( 16. 2)
ဒီကုန်ပစ္စည်း ကိုရောင်းရင် ကြေးမများ ပေမယ့် အန္တရာယ်များ တာ မျိုးလဲ မရှိပါပေ။
ညနေခင်းမှာတော့ လမ်းမ ပေါ်မှာ အံ့အားသင့်ဖွယ် အသွင်အပြင် မြင်ကွင်း တစ်ခု က ပေါ်လာခဲ့တယ်။
ထိုနေရာမှာ ကျင့်ကြံသူ တစ်ယောက် က ဓားမြက် အစည်းလိုက် ကြီးကို ကျောပိုးလာ ကာ ဓားမြက် နောက်အထုံး လေးကိုလည်း လက်မောင်းတွေ ကြားထဲမှာ ပွေ့လာခဲ့လေတယ်။ ပြီးတော့ အဲ့လူ ရဲ့ ပုခုံး ပေါ်မှာ ရှိတဲ့ ငှက်လေး ကလည်း အစည်းအသေးလေး ကို ကိုက်ထား လိုက်ပြီးတော့ အဲ့လို ပုံစံနဲ့ပဲ သူတို့က မြို့ကို ပြန်သွား ကြလေတယ်။
သူက အဲလိုသာ သွားပေမယ့် ဘယ်သူ ကမှ မရယ် နိုင်ခဲ့ ပါပေ။
'' အဲ့လူ အဆင်ပြေ ရဲလား မသိဘူး နော်။ သူ့ရဲ့ နောက်ကျောမှာ ဒီလောက် များတဲ့ ဓားမြက် တွေကို သယ်သွားတာလေ။ သူက အဲ့တာ တွေကို ပြန်သယ် သွားပြီးတော့ ထင်းအဖြစ် အသုံးပြု မလို့လား မသိပါဘူး ''
'' ဟုတ်မယ် ထင်တယ်။ အဲ့လိုမှ မဟုတ်ရင် မင်းဆိုလည်း မြူခိုးတောအုပ် တောင်ခြေ ကိုလာပြီးတော့ ဓားမြက် တွေကို လာတူးမလားကွ''
'' ဒီလူ က တကယ်ပဲ ငါ့အတွက်တော့ ဒီနှစ်မှာ အရယ်ရဆုံး အရာကို ပြုလိုက် တာပဲဟေး''
'' ဓားမြက်တွေ ရဲ့ တန်ဖိုး က ဘယ်လောက် မလို့လဲ။ အဲ့တာတွေ က တောင်ခြေမှာ အရိုင်းဆန်ဆန် ပေါက်နေ ကြတာ ပဲကို။ အဲ့တာ တွေကို ဂရုမစိုက် ကြဘူးလေ။ ဒါပေမယ့် ဒီလူနဲ့ ဒီငှက် တို့ ကတော့ တကယ်ကြီး ကြိုက် နေကြမယ်လို့ မမျှော်လင့် ထားဘူးကွာ ''
စုယွမ် က သူ့ဘေး က ရွံရှာဖွယ် စကားတွေကို နားမထောင် ပေ။ သူ့ရဲ့ ရုပ်ပိုင်း ဆိုင်ရာက ကျင့်ကြံဖို့ အတွက် မသင့်တော် ပါပေ။ ဒါကြောင့် သူက အားတွေ အများကြီး စိုက်ထုတ် မနေ ပါပေ။ သူက ကျင့်ကြံဖို့ရာ စိတ်ဝိဉာဥ် ကျောက်တုံးတွေ အများကြီး လိုအပ် နေတာ မျိုး မဟုတ်ပါပေ။ ဒါကြောင့် လူတိုင်းက တန်ဖိုးနည်းတဲ့ ဓားမြက်တွေ အပေါ် မှာ အထင်သေးတာ သဘာဝပဲ ဖြစ်လေတယ်။
ဒါပေမယ့် သူ့လို အဝတ်အထည် နဲ့ အစားအသောက် အတွက် လိုအပ်တဲ့ လူကတော့ အဲ့ဓားမြက် အစည်းကြီး က လတစ်ဝက်စာ လောက်တော့ ဖူလုံ မှာပဲ ဖြစ်လေတယ်။
စုယွမ် က ဓားမြက်တွေကို စျေးဆိုင်ဆီကို သယ်သွားပြီးတော့ ရောင်း လိုက်လေတယ်။ ဘယ်လို ဖြစ်ခဲ့တာ လဲ ဆိုတော့ ဓားတစ်သောင်း ဂိုဏ်းက လူတွေက စန်းဟွားမြို့ကို လာပြီးတော့ အတွေ့အကြုံ ယူတဲ့ အချိန်နဲ့ ကိုက်သွားပြီး သူတို့ကလည်း ဓားမြက်တွေ အများကြီး လိုနေတာ ကြောင့် သာ အလုပ်ဖြစ် သွားတာပဲ ဖြစ်လေတယ်။ မဟုတ်ရင် ဒီလောက် အများကြီး ကို သူသွင်းလို့ ရမှာ မဟုတ် ပါပေ။
စိတ်ဝိဉာဥ် ကျောက်တုံးတွေ ရပြီးတဲ့နောက် စုယွမ်က အစားအစာ တစ်ချို့ကို ဝယ်လိုက်ပြီးတော့ သူ့ရဲ့ ခြံဝင်းလေး ဆီကို စိတ်ကောင်း ဝင်စွာ နဲ့ ပြန်လာ ခဲ့ကြတယ်။
သူ့ရဲ့ခြံတံခါး လေးကို တွန်းဖွင့် လိုက်တဲ့ အချိန်မှာတော့ အထဲမှာ အမျိုးသား တစ်ယောက် က ရပ်နေတာ ကို တွေ့လိုက် လေတယ်။
ထိုလူ နဲ့ နောက်ကျော ကို ကြည့်ရုံနဲ့ တင် မသေမျိုး တစ်ယောက် ဖြစ်ရမယ် လို့ စုယွမ် က ခံစားမိတယ်။
'' ကျို့ကျို့ ( ဦးလေး) ''
ငှက်လေး က စုယွမ် ရဲ့ ပုခုံးပေါ်မှာ အိပ်ငိုက် နေရင်း နဲ့ လိုက်လာ ပေမယ့် ထိုအချိန် မှာတော့ သူ့ရဲ့ မျက်လုံး လေးတွေ က ပြူးကျယ် လာခဲ့တယ်။ ပြီးတော့ အံ့အား သင့်စွာ နဲ့ ခေါ်လိုက် လေတယ်။
ထို အသံကို ကြားတော့ ထိုအမျိုးသား ဟာ တဖြေးဖြေး ချင်းနဲ့ လှည့်လာ ခဲ့လေတယ်။
ထိုလူ ရဲ့ ရုပ်သွင် ကို မြင်လိုက် ရတာနဲ့ စုယွမ် က မတက်နိုင်ပဲ အနည်းငယ်လောက် ရင်ခုန် သွားရလေတယ်။
ထိုလူရဲ့ အသွင်အပြင် က ဟဲလျန်ချန်း နဲ့ တောင် ယှဥ်ပြိုင် လို့ ရလေတယ်။
ထိုအမျိုးသား က အပြာရောင် ဝတ်စုံ ဝတ်ထား ပြီးတော့ ငြင်သာ သိမ်မွေ့တဲ့ မျက်ဝန်း တွေနဲ့ လရောင်အောက် ကနေ လျောက်လှမ်း လာခဲ့လေတယ်။
'' မင်္ဂလာပါ ငါက ရှီရှီရဲ့ အကိုကြီးပါ။ ငါ့နာမည် က ဖုန့်ဝူယိုး လို့ ခေါ် ပါတယ်''
'' အာ မင်္ဂလာပါ ဗျာ''
စုယွမ် က အနည်းငယ် ထိတ်လန့် သွားလေတယ်။
ဟဲလျန်ချန်း ရဲ့ ကျက်သရေ ရှိမှု က ပန်းတစ်ပွင့် လို လှပ မှု နဲ့ တင်စား နိုင်ရင် ထို ဖုန့်ဝူယိုး ရဲ့ ကျက်သရေ ရှိမှု ကတော့ လရောင်အောက် က ကျောက်စိမ်း ပါပဲ။
ဘယ်လောက် တောင် လှပ လိုက်တဲ့ လူလဲ။
'' ဒီအချိန်ထိ ရှီရှီ ကို ဂရုစိုက် ပေးခဲ့တဲ့ အတွက် အရမ်းကို ကျေးဇူး တင်ပါတယ်''
'' မလို ပါဘူး ။ ရှီရှီ ကြောင့်သာ မဟုတ်ရင် ငါလည်း အခုထိ ကောင်းကောင်း အသက်ရှင် မှာ မဟုတ်ဘူး ''
ရှီရှီ ကြောင့်သာ မဟုတ်ရင် သူက မြွေဘုရင် နဲ့ စက်ယှက် မိတဲ့ အတွက် ဘဝ က သေတာထက် ကို ပိုဆိုး နေမှာ ကိုပဲ ကြောက်မိ လေတယ်။
ဒီနေရာကို ဖုန့်ဝူယိုး လာတာက ရှီရှီ ကို ပြန်ခေါ် သွားမလို့လား မသိဘူး?
ဒီဟာရဲ့ ဖြစ်နိုင်စွမ်း ကို မြင်မိတော့ စုယွမ် က အတော်လေး ကို ဝမ်းနည်း သွားလေတယ်။ သူက ဒီလို ထူးဆန်း တဲ့ ကမ္ဘာကြီးမှာ ရှီရှီ ရဲ့ အဖော်ပြု ပေးမှုကြောင့်သာ ထိန့်လန့် တုန်လှုပ် မနေတာ ပဲ ဖြစ်လေတယ်။
တကယ်လို့ ရှီရှီ သာ ပြန်ခေါ် သွားခံ ရရင် သူ က တစ်ယောက် ထဲ ဘယ်လို အသက် ဆက်ရှင် ရမတဲ့လဲ?
ထို အကြောင်းကို တွေးမိတော့ စုယွမ် က မူးလဲ သွားတယ်။
သူပြန်နိုး လာတဲ့ အခါ စုယွမ် က ကုတင် ပေါ်ကို ရောက်နေပြီးတော့ ရှီရှီ က သူ့ရဲ့ မျက်နှာလေး ဘေးမှာ ဆောင့်ကြောင့် ထိုင်နေတာ ကို တွေ့လိုက် ရတယ်။
ဖုန့်ဝူယိုး ကတော့ အိပ်ယာ အစွန်းမှာ ထိုင်နေကာ သူနိုးလာတာ ကိုလည်း တွေ့ရော သူ့မျက်လုံးတွေ ရဲ့ စူးစမ်းမှု ထဲ ကျရောက် သွားတယ်။
'' ငါ က ဘာဖြစ် တာလဲ? ''
စုယွမ် က မေးလိုက်တယ်။ သူ့ နှလုံးသား ထဲ မှာတော့ ခန့်မှန်းနေခဲ့ တယ်။ သူက ရှီရှီ ကို ထည့်ပေး လိုက်ရတော့ မယ့် ကိစ္စကို တွေးမိ ပြီးတော့ အလွန်အကျွံ ကို ဝမ်းနည်းကာ မေ့လဲ သွားရတယ် လို့ပေါ့လေ။
ကံမကောင်းတာ ကတော့ လက်တွေ့ အစစ်အမှန် က အမြဲတမ်း ပဲ ရုတ်တရက်ကြီး ရောက် ရောက် လာတက်တာ ပါပဲ။
ဖုန့်ဝူယိုး ရဲ့ စကား တွေ က စုယွမ်ရဲ့ စိတ်ထဲမှာတော့ မိုးကြိုး မုန်တိုင်း တွေလို ပေါက်ကွဲ မြည် ဟည်း သွားလေတယ်။
'' မင်းမှာ ကိုယ်ဝန် ရှိနေတာလေ ''
( အပူစီးကြောင်း နှစ်ခု အစွမ်း အံ့မခန်း 🤣🐍💟)
...................
တင်းဂွေနေ့လေ ဘေးဘေး ။ တိုတယ် ဆိုတော့ နောက်တစ်ပိုင်း တင်ပေးမယ်နော်