(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

241K 31.6K 745

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (14. 2)

3.2K 419 8
By Kyiphyuswe

(14. 2)

စုယွမ် က သူဘာလုပ် ရမလဲ ဆိုတာ မသိတော့ပဲ စိတ်ပူ စိုးရိမ်စွာနဲ့ အရှေ့ကို ခြေတစ်လှမ်း တိုးလိုက်မိလေတယ်။

ဖူစူးရဲ့ ကိုယ်က သွေးတွေနဲ့ ပြည့်နေပြီး တော့ သူ့ရဲ့ ဒဏ်ရာတွေက အတော်လေးကို မပေါ့ပါးခဲ့ပေ။ သူက အိတ်ထဲက ဒဏ်ရာ ကုသဆေးကို ထုတ်ယူလိုက်ပြီးတော့ နေရာမှာတင် မသက်သာခင် အထိ ကုသ လိုက်တယ်။

နောက်တော့ သူတို့က တောင်ကြားထဲမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ လူတိုင်း သိသွားကြတော့တယ်။

အထဲမှာ နတ်ဘုရား တစ်ဝက်နေထိုင် ခဲ့တယ်လို့ ယူဆ ရတဲ့ နေရာတစ်ခု ရှိတယ်။ ထိုထဲမှာ က ဝင်္ကပါ လို ရှုပ်ထွေးနေပြီးတော့ အဆင့်နိမ့် ကနေ အဆင့်မြင့်ထိ တစ်ဆင့်ပြီး တစ်ဆင့် မြင့်သွားလေလေ ခက်ခဲမှုတွေက ပိုတိုးလာလေလေ ဖြစ်ပေမယ့် အကျိုးအမြတ် ကလည်း ရလာလေလေ ပဲ ဖြစ်လေတယ်။

ဖူစူး က နောက်ဆုံးအဆင့်ထိ ရောက်ခဲ့ ပြီးတော့ သူက ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကာ သေလုနီးပါး ဖြစ်ခဲ့လေတယ်။

ချက်ချင်းပဲ အရှေ့ကို ဆက်တိုးဖို့ လုပ်ခဲ့ပေမယ့် သူက အဲ့တာ ကနေ ငြင်းပယ်ခြင်း ကို ခံလိုက်ရတာ ​ပဲ ဖြစ်တယ်။

စုယွမ် က ပိတ်ထားတဲ့ တောင်ကြား တံခါးကို ကြည့်လိုက်ပြီးတော့ ရင်းနှီးနေတဲ့ ပုံရိပ်ကို လိုက်ရှာနေမိလေတယ်။

မြွေမကောင်းဆိုးဝါးရဲ့ စွမ်းအား က အရမ်းကို သန်မာပြီးတော့ ကမ္ဘာမှာ အကောင်းဆုံး တစ်ယောက် ဖြစ်လေတယ်။ ဖူစူးတောင် မသေပဲ ပြန်လာနိုင်တာ သူဆိုရင် ပြဿနာ တစ်ခုတောင် မရှိသင့်ဘူး လေ။

အခုချိန်ထိ ထွက်မလာ​သေးတဲ့ ပုံထောက်ရင်တော့ သူက အဲ့အဆင့်ကို ကျော်ဖြတ်သွား နိုင်လို့ပဲ ဖြစ်ရမယ်။ ပြီးတော့ ဒီအချိန်မှာဆို သူက အမွေအနှစ်ကို လက်ခံရချင်တောင် ရနေအုံးမှာ ။

ဒါပေမယ့် တစ်နေ့ ပိုစောင့် လိုက်ပြီးတဲ့နောက် ဝင်သွားတဲ့ လူအတော်များများ က ပြန်ပြီးတော့ ငြင်းပယ် ခံရကာ ထွက်လာကြလေတယ်။ အဆုံးမှာတော့ ထိုလူတွေက သူတို့သေသွားမှာ ကို ကြောက်လို့ လို့ ပြောလာကြလေတယ်။

အဲ့အချိန်မှာပဲ လူတိုင်း က အခုချိန်ထိ ဟဲလျန်ချန်း ထွက်မလာသေးတာ ကို သတိထား မိသွားပြီးတော့ သူတို့က ချက်ချင်း ပဲ လျှို့ဝှက်စွာ ဆွေးနွေး ကြတော့တယ်။

'' မြွေဘုရင် ဟဲလျန်ချန်း က အခုချိန်ထိ ထွက်မလာသေးဘူးကွ! ''

'' သူက သေသွားပြီလား ဒါမှမဟုတ် အမွေအနှစ် ရသွားပြီလား ဆိုတာက်ို ငါလည်း မသိတော့ဘူး ''

'' မြွေဘုရင် ဟဲလျန်ချန်း က တကမ္ဘာလုံး ကို အုပ်စိုးထားတာ။ သူသာ အမွေအနှစ်ကို ရသွားရင် သူ့ကို ယှဥ်နိုင်တဲ့သူ ရှိအုံးမလား ပဲ? ''

'' နတ်ဘုရား တစ်ဝက်ရဲ့ အမွေအနှစ် ဆိုတာ က အသေးအဖွဲ ကိစ္စလေး မှ မဟုတ်တာ။ ခေါင်းဆောင် ဖူစူးတောင်မှ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ အတူ ထွက်လာခဲ့တာ။ မြွေဘုရင် က ပုံမှန်ထက် အရမ်းကို လွန်ကဲနေပေမယ့် လွယ်လွယ်နဲ့တော့ ကျော်ဖြတ်နိုင်မယ် လို့ မထင်မိဘူး ''

.....

ဘေးပတ်ပတ်လည် က ဆွေးနွေးမှုတွေကို နားထောင်ရင်းနဲ့ စုယွမ်က စိတ်ရှုပ်ထွေးလာတယ်။

အဲ့မြွေမကောင်းဆိုးဝါး က သေချာပေါက် ကို အဆင်ပြေပြေ ရှိနေမှာပါ။

စုယွမ် က သူ့စိတ်ထဲ မှာ စိုးရိမ်ပူပန် နေပြီးတော့ သူက တစ်စုံတစ်ခု ရဲ့ အကျဥ်းချ ခြင်းကို ခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။ ပြီးတော့ ရုတ်တရက်ပဲ သူက ဘေးက လူတွေကို ကြည့်လိုက်တော့ သူတို့တွေကလည်း သူ့ကို တုန်လှုပ်စွာ ကြည့်နေတာ တွေ့လိုက်ရတယ်။

ရွှီးဟယ် ကလည်း တစ်ဖက် ကနေ တုန်လှုပ်သွား လေတယ်။ သူမ ဘက်ကနေ ဆိုရင် စုယွမ်ရဲ့ အခြေအနေကို သေချာရှင်းလင်းစွာ မြင်ရလေတယ်။

စလင်ဒါပုံ စွမ်းအင် ကွင်းတစ်ခု က သူ့ပေါ်မှာ ပေါ်လာပြီးတော့ အခုချိန်မှာ သူဟာ လူတိုင်းရဲ့ အာရုံစိုက်ခံ တစ်ခု ဖြစ်လာခဲ့တယ်။

သူက လူတကာရဲ့ အာရုံစိုက်ခြင်းကို မခံချင်ပါပေ။ သူက မြွေမကောင်းဆိုးဝါးရဲ့ အနောက်လေးမှာ ပုန်းပြီးတော့ ပစ္စည်း အကျန်လေး တွေကို လိုက်ကောက်ချင် ယုံလေးပါ။

လူတိုင်းရဲ့ တုန်လှုပ်နေတဲ့ အမူအရာတွေ အောက်မှာ ပဲ စုယွမ် က လေထုထဲကနေ ပျောက်ကွယ်သွားတော့တယ်။

စုယွမ် ကအသိစိတ် ပြန်ဝင်လာတဲ့ အချိန်မှာတော့ သူ့ တစ်ကိုယ်လုံးက ပျော့ခွေနေပြီ လို့ ခံစားရလေတယ်။ ပြီးတော့ သူ့တစ်ကိုယ်လုံး က တိမ်တွေ ပေါ်မှာ လှဲနေ မိသလို ခံစားနေရတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်က အသာလေး ပူတက်လာကာ တဖြေးဖြေးနဲ့ အပူချိန် ပိုတိုးလာခဲ့လေတယ်။

သူ့မျက်လုံး ကို ဖွင့်ကြည့် လိုက်တဲ့အခါမှာတော့ မဲမှောင်နေတာ ကိုပဲ တွေ့လိုက်ရတယ်။ အဲ့တာ က အမဲရောင် ကျောက်စိမ်း ပိုးထည် စလိုပါပဲ။ ထိုပိုးထည် စလည်းဖယ် သွားရော အရမ်းကို လှပတဲ့ မျက်နှာလေး က ပေါ်လာလေတယ်။

အဲ့တာ က ဟဲလျန်ချန်း ရဲ့ မျက်နှာကြီးလားလို့ပါ။

ဟဲလျန်ချန်း က သူ့ရဲ့ အပေါ်မှာ။ ဆိုတော့ အခုက........။

စုယွမ်ရဲ့ မျက်လုံး တွေက ရုတ်တရက်ကြီး ပြူးကျယ်သွားတယ်။ ပြီးတော့ ဟဲလျန်ချန်း ရဲ့ ကိုယ်ပေါ်မှာလဲ အဝတ်တစ်ထည်ပဲ ကျန်တော့တယ်။ သူ့ရဲ့ မျက်နှာ က နီရဲနေကာ မျက်လုံးတွေကို မှိတ်ထားပြီးတော့ သူ့ရဲ့ အပေါ်မှာ ဖိထားခဲ့တယ်။

!!!

ဒါက လုံးဝ ကို လက်မခံနိုင်စရာပဲ။

စုယွမ် က မြန်မြန်လေး ဟဲလျန်ချန်းကို မလိုက်ပြီးတော့ တကယ်ကြီး သူရွေ့နိုင် သွားလေတယ်။

နောက်တော့ ပတ်ဝန်းကျင်ရဲ့ မြင်ကွင်း က အလင်းနဲ့ အမှောင်ထု ကွဲ ပြားသွားတယ်။ ပြီးတော့ သူအခု ရောက်နေတဲ့ နေရာက ဗလာအလွတ်ကြီး ဆိုတာ ကို စုယွမ် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတယ်။

ထိုနေရာရဲ့ အလယ်မှာ အနီရောင်ခေါင်းတလား တစ်ခု ချထားပြီးတော့ အဲ့အရှေ့မှာ ဟဲလျန်ချန်း က ထိုင်နေခဲ့တယ်။

ထိုဟာရဲ့ ဘေးနံရံမှာ နံရံဆေးပန်းချီတွေ ရေးချယ်ထားပြီးတော့ ကျဆုံးသွားတဲ့ နတ်ဘုရားတစ်ဝက် ဖြစ်တဲ့ ဒီနေရာရဲ့ ပိုင်ရှင် ဘဝ ဇာတ်ကြောင်းကို ရေးဆွဲ ထားလေတယ်။

ဒါပေမယ့် အလှည့်အပြောင်း အနေနဲ့ နတ်ဘုရား တစ်ဝက် က သူမသေခင်မှာ ဟဲဟွမ်ဂိုဏ်း ရဲ့ ဂိုဏ်းဆရာ ဖြစ်ခဲ့တယ်။ ပြီးတော့ သူက ဟဲဟွမ်သိုင်းကျမ်း ကို အမျိုးသားတွေ နဲ့ အတူ ကြည့်ခဲ့တယ်။

သူ က လမ်းတစ်လျောက် က အမျိုးစုံသော ထူးချွန်တဲ့ အမျိုးသားတွေနဲ့ မိတ်ဆွေ ဖွဲ့ကာ သူ့ရဲ့ ကျင့်ကြံမှုကို ထိုလူတွေနဲ့ နှစ်ဆ တိုးခဲ့တယ်။ သူ ဟာ ကျင့်ကြံခြင်းမှာ အောင်မြင်သွား ခဲ့ပြီးတော့ နတ်ဘုရား တစ်ဝက်ဆိုတဲ့ နေရာ တစ်ခုကို ရောက်ရှိသွားလေတယ်။

ထို လေ့ကျင့်ခန်း က စကားနဲ့ ဖော်ပြဖို့တောင် အတော်လေး ကို ခက်ခဲလေတယ်။ ဒီလို ကျင့်ကြံရေး နည်းမျိုးကို အဲ့မြွေမကောင်းဆိုးဝါး က ကျင့်ကြံနိုင်မှာတဲ့လား?

( ဟုတ်ပါတယ် ကြီးမြတ်တဲ့ နတ်ဘုရားတစ်ဝက်က ထူးချွန်တဲ့ ကောင်လေးတွေနဲ့ ကလေးများ မကြည့်ရ နည်း ကျင့်ကြံတာပါ 🤣)

..........................................

တင်းဂွေနေ့လေ ဘေးဘေး ။

Continue Reading

You'll Also Like

1M 105K 138
Author-POWER TIME Born ugly, the emperor had been bullied since his childhood until he met an eunuch... The idiot eunuch save not only the abnormal a...
188K 19.9K 82
အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချစ်နေခဲ့တဲ့ တစ်ယောက်သောသူကိုတော့ ပြန်လည်မ...
456K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
515K 34.6K 31
story description>>>>> start-5/10/2021 end-1/1/2022