( 14. 2)
ကျိုးကောအာ နဲ့ ဟော် လင်းလင်းတို့က အတူတူ မီးပုံနားမှာ ထိုင်ကာ အဝတ်တွေ ကို အခြောက်ခံ နေကြလေတယ်။
သူတို့လည်း ပြန်လာရော ကျိုးအော ကာ က ကျောက်ချင် ကို ဆောင်းရာသီ အဝတ်ထူထူ လေး ကမ်းပေး လိုက်လေတယ်။
သူတို့ ဂူထဲ ကနေ ထွက်တော့ မယ့် အချိန်မှာ ကျောက်ချင် က အဝတ်ထူ ကို ချွတ် ပြီးတော့ ဂူထဲမှာ ထားခဲ့တာ ပဲ ဖြစ်လေတယ်။ သူ့အဝတ် တွေ အကုန်းလုံး စိုကုန် မှာကို ကြောက် လို့ပဲ ဖြစ်လေတယ်။ အခုချိန် မှာတော့ သူက အဝတ်ကို ထိလိုက်ကာ ကျိုးကောအာ ရဲ့ နွေးထွေးမှု ကို ခံစား မိလေတယ်။
ဂူ ထဲမှာ မိန်းကလေး ငယ်လေး တွေနဲ့ ကောငယ် လေးတွေ ရှိကြလေတယ်။ ဒါကြောင့် ကျောက်ချင် က အတွင်းဘက် ထိ လျောက်သွား ပြီးတော့ မှောင်နေတဲ့ ထောင့်အကွယ် ရှိရာ ဆီကို သွားလိုက်တယ်။ ဘယ်သူ ကမှ အဲ့ အထဲ ထိ ကို ဝင်မလာ ပါပေ။
သူက စိုနေတဲ့ အပေါ်ဝတ်ကို ဖယ်ကာ အဝတ်ထူ ကို ဝတ်လိုက် လေတယ်။
သူက အဝတ်အစား လဲ ပြီး ထွက်လာချိန်မှာတော့ လူတိုင်း က အစာ စ စားနေကြ ပြီပဲ ဖြစ်လေတယ်။ အစောက အတူ တက်ကြွ နေတဲ့ လေထု က အခုချိန်မှာတော့ လေးလံ နေပြီပဲ ဖြစ်ကာ လူတိုင်းကို ကြည့်ရတာ အကုန်လုံး လေးလံ စိတ်ပျက် နေကြ ဟန် ပါပဲ။
မိသားစု တွေကလည်း အပျက်အစီး တွေပေါ်မှာ ထိုင်နေကာ ဘယ်သူ့ ဘယ်သူ ကိုမှ ဂရုမစိုက်ကြ တော့ပါပေ။
အခုမှ တစ်ပတ် မပြည့်သေး တဲ့ အတွက်ကြောင့် လူတိုင်းမှာ စားစရာ တွေ ရှိကြ ပါသေးတယ်။ သူတို့တွေ ထွက်ပြေး လာတဲ့ လမ်းမှာ ရေနွေးငွေ့နဲ့ ပေါင်းစား ရတဲ့ ပေါက်စီ တွေ သယ်လာ ခဲ့ကြတယ်လေ။ တစ်ချက် ကြည့် ရုံနဲ့တင် သူနဲ့ ဟော်ဆန်းအာ တို့သာ တောင်ပေါ်ကို အစားအစာ မယူလာ ကြတာ ပဲ ဖြစ်လေတယ်။
လူတိုင်း က တစ်စိမ်းတွေ လို ပြုမူ ကြပြီးတော့ သူတို့တွေ ရဲ့ ခေါင်းတွေကို ငုံ့ကာ စားသောက် နေကြ ပြီးတော့ သူက ဂူအလယ်မှာ ရပ်နေတာ ကို ဘယ်သူ ကမှ ဂရုမစိုက် ခဲ့ ကြပါပေ။
ကျောက်ချင် က သူ့ခေါင်းကို အသာလေး ခါလိုက်တယ်။ အမှန်တော့ ဒီအချိန်မှာ လူတိုင်း က သူတို့ဘာသာ သူတို့ပဲ ဂရုစိုက် ကြတာ ကို သူ မအံ့ဩ ပါပေ။
အစောတုံး ကတော့ ဟော်ဆန်းအာ တို့ကို မေးမြန်းပြောဆို ပြီးတော့ ကြင်နာမှု ပြခဲ့ ကြပေမယ့် အခုတော့ လူကို မသိချင်ယောင် တွေ ဆောင်နေ ကြပြီ ပဲ ဖြစ်လေတယ်။
သူက ကျိုးကောအာ ဆီကို လျောက်လာ ပြီးတော့ ခေါင်းလေး ကို ပုတ်ကာ နူးညံ့စွာ မေးလိုက်တယ်။
'' မင်း ဗိုက်ဆာ နေပြီလား''
ကျိုးကောအာ က မြေပြင်ပေါ်မှာ ထိုင်ပြီးတော့ ကွဲပြားနေတဲ့ ကျောက်ချင် ကို မော့ကြည့်ကာ ခေါင်းကို ခါပြလိုက်တယ်။
သူက ဘယ်လို လုပ် ဗိုက်မဆာ ပဲ နေပါ့မလဲ။
ကျောက်ချင် က ပြောလိုက်တယ်။
'' အမှန်တော့ ကိုယ်တို့ အစားအစာ ယူလာခဲ့တယ် လေ။ မင်းမေ့သွားတာ လား? ''
ကျိုးကောအာ က သူ့ရဲ့ ခေါင်းကို မော့ကာ ရှုပ်ထွေးစွာ နဲ့ ကြည့်လိုက် လေတယ်။
'' ဘာကြီး? ''
'' ခဏလေးပဲစောင့် ''
စကားပြောပြီး တဲ့နောက် သူက ထကာ တစ်ဖန် လမ်းလျောက် သွား ပြန်တယ်။
အစောက သူ အဝတ်လဲ တဲ့ နေရာဆီ ဝင်ပြီးတဲ့နောက် သူဟာ အမှောင်ထု ကို ခံစား လိုက်ပြီးတော့ သူ့နေရာလွတ် ထဲက ပစ္စည်း ကို ထုတ်လိုက်တယ်။
အဲ့တာ ကတော့ အိမ်မှာ တစ်ဝက်လောက် စားပြီး ကျန် နေတဲ့ ရစ်ငှက်သား တစ်ဝက် ပဲ ဖြစ်လေတယ်။
အဲ့တာ က တစ်ဝက် ပဲ ကျန်တော့တယ် ဆိုပေမယ့် အဲ့တာရဲ့ အလေးချိန် က နှစ်ကတ်တီ လောက် အထိ ကို ရှိလေတယ်။
သူတို့ ၄ ယောက် အတွက် စားရတာ မလောက် ပေမယ့် ဘာမှ မရှိတာ ထက်စာရင်တော့ တစ်စုံတစ်ခု ကို ဗိုက်ဖြည့်ထား နိုင်တော့ ပိုပြီးတော့ ကောင်းတာ ပေါ့လေ။
သူပြန်ထွက်လာတဲ့ အခါ ရင်းနှီးနေတဲ့ ကြက်သား တစ်ဝက် ကိုတွေ့တော့ ကျိုးကောအာ က အံ့အားသင့် စွာနဲ့ မေးလိုက်တယ်။
'' အကို အဲ့တာကို ဘယ်ကနေ ရလာတာတုံး? ''
ကျောက်ချင် က အများကြီး ရှင်းပြ မနေပါပေ။
''ကိုယ်ပစ္စည်းတွေ ထုတ်ပိုးတုံး က အဲ့တာကို တစ်ခါတည်း ယူလာတာ လေ ''
ကျိုးကောအာ က သံသယ အနည်းငယ် ရှိနေပါသေးတယ်။ ဒါပေမယ့် သူ့မျက်နှာ မှာတော့ အပြုံးလေး က ပိုပြီးတော့ ပွင့်လန်း လာပါတယ်။
ကျောက်ချင် က ဟော်ဆန်းအာ ကို လှမ်းခေါ်လိုက်တယ်။
'' ကြက်က တစ်ဝက်ပဲ ကျန်တော့တယ်ကွ။ စတူးချက် မလား ကင်ကြ မလား? ''
ဟော်ဆန်းအာ က ပွင့်လင်းစွာ ပြုံးလိုက်တယ်။
'' စတူး၊ စတူး ချက်ကွာ ဟင်းရည်သောက် တော့ ဗိုက်ပိုပြည့်တာ ပေါ့ကွ ''
ကျောက်ချင် က ဟော်ဆန်းအာ ရဲ့ တောင်းဆိုမှု ကို သဘောတူ လိုက် ပြီးတော့ ကြက်သား တစ်ဝက် ကို ဆေးကြောဖို့ အပြင်ကို ထွက်သွား လေတယ်။
တောင်ပေါ်မှာ စမ်းချောင်းလေး တစ်ခု ရှိပေမယ့် အဲ့တာ က ဂူ နဲ့ အနည်းငယ် ဝေးလေတယ်။
အခု က မိုးထက်ရွာ နေတာ ကြောင့် သူသာ အပြင်ထွက် ရင် မိုးတွေက ထပ်စို တော့မှာ ပဲ ဖြစ်တယ်။
ကံကောင်းစွာနဲ့ ပဲ ကျိုးကောအာ က ဂူထဲမှာ ပဲ ဆေးလို့ ရအောင် လုပ်ပေး ထားလေတယ်။
အိုးအပဲ့လေး ထဲမှာ ရေတွေ အပြည့်ခံထားတာကြောင့် ပြည့်နေပြီးတော့ အဲ့တာ နဲ့ ကြက်သား ကို ဆေးကြော လိုက်လေတယ်။ ပြီးတော့ ကျန်တဲ့ တစ်ဝက်ကို မီးဖိုပေါ် က အိုးထဲ ထည့်လိုက် လေတယ်။ ပြီးတော့ ကြက်သား ကိုပါ အဲ့ထဲ ထည့်ကာ ပြုတ်လိုက် တော့တယ်။
ရွာလူကြီး က အိုးနဲ့ ဒယ်ပြားတွေကို ဂူထဲ ပေးလှူ ခိုင်းတဲ့ အခါတုံးက ရွာသား တွေဟာ ပင်လယ် ကနေ ရတဲ့ ဆားကိုပါ ထည့်ခဲ့ ကြတယ်။ ဆား က အရမ်း စျေးပေါ လေတယ်။ ပင်လယ်နား က ရွာတွေ ဖြစ်တဲ့ ရှန်ယု ပဲ ဖြစ်စေ ရှားယု ပဲ ဖြစ်စေ ဆား ပြတ်လပ် တယ်ဆိုတာ ဘယ်တုံး ကမှ မရှိခဲ့ ပါပေ။
ဟော်ဆန်းအာ က ဆားတစ်ချို့ကို ယူကာ အိုးထဲကို ထည့်လိုက် လေတယ်။
စွပ်ပြုတ် က အိုးထဲမှာ ဆူပွတ် လာကာ မွေးရနံ့ ကလည်း တဖြေးဖြေး လွင့်ပျံ တက်လာ ခဲ့တယ်။
တစ်ခြား ပါဝင်ပစ္စည်းတွေ မပါပေမယ့် ထို ကြက်သား က ရစ်ငှက် ရိုင်း ကနေ ရထားတာ ဖြစ်တဲ့ အတွက်ကြောင့် အရသာ တကယ်ကောင်း လေတယ်။ ပြီးတော့ သင်းပျံ့နေဆဲ ပါပဲ။
ဂူထဲမှာ ထို အနံ့က တဖြေးဖြေး ပျံ့လာတော့ ရွာသား တွေက မသိလိုက်ပဲ တံတွေး မြိုချကာ အိုးထဲကို ကြည့်လိုက် မိကြလေတယ်။ ဒါပေမယ့် ဘယ်သူ ကမှ လာတောင်းဖို့ အထိ အရှက် မမဲ့ ကြပေ။ အခုလေးတင် သူတို့ အစာ ကို သူတို့ ဝေမစား ခဲ့ ကြတာ ပဲ ဖြစ်လေတယ်။
နာရီဝက်လောက် ကြာတဲ့ အခါ မှာတော့ ကြက်သားစတူး စွပ်ပြုတ် က ကျက်သွား ပါပြီ။
ဟော်ဆန်းအာ နဲ့ ဟော် လင်းလင်း တို့က ဘာအစား အစာမှ ယူမလာမိပေ။ သူတို့မှာ ယူလာမိတဲ့ အထဲ တန်ဖိုး ရှိတာ ဆိုလို့ ဓားလို့ပဲ ပြောရမလား တံစဥ်လို့ ပဲ ပြောရမလား အဲ့ချွန်တဲ့ ဓား တစ်ခု ပဲ ပါလာ ခဲ့လေတယ်။
'' အဲ့တာ က ဖြတ်လို့ မလွယ်မှာ ပဲ ငါစိုးရိမ် မိတယ်။ ''
သူက ဂူအပြင်ကို ထွက်ပြီးတော့ ဓားကို ဆယ်မိနစ်လောက် ဆေးကာ သူလည်း အထဲကို ဝင်လာရော ဓားကို ရေထဲ နှစ်ပြီး ယူလာခဲ့လေတယ်။
ကျောက်ချင် က ဓားကို ယူလိုက် လေတယ်။
'' အဲ့တာက ဘာမှ မရှိတာ ထက် စာရင် ပိုကောင်းတာ ပေါ့ ''
ကွေးနေတဲ့ တံစဥ်လေး က အသားလှီးတဲ့ နေရာမှာ သိပ်ပြီးတော့ မကောင်း မွန်ပါပေ။
အကြာကြီး လှီးပြီးနောက် လူတိုင်းရဲ့ ပါးစပ်က ခြောက်သွေ့ နေပြီ ဖြစ်ပေမယ့် အသား က အခုထိ မပိုင်းခြား ရသေးပေ။
ကျောက်ချင် က ဟော်ဆန်းအာ ဆီကို ပြန်ပေး လိုက်တယ်။
'' အဲ့တာ က သိပ်ပြီး မသန်မာ ဘူးကွာ ''
'' ငါ့မှာ ဓား တစ်ချောင်း ရှိတယ် ''
လူလေး ယောက် က အသားကို ဘယ်လို လှီး ရမလဲ ဆိုတာ အခက် ကြုံနေ ကြတဲ့ အချိန်မှာ သူတို့က အက်ကွဲနေတဲ့ အသံတစ်ခု ကို ကြားလိုက် ရလေတယ်။
တစ်ချက် ကြည့်ရုံနဲ့တင် အဲ့တာက နွားလှည်းမောင်းတဲ့ ဆရာ ဆိုတာ တွေ့လိုက်ရလေတယ်။
လှည်းဆရာ က သူ့ဘေးနားမှာ ထိုင်နေတဲ့ မြေးမ သေးလေးကို ချစ်ခင်စွာ ကြည့်လိုက် ပြီးတော့ သူတို့ကို ပြောလိုက် လေတယ်။
'' မင်းတို့က ငါ့မြေးလေး အတွက် တစ်ပိုင်းလောက် ပေးနေသရွေ့ ငါ မင်းတို့ကို ဓားငှားပါ့မယ် ''
........................................
စနေ့နေ့တိုင်း တစ်ပိုင်း တင်သည်