( 14. 1)
ကျောက်ချင် နဲ့ ဟော်ဆန်းအာ တို့က မိုးရွာကြီး ထဲမှာ တောင်ရဲ့ တစ်ဝက်လောက် ထိ ဆင်းသွား ရဲတဲ့ သတ္တိ ရှိပေမယ့် သူတို့က တောင်အောက် ကိုတော့ ဆက်မဆင်း ကြတော့ပါပေ။
ပင်လယ်ရေ တွေက တောင်ပေါ် အထိ ကို ပျံနှံ တက်ရောက် လာကြတဲ့ အတွက်ကြောင့် တောင်ပေါ် က အပင်ပုလေး တွေ ဆိုရင် အခုချိန်မှာ ပင်လယ်ရေ အောက်ထဲ မြုပ် နေခဲ့ ပြီ ဖြစ်လေတယ်။
ကျောက်ချင် က တောင်အောက်ဘက် ဆီ အဝေး ကနေ လှမ်းကြည့်လိုက်တဲ့ အခါ ပင်လယ်ရေ တွေနဲ့ ပြည့်နေအောင် အဖုံးခံ ထားရတာ ကို တွေ့လိုက်ရ လေတယ်။
'' အခု ငါတို့ရွာသား တွေဆီ ပြန်ကြစို့။ ဒီအချိန်မှာ တောင်ပေါ် ကနေ ထွက်သွားလို့ မရသေးဘူး''
ဟော်ဆန်းအာ က ထပ်ပြောလိုက်တယ်။
'' ဒီတစ်ချိန် လှိုင်းကြီး တွေက အရင် ဆယ်နှစ် ကထက် ပိုပြီးတော့ ပြင်းထန်တယ်။ ရေ က အရမ်းကို မြင့်တက် လာပြီးတော့ ဘယ်အချိန်မှ ပြန် ကျမလဲ ဆိုတာ ငါလည်း မသိတော့ဘူး ''
'' ပင်လယ် ထဲကို ရေက ပြန်ကျ သွားမယ် ဆိုတာ က ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် အခု သေချာတာ တစ်ခု ကတော့ ငါတို့က တောင်ပေါ် မှာပဲ ပိတ်မိ နေပြီကွ။ ''
ကျောက်ချင် က ခေါင်းဆောင်း ကော်က မိုးရေ တွေကို ထိလိုက်လေတယ်။
''ရှားယု ရွာ က ငါတို့ ရွာနဲ့ အနီးဆုံးပဲ။ သူတို့က ရှန်ယု ရွာ ဆီ လာတဲ့ အခါ ငါတို့က တောင်ပေါ်က ထွက်ဖို့ အတွက် သူတို့ဆီ ကနေ အကူအညီ တောင်းလို့ ရလောက်မလား? ''
ဟော်ဆန်းအာ က လက်ကို အမြန်ဝေ့ယမ်း လိုက်တယ်။
'' ငါတို့ရွာရဲ့ ဘေး က ရွာ က အကူအညီ ရဖို့ ကိုတော့ မင်း ဘယ်တော့မှ မျှော်လင့် လို့ မရဘူးကွ ''
'' ဘာလို့လဲ?''
သူတို့တွေက ရှန်ယု ရွာသားတွေ မဟုတ် ကြပေမယ့် ရွာချင်း ကပ်လျက် ပဲ ရှိကြတယ် မဟုတ်လား။ ဒါတောင် ဘာလို့ သူတို့က လူသားချင်း ကူညီ မှု မရှိရတာလဲ။
သူက တကယ် မသိတာ ကိုတွေ့တော့ ဟော်ဆန်းအာ က ရှက်ရွံ့ စွာနဲ့ ပြောလာတယ်။
'' မင်းမေ့ သွားပြီလား။ မင်းက ရှားယု ရွာ ရဲ့ လမ်းက်ို သွားပိတ်ပြီးတော့ အကောက်ခွန် တောင်းတဲ့ အဖွဲ့ထဲ မှာ ပါသွားတယ်လေ။ ပြီးတော့ အဲ့သတင်းလဲ ကြားရော ရှားယု ရွာရဲ့ ခေါင်းဆောင် က သူတို့ဆီ က လူငယ် တစ်အုပ်ကို ခေါ်ပြီးတော့ ရိုက်ပြီးမှ ရွာဆီ ပြန်ပို့တာ လေ။ အဲ့တုံး က ရွာသား နှစ်ယောက် ဆိုရင် အကြီးအကျယ် အခြေအတင် စကားများ ပြီးတော့ ရန်ဖြစ်လု နီးပါးပဲလေ ''
(အရှေ့တုံးက ပြောတော့ တစ်ယောက် ထဲဆို အခုကျမှ အုပ်လိုက်တဲ့လား😃)
ကျောက်ချင် ရဲ့ မျက်လုံးတွေက ခပ်ပါးပါး ကျဥ်းမြောင်း သွားလေတယ်။
မူ လ ကိုယ် က သူ့အတွက် တကယ် ကောင်းတဲ့ ကိစ္စတွေ အများကြီး ချန်သွား ခဲ့တာ ပဲ။
ကျောက်ချင် က ဒေါသ ထွက်စွာ ပြောလိုက်တယ်။
''အဲ့တုံး က ဒီလိုကိစ္စမျိုး တွေ ဖြစ်ခဲ့တာ ကိုး''
ဟော်ဆန်း အာ က နှစ်သိမ့် လိုက်တယ်။
'' အမှန်တော့ အဲ့တာ က မင်းတို့ ကြောင့်ချည်း ပဲ မဟုတ်ပါဘူး ။ ငါက ရွာမှာ ရှိတဲ့ အသက်ကြီးတဲ့ သူတွေ ဆီကနေ အမြဲတမ်း ကြားဘူးတာ တစ်ခု ရှိတယ်ကွ။ ရှန်ယု ရွာ နဲ့ ရှားယု ရွာ က အရင်တုံး က တစ်ရွာတည်း တဲ့ကွ။ အဲ့ ရွာကို ယုကန် လို့ ခေါ်ကြတယ်။ အဲ့ရွာ က ငါးဖမ်း ၊ တံငါသည် အလုပ်ကို ပဲ အဓိက အသက်မွေး ဝမ်းကြောင်းတာ တဲ့။ လူတွေက ငါးဖမ်းရင်း နဲ့ ပင်လယ် ထဲမှာ သေကြတယ်လေ။ လူတိုင်း က အစားအစာ ရဖို့ ကောင်းကင် ကို မှီခို နေရတယ် ဆိုတာ သိကြတယ်။ ဒါပေမယ့် အချိန်ကြာ လာတော့ ပင်လယ် ထဲကို သွားဖို့ တုံ့ဆိုင်း လာ ကြပြီးတော့ မြေပြင် မှာ ပဲ အပင်စိုက်စား ချင်တော့တယ်တဲ့။ ဒါပေမယ့်လည်း တံငါရွာ အနီးမှာတော့ လယ်ကွက်တွေ မရှိဘူး လေ။ ရှိရင်လည်း အဲ့တာတွေ က ဆားပေါက်နေ ပြီးသားတွေလေ။ ဒါကြောင့်ပဲ ရွာသားတွေ က ကုန်းမြေ အတွက် တိုက်ခိုက် ကြတော့တယ်။ ရန်ဖြစ်ကြ ပြီးတာနဲ့ အုပ်စု နှစ်ခု ကွဲသွားတော့တယ်လေ ''
'' ရန်ဖြစ်နေရင်း ပဲ ကောက်ပဲ သီးနှံတွေ စိုက်ကြ ပေမယ့် ကောင်းကောင်း မကြီးထွားဘူးလေ။ အနည်းငယ် ထပ်ပြီး ကြိုးစား ကြည့်ပေမယ့် အဆင် မပြေတာကြောင့် တစ်ချို့လူတွေ က သည်းမခံ နိုင်တော့ပဲ ငါတို့ အခုရွာ နေရာဆီကို ပြောင်းလာ ပြီးတော့ တံငါသည် လုပ်ဖို့ ဒီမှာပဲ အခြေချ လိုက်တော့တာတဲ့လေ။
အဓိက အသက်မွေး လုပ်ငန်း ကတော့ ငါးဖမ်းတာပေါ့။ ဒီလိုနဲ့ပဲ တံငါရွာ ကြီး ကနေ ရှန်ယု ရွာနဲ့ ရှားယု ရွာ ဆိုပြီး ကွဲ သွားတော့တာပဲ။ ရွာတွေသာ ကွဲသွားတယ် ရွာသားတွေ ရဲ့ ကြားထဲ က ကိစ္စရပ် တွေကတော့ ဘယ်တော့မှ ပြီးမသွားဘူး။ ရှေ့မျိုးဆက်တွေ က နောက်မျိုးဆက် တွေကို ပြောပြပြီး လက်ဆင့် ကမ်းခဲ့တဲ့ အတွက်ကြောင့် ဘယ်တော့မှ ပြေလည် တယ် ဆိုတာ မရှိတော့ပဲ ဒီလိုမျိုးတွေ ဖြစ်ကုန် ကြတာပဲ''
ဟော်ဆန်းအား က သက်ပြင်း ချ လိုက်တယ်။
'' လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကလည်း လှိုင်းကြီး ခဲ့တယ်လေ။ အဲ့အချိန်တုံးက ရွာသား တစ်ချို့က သွားပြီးတော့ အကူအညီ တောင်းကြ ပေမယ့် သူတို့တွေက မောင်းထုတ် ခဲ့တယ်လေ ''
ထိုဟာ ကိုနားထောင် ပြီးတော့ ကျောက်ချင် က အရင်က ဖြစ်ခဲ့တာကို ရုတ်တရက် အမှတ်ရသွားလေတယ်။
သူက စျေးက ပြန်လာ ချိန်တုံး က ရှားယု ရွာသားတွေက ဘာကြောင့် သူ့ကို ဝိုင်းကြည့် နေသလဲ ဆိုတာကိုပေါ့။
အခုတော့ အဲ့တာ က အစကတည်းက အဲ့လို ဆိုတာ ကို သူသိ သွားပါပြီ။
'' အရင်ကတည်းက ဆူနာမီလှိုင်းကြီး ဖြစ်ဘူးတယ် ဆိုမှာတော့ ဘာလို့များ ရွာကို ဒီနေရာမှာ ပြန်ဆောက် ရတာလဲ။ ဘာလို့ တစ်ခြား နေရာကို ရွေ့ မသွား ရတာလဲ?''
'' အဲ့တာ ကို တော့ ပြောနေစရာ မလိုတော့ ပါဘူး။ ရွာသား တွေက ပင်လယ် နားမှာ နေရတာ ကို ပိုသဘော ကြပြီးတော့ ခဏ အတွင်း ဘယ်နေရာမှာ ရွာတည် ရမလဲ ဆိုတာ မသိလို့တဲ့လေ ''
ကျောက်ချင် က သက်ပြင်း အရှည်ကြီး မှုတ်ထုတ် လိုက်တယ်။
သူပြောတာ မှန်တယ် ။
တကယ်လို့ သွားဖို့ရာ ကောင်းတဲ့ နေရာ တစ်ခုသာ ရှိခဲ့ရင် သူလည်း တစ်နေရာထဲမှာ တန့်နေမှာ မဟုတ်ပေ။
ကျောက်ချင် က ဟော်ဆန်းအာ ရဲ့ စိုစွတ်တဲ့ ပုခုံးကို ပုတ်လိုက် လေတယ်။
သူတို့က မိုးရွာကြီး ထဲမှာ ပဲ ရှိနေ သေးတာ ကြောင့် နည်းလမ်း တစ်ခု မှ စဥ်းစားလို့ မရသေးပေ။
''ပြန်ကြ စို့ကွာ ''
သူတို့ နှစ်ယောက် က အနည်းငယ် လေးလံစွာ လမ်းလျောက် လာကြလေတယ်။ သူတို့က တောအုပ်ကို ဖြတ် ရတာ ကြောင့် မိုးရေစက်တွေက သစ်ပင် ပေါ် ကနေ သူတို့တွေ ဆီကို စီးကျ နေတယ်လေ။
အဲ့တာ တွေက သူတို့ရဲ့ လည်ပင်း ရိုးနားကို ကျတဲ့ အခါ အေးစက်မှုကြောင့် တုန်ရီ သွားပါတော့တယ်။
'' ရာသီ ဥတု က အေးသထက် ပိုအေး လာပြီကွ။ တကယ်လို့ ပင်လယ် ရေတွေသာ ပြန်မကျ သွားရင် ငါတို့တော့ ဆောင်းရာသီ ကို တောင်းပေါ် မှာပဲ ဖြတ်သန်း ရတော့မယ် ထင်တယ် ''
တောင်တက် နေရတာ ဖြစ်တဲ့ အတွက်ကြောင့် ဟော်ဆန်းအာ က အနည်းငယ် မောဟိုက်နေကာ မသိလိုက်စွာ နဲ့ပဲ ပြောလိုက်လေတယ်။
'' အသက်ရှင် ရတဲ့ ဘဝ ကြီး ကလည်း တစ်ကယ် ကို အနားယူလို့ မရဘူး ကွာ ''
'' အဲ့တာကို ရင်ဆိုင်ဖို့ နည်းတစ်ခုတော့ ရှိအုံးမှာ ပါ ''
နှစ်ယောက် သား အချင်းချင်း အတွန့်တက် ရင်း အချင်းချင်း ပဲ ပြန်နှစ်သိမ့် ပေးနေ ကြလေတယ်။
သူတို့ ဂူကို ပြန်ရောက် တဲ့ အချိန်မှာတော့ လူတိုင်း က အပြင်မှာ ဘယ်လို ဖြစ်သွား ပြီလဲ ဆိုတာ ကို ဝိုင်းမေး ကြလေတယ်။
ဟော်ဆန်းအာ က ဘာတွေ တွေ့ခဲ့ သလဲ ဆိုတာကို သူတို့အား ပြောပြ ရှင်းပြ လေတယ်။ နားထောင်ပြီး သွားတဲ့ နောက် သူတို့ရဲ့ အမူအရာ တွေက အရမ်းကို ရုပ်တည် ကြီး တွေ ဖြစ် လာခဲ့တယ်။ ပြီးတော့ တစ်ချို့တွေဆို ဂူ နံရံကို မှီ ချလိုက်ကာ တစ်ချို့ အမျိုး သမီးတွေ ဆိုရင် တီးတိုး တီးတိုး ပြောနေ ကြလေတယ်။
..................
စနေနေ့တိုင်း တစ်ပိုင်းတင်သည်