Unicode
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
[သေတ္တာထဲရှိ မီးတောက်နေသော ဇာမဏီကျောက်စိမ်းဆွဲကြိုး]
နောက်နေ့မနက်၌ လေပြင်းနှင့် နှင်းများ ရပ်တန့်သွားပြီး လမ်းမပေါ်၌ နှင်းအစုအပုံများ ကျန်ရစ်ခဲ့လေသည်။ ၎င်းနှင်းများမှာ နေရောင်ဖျော့ဖျော့အား ရောင်ပြန်ဟပ်နေပြီး လင်းလက် တောက်ပနေတော့၏။
လမ်းများမှာ သွားလာရခက်ခဲသော်လည်း သူတို့သည် ခရီးဆက်ရန် ဆုံးဖြတ်ထားဆဲဖြစ်သည်။ ကုဖေးတိသည် စုယန်နှင့်အတူ မြင်းတစ်ကောင်တည်း မျှဝေစီးရန် ဆုံးဖြတ်လိုက်သည်။ ထိုမှသာ စုယန်နွေးထွေးစေရန် အလွယ်တကူ အတွင်းအား
လွှဲပြောင်းပေးနိုင်မည်ဖြစ်၏။
ထိုအချိန်တွင် အလယ်ပိုင်းလွင်ပြင်၏ မြောက်ပိုင်းရှိ အပူချိန်သည် အလွန်နိမ့်ပါးနေပြီဖြစ်သည်။ နှင်းများသည် မွန်းတည့်ချိန်တွင် အနည်းငယ်အရည်ပျော်သွားသော်လည်းမကြာမီ နေဝင်ရီတရောအချိန်၌ ရေခဲအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားမည်ဖြစ်ပေသည်။
ကံကောင်းထောက်မစွာ လမ်းတလျှောက်၌ နောက်ထပ် နှင်းမုန်တိုင်းများ ထပ်မတွေ့ရပါတော့ချေ။ သူတို့သည် ချင်းဝူခရိုင်သို့မရောက်မီ ငါးရက်ကြာ ခရီးနှင်ခဲ့ကြရသည်။ နေဝင်ချိန်၏
နီဆွေးသော အလင်းရောင်အောက်၌ သူတို့သည် အဝေးရှိ မေ့ကျူးတောင်၏ လှပသော တောင်ကြောကို စတင်မြင်တွေ့နေရပြီ ဖြစ်သည်။
လမ်းတလျှောက်လုံး ဖြောင့်ဖြောင့်တန်းတန်း
ခရီးဆက်ကာ ရွာနှင့်မြို့နယ်အများစုကို ရှောင်ရှားခဲ့သော်လည်း ထုန်းယွင်စံအိမ်သည် မိစ္ဆာဂိုဏ်းကို ချေမှုန်းရန် အလယ်ပိုင်းလွင်ပြင်ရှိ တပ်ဖွဲ့များကို စုဆောင်းနေသည်ဟူသောသတင်းသည် စုယန်နှင့်ကုဖေးတိတို့၏ နားထဲသို့ ရောက်ရှိလာဆဲဖြစ်သည်။
စုယန်သည် အစောကတည်းက ဇာတ်လမ်း
ဇာတ်ကြောင်းကို သိထားပြီးဖြစ်သောကြောင့် လုံးဝအံ့သြခြင်း မရှိပါသော်လည်း ကံကြမ္မာက ရှောင်လွှဲ၍ မရသည့်အတွက် စိတ်သာပျက်မိတော့သည်။
ဆန့်ကျင်ဘက်အနေနှင့် ကုဖေးတိသည် ဤသတင်းကို စတင်ကြားသိရသောအခါတွင် အနည်းငယ်စိုးရိမ်သွားခဲ့သည်။ သူသည် စုယန် ဒေါသထွက်ပြီးတုံ့ပြန်မည်ကို စိတ်ပူသောကြောင့် သူ၏ အမူအရာကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။ သို့သော် နောက်ပိုင်းတွင် စုယန်က မိစ္ဆာဂိုဏ်းအတွက် လုံးဝပူပန်ခြင်းမရှိသည်ကိုသိလိုက်ရလေသည်။မည်သို့ပင်ဆိုစေစုယန်၏ ဝိညာဥ်သည် မိစ္ဆာဂိုဏ်း၏သခင်ငယ်အစစ် ဟုတ်မနေပါ။
ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ သူတို့နှစ်ယောက်အတွက် အရေးကြီးဆုံးက စုယန်၏ ခန္ဓာကိုယ်
အတွင်းက အလွန်အေးစက်နေတဲ့ အတွင်းအားများကို ဖြေရှင်းဖို့ပင်။
စုယန်၏ပြဿနာကို ဖြေရှင်းနိုင်မှသာ သိုင်းလောကနှင့် သိုင်းပညာအသိုင်းအဝိုင်း၏ အငြင်းပွားမှုများကို ဆက်လက် တွေးတောနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် မေ့ကျူးတောင်သည် ဖြူဖွေးသော နှင်းအလွှာများဖြင့် ဖုံးလွှမ်းထားလေသည်။ တစ်ချိန်က စိမ်းလန်းစိုပြေပြီး ကျယ်ပြန့်သောသစ်တောကြီးသည် အချိန်အတော်ကြာကတည်းက မှိန်ဖျော့သွားခဲ့ပြီးထူထပ်သောနှင်းများနှင့် ခြောက်သွေ့သောသစ်ပင်ပင်စည်များသာ ကျန်ရစ်ခဲ့တော့လေ၏။ကြည့်ရသည်မှာ တောင်တပြင်လုံး၌ အဖြူရောင်သစ်တော်သီးပွင့်များ ပွင့်လန်းနေပုံရလေသည်။
စုယန်သည် မေ့ကျူးတောင်ကို အောင်မြင်စွာ
တက်နိုင်ပြီး ကျောက်စိမ်းအိမ်တော်သို့ သွားနိုင်ရန် အတွက် ထိုနေ့ညတွင် ကုဖေးတိနှင့် နောက်တစ်ကြိမ် နှစ်ကိုယ်တူကျင့်ကြံခဲ့ရ၏။ နောက်နေ့မနက်စောစောမှာ သူတို့အုပ်စုသည် မြင်းတွေကို
ထိန်းသိမ်းထားခဲ့ပြီး သူတို့၏အိတ်များကို ထုပ်ပိုးကာ တောင်ပေါ်သို့ ခြေလျင်တက်ခဲ့ကြလေသည်။
စုယန်သည် သူ့ပါးစပ်ထဲ၌ နှလုံးနွေးဆေးကို ငုံထားပြီး ကုဖေးတိ၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာတောင်လမ်းတလျှောက်ကို လျှောက်လှမ်းသွားခဲ့သည်။
နေရာတစ်ခုသို့ ရောက်သောအခါ စုယန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက ကုဖေးတိကို လှည့်ကြည့်ကာ ဆိုလေ၏။
"ငါဒီနေရာကို ကောင်းကောင်းမှတ်မိတယ်.. အထူးသဖြင့် ဒီသစ်ပင်...."
ကုဖေးတိက စုယန်ရဲ့လက်ကို ခပ်ဖွဖွညှစ်ရင်း ပြုံးလိုက်သည်။
"ဟုတ်တယ်.. ဒါ ကိုယ်တို့ ပထမဆုံးအကြိမ်
တွေ့ခဲ့တဲ့ နေရာပဲ"
စုယန်သည် သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်မိသောအခါ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်က သူသည် ဇာတ်လမ်းဇာတ်ကြောင်းကို အပြင်းအထန်လိုက်နာရန် ကြိုးစားနေပြီး
သူတွေ့သမျှလူတိုင်းကို စာရွက်ပေါ်ရှိ ဇာတ်ကောင်များအဖြစ်သာ သတ်မှတ်ထားခဲ့လေသည်။ ဇာတ်ညွှန်းမှ စကားလုံးအသုံးအနှုန်းများကိုလည်း တိတိကျကျ ရွတ်ဆိုရန်သာ ရည်ရွယ်ထားခဲ့၏။ အဲဒီအချိန်က သူသာ ကုဖေးတိနေရာမှာဆိုပါက သူ့ကိုယ်သူဦးနှောက်ချောင်နေသောလူဟု မှတ်ယူမိမှာ အသေအချာပင်။
"ဒါဆို အဲဒီတုန်းက.." ကုဖေးတိက စကားဆိုလာသည်။ "...ကိုယ့်ကို ဘာလို့ နုပျိုရနံ့သာဆေးလုံး တိုက်ခဲ့တာလဲ?"
"သေချာပေါက် မင်းရဲ့အသက်ကို ကယ်ဖို့ပေါ့"
စုယန်က ပြန်ဖြေ၏။
"အဲဒီအချိန်က မင်းရဲ့အခြေအနေက တော်တော်
ဆိုးနေတာလေ.. သေတော့မလိုပဲ"
ကုဖေးတိ၏အကြည့်သည် တစ်ချိန်က သူမှီခဲ့သောသစ်ပင်ပေါ်သို့ ရောက်ရှိသွားသည်။
ခဏအကြာမှာ သူက ပြောလာသည်။
"အဲဒီတုန်းက ကိုယ် မသေနိုင်သေးပါဘူး။ ကိုယ့်ရဲ့ ကျင့်စဉ်က ဒဏ်ရာကြီးကြီးမားမားရသွားတဲ့အခါပြန်လည်ကုစားဖို့ 'နျဲ့ဖန်'ဆိုတဲ့ အခြေအနေကို အလိုလိုရောက်သွားရော...အဲဒီအခါကျရင် အသက်ရှု နှေးသွားပြီး သေတော့မယ့်ပုံပေါက်နေပေမယ့် အထဲမှာ အတွင်းအားတွေက လှည့်ပတ်နေတုန်းပဲ"
စုယန်က သူ့အား မျက်စောင်းထိုးကာ ဆိုလေသည်။
"ဒါဆို ငါက ဆေးကို အလကားဖြုန်းတီးမိခဲ့တာပေါ့"
"တကယ်တော့ အဲဒါက အလကားမဖြစ်သွားပါဘူး.. တကယ်လို့ ကိုယ့်အပေါ်မှာ အဲ့ဆေးရဲ့ မွှေးရနံ့သာမရှိခဲ့ရင် မြေအောက်လှိုဏ်ဂူမှာ ပိတ်မိနေတုန်းက မိစ္ဆာဂိုဏ်းကလူတွေ ကိုယ်တို့ကို
အဲ့လောက်မြန်မြန် ရှာတွေ့နိုင်ခဲ့မှာ မဟုတ်ဘူး"
ထိုအကြောင်းကို ပြန်တွေးမိသောအခါ စုယန် အနည်းငယ် ဒေါသ ထွက်သွားလေသည်။
"တကယ်လို့ သူတို့သာ ပေါ်မလာခဲ့ရင် မင်းလဲ
ကူအဆိပ် ကူးစက်ခံရမှာ မဟုတ်ဘူးလေ!"
ထိုစကားကိုကြားတော့ ကုဖေးတိက ခဏတာ နှုတ်ဆိတ်သွားခဲ့သည်။ နောက်တော့ သူက ပြောလာပါ၏။
"ဟုတ်တယ်... ကိုယ်သာ ကူသွေးအဆိပ်ကို
မကူးစက်ခဲ့ဘူးဆိုရင် မင်းလဲ ကြက်သွေးနီညှိုးနွမ်းခြင်းကို လေ့ကျင့်ဖို့လိုမှာမဟုတ်ဘူး"
"ဒါပေမယ့်လေ.." သူက ဆက်ပြောလာသည်။
"ကိုယ်သာ ကူအဆိပ်ကို ဘယ်တုန်းကမှ မကူးစက်ခဲ့ဘူးဆိုရင် ကိုယ်မင်းနဲ့အတူ မိစ္ဆာဂိုဏ်းကို လိုက်ခဲ့မှာလဲ မဟုတ်သလို ကိုယ်တို့ရဲ့ နှလုံးသားတွေလဲ နီးစပ်ခွင့်ရခဲ့မှာမဟုတ်ဘူး"
သူက စုယန်၏ မျက်လုံးများကို စိုက်ကြည့်ရင်း
ခါးသီးခြင်း၊ ပျော်ရွှင်ခြင်း မသဲကွဲစွာ ပြုံးလိုက်လေ၏။
"အဲဒီတုန်းက ကိုယ်တွန့်ဆုတ်နေခဲ့တယ်......
ကိုယ်တို့ရဲ့ နောက်ခံတွေ အဖွဲ့အစည်းတွေကလည်းမတူဘူး။ ပြီးတော့ တစ်ယောက်ချင်းစီမှာ ကိုယ့်တာဝန် ဝတ္တရားနဲ့ကိုယ် ရှိနေခဲ့တယ်လေ။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ ကိုယ်အခွင့်အရေးကို လက်လွှတ်မခံဘဲ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ပြောနိုင်ခဲ့တယ်"
စုယန်က ပြုံးလိုက်ပြီး ဆိုလေသည်။
"ဒီအဖြစ်အပျက်တွေအားလုံးက ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပဲ"
ကုဖေးတိက သက်ပြင်းတချက်ချလိုက်ပါ၏။
"ကိုယ့်ကို ကူအဆိပ်ကူးအောင် လုပ်ခဲ့တဲ့သူကို ကျေးဇူးပဲ တင်ရမလား၊ မုန်းပဲမုန်းရမလားဆိုတာ မသိတော့ပါဘူး"
စုယန်က ကုဖေးတိ၏ လက်မောင်းကို သူ့ပခုံးနဲ့
ပွတ်သပ်ရင်း နူးညံ့စွာ ပြုံးလိုက်လေသည်။
"စစ်မှန်တဲ့ အချစ်ခရီးလမ်းဆိုတာ ဘယ်တော့မှ
မဖြောင့်ဖြူးနိုင်ပါဘူးလေ"
ထို့နောက်တွင် သူတို့၏ ခြေထောက်အောက်၌ သပ်သပ်ရပ်ရပ် ခင်းကျင်းထားသော ကျောင်ပြားများ ပေါ်လာသည့်တိုင် စကားမဆိုတော့ဘဲ ခရီးဆက်ခဲ့ကြလေသည်။ မကြာမီတွင် ကျောင်စိမ်းအိမ်တော်၏ တောင်တံခါးဆီသို့ ဦးတည်သွားသော လမ်းကို မြင်လိုက်ရလေ၏။
"ငါတို့ ကျောက်စိမ်းအိမ်တော်ရဲ့ တောင်တံခါးဝမှာ ဒုတိယအခေါက်တွေ့တုန်းက မင်းက တော်တော်လေး ဒေါသထွက်နေခဲ့တာနော်"
စုယန်က မျက်ခုံးပင့်ကာ ဆိုလေသည်။
"အဲဒီတုန်းက မင်း ငါ့လိုမိစ္ဆာဂိုဏ်းကလူဆီက
အကယ်ခံခဲ့ရလို့ သိက္ခာကျတယ်လို့ တွေးနေခဲ့တာမလား?"
ကုဖေးတိက ပြုံးလျက် ခေါင်းယမ်းလိုက်သည်။
"ဒါဆို မင်းက ဘာတွေစိတ်ဆိုးနေခဲ့တာလဲ?"
စုယန်က မေးလိုက်၏။
ကုဖေးတိက အဝေးက ကျောက်လှေကားထစ်များကို လှမ်းကြည့်ရင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်လေသည်။
"သိုင်းလောကထဲမှာ မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်က
ရုပ်ရည်ချောမောတဲ့ ယောက်ျားလေးတွေကို ကြိုက်တယ်ဆိုတဲ့ ကောလဟာလတွေရှိတယ်။ ဒါကြောင့် ကိုယ့်ကို ဘယ်တော့မှ ထွက်မပြေးနိုင်အောင် သားကောင်အဖြစ် ပစ်မှတ်ထားပြီး ဆေးလုံးတိုက်ခဲ့တာလို့ ထင်ခဲ့တာ"
စုယန်သည် ထိုအချိန်က သူ၏လုပ်ရပ်များအား
ကုဖေးတိက တောက်လျှောက် လွဲမှားစွာ တွေးနေခဲ့မည်ကို နားလည်သွားခဲ့သည်။ ၎င်းမှာ ရယ်စရာ ကောင်းသလို အနည်းငယ် ရှက်စရာလည်း
ကောင်းနေပြန်၏။
ကုဖေးတိကလည်း အနည်းငယ် ရှက်ရွံ့သွားပြီး
ပြုံးလျက် ဆက်ပြောသည်။
"အဲဒီတုန်းက ယွင်ကျန်း၊လင်းယွင်နဲ့ ကိုယ်တို့အားလုံး မင်းကို အဲလိုပဲ တွေးထင်နေခဲ့တာလေ....."
"ငါမင်းအပေါ်မှာ အဲ့လိုအတွေးရှိလိမ့်မယ်လို့ တကယ်ထင်နေခဲ့တာလား?" စုယန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ရှူး.." ကုဖေးတိက စုယန်၏ပါးစပ်ကိုဖုံးအုပ်ရန်
လက်ကိုအမြန်ထုတ်လိုက်ပြီး ရှေ့သို့ ကျော်လျှောက်သွားသော လော့ယွီနှင့် ချင်ကျန်းယွဲ့ကို တစ်ချက် ကြည့်လိုက်လေ၏။
ချင်ကျန်းယွဲ့ကတော့ နည်းနည်းလေးမှ တုံ့ပြန်ပုံမပေါ်ပေ။ လော့ယွီကမူ သူတို့နှစ်ယောက်ကို
တစ်ချက်လှည့်ကြည့်ပြီးနောက် ရှေ့သို့ ဆက်သွားခဲ့သည်။ သူ၏ပခုံးများမှာ အနည်းငယ်တုန်ခါနေပြီး ရယ်မောနေမှန်း သိသာပေ၏။
စုယန်သည် ကုဖေးတိ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လူယုတ်မာအပြုံးပြုံးကာ အနားသို့ တိုးကပ်လာခဲ့သည်။
"ဒီသခင်ငယ်က ရုပ်ချောတဲ့ ကောင်လေးတွေကို တကယ်ကြိုက်တယ်" စုယန်က သခင်ငယ်၏ အသွင်နှင့် လေသံကို အတုခိုးလိုက်ပြီးဆိုလေ၏။
"မင်းငါ့လက်ထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ကုဖေးတိသည် စုယန်၏ မျက်လုံးများကို စိုက်ကြည့်ရင်း မျက်နှာနားသို့ တိုးကပ်ကာ ခပ်တိုးတိုး ပြောလိုက်လေသည်။
"ကိုယ်က အစောကြီးကတည်းက မင်းရဲ့အကျဉ်းသား ဖြစ်နေခဲ့တာ မမှတ်မိဘူးလား?"
ထိုသို့ဆိုပြီးနောက် သူက မျက်လွှာချကာ
စုယန်၏ နီမြန်းနေသော နှုတ်ခမ်းများကို နမ်းလိုက်လေသည်။
စုယန်သည် သူ၏ရှုံးနိမ့်သွားမှုကို လက်မခံနိုင်ဘဲ
ကုဖေးတိ၏ လည်တိုင်အား ဖက်တွယ်ကာ အနမ်းကို ပိုမိုနက်ရှိုင်းစေလိုက်သည်။
"အွန်း.. နည်းနည်းပူတယ်" နှုတ်ခမ်းများ ကွဲကွာသွားသောအခါ စုယန်က ဆိုလာသည်။
ကုဖေးတိက နူးညံ့စွာ ပြုံးလိုက်၏။
"နှလုံးနွေးဆေးက အကုန်မပျော်သေးဘူး။ ကိုယ့်ကိုကိုယ် ထိန်းအုံး"
နှစ်ယောက်သား လမ်းတလျှောက်လုံး ချစ်ကြည်နူး တစ်တီတူးနေသဖြင့် လော့ယွီနှင့် ချင်ကျန်းယွဲ့တို့၏။နောက်တွင် အလှမ်းဝေးစွာ ကျန်ရစ်ခဲ့တော့သည်။ နောက်ဆုံးတွင် ကုဖေးတိသည်အကြီးအကဲနှစ်ယောက်ကို အမှီလိုက်နိုင်ရန်
စုယန်အား ကျောပိုးလျက် သူ၏ကိုယ်ဖော့ပညာကို အသုံးပြုခဲ့ရလေ၏။
ထိုမှသာ သူတို့သည် ကျောက်စိမ်းအိမ်တော်၏
တောင်တံခါးသို့ အတူတူရောက်ရှိခဲ့ကြသည်။
ထိုအချိန်တွင် ပုံရိပ်နှစ်ခုသည် တောင်တံခါးအတွင်း ကျောက်လှေကားထစ်များပေါ်မှ ဖြည်းဖြည်းချင်းဆင်းသက်လာလေ၏။
လော့ယင်သည် မီးခိုးရောင်အဝတ်အစားများကိုသာ ၀တ်ဆင်ထားဆဲဖြစ်ပြီး ထုံးစံအတိုင်း သူ၏မျက်နှာမှာ အလွန်တည်ငြိမ်ကာ အမူအရာ ကင်းမဲ့နေသည်။ ချီထုန်းကမူ ပြုံးရွှင်စွာဖြင့် နောက်မှ လိုက်ပါလာ၏။ သူသည်လဲ ခါတိုင်းလို အနီရောင်ကိုသာ ၀တ်ဆင်ထားပြီး ယခုအချိန်အထိ ယောက်ျား၊ မိန်းမ မခွဲခြားနိုင်ပါချေ။
ချီထုန်းသည် လက်တွဲထားသော စုယန်နှင့်
ကုဖေးတိကို မြင်သောအခါ အံ့အားသင့်စွာ
မျက်ခုံးပင့်လိုက်သည်။ သူသည် အကြီးအကဲ
နှစ်ယောက်ကိုပင် မနှုတ်ဆက်နိုင်ဘဲ ကျော်ခွသွားကာ သူတို့နှစ်ဦးရှိရာသို့ တည့်တည့်မတ်မတ် ရောက်လာခဲ့လေ၏။
"ငါတို့ မတွေ့ရတာ နှစ်ဝက်လောက်ရှိပြီနော်။ မင်းတို့ နှစ်ယောက်က တကယ်ပဲ ဒီဆက်ဆံရေးဖြစ်နေပြီလား?ရှစ်ဇွင်းက နောက်နေတာလို့ပဲ ငါထင်ခဲ့တာ..... ပြောစမ်းပါအုံး.. ဘယ်ကဘယ်လို
စဖြစ်သွားတာလဲ? ငါအတိအကျသိချင်တယ်!"
ထိုစကားအနည်းငယ်ဖြင့် စုယန်သည် ကျောက်စိမ်းအိမ်တော်မှ လွမ်းဆွတ်ဖွယ် အငွေ့အသက်များကို ပြန်လည်ခံစားလိုက်ရသည်။
ထိုအချိန်က သူသည် ဤကမ္ဘာကြီးကို လျစ်လျူရှုထားခဲ့ပြီး တစ်ခုတည်းသော ပူပန်စရာမှာ စက္ကန့်နှင့်အမျှ လေ့ကျင့်နေဖို့ပင်။ သို့သော် ကျောက်စိမ်းအိမ်တော်မှ ထွက်ခွာပြီးနောက် လက်တစ်ဆုပ်စာ အချိန်သည် ကျောက်စိမ်းအိမ်တော်၌ နေထိုင်ခဲ့သည့် နှစ်နှစ်ထက်ပင် ပို၍ရှည်လျားပြီး ပင်ပန်းနွမ်းနယ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။
စုယန် စကားမဆိုနိုင်ခင်မှာပဲ ဘေးတွင်ရပ်နေသော ချင်ကျန်းယွဲ့က မျက်မှောင်ကြုတ်ကာ ဆိုလာလေသည်။
"သန်းယန်?"
ချီထုန်းသည် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ချင်ကျန်းယွဲ့အား သေချာအကဲခတ်လိုက်လေ၏။ ပြီးသည်နှင့် ထိတ်လန့်တကြား ထအော်တော့သည်။
"ဦးလေးခြောက်!"
ချင်ကျန်းယွဲ့သည် ချီထုန်းကို အချိန်အတော်ကြာ
လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။
"ကျောက်စိမ်းအိမ်တော်ကို မင်းဘယ်လို
ရောက်လာတာလဲ? မင်း ယောက်ျားလေးလို
ဝတ်ထားတာလား!?"
သူ့မေးခွန်းက စုယန်နှင့် ကုဖေးတိ နှစ်ယောက်စလုံးကို အံ့သြသွားစေသည်။
နှစ်နှစ်ကြာအောင် သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့တဲ့ ချီထုန်းက တကယ်တမ်း မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့တာလား?
ဤမေးခွန်းကိုကြားသောအခါ ချီထုန်းက ပြုံးလိုက်လေ၏။
"ဦးလေးခြောက်က နန်းတော်ထဲက အစောကြီး
ထွက်သွားခဲ့တာဆိုတော့ ကျွန်တော့်အကြောင်းကို
ကောင်းကောင်းမသိဘူးပဲ။ တကယ်တော့...
ကျွန်တော်က ယောက်ျားတစ်ယောက်ပါ"
"ဒါပေမယ့်.... " ချင်ကျန်းယွဲ့က မယုံနိုင်စွာ မျက်မှောင်ကြုတ်လိုက်လေသည်။
"... မင်းရဲ့ကိုယ်လုပ်တော်မိခင်က မင်းကို ဘာလို့ သမီးတစ်ယောက်အဖြစ် ကြီးပြင်းစေခဲ့တာလဲ?"
ချီထုန်း၏ နှုတ်ခမ်းများသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးနေဆဲဖြစ်ပြီး နောက်ထပ်ထွက်လာသော စကားများက လူကိုထိတ်လန့်သွားစေသည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်က သမီးတစ်ယောက်လဲ ဖြစ်နိုင်လို့ပေါ့"
စုယန်သည် အလွန်ပင် ပဟေဋိ ဖြစ်သွားခဲ့သည်။
ချီထုန်း၏ လိင်ကိစ္စသာမက ၎င်းတို့နှစ်ဦး၏
စကားဝိုင်းတွင် 'နန်းတော်မှ ထွက်ခွာသွားခြင်း' နှင့် 'ကိုယ်လုပ်တော်မိခင်' ဟူသော စကားလုံးများကိုလည်း ကြားသိခဲ့ရသည်။
သူက ကုဖေးတိကို မေးရန် လှည့်ကြည့်လိုက်သော်လည်း အလားတူပင် ကုဖေးတိလဲ အံ့ဩနေကြောင်းကို တွေ့ရှိခဲ့ရလေသည်။
လက်ရှိဧကရာဇ်မင်း၏မျိုးရိုးအမည်မှာ 'ချင်' ဖြစ်သည်ကို လူတိုင်းသိကြသော်လည်း
အဲ့လော့ကွေး၏ ဂိုဏ်းမှ ခွဲထွက်ပြီး နှင်းတောင်ပေါ်တွင် သီးသန့်နေထိုင်နေသောသူနှင့် တစ်ချိန်လုံး အတူရှိနေခဲ့သူမှာ ချင်မင်းဆက်၏ မင်းမျိုးနွယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူထင်မည်နည်း?
ချီထုန်းက ချင်ကျန်းယွဲ့အား ဦးလေးခြောက်ဟု ခေါ်ခဲ့သည်။ ပြီးတော့သူက ယောက်ျားလဲ ဖြစ်နိုင်သည်၊ မိန်းမလဲဖြစ်နိုင်သည်ဟု ပြောနေပြန်၏။
ဤစကားဝိုင်း၌ ထွက်ပေါ်လာသော သတင်းအချက်အလက်များမှာ အနည်းငယ် များပြားနေပြီး စုယန် သူ့ဦးနှောက် အေးခဲသွားသလို ခံစားလိုက်ရသည်။
ချီထုန်းသည် ထိတ်လန့်နေသော စုယန်နှင့် ကုဖေးတိတို့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီးနောက် ဦးလေး ဖြစ်သူဘက်သို့လှည့်ကာ ရှင်းပြလိုက်လေသည်။
"ကျွန်တော်ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အရ
ယောက်ျားလေးထက်စာရင် မိန်းကလေးလုပ်တာက ပိုသင့်တော်လို့ပါ။ နောက်ပိုင်းမှာ အမေက
ညီလေး၊ ညီမလေးတွေ အများကြီး ထပ်မွေးခဲ့တယ်။ အသက် ကြီးလာတာနဲ့အမျှ နန်းတော်ထဲမှာ ခြေချဖို့ ခက်ခဲလာလိမ့်မယ်ဆိုတာ ကျွန်တော်လဲ သဘောပေါက်သွားပြီး နန်းတော်ထဲက
ထွက်လာခဲ့တော့တာပဲ"
ချင်ကျန်းယွဲ့၏ အမူအရာမှာ အနည်းငယ် ညှိုးငယ်သွားခဲ့သည်။
ချီထုန်းက ဆက်ပြောလေ၏။
"ဦးလေးခြောက်.. ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်စရာ မလိုပါဘူး။ နန်းတော်ထဲက ကျွန်တော်ထွက်လာတုန်းက ခမည်းတော်က အပြစ်ရှိတယ်လို့ ခံစားခဲ့ရတာကြောင့် ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးဖို့ သဘောတူခဲ့တယ်။ အခု ကျွန်တော် အဲဒီဆန္ဒကို ဖြည့်ဆည်းခိုင်းတော့မယ်။ ဦးလေးခြောက်နဲ့ အတူပါလာတဲ့..." ချီထုန်းက လော့ယွီအားကြည့်ကာ ဆက်ပြောသည်။
"... ဒီက အကြီးအကဲကလည်း တူညီတဲ့ ရည်မှန်းချက် ရှိမယ်လို့ ထင်တယ်"
ထိုသို့ဆိုပြီးနောက် ချီထုန်းက လော့ယင်၏
ပုခုံးကိုဖက်ကာ အနားသို့ ခေါ်ဆွဲလိုက်လေသည်။
"ဒီအကြီးအကဲက မင်းရဲ့ဦးလေးလား?"
လော့ယင်သည် အမူအရာမဲ့နေဆဲပင်။ သူသည်
လော့ယွီအား မျက်နှာချင်းဆိုင်လိုက်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။
"ဦးလေး"
လော့ယွီက သက်ပြင်းချလိုက်သည်။
"အဲဒီအချိန်တုန်းက ငါမင်းကို ဘာမှ အကူအညီ
မပေးနိုင်ခဲ့ဘူး။ မင်းငါ့ကို 'ဦးလေး' လို့
ခေါ်တာကိုကြားရတာ ငါတကယ်ရှက်မိပါတယ်"
လော့ယင်သည် မျက်လွှာချထားပြီး စကားမဆိုပါချေ။ သူ၏ စိတ်ခံစားချက်မှာ လွန်ခဲ့သော နှစ်ဝက်ကျော်ကထက်ပို၍ ဗလာဖြစ်နေသည်ဟု ထင်ရသည်။
သူတို့ကြားရှိ လေထုက အဆင်မပြေဖြစ်စွာ
တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
နောက်ဆုံးတွင် ချီထုန်းက ရယ်မောလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်လေ၏။
"ဟုတ်သားပဲ စုယန်..." သူက ကျဉ်းမြောင်းရှည်လျားသော သေတ္တာဘူးလေးတစ်ခုကို ထုတ်ကာ စုယန်အား ပေးလာသည်။
"ရှစ်ဇွင်းက မင်းဝတ်ထားဖို့ ပေးလိုက်တာ"
တုန်လှုပ်နေသော စုယန်သည် သတိပြန်ဝင်လာခဲ့သည်။ သူ့ခေါင်းထဲ၌ သူနှင့် လော့ယင်၏ နားမလည်နိုင်သေးသော ဆွေမျိုးတော်စပ်မှုကို ခဏမေ့ထားလိုက်ကာ သေတ္တာဘူးကို ဖွင့်ကြည့်လိုက်လေသည်။
သေတ္တာအတွင်းတွင် မီးတောက်နေသာ
ဇာမဏီပုံသဏ္ဍာန် ကျောက်စိမ်းဆွဲကြိုးတစ်ခု
ပါရှိလေသည်။ ၎င်းကို ဆုပ်ကိုင်လိုက်သောအခါတွင် နွေးထွေးမှုက သူ့လက်ဖဝါးမှတဆင့် စီးဆင်းလာလေ၏။
"ဒါက......" စုယန်က ချီထုန်းအား အံ့အားသင့်စွာ
ကြည့်လိုက်လေသည်။
ချီထုန်းက ဆို၏။
"ရှစ်ဇွင်းက ဘာလဲဆိုတာတော့ မပြောပြဘူး။ ဒါကို မင်းကိုယ်နဲ့မကွာ ဝတ်ထားရမယ်တဲ့။ မိစ္ဆာဂိုဏ်းကို ပြန်သွားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ရေခဲလွင်ပြင်ကို သွားရင်ပဲဖြစ်ဖြစ် လုံးဝမချွတ်ရဘူး"
စုယန် အံ့အားသင့်သွားရပြန်သည်။
"မိစ္ဆာဂိုဏ်းကို ဘာလို့ပြန်သွားရမှာလဲ? ငါက ကျောက်စိမ်းအိမ်တော်ကိုပဲ လာခဲ့တာလေ"
ချီထုန်းက ခေါင်းယမ်းကာ စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။
"ရှစ်ဇွင်းက မင်းတို့နှစ်ယောက် လုပ်သင့်တာတွေကိုပြောပြထားတယ်"
ကုဖေးတိက မျက်မှောင်ကြုတ်ကာ စာကိုဖွင့်ပြီး စုယန်နှင့်အတူ တိတ်တဆိတ် ဖတ်လိုက်သည်။ စာထဲတွင် -
"ဖေးဖေးနဲ့ စုစုက အရင်ဆုံး နတ်ဆိုးမြို့တော်ကို ပြန်သွားရမယ်။ ပြီးရင် ရေခဲလွင်ပြင်မှာရှိတဲ့
အဲ့လော့ကွေးဂိုဏ်းကို သွားရမယ်။ ဇာမဏီကျောက်စိမ်း မပျက်စီးသ၍ စုစုရဲ့ ခန္ဓာကိုယ်က အဆင်ပြေနေမှာပါ။ သူ အတွင်းအားကို သုံးမယ်
ဆိုရင်တောင် အဲဒါက သူ့ကို ကာကွယ်ပေးထားလိမ့်မယ်။ အဲ့လော့ကွေးရဲ့ မီးတောက်ဖြူကူက မင်းတို့ လိုအပ်နေတဲ့အရာပဲ။ အခွင့်အရေးက တစ်ခုပဲရှိပြီး လွဲချော်သွားရင် နောက်ထပ်မရနိုင်တော့ဘူး။ မှတ်ထားပါ... မြေရိုင်းလွင်ပြင်ကို ဝင်ကတည်းကစပြီး လက်တွဲ မဖြုတ်မိစေနဲ့။ ခဏလေးတောင် မခွဲခွာရဘူး"
_4.5.23
Thanks for reading ❣️
Zawgyi
အခန္း-၉၃ အခြင့္အလမ္းအသစ္တစ္ခု ေပၚေပါက္လာျခင္း။
[ေသတၱာထဲရွိ မီးေတာက္ေနေသာ ဇာမဏီေက်ာက္စိမ္းဆြဲႀကိဳး]
ေနာက္ေန႕မနက္၌ ေလျပင္းႏွင့္ ႏွင္းမ်ား ရပ္တန႔္သြားၿပီး လမ္းမေပၚ၌ ႏွင္းအစုအပုံမ်ား က်န္ရစ္ခဲ့ေလသည္။ ၎ႏွင္းမ်ားမွာ ေနေရာင္ေဖ်ာ့ေဖ်ာ့အား ေရာင္ျပန္ဟပ္ေနၿပီး လင္းလက္ ေတာက္ပေနေတာ့၏။
လမ္းမ်ားမွာ သြားလာရခက္ခဲေသာ္လည္း သူတို႔သည္ ခရီးဆက္ရန္ ဆုံးျဖတ္ထားဆဲျဖစ္သည္။ ကုေဖးတိသည္ စုယန္ႏွင့္အတူ ျမင္းတစ္ေကာင္တည္း မွ်ေဝစီးရန္ ဆုံးျဖတ္လိုက္သည္။ ထိုမွသာ စုယန္ေႏြးေထြးေစရန္ အလြယ္တကူ အတြင္းအား လႊဲေျပာင္းေပးနိုင္မည္ျဖစ္၏။
ထိုအခ်ိန္တြင္ အလယ္ပိုင္းလြင္ျပင္၏ ေျမာက္ပိုင္းရွိ အပူခ်ိန္သည္ အလြန္နိမ့္ပါးေနၿပီျဖစ္သည္။ ႏွင္းမ်ားသည္ မြန္းတည့္ခ်ိန္တြင္ အနည္းငယ္ အရည္ေပ်ာ္သြားေသာ္လည္း
မၾကာမီ ေနဝင္ရီတေရာအခ်ိန္၌ ေရခဲအျဖစ္သို႔ ျပန္လည္ေျပာင္းလဲသြားမည္ျဖစ္ေပသည္။
ကံေကာင္းေထာက္မစြာ လမ္းတေလွ်ာက္၌ ေနာက္ထပ္ ႏွင္းမုန္တိုင္းမ်ား ထပ္မေတြ႕ရပါေတာ့ေခ်။ သူတို႔သည္ ခ်င္းဝူခရိုင္သို႔မေရာက္မီ ငါးရက္ၾကာ ခရီးႏွင္ခဲ့ၾကရသည္။ ေနဝင္ခ်ိန္၏နီေဆြးေသာ အလင္းေရာင္ေအာက္၌ သူတို႔သည္ အေဝးရွိ ေမ့က်ဴးေတာင္၏ လွပေသာ ေတာင္ေၾကာကို စတင္ျမင္ေတြ႕ေနရၿပီ ျဖစ္သည္။
လမ္းတေလွ်ာက္လုံး ေျဖာင့္ေျဖာင့္တန္းတန္း ခရီးဆက္ကာ ႐ြာႏွင့္ၿမိဳ႕နယ္အမ်ားစုကို ေရွာင္ရွားခဲ့ေသာ္လည္း ထုန္းယြင္စံအိမ္သည္ မိစာၦဂိုဏ္းကို ေခ်မႈန္းရန္ အလယ္ပိုင္း လြင္ျပင္ရွိ တပ္ဖြဲ႕မ်ားကို စုေဆာင္းေနသည္ဟူေသာ
သတင္းသည္ စုယန္ႏွင့္ကုေဖးတိတို႔၏ နားထဲသို႔ ေရာက္ရွိလာဆဲျဖစ္သည္။
စုယန္သည္ အေစာကတည္းက ဇာတ္လမ္း
ဇာတ္ေၾကာင္းကို သိထားၿပီးျဖစ္ေသာေၾကာင့္ လုံးဝအံ့ၾသျခင္း မရွိပါေသာ္လည္း ကံၾကမၼာက ေရွာင္လႊဲ၍ မရသည့္အတြက္ စိတ္သာပ်က္မိေတာ့သည္။
ဆန႔္က်င္ဘက္အေနႏွင့္ ကုေဖးတိသည္ ဤသတင္းကို စတင္ၾကားသိရေသာအခါတြင္ အနည္းငယ္စိုးရိမ္သြားခဲ့သည္။ သူသည္ စုယန္ ေဒါသထြက္ၿပီး တုံ႕ျပန္မည္ကို စိတ္ပူေသာေၾကာင့္ သူ၏ အမူအရာကို တစ္ခ်ိန္လုံး ေစာင့္ၾကည့္ေနခဲ့၏။ သို႔ေသာ္ ေနာက္ပိုင္းတြင္
စုယန္က မိစာၦဂိုဏ္းအတြက္ လုံးဝပူပန္ျခင္း
မရွိသည္ကို သိလိုက္ရေလသည္။ မည္သို႔ပင္ဆိုေစစုယန္၏ဝိညာဥ္သည္ မိစာၦဂိုဏ္း၏သခင္ငယ္အစစ္ ဟုတ္မေနပါ။
ဘာပဲျဖစ္ျဖစ္ လက္ရွိအခ်ိန္မွာ သူတို႔ႏွစ္ေယာက္အတြက္ အေရးႀကီးဆုံးက စုယန္၏ ခႏၶာကိုယ္ အတြင္းက အလြန္ေအးစက္ေနတဲ့ အတြင္းအားမ်ားကို ေျဖရွင္းဖို႔ပင္။
စုယန္၏ျပႆနာကို ေျဖရွင္းနိုင္မွသာ သိုင္းေလာကႏွင့္ သိုင္းပညာအသိုင္းအဝိုင္း၏ အျငင္းပြားမႈမ်ားကို ဆက္လက္ ေတြးေတာနိုင္မည္ျဖစ္သည္။
ယခုအခ်ိန္တြင္ ေမ့က်ဴးေတာင္သည္ ျဖဴေဖြးေသာ ႏွင္းအလႊာမ်ားျဖင့္ ဖုံးလႊမ္းထားေလသည္။ တစ္ခ်ိန္က စိမ္းလန္းစိုေျပၿပီး က်ယ္ျပန႔္ေသာသစ္ေတာႀကီးသည္ အခ်ိန္အေတာ္ၾကာကတည္းက မွိန္ေဖ်ာ့သြားခဲ့ၿပီး ထူထပ္ေသာႏွင္းမ်ားႏွင္ ေျခာက္ေသြ႕ေသာ သစ္ပင္ပင္စည္မ်ားသာ က်န္ရစ္ခဲ့ေတာ့ေလ၏။ ၾကည့္ရသည္မွာ ေတာင္တျပင္လုံး၌ အျဖဴေရာင္သစ္ေတာ္သီးပြင့္မ်ား ပြင့္လန္းေနပုံရေလသည္။
စုယန္သည္ ေမ့က်ဴးေတာင္ကို ေအာင္ျမင္စြာ
တက္နိုင္ၿပီး ေက်ာက္စိမ္းအိမ္ေတာ္သို႔ သြားနိုင္ရန္ အတြက္ ထိုေန႕ညတြင္ ကုေဖးတိႏွင့္ ေနာက္တစ္ႀကိမ္ ႏွစ္ကိုယ္တူက်င့္ႀကံခဲ့ရ၏။ ေနာက္ေန႕မနက္ေစာေစာမွာ သူတို႔အုပ္စုသည္ ျမင္းေတြကို ထိန္းသိမ္းထားခဲ့ၿပီး သူတို႔၏အိတ္မ်ားကို ထုပ္ပိုးကာ ေတာင္ေပၚသို႔ ေျခလ်င္တက္ခဲ့ၾကေလသည္။
စုယန္သည္ သူ႕ပါးစပ္ထဲ၌ ႏွလုံးေႏြးေဆးကို ငုံထားၿပီး ကုေဖးတိ၏လက္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ကာေတာင္လမ္းတေလွ်ာက္ကို ေလွ်ာက္လွမ္းသြားခဲ့သည္။
ေနရာတစ္ခုသို႔ ေရာက္ေသာအခါ စုယန္၏ ေျခလွမ္းမ်ား ႐ုတ္တရက္ ရပ္တန႔္သြားခဲ့သည္။ သူက ကုေဖးတိကို လွည့္ၾကည့္ကာ ဆိုေလ၏။
"ငါဒီေနရာကို ေကာင္းေကာင္းမွတ္မိတယ္.. အထူးသျဖင့္ ဒီသစ္ပင္...."
ကုေဖးတိက စုယန္ရဲ႕လက္ကို ခပ္ဖြဖြညွစ္ရင္း ၿပဳံးလိုက္သည္။
"ဟုတ္တယ္.. ဒါ ကိုယ္တို႔ ပထမဆုံးအႀကိမ္
ေတြ႕ခဲ့တဲ့ ေနရာပဲ"
စုယန္သည္ သူတို႔ႏွစ္ေယာက္ ပထမဆုံးစေတြ႕တုန္းက ျဖစ္ပ်က္ခဲ့သည္မ်ားကို ျပန္ေတြးၾကည့္မိေသာအခါ ရယ္စရာေကာင္းသည္ဟု ခံစားလိုက္ရသည္။
ထိုအခ်ိန္က သူသည္ ဇာတ္လမ္းဇာတ္ေၾကာင္းကို အျပင္းအထန္လိုက္နာရန္ ႀကိဳးစားေနၿပီး
သူေတြ႕သမွ်လူတိုင္းကို စာ႐ြက္ေပၚရွိ ဇာတ္ေကာင္မ်ားအျဖစ္သာ သတ္မွတ္ထားခဲ့ေလသည္။ ဇာတ္ၫႊန္းမွ စကားလုံးအသုံးအႏႈန္းမ်ားကိုလည္း တိတိက်က် ႐ြတ္ဆိုရန္သာ ရည္႐ြယ္ထားခဲ့၏။ အဲဒီအခ်ိန္က သူသာ ကုေဖးတိေနရာမွာဆိုပါက သူ႕ကိုယ္သူဦးေႏွာက္ေခ်ာင္ေနေသာလူဟု မွတ္ယူမိမွာ အေသအခ်ာပင္။
"ဒါဆို အဲဒီတုန္းက.." ကုေဖးတိက စကားဆိုလာသည္။ "...ကိုယ့္ကို ဘာလို႔ ႏုပ်ိဳရနံ႕သာေဆးလုံး တိုက္ခဲ့တာလဲ?"
"ေသခ်ာေပါက္ မင္းရဲ႕အသက္ကို ကယ္ဖို႔ေပါ့"
စုယန္က ျပန္ေျဖ၏။
"အဲဒီအခ်ိန္က မင္းရဲ႕အေျခအေနက ေတာ္ေတာ္ ဆိုးေနတာေလ.. ေသေတာ့မလိုပဲ"
ကုေဖးတိ၏အၾကည့္သည္ တစ္ခ်ိန္က သူမွီခဲ့ေသာသစ္ပင္ေပၚသို႔ ေရာက္ရွိသြားသည္။
ခဏအၾကာမွာ သူက ေျပာလာသည္။
"အဲဒီတုန္းက ကိုယ္ မေသနိုင္ေသးပါဘူး။ ကိုယ့္ရဲ႕ က်င့္စဥ္က ဒဏ္ရာႀကီးႀကီးမားမားရသြားတဲ့အခါျပန္လည္ကုစားဖို႔ 'န်ဲ့ဖန္'ဆိုတဲ့ အေျခအေနကို အလိုလိုေရာက္သြားေရာ...အဲဒီအခါက်ရင္ အသက္ရႈ ေႏွးသြားၿပီး ေသေတာ့မယ့္ပုံေပါက္ေနေပမယ့္ အထဲမွာ အတြင္းအားေတြက လွည့္ပတ္ေနတုန္းပဲ"
စုယန္က သူ႕အား မ်က္ေစာင္းထိုးကာ ဆိုေလသည္။
"ဒါဆို ငါက ေဆးကို အလကားျဖဳန္းတီးမိခဲ့တာေပါ့"
"တကယ္ေတာ့ အဲဒါက အလကားမျဖစ္သြားပါဘူး.. တကယ္လို႔ ကိုယ့္အေပၚမွာ အဲ့ေဆးရဲ႕ ေမႊးရနံ႕သာမရွိခဲ့ရင္ ေျမေအာက္လွိုဏ္ဂူမွာ ပိတ္မိေနတုန္းက မိစာၦဂိုဏ္းကလူေတြ ကိုယ္တို႔ကို အဲ့ေလာက္ျမန္ျမန္ ရွာေတြ႕နိုင္ခဲ့မွာ မဟုတ္ဘူး"
ထိုအေၾကာင္းကို ျပန္ေတြးမိေသာအခါ စုယန္ အနည္းငယ္ ေဒါသ ထြက္သြားေလသည္။
"တကယ္လို႔ သူတို႔သာ ေပၚမလာခဲ့ရင္ မင္းလဲ ကူအဆိပ္ ကူးစက္ခံရမွာ မဟုတ္ဘူးေလ!"
ထိုစကားကိုၾကားေတာ့ ကုေဖးတိက ခဏတာ ႏႈတ္ဆိတ္သြားခဲ့သည္။ ေနာက္ေတာ့ သူက ေျပာလာပါ၏။
"ဟုတ္တယ္... ကိုယ္သာ ကူေသြးအဆိပ္ကို
မကူးစက္ခဲ့ဘူးဆိုရင္ မင္းလဲ ၾကက္ေသြးနီညွိုးႏြမ္းျခင္းကို ေလ့က်င့္ဖို႔လိုမွာမဟုတ္ဘူး"
"ဒါေပမယ့္ေလ.." သူက ဆက္ေျပာလာသည္။
"ကိုယ္သာ ကူအဆိပ္ကို ဘယ္တုန္းကမွ မကူးစက္ခဲ့ဘူးဆိုရင္ ကိုယ္မင္းနဲ႕အတူ မိစာၦဂိုဏ္းကို လိုက္ခဲ့မွာလဲ မဟုတ္သလို ကိုယ္တို႔ရဲ႕ ႏွလုံးသားေတြလဲ နီးစပ္ခြင့္ရခဲ့မွာမဟုတ္ဘူး"
သူက စုယန္၏ မ်က္လုံးမ်ားကို စိုက္ၾကည့္ရင္း
ခါးသီးျခင္း၊ ေပ်ာ္႐ႊင္ျခင္း မသဲကြဲစြာ ၿပဳံးလိုက္ေလ၏။
"အဲဒီတုန္းက ကိုယ္တြန႔္ဆုတ္ေနခဲ့တယ္......
ကိုယ္တို႔ရဲ႕ ေနာက္ခံေတြ အဖြဲ႕အစည္းေတြကလည္းမတူဘူး။ ၿပီးေတာ့ တစ္ေယာက္ခ်င္းစီမွာ ကိုယ့္တာဝန္ ဝတၱရားနဲ႕ကိုယ္ ရွိေနခဲ့တယ္ေလ။ ဒါေပမယ့္လည္း ကံေကာင္းစြာနဲ႕ ကိုယ္အခြင့္အေရးကို လက္လႊတ္မခံဘဲ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို ထုတ္ေျပာနိုင္ခဲ့တယ္"
စုယန္က ၿပဳံးလိုက္ၿပီး ဆိုေလသည္။
"ဒီအျဖစ္အပ်က္ေတြအားလုံးက ႀကိဳတင္စီစဥ္ထားတဲ့ အတိုင္းပဲ"
ကုေဖးတိက သက္ျပင္းတခ်က္ခ်လိဳက္ပါ၏။
"ကိုယ့္ကို ကူအဆိပ္ကူးေအာင္ လုပ္ခဲ့တဲ့သူကို ေက်းဇူးပဲ တင္ရမလား၊ မုန္းပဲမုန္းရမလားဆိုတာ မသိေတာ့ပါဘူး"
စုယန္က ကုေဖးတိ၏ လက္ေမာင္းကို သူ႕ပခုံးနဲ႕ ပြတ္သပ္ရင္း ႏူးညံ့စြာ ၿပဳံးလိုက္ေလသည္။
"စစ္မွန္တဲ့ အခ်စ္ခရီးလမ္းဆိုတာ ဘယ္ေတာ့မွ
မေျဖာင့္ျဖဴးနိုင္ပါဘူးေလ"
ထို႔ေနာက္တြင္ သူတို႔၏ ေျခေထာက္ေအာက္၌ သပ္သပ္ရပ္ရပ္ ခင္းက်င္းထားေသာ ေက်ာင္ျပားမ်ား ေပၚလာသည့္တိုင္ စကားမဆိုေတာ့ဘဲ ခရီးဆက္ခဲ့ၾကေလသည္။ မၾကာမီတြင္ ေက်ာင္စိမ္းအိမ္ေတာ္၏ ေတာင္တံခါးဆီသို႔ ဦးတည္သြားေသာ လမ္းကို ျမင္လိုက္ရေလ၏။
"ငါတို႔ ေက်ာက္စိမ္းအိမ္ေတာ္ရဲ႕ ေတာင္တံခါးဝမွာ ဒုတိယအေခါက္ေတြ႕တုန္းက မင္းက ေတာ္ေတာ္ေလး ေဒါသထြက္ေနခဲ့တာေနာ္"
စုယန္က မ်က္ခုံးပင့္ကာ ဆိုေလသည္။
"အဲဒီတုန္းက မင္း ငါ့လိုမိစာၦဂိုဏ္းကလူဆီက အကယ္ခံခဲ့ရလို႔ သိကၡာက်တယ္လို႔ ေတြးေနခဲ့တာမလား?"
ကုေဖးတိက ၿပဳံးလ်က္ ေခါင္းယမ္းလိုက္သည္။
"ဒါဆို မင္းက ဘာေတြစိတ္ဆိုးေနခဲ့တာလဲ?"
စုယန္က ေမးလိုက္၏။
ကုေဖးတိက အေဝးက ေက်ာက္ေလွကားထစ္မ်ားကို လွမ္းၾကည့္ရင္း ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ေလသည္။
"သိုင္းေလာကထဲမွာ မိစာၦဂိုဏ္းရဲ႕ သခင္ငယ္က ႐ုပ္ရည္ေခ်ာေမာတဲ့ ေယာက္်ားေလးေတြကို ႀကိဳက္တယ္ဆိုတဲ့ ေကာလဟာလေတြရွိတယ္။ ဒါေၾကာင့္ ကိုယ့္ကို ဘယ္ေတာ့မွ ထြက္မေျပးနိုင္ေအာင္ သားေကာင္အျဖစ္ ပစ္မွတ္ထားၿပီး ေဆးလုံးတိုက္ခဲ့တာလို႔ ထင္ခဲ့တာ"
စုယန္သည္ ထိုအခ်ိန္က သူ၏လုပ္ရပ္မ်ားအား
ကုေဖးတိက ေတာက္ေလွ်ာက္ လြဲမွားစြာ ေတြးေနခဲ့မည္ကို နားလည္သြားခဲ့သည္။ ၎မွာ ရယ္စရာ ေကာင္းသလို အနည္းငယ္ ရွက္စရာလည္း
ေကာင္းေနျပန္၏။
ကုေဖးတိကလည္း အနည္းငယ္ ရွက္႐ြံ႕သြားၿပီး ၿပဳံးလ်က္ ဆက္ေျပာသည္။
"အဲဒီတုန္းက ယြင္က်န္း၊လင္းယြင္နဲ႕ ကိုယ္တို႔အားလုံး မင္းကို အဲလိုပဲ ေတြးထင္ေနခဲ့တာေလ....."
"ငါမင္းအေပၚမွာ အဲ့လိုအေတြးရွိလိမ့္မယ္လို႔ တကယ္ထင္ေနခဲ့တာလား?" စုယန္က မ်က္ခုံးပင့္ကာ ေမးလိုက္သည္။
"ရႉး.." ကုေဖးတိက စုယန္၏ပါးစပ္ကိုဖုံးအုပ္ရန္
လက္ကိုအျမန္ထုတ္လိုက္ၿပီး ေရွ႕သို႔ ေက်ာ္ေလွ်ာက္သြားေသာ ေလာ့ယြီႏွင့္ ခ်င္က်န္းယြဲ႕ကို တစ္ခ်က္ ၾကည့္လိုက္ေလ၏။
ခ်င္က်န္းယြဲ႕ကေတာ့ နည္းနည္းေလးမွ တုံ႕ျပန္ပုံမေပၚေပ။ ေလာ့ယြီကမူ သူတို႔ႏွစ္ေယာက္ကို တစ္ခ်က္လွည့္ၾကည့္ၿပီးေနာက္ ေရွ႕သို႔ ဆက္သြားခဲ့သည္။ သူ၏ပခုံးမ်ားမွာ အနည္းငယ္တုန္ခါေနၿပီး ရယ္ေမာေနမွန္း သိသာေပ၏။
စုယန္သည္ ကုေဖးတိ၏လက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားၿပီး လူယုတ္မာအၿပဳံးၿပဳံးကာ အနားသို႔ တိုးကပ္လာခဲ့သည္။
"ဒီသခင္ငယ္က ႐ုပ္ေခ်ာတဲ့ ေကာင္ေလးေတြကို တကယ္ႀကိဳက္တယ္" စုယန္က သခင္ငယ္၏ အသြင္ႏွင့္ ေလသံကို အတုခိုးလိုက္ၿပီးဆိုေလ၏။
"မင္းငါ့လက္ထဲကေန ဘယ္ေတာ့မွ လြတ္ေျမာက္နိုင္မွာ မဟုတ္ဘူး"
ကုေဖးတိသည္ စုယန္၏ မ်က္လုံးမ်ားကို စိုက္ၾကည့္ရင္း မ်က္ႏွာနားသို႔ တိုးကပ္ကာ ခပ္တိုးတိုး ေျပာလိုက္ေလသည္။
"ကိုယ္က အေစာႀကီးကတည္းက မင္းရဲ႕အက်ဥ္းသား ျဖစ္ေနခဲ့တာ မမွတ္မိဘူးလား?"
ထိုသို႔ဆိုၿပီးေနာက္ သူက မ်က္လႊာခ်ကာ
စုယန္၏ နီျမန္းေနေသာ ႏႈတ္ခမ္းမ်ားကို နမ္းလိုက္ေလသည္။
စုယန္သည္ သူ၏ရႈံးနိမ့္သြားမႈကို လက္မခံနိုင္ဘဲ
ကုေဖးတိ၏ လည္တိုင္အား ဖက္တြယ္ကာ အနမ္းကို ပိုမိုနက္ရွိုင္းေစလိုက္သည္။
"အြန္း.. နည္းနည္းပူတယ္" ႏႈတ္ခမ္းမ်ား ကြဲကြာသြားေသာအခါ စုယန္က ဆိုလာသည္။
ကုေဖးတိက ႏူးညံ့စြာ ၿပဳံးလိုက္၏။
"ႏွလုံးေႏြးေဆးက အကုန္မေပ်ာ္ေသးဘူး။ ကိုယ့္ကိုကိုယ္ ထိန္းအုံး"
ႏွစ္ေယာက္သား လမ္းတေလွ်ာက္လုံး ခ်စ္ၾကည္ႏူး တစ္တီတူးေနသျဖင့္ ေလာ့ယြီႏွင့္ ခ်င္က်န္းယြဲ႕တို႔၏။ေနာက္တြင္ အလွမ္းေဝးစြာ က်န္ရစ္ခဲ့ေတာ့သည္။ ေနာက္ဆုံးတြင္ ကုေဖးတိသည္အႀကီးအကဲႏွစ္ေယာက္ကို အမွီလိုက္နိုင္ရန္
စုယန္အား ေက်ာပိုးလ်က္ သူ၏ကိုယ္ေဖာ့ပညာကို အသုံးျပဳခဲ့ရေလ၏။
ထိုမွသာ သူတို႔သည္ ေက်ာက္စိမ္းအိမ္ေတာ္၏ ေတာင္တံခါးသို႔ အတူတူေရာက္ရွိခဲ့ၾကသည္။
ထိုအခ်ိန္တြင္ ပုံရိပ္ႏွစ္ခုသည္ ေတာင္တံခါးအတြင္း ေက်ာက္ေလွကားထစ္မ်ားေပၚမွ ျဖည္းျဖည္းခ်င္းဆင္းသက္လာေလ၏။
ေလာ့ယင္သည္ မီးခိုးေရာင္အဝတ္အစားမ်ားကိုသာ ၀တ္ဆင္ထားဆဲျဖစ္ၿပီး ထုံးစံအတိုင္း သူ၏မ်က္ႏွာမွာ အလြန္တည္ၿငိမ္ကာ အမူအရာ ကင္းမဲ့ေနသည္။ ခ်ီထုန္းကမူ ၿပဳံး႐ႊင္စြာျဖင့္ ေနာက္မွ လိုက္ပါလာ၏။ သူသည္လဲ ခါတိုင္းလို အနီေရာင္ကိုသာ ၀တ္ဆင္ထားၿပီး ယခုအခ်ိန္အထိ ေယာက္်ား၊ မိန္းမ မခြဲျခားနိုင္ပါေခ်။
ခ်ီထုန္းသည္ လက္တြဲထားေသာ စုယန္ႏွင့္
ကုေဖးတိကို ျမင္ေသာအခါ အံ့အားသင့္စြာ
မ်က္ခုံးပင့္လိုက္သည္။ သူသည္ အႀကီးအကဲ
ႏွစ္ေယာက္ကိုပင္ မႏႈတ္ဆက္နိုင္ဘဲ ေက်ာ္ခြသြားကာ သူတို႔ႏွစ္ဦးရွိရာသို႔ တည့္တည့္မတ္မတ္ ေရာက္လာခဲ့ေလ၏။
"ငါတို႔ မေတြ႕ရတာ ႏွစ္ဝက္ေလာက္ရွိၿပီေနာ္။ မင္းတို႔ ႏွစ္ေယာက္က တကယ္ပဲ ဒီဆက္ဆံေရးျဖစ္ေနၿပီလား?ရွစ္ဇြင္းက ေနာက္ေနတာလို႔ပဲ ငါထင္ခဲ့တာ..... ေျပာစမ္းပါအုံး.. ဘယ္ကဘယ္လို စျဖစ္သြားတာလဲ? ငါအတိအက်သိခ်င္တယ္!"
ထိုစကားအနည္းငယ္ျဖင့္ စုယန္သည္ ေက်ာက္စိမ္းအိမ္ေတာ္မွ လြမ္းဆြတ္ဖြယ္ အေငြ႕အသက္မ်ားကို ျပန္လည္ခံစားလိုက္ရသည္။
ထိုအခ်ိန္က သူသည္ ဤကမာၻႀကီးကို လ်စ္လ်ဴရႈထားခဲ့ၿပီး တစ္ခုတည္းေသာ ပူပန္စရာမွာ စကၠန႔္ႏွင့္အမွ် ေလ့က်င့္ေနဖို႔ပင္။ သို႔ေသာ္ ေက်ာက္စိမ္းအိမ္ေတာ္မွ ထြက္ခြာၿပီးေနာက္ လက္တစ္ဆုပ္စာ အခ်ိန္သည္ ေက်ာက္စိမ္းအိမ္ေတာ္၌ ေနထိုင္ခဲ့သည့္ ႏွစ္ႏွစ္ထက္ပင္ ပို၍ရွည္လ်ားၿပီး ပင္ပန္းႏြမ္းနယ္လိမ့္မည္ဟု ဘယ္တုန္းကမွ မေတြးမိခဲ့ပါ။
စုယန္ စကားမဆိုနိုင္ခင္မွာပဲ ေဘးတြင္ရပ္ေနေသာ ခ်င္က်န္းယြဲ႕က မ်က္ေမွာင္ၾကဳတ္ကာ ဆိုလာေလသည္။
"သန္းယန္?"
ခ်ီထုန္းသည္ ခ်က္ခ်င္း လွည့္ၾကည့္လိုက္ၿပီး ခ်င္က်န္းယြဲ႕အား ေသခ်ာအကဲခတ္လိုက္ေလ၏။ ၿပီးသည္ႏွင့္ ထိတ္လန႔္တၾကား ထေအာ္ေတာ့သည္။
"ဦးေလးေျခာက္!"
ခ်င္က်န္းယြဲ႕သည္ ခ်ီထုန္းကို အခ်ိန္အေတာ္ၾကာ
ေလးေလးနက္နက္ စိုက္ၾကည့္ၿပီးေနာက္ ေမးလိုက္သည္။
"ေက်ာက္စိမ္းအိမ္ေတာ္ကို မင္းဘယ္လို
ေရာက္လာတာလဲ? မင္း ေယာက္်ားေလးလို
ဝတ္ထားတာလား!?"
သူ႕ေမးခြန္းက စုယန္ႏွင့္ ကုေဖးတိ ႏွစ္ေယာက္စလုံးကို အံ့ၾသသြားေစသည္။
ႏွစ္ႏွစ္ၾကာေအာင္ သူ႕ရဲ႕သ႐ုပ္မွန္ကို ဖုံးကြယ္ထားခဲ့တဲ့ ခ်ီထုန္းက တကယ္တမ္း မိန္းကေလးတစ္ေယာက္ျဖစ္ေနခဲ့တာလား?
ဤေမးခြန္းကိုၾကားေသာအခါ ခ်ီထုန္းက ၿပဳံးလိုက္ေလ၏။
"ဦးေလးေျခာက္က နန္းေတာ္ထဲက အေစာႀကီး ထြက္သြားခဲ့တာဆိုေတာ့ ကြၽန္ေတာ့္အေၾကာင္းကို ေကာင္းေကာင္းမသိဘူးပဲ။ တကယ္ေတာ့... ကြၽန္ေတာ္က ေယာက္်ားတစ္ေယာက္ပါ"
"ဒါေပမယ့္.... " ခ်င္က်န္းယြဲ႕က မယုံနိုင္စြာ မ်က္ေမွာင္ၾကဳတ္လိုက္ေလသည္။
"... မင္းရဲ႕ကိုယ္လုပ္ေတာ္မိခင္က မင္းကို ဘာလို႔ သမီးတစ္ေယာက္အျဖစ္ ႀကီးျပင္းေစခဲ့တာလဲ?"
ခ်ီထုန္း၏ ႏႈတ္ခမ္းမ်ားသည္ လွ်ို႔ဝွက္ဆန္းၾကယ္စြာ ၿပဳံးေနဆဲျဖစ္ၿပီး ေနာက္ထပ္ထြက္လာေသာ စကားမ်ားက လူကိုထိတ္လန႔္သြားေစသည္။
"ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က သမီးတစ္ေယာက္လဲ ျဖစ္နိုင္လို႔ေပါ့"
စုယန္သည္ အလြန္ပင္ ပေဟဋိ ျဖစ္သြားခဲ့သည္။
ခ်ီထုန္း၏ လိင္ကိစၥသာမက ၎တို႔ႏွစ္ဦး၏
စကားဝိုင္းတြင္ 'နန္းေတာ္မွ ထြက္ခြာသြားျခင္း' ႏွင့္ 'ကိုယ္လုပ္ေတာ္မိခင္' ဟူေသာ စကားလုံးမ်ားကိုလည္း ၾကားသိခဲ့ရသည္။
သူက ကုေဖးတိကို ေမးရန္ လွည့္ၾကည့္လိုက္ေသာ္လည္း အလားတူပင္ ကုေဖးတိလဲ အံ့ဩေနေၾကာင္းကို ေတြ႕ရွိခဲ့ရေလသည္။
လက္ရွိဧကရာဇ္မင္း၏မ်ိဳးရိုးအမည္မွာ 'ခ်င္' ျဖစ္သည္ကို လူတိုင္းသိၾကေသာ္လည္း
အဲ့ေလာ့ေကြး၏ ဂိုဏ္းမွ ခြဲထြက္ၿပီး ႏွင္းေတာင္ေပၚတြင္ သီးသန႔္ေနထိုင္ေနေသာသူႏွင့္ တစ္ခ်ိန္လုံး အတူရွိေနခဲ့သူမွာ ခ်င္မင္းဆက္၏ မင္းမ်ိဳးႏြယ္တစ္ဦး ျဖစ္ေနလိမ့္မည္ဟု မည္သူထင္မည္နည္း?
ခ်ီထုန္းက ခ်င္က်န္းယြဲ႕အား ဦးေလးေျခာက္ဟု ေခၚခဲ့သည္။ ၿပီးေတာ့သူက ေယာက္်ားလဲ ျဖစ္နိုင္သည္၊ မိန္းမလဲျဖစ္နိုင္သည္ဟု ေျပာေနျပန္၏။
ဤစကားဝိုင္း၌ ထြက္ေပၚလာေသာ သတင္းအခ်က္အလက္မ်ားမွာ အနည္းငယ္ မ်ားျပားေနၿပီး စုယန္ သူ႕ဦးေႏွာက္ ေအးခဲသြားသလို ခံစားလိုက္ရသည္။
ခ်ီထုန္းသည္ ထိတ္လန႔္ေနေသာ စုယန္ႏွင့္ ကုေဖးတိတို႔ကို တစ္ခ်က္ၾကည့္ကာ ၿပဳံးလိုက္ၿပီးေနာက္ ဦးေလး ျဖစ္သူဘက္သို႔လွည့္ကာ ရွင္းျပလိုက္ေလသည္။
"ကြၽန္ေတာ္ရဲ႕ ႐ုပ္ရည္နဲ႕ ခႏၶာကိုယ္အရ
ေယာက္်ားေလးထက္စာရင္ မိန္းကေလးလုပ္တာက ပိုသင့္ေတာ္လို႔ပါ။ ေနာက္ပိုင္းမွာ အေမက ညီေလး၊ ညီမေလးေတြ အမ်ားႀကီး ထပ္ေမြးခဲ့တယ္။ အသက္ ႀကီးလာတာနဲ႕အမွ် နန္းေတာ္ထဲမွာ ေျခခ်ဖိဳ႕ ခက္ခဲလာလိမ့္မယ္ဆိုတာ ကြၽန္ေတာ္လဲ သေဘာေပါက္သြားၿပီး နန္းေတာ္ထဲက
ထြက္လာခဲ့ေတာ့တာပဲ"
ခ်င္က်န္းယြဲ႕၏ အမူအရာမွာ အနည္းငယ္ ညွိုးငယ္သြားခဲ့သည္။
ခ်ီထုန္းက ဆက္ေျပာေလ၏။
"ဦးေလးေျခာက္.. ကြၽန္ေတာ့္အတြက္ စိတ္မေကာင္းျဖစ္စရာ မလိုပါဘူး။ နန္းေတာ္ထဲက ကြၽန္ေတာ္ထြက္လာတုန္းက ခမည္းေတာ္က အျပစ္ရွိတယ္လို႔ ခံစားခဲ့ရတာေၾကာင့္ ဆႏၵတစ္ခုကို ျဖည့္ဆည္းေပးဖို႔ သေဘာတူခဲ့တယ္။ အခု ကြၽန္ေတာ္ အဲဒီဆႏၵကို ျဖည့္ဆည္းခိုင္းေတာ့မယ္။ ဦးေလးေျခာက္နဲ႕ အတူပါလာတဲ့..." ခ်ီထုန္းက ေလာ့ယြီအားၾကည့္ကာ ဆက္ေျပာသည္။
"... ဒီက အႀကီးအကဲကလည္း တူညီတဲ့ ရည္မွန္းခ်က္ ရွိမယ္လို႔ ထင္တယ္"
ထိုသို႔ဆိုၿပီးေနာက္ ခ်ီထုန္းက ေလာ့ယင္၏ ပုခုံးကိုဖက္ကာ အနားသို႔ ေခၚဆြဲလိုက္ေလသည္။
"ဒီအႀကီးအကဲက မင္းရဲ႕ဦးေလးလား?"
ေလာ့ယင္သည္ အမူအရာမဲ့ေနဆဲပင္။ သူသည္
ေလာ့ယြီအား မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး လက္သီးဆုပ္ကာ ႏႈတ္ဆက္လိုက္ေလ၏။
"ဦးေလး"
ေလာ့ယြီက သက္ျပင္းခ်လိဳက္သည္။
"အဲဒီအခ်ိန္တုန္းက ငါမင္းကို ဘာမွ အကူအညီ
မေပးနိုင္ခဲ့ဘူး။ မင္းငါ့ကို 'ဦးေလး' လို႔
ေခၚတာကိုၾကားရတာ ငါတကယ္ရွက္မိပါတယ္"
ေလာ့ယင္သည္ မ်က္လႊာခ်ထားၿပီး စကားမဆိုပါေခ်။ သူ၏ စိတ္ခံစားခ်က္မွာ လြန္ခဲ့ေသာ ႏွစ္ဝက္ေက်ာ္ကထက္ပို၍ ဗလာျဖစ္ေနသည္ဟု ထင္ရသည္။
သူတို႔ၾကားရွိ ေလထုက အဆင္မေျပျဖစ္စြာ
တိတ္ဆိတ္ၿငိမ္သက္ေနခဲ့သည္။
ေနာက္ဆုံးတြင္ ခ်ီထုန္းက ရယ္ေမာလိုက္ၿပီး အေၾကာင္းအရာကို ေျပာင္းလဲလိုက္ေလ၏။
"ဟုတ္သားပဲ စုယန္..." သူက က်ဥ္းေျမာင္းရွည္လ်ားေသာ ေသတၱာဘူးေလးတစ္ခုကို ထုတ္ကာ စုယန္အား ေပးလာသည္။
"ရွစ္ဇြင္းက မင္းဝတ္ထားဖို႔ ေပးလိုက္တာ"
တုန္လႈပ္ေနေသာ စုယန္သည္ သတိျပန္ဝင္လာခဲ့သည္။ သူ႕ေခါင္းထဲ၌ သူႏွင့္ ေလာ့ယင္၏ နားမလည္နိုင္ေသးေသာ ေဆြမ်ိဳးေတာ္စပ္မႈကို ခဏေမ့ထားလိုက္ကာ ေသတၱာဘူးကို ဖြင့္ၾကည့္လိုက္ေလသည္။
ေသတၱာအတြင္းတြင္ မီးေတာက္ေနသာ
ဇာမဏီပုံသ႑ာန္ ေက်ာက္စိမ္းဆြဲႀကိဳးတစ္ခု
ပါရွိေလသည္။ ၎ကို ဆုပ္ကိုင္လိုက္ေသာအခါတြင္ ေႏြးေထြးမႈက သူ႕လက္ဖဝါးမွတဆင့္ စီးဆင္းလာေလ၏။
"ဒါက......" စုယန္က ခ်ီထုန္းအား အံ့အားသင့္စြာ
ၾကည့္လိုက္ေလသည္။
ခ်ီထုန္းက ဆို၏။
"ရွစ္ဇြင္းက ဘာလဲဆိုတာေတာ့ မေျပာျပဘူး။ ဒါကို မင္းကိုယ္နဲ႕မကြာ ဝတ္ထားရမယ္တဲ့။ မိစာၦဂိုဏ္းကို ျပန္သြားရင္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ေရခဲလြင္ျပင္ကို သြားရင္ပဲျဖစ္ျဖစ္ လုံးဝမခြၽတ္ရဘူး"
စုယန္ အံ့အားသင့္သြားရျပန္သည္။
"မိစာၦဂိုဏ္းကို ဘာလို႔ျပန္သြားရမွာလဲ? ငါက ေက်ာက္စိမ္းအိမ္ေတာ္ကိုပဲ လာခဲ့တာေလ"
ခ်ီထုန္းက ေခါင္းယမ္းကာ စာတစ္ေစာင္ကို ထုတ္ေပးလိုက္သည္။
"ရွစ္ဇြင္းက မင္းတို႔ႏွစ္ေယာက္ လုပ္သင့္တာေတြကိုေျပာျပထားတယ္"
ကုေဖးတိက မ်က္ေမွာင္ၾကဳတ္ကာ စာကိုဖြင့္ၿပီး စုယန္ႏွင့္အတူ တိတ္တဆိတ္ ဖတ္လိုက္သည္။ စာထဲတြင္ -
"ေဖးေဖးနဲ႕ စုစုက အရင္ဆုံး နတ္ဆိုးၿမိဳ႕ေတာ္ကို ျပန္သြားရမယ္။ ၿပီးရင္ ေရခဲလြင္ျပင္မွာရွိတဲ့ အဲ့ေလာ့ေကြးဂိုဏ္းကို သြားရမယ္။ ဇာမဏီေက်ာက္စိမ္း မပ်က္စီးသ၍ စုစုရဲ႕ ခႏၶာကိုယ္က အဆင္ေျပေနမွာပါ။ သူ အတြင္းအားကို သုံးမယ္ ဆိုရင္ေတာင္ အဲဒါက သူ႕ကို ကာကြယ္ေပးထားလိမ့္မယ္။ အဲ့ေလာ့ေကြးရဲ႕ မီးေတာက္ျဖဴကူက မင္းတို႔ လိုအပ္ေနတဲ့အရာပဲ။ အခြင့္အေရးက တစ္ခုပဲရွိၿပီး လြဲေခ်ာ္သြားရင္ ေနာက္ထပ္မရနိုင္ေတာ့ဘူး။ မွတ္ထားပါ... ေျမရိုင္းလြင္ျပင္ကို ဝင္ကတည္းကစၿပီး လက္တြဲ မျဖဳတ္မိေစနဲ႕။ ခဏေလးေတာင္ မခြဲခြာရဘူး"
_4.5.23
Thanks for reading ❣️