(17. 1)
'' မင်းမှာ ကိုယ်ဝန် ရှိနေ တာလေ''
'' မင်းမှာ ကိုယ်ဝန် ရှိနေ တာလေ''
'' မင်းမှာ ကိုယ်ဝန် ရှိနေ တာလေ''
ထိုစကားသံ က စုယွမ် ရဲ့ခေါင်း ထဲမှာ ထပ်ကာထပ်ကာ ဖွင့်တဲ့ ခလုတ်ကို နှိပ်ထားမိ သလိုမျိုး မြည်ဟည်း နေခဲ့ လေတယ်။
စုယွမ် က မပြုံးလိုက် ခင် အသက်ရှု ချိန်ပေါင်း များစွာ ငေးကြောင် နေခဲ့ဆယ်။
'' ဟီးဟီး ခများ က တကယ့် ကို ဟာသ ပြောတက် တာပဲ ဗျာ''
အဲ့တာ ကြီး က ဟာသ တစ်ခု မဟုတ်လား?
သူက ယောကျာ်း ကြီးလေ။ ဘယ်လိုလုပ် ကိုယ်ဝန် ဆိုတဲ့ ဟာနဲ့ အရူး လာလုပ်လို့ ရပါမတဲ့လဲ။
ဖုန့်ဝူယိုး ရဲ့ မျက်နှာ အမူအရာ ကတော့ ပြောပြ ဖို့ရာ ခက်ခဲ နေဟန် ပေါ်နေ ခဲ့လေတယ်။ ပြီးတော့ သူ့မျက်လုံး တွေက စုယွမ်ကို ကြည့်တဲ့ အခါ အတော်လေး ကို ရှုပ်ထွေး နေမိ လေတယ်။
ထိုငေးစိုက် ကြည့်ခြင်း ခံရတဲ့ အတွက် စုယွမ် က တုန်လှုပ် လာကာ မေးလိုက်လေတယ်။
'' ဘာဖြစ် လို့လဲ? ''
'' ငါ့ရဲ့ သွေးခုန်နှုန်း စစ်ဆေး ချက် က မမှား နိုင်ဘူး။ ''
ရှီရှီ ကလည်း ပြောလိုက်တယ် ။
'' သား ကျို့ကျို့ ရဲ့ ဆေးပညာ က ဖုန့်မျိုးနွယ် ထဲမှာ အကောင်းဆုံးပဲ။ ပြီးတော့ သူက မသေမျိုး တွေကို တောင် ကုသ ပေးနိုင်တဲ့ သူလေ။ တကယ်လို့ သူက အကိုကြီး ပျော်ရွှင် နေတယ်လို့ ပြောရင် အကိုကြီး က တကယ် ပျော်ရွှင် နေတာပဲ။ ''
အဲ့တာ ကြီး ကတော့ လွန်ကဲ သွားပြီ မဟုတ်ဘူး လား!
စုယွမ် က တကယ်ကြီး ပေါက်ကွဲ ထွက်ချင် နေခဲ့ ပါပြီ။ သူက တကယ့်ကို ယောကျာ်း ကောင်း တစ်ယောက် ပါ။ သူက မြွေဘုရင် နဲ့ ရင်ဆိုင် ကြုံတွေ့ ခဲ့ရပေမယ့် သူက ပျော်ရွှင် နေဆဲ ပါပဲ။
တကယ်လို့ ကိုယ်ဝန် ကသာ တကယ် ဆိုရင် သူတော့ အသက် ဆက် မရှင်ချင် တော့ပါဘူး။
'' တကယ်ကြီး နောက်နေ တာ မဟုတ်လား ''
'' အဲ့တာ က အမှန်ပဲ ''
ဖုန့်ဝူယိုး ရဲ့ မျက်နှာတွေက အလေးအနက် ဖြစ်နေပြီးတော့ လုံးဝကို နောင်ပြောင် ဟာသ လုပ်ဟန် တစ်စိုးတစ်စိတောင် မရှိခဲ့ ပါပေ။
စုယွမ် က ဆက်ပြီးတော့ စိတ် မငြိမ်နိုင် တော့ပါဘူး။
ကိုယ်ဝန် က ကတယ်ကြီး နောက်နေဟန် မပေါ်ဘူး ။
'' အဲ့တာ က တကယ် ကြီးလား? ''
သူက မြွေဘုရင် ရဲ့ ကိုင်တွယ်ခြင်း ကို ခံရ ပြီးတော့ ကိုယ်ဝန် ရှိသွားတာလား?
သူက ဘာကို ကိုယ်ဝန် ရှိနေ တာလဲ?
သူ့စိတ် ထဲမှာ အဲ့လိုတွေး မိတော့ စုယွမ် က ထုတ်ပြီးတော့ မေးလိုက်တယ်။
'' ဒါဆိုရင် ငါ က ဘာကို ကိုယ်ဝန် ရှိနေတာလဲ?''
အဲ့တာ လေး က လူသား လေးလား ဒါမှမဟုတ် မြွေ တစ်ကောင် လား?
ဒါမှမဟုတ် မြွေ တစ်ဝက် လူတစ်ဝက်လား?
အဲ့လို လည်း တွေးမိ လိုက်ရော စုယွမ် က မထိန်းနိုင် တော့ပဲ အကြောက် တရားကြောင့် တုန်ရီ သွားလေ တယ်။
သူက အနာဂတ်မှာ သူမွေးထားတဲ့ သူ့ကလေး မြွေလေး ကို လက်ထဲမှာ ပိုက်ထားတာ ကို တွေးကြည့် မိရုံနဲ့တင် စုယွမ် တစ်ယောက် သေချင်စိတ် တွေ ပေါက်သွား လေတယ်။
ထိုမေးခွန်း လည်း ကြားရော ဖုန့်ဝူယိုး က မျက်မှောင် အသာလေး တွန့်သွား လေတယ်။
'' အခုချိန် မှာတော့ အဲ့တာက ဘာလေးလဲ ဆိုတာ ကို ငါ မမြင်နိုင် သေးဘူး။ ဒါပေမယ့် ငါတွေ့ တာ ကတော့ မင်းရဲ့ ဗိုက်ထဲမှာ ဥလေး နှစ်လုံး တွေ့တယ်။ သူတို့တွေ က အမွှာ တွေပဲ။ မွေးဖွားလာဖို့ အတွက် ကတော့ မသေချာ သေးဘူး ''
ဥ နှစ်လုံး!
ဘာပုံစံ လည်း ဆိုတာ မသေချာ သေးဘူး!
ထိုဟာ ကိုလည်း နားထောင်ပြီးတော့ စုယွမ် က ထပ်ပြီးတော့ မေ့လဲ သွားပြန်တယ်။
'' အကိုကြီး အားယန်! ''
သူ့ရဲ့ နောက်ဆုံး သတိ လစ်မသွား ခင် ရှီရှီ ရဲ့ စိုးရိမ် တကြီး အော်သံကိုသာ ကြားလိုက် ရတော့ တယ်။
၃ ရက် လည်းကြာရော စုယွမ် က ခြံဝင်းထဲရှိ သစ်ပင်ကြီး ပေါ်မှာ အသက်မဲ့စွာ ထိုင်နေ ခဲ့တယ်။ သူ့ဘေး က ကိုင်း ကို မှာ ရှီရှီ က လာနား ပြီးတော့ ခေါင်းလေးကို သိလိုစွာနဲ့ အသာစောင်း လိုက်တယ်။
''အကိုကြီး အားယန် ဘာ ဖြစ်နေတာ လဲဟင်? ''
'' ငါ အသက်ဆက် မရှင်ချင် တော့ဘူး ''
စုယွမ် ရဲ့ မျက်နှာက ညိုးငယ် နေကာ သူ့ရဲ့ မျက်လုံး တွေ ကလည်း အသက်မဲ့ နေပြီးတော့ သူ့ဘဝ ကြီး က ပျက်စီး တော့ မလိုပါပဲ။
၃ ရက် ကြာပြီး သွားတဲ့နောက် သူက အဖြစ်မှန် ကို လက်ခံ လိုက်ပါတယ်။ သူက ဟိုမြွေကောင်ရဲ့ အရည်တွေကြောင့် ဥလေး နှစ်လုံး ကို ကိုယ်ဝန် ရှိနေ ပြီးတော့ အဲ့တာတွေ ကလည်း အမွှာ တွေတဲ့။
ဒါ့အပြင် အဲ့တာ လေးတွေက ဘာမျိုးစိတ် မှန်းလဲ မသိရဘူး!
အဲ့တာ တွေက မျိုးစပ် ကပြား ဖြစ်လောက်လား?
စုယွမ် က မတက်နိုင် ပဲ ရယ်စရာ ကောင်းစွာ တွေးမိလေတယ်။
သူတို့တွေကို ဘယ်လို မွေးကြမတဲ့လဲ?
စုယွမ် ရဲ့ မသက်မသာ ဖြစ်နေတဲ့ ပုံကို ကြည့် ပြီးတော့ ရှီရှီ က ဖျောင့်ဖြ လိုက်တယ်။
'' အကိုကြီး အားယန် ကလေးလေး နှစ်ယောက် ကို ပျိုးထောင် ဖို့ ရာ အတွက် အရမ်းကြီး စိတ်ပူ မနေပါနဲ့။ ရှီရှီ လည်း အတူတူ ကူပြီးတော့ ပိုက်ဆံ ရှာပေး ပါ့မယ် ''
အဲ့တာ က မင်း ကူလို့ တက်နိုင် မယ့် ပြဿနာ မဟုတ်ဘူး ကွ!
စုယွမ်မှာ ပြန်ဖြေ ဖို့ အားအင်တွေ မရှိပါပေ။
အဲ့အချိန် မှာပဲ ဖုန့်ဝူယိုး က လာခဲ့လေတယ်။
စုယွမ် က တစ်ခဏ တွေးပြီးတော့ မေးလိုက်လေတယ်။
'' ခများ ဒါတွေကို ဖျက်ချ ပေးလို့ ရလား? ''
သူက တကယ်ကြီး ဥ နှစ်ခုကို သားမဖောက် ပေးချင် ပါပေ။
( lay two eggs လို့ ရေးထားတာပါ)
'' ငါကြိုးစား ကြည့် ပေးမယ် ''
ထိုဟာ ကို ကြားတော့ စုယွမ် က ရုတ်တရက် ပဲ သူ့မျက်နှာမှာ အပြုံး သေးသေးလေး တစ်ခု ကို ထုတ်ဖော် ပြသ လာလေတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၃ ရက်အတွင်း သက်တောင့်သက်သာ ရှိတဲ့ အမူအရာ ကို သူပြ တာက တကယ်ကို ရှားလေတယ်။
အဲ့တာကို ဖျက်ချ နိုင်တယ် ဆိုရင်လည်း ကောင်းတာ ပေါ့လေ။ ပြီးတော့ အဲ့တာကို ဖျက်ချ လို့ မရ နိုင် ဘူး ဆိုတဲ့ အကြောင်း လည်း ရှိချင် ရှိအုံးမှာ ပဲလေ။ ဘယ်အရာ ကိုမှ ကြိုတင် ပြီးတော့ ပြောလို့ မရဘူး လေ။
ဖုန့်ဝူယိုး က ဆေးပင်တွေ ရှာကာ ဆေးလုံး ဖြစ်အောင် လုပ်ကာ စုယွမ် ကို ပေးလိုက် လေတယ်။
စုယွမ် က အနီရောင် ဆေးလုံးကို စိုးရိမ် စွာ ကြည့်မိ ပေမယ့် လုံးဝ ကို မတုံ့ဆိုင်း ပဲ ခေါင်းကို မော့ ကာ သောက်ချ လိုက်တယ်။
ဆေးသောက် ပြီးတဲ့နောက် စုယွမ် က အိပ်ယာ ပေါ်ကို သွားလှဲကာ ဘယ်လို အခြေအနေ မျိုး မဆို ဖြစ်လာ တာ ကနေ ရှောင်ရှားဖို့ လုပ်လိုက်တယ်။
နာရီဝက်လောက် ကြာရော ဆေးရဲ့ အာနိသင် က စတင် ပြီးတော့ ပေါ်ပေါက် လာပါပြီ။ ပြီးတော့ စုယွမ် ခံစား ရတာ ကတော့ သူ့ကိုယ်ထဲမှာ တစ်ယောက် ယောက်က လင်ချီ ( ချီ) က ဓားတစ်ချောင်းလို အသုံးပြုနေ သလိုမျိုး နာကျင်စွာ ခံစား ရလေတယ်။
သူက နာကျင်မှု ကြောင့် ကွေးသွားကာ အိပ်ယာထက်ကို လှိမ့်နေပြီးတော့ ချွေးအေး တွေက သူ့ရဲ့ နဖူးနဲ့ ကိုယ်မှာ စိုရွဲနေခဲ့တယ်။
နာကျင်မှု က စိတ်ဝိဉာဥ်ထဲ ထိကို ရောက်တာ ကြောင့် သူက တဖြေးဖြေးနဲ့ အသိစိတ် ပျောက်ဆုံး လာ ခဲ့တယ်။
တစ်ချိန်လုံး မှာ စုယွမ် က ဝမ်းဗိုက်ထဲက နာကျင်မှု အကြောင်း ကိုပဲ တွေးနေ မိတယ်။ ဒါတွေ အကုန်လုံး က အဲ့ သောက်မြွေဘုရင် ကောင်ကြောင့်ပဲ။ တကယ်လို့ သူသာ စွမ်းအား ကြီးလာတဲ့ တစ်နေ့ ကျရင် စာရင်းရှင်းဖို့ အဲ့နေရာကို သူပြန်သွားမယ်။
သူပြန်နိုးလာတဲ့ အချိန်မှာတော့ စုယွမ် က ဝမ်းဗိုက်ထဲက နာကျင်မှုကို ခံစားရပေမယ့် သူ့ရဲ့ စိတ် အခြေအနေ က ပိုလို့တောင်မှ ကောင်းလာ သေးတယ်။
သူ့ခမျာ တကယ်ကြီး ကို ခံစား ခဲ့ ရပေမယ့် ဒီဥ နှစ်ခု ကို ဖျက်ချ နိုင်ခဲ့ မှတော့ အဲ့နာကျင် မှုတွေက ထိုက်တန် တယ်လို့ ပြောလို့ ရပါတယ်။ အဲ့လိုမှ မဟုတ်ရင် သူ့ဗိုက်ထဲမှာ ဥ နှစ်လုံး ရှိနေတယ် ဆိုရင် သူ့ခမျာ ထပ်ပြီးတော့ စားနိုင် သောက်နိုင်တော့ မှာလဲ မဟုတ်သလို နေ့တိုင်း ညတိုင်း အိမ်မက်ဆိုး တွေက လိုက်နေ တော့မှာ ပဲ ဖြစ်တယ်။
......................
အပြီးထိ ရနေပါပြီနော်။ တင်ပြီးသမျှ ကနေ နှုတ်ပြီး အပြီးထိ ၃၃၅၀ ပါ ။