(16. 1)
လူတိုင်း က ဂူထဲကို အနားယူခြင်း မရှိပဲ သစ်အယ်သီးတွေ အကုန် ရွေ့ပြောင်း ပြီးသွား တဲ့ အခါ မှာတော့ သူတို့က ထပ်ပြီးတော့ အစာရှာ ထွက်ကြ ပြန်တယ်။
အခုဟာ က ဆောင်းဦးနှောင်း ပဲ ဖြစ်ပြီးတော့ မိုးရွာ နေတာ ကြောင့် ည အမှောင် ရောက်တာ ကလည်း အရမ်းမြန် လေတယ်။
မလိုလား အပ်တဲ့ အန္တရယ် တွေ နဲ့ မကြုံတွေ့စေ ရန် အလို့ငှာ သူတို့က မမှောင်ခင် မှာ လုပ်လက်စ တွေ အကုန်လုံး ကို ရပ်နား လိုက်လေတယ်။ ဒါပေမယ့် သူတို့ အလုပ်ကို အကြာကြီး မလုပ် လိုက် ရပါဘူး ။
သူတို့ ဂူကို ပြန်ရောက်တဲ့ အချိန်မှာတော့ ဟော်ဆန်းအာ တို့ အဖွဲ့က ဂူ ဆီကို ပြန်ရောက် နေခဲ့ ပါပြီ။
ဂူ တစ်ခုလုံး က အမျိုးသမီး တွေရဲ့ လက်ချက် ကြောင့် ရှင်းလင်း နေလေတယ်။ သူတို့ပထမ ဆုံး ဒီမှာ လာပြီး နေတဲ့ နေ့ထက် က ကို ပိုပြီးတော့ ရှင်းလင်း နေတာ ပဲ ဖြစ်လေတယ်။
ဂူထဲမှာ ရေညှိ တွေ အကုန်လုံး က ဆွဲနှုတ် ခံထားရပြီးတော့ ဒယ်အိုးတွေ၊ ဒယ်ပြား တွေက လည်း သန့်စင် အောင် ဆေးကြော ခံရ ထားကာ ကြီးစဥ် ငယ်လိုက် သေသပ်စွာ ချ ထားလေတယ်။
ပြီးတော့ အဲ့တာ တွေ အကုန်လုံး ကို အပြင်ဘက် မှာ မိုးရေ ခံထား လေတယ်။
အုပ်စု နှစ်ခု က ဂူ ထဲ ကနေ ထွက်ခွာ ပြီးတဲ့ နောက် ကျောက်ချင် တို့အဖွဲ့က သစ်အယ်သီး ၊ တောရိုင်း သစ်အယ်သီး ၊ တည်သီး နဲ့ တစ်ခြား အသီးအရွက် ရိုင်းတွေ ကိုလည်း ရှာတွေ့ ခဲ့လေတယ်။
တောရိုင်း သစ်အယ်သီး က ရှုပ်ထွေးနေတဲ့ သစ်မြစ် နဲ့ တောင် ဆင်တူနေတယ်လေ။ အဲ့တာ တွေက ဗိုက်ကို မပြည့် စေပါဘူး။ အဲ့တာ တွေက မုန့်အဖြစ် စားရင်တော့ အတော်လေး ကို ကောင်းတဲ့ အရာ တွေပဲ ဖြစ်လေတယ်။ အဆုံးမှာတော့ အဲ့တာတွေ က စားလို့ ရနေ ဆဲ ပဲလေ။
ပြီးတော့ အဖိုးအို လီ ရဲ့ ပြောစကား အရ ဆိုရင် အဲ့တာ လေး က အဖျား ရောဂါကို ကုသ ဖို့ အတွက် အဆင်ပြေ တယ် အထောက်အကူ ပြုတယ် ဆိုတာ ကို သိပြီးတဲ့ နောက် သူက အဲ့တာ ကို ပမာဏ အနည်းငယ် ယူလာ ခဲ့တာ ပဲ ဖြစ်လေတယ်။
ပစ္စည်းတွေ တွေအကုန်လုံး ကို ပြန်သယ် လာကြလေတယ်။
ဟော်ဆန်းအာ တို့ အုပ်စု ကလည်း အုန်းထန်း ပင် အခေါက်တွေ အများကြီး ကို ခွာလာ ပြီးတော့ ထင်းအတွက် သစ်ကိုင်း အကျိုးအပဲ့ တွေ အများကြီး ကိုပါ ကောက်လာ ကြသေးတယ်လေ။
အကုန်လုံး ပစ္စည်းတွေ အများကြီး ပြန်သယ် လာတာကြောင့် ဂူ တစ်ခုလုံး က စိုစွတ် နေပြီးတော့ စတင် အခြောက်ခံ ဖို့ လုပ်ကြ ရလေတယ်။
အထူးသဖြင့် အုန်းထန်းခေါက် တွေပေါ့။ သူတို့ကို သေချာ လှီးပြီး အခြောက်ခံကာ ဖျာ အဖြစ် ရက်ဖို့ လိုအပ်တယ်လေ။ အမျိုးသား တွေ အကုန်လုံး က အပြင်ကနေ ပြန်လာတာ ဖြစ်လို့ အကုန်လုံး ရွဲရွဲ စို နေခဲ့ ကြပါတယ်။
သူတို့က ဒီသက်သာ တဲ့ အလုပ်တွေ ကို ဂူထဲက အမျိုးသမီး တွေနဲ့ ကော ငယ်လေး တွေကိုပဲ လွဲပေး လိုက်လေတယ်။
အပြင်ဘက် ကို ထွက်ရတဲ့ အမျိုးသား တွေက အရမ်းကို ပင်ပန်း နေခဲ့ ကြတယ်။ ဒါပေမယ့် အဲ့လို ပင်ပန်း လို့လဲ သူတို့ရဲ့ ချစ်ရသူ တွေကို ဆုံးရှုံး ရတဲ့ နာကျင်မှု တွေနဲ့ တောင်ပေါ်မှာ အထီးကျန် နေရတဲ့ စိတ် တွေကို သူတို့ မေ့ဖျောက် ထားနိုင်တာ ပဲ ဖြစ်လေတယ်။
ဂူထဲက ပစ္စည်း ပုံ ကြီးကို ကြည့်လိုက် ပြီးတော့ သူတို့က မနေနိုင်တော့ ပဲ အနည်းငယ် ကျေနပ် အားရ မှုကို ခံစား လိုက်ရ တော့တယ်။
ကျောက်ချင် က ဂူရဲ့ မှောင်တဲ့ နေရာလေး ထဲကို ပြေးဝင် သွားပြီးတော့ အဝတ်အစား လဲ ပြန်တယ်။ ပြီးတော့ ဂူထဲကို ခြေဗလာ နဲ့ ပြန်ထွက် လာခဲ့တယ်။
ကျိုးကောအာ က ကျောက်ချင် ရဲ့ အဝတ်အစိုတွေ အကုန် ယူကာ ရေညှစ် ရင်း ပြောနေခဲ့တယ်။
'' အကိုကျောက် ၊ ခများဘာသာ ဂရုစိုက် သင့်တယ်။ ခြေထောက်ကို သစ်အယ်သိီး အဆူးတွေ မဆူးမိ စေနဲ့။ အရင်တစ်ခါ ကလို လက်မှာ ဖြစ်တာ မျိုး ဖြစ်ရင် မကောင်းဘူး နော် ''
''အဲ့တာ က ကိစ္စ မရှိပါဘူး ကွာ''
သူက ထွက်လာခဲ့ ပြီးတော့ မီးပုံ နားကို သွားထိုင် လိုက်တယ်။ အဲ့နေရာမှာ အမျိုးသား တွေက သူတို့ကိုယ်ကို နွေးထွေး စေဖို့ရာ အတွက် ရေနွေးတွေ သောက်နေ ခဲ့လေတယ်။ ပြီးတော့ သူတို့က သူလာတာ ကို တွေ့တော့ ဟော်ဆန်းအာ က သူ့ဆီကို တစ်ခွက် ကမ်း ပေးလိုက်လေတယ်။
အခုချိန်မှာ အမျိုးသား တစ်စု ဟာ အဝတ် တစ်စုံပဲ ပါလာ ကြတာ ပဲ ဖြစ်လေတယ်။ သူတို့ အပြင်ထွက်တဲ့ အချိန် ပါးလွှာ တဲ့ တစ်ထပ် ကိုသာ ဝတ်ထား ကြပြီးတော့ ထူထဲ တဲ့ အပေါ်ဝတ် ကိုတော့ ဂူထဲမှာ ထည့်ထား ခဲ့ ကြလေတယ်။
ယောကျာ်း သားတွေက အကုန်လုံး အပေါ်ဝတ် မဲ့နေ ကြကာ အဝတ်တွေကို ချွတ် ပြီးတော့ အခြောက်ခံထား ကြလေတယ်။
ကြည့်ရတာ တော့ သူတို့က အရမ်းကို ပုံမှန် ဖြစ်ဟန် ပေါ်လေတယ်။
ဟော်ဆန်းအာ က အရင်ဆုံး ကျောက်ချင် ရဲ့ ပုခုံးကို ထိုးလိုက်ကာ အပြုံးလေး နဲ့ မေးလာတယ်။
'' ကျောက်ချင် ရာ မင်း က အဝတ်လေး လဲ တာကို ဂူလေး ထဲ ဝင်ဝင် လဲ နေတာကွာ။ ဘာတွေ များ ရှက်နေတာလဲ?''
သူက ပြောရင်း နဲ့ ကျောက်ချင် ရဲ့ အဝတ်တွေကို ဆွဲချွတ်ဖို့ ကြိုးစား နေခဲ့ လေတယ်။
'' ငါကြည့် ပါရစေကွာ။ မင်း က ကောလေး တစ်ယောက် လို များ ရုပ်ပိုင်းဆိုင်ရာ အားနည်း နေတာ များလား? ''
လူတိုင်းက စတင်ပြီးတော့ ရယ်မော ကြတော့တယ်။
ကျောက်ချင်က ဟော်ဆန်းအာ ရဲ့ ပုခုံးကို ပြန်ထိုး လိုက်တယ်။
'' မင်း က တွေ့မြင်ချင် နေတယ် ပေါ့လေ။ လာစမ်းပါ။ ဒီနေ့ည ငါ့ဘေးနား မှာ လာအိပ် လှည့် ၊ မင်း မြင်တွေ့ ရလိမ့်မယ် ကွ! ''
ဟော်ဆန်းအာ က သူ့ရဲ့ နှာခေါင်း ကို ထိလိုက်တယ်။
'' ငါမှ အဲ့တာကို မမြင် ရသေးတော့ ငါတို့တွေ ယှဥ်လို့ မရသေး ဘူးပေါ့ကွာ ''
ဂူထဲက အလုပ်ရှုပ်နေတဲ့ အမျိုးသမီး တွေက အမျိုးသား အုပ်စု ရဲ့ ညစ်ပတ်တဲ့ ဟာသ တွေကို အရေးမလုပ် ကြ ပေမယ့် အမျိုးသမီးလေး တွေနဲ့ ကောလေး တွေကတော့ နားကို မထောင် ရဲတော့ပါပေ။
သူတို့တွေက ရှက်သွေးဖြာ နေကြပြီးတော့ အဝေးကြီး ဆီမှာ ပုန်းကာ ငှက်ပျော ရွက်တွေ ပေါ်မှာ သစ်ကြားသီး အခွံတွေကို ခွာနေကြလေတယ်။
ပြီးတော့ အုန်းထန်း လတ်တွေကို ခွာနေတဲ့ ကျိုးကောအာ က အမျိုးသား တွေရဲ့ ထိုစကားကို ကြားတော့ မထိန်းနိုင်ပဲ ခေါင်းကို အသာလေး ငုံ့သွား လေတယ်။
လူတိုင်း က သူ့ကို အရူးလို ဝိုင်းကြည့် ပြီးတော့ သူ့အပေါ်ကို အဲ့တာ နဲ့ ပတ်သက်ပြီး တော့ ဟာသ လုပ်မှာ ကို ကြောက်ရွံ့ နေခဲ့တယ်။
သူနဲ့ အကိုကျောက် တို့ က ဘာမှ မဟုတ်ပေ။ အကို ကျောက် က သူ့ကို ညီလေး တစ်ယောက် လို သဘောထား နေတာ ပဲ ဖြစ်လေတယ်။
အဲ့တာ ထက် ပိုပြီးတော့ ကျော်လွန်စရာ မရှိတော့ဘူး ။ ထိုအကြောင်း ကို တွေးမိတော့ သူ့ရဲ့ စိတ် နှလုံးသား က အရမ်းကို ပွင့်လင်း နေပေမယ့် ဝေဝေဝါးဝါး နဲ့ စိတ်ပျက်မှု တစ်ချို့ ရှိနေ ခဲ့လေတယ်။
ကျောက်ချင် က ဟော်ဆန်းအာ ကို ပြောလိုက်တယ်။
'' တကယ်လို့ မင်း ယှဥ်လို့ မရ ရင်လည်း မယှဥ်နဲ့တော့ ပေါ့ကွာ ''
လူတိုင်းက ထပ်ကာ ရယ်မော လိုက်ကြ ပြန်တယ်။
အဲ့လို ပြောတာ ကို ကြားတော့ ကျိုးကောအာ ရဲ့ စိတ်ထဲ အနည်းငယ် ခါးသီး သွားလေတယ်။ ပြီးတော့ သူက ကျောက်ချင် ရဲ့ အဲ့တာ ကို တစ်ခါမှ တောင် မမြင်ဘူး ခဲ့ဘူးလေ.........။
ကျောက်ချင် က လူအများ ဆီကနေ စနောက် အပြောင် ခံ နေရတယ် ဆိုပေမယ့် အဲ့တာ ဟာ လူတိုင်းနဲ့ သူ နီးကပ် လာတာ ကို ပြသ နေတာ ပဲ ဖြစ်လေတယ်။ ဒါကို အခွင့်အရေး ယူပြီးတော့ ကျောက်ချင် က လူတိုင်း ပြောနေ ကြတဲ့ ခေါင်းစဥ် ကို မှန်ကန် တဲ့ လမ်းပေါ် ရောက်အောင် ထပ်ပြီးတော့ ပြောင်းတင် လိုက် လေတယ်။
( ကျိုးကောအာ လေး က ချစ်စရာ ကြီး 🤣💟)
......................,.
ကောင်းသော ညချမ်းလေးကို ပိုင်ဆိုင် ကြပါစေ ။