွိသည္။ ယုဂန္၏မ်က္ေစာင္းထိုးနားတြင္ေတာ့ တံခါးေဘာင္ကို ဟန္က်ပန္က်မွီကာ ယုဂန္ကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည့္ ၿမိဳ႕စား႐ြဲထေခါင္ႏူးရွိသည္။
ႀကိဳးတုပ္ခံထားရသည္မွအပ အစီအရင္အလုပ္ခံရျခင္းက ယုဂန္ကို နည္းနည္းေလးမွ မနာေစပါ။ သို႔ေသာ္လည္း ဤအေျခအေနႀကီးက စိတ္ညစ္စရာေကာင္းလွေလရာ ယုဂန္မွာ မ်က္ေမွာင္ကုတ္ရင္းသာ ဆူပုတ္ပုတ္ျဖစ္ေနသည္။
မ်ားမၾကာမီတြင္ အစီအရင္ၿပီးဆုံးသြားသည္။ ယုဂန္ေဘး ဝဲေနေသာ စုန္းမီးေတာက္မ်ားလည္း ေပ်ာက္ကြယ္သြားၿပီး စုန္းမကိဏီက ယုဂန္အနားသို႔ လမ္းေလွ်ာက္လာသည္။
သူမက ယုဂန္၏ ခႏၶာကိုယ္အေျခအေနႏွင့္ ေမွာ္စြမ္းအင္လည္ပတ္မႈကို စစ္ေဆးသည့္အေနျဖင့္ ယုဂန္၏လက္ေကာက္ဝတ္ေသြးေၾကာကို စမ္းသပ္ၾကည့္သည္။ ထို႔ေနာက္
"ဒီအစီအရင္ေတြ ခုႏွစ္ညဆက္တိုက္ လုပ္ၿပီးသြားရင္ေတာ့ လာမယ့္လျပည့္ေန႔မွာ သင့္ဆီက စြမ္းအင္ေတြရယူဖို႔ အဆင္သင့္ျဖစ္ပါၿပီ"
ဟု ၿပဳံး၍ဆိုသည္။ သူမ၏အၿပဳံးက မထိတထိျဖစ္လွသျဖင့္ စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းလွသည္။
သူမ ယုဂန္အနားမွ ထြက္သြားမည္ျပဳသည္။ ယုဂန္ သူမကို ဟန႔္တားလိုက္သည္။
" ခဏေနဦး။ ကြၽန္ေတာ္ခင္ဗ်ားကို ေမးစရာရွိတယ္"
"ေမးၾကည့္ေလ။ အမတ္မင္းေမးသမွ် ေျဖဖို႔အသင့္ပါပဲ"
ကိဏီသည္ သူမ၏ဝသီအတိုင္း အႏၲရာယ္မ်ားသည့္ အသံခ်ိဳခ်ိဳေလးျဖင့္ ျပန္လည္တုံ႔ျပန္၏။ စင္စစ္ ဒီမိန္းမဟာ "ေပ်ာ့ေပ်ာ့ေလးႏွင့္နံသည့္ ေၾကာင္ခ်ီး" ဟူ၍သာ ယုဂန္ေတြးေတာလိုက္မိသည္။
" စုန္းမဂႏၶမာ...သူတစ္႐ြာလုံးကိုသတ္မိေအာင္ စိတ္ညႇိဳ႕ခဲ့တာ ခင္ဗ်ားမဟုတ္လား"
ကိဏီ ဘာမွျပန္မေျဖေသာ္လည္း သူမမ်က္ႏွာဟာ မခို႔တ႐ို႕ ၿပဳံးရယ္ သြားသည္။ အဆိုပါ မ်က္ႏွာေပးကို ျမင္ေတြ႕လိုက္ရေသာအခါ ယုဂန္ ေထာင္းခနဲ ေဒါသထြက္သြားမိသည္။
ယုဂန္ မ်က္လုံးထဲတြင္ ေနာက္ဆုံးအခ်ိန္အထိ နာက်င္ခံစားခဲ့ရေသာ စုန္းမဂႏၶမာ၏မ်က္ႏွာက တရိပ္ရိပ္ထင္ေပၚလာသည္။
ယုဂန္ လက္သီးကိုဆုပ္ရင္း အံႀကိတ္လိုက္မိသည္။
"ဟုတ္ေနတာပဲ။ ခင္ဗ်ားက သူ႔ကို စိတ္ညႇိဳ႕တယ္။ သူ႔ရဲ႕အမုန္းတရားေတြကို လႈံ႕ေဆာ္ေပးၿပီး တစ္႐ြာလုံးကို သူသတ္မိေအာင္လုပ္တယ္။ ေနာက္ၿပီး ခင္ဗ်ားက စုန္းမဂႏၶမာေဘးနားမွာ သိမ္းငွက္ေနနဲ႔ ေနခဲ့တယ္။ ဂႏၶမာက ဘဝကို ေအးေအးခ်မ္းခ်မ္းျဖတ္သန္းခ်င္ခဲ့တဲ့သူ။ ဒီလိုဘဝမ်ိဳး သူဘယ္တုန္းကမွ မလိုခ်င္ခဲ့ဘူး။ ခင္ဗ်ားကသာ သူ႔ကို မေကာင္းဆိုးဝါးျဖစ္ေအာင္ ေျပာင္းလဲခဲ့တာ"
"အဲ့ေတာ့ သင္က သူ႔အတြက္ခံျပင္းေပးေနတာလား"
ကိဏီဟာ ထိုကိစၥအတြက္ မည္သို႔ေသာ အျပစ္ခံယူစိတ္မွ ရွိပုံမေပၚပါေပ။ သူမက ႏူးႏူးညံ့ညံ့၊ ရွရွတတေလးပင္ ေရ႐ြတ္ကာ သူမ၏လက္သည္းမ်ားကို ေကြး၍၊ ဆန႔္၍သာ တစိမ့္စိမ့္ၾကည့္ရႈေနသည္။
သူမက psychopath တစ္ေယာက္လိုပါပင္။
" အမတ္မင္း ထင္ခ်င္သလိုထင္ၿပီး ေဒါသထြက္ခ်င္သလိုထြက္ပါ။ ကြၽန္ုပ္ကေတာ့ အဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဘာမွမေျပာလိုဘူး"
ကိဏီ၏ မထိတထိမ်က္ႏွာေပးကိုက ယုဂန္အတြက္ ထ႐ိုက္ခ်င္စရာ ေကာင္းေနေလၿပီ။ သို႔ေသာ္လည္း ဘာမွမတတ္ႏိုင္သည္ျဖစ္ရာ ယုဂန္ ေဒါသထြက္ရင္းသာ အံႀကိတ္၍ ေမးသည္။
" ကြၽန္ေတာ္သိခ်င္တာက ခင္ဗ်ားဘာလို႔သူ႔ကိုမွ လုပ္ရတာလဲ။ သူကဘယ္ေလာက္ပဲ စုန္းေသြးပါပါေစ၊ ေမွာ္နက္ပညာေတြနဲ႔ မပတ္သက္ခဲ့တဲ့သူပါ"
"အမတ္မင္းက သိၿပီးသားလူဆိုေတာ့ ကြၽန္ုပ္ဘာမွမဖုံးကြယ္ေနေတာ့ပါဘူး။ အေၾကာင္းစုံကို ကြၽန္ုပ္ေျပာျပမယ္"
ကိဏီက သစ္သားထိုင္ခုံတစ္လုံးကို ဆြဲယူၿပီး ယုဂန္အေရွ႕တြင္ ထိုင္သည္။ ထို႔ေနာက္ သူမဟာ ေျခေထာက္ခ်ိတ္လိုက္ၿပီး အႏၲရာယ္မ်ားေသာ အၿပဳံးတစ္ပြင့္ကိုဆင္ရင္း အေၾကာင္းစုံကိုရွင္းျပသည္။
" အဲ့ကတည္းက ကြၽန္ုပ္က အခ်ိန္ယႏၲရားဖြင့္ႏိုင္မယ့္နည္းလမ္းကို လိုက္ရွာေနခဲ့တာ။ အမတ္မင္းသိထားတဲ့အတိုင္း ေရွးေဟာင္းမာရစ္မ်ိဳးႏြယ္ဝင္က အခ်ိန္ယႏၲရားကူးသန္းေပါက္ဖြင့္နည္းကို ေရးခဲ့တယ္ေလ။ ေနာက္ သူေသသြားတဲ့အခါ သူေရးခဲ့တဲ့အရာေတြက တစ္စစီပ်ံ႕ႏွံ႔သြားၿပီး ေမွာ္နက္ပညာရွင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ အေသအေက်လုယူရတဲ့ အဖိုးတန္ပစၥည္းျဖစ္လာတယ္။ ဂႏၶမာ့မိဘေတြက အဲ့ဒီ့အစိတ္အပိုင္းတစ္ခုကို ရထားတယ္။
ကြၽန္ုပ္သိလိုက္တဲ့အခ်ိန္မွာ ဂႏၶမာ့မိဘအရင္းေတြက ေသသြားၿပီ။ သူတို႔ရဲ႕အေရးႀကီးပစၥည္းေတြက ဂူထဲမွာက်န္ခဲ့တယ္။ ဂူတံခါးမွရ သူတို႔ရဲ႕ေသြးသားအရင္းအခ်ာဖြင့္မွ ပြင့္ႏိုင္မယ့္အစီအရင္လုပ္ထားတယ္။ ကြၽန္ုပ္လည္း သူတို႔ရဲ႕ေသြးသားကိုလိုက္ရွာရင္း ဂႏၶမာဆိုတဲ့သမီးတစ္ေယာက္ရွိမွန္းသိသြားတယ္။ ဂူတံခါးက ဂႏၶမာဖြင့္မွရမွာ။ ဂႏၶမာကလည္း ေနရင္းထိုင္ရင္းေတာ့ ဂူတံခါးသြားဖြင့္မွာ မဟုတ္ဘူးေလ။ အဲ့တာေၾကာင့္ သူ႐ြာကေနထြက္ၿပီး ဂူဆီသြားျဖစ္ေအာင္ လုပ္လိုက္ရတာပဲ"
"ခင္ဗ်ားက ဂႏၶမာ့ကို ႐ုပ္ေသး႐ုပ္လို ႀကိဳးဆြဲခဲ့တာပဲ"
ကိဏီ ပခုံးတြန႔္ျပၿပီး ခုံအေနာက္ကို မွီသည္။
"အဲ့ေကာင္မေလးက စြမ္းအားႀကီးတယ္။ ဒါေပမဲ့ စိတ္ေပ်ာ့တယ္။ ငါနဲ႔သာပူးေပါင္းလိုက္ရင္ စြမ္းအားႀကီးတဲ့ ကေဝတစ္ေယာက္ျဖစ္လာမွာကို သူ႔ခ်စ္သူကို ရွာဖို႔ပဲ စိတ္အားထက္သန္ေနတာ။ သူက အလဟႆနဲ႔ေသသြားရတာပဲ"
" ဆိုေတာ့ ခင္ဗ်ားက ဂႏၶမာ့မိဘေတြရဲ႕ အစီအရင္ေတြ၊ ရထားတဲ့ေမွာ္နက္ပစၥည္းေတြကို ယူလိုက္တာေပါ့"
" အင္းေပါ့။ သူတို႔ဆီကေန အခ်ိန္ကူးသန္းေပါက္ဖြင့္နည္း တစ္ပိုင္းတစ္စကို ရလိုက္တယ္ေလ"
" အခ်ိန္ကူးသန္းေပါက္က ဖ်က္ဆီးနည္းရွိတယ္လို႔လည္း ၾကားတယ္"
ကိဏီ မ်က္ဝန္းအေရာင္ေျပာင္းလဲသြားၿပီး ယုဂန္ကို စိတ္ဝင္တစားစိုက္ၾကည့္လာသည္။
"ဘယ္သူ႔ဆီကလဲ"
" မာရစ္မ်ိဳးႏြယ္ဝင္ဆီက"
ကိဏီမ်က္ႏွာ တစ္မ်ိဳးေျပာင္းသြားသည္ကို ယုဂန္သတိထားမိလိုက္သည္။ ထင္သည့္အတိုင္း စုန္းတိုင္းဟာမာရစ္မ်ိဳးႏြယ္ကိုေတာ့ ခန႔္ၾက၊ ရွိန္ၾကသည္ပင္။
"ဆံပင္အျဖဴနဲ႔တစ္ေယာက္ေလ။ ခင္ဗ်ားေတာင္ သူ႔ကို စစ္ပြဲမွာေတြ႕ဖူးပါတယ္။ သူေျပာတာေတာ့ ဖ်က္ဆီးနည္းက ဂႏၶမာ့မိဘေတြဆီ ေရာက္သြားတာတဲ့။ ဆိုေတာ့ အခုခင္ဗ်ားဆီမွာေပါ့"
"ကြၽန္ုပ္ဆီမွာသာဆိုရင္ အမတ္မင္းကယူမလို႔လား"
ကိဏီ ေလျပည္ေအးႏွင့္ဆိုရင္း မ်က္လုံးကိုတစ္ဝက္ေမွး၍ ယုဂန္ကို ေငးၾကည့္သည္။
ယုဂန္၏ျပတ္သားတည္ၾကည္ေနေသာ မ်က္ႏွာထားကိုျမင္ေသာ္ ကိဏီျဖည္းျဖည္းခ်င္းၿပဳံးသြားသည္။
" ယူၾကည့္ေလ။ ကြၽန္ုပ္က စိန္ေခၚရတာေတြႀကိဳက္ပါတယ္"
ကိဏီ ထိုင္ရာမွထသည္။ ထိုအခ်ိန္တြင္ သူမသည္ ယုဂန္၏ဘယ္ဘက္လက္သူႂကြယ္မွ ေက်ာက္စိမ္းလက္စြပ္ကို ေတြ႕ျမင္သြားသည္။
သူမ၏ႏႈတ္ခမ္းစြန္းတို႔ျမင့္တက္သြားၿပီး အဆိုပါလက္စြက္ကို လက္ညႇိဳးျဖင့္တို႔ထိသည္။
" လက္စြပ္ေလးလွသားပဲ။ ကြၽန္ုပ္ကိုေပးမလား"
ကိဏီသည္ ေျပာေျပာဆိုဆိုႏွင့္ လက္စြပ္ကို ခြၽတ္ယူလိုက္၏။ ယုဂန္မွာ ႀကိဳးတုပ္ခံထားရသည္ျဖစ္ရာ
" မင္း..."
ဟု ဟိန္းေဟာက္လိုက္႐ုံမွအပ ဘာမွျပန္မလုပ္ႏိုင္ခဲ့ေခ်။
သာမန္လက္စြပ္ဆိုပါက ယုဂန္ဂ႐ုစိုက္ေနမည္မဟုတ္ေခ်။ ယခုက သူႏွင့္ေမာင္ လက္ထပ္ျခင္းတစ္ႏွစ္ျပည့္အတြက္ ေမာင္လက္ေဆာင္ေပးထားေသာ အရာေပမို႔ ဤလက္စြပ္ကိုထိျခင္းက သူ႔ကိုထိျခင္းႏွင့္အတူတူပင္။
ကိဏီကမူ အျမင္ကတ္စရာေကာင္းေလာက္ေအာင္ ၿပဳံးေနၿပီး လက္စြပ္ကို ဝတ္ၾကည့္ေနသည္။ သူမက
" လက္မွာ အေတာ္ပဲ။ အမတ္မင္းလက္က ဘယ္လိုေတာင္ ေသးသြယ္ရတာလဲ။ လက္စြပ္အတြက္ ေက်းဇူးပဲ။ သြားၿပီေနာ္"
ဟု ၿပဳံးၿပဳံး႐ႊင္႐ႊင္ဆိုရင္း ဆံပင္ကိုခါကာ လႈပ္လီလႈပ္လဲ့ႏွင့္ လမ္းေလွ်ာက္ထြက္သြားေလသည္။
အခန္းထဲတြင္ ယုဂန္ႏွင့္ ၿမိဳ႕စား႐ြဲသာက်န္ခဲ့သည္။
ၿမိဳ႕စား႐ြဲက ယုဂန္အနားသို႔ ျဖည္းျဖည္းခ်င္းေလွ်ာက္လာၿပီး ယုဂန္ေရွ႕ရွိခုံတြင္ မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္သည္။
ယုဂန္ စိတ္ညစ္လြန္း၍မ်က္လုံးကို မွိတ္ခ်လိုက္သည္။ ကိဏီထက္ပိုၿပီး ၿမိဳ႕စား႐ြဲ၏မ်က္ႏွာကို သူမျမင္ခ်င္ပင္။
" အရင္တစ္ေခါက္ ျပန္ေတြ႕တုန္းက စစ္ပြဲအလယ္မွာမို႔ ယုဂန္နဲ႔ ေသခ်ာမေတြ႕လိုက္ရဘူး။ ဒီအေတာအတြင္း သိပ္ကိုလြမ္းေနခဲ့ရတာ။ ယုဂန္ ပိုၿပီးလွလာတယ္"
ၿမိဳ႕စား႐ြဲ၏ လက္တစ္ဖက္က ယုဂန္၏ဆံပင္မ်ားကို အသာအယာထိေတြ႕လာသည္။
ယုဂန္က ဆံပင္ဖားလ်ားခ်ထားသည္ျဖစ္ရာ ဆံႏြယ္မ်ားက ယုဂန္၏မ်က္ႏွာဖူးဖူးေလးနားဝဲေနၿပီး သူ႔ကို ပို၍ အလွေလးဆန္ေနေစသည္။ မ်က္ႏွာက မေက်မနပ္ျဖင့္ တင္းမာေနေသာ္လည္း ဤသည္ကပင္ ခ်စ္ဖို႔ေကာင္းေနေစသည္။
" ပါးစပ္ပိတ္ၿပီး ထြက္သြားေပးပါလား။ ကြၽန္ေတာ္ ခင္ဗ်ားရဲ႕႐ူးေၾကာင္ေၾကာင္စကားေတြကို နားေထာင္ခ်င္စိတ္မရွိဘူး"
" ေနာက္က်ရင္ ယုဂန္ကိုယ္တိုင္ ကြၽန္ုပ္ေရွ႕မွာ ဝပ္တြားခယလာမွာပါ"
ယုဂန္ ေထာင္းခနဲျဖစ္သြားသျဖင့္ ၿမိဳ႕စား႐ြဲကို ေဒါသတႀကီးၾကည့္ကာ ပက္ခနဲျပန္ေျပာလာသည္။
" ခင္ဗ်ား႐ူးေနတာလား။ တစ္ခန္းလြတ္ေနတာလား။ တခ်ိဳ႕ေတြ ျဖစ္ခ်င္တာမ်ားၿပီး မျဖစ္ရလို႔ ႐ူးသြားတယ္လို႔ေတာ့ ၾကားဖူးပါတယ္။ အခုမွပဲျမင္ဖူးေတာ့တယ္"
ၿမိဳ႕စား႐ြဲက ခပ္သဲ့သဲ့ရယ္သည္။ သူက ထိုင္ခုံတြင္ လက္ပိုက္ေက်ာမွီလိုက္ၿပီး
" ထူးဆန္းတယ္။ ကြၽန္ုပ္လိုခ်င္ရင္ လက္ထပ္ႏိုင္တဲ့သူေတြ အမ်ားႀကီးရွိရက္နဲ႔ ယုဂန္ကိုမွ ထူးထူးျခားျခား စြဲလမ္းေနမိတာပဲ။ ဒီလိုမ်က္ႏွာလွလွေလးနဲ႔၊ မ်ိဳး႐ိုးျမင့္၊ အထက္တန္းလႊာ၊ အမတ္မင္း။ ယုဂန္လိုလူမ်ိဳး ထပ္မရွိႏိုင္ေတာ့ဘူး။ ကြၽန္ုပ္အတြက္ အသင့္ေတာ္ဆုံးလူက ယုဂန္ပဲ"
ဟုဆိုသည္။ တစ္ဆက္တည္းပင္
" ကြၽန္ုပ္ရဲ႕တရားဝင္ဇနီး ေသဆုံးသြားၿပီ။ ထပ္ၿပီး စီးပြားေရးအရ လက္တြဲစရာအေၾကာင္းရင္းလည္း မရွိေတာ့တာ မို႔လို႔ အခုခ်ိန္ကစၿပီး ကြၽန္ုပ္ ယုဂန္ကို ဦးစားေပးသြားမွာပါ။ လျပည့္ညၿပီးတာနဲ႔ ယုဂန္ကို ကြၽန္ုပ္ရဲ႕အပိုင္အျဖစ္ေပးဖို႔ အရွင္ေယာဇာဆီေတာင္းခံထားတယ္။ အခ်ိန္ကူးသန္းေပါက္ပြင့္ၿပီးတာနဲ႔ ကြၽန္ုပ္ ယုဂန္ကို လက္ထပ္မယ္"
ဟု တိက်ျပတ္သားစြာေျပာလာသည္။
ယုဂန္သည္ ေခါင္းကိုက္လာသျဖင့္ အေရးမပါသည့္ထိုအရာကို ျပန္ရန္ေတြ႕ခ်င္ေတာ့ေပ။ သူအေနႏွင့္ အ႐ူးစကားတိုင္းကို ျပန္လည္တုံ႔ျပန္ဖို႔ မလိုအပ္သည္မဟုတ္ပါလား။
" ေအးပါကြာ၊ ေျပာခ်င္တာသာ ေျပာေနေတာ့။ အ႐ူးစိတ္ခ်မ္းသာရင္ၿပီးတာပဲ။ ဒီကိစၥေတြၿပီးရင္ မင္းပဲအသက္ရွင္ပါေစဦး။ ငါ့ေယာက္်ားက မင္းကိုအသတ္ခ်င္ဆုံးျဖစ္ေနမွာ ငါေျပာရဲတယ္"
" ဘယ္သူအရင္ေသမလဲ ၾကည့္ၾကတာေပါ့"
ၿမိဳ႕စား႐ြဲက ရယ္၍ေျပာရင္း ယုဂန္အနားသို႔တိုးကပ္လာသည္။
သူက ယုဂန္၏ပါးကို လက္ျဖင့္ပြတ္သပ္ရန္ ႀကိဳးပမ္းသည္။ သို႔ေသာ္ ယုဂန္က မ်က္ႏွာေဘး လႊဲသြားသျဖင့္ မထိလိုက္ရေခ်။
႐ြဲက ေလသံတိုးတိုးႏွင့္ ခပ္ရွရွဆိုသည္။
" ယုဂန္ကိုထိေတြ႕ဖို႔ မေစာင့္ႏိုင္ေတာ့ဘူး။ အိပ္ရာထဲမွာ ယုဂန္ ဘယ္ေလာက္လွလိုက္မလဲဆိုတာကို ျမင္ခ်င္မိတယ္။ ဒါေပမဲ့ အခုေတာ့ အညစ္အေၾကးစြန္းထင္းလို႔မရတဲ့ အစီအရင္ေၾကာင့္ ယုဂန္ကို ထိခြင့္မရေသးဘူး။ အစီအရင္ ခုနစ္ရက္ျပည့္တဲ့ေန႔က်ရင္ေတာ့ ယုဂန္ ကြၽန္ုပ္လက္ထဲကို ေရာက္လာမွာပါ။ အဲ့က်ရင္ မင္းရဲ႕ခင္ပြန္းထက္ သာတယ္ဆိုတာကို ေသေသခ်ာခ်ာျပသေပးမယ္"
ယုဂန္ အံႀကိတ္ထားသျဖင့္ ေမး႐ိုးမ်ားထင္းေန၏။
႐ြဲက ယုဂန္၏ဆံပင္မ်ားကို ဆြဲယူနမ္းရႈိက္ၿပီးေနာက္
" မနက္ျဖန္မွ ထပ္လာခဲ့မယ္"
ဟုဆိုကာ အနားမွ ထ,သြားသည္။
ၿမိဳ႕စား႐ြဲထြက္သြားမွ ယုဂန္ဟာ စိတ္ေအးခ်မ္းသာစြာ အခ်ဳပ္က်ႏိုင္သည္။
သူသည္ ေျခေခ်ာင္းမ်ားကို ဆန႔္လိုက္၊ ကုတ္လိုက္လုပ္ရင္း စိတ္ထဲမွ အခ်ိန္မ်ားေရတြက္ေနသည္။ သူ ပ်င္းပ်င္းရွိလွသျဖင့္ ၁ မွ ၁၀၀ ရေအာင္ ဂဏန္းစဥ္ေရသည္။
သူေရတြက္၍ ၁၀၀ မျပည့္ခင္မွာပင္ သူ႔အေရွ႕သို႔ အေကာင္ျဖဴျဖဴေလးတစ္ေကာင္ ဘုတ္ခနဲက်လာေလသည္။
ထိုအေကာင္ျဖဴျဖဴေလးက ေၾကာင္ေလးတစ္ေကာင္ျဖစ္သည္။ ယင္းေၾကာင္ကေလးက ခ်က္ခ်င္းပင္ လူႀကီးတစ္ေယာက္အသြင္သို႔ ေျပာင္းလဲသြားသည္။
" အမတ္မင္း"
မာရစ္မ်ိဳးႏြယ္က ဂါရဝျပဳ၍ ႏႈတ္ခြန္းဆက္သသည္။
နရတ္ကိုျမင္သည္ႏွင့္ ယုဂန္၏ႏႈတ္ခမ္းစြန္းမ်ားဟာ ေကြးၫြတ္ၿပဳံးသြားေလသည္။
" အခ်ိန္က်ၿပီ"
***********************************
နန္းေဆာင္တစ္ခု၏ ေခါင္မိုးထက္ဝယ္ လူတစ္ဦးဟာ နက္ေမွာင္ေသာအဝတ္အစားမ်ားဝတ္၍ မတ္တပ္ရပ္ေနေလသည္။ ညဟာ ေမွာင္မိုက္ေနၿပီမို႔ ထိုလူဟာ ေကာင္းကင္အနက္ႏွင့္အတူ ေရာေႏွာ၍ ေပ်ာက္ကြယ္ေနသည္။
ထိုလူသည္ မ်က္ႏွာကိုအဝတ္ျဖင့္ကြယ္ထား၏။
ထို႔တိုင္ သူ၏ဗာဒံေစ့သ႑ာန္မ်က္ဝန္းမ်ားႏွင့္ ေသးသြယ္ပါးလ်ေသာအခ်ိဳးအစားကို ၾကည့္၍ မိန္းကေလးဟု အထင္ခံရႏိုင္သည္။
သို႔ေသာ္ သူဟာမိန္းကေလးမဟုတ္။ သူဟာ ေဒါဏသာျဖစ္သည္။
ေဒါဏသည္ လက္ထဲတြင္ ေလးႏွင့္ျမားကိုကိုင္ကာ တစ္ေနရာသို႔ ဦးတည္ခ်ိန္ထားသည္။
သူ၏မ်က္ဝန္းမ်ားက ပစ္မွတ္ကို စူးရဲစြာၾကည့္ေနသည္။ သူ၏လက္ေခ်ာင္းသြယ္မ်ားက ျမားကိုပစ္လႊတ္လိုက္သည္။
ျမားဟာ တစ္ဖက္အေဆာက္အအုံထဲသို႔ မွန္ျပတင္းမွတစ္ဆင့္ေဖာက္ဝင္သြား၏။ မွန္မ်ားကြဲေၾကသြားၿပီး ျမားဟာလည္း အေဆာက္အအုံအတြင္း၏ အလယ္တည့္တည့္ရွိ စားပြဲေပၚမွ အင္းစာ႐ြက္ကို သြားေရာက္ထိမွန္ေလသည္။
အင္းစာ႐ြက္ဟာ ဝုန္းခနဲ မီးထေတာက္သည္။
အင္းစာ႐ြက္ပ်က္စီးသြားၿပီး အစအေနပင္မက်န္ေအာင္ ျပာမႈန္မ်ားအျဖစ္ ေလထဲလြင့္ပ်ံသြားသည္။
အဆိုပါ အင္းစာ႐ြက္သည္ ဝက္ေသြးစည္းအစီအရင္၏ ဗဟိုအင္းစာ႐ြက္သာျဖစ္သည္။
ဗဟိုစာ႐ြက္ပ်က္စီးသြားၿပီမို႔ ၿမိဳ႕႐ိုးပတ္လည္ကာရံထားေသာ ဝက္ေသြးစည္းဟာလည္း အလုံးစုံကြယ္ေပ်ာက္သြားၿပီျဖစ္သည္။ သို႔ဆိုလွ်င္ မင္းသားအ႐ုဏတပ္ဟာ နန္းေတာ္ထဲသို႔ အခက္အခဲမရွိ ဝင္ေရာက္ႏိုင္ၿပီျဖစ္သည္။
ထိုတစ္ခ်ိန္တည္းမွာပင္။ တျခားေသာ ကိစၥလည္းျဖစ္ပ်က္ေလသည္။
မီး....
နန္းေဆာင္တစ္ခုမွ မီးေတာက္ႀကီးမ်ား ထေတာက္သည္။
မီးေလာင္ေနေလၿပီ။
မီးေလာင္ေသာ နန္းေဆာင္မွာ ေမ့ေျမာေနေသာ မင္းသားမဏိရွိရာ နန္းေဆာင္ပင္ျဖစ္သည္။
******************************
A/N
ျပန္လာပါၿပီ! teo က အားလုံးနီးပါးအတြက္ he ပါ။ h မ e ခင္ေတာ့ နည္းနည္းေလာင္ရမယ္။ အားလုံးပဲ ဖိုက္တင္းပါ။
16.8.2023
.
.