( 14. 1)
ကမ္ဘာအကောင်းဆုံး ဆရာသခင်တွေ ရဲ့ စွမ်းအား ပေါင်းစည်းခြင်း က အလွန်အမင်း ပုံမှန်မဟုတ်ခဲ့တာ ကြောင့် နတ်ဘုရားတစ်ဝက်ရဲ့ ချီးမြှင့်ခြင်းကို ခံခဲ့ရတဲ့ အမှောင်စစ်သည်တော် တွေတောင်မှ အရှုံးပေး သွားရလေတယ်။
ယင် စစ်သည်တွေလည်း ကျဆုံး သွားရော တောင်ကြား ထဲက အကာအရံကလည်း ကျိိုးပျက် သွားလေတယ်။ လူအများကြီး က တုံ့ဆိုင်း မနေပဲ အဲ့အလင်းထဲကို ဆက်တိုက်ခုန်ချ ကြလေတယ်။
ဟဲလျန်ချန်း ကသာ အထဲကို မဝင်ခင် သူ့ရဲ့ ခေါင်းကို လှည့်ကာ စုယွမ်ကို တစ်ချက် ကြည့်လိုက်လေတယ်။
စုယွမ်က မမျှော်လင့်ပဲ သူ့ရဲ့ နှာခေါင်းကို ထိလိုက်တယ်။ သူ့ရဲ့ စိတ်ထဲမှာလည်း မထိန်းနိုင်ပဲ တွေးလိုက် မိတယ်။
မြွေမကောင်းဆိုးဝါး က သူထွက်ပြေး သွားမှာ ကို ကြောက်နေတာလား မသိဘူး?
စုယွမ် က သူအရမ်းတွေ အတွေးများနေတယ် ဆိုတာ ကို သိပါတယ်။ ပြီးတော့ ဒီကမ္ဘာရဲ့ စွမ်းအားတွေကို ရှင်းလင်းစွာ မျက်မြင် တွေ့ ပြီးတဲ့နောက် သူ့စိတ်ထဲမှာ ထွက်ပြေး လွတ်မြောက် ဖို့ ဆိုတာ ကို သူတွေးတောင် မတွေးရဲ တော့ပါပေ။
သူ့လိုမျိုး ကြက်ကလေး တစ်ကောင်လို အားနည်းတဲ့ သူက မြွေဘုရင် ရဲ့ အကာအကွယ်သာ မပါရင် မကြာခင်မှာပဲ နတ်ဆိုးသားရဲတွေ ရဲ့ ပါးစပ် ထဲမှာ စိစိညှက်ညှပ် ကျေသွားမှာ ကိုတောင် ကြောက်ရလေတယ်။
ဒါကြောင့် သူက မြွေမကောင်းဆိုးဝါး ရဲ့ ပိုင်နက်ထဲမှာ ပဲ လိမ်လိမ်မာမာနဲ့ နေပြီးတော့ မြွေမကောင်းဆိုးဝါး ရဲ့ ပေါင်ကို ခပ်တင်းတင်း ဆုပ်ကိုင် ထား ရမှာပဲ ဖြစ်လေတယ်။
မြွေမကောင်းဆိုးဝါး မှာ ဆိုးရွားတဲ့ ဒေါသ ရှိပေမယ့် အတော်လေး ကို ထူးဆန်းတယ်။ ဒါပေမယ့် သူ့နောက်ကိုသာ လိုက်လို့ကတော့ ဘယ်တစ်ယောက် ကမှလည်း သူ ( စုယွမ်) ကို ရန်မစ ရဲသလို လာပြီးတော့လည်း မရှုပ်ရဲ ကြပါပေ။
ဒါပေမယ့် အဲ့အချိန်မှာပဲ ရွှီးဟယ် က စီးထူယန် ဘက်ကို လှည့်ကာ ပြောလိုက်တယ်။
'' ကာကွယ်သူ အရှင်စီးထူ ၊ ရှင် လုပ်စရာ ရှိတာကို မတုံ့ဆိုင်းပဲ လုပ်လိုက်ပါ။ ကျွန်မ က သခင်မ ကို ကာကွယ်လိုက် ပါမယ် ''
စီးထူယန် က ရွှီးဟယ် ကို ကြည့်လိုက်ပြီးတော့ မပြတ်မသား အမူအရာနဲ့ သူမရဲ့ ပုခုံးကို ဆုတ်ကိုင်လိုက်ပြီးတော့ ပြောလိုက်လေတယ်။
'' ကောင်းပြီ။ ဒါဆို ငါ မြွေ အရှင်ကို သွားပြီး ကူပေး လိုက်အုံးမယ်။ သခင်မကို မင်းဆီ အပ်ခဲ့မယ်။ ပြီးတော့ ငါပြန်လာရင် မင်းကို ကျေးဇူးတင်ပါတယ် ''
သူက ကျေးဇူးတင်မယ် လို့ ပြောလို့တဲ့အချိန်မှာ စီးထူယန်ရဲ့ အမူအရာ က ရှင်းပြလို့ မရလောက်အောင် ဖြစ်နေခဲ့တယ်။
ရွှီးဟယ် ကလည်း ဘာကိုတွေး မိသွားတာလဲ မသိပဲ ချက်ချင်း ကို ရှက်သွေး ဖြာသွားလေတယ်။
တစ်ဖက်မှာ ရပ်နေတဲ့ စုယွမ် ကတော့ အတော်လေးကို မကြည့်နိုင်တော့ ပါပေ။
ဒီအမျိုးသား ဇာတ်ပို့ နဲ့ အမျိုးသမီး ဇာတ်ပို့ က တကယ့်ကို စစ်မှန်တာ ပဲ။
ဒီနေရာမှာ လူတွေ အများကြီး သာ မရှိလို့ ကတော့ သူတို့ နှစ်ယောက် က တကယ့်ကို ကလေးများမကြည့်ရ ဗားရှင်းကို ဖော်ဆောင်တော့ မယ့်ဟန် ပေါ်နေလေတယ်။
ဒါပေမယ့် သူ့ခမျာ ဘာမှကို ကွန်ပလိန်း တက်ခွင့် အဲ့အချိန်မှာ မရခဲ့ပါပေ။ ဘာလို့လဲ ဆိုတော့ ရွှီးဟယ် က သူ့ဘက်ကို လှည့်ကာ မကြင်နာစွာ ကြည့်လိုက်လို့ပဲ ဖြစ်လေတယ်။
'' သခင်မ၊ မြွေဘုရင် က ရှင့်ကို အရမ်း ဂရုစိုက်တဲ့ ပုံပဲနော် ''
'' မဟုတ်ပါဘူး......''
စုယွမ် က ဗလုံးဗထွေးပြောလိုက်တယ်။
သူက စုမိသားစုရဲ့ ပြဿနာ ကိစ္စရပ်တွေ ထဲကို ပါဝင်လိုခြင်း မရှိပါပေ။ တကယ်လို့ သူက မြွေဘုရင်ကို သတ်ပြီး ဖယ်ရှားဖို့ တာဝန်ကို ပြီးဆုံး အောင်မြင်အောင် ကူညီပေးပြီး ရင်တောင်မှ စုမိသားစု စီကို ပြန်သွားတဲ့ အခါ သူ့က ကောင်းမွန်တဲ့ ဘဝ ရမယ် ဆိုတာ သေချာပေါက် မဟုတ်ပေ။
ဘာများ တက်နိုင်မှာလဲ။
သူက အသက်ဆက်ရှင် သန်ဖို့ရာ အတွက် ထို ပြဿနာ နှစ်ခု ရဲ့ ကြားမှာ နေထိုင်နေရတယ်လေ။
ရွှီးဟယ် က စုယွမ်ကို လွယ်ကူစွာ မလွတ်ပေးခဲ့ပေ။ သူမက စုယွမ်ကို တိတ်ဆိတ်တဲ့ နေရာတစ်ခု ဆီကို ဆွဲခေါ် သွားလေတယ်။
'' သခင်မ ရှင့်ရဲ့ တာဝန်ကို ဘယ်တော့ ပြီးအောင် လုပ် မှာလဲ?''
'' ငါက မြွေဘုရင် ကို အခုမှ အပျော့ဆွဲတုံးပဲ ရှိသေးတယ်။ ပြီးတော့ ငါက အခွင့်အရေး ကောင်းကို စောင့်ဆိုင်း နေတုံးပဲ ''
ရွှီးဟယ် က အဲ့တာ နဲ့ ပတ်သတ်ပြီးတော့ သံသယ ရှိပေမယ့် စုယွမ်ရဲ့ စိတ်နေစိတ်ထား ကို သိတဲ့အတွက်ကြောင့် သူမက ဘာ လှုပ်ရှားမှု မှ လုပ်စရာ မလိုပါပေ။
'' ကောင်းပြီလေ။ ဒီတစ်ချိန်တော့ ငါ နင့်ကို ယုံပေးလိုက်မယ် ''
စုယွမ် က ဒီ တစ်ဆင့်တော့ အောင်မြင်သွားပြီလို့ တွေးနေတုံးမှာပဲ ရွှီးဟယ် က ပစ္စည်း တစ်ခုကို ထုတ်ယူလိုက်တယ်။
အဲ့တာ က ချိန်းကြိုးတစ်ခုပဲ။ စုယွမ်က မျက်တောင်လေး အသာခတ် လိုက်တယ်။ သူကရှုပ်ထွေးသွား ပေမယ့် သူ့ရဲ့ စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက် တစ်ချို့ ဝင်လာခဲ့တယ်။
'' ဒါက စိတ်ဝိဉာဥ် ချိန်းပဲ ''
အဲ့နောက် စုယွမ် က မတုံ့ပြန် နိုင်သေးခင်မှာပဲ ရွှီးဟယ် က လက်ဝါးကြီးနဲ့ စုယွမ်ရဲ့ ရင်ဘက်ထဲကို ထို ချိန်းကြိုးအား ထိုးသွင်းချ လိုက်တယ်။
'' နင် က မြွေဘုရင် နဲ့ အိပ်ယာပေါ် က ကိစ္စ လုပ်ရင် နင့်ကိုယ် ထဲက စိတ်ဝိဉာဥ်ခတ် ချိန်းကြိုး က မြွေဘုရင် ရဲ့ ကိုယ်ထဲကို ဝင်သွားပြီးတော့ သူ့ရဲ့ စိတ်ဝိဉာဥ်ကို ချုပ် ထားလိမ့်မယ် ''
ဘယ်လိုတောင် ထူးခြားတဲ့ ပစ္စည်း လဲ အဲ့လိုမျိုးလဲ လုပ်လို့ ရသေးတယ်ပေါ့။
'' နင်က ပျော့ညံ့တဲ့ အတွက်ကြောင့်သာ ငါက နင်လုံခြုံစေဖို့ အတွက် ချိန်းကြိုးထည့်ပေးတာပါ ''
စုယွမ် က ဘာတတ်နိုင် မှာတဲ့လဲ။
သူ့ရဲ့ စိတ်ထဲမှာ မင်းမေ အစချီပြီး ဆဲနေပေမယ့် သူ့ရဲ့ အပေါ်ယံ မျက်နှာ ပြင်မှာတော့ ပြုံးနေခဲ့လေတယ်။
ရွှီးဟယ် က စိတ်ကျေနပ် သွားလေတယ်။
စီးထူယန် က ခဏလေး ထွက်သွားပေမယ့် ရွှီးဟယ် ကတော့ သူ့ကို သေမတက်လွမ်းနေပြီပဲ ဖြစ်တယ်။ ရွှီးဟယ် က စုယွမ်ကို အာရုံစိုက် နေတာကို ဖယ်လိုက်ကာ စီးထူယန် ကိုပဲ စတင်လွမ်းဆွတ်တမ်းတ နေတော့တယ်။
( လွမ်းနာကျပြီး သေလိုက်ပါလား)
စုယွမ် က ဘေးနားကို လျောက်ပတ်ပြီးတော့ မပြေးရဲပေ။ ပြီးတော့ သူက ငွေရောင်ရေခဲမြွေ မျိုးနွယ်စု မှာပဲ နေခဲ့လေတယ်။
အဲ့လိုနဲ့ပဲ သုံးရက် ကြာသွားလေတယ်။
ထိုအချိန်မှာပဲ ရုတ်တရက် ကြီး ဆူညံသံ အကျယ်ကြီး တစ်ခုထွက်လာကာ တောင်ကြားထဲကနေ ပုံရိပ်တစ်ခု ထွက်ကြလာခဲ့တယ်။
စုယွမ် က အဲ့တာ ဘယ်သူလဲ ဆိုတာ မခွဲခြားနိုင်သေးခင် မှာပဲ ပုံရိပ်တစ်ခု က ပျံသန်း သွားပြီး ထိုလူကို ဖမ်းလိုက်တယ်။
အဲ့တာ ကတော့ ပုဝါနဲ့ စုချင်းရှု ပါပဲ။
'' ဖူစူး! ''
အဲ့တာ က အထဲကို ဝင်သွားတဲ့ ဖူစူးပဲ ဖြစ်တယ်။
ဒါဆို ရင် ဟဲလျန်ချန်း ကရော ဘယ်လို ဖြစ်နေမလဲ?
..................................................
တိုတယ် ဒါပေမယ့် တစ်ပိုင်းပဲ 😌🤠