လိုင်းကလုံးဝကိုမကောင်းတော့ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူးကွယ်။
Ch-15 ဆေးရုံသို့သွားေရာက်ကြည့်ရှူခြင်း
"မင်းကအဲ့ဒီရူးသွပ်ေနတဲ့လူသတ်ကောင်ကိုဖမ်းချင်တယ်ပေါ့လေ"
စုယန်သည်ယင်ကောင်တစ်ေကာင်အားမြိုချမိလိုက်သည့်ပုံဖြင့်ကြည့်လာသည်။သူသည်တိုက်တွန်းနေရင်းသူ့ကိုယ်သူမြန်မြန်စိတ်တည်ငြိမ်စေလိုက်သည်။
"မင်းမှာကန့်သတ်ထားတဲ့လွတ်မြောက်နိုင်ချေပဲရှိတာနော်။မင်းကဘာလို့မလိုက်နာနိုင်ရတာလဲ"
"အဲ့ဒါကရူးသွပ်နေတဲ့လူသတ်သမားဆိုတာကိုရှင်ကဘယ်လိုသိတာလဲ။ကျွန်မကသူနဲ့ပတ်သက်ပြီးပြောဖူးလို့လား"
စုယန်သည်tabletအား မိမိထံလှည့်ပေးလိုက်သည်။
"မင်းကငါ့ကိုမပြောခဲ့ပေမယ့် တရုတ်ပြည်ကလူအားလုံးကသိတယ်လေ။မနေ့ညကသတင်းမှာအဲ့ဒီအေကြာင်းတွေပါတယ်။ရူးနေတဲ့လူသတ်ကောင်ကအခြားအမှုတွေကျူးလွန်ထားသေးတယ်။ရဲဝန်ထမ်းတစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်တဲ့"
စုယန်ဖတ်ရှုနေသောသတင်းများတွင် တက္ကစီပေါ်ပြေးတက်သွားသောမိမိ၏နောက်ကျောပုံပါနေသည်။
မိမိသည်ဖိနပ်လဲနေရင်း tabletအားစုယန်ဆီပြန်ပေးလိုက်သည်။
"ကောင်းပြီလေ။ကျွန်မရူးနေတဲ့လူသတ်သမားကိုဒီလိုနဲ့အေဝးပြေးသွားဖို့ခွင့်မပြုပေးနိုင်ဘူး။ကျွန်မသာဘာမှမလုပ်ပဲဒီအတိုင်းနေ,နေခဲ့လို့ရှိရင်သူကနောက်ထပ်ပြစ်မှုတွေကျူးလွန်ပြီး နောက်ထပ်လူတွေထပ်သတ်နေဦးမှာပဲ"
"ရဲတွေတောင်မှသူ့ကိုမဖမ်းနိုင်သေးဘူး။မင်းကဖမ်းနိုင်မယ်လို့ထင်နေတာလား"
စုယန်မှာနှာမှုတ်လိုက်သည်။
"ဘာလဲ။ရှင်အဲ့ဒါကိုစမ်းကြည့်ချင်လား"
မိမိလည်းခွန်းတုံ့ပြန်လိုက်သည်။
"ငါကပြဿနာရှာရတာကိုစိတ်မဝင်စားဘူး"
စုယန်မှခပ်ပြတ်ပြတ်ပြန်ဖြေလာသည်။
"ဖီ...ကျွန်မရှင့်ဆီကနေဘာကိုမှမမျှော်လင့်ထားပါဘူးနော်"
စုယန်မှမိမိအားနောက်သို့ဆွဲလိုက်ချိန်တွင် မိမိမှာတံခါးဖုအားကိုင်မိရုံသာရှိသေးသည်။သူသည်မိမိအားဖြတ်ကျော်ပြီး ချောမွေ့စွာပင်တံခါးမှပိတ်နေလိုက်သည်။
"ငါ့ကိုတိတိကျကျပြော။လူသတ်သမားအရူးကိုဖမ်းဖို့မင်းဘယ်လိုစီစဉ်ထားလဲ"
"ကျွန်မမှာကျွန်မကိုယ်ပိုင်နည်းလမ်းရှိတယ်။ရှင်ဘာလို့ကျွန်မကိုလာမေးေနတာလဲ...ရှင်လည်းသူ့ကိုအတူတူဖမ်းချင်လာလို့လား"
မိမိသည်ညစ်တစ်တစ်ပြုံးလိုက်သည်။
"ငါကမင်းဆီမကောင်းတာတစ်ခုခုဖြစ်လာမှာကို စိုးရိမ်လို့ပါ။ပြောရမယ်ဆိုရင် မင်းကမိုက်မဲပြီးတုံးအတဲ့ရွှေငါးတစ်ကောင်ပဲလေ"
စုယန်သည်ခိုင်ခိုင်မာမာပြန်ဖြေလာသည်။သူဟာသလုပ်နေသည်မဟုတ်ပါ။ဤအခိုက်အတန့်တွင် မိမိ၏နှလုံးသားလေးသည်အနည်းငယ်နူးညံ့လာကာ ထိမိသွားသည်။
ရုတ်တရက်ဆိုသလို မိမိသည်စုယန်နှင့်ရှိခဲ့သောအိပ်မက်အားတွေးမိလိုက်သည်။မိမိသည်သူ့အားကြည့်ကာ ပုံမှန်မဟုတ်သလိုခံစားလိုက်ရသည်။မိမိ၏စစ်မှန်သောအပြုံးမှာ မိမိမျက်နှာပေါ်မှတဖြည်းဖြည်းမှေးမှိန်သွားသည်။
ပုံမှန်ဆိုလျှင် မိမိသည်သူ၏မျက်လုံးများဆီကြည့်ဖို့ရန်ကိုကြောက်ရွံ့မနေပါချေ။သို့သော် ဤအချိန်တွင်တော့ မိမိသည်မသိစိတ်အရအကြည့်ချင်းဆုံရန်ကိုရှောင်ရှားနေမိသည်။
"ကျွန်မရှင့်ကိုမပြောပြဘူး..."
"အာ"
စုယန်သည်ရုတ်တရက်ဆိုသလို မိမိအားအံ့ဩစွာဖြင့်မိမိ၏လက်မောင်းများအား ဆွဲယမ်းနေကာတင်းမာသောအသံဖြင့်ပြောလာသည်။
"မင်းကအမြဲတမ်းကမူးရှူးထိုးနဲ့စိတ်မြန်လွန်းတယ်။ငါကမင်းနဲ့ဘာလုပ်ရမှာလဲ..."
"ကျွန်မကိုစိတ်မပူပါနဲ့။အဆင်ပြေပါတယ်"
စုယန်သည်သူ၏အား,အားတိုးလိုက်ကာ မိမိအားသူ့ထံဆွဲလိုက်သည်။
"မင်းရဲ့ရွှေငါးဦးနှောက်က လူသတ်သမားအရူးကိုဒီမှာဦးဆောင်အဆုံးသတ်မလို့လား"
စုယန်၏လေသံသည် ဂရုစိုက်နေခြင်းမရှိတော့ပေ။မိမိသည်မိမိ၏ပွင့်လင်းမြင်သာသောအရပ်ဆီချီအားပို့ဆောင်လိုက်ပြီး သူ၏ခြေဗလာပေါ် ဖိနပ်စီးထားသောမိမိခြေထောက်ဖြင့် ခပ်ကြမ်းကြမ်းနင်းချလိုက်သည်။ထို့နောက် မိမိသည်သူ့အားဘေးသို့ဆွဲချလိုက်ပြီး ရှီယုအားညွှန်ကြားလိုက်သည်။
"ရှီယုရေ သွားကြစို့"
မိမိသည်စုယန်အားမညှာတာခဲ့ပေ။ချက်ချင်းပင်သူသည်ဝင်ပေါက်၌သူ၏ခြေထောက်အားကိုင်ကာဒူးထောက်ချလိုက်သည်။သူသည်သွားများအားကြိတ်နေရင်း မိမိထံလက်ညှိုးထိုးလာခဲ့သည်။
"မင်းရွှေငါး..."
"မင်းကရွှေငါးပဲ။စိတ်ရှုပ်စရာေကာင်းတဲ့မှင်စာပဲ"
စုယန်၏မျက်လုံးများထဲတွင်ဒေါသများရှိနေသည်။အလားတူစွာပင် မိမိလည်းသူ၏မျက်နှာရှေ့တွင်ပင် တံခါးအားဒေါသတကြီးဆောင့်ပိတ်ချလိုက်သည်။ထိုအသံသည် တစ်ထပ်လုံးကြားရလောက်သည်အထိ ကျယ်လောင်လွန်းလှသည်။
ဓာတ်လှေကားရောက်ရန်စောင့်နေချိန်တွင် မိမိသည်ရှီယုအားမျက်နှာချင်းဆိုင်ရင်း ခါးေထာက်လိုက်သည်။
"ဘာအလုပ်လဲ။အားးး သူကငါ့ကိုရူးသွပ်စေတာပဲ။ငါေတာ့သူလိုလူနဲ့တွေ့ရေအာင်ထိကံဆိုးနေတာပဲဖြစ်ရမယ်။အမှန်တိုင်းပြောရရင် သူ့ရဲ့မိန်းမဖြစ်လာမယ့်လူကေတာ့ စူပါကံဆိုးတာပဲဖြစ်ရမယ်"
ဒါကမှ အပြင်ကစုယန်ပဲ။မျှော်လင့်ထားတဲ့အတိုင်း သူကအိပ်မက်ထဲကကောင်လေးနဲ့ အချည်းနှီးဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်နေသလိုဆန့်ကျင်ဘက်ပဲ။အဲ့အချိန်လေးမှာ သူကသူ့(အိပ်မက်ထဲက)ထက်သာတယ်လို့ရူးရူးမိုက်မိုက်ယုံသွားမိတဲ့ငါကတုံးအလွန်းတာပဲ။ငါကဟတ်တောင်ထိသွားလိုက်သေးတယ်။
.....
အခက်အခဲကြီးနှင့်အတူ မိမိသည်နောက်ဆုံးတော့ဆေးရုံသို့ရောက်ရှိခဲ့လေပြီ။ဆေးရုံ၏အဓိကဝင်ပေါက်၌ သတင်းထောက်အုပ်စုတစ်စုမှာဝန်းရံထားကြသည်။မိမိသည်အနီးဆုံးရှိချုံပုတ်ဆီပြေးသွားကာ နောက်၌ပုန်းလိုက်ပြီးတွေးမိလိုက်သည်။
"သူတို့ကမနေ့ကသတင်းထောက်တွေပဲမလား။သူတို့တွေရဲစခန်းမှာ သတင်းနှိုက်မရလို့ အခုဆေးရုံကိုရောက်လာတာနေမှာ"
မိမိသည်လူတိုင်းထံမှ အာရုံစိုက်မှုအားရှောင်ချင်လေသည်။ထို့ကြောင့် မိမိသည်ကိုယ့်ကိုကိုယ်ပြည့်စုံအောင်ဖုံးအုပ်လိုက်ပြီး အနောက်တံခါးမှတစ်ဆင့် ရှီယု၏လူနာခန်းဆီတိတ်တိတ်လေးထွက်သွားလိုက်သည်။မိမိကိုယ်တိုင်အကာအကွယ်တစ်ခုရရန်အလို့ငှာ မိမိသည်သစ်သီးများနှင့်ပန်းတစ်ခြင်းအားဝယ်ယူလိုက်သည်။သို့သော်ရှီယု၏မိဘများရှိမနေခဲ့သည်မှာ ရှင်းပြရတော့မည့်ဒုက္ခမှနေမိမိအားကယ်တင်လိုက်နိုင်သည်။
မိမိမှာလူနာခန်းတွင်းဝင်လိုက်သည်နှင့် တံခါးအားလော့ချလိုက်သည်။မိမိသည်ရှီယု၏ဘေးသို့သွားကာသူမ၏သတိမရသေးသောခန္ဓာအားငေးကြည့်ရင်း အတွင်းတွင်ချဉ်စုတ်စုတ်အရသာမှဆူပွက်နေသလိုခံစားနေရသည်။မိမိသည်ရှီယုပေါ်ဝှေ့ယမ်းပြကာ မနေ့ည၌မိမိတို့ပြောခဲ့ကြသောနည်းလမ်းကို သူမအားကြိုးစားခိုင်းကြည့်စေလိုက်သည်။
အစီအစဉ်မှာ ရှီယုသည်သူမ၏ခန္ဓာကိုယ်ပေါ်လဲလျောင်းပြီး ခန္ဓာကိုယ်မှသူမ၏ဝိညာဉ်အားစုပ်ယူသွားမည်ကိုကြည့်ရမည်ဖြစ်သည်။
ရှီယုသည်သူမ၏ခန္ဓာကိုယ်ပေါ်လဲလျောင်းပြီး မိမိပြောသလိုလုပ်လိုက်သည်။
သို့သော်သူမမှာ ဘယ်လိုအနေအထားမဆိုပြောင်းနေသော်ငြား သူမ၏ခန္ဓာကိုယ်နှင့်ထပ်တူကျမနေပါချေ။
မိမိသည်ရှီယုနှစ်ယောက်အားရှင်းရှင်းလင်းလင်းမြင်နေရသည်။
"ဘယ်ဘက်နည်းနည်းသွား...ဘယ်ဘက်ကိုထပ်ပြီးနည်းနည်းလေး!အိုင်း အိုင်း အိုင်း!များသွားပြီ။ညာဘက်ကိုထပ်ပြီးနည်းနည်းသွား"
မိမိမှာဦးဆောင်နေသည်။ရှီယုမှာတော့ သူမ၏အနေအထားကိုချိန်ညှိနေသည်။
"တော်ပြီ။ဒါကအလုပ်မဖြစ်ဘူး။ငါတို့အခြားနည်းလမ်းကြိုးစားကြည့်ရအောင်။ငါစဉ်းစားပါရစေဦး..."
မိမိသည်လူနာခန်းထဲတွင် လှည့်ပတ်လျှောက်နေရင်း မိမိ၏ဦးနှောက်အားအလုပ်ပေးနေလိုက်သည်။
"နင်ဘာလို့ခန္ဓာကိုယ်ထဲခုန်ချတဲ့နည်းမကြိုးစားကြည့်ရမှာလဲ"
မိမိသည်ဒိုင်ဗင်သမားတစ်ဦး၏ ပို့စ်အားသရုပ်ပြလိုက်သည်။
"နင်သိလား။ဒိုင်ဗင်သမားတွေရေထဲငုပ်သလို နင့်ရဲ့ကိုယ်ထဲခုန်ချလိုက်။ငါဘာပြောတာလဲဆိုတာ နင်သိတယ်မလား"
ရှီယုသည်မိမိအားခေါင်းယမ်းပြလာသည်။ထိုသည်မှာ သူမကနားမလည်သည်လား ဒါမှမဟုတ် သူမမလုပ်နိုင်သည်ကိုလားတော့ မိမိမေသချာပေ။
"အိုင်းးငါတို့ဘာလုပ်ရမှာလဲ"
မိမိသည်ရှီယု၏ဘေးတွင်ရပ်လိုက်သည်။ထိုသည်မှာ သူမ၏ဝိညာဉ်အားသူမခန္ဓာကိုယ်ထဲပြန်ထည့်သည့်အစီအစဉ်မှာယာယီဆိုင်းငံ့ထားရမည့်ပုံပေါ်လေသည်။
"အား!"
မိမိသည်ခေါင်းအားရိုက်လိုက်သည်။
"ရှီယုေရမနေ့ညကသတင်းတွေကို မှတ်မိသေးလား။သူတို့ကဒီဆေးရုံမှာသတိမရသေးတဲ့အခြားသားကောင်နှစ်ယောက်ရှိသေးတယ်လို့ပြောတယ်။စစ်ဆေးရအောင်လို့ သူတို့လူနာခန်းဆီသွားကြစို့။ငါတို့တွေအသုံးဝင်တဲ့အချက်အလက်အချို့စုေဆာင်းရလာနိုင်တယ်"
ရှီယုသည်ခေါင်းငြိမ့်လာသည်။သူမသည်မိမိ၏အမြင်အားသဘောတူလေသည်။
ရှီယုနှင့်မိမိသည်လူနာခန်းမှထွက်လာလိုက်သည်။မိမိသည်အင်တာနက်မှတွေ့ရှိလာသောပုံနှစ်ပုံအား ပြကာညွှန်ပြရန်အတွက်သူနာပြုများအားမေးလိုက်သည်။
"တစ်ဆိတ်လောက်ရှင့်။ဟွမ်စီဝမ်နဲ့ရှုမင်တို့ ဘယ်လူနာခန်းတွေထဲရှိနေတာလဲဆိုတာ ပြောပြပေးလို့ရမလားရှင့်"
"ခဏစောင့်ေပးပါနော်။ကျွန်မရှင့်အတွက်အခုပဲရှာပေးပါ့မယ်"
ပြုံးရွှင်နေသော သူနာပြုလေးသည် မည်သည့်နေရာအားသွားရမည်ကိုမိမိအားနွေးထွေးစွာညွှန်ပြလာသည်။ဟွမ်စီဝမ်၏လူနာခန်းသည် ၅ထပ်တွင်ရှိပြီး စင်တာမှဘယ်ဘက်သုံးခန်းမြောက်ဖြစ်၍ ရှုမင်၏လူနာခန်းသည် ၄ထပ်တွင်ရှိပြီး ကော်ရစ်ဒါအဆုံးတွင်ဖြစ်သည်။
ရှီယု၏လူနာခန်းသည် ၇ထပ်တွင်ရှိ၍ အဆင်ပြေစေရန် မိမိတို့သည် ၅ထပ်ရှိဟွမ်စီဝမ်၏လူနာခန်းဆီအရင်သွားကြပေမည်။
ကော်ရစ်ဒါမှာပိုးသတ်ဆေးနံ့များဖြင့်ပြည့်နှက်နေသည်။ထိုသည်မှာ ဤအထပ်၌လူများများမရှိသည့်ပုံပေါ်လေသည်။တိတ်ဆိတ်မှုတွင်းဝယ် တောက်ပြောင်နေသောမျက်နှာပြင်ထက်၌ မိမိ၏ဒေါက်ဖိနပ်များသည်ေခြလှမ်းတိုင်းအားတစ်ဒေါက်ဒေါက်မြည်နေတော့သည်။
သူ၏အခန်းနှင့်မိမိနီးလာချိန်တွင် အခွင့်အရေးအနေဖြင့် တစ်ယောက်ယောက်သည်ရေခရားတစ်ခုနှင့်ထွက်သွားလေသည်။မိမိသည်အခြားဦးတည်ရာဆီမြန်မြန်လှည့်လိုက်ကာ လမ်းလျှောက်ဟန်ဆောင်ရင်း အမျိုးသမီးသန့်စင်ခန်းဆီ တည်တည်ငြိမ်ငြိမ်ဝင်သွားလိုက်သည်။
အမျိုးသမီးသန့်စင်ခန်းတံခါးမှနေ မိမိသည်ခုန်ပေါက်ေနသောနှလုံးပေါ်တင်ထားရင်း တိတ်တိတ်လေးချောင်းကြည့်နေလိုက်သည်။ထိုလူမှာဟွမ်စီဝမ်၏လူနာခန်းမှထွက်လာပြီး မြင်ကွင်းမှပျောက်ကွယ်သွားသည်။
မိမိသည်ဟွမ်စီဝမ်၏လူနာခန်းတွင်းမြန်မြန်ဝင်ကာ တံခါးအားပိတ်လိုက်သည်။
မိမိလှည့်လိုက်ချိန်မှာတော့ မိမိသည်လန့်ဖြပ်၍ခုန်လိုက်မိပြီး နံရံပေါ်မှီချလိုက်သည်။
အခန်းထဲတွင် ဟွမ်စီဝမ်၏ဝိညာဉ်သည်သူ၏ခန္ဓာကိုယ်အားငေးကြည့်နေသည်။သူ၏မျက်နှာသည်သေမတတ်ဖြူစုတ်နေပြီး သူသည်စိတ်ဆင်းရဲနေပုံရသည်။
သူသည်မိမိအားမြင်သောအခါ နည်းနည်းထိတ်လန့်သွားပုံရသည်။သူသည်မိမိအားအထက်မှအောက်ထိဖြည်းဖြည်းချင်းကြည့်နေသည်။သူသည်မိမိနောက်ရှိရှီယုအားသတိပြုမိချိန်တွင်တော့ သူ၏မျက်နှာအမူအယာမှာလုံးလုံးပြောင်းလဲသွားသည်။ထိုသည်မှာသူသည်မှားယွင်းသောတစ်ခုခုကိုလုပ်ထားသလိုပင်သူသည်ေရှ့တွင်လက်ဝါးကပ်တိုင်ပုံစံလုပ်လိုက်သည်။
"ဟွမ်စီဝမ်ဟုတ်တယ်မလား"
မိမိသည်သူ့ထံချဉ်းကပ်ရင်းစမ်းသပ်လိုက်သည်။
"အဲ့နေ့ကကျွန်မကိုလမ်းပြပေးတဲ့လူကရှင်ဟုတ်တယ်မလား"