(16. 2)
'' မနက်ဖြန် ဘာတွေ လုပ်ကြ မလဲ ဆိုတာ ငါတို့ ပြောကြတာ ပေါ့ ''
ထိုစကား ကို ကြားတော့ လူတိုင်း က စိတ်အေး သွားလေတယ်။ သူတို့ရဲ့ နောက် တောက်တောက် အပြုံးတွေကို အဝေးဆီကို ဖယ်လိုက် ပြီးတော့ အစောက ထက် ပိုပြီး မျက်နှာ တွေက အလေး အနက် ဖြစ်လာခဲ့ လေတယ်။
'' မနက်ဖြန် အတွက် ဘာတွေ စီစဥ် ထားတာလဲ? ''
'' တစ်ချို့ အသီးတွေနဲ့ အရွက်ရိုင်း တွေအပေါ် မှီခို ရတာ က လုံးဝကို လုံလောက်မှာ မဟုတ်ဘူး ။ ပြီးတော့ အစား အစာ က အချိန် အကြာကြီး အတွက် မလုံလောက်ဘူး။ တောင်ပေါ်မှာ မြစ် တစ်ခု ရှိတယ်။ မနက်ဖြန် ကျရင် ငါတို့ ငါးတစ်ချို့ ရနိုင် မလား ဆိုတာ ကို တစ်ချက် သွားဖမ်း ကြည့် ကြစို့။ ထပ်ပြီးတော့ လည်း ထောင်ချောက် အနည်းငယ် တူးထား ကြစို့လေ။ အဲ့ထဲမှာ သားကောင်ငယ် တစ်ချို့ မိတယ် ဆိုရင် ပဲ ငါတို့ အသားစား လို့ ရတော့မှာ ''
ထို အကြောင်းကို လူတိုင်း ကြားလိုက် ရတော့ စိတ်လှုပ်ရှား သွား ကြလေတယ်။
'' သေချာတာ ပေါ့ ''
'' ဒါဆိုရင် မနက်ဖြန် လည်း ငါတို့က ဂူထဲမှာ ပဲ နေရအုံးမှာလား။ ဂူထဲက အကုန် သန့်ရှင်း သွားပြီလေ။ ''
အမျိုးသမီး တွေက သူတို့ ပြောနေတာ ကို ကြားတော့ မေးလိုက် လေတယ်။
အလုပ်အကြောင်း စီစဥ် နေတာ ဖြစ်လို့ သူက အဲ့အခြေ အနေ ကို သုံးကာ တစ်ခါတည်း စီစဥ် လိုက်လေတယ်။
'' မနက်ဖြန် ကျရင် အဖိုးလီ က ခြင်းတောင်း တွေ ဘယ်လို ရက်ရ မလဲ ဆိုတာ ကို သင်ပေး လိမ့်မယ်။ အဲ့တာ တွေကို ခများ တို့က လိုက်ရက် ပြီးတော့ အသီးအရွက် အစားအစာ တွေကို ဂူထဲမှာ သေချာစု ထားပါ။ တကယ်လို့ ခများ တို့က အသီးအရွက် ရိုင်းတွေ သွားခူး တက်ရင် သွားပြီးတော့ ခူးယူ ထားလို့ ရပါတယ်။ ''
တစ်ခဏ လောက် တန့်လိုက် ပြီးတော့မှ သူက ဆက်ပြောလေတယ်။
'' ဒါပေမယ့် ခများ တို့သာ တကယ်လို့ အပြင်ထွက် ချင်ရင် အဖော်ခေါ် သွားပါ။ အဲ့လိုဆို တော့မှ သာ အချင်းချင်း ဂရုစိုက် ပေးလို့ ရနိုင်မှာလေ ''
'' ကောင်း ပါပြီ ''
မနက်ဖြန် အတွက် စီစဥ် စရာ ရှိတာ တွေကို စီစဥ် ပြီးတဲ့ နောက် အမျိုးသမီး တွေက သူတို့ရဲ့ စွမ်းရည် တွေကို ပြသ ပြီးတော့ ညစာ အတွက် ဟင်းတွေ ချက်ပြုတ် ကြလေတယ်။
တစ်နပ်စာ မြန်မြန် စားပြီးတဲ့နောက် လူတိုင်း က ထုပ်ပိုး လိုက်ပြီးတော့ အိပ်ဖို့ နေရာ ရှာလိုက် ကြတော့တယ်။
ဒါက ဂူထဲမှာ ရှိနေတာ ဒုတိယ ရက် ဖြစ်ပြီးတော့ ပထမ ရက်လို မျိုး မောပန်း နွမ်းနယ် တာ မျိုးတွေ မရှိခဲ့ ပါပေ။ သူတို့က အောက်က မြေကြီးမာမာ ကြီး ပေါ်မှာ လှဲ ရတာကြောင့် အိပ်ပျော်ဖို့ ရာ အတွက် အရမ်းကို ခက်ခဲ လေတယ်။
ကျောက်ချင် နဲ့ ကျိုးကောအာ တို့က ဘေးချင်းကပ် လျက် လှဲလိုက် ကြတယ်။ ဂူ ရဲ့ အပြင်ဘက် ကတော့ လုံးဝ ကို မှောင်မဲ နေပါပြီ။ ဂူထဲက မီးဖိုပေါ်က မီးတောက် လေး ကသာ ဂူတစ်ခု လုံးကို နွေးထွေး တဲ့ လိမ္မော်ရောင် လေး နဲ့ ရိုးရှင်းစွာ လွှမ်းခြုံ ထားလေတယ်။
ကျိုးကောအာ က မီးဖို ဘက် နား ပိုရောက် ပြီးတော့ သူ့ရဲ့ မျက်လုံး တွေက မပိတ် ရသေးပဲနဲ့ မီးဖို ကိုသာ စိုက်ကြည့် နေခဲ့တယ်။ အဲ့ဘေးနား မှာ အခြောက်ခံ လှန်းထားတဲ့ အဝတ် အစား တွေ လည်း ရှိနေ ခဲ့တယ်လေ။
'' ဘာမှား လို့လဲ၊ အိပ်လို့ မပျော် ဘူးလား ''
ကျိုးကောအာ က သူ့ရဲ့ မျက်ခွံ တွေကို ပင့်လိုက် တယ်။
'' အကို ဝယ်ပေး တဲ့ ဖိနပ်လေး ကို ငါ မယူခဲ့မိတာ ကို သတိရ သွားလို့ပါ။ အရမ်း နှမြောဖို့ ကောင်းတာ ပဲ ''
'' အဲ့တာ က ဖိနပ် တစ်ရံလေး ပဲ မဟုတ်လား ။ ကိုယ် တို့ တောင်ပေါ် က ထွက်လို့ ရရင် ကိုယ့်နောက်ကို သာလိုက်ခဲ့။ မင်း အတွက် တစ်ရံ ထပ်ဝယ်ပေးမယ် ''
ကျောက်ချင် က နူးညံ့စွာ ပြောလိုက်ကာ သူ့ရဲ့ လက်မောင်းလေး ပေါ် အသာလေး လက်တင် လိုက်တယ်။
ကျိုးကောအာ က ဘာမှ ထပ်မပြောတော့ ပေမယ့် သူက အရမ်းကို နှမြောနေ မိဆဲ ပါပဲ။ ပြီးတော့ အနည်းငယ် တောင် လွမ်းဆွတ် မိတယ်။ ဒါပေမယ့် ကံကောင်းတာ က ပုလဲ က သူနဲ့ အတူ ရှိနေ သေးတယ်။ သူ့ကိုယ် ပေါ်မှာ အဲ့တာ လေးကို မပျောက်စေ ပဲ သိမ်းထား တာက ကျိုးကောအာ ကို စိတ်သက်သာရာ ရစေတယ်လေ။
ကောင်လေး က ဝမ်းနည်း နေဆဲ ပဲ ဆိုတာ ကို တွေ့တော့ ကျောက်ချင် က စိတ်မပျော်မရွှင် ဖြစ်သွား လေတယ်။ သူက လှိမ့်လိုက် ပြီးတော့ ကျိုးကောအာ နားကို ကပ်ကာ နှစ်သိမ့်ပေး လိုက်တယ်။
'' အဲ့တာ က အဆင်ပြေ သွားမှာပါ။ အနား ကောင်းကောင်း ယူတော့။ ကိုယ်လဲ ဒီနေ့ တစ်နေ့လုံး ပင်ပန်းလာ ခဲ့တာ ''
'' ဟုတ်ကဲ့ ''
ကျိုးကောအာ က ပြန်ဖြေ လိုက်ပြီးတော့ အသက်ရှုထုတ် ကာ မျက်လုံးလေး ကို မှိတ်လိုက် တော့တယ်။
ကျောက်ချင်က ကျိုးကောအာ ကို ဆက်ကြည့် နေဆဲ ပါပေ။ ပြီးတော့ ကျိုးကောအာ က မျက်လုံး ထပ်ပြီးတော့ မဖွင့်တော့ပဲ အသက်ရှုသံ က တဖြေးဖြေး တည်ငြိမ် လာတာ ကို တွေ့ရပေမယ့် သူကတော့ အိပ်လို့ မပျော် ပါပေ။
သူက ဂူရဲ့ ကြမ်းတမ်းပြီး မညီညာတဲ့ အမိုးခုံးကို စိုက်ကြည့် နေကာ ဒီနေ့ ဟော်ဆန်းအာ ပြောတဲ့ ဟာသ ကို မထိန်း နိုင်ပဲ တွေးမိလေတယ်။
သူက သက်ပြင်းသာ ချ လိုက်ချင် တော့တယ်။
တကယ်လို့ သူသာ ရွာမှာ ရှိနေပြီးတော့ နေ့ရက် တွေက ငြိမ်းချမ်း စွာပဲ ဖြတ်သန်း နေရမယ် ဆိုရင် သူက နေ့တိုင်း ပဲ ငါးဖမ်း ထွက် ပြီးတော့ ကျိုးကောအာ နဲ့ ဒီအတိုင်းပဲ ဆက်သွား နေမိမှာ ပဲ ဖြစ်တယ်။
တကယ်လို့ လူ နှစ်ယောက် သာ အတူတူ အချိန်အကြာကြီး နေလာလို့ ရှိရင် သူတို့တွေ ကြားမှာတော့ ခံစားချက် တစ်ချို့ ပေါက်ဖွား လာမှာ ပဲလေ။
အခု ချိန်လောက် ထိ ဆိုးတာ မျိုး မရှိတော့ပေ။ သူက အခုချိန်မှာ ဘေးအန္တရယ် မကင်းတာ ကြောင့် အုပ်စု လိုက်နေ ရတဲ့ ဘဝကို ရောက်နေတယ်လေ။
သူက ဂူအပြင် ကို ထွက်ပြီးတော့ အစားအစာရှာ ဖွေဖို့ကို လုပ် နေရဆဲ ဖြစ်ကာ အသက်ရှင် ဖို့ အတွက် စိုးရိမ် နေ ရဆဲ ဖြစ်လေတယ်။
တစ်ချို့ ကိစ္စတွေ ကိုတော့ တိုက်ရိုက် ပဲ အနောက်ကို ပို့ထား ရလေတယ်။ သူက ကျိုးကောအာ ဘယ်လို တွေးနေ သလဲ ဆိုတာ ကို မသိပါပေ။
ဒါပေမယ့် တကယ်လို့ ဒီလိုမျိုး အတိုင်းသာ ဆက်သွား နေမယ် ဆိုရင်တော့ သူတို့ နှစ်ယောက် က သေချာပေါက် ညီအကို ဇုန် ထဲ ရောက် သွားတော့ မှာပဲ ဖြစ်တယ်။
ကျောက်ချင် က သူ့ဆံပင် ကို ကုတ်ကာ ထပ်ကာ ထပ်ကာ လှည့်ရင်း အိပ်မပျော် ပါပေ။
ဂူထဲမှာတော့ တီးတိုး ပြောတဲ့ အသံတွေက လျော့နည်း လာကာ တဖြေးဖြေး နဲ့ လူတွေ ကလည်း အိပ်မော ကြ လာ လေတယ်။
သူ အချိန် ဘယ်လောက် ကြာအောင် နေခဲ့ လဲ ဆိုတာ ကို မသိတော့ပေ။ အိပ်ချင်စိတ် က သူ့ဆီကို ချင်းနင်း ဝင်ရောက် လာခဲ့လေတယ်။
သူ့ရဲ့ မျက်လုံး တွေကို ပိတ်ရုံပဲ ရှိသေးတယ် သူ့ဘေး က မလှုပ်ရှားပဲ အိပ်နေတဲ့ ကျိုးကော အာ ရဲ့ အသက်ရှုသံ တွေက ရုတ်တရက် တိုတောင်း လာကာ သူ့ရဲ့ လက်တွေကို ဝေ့ယမ်း ပြီးတော့ ပါးစပ် ကနေ စကားတွေ ပြောလာ ခဲ့လေတယ်။
'' ငါ့ကို မထား ခဲ့ပါနဲ့! ငါ့ကို စောင့် ပါအုံး! ''
'' ငါ့ကို စောင့်ပါ အုံး။ ''
ကျောက်ချင် က တန်းနိုး သွားပြီးတော့ ကျိုးကောအာ ရဲ့ လက်ကို ချက်ချင်း ပဲ လှမ်း ဆုတ်ကိုင် လိုက်တယ်။
''ရှောက်ယု ၊ ဘာဖြစ်တာ လဲ?''
ကျိုးကောအာ က မျက်လုံး မှိတ်ထားဆဲ ဖြစ်ပြီးတော့ စကား ကလည်း ထပ်ပြီး ပြောနေဆဲ ပါပေ။ အိမ်မက် ယောင် နေတာ ပဲ ဖြစ်လေတယ်။
'' ရှောက်ယု! ''
သူ့ကို အော်ခေါ် သံကို ကြားတာကြောင့် ကျိုးကောအာ က ထ ထိုင်ကာ မျက်လုံးလေး တွေ ဖွင့်လိုက် ပြီးတော့ ရောထွေးနေတဲ့ အကြည့်တွေနဲ့ သက်ပြင်း နှစ်ချက်လောက် ရှုလိုက်တယ်။
ကောင်လေး က အခုမှ အိမ်မက် ဆိုးထဲက နိုးလာတာ ဖြစ်လို့ ကျောက်ချင် က လက်ကို ဆန့်ထုတ်ကာ ကျိုးကောအာ ရဲ့ နောက်ကျောကို အသာလေး ပုတ်ပေး နေခဲ့ကာ နူးညံ့စွာ မေးလိုက် လေတယ်။
'' မင်း အိမ်မက်ဆိုး မက်နေတာလား? ''
ကျိုးကောအာ က ဒါကို အစစ်အမှန်လား အိမ်မက်လား ဆိုတာကို မခွဲခြား နိုင် သေးပါပေ။
သူက သူ့ခေါင်းလေး ကို ငုံ့ကာ ဘာမှ ဆက်မပြောခဲ့ ပါပေ။
'' အဲ့တာ က အဆင် ပြေ သွားပါပြီ။ ကိုယ် ဒီမှာ ရှိတယ်နော် ''
ကျောက်ချင် က ကောင်ငယ်လေး ရဲ့ နဖူးက ချွေးစေး တွေကို အသာလေး သုတ်ပေး နေ ခဲ့တယ်။
ကျိုးကောအာ ရဲ့ မျက်လုံး တွေက အနည်းငယ် နီရဲနေကာ ကျောက်ချင် က သူ့နဖူးမှ ချွေးတွေကို သုတ်ပေး နေဆဲမှာပဲ ကျောက်ချင် ရဲ့ ရင်ခွင်ထဲကို ရုတ်တရက်ကြီး ခေါင်းတိုး ဝင်လိုက် ပြီးတော့ သူ့ကိုယ် လေး ကလည်း အလွန်အမင်း တုန်ရီ နေခဲ့တယ်။
........................................
သီတင်းကျွတ် မှာ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ