(11. 2)
ကမ်းခြေ ဆီကို ပြန် ရောက်တော့ သူက လှေကို ချည်ကာ သူ့ရဲ့ခါးနဲ့ ခေါင်းကို အညောင်းဖြေကာ ကြည့်လိုက်တယ်။ အဲ့အချိန်မှာ တံငါသည်တွေ အများကြီး ကလည်း ငါးဖမ်းလှေ တွေကို ပြန်လည်ပြီးတော့ စုစည်း လာပြီ ပဲ ဖြစ်လေတယ်။ ကျောက်ချင် က လာကြိုနေကြတဲ့ လူအုပ်ထဲကို ပုံရိပ်လေး တစ်ခု အား လိုက်ရှာနေခဲ့တယ်။
သူက ကျိုးကောအာ ကို မြင်ချင် ပေမယ့် ကျိုးကောအာ အနာကြီးနဲ့ သူ့ကို လာကြိုမှာ ကိုလည်း စိုးရိမ် မိပြန်တယ်။ နောက်ဆုံးမှာတော့ ကျိုးကောအာ ကို မတွေ့တဲ့ အတွက်ကြောင့် ကျောက်ချင် က အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက် ရပြန်တယ်။
'' ငါးဖမ်း ပြန်လာပြီ ပေါ့? ''
မေးခွန်း မေးတဲ့ အသံကြားလို့ လှည့်ကြည့်လိုက်ချိန်မှာ ဒီနေ့ ငါးဖမ်းထွက်တုံး က တွေ့ခဲ့တဲ့ အဖိုးကြီး က သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။
သူ့စိတ် ထဲမှာတော့ ဒီလူ အတွက် ဘာထင်မြင်ချက် မှ မရှိပေ။ ဒါကြောင့် အသံတစ်ချို့ ပြုကာ ဟုတ်ကြောင်း ပြလိုက်တယ်။
သူ့ရဲ့ မျက်နှာ က မပြောင်းလဲ ပဲ ရှိနေပေမယ့် ထိုလူကြီး ကတော့ ထွက်သွားဖို့ စိတ်ကူးမရှိပဲ သူ့ကို စကားဆက်ပြောနေခဲ့တယ်။
''ငါးတွေ အများကြီး တောင် ဖမ်းမိခဲ့သေးတယ်ပေါ့! မင်းက ရေမှော်တွေ အများကြီးကို ဘယ်နေရာ ကနေ ခူးလာတာလဲ? ''
ကျောက်ချင် က ငါးခြင်းတောင်းနဲ့ ရေမှော် ခြင်းတောင်း တို့ကို ဖုံးကွယ်ထား ခြင်း မရှိပဲနဲ့ လှေပေါ်ကနေ ရွေ့လိုက်လေတယ်။
'' တံငါရွာ ဧရိယာ အလွန် အရှေ့တည့်တည့်မှာ ပင်လယ် ကျောက်တန်း အသေးလေး ရှိတယ်။ ရေမှော်တွေ ကလည်း အဲ့က ခူးတာ ငါးက လည်း အဲ့က ဖမ်းလာတာ ''
'' အန္တရယ် ရှိလောက်တဲ့ အထိ ဝေးတာပဲ ''
လူအိုကြီးက သူ့ရဲ့ ငါးတွေ ပြည့်နေတဲ့ တောင်း ကို မနာလိုစွာ ကြည့်ပြီးတော့ ပင်လယ်ရဲ့ အဝေးတစ်နေရာ ကို ကျောက်ရွံ့စွာ ကြည့်လိုက်လေတယ်။
တစ်ခဏ ကြာတော့ လူငယ် တစ်ယောက် က ကမ်းခြေ ကနေ ပြေးလာခဲ့တယ်။
'' အဖေ ၊ ကျုပ် လှေကို ဆွဲပြီးသွားပြီ။ ဒီနေ့ ရိတ်သိမ်း မှု က ဘယ်လိုလဲ? ''
ကျောက်ချင် က အခုမှ ရောက်လာတဲ့ သူကို ကြည့်လိုက်တယ်။ သူ့ အပေါ် သူ့မှာ ထင်မြင်ချက် တစ်ချို့ ရှိလေတယ်။
ကျောက်ချင် ကမ်းခြေမှာ စ နိုးလာတုံး က ဘေးကနေ ရပ်ကြည့်နေ တဲ့ သူထဲမှာ ထိုလူလည်း ပါနေလေတယ်။ ဒီနေရာက ရှိတဲ့ လူတွေနဲ့ ဒီလူငယ် က သိပ်ပြီးတော့ မတူတဲ့ ပုံပေါ်လေတယ်။
အရင်တုံးက မူလ ကိုယ်ဟာ ဆန်ကုန်မြေလေး တစ်ယောက် ဖြစ်ခဲ့ပြီးတော့ လူတိုင်းရဲ့ စိတ်ထဲမှာ မကောင်းတဲ့ ကောင်အဖြစ် သတ်မှတ် ခံထားရပေမယ့် သူ့ကို ကယ်ဆယ်ပေးတဲ့ ဟော်ဆန်းအာ တို့ ရှိလေတယ်။ ဒါပေမယ့် ကမ်းခြေရောက်တော့ မူလ ကိုယ်ရဲ့ ခြေထောက် တစ်ဖက် ထဲကို ဆွဲလာ ပြီးတော့ မူလ ကိုယ်ရဲ့ မျက်နှာကို ရေတွေ အများကြီး ဝင်စေတဲ့ ကောင်က ထိုလူငယ်ပဲ ဆိုတာ ကျောက်ချင် သိနေလေတယ်။ ပြီးတော့ နိုးလာတဲ့ အခါ မှာလည်း အထက်ဆီး ကနေ သူ့ကို ကြည့်နေတာ ကိုလည်း ကျောက်ချင် ရှင်းရှင်း လင်းလင်း မှတ်မိသေးတယ်။
သူက ဒီလိုလူမျိုးတွေနဲ့ စကားဆက် မပြော ချင်တာ ကြောင့် သူ့ရဲ့ အထုတ်အပိုးတွေကို သိမ်းဆည်းကာ ပြန်ဖို့ ပြင်လိုက်လေတယ်။
'' အယ် အယ် အဲ့တာ က ကျောက်ချင် မဟုတ်လား?''
ရွှယ်ယောင် က သူ့ရဲ့ ခြင်းတောင်းကို ရုတ်တရက်ကြီး ဆုပ်ကိုင်လိုက်တယ်။
'' ဟေး ဒီငါးတွေက မင်း ဖမ်းခဲ့တာ တွေ ပေါ့လေ? ''
ကျောက်ချင် ကဝေးရာ မှာ နေပြီးတော့ ခြင်းတောင်း ပေါ်က လက်တစ်ဖက်ကို ပုတ်ချ လိုက်တယ်။
'' ပြဿနာ တစ်ခုခု ရှိလို့လား? ''
ရွယ်ယောင် က ရယ်လေတယ်။
'' ပြဿနာ မရှိပါဘူး ။ မင်းက ဒီလောက် ရေမှော်တွေ စားနိုင်မလား ဆိုတာ ကို ငါ ကြည့်နေတာလေ ''
သူက ပြောပြီးတာနဲ့ လက်နဲ့ အပြည့် ရေမှော်တွေကို ယူလိုက် လေတယ်။
ကျောက်ချင် က နားကို မလည်နိုင်တော့ပေ။
အဲ့လူက သူ့ဆီကနေ ရေမှော် တောင်းချင် နေတာလား။
ဒါပေမယ့် သူနဲ့ အဲ့ကောင် က ဘာဆိုင်လို့ လဲ?
တကယ်လို့ ပင်လယ်ထဲ ထွက်ပြီး သေမှာကို ကြောက်ရင် မစားနဲ့ပေါ့ ။
'' အဲ့တာ တွေနဲ့ ပတ်သက်ပြီး တော့ မင်းရဲ့ စိတ်ပူစရာ အကြောင်း တစ်စက်တောင် မရှိဘူး ''
သူက ရေမှော်တွေကို ပြန်ယူလိုက်ပြီးတော့ ခြင်းတောင်းထဲ ပြန်ထည့်လိုက်တယ်။ ပြီးတော့ သူ့ရှေ့မှာ ပိတ်ရပ်နေတဲ့ ရွယ်ယောင် ကို လက်နဲ့ တွန်းပစ်ကာ အိမ်ကို ဦးတည်လိုက်တော့တယ်။
ရွယ်ယောင် က အော်လိုက်ကာ နာကျင်သွားတဲ့ သူ့ရဲ့ပုခုံး ကို ကိုင်လိုက်ပြီးတော့ ကျောက်ချင် ရဲ့ နောက်ကျော ကို တံတွေး လှမ်းထွေးလိုက်တယ်။
'' အဲ့ဒါက ငါးလေး တစ်ချို့ပဲ မဟုတ်ဘူး လား။ သူ့ကို ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ''
လူအိုကြီး ရွယ်ဝေ က ပြောလိုက် တယ်။
'' ဒါပေမယ့် သူ့ကို ကြည့်ရတာ အရမ်းထူးဆန်းနေတယ်။ အရင်က အပျင်းကြီးတဲ့ လူက ရုတ်တရက်ကြီး လုံ့လ ဝီရိယ ရှိသွားတယ်။ သူက ရွာရဲ့ ဧရိယာ ထက်ကို ကျော်လွန်ပြီးတော့ ငါးဖမ်း သွားရဲတယ်။ သူက လှေပေါ်ကနေ ပြုတ်ကျ ပြီးတဲ့နောက် သူက အကြောင်းအရင်း တစ်ချို့ကြောင့် ပိုပိုပြီး တော့ ထူးဆန်းလာတာ ပဲကွ''
''ဟေး သူသာ သေရမှာ မကြောက်ဘူး ကိစ္စမရှိဘူး ဆိုရင် သေသွားတာ အကောင်းဆုံး ပဲ။ အဲ့ကျရင် သူ့အိမ်က ကျိုးကောအာ ကို ငါတို့အိမ်ဆီ ခေါ်လာလိုက်မယ် ''
ရွယ်ယောင် က ညစ်ညမ်းစွာ ရယ်ကာ ပြောလိုက်တယ်။
လူအိုကြီး ရွယ် က ဆူပူလိုက်တယ်။
'' မင်းမှာ အခွင့်အရေး ရှိလို့လား။ ဟွမ်ဟွား က ကောင်းတဲ့ မိန်းမ မဟုတ်ဘူး။ မင်းကို ကောတစ်ယောက် ယူခိုင်းမယ်များ ထင်နေသလား ''
'' အဖေက ဘာသိလို့လဲ! ''
ရွယ်ယောင် က သူ့အဖေ ကို မကျေမနပ်နဲ့ ပြန်အော်လိုက်တယ်။
သူ့အဖေ က ဘာမှ နားမလည်ပဲနဲ့။
ကျောက်ချင် က လှေမှောက်သေရင် ကျိုးကောအာ က ကူကယ်ရာမရှိတော့ပဲ သူ့ဆီကို အမြှောင်မယား အဖြစ် လာရလိမ့်မယ်။ အဲ့အခါ ဟွမ်ဟွား ဆိုတဲ့ မိန်းမကြီးရဲ့ သမီးက သူ့ကို တားနိုင်စွမ်း ရှိလို့လား ။ မယားကြီးနေရာ ကနေ ယူတာမှ မဟုတ်တာ။
( ဆုတောင်း လေ)
ကျောက်ချင် အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ ကျိုးကောအာ က အိမ်ရှေ့က ရေမှော်တွေကို ပြန်စု နေလေတယ်။ သူက ပါးစပ်ကို ဖွင့်လိုက် ပေမယ့် နောက်ဆုံးမှာတော့ စကား မပြောခဲ့ ပါပေ။
ကျောက်ချင် က ရေမှော်တွေကို မြေပြင်ပေါ် ချပေးခဲ့ ပြီးတော့ ငါးတွေကိုတော့ အိမ်အနောက် ဘက်ဆီ သယ်သွား ခဲ့လေတယ်။
ကျောက်ချင်လည်း အနောက်ကနေ ပြန်ထွက်လာရော ကျိုးကောအာ က အိမ်ထဲကို ပြန်ရောက်နေ ပြီပဲ ဖြစ်လေတယ်။ ကျောက်ချင်ဟာ အိမ်ရှေ့က တံစက်မြိတ် လေးမှာ ခါးလေးကုန်းရင်း ရေမှော် အသစ်တွေကို ဖြန့်ခင်းနေရင်း သက်ပြင်းချ နေခဲ့တယ်။
သူ့နောက်ကျော ပေါ် ခြင်းတောင်းထဲက ရေမှော်တွေ အကုန်ခင်းပြီးတဲ့နောက် အိမ်ထဲ ကနေ ကျိုးကောအာ ရဲ့ အကိုကြီးကျောက် လို့ ခေါ်တဲ့ အသံကို ကြားလိုက်ရတယ်။
ကျောက်ချင် က သူနားကြားမှားတာ လို့ပဲ ထင်လိုက်မိတယ်။
သူ့ခေါင်းကို မော့လိုက်တဲ့ အခါ ကျိုးကောအာ က သူ့ရှေ့မှာ ဝိုင်ပုလင်း တစ်ခု ကို ကမ်းပေးနေတာ တွေ့လိုက်ရတယ်။
'' ငါ့အတွက် လား?''
ကျိုးကောအာ က ခေါင်းငြိမ့် ပြတယ်။
သူက လက်ကို ဆန့်ထုတ်ပြီးတော့ ယူလိုက်တယ်။ အိုး က အတော်လေး တာပဲ။ အထဲက ဝိုင်တွေနဲ့ ပြည့်နေမှာ အသေချာပဲ။ သူက မထိန်းနိုင်ပဲ အံဩသွားတယ်။
'' ဝိုင်က ဘယ်ကရတာလဲ?''
ကျိုးကောအာ က သူ့ရဲ့ ခေါင်းကို ချက်ချင်း ငုံ့လိုက်တယ်။
'' ငါ လှည်းဆရာကို ကူပြီးတော့ ဝယ်လာခဲ့ပေး ဖို့ တောင်းဆို လိုက်တာပါ ''
ပြောနေရင်း နဲ့ သူက နောက်ထပ် စာကြောင်း ကိုလည်း ထပ်ပြီးတော့ ပေါင်းထည့်လိုက်တယ်။
'' အရင်တစ်ခါက ခများရဲ့ ဝိုင်ကို ပိုးသတ်ဖို့ သုံးမိတော့ အဲ့အစား ပြန်ပေးတာပါ ''
'' ငါက အများကြီး သောက်ရတာ ကို မကြိုက်ဘူး ''
သူလည်း အဲ့တာ ကို ပြောလိုက်ရော ကျိုးကောအာ ရဲ့ မျက်နှာ ပြောင်းသွားတာ ကို တွေ့တော့ သူမှားသွားပြီ ဆိုတာ ကျောက်ချင် သိလိုက်တယ်။
အဆုံးမှာတော့ သူ့ရဲ့ အသံက တင်းမာ သွားပြီးတော့ သူဟာ အနာဂတ်မှာ အရက်တွေ အများကြီး မသောက်တော့ ဘူးလို့ ရှင်းပြလိုတာ ပဲ ဖြစ်လေတယ်။
ဒါပေမယ့် သူ့ပါးစပ် ကနေ ထွက်တဲ့ အချိန်မှာတော့ ပြောလိုတာ က ပြောင်းလဲ သွားမယ်လို့ သူ မထင်မိခဲ့ပေ။
သူက ဝိုင်အိုး ကို လှုပ်လိုက်ပြီးတော့ အမြန်ပဲ ကျေးဇူး တင်လိုက်တယ်။
'' ဒါဆိုလည်း ကျေးဇူး ပဲ''
ကျိုးကောအာ က ခပ်ဖျော့ဖျော့လေး သာ တုံ့ပြန်ပြီးတော့ ပြန်လှည့် ကာ အိမ်ထဲ ဝင်သွားတော့တယ်။
ကျောက်ချင် က နေရာမှာ တင် ဝိုင်အိုး ကို ကိုင်ရင်း ရပ်နေကာ သေးသွယ်တဲ့ လူငယ်လေး ကို ကြည့်နေခဲ့တယ်။
ဆိုလိုတာ က သူ့ကို ကောင်လေး က စိတ်ဆိုးတာ စိတ်ကုန်တာ မရှိတော့ဘူး လို့ ပြောချင်တာ မဟုတ် လား?
'' ရှောက်ယု ''
'' ဟမ်? ''
ကျိုးကောအာ က ခေါင်းကို လှည့်ကာ သူ့ကို ပြန်ကြည့်လာတယ်။
ကျောက်ချင်ရဲ့ မျက်နှာ ပေါ်မှာ အပြုံး တစ်ခု ရှိနေခဲ့လေတယ်။
'' ဘာမှ မဟုတ်ဘူး ည ကျရင် အတူတူ သောက်ကြ ရအောင်! ''
ကျိုးကောအာ က သူ့ရဲ့ ဖိတ်ခေါ် မှုကို မငြင်းချင်ပေမယ့် နောက်ဆုံးတစ်ခေါက် က အရက်သောက် မိတုံး က ဟာကို သတိရသွားတော့ သူ့မျက်နှာက ရှက်သွေးဖြာ သွားလေတယ်။
'' ခများပဲ သောက်ပါ၊ ငါ ၊ ငါက သောက်ရတာ ကို အဲ့လောက်ကြီး မကြိုက်ဘူး ''
( အော် အိမ်ထောင်သည် တွေ ပြန်တည့်တာ မြန်သကိုး)
................................................