(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

296K 36.4K 784

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (18. 2)

3.8K 487 10
By Kyiphyuswe

(  18. 2)

နောက်ရက် အနည်းငယ် အတွင်းမှာ စုယွမ် က အိမ်မှာ ပဲ နေ ပြီးတော့ ကလေးတွေကို ပျိုးထောင် နေခဲ့ လေတယ်။ ဖုန့်ဝူယိုး ပေးလာတဲ့ သားမလျော ဆေးကို သောက် ပြီးတော့ သူ့ဗိုက် ထဲက ဥ လေး တွေက ပိုပြီးတော့ တဖြေးဖြေးနဲ့ အသက်ဝင် လာတယ် လို့ စုယွမ် ခံစား ရလေတယ်။

ပြီးတော့ ရံဖန်ရံခါ အချိန်တွေမှာ ဥတွေက ဗိုက်ထဲ လှုပ်ရှား သွားတယ် ဆိုတာ ကို ခံစား မိလေတယ်။ စုယွမ် က မထိန်းနိုင်ပဲ ပျော်ရွှင် မှုကို ခံစား ရလေတယ်။ ကြည့်ရတာ တော့ ကလေးလေး နှစ်ယောက် က ကျန်းမာပြီး တော့ သက်ဝင် လှုပ်ရှား တက်ကြွ နေတဲ့ ဟန် ပါပဲ။

အဲ့နေရာမှာ သူတို့ ၃ ယောက်က ခြံဝင်း ထဲမှာ ထိုင်ပြီး တော့ စကား ပြောနေစဥ် မှာ ဖုန့်ဝူယိုး က ပြောလိုက် လေတယ်။

'' စန်းဟွား မြို့က ကောင်းကောင်း စီစဥ်ထားတယ် ဆိုပေမယ့် ရံဖန်ရံခါ အငြင်းပွား မှုတွေ ဖြစ်ပွားနေတယ်လေ။ ငါက ဒီကို လာပြီးတော့ ရှီရှီကို လာရှာကာ အိမ်ပြန် ခေါ်သွား မလို့ပဲ ဖြစ်တယ်။ ငါ ဒီရက်တွေမှာ ရှီရှီ ကို အဲ့အကြောင်း ပြောခဲ့ပေမယ့် သူမက မင်းကို ထားခဲ့ဖို့ ငြင်း ဆိုနေတယ်လေ။ ပြီးတော့ မင်း နေတဲ့ နေရာမှာ ပဲ သူနေမယ် ဆိုပြီး ငါ့ကို ခြိမ်းခြောက် လာတယ်လေ။ အဲ့တာ ကြောင့် မလို့ ငါတို့ ကလန် ထဲကို လိုက်ခဲ့ ပေးဖို့ မင်းကို ဒုက္ခ ပေးချင် ပါတယ်။ မင်းက အခု ထူးခြားတဲ့ အခြေအနေ မှာ ရှိနေ ပြီးတော့ ငါတို့ ကလန်ကို လိုက်ခဲ့တာ ကတာ ပိုကောင်း မှာပါ။ ကလေး မွေးဖို့ နေ့ရက်တွေ ကို ကောင်းစွာ စောင့်နိုင်တာ ပေါ့လေ။ အဲ့တာ က ငါတို့ နှစ်ဖက် လုံး အတွက် ပိုပြီးတော့ ကောင်းတယ်။ မင်း ဘယ်လို တွေးထား သလဲ ဆိုတာ ကိုတော့ ငါလည်း မသိတော့ပါဘူး ''

ထိုအကြောင်း ကို ကြားပြီးတဲ့နောက် စုယွမ် က အရမ်းကို လှုပ်ရှား သွားတယ်။ သူက ကလေး နှစ်ယောက် ကို ထားဖို့ ဆုံးဖြတ် လိုက်ပြီ ဆို ကတည်းက  သူက ကလေးတွေကို သဘာဝ ကျစွာနဲ့ ကာကွယ်ပေးဖို့ ဆန္ဒ ရှိခဲ့ လေတယ်။

ဒါပေမယ့် ကလေး တွေသာ သူ့အပေါ်ကို မှီခို ခဲ့ရင် ဒီကမ္ဘာပေါ်မှာ ခြေကုပ် တစ်နေရာ ရဖို့ရာ အတွက် အတော်လေး ​ကို ခက်ခဲ သွားမှာ ပဲ ဖြစ်လေတယ်။

တစ်ဖက် ကနေ ပြောကြ ကြေးဆိုရင် ရှီရှီ ရှိရင် တော့ သူ့ စိတ်နှလုံး သားလေး က ပိုပြီးတော့ တည်ငြိမ် တယ်လေ။ သူက ဖုန့်ဝူယိုး ဟာ ရှီရှီ ချက်ချင်း ကြီး ပြန်ခေါ် သွားမှာ ကို ကြောက်နေ ခဲ့တာ ပဲ ဖြစ်လေတယ်။ တကယ်လို့ သူတို့နဲ့ အတူ သွားရမယ် ဆိုရင် လည်း ဒါက သူတို့ အပေါ် တကယ်ကြီး အခွင့်ကောင်း ယူသလို ဖြစ် နေတယ်လေ။

'' ခများ အတွက် ပြဿနာ တွေ များလာ နိုင်သလား? ''

အဆုံးမှာတော့ စုယွမ် က အသိဉာဏ် တစ်ချို့ ရှိနေ သေးတယ်လေ။

'' မဖြစ် ပါဘူး ။ မင်းလိုက် ရင် ပိုပြီးတော့ တောင် ကောင်းသွားတာ ပေါ့။ ငါတို့ ကလန် က လူတွေ က အရမ်းကို ဖော်ရွေ ကြပါတယ် ''

'' ကောင်းပြီလေ။ ဒါဆိုလည်း အနှောင့်အယှက် ပေး ပါရစေ ''

စုယွမ် က ခေါင်းငြိမ့် လိုက်ပြီးတော့ ဖုန့် ကလန် ဆီကို ဖုန့်ဝူယိုး ၊ ရှီရှီ တို့ တူဝရီး နှစ်ယောက် နဲ့ အတူ သွားဖို့ ဆုံးဖြတ် လိုက်လေတယ်။

စုယွမ် က သူနဲ့ အတူ သွားမယ် လို့ ဆုံးဖြတ် တော့ ရှီရှီ က ပျော်လွန်းလို့ စုယွမ် နားမှာ အကြိမ်ပေါင်း များစွာ ပျံသန်း နေခဲ့လေတယ်။

စုယွမ်က သိမ်းဆည်းစရာ ဘာမှ များများ စားစား မရှိပါပေ။ ပြီးတော့ သူ့မှာ ရှိတဲ့ အရာအားလုံးကို သိမ်းဆည်းလိုက်တယ် ။ ဒါကြောင့် သူတို့ သွားတော့မယ် ဆိုတဲ့ အချိန်မှာ သူက လိုက်ဖို့ အဆင်သင့် ဖြစ်နေ ပါပြီ။

နောက် နှစ်ရက် သုံးရက် လည်း ကြာရော စုယွမ် ရဲ့ ကိုယ် က ပြန်လည်ကောင်း လာတာ သေချာ မှ သုံးယောက်သား ထွက် လာခဲ့ ကြလေတယ်။

အဲ့အချိန်မှာပဲ စုယွမ် က ဖုန့်ဝူယိုး ဆီကနေ သိလိုက် ရတာ ကတော့ သူတို့တွေက တကယ်ကို ပဲ ဖီးနစ် မိသားစု က ပါတဲ့လေ။ ရှီရှီ က ဘာလို့ အပြင်ကို ရောက်နေ သလဲ ဆိုတာ ကတော့ ဖုန့်ကလန်နဲ့ မကောင်းဆိုးဝါး ကလန် တို့ရဲ့ နှစ်ပေါင်း တစ်ရာ အလွန် က တိုက်ပွဲ ကြောင့် ပါတဲ့။

ရှီရှီ ရဲ့ မိဘ တွေက နေရာမှာ တင် ဆုံးပါး သွား ကြပြီးတော့ ရှီရှီ ကလည်း ပျောက်ကွယ် သွားတာ ပဲ ဖြစ်လေတယ်။ ဖုန့်ဝူယိုး က စန်းဟွား မြို့ကို လုပ်စရာ ကိစ္စ တစ်ချို့ ရှိလို့ လာတဲ့ အချိန် ကျတော့မှသာ အနီးနားက ဖုန့်မိသားစု သွေးမျိုးဆက် ကို အာရုံခံ မိပြီးတော့ ရှီရှီ ကို ရှာတွေ့ ခဲ့တာ ပဲ ဖြစ်လေတယ်။

ဖီးနစ် ငှက်ငယ်လေး ရှီရှီဟာ ဖုန့်မိသားစု ထဲမှာ ၅ နှစ် အရွယ်လေး ပဲ ရှိပါသေးတယ် ။ သူမလေး က ဖုန့်ကလန် ရဲ့ စွမ်းရည်တွေ အရည်ချင်းတွေ အများကြီး ရှိတဲ့ မင်းသမီး ငယ်လေး ပဲ ဖြစ်လေတယ်။

ဖုန့်ဝူယိုး က ကြာပန်းအရွက် ပုံစံ ရှိတဲ့ ပျံသန်းရေး မှော်လက်နက် ကို ထုတ်ကာ သုံးယောက်သား အဲ့ပေါ် တက်ပြီးတော့ လေလှိုင်း တွေကို စီးပြီးတော့ အဆုံး မသတ် နိုင်တဲ့ ကောင်းကင်ကြီးမှာ ပျံသန်း ကြလေတယ်။ တစ်ရက်ထဲ မှာတင် မိုင်ပေါင်း ထောင်ပေါင်း မက ပျံသန်း ခဲ့ကြလေတယ်။

တစ်ရက်တာ ကုန်ဆုံး ပြီးတဲ့ နောက်မှာတော့ သူတို့က ဖီးနစ် တောင်တန်း ပေါ်ကို ရောက်လာ ခဲ့ ပြီပဲ ဖြစ်လေတယ်။

သူတို့က တောင်ခြေမှာသာ ဆင်းသတ် လိုက် ရပြီးတော့ ဖီးနစ် မိသားစု ထဲက လူတွေက သူတို့ကို ဝင်ခွင့် မပေး ခဲ့ပါပေ။

ဖုန့်ဝူယိုး က အင်္ကျီ လက်ကို ဝေ့ယမ်း လိုက်တာ နဲ့ ဝင်ခွင့် ကဒ်ပြား က ပျံသန်း သွားကာ တောက်ပ နေတဲ့ ရွှေရောင် ဂိတ်ဝ ကြီးက ဖီးနစ် တောင်ပေါ်မှာ ပေါ်လာခဲ့ လေတယ်။ ပြီးတော့ သူတို့က အထဲကို ချက်ချင်း ပဲ ပျံသန်း သွား ကြလေတယ်။

ဝင်ရောက် သွားပြီးတဲ့နောက် စုယွမ် က ချက်ချင်း ပဲ ကြောင်တောင်တောင် ဖြစ်သွားလေတယ်။

အဲ့နေရာက စိတ်ကူးယဥ် ကမ္ဘာ ထဲက နတ်သမီး လေးတွေ နေတဲ့ ကုန်းမြေ နေရာလေး နဲ့တောင် တူနေ ပါ​သေးတယ်။

နေရာတိုင်းမှာ အပင်တွေ ပေါက်နေ ပြီးတော့ ရောင်စုံတိမ် တွေနဲ့ အလင်းပြန် နေခဲ့ ကြတယ်လေ။

ဒီနေရာရဲ့ ကောင်းကင်ကြီးမှာ ခရစ်စတယ် နဲ့တူတဲ့ ဟာက အုပ်မိုးထား ပြီးတော့ ကြိမ်နွယ်တွေနဲ့ ဝန်းရံထားကာ ပိုလို့တောင် နတ်သမီး ကုန်းမြေ ဆန် နေလေတယ်။

ဖုန့်ဝူယိုး က ကောင်းကင် ပေါ်က နန်းတော် တစ်ခုကို ညွှန် ပြကာ ပြောလိုက်တယ်။

'' အဲ့တာ က ဖီးနစ် နန်းတော်လေ။ ဖီးနစ် ဘုရင်နဲ့ ဘုရင်မ တို့ နေတဲ့ နေရာပေါ့။ အဲ့နေရာ ကို တော်ဝင် အမိန့်ပြန်တမ်း ပါမှ ဝင်လို့ရတာလေ။ မဟုတ်ရင် ဝင်လို့ မရဘူး လေ ''

နောက်တော့ ဖုန့်ဝူယိုး က စုယွမ် ကို သူ့ရဲ့ ခြံဝင်းထဲကို ခေါ်သွားကာ စုယွမ်ကို အရင်ဆုံး အနားယူ စေတယ်။ ပြီးတော့ သူက ရှီရှီ အား နန်းတော်ကို ခေါ်သွား လေတယ်။ ဖီးနစ် ဘုရင် နဲ့ ဘုရင်မ တို့က ရှီရှီ ရဲ့ အဖိုး နဲ့ အဖွား ပဲ ဖြစ်လေတယ်။ သူတို့က ရှီရှီ ရဲ့ ပြန်လာတဲ့ အငွေ့အသက်တွေ ကို ရတဲ့ အတွက် သူ့ဆီကို အမိန့်ပြန်တမ်း တွေ အများကြီး ပို့ခဲ့လေတယ်။

စုယွမ် က ပထမဆုံး ဖုန့်ဝူယိုး သူ့အတွက် ပြင်ပေး ခဲ့တဲ့ အခန်းကို ကြည့်လိုက် လေတယ်။ နောက်တော့ အခန်းထဲက ထွက်ကာ ခြံဝင်းထဲကို လမ်းလျောက်လေတယ်။

ခြံဝင်း တစ်ခုလုံး မှာ ဖီးနစ် အပင်တွေ နဲ့ ပြည့်နေပြီးတော့ အရှိန်အဝါတွေ ကလည်း အပြည့် ပါပေ။ စုယွမ်လို စိတ်စွမ်းအား မရှိတာ တောင်မှ ပဲ ဒီနေရာ ရပ်နေရင်း နဲ့ ကို ခံစားမိလေတယ်။ သူ့ရဲ့ ချွေးပေါက် တွေတောင် ပွင့်လာ သလို ခံစား ရလေတယ်။

သူ့ဗိုက်ထဲက ဥနှစ်ခု ကလည်း ပိုပြီးတော့တောင် လက်ဆောင်ကောင်း ရနေသလို ပါပဲ။ သူတို့က ဘေးပတ်ပတ်လည် ကနေ စိမ့်ဝင် လာတဲ့ အော်ရာ တွေကို ဖြေးဖြေးချင်း ပဲ စုပ်ယူ နေခဲ့လေတယ်။

စုယွမ် က ပြုံးကာ သူ့ရဲ့ ဗိုက်လေးကို ထိလိုက်လေတယ်။ သူ့ရဲ့ နှလုံးသား ထဲမှာ စဥ်းစား မိလေတယ်။ အဲ့ကလေးလေး နှစ်ယောက် က သူတို့ထွက်လာပြီ ဆိုရင် သူတို့ကိုယ်ကို သူတို့ ကာကွယ်နိုင်စွမ်း နဲ့ စွမ်းအားတွေ ရှိနေ မှာပဲ ဆိုတာကိုပေါ့။

ကြောက်စရာကောင်း တဲ့ သားရဲ နှစ်ကောင် က လှောင်အိမ် ထဲ ကနေ ထွက်လာပြီးတော့ သူတို့တွေက အမေဖြစ်သူ ရှေ့မှာ ရပ်တည် ပေးလိမ့်မယ်။

အဲ့ မြင်ကွင်းကို တွေးမိတာ နဲ့တင် စုယွမ် က မထိန်းနိုင်ပဲ ပြုံးလိုက် မိတယ်။

'' မင်းက ဝူးယိုးရဲ့ အမျိုးသမီး လေးလား?''

အဲ့အချိန်မှာ အသက်အလတ် ပိုင်းလောက် ရှိမယ့် လှပတဲ့ အမျိုးသမီး တစ်ယောက် က လမ်းလျောက် ပြီးတော့ ဝင်လာခဲ့တယ်။ သူမ က စုယွမ် ကို တွေ့တော့ မျက်လုံးထဲမှာ အလင်းတွေ တောက်ပ သွားပြီး ပြုံးကာ မေးလိုက်တာ ပဲ ဖြစ်လေတယ်။

..........................................

တင်းဂွေနေ့တိုင်း တစ်ပိုင်း တင်သည်

Continue Reading

You'll Also Like

483K 19.5K 20
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
4.2M 140K 30
Spencer O'connor. A socially anxious wolf who is scared of everyone. He will only mutter a few words to people he knows. He has to leave his pack whe...
17.8K 498 19
Name- Sponsor Web Name- Sponsor Author: 아노르이실 Translator: Nieve Genre: Adult, Drama, Mature, Romance, Slice of life, Smut, Yaoi. [You can read this...
603K 38.5K 39
ရှိုင်းဆက်အာဏာ💕လွန်းခတ်ပိုင်