(13 .1)
'' အကိုကျောက် ၊ အကိုကျောက် ''
မူးဝေ နေစဥ်မှာ ပဲ ကျောင်ချင် က ကျိုးကောအာ ကို အသာလေး ခေါ်နေတဲ့ အသံကို ကြားလိုက်ရလေတယ်။
ကျောက်ချင် က မျက်မှောင်ကြုတ်ကာ မျက်လုံးတွေကို ဖွင့်လိုက်လေတယ်။ ကောင်းကင်ကြီးက တောက်ပ နေပြီးတော့ အပြင်ဘက်မှာတော့ မိုးရွာကျနေဆဲ ဖြစ်ကာ ကောင်းကင်ကြီး က မီးခိုးရောင် သန်းနေခဲ့လေတယ်။
ကျောက်ချင် နိုးလာပြီ ဆိုတာကို တွေ့တော့ ကျိုးကောအာ က သူ့ရဲ့ လက်ထဲက ပန်းကန်အထူလေးကို ကမ်းပေးလိုက်လေတယ်။
'' ရေတစ်ချို့ သောက်လိုက်အုံး ''
ကျေက်ချင် က သူ့ရဲ့ လည်ပင်း ဆီကို စိတ်ရောက် သွားလေတယ်။ လည်ပင်း က တစ်ကယ့်ကို ခြောက်သွေ့နေခဲ့လေတယ်။ သူက ရေခွက်ကို ယူကာ ပါးစပ်နဲ့ အပြည့် နှစ်ခါ တောင် သောက်လိုက် လေတယ်။
ရေသောက်ပြီးတဲ့နောက် သူက ဂူထဲက မြင်ကွင်းတွေကို သေချာ ရှင်းရှင်းလင်းလင်း မြင်ရလေတယ်။
ဂူထဲမှာ ဒယ်စောက်ကြီး တစ်ခု ရှိလေတယ်။ ရွာသား တွေက ဒီအချိန်မှာ ရိုးရှင်းတဲ့ မီးဖို တည်ဆောက် ပြီးတော့ ရေတွေကို ကျိုချက် နေကြလေတယ်။
ထိုနေရာမှာ မီးပုံ အသေးလေး လည်း ရှိနေပြီးတော့ လူတိုင်း က အဲ့နားကို ဝိုင်းရံနေကာ နွေးထွေးမှုနဲ့ အလင်းရောင် ကို ပေးစွမ်း နိုင်လေတယ်။
သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အမူအရာကို မြင်တော့ ကျိုးကောအာ က ရှင်းပြ လာလေတယ်။
''ဒါ က အရင် တုံးက ရွာလူကြီး နေခဲ့တဲ့ ဂူလေ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် လောက် ကလည်း အဲ့လို လှိုင်းကြီးဘူးတယ်။ ဒါကြောင့် ရွာသားတွေက ဒီနေရာ ဆီကို အိုးတွေနဲ့ ဒယ်စောက်တွေ လှူထား ကြတယ်လေ။ ဒါတွေက တကယ်ကို အသုံးဝင်လာခဲ့ တယ်လေ ''
ကျောက်ချင် က ခေါင်းငြိမ့်လိုက်တယ် ။ ကံကောင်းစွာနဲ့ ဒီနေရာမှာ ဒီပစ္စည်းတွေ ရှိနေလို့သာပေါ့ မဟုတ်လို့ ရှိရင် သူတိို့တော့ ရေပြဿနာနဲ့ ကြုံတွေ့ နေရအုံးမှာ။ ကျောက်ချင် က ထရပ်လိုက်ပြီးတော့ အပြင် က အခြေအနေကို သွားပြီးတော့ စစ်ဆေး လိုခဲ့တယ်။
ကျိုးကောအာ က ငှက်ပျောရွက်ကို ထုတ်ပေးလိုက်တယ်။ ကျောက်ချင်ကို ငှက်ပျောရွက် စောင်းပြီးဖို့ ထွက်ဖို့ကို ရိုးရိုး လေး ပြောချင်တာ ပဲ ဖြစ်လေတယ်။
သူက အဲ့ပေါ်မှာ မိုးရေစက်တွေကို တွေ့လိုက် ရတဲ့ အခါ ကျိုးကောအာ ရဲ့ အဝတ်စ ကို ထိကြည့်လိုက်လေတယ်။
'' မင်း အပြင်ကို ထွက်ခဲ့တာလား? ''
'' ဟုတ်တယ် ''
သူက ခေါင်းဆောင်းကို ဘေးဆီ ချလိုက်ပြီးတော့ ကျိုးကောအာ ရဲ့ ခြေထောက်ကို မသိလိုက်ပဲ ကြည့်မိလေတယ်။ ပြီးတော့ ကျောက်ချင် ရဲ့ မျက်ခုံးတွေ က စုကြုံ့ သွားလေတယ်။
'' မင်းမနေ့ က အမြန် ပြေးလာခဲ့ ရတယ်။ မင်းရဲ့ ခြေထောက်တွေ ဘယ်လို ဖြစ်နေပြီ လဲ ဆိုတာ ငါကြည့် ပါရစေ ''
ကျိုးကောအာ က အမြန်ပြောလိုက်တယ်။
'' ငါ အဲ့တာ ကို ကြည့်ပြီးပါပြီ။ ''
ကျောက်ချင် က ဒါကို သဘောမတူပေ။
'' အက်ကွဲရာ ဒဏ်ရာ က ထပ်ပြီးတော့ ပွင့်သွားနိုင်တယ်။ အဲ့အနာက စပြီးတော့ သွေးထွက် လာပြီ ဆိုရင် အဲ့တာ က မကောင်းတော့ဘူး။ ငါ သေချာ ဂရုစိုက် ပေးမှ ဖြစ်မယ်''
'' ငါ့ကို ကြည့်ခွင့်ပေးပါ ''
ကျောက်ချင် က ဆောင့်ကြောင့် ထိုင်ချ လိုက်ပြီးတော့ ကျိုးကောအာ ကိုလည်း ထိုင်ဖို့ ဆွဲဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် ကျိုးကော အာ က သူ့ကို ရှောင်ရှား လိုက်ပြီးတော့ လေးလံတဲ့ အသံနဲ့ ပြောလိုက်တယ်။
''အဲ့တာ ကို နောက်ကျ မှ သာ ကြည့်ပါ။ ခများ က ဟိုဘက် ဂူမှာ ရှိနေတဲ့ အကိုကြီး ဟော် ကို အရင်ဆုံး သွားတွေ့သင့်တယ် ''
ဟော်ဆန်းအာ လွတ်မြောက်ခဲ့လို့ ပထမဆုံး သူ စိတ်သက်သာရာ ရသွားလေတယ်။ နောက်တော့ သူ့ရဲ့ လက်တွေက ရပ်တန့် သွားတော့တယ်။
'' သူနဲ့ ပတ်သတ်ပြီး ဘာမှားနေလို့လဲ?''
ကျိုးကောအာ က ခေါင်းငုံ့လိုက် လေတယ်။ မျက်လွှာလေး ချကာ စကားဆက် မပြောတော့ ပါပေ။
ကျောက်ချင် က တစ်စုံတစ်ခု မကောင်းတော့ ဘူးလို့ ခံစားနေမိတယ်။ သူက မတ်တပ်ထရပ်လိုက် ပြီးတော့ ကျိုးကောအာ ရဲ့ မျက်နှာလေး ကို အသာလေး ချွေးသုတ် ပေးလိုက်လေတယ်။
'' ကိုယ်သွားပြီးရင် မကြာခင်ပဲ ပြန်လာခဲ့မယ်နော်။ မင်း လျှောက်ပတ် ပြီးတော့ ပြေးမနေနဲ့။ ရွာက လူတွေနဲ့ နေခဲ့နော် ''
ကျိုးကောအာ က ခေါင်းငြိမ့်လိုက်တယ်။
ကျောက်ချင် က သူ့ခေါင်းပေါ်မှာ ငှက်ပျောရွက်ကို ဆောင်းပြီးတော့ ဂူထဲကနေ ထွက်လာခဲ့လေတယ်။
အပြင်မှာ မိုးတွေက လေးလံစွာ ရွာနေဆဲ ဖြစ်ပြီးတော့ ဆောင်းဦးနှောင်းပိုင်း ရဲ့ အအေးဓာတ်တွေက သူ့ပေါ်ကို ကျဆင်းနေခဲ့လေတယ်။
ကျောက်ချင် က မထိန်းနိုင်ပဲ တုန်ရီ သွားတော့တယ်။ ကံကောင်းထောက်မ လို့ မနေ့ည က ထွက်ပြေး လာချိန်မှာ အဝတ်ထူတွေကို သူနဲ့အတူ ယူလာခဲ့ပေလို့ပေါ့။
သူက အအေးမိမှာ ကို ကြောက်မိနေပေမယ့် အခုချိန်မှာတော့ သူက အအေးဒဏ်ကိုလည်း ကြောက်မနေနိုင်တော့ပေ။ သစ်ရွက်တွေနဲ့ ရောနေတဲ့ ရေတွေကို နင်းပြီးတော့ နောက်ဂူ တစ်ခု ဆီကို သွားနေခဲ့လေတယ်။
ဂူ နှစ်ခု က သိပ်ပြီးတော့ မဝေးခဲ့ပါပေ။ လေးမိနစ် သို့မဟုတ် ၅ မိနစ်လောက်ပဲ လျောက်ရလေတယ်။ ဒါပေမယ့် သူက လမ်းမသိတဲ့ အတွက်ကြောင့် အစောက ကျိုးကောအာ ညွှန်ပေးလိုက်တဲ့ လမ်းအတိုင်း သာ လာခဲ့ရလေတယ်။
သူက ဂူကို ရှာတွေ့တဲ့ အခါ သူ့ရဲ့ ဖိနပ်တစ်စုံ က ရေစိုနေပါပြီ။ ဂူရဲ့ ဝင်ပေါက် မှာ ဟော်ဆန်းအာ က ထိုင်နေခဲ့လေတယ်။ ဒါ့အပြင် သူ့ရဲ့ ဘေးမှာလဲ ကောင်မလေး အငယ်လေး တစ်ယောက် ရှိကာ သူမရဲ့ မျက်လုံး တွေ ကတော့ ငိုထားလို့ နီရဲနေခဲ့ ပါတယ်။ အခုချိန်မှာ တော့ ဒီလို မြင်ကွင်း မျိုးက သိပ်ပြီးတော့ အံ့သြစရာတော့ မဟုတ်ခဲ့ပါပေ။
ထိုဂူထဲမှာတော့ လူတိုင်းရဲ့ မျက်လုံး တွေက နီရဲနေခဲ့လေတယ်။ အမျိုးသားတွေက ကာကွယ်ပေးရမယ့် သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားပေမယ့် မျက်လုံးတွေ ကတော့ အနည်းငယ် နီရဲနေဆဲပါ။ သူတို့က မသက်မသာ ဖြစ်သလို ခံစားနေရရင်တောင်မှ ပဲ အဲ့တာတွေကို သိသာအောင် ထုတ်မပြနိုင်ပါပေ။ ဒါပေမယ့် အမျိုးသမီး တွေ နဲ့ ကတော့ ကွဲပြားလေတယ်။
သူတို့က အားနည်းတဲ့ သူတွေ ဖြစ်တဲ့ အတွက် တကယ်လို့ သူတို့ ငိုချင်ရင်တောင် ထုတ်ပြီးတော့ ငိုလို့ ရလေတယ်။
အဆုံးမှာတော့ အမျိုးသားတွေ က ပိုပြီးတော့ မသက်မသာ ခံစား ရလေတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က ခံစားချက်တွေ ကို ထုတ်ပြီး ငိုလိုက်လို့ မရလို့ပဲ ဖြစ်လေတယ်။
ကျောက်ချင် က ဂူ အရှေ့မှာ တစ်ခဏ ရပ်နေ လေတယ်။ ပြီးတော့ ဟော်ဆန်းအာ ရဲ့ မျက်လုံးတွေ က အဲ့နှစ် သူ့ဆွေမျိုးတွေကို ဆုံးရှုံးလိုက်ရ သလို ဗလာအကြည့်တွေ ပေါ်နေတာကို တွေ့လိုက်ရလေတယ်။
ဟော်ဆန်းအာက ကျောက်ချင် လာမှန်း သိပေမယ့် သူက မော့မကြည့်ခဲ့ပေ။ ကောင်မလေး က ကျောက်ချင်ကို မော့ကြည့်ကာ နေရာကနေ ထသွားပြီးတော့ ဂူထဲကို ဝင်လိုက်တယ်။ ကျောက်ချင် က ဟော်ဆန်းအာ ဘေးကို ဝင်ပြီးတော့ ထိုင်လိုက်လေတယ်။
'' ဘာကိစ္စ ဖြစ်လို့လဲ? ''
ဟော်ဆန်းအာ ရဲ့ အသံက အက်ကွဲနေခဲ့တယ်။ ပြီးတော့ သူ့မျက်လုံး အောက်က အမဲတွေက သူဟာ တစ်ညလုံး မအိပ်ပဲ နေခဲ့တယ် ဆို တာပြသနေခဲ့တယ်။
''ငါ့အဖေ နဲ့ ငါ့အမေ က မပြေးနိုင်ခဲ့ဘူး ''
သူ့ရဲ့စကားသံက တိုးသွားကာ အဆုံးမှာတော့ ဝမ်းနည်းသံ စွတ် နေခဲ့တယ်။
အမှန်တော့ ကျောက်ချင် က အချက် တစ်ချို့ကို သိထားပါတယ်။ အရင်က ကျိုးကောအာ ပြောပြလို့ ဟော်အဖေနဲ့ ဟော်အမေ တို့က ကျန်းမာ ရေး မကောင်းဘူး ဆိုတာ ကို သိလေတယ်။ သူတို့က အသက်ကြီးပိုင်းထဲကို ရောက်နေပြီ ဖြစ်တယ်။ ဒီလောက်အေးတဲ့ ဆောင်းညမှာ သူတို့က ဘယ်လိုလုပ်ပြေး နိုင်မှာ တဲ့လဲ။ တကယ်လို့ သူတို့ ကြိုတင်ပြင် ဆင်ထားရင် တောင်မှပေါ့။
ဟော်ဆန်းအာ က သူ့ကိုယ်သူ အပြစ်တင်နေတာ ကို တွေ့လိုက်ရတော့ ကျောက်ချင် က အရင်တုံးက သူ့ကို ပြန်တွေ့လိုက်ရ သလိုပဲ။
ကပ်ဘေး တစ်ခု ဖြစ်ပွားလာရင် တစ်စုံတစ်ယောက် ကတော့ သေမှာပဲလေ။ တကယ်လို့ဆုံးပါး တဲ့ သူက သူနဲ့ ဘာမှ မဆိုင်ရင်တောင်မှ သူက အများဆုံး သက်ပြင်းချ တာ ပဲ တက်နိုင်လေတယ်။
တကယ်လို့ ဆုံးပါးတဲ့ သူက သူနဲ့ဆိုင်တဲ့ သူ ဖြစ်တယ်ဆိုရင်တော့ သူ့နှလုံးသား ထဲက ဝမ်းနည်း မှုက ပိုပြီးတော့ သန်မာလာ မှာပဲ ဖြစ်လေတယ်။
သူက ဟော်ဆန်းအာ ရဲ့ ပုခုံးကို ပုတ်လိုက်လေတယ်။
'' မင်းမိဘတွေက မင်းညီမလေး ကို ကောင်းကောင်း ဂရုစိုက် ခိုင်းလိုက်တယ် မလား။ နိုးထ စမ်းပါ။ ကလေးမလေး ကို မင်းကြောင့်နဲ့ မစိုးရိမ်ရ စေနဲ့ကွာ''
အလင်းရောင် တစ်ခု က ဟော်ဆန်းအာ ရဲ့ ဗလာ ဖြစ်နေတဲ့ မျက်လုံးထဲမှာ တောက်ပ သွားပြီး တော့ ကျောက်ချင် ကို ပြန်ကြည့်လာတယ်။ ပြီးတော့ ဂူထဲမှာ ဒူးလေးပိုက်ကာ ခေါင်းလေး ငုံ့တင်ထားတဲ့ ကောင်မလေး ကို တစ်ချက် ကြည့်လာတယ်။
'' အသက်ရှင် ကျန်နေခဲ့တဲ့ လူတွေ က ပိုပြီးတော့ ခံစားရတယ်ကွ ''
ဟော်ဆန်းအာ က ထရပ်လိုက်ကာ အထဲက ဟော်လင်းလင်း ဆီကို လမ်းလျောက် သွားလိုက်လေတယ်။
'' လင်းလင်း အဲ့တာတွေက အဆင်ပြေသွား ပါပြီ။ အကိုကြီး ရှိတယ်နော် ''
ကောင်မလေး ငယ်လေး က ရေတစ်ပုံးစာလောက် ငိုပြီးတော့ ဟော်ဆန်းအာ ရဲ့ ရင်ခွင်ထဲကို ပစ်ဝင်လာခဲ့တယ်။
ကလေးမလေး က ဟော်ဆန်းအာကို ဖက်ထားလေတယ်။ ကျောက်ချင် က ဒီမြင်ကွင်းကို ကြည့်ရင်းနဲ့ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရတယ်။
.....................
ဟက်ပီးဘက်ဒေး တူမီ 😝❤