သည်နေ့ နောက်ဆုံး စာမေးပွဲ ရက်ပဲ
မေးခွန်း နှင့် အဖြေတွေကို သေချာ တိုက်စစ်ပြီး ဆရာကို အပ်လိုက်တော့ ဆရာက ပြုံးပြလာသည်။
Jung Kook အကြောင်းကို သိပြီး သား ဆရာက သူ့အပေါ်မှာ ယုံကြည် မှု တို့ အပြည့် အဝ ရှိနေသည့်ပုံပါပဲ
လက်ဟန်အမူအရာနှင့် ပြသည်မို့ ဆရာ့ကိုခေါင်းငြိမ့်ပြကာ ကျောင်း၏ လျှောက်လမ်းတွင် ငြိမ်ငြိမ်သက်သက် လေး ရပ်စောင့် နေမိသည်။
"စောင့်ရတာ ကြာသွားလား
အေးကွာ Sam လည်း duty မိုလို့ပါ"
"အဆင်ပြေပါတယ် ဆရာ"
"Kook မင်း ကို scolar ပေးမယ့် သူကပြောလာတယ်
အလားအလာ ရှိနေတော့ ပေးချင်ကြတာပေါ့ကွာ"
"ကျွန်တော် တက္ကသိုလ် တက်နိုင်တော့မယ် မထင်ပါဘူး ဗျာ
ကျွန်တော် အလုပ်ရှာရမယ် sam
မားအခြေအနေက ပိုပို ဆိုးလာတယ် ဗျာ"
ဆရာက သိပါတယ် ဆိုသည့် သဘောဖြင့် သက်ပြင်းဖွဖွ ချ သည်။
"Sam မင်းကိုစဉ်းစားစေချင်တယ်ကွာ
သူများတွေမှာ စာမေးပွဲ result ရမှ ရနိုင်မယ့် အခွင့်အရေးကွ
မင်းကိုက record ယူကြည့် ပြီးကတည်းက ပေးချင်နေကြတာ"
"ဟုတ်... ကျွန်တော် စဉ်းစား ပါဦးမယ်"
"အင်း အချိန်တွေရှိပါသေးတယ် သေချာလေးဆုံးဖြတ်ပေါ့"
"ဟုတ်"
ကျောင်းဝန်းကြီး ကို တစ်ချက်ဝေ့ဝဲ ကြည့်ကာ အိမ်သို့ပြန်လာ ခဲ့ လေသည်။
မနီးမဝေး ခရီးတစ်ခုမို့ ခြေကျင်သာ သူ အသွားအပြန် လုပ်ပါသည်။
အလုပ်တွေ ရလာသည့်အခါ သွားရန်အတွက် သူစီးနေကျ စက် ဘီးလေးလည်း ရှိပါသည်။
ကျောင်းစာမေးပွဲ နောက်ဆုံးရက် မို့ သည်ပတ်ဝန်းကျင်သည်အငွေ့သက်တွေဟာ သူနှင့် ဝေးကွာတော့မည်ဖြစ်တာကြောင့် လမ်းလျှောက်ပြီးပဲ ပြန်လာခဲ့ ခြင်းပင်
"ပြန်လာပြီ လား..
စာမေးပွဲ ဖြေနိုင် ခဲ့ရဲ့လား"
ရပ်ကွက် ထိပ် တွင် ထိုးရပ်ထားသော ပြိုင်ကားနီနီလေး ကို မှီကာ သူ့ကို စူးစိုက်ကြည့် ပြီး ပြောနေသော လူတစ်ယောက်
Jung Kook ထိုလူကို စူးစိုက်ပြီး တစ်ချက်ကြည့် လိုက်သည်။
ဆံစကစ ခြေဖျားအထိ အသုံးအဆောင် တွေ၏ ကိန်းဂဏန်း တွေသည် ဘယ်လောက်တောင်များလိုက်မလဲ
ဝတ်ဆင်ထားသူဟာ လည်းသူခန့်မှန်း၍ မရသော သတ်မှတ်ချက်တွေနှင့် အကန့်သတ်ဘယ်လောက်ကြီးလဲ အသိအသာ
အဝါရောင် မျက်မှန်ပေါ်မှကျော်ကြည့် လာသည့် မျက်ဝန်းတွေသည် စူးစူးလက်လက်
မျက်ခုံးတန်းတွေက အလိုမကျသလိုတွန့်ချိုးလာပုံက တကယ့် မှော်ရုပ်လေးပဲ
"မေးနေတာလေ ဘာဖြစ်လို့ မဖြေတာလဲ"
နှင်းဆီလေး သူ့မေးခွန်းတွေကို လျစ်လျူ ရှုရက်လွန်းသော အရှေ့မှ သူ၏ နှလုံးသားကြောင့် စိတ်တွေသည် ဘဝင်မကျ
"ကျွန်တော့်ကို ပြောတာလား "
"ဒီနေရာမှာ မင်းနဲ့ ကိုယ်ပဲရှိတာ"
"ခင်ဗျားကို ကျွန်တော်မသိဘူး"
"မင်းကို ကိုယ်သိနေရင် ရပြီပဲ
အာ..နောက်လည်းသိရတော့မှာ
ကိုယ့်နာမည် Park Jimin တဲ့ မှတ်ထားနော်"
Jung Kook သက်ပြင်းကို ဖွဖွရှိုက်လိုက်သည်။
သည်လူဟာ မအပ်စပ်သည့် သူတို့ဘဝနှင့် လာပတ်သက်ချင်နေတာ သဘာဝမကျ
"ကျွန်တော် ခင်ဗျားနဲ့ မသိချင်ဘူး"
နှင်းဆီလေး မျက်နှာ ငြိုးငယ် သွားရသည်။
"ငါကမင်းတို့ ရပ်ကွက်က အိမ်ယာ စီမံ ကိန်းကို ဦးစီးနေတဲ့ သူပဲ
မင်းနဲ့ ငါရင်းနှီးမှု ရဖို့အတွက် ဘာလုပ်ပေးရမလဲ"
Jeon မျက်နှာ မှာ လှောင်ပြုံးလေး တစ်ခု ဖြတ် ပြေးသွား ရသည်။
လူချမ်းသာ အမျိုးမျိုး ကြုံဖူးပါရဲ့ ငွေပေါ်ထိုင်နေရလို့ ထင်သည် ငွေအကြောင်းကြေးအကြောင်း ကစကားတွင် မပါမဖြစ်
သူ့အရှေ့မှ လူသည်လည်း ငွေကို အတော်လေးချစ်ပုံရသည်။
"တစ်ခု မှလုပ်ပေးစရာ မလိုဘူး
ရင်းလည်းမရင်းနှီးချင်ဘူး"
Jimin နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသွားရသည်။
သူ့ရဲ့ ငယ်ဟာ ငယ်သေးတယ်ဆိုတာ သူမေ့နေတာပဲ
ဘဝတွင် လူတစ်ယောက်နှင့် ပတ်သက်ခွင့် ရဖို့ သည်လောက် ကျိုးနွံ ခဲ့ ရဖူးခြင်းမရှိ
"ဘာ့လို့လဲ ကိုယ်မင်းကိုတကယ် သဘောကျတာပါ"
"ချမ်းသာ နေလို့ "
မျက်ဝန်း ဝိုင်းတွေ သည် တည်တည်ငြိမ်ငြိမ် ဖြင့် အဖြေကို ချက်ချင်းပေးလာခဲ့သည်။
"ကိုယ်နားမလည်ဘူး"
"လူချမ်းသာတွေ ဟာ လိုချင်တာရဖို့အတွက် ငွေကို လက်နက်လို သုံးစွဲတတ်ကြတယ်
ငွေကိုအသုံးချပြီး ဘဝတွေကို အမျိုးမျိုး ခြယ်လှယ်နိုင်ဖို့အတွက် ကြိုးစားတတ်ကြတယ်
ငွေဟာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံခြင်းကို အပြည့်အဝပေးနိုင်ရင်တောင် စိတ်ပိုင်းဆိုင်ရာ ကို အပြည့် အစုံ မပေးနိုင်ဘူး
စိတ်ပိုင်းဆိုင်ရာကို ငွေက လွှမ်းမိုးနိုင်စွမ်းမရှိဘူး
အဓိကက တော့ ကျွန်တော့်စိတ်ကို ခင်ဗျားဝယ်လို့မရဘူး
ဒါပေမယ့် လူချမ်းသာတွေက ဗျာ နားမလည်ကြဘူး လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ငွေနဲ့ လွှမ်းမိုးဖို့မရမက ကြိုးစားတတ်ကြတယ်
ကျွန်တော် အမုန်းဆုံးက အဲတာပဲ"
တမေ့တမော ကြည့်နေတဲ့ မျက်ဝန်းတွေ မှိုင်းပြလို့
"ကိုယ်.. ရပ်ကွက်ထဲကို ဒီတိုင်းလာရင် ရော မင်းက ကိုယ့်ကို ပြန်ပြီး သဘောကျမှာလားဟင်"
သူ့အရှေ့မှာ ဆူးနှင်းဆီ လေးဟာ မျှော်လင့်တကြီး မေးလာခဲ့ သည်ကို ကြည့် ပြီး သည်နေ့မှ အထက်တန်းဖြေလာသော ကောင်လေး စိတ်ကို အပီအပြင် လျှော့ချနေရပါသည်။
လုပ်ငန်းရှင်ပေါက်စလေးဟာ အထက်တန်းကျောင်းသားသူ့ထက်ပင် စိတ်ပိုင်းဆိုင်ရာတွေကငယ်နေခဲ့တာမို့
Jeon တစ်ခုခု ပြန်ပြောမည် ကြံခိုက်
"ကိုကြီး Kook ဒေါ်လေး အမောဖောက်နေတယ် "
ကောင်လေး တစ်ယောက် ၏ အပြောကြောင့် နှင်းဆီလေး ၏ မာနခဲလေး ဟာ ပြေးထွက် သွားတော့သည်။
"ဒီမှာ အဲလိုပဲ ပြေးနေကြရတာလားပဲ
အရေးပေါ်ကိစ္စတွေက များလိုက်တာ"
မကျေမချမ်း ရေရွတ်ပြီး နှင်းဆီလေး ပါ ပြေးလိုက်သွားရသည်။
သေသေ သပ်သပ် တစ်ထပ်အိမ်ကလေး ဆီရောက်ချိန်တွင်တော့ လူအနည်းစုက စောင့်မျှော်နေကြသည်။
တစ်ယောက် အိပ်ကုတင်လေးပေါ်မှာ Jung Kook အမေဟာ အသက်လုပြီး ရှူ လျှက်
နှင်းဆီလေး အခန်းထောင့်မှ မယောင်မလည်လေး ကြည့် နေမိသည်။ ရင်းနီးတဲ့ ပတ်ဝန်းကျင်လည်း မဟုတ်သလို တအားရင်းနှီးသူလည်း မရှိပါ
"ဆေးရုံသွားမှ ဖြစ်မယ် Kook"
ရပ်ကွက်ထဲက နှင်းဆီလေး မျက်မှန်းတန်းမိသော လူကြီးတစ်ဦးက ပြောလာသည်။
"ကျွန်တော် သဘောပေါက်ပါတယ်"
သူ့ရဲ့ နှလုံးသားဟာ မျက်နှာမကောင်းတော့သည်မို့ နှလုံးသားက အောင့်သက်သက်ရယ်
ချစ်ရတယ်ဆိုတာ ဒါမျိုးလားမသိဘူး ငယ်ရယ်..
အခန်းတစ်ခုထဲ ဝင်သွားပြီး ပြန်ထွက်လာသူက အိတ်သေးသေးလေး တစ်လုံးကို လွယ် ထားလျှက် မေအေကို ပွေ့ချီလိုက်သည်။
ထို့နောက် ရပ်ကွက်ထိပ်သို့ ပြေးမတတ် ခြေလှမ်းတွေနှင့် ထွက်သွားသည်မို့ နှင်းဆီလေး ငယ့်နောက်မှ တကောက်ကောက် လိုက်နေမိသည်။
ရပ်ကွက်ထိပ်ရောက်သည်နှင့် ကားတစ်စီးဖြစ်ဖြစ် လာဖို့ရန်မျှော်လင့်နေပုံရတဲ့သူအနား ကပ်သွားလိုက်ပြီး
"ကိုယ် လိုက်ပို့မယ်"
"ကျွန်တော်..."
"မင်းနဲ့ ကိုယ်နဲ့ ငြင်းခုံ နေကြရမယ့် အချိန်မဟုတ်တာ သိပါတယ်နော်"
သတိပေးသလို ပြော လိုက်မှ သူ့ရဲ့ မာနခဲ လေး ဟာ မေအေကိုပွေ့လျှက် ကားနောက်ခန်းတွင်ဝင် ထိုင်လာခဲ့သည်။
တတ်နိုင်သမျှကားကို အာရုံစိုက်လျှက် မြန်မြန်မောင်းပေးနေခဲ့ရသည်မို့ အနောက်မှ သားအမိ၏ တီးတိုးပြောသံ ရှိုက်သံသဲ့သဲ့လေးတွေကို ပဲကြားနေရသည်။
ဆေးရုံရောက်သည်နင့်လူနာ ကုတင်ပေါ်ရောက်သည်အထိJung Kookရဲ့မားဟာ Jung Kook အား အကြောင်းအရာ တစ်ခုကို အထပ်ထပ်ပြောနေခဲ့သည်။
ထို့နောက် ဆရာဝန်ကြီးလက်ထဲ သို့ လူနာကို ထည့် ပေးလိုက်သည်နှင့် ငယ့်ကို နှင်းဆီလေး ဆွဲခေါ်ထားကာ ဖက်ထားလိုက်သည်။
စကားတွေတော့ မပြောဖြစ်ခဲ့
တစ်ခါတစ်ရံမှာ စကားတွေ ထက် တိတ်ဆိတ်နေပေးခြင်းဟာ ပိုနှစ်သိမ့်ရာ ရောက်သည် မဟုတ်လား
ငယ်ဟာ သူ့ရင်ခွင်ထဲက ရုန်းထွက်ခြင်းမရှိစွာ ငြိမ်ငြိမ်လေး နှင့် မျက်နှာကို ပွတ်သပ်နေခဲ့လေသည်။
စိတ်နှင့်လူနှင့် အဟပ်အစပ် မတည့် ပုံက ပတ်ဝန်ကျင်မှ သူ့ကိုပင် ဂရုမစိုက်အားခဲ့
ကျောလေးကို ဖွ ဖွလေးဖိပွတ်ကာ နှင်းဆီလေး က သူ့ရဲ့ ငယ်ကို တိုးတိုးတိတ်တိတ် လေး နှစ်သိမ့် နေခဲ့သည်။
အချိန်အနည်းငယ် ကြာသည်နှင့် ဆရာဝန်ကြီးက သူတို့အရှေ့တွင်လာရပ်သည် မို့ ငယ်က နှင်းဆီလေး ရင်ခွင်ထဲမှအလူးအလဲ ထသွားကာ
"ဆရာ.."
"လူနာအခြေအနေကိုလည်း သားသိပြီးသား ဖြစ်မှာပါ
ကင်ဆာနောက်ဆုံးအဆင့် ဖြစ်နေတာဆိုတော့ သားစိတ်ကိုပြင်ဆင်ထားဖို့ ဆရာ ပြောခဲ့တယ် မဟုတ်လား"
Jung Kook ခေါင်းငြိမ့်ပြလ်ိုက်ကာ
"ဟုတ် ကျွန်တော် သိပါတယ်ဆရာ"
"မင်းအမေ ဆုံးသွားပြီကောင်လေး
သူမဆုံးခင်အထိ မှာခဲ့တဲ့ သူ့ဆန္ဒကို ဖြည့်စည်းပေးဖို့ မှာသွား ပါတယ်
မင်းအမေကို့ နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက် ပါကောင်လေး"
မျက်ဝန်းဝိုင်း ကြီးထဲမှ မျက်ရည်ဥတွေသည် တစ်ပေါက်ချင်း လိမ်ဆင်းလာကြသည်။
မားကို ထားရာအခန်ထဲသို့ ဝင်သည်နှင့် မားဟာ ငြိမ်ငြိမ်သက်သက် လေး အိပ်နေရှာသည်။
"မား ...အိပ်နေတာ မဟုတ်လားဟင်
ကျွန်တော် စာမေးပွဲ ဖြေနိုင်ခဲ့တယ်
ပြီးတော့...ပြီးတော့ ကျောင်းဆက်တက်ရမှာ
ကျွန်တော် ဘွဲ့ ယူ တာမြင်ချင် သေးတာဆို
ကျွန်တော် ဘွဲ့ လည်းမရသေးဘူး
မားသွားချင်တဲ့ နေရာတွေလည်း ခေါ်မသွား ရသေးဘူးလေ
ဘာဖြစ်လို့....အစောကြီး ထွက်သွား ရတာလဲ
ကျွန်တော့် ကို ဒီနေ့ဆရာက ကျောင်းဆက်တက်ဖို့ ပြောတယ် သိလား
ကျွန်တော်လေ... ကျွန်တော် မားကို စကားတွေ အများကြီး ပြော ချင်သေးတာ
ဘာလို့လဲ..ကျွန်တော့်ကို စိတ်မချဘူးဆို ဘာ့လို့လဲ ဗျာ"
ပြောရင်း ပခုံးတွေ လှုတ်ခတ်လာသည်အထိ ငို ရှိုက်ကြီး တငင် ငိုကြွေး ပါတော့သည်။
အရွယ်နှင့်မမျှအောင် တင်းခံထားတဲ့ ခံစားချက်တွေဟာ ဘယ်လောက်တောင် များနေပြီလဲ မသိ
နှင်းဆီလေး ရှိုက်ကြီးတငင် ငိုကြွေး နေသော ငယ်၏ ကျောပြင်ကို အနောက်မှ သိုင်းဖက် လိုက်သည်။
နာရတာပဲ..ဒါလည်းနာရတာပဲ
ငယ့်မျက်ရည်တွေဟာ သူ့အတွက်တော့ သမုဒ္ဒရာချောက် နက်ကြီးထဲ ပြုတ်ကျသွားသလို အသက်ရှူ ရတာပင် ခပ်ခက်ခက်ရယ်
"မငိုပါ နဲ့
မငိုပါနဲ့ ကွာ
မင်းမငို ဖို့ အတွက် ကိုယ် ဘာပေးရမှာလဲ"
လိုချင်တာရဖို့အတွက်အပေးအယူလုပ်ရမ ည်ဟုပဲ သိထားသည့် ဘောင်ကျဉ်းကျဉ်း ဘဝငယ်လေးဟာ သည်နေရာမှာလည်း အပေးအယူ နှစ်သိမ့်ခြင်းတွေ သာ ပြုလုပ်တတ်ခဲ့ပါ၏။
နှင်းဆီလေး ၏ စကားကို သောကတွေကြောင့် ပူဆွေးနေသော ငယ်က မကြားဟန်ပြုနေ၍ပဲလား
အပူတွေကြောင့်လား
မသိကျေးကျွံ့ ပြုနေသည်လားမသိ
ငို ကြွေးမြဲ ငိုကြွေးဆဲပင်
အလွှာ အစမှာ ငယ်ဟာ နှင်းဆီလေး ကို ပြောင်ပြောင်တင်းတင်း ပဲ လျစ်လျူ ရှုခဲ့တဲ့ မာနခဲလေး ဖြစ်ခဲ့တာပါ
.... ..... .... ..... ....
မရင်းနှီးချင်သူက မရင်းနှီးချင်ဘူးဆိုတော့လည်း ခပ်လှမ်းလှမ်း ကပဲ ကြည့် နေလိုက်သည်။
နှင်းဆီလေး ဘဝမှာ ငယ်ဟာ အဓိကပဲ
ငွေဂုဏ်ပညာ အရာအားလုံး အထက်မှာကြီးပဲရှိတဲ့ နှင်းဆီလေးဟာ
အချစ်နှင့်ပတ်သက်လာလျှင် လည်း ဘယ်သူမှ လိုက်မမှီတဲ့ အမြင့်ဆုံးမှာပဲ ရှိခဲ့သည်။
ငယ့် ကျောင်းသွားချိန် ကျောင်းပြန် ချိန် တွေတွင် နှင်းဆီလေး ၏ ကားသည် ရပ်ကွက် ထိပ် တွင်အချိန်မှန်မှန် စောင့်နေတတ်သည့် အချက်ပေး ကိရိယာလေးလိုပဲ
ရက်တွေ ရာသီတွေသာ ပြောင်းသွားသည် လမ်းထိပ်တွင် Model အမျိးုမျိုး အရောင်အသွေး အမျိုးမျိုး ရှိတဲ့ ကားတွေသည် တစ်ရက်မှ မပျက်မကွက်ခဲ့
နှင်းဆီလေး၏ အလုပ်သွား အလုပ်ပြန်တွေသည် ငယ့်ကို မြင်ရမှ အဆင်ပြေတတ်သည်။
ငယ်ပြုံးနေလျှင် တစ်နေကုန်အဆင်ပြေတာထက်ပိုနေတတ်တာမျိုး
ငယ့်မျက်နှာ အဆင်မပြေလျှင် နှင်းဆီလေး အဆင်မပြေတော့
တစ်နေ့တာသည် အလဲလဲ အကွဲကွဲတွေဖြင့်
နှင်းဆီလေး၏ တစ်နေ့တာသည် ငယ့်ကြောင့်ပဲ သာယာနိုင်သလို ငယ့်ကြောင့်ပဲ မုန်တိုင်း ထန်သွားတတ်သည်။
အချိန်ကြာသည်နှင့် အမျှ ချမ်းသာလို့ ဟူသည့် သတ်မှတ်ချက်တို့ ဖြင့် ပြောင်ပြောင်တင်းတင်း ပဲ နှင်းဆီလေး ကို လျစ်လျူ ရှု နေဆဲပင်
လျစ်လျူ ရှု နေခြင်းကပင် ငယ့်ကို ပိုပြီးမက်မောစေတာ မျိုး
ငယ်ဟာ သူ့အတွက်တော့ ဘာပဲလုပ်နေလုပ်နေ ဘာပဲဖြစ်နေဖြစ်နေ မပြောင်းမလဲ တည်ရှိနေမယ့် နိယာမ တစ်ခုပါပဲ
"ဒီပစ္စည်စာရင်းနဲ့ ဆိုက် ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေနဲ့ မကိုက်ဘူး ဖြစ်နေတယ်
ဒီကိစ္စကို ခင်ဗျားတို့ ဘယ်လို ရှင်းပေးမှာလဲ"
အရှေ့မှ လူသုံယောက်၏ မျက်နှာတွေသည် အပျက်ပျက် အယွင်း ယွင်း ဖြစ်ကုန်သည်။
နှင်းဆီလေး သည် ငယ့်ရှေ့မှာသာ ဖယောင်း ဖြစ်နိင် ခြင်းပင်
ပြင်ပလောက တွင်တော့ အဆိပ်ပြင်းပြင်း တွေ ဝန်းရံနေသော ဆူးပင် လေး ဖြစ်တာမို့ လက်လွှတ်စပယ် ထိမိကိုင်မိ၍တော့မရ ပါ
"ဒီစာရင်းတွေအတိုင်း ကျွန်တော်တို့ ဝယ် ခိုင်းလိုက်တာပဲ အဆင်မပြေတာတော့ ကျွန်တော်တို့လည်းမတတ်နိုင်ဘူးလေ"
နှင်းဆီလေး မျက်နှာမှာ မဲ့ပြုံးလေး တစ်ခု ခိုတွဲသွားကာ စူးစူးစိုက်စိုက် ကြည့်လိုက်သည်မို့ အရှေ့မှ သုံးယောက် သည် ကြက်သေသေသွားရသည်။
နှင်းဆီဆိုတာ သိပ်လှပါတယ်
လှလွန်းတာကိုပဲ မျက်စိပသာဒ ရှိလွန်းကြတာကြောင့် ပတ်ပတ်လည်က ဆူးတွေကို မေ့ပါမေ့သွားကြတယ် မဟုတ်လား
"ခင်ဗျားတို့ ဒီမှာ တာဝန်ယူထားတာ ကဘာလဲ"
"မန်နေဂျာ"
"ကိုယ့်သဘောနဲ့ ကိုယ်ထွက်မှာလား ကိုယ်ထုတ်ပေးဖို့ စာရေးရမှာလား"
"မင်းအလုပ်ရှင် တစ်ယောက်ဆိုပြီး ဒီလိုတော့ မဖိနဲ့လေ
ဒါက မတရားဘူးမဟုတ်လား"
"မန်နေဂျာ ရာထူးကို ပေးထားပေမယ့်
မန်နေဂျာ အလုပ်မှ မလုပ်ချင်တာ
ခိုးရတဲ့ အလုပ် ကိုပဲ နှစ်ခြိုက်တာဆိုတော့ ပိုပြီး ပဲ သူခိုးအလုပ်ကို လုပ်ချင်မလားလို့ပါ"
"မင်းငါတို့ကို ထုတ်ပစ်ချင်တာနဲ့ မတရားမစွတ်စွဲနဲ့
မတရားမလုပ်နဲ့"
အရှေ့ဘက်မှ လူသုံးယောက်သည် စားဝါးတော့မတတ် နှင်းဆီလေးကို ကြည့်နေကြသည်။
"အိုး..ဟိုး ဒီနေရာမှာ မတရားခံနေရတာ ကိုယ်ပါ ကိုယ်က ငွေလည်း ပေးထားရသေးတယ်
ကိုယ့် ပစ္စည်းတွေ လည်းဆုံးသေးတယ်
ဘယ်လိုတောင် အသံကောင်း လာဟစ်နေတာလဲ"
တဖြည်းဖြည်း အရှေ့က လူတွေ၏ မျက်နှာတွင် သတ်ချင်ဖြတ်ချင်သည့် အရိပ်အယောင် တွေပြလာသည်အထိထြစ်လာရသည်။
"မင်းမှာ သက်သေရှိလို့ လား
သက်သေမရှိရင် မင်းကိုတရားစွဲမယ်"
လက်ထဲမှ ဖုန်းကို ထောင်ပြလာတဲ့ နှင်းဆီလေး၏ မျက်နှာ သည် မထီတရီ သိပ်ဆန်လွန်းလှစွာ
ဖုန်းထဲမှ မသမာသူတို့၏ ပြတ်ပြတ်သားသား ပုံရိပ်တွေကို လှောင်နေသည့်အလား
"ခင်ဗျားတို့ကို အရေးယူလို့ ရပေမယ့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ခင်ဗျားတို့ကြောင့် မလစ်ဟင်းချင်ဘူး
ဒီတော့ မနက်ဖြန်လာစရာ မလိုတော့ဘူး "
ပြောပြီး ထွက်သွားသော နှင်းဆီလေး သည် စမတ်ကျကျ
ကိစ္စတစ်ခု ဖြစ်ပေါ်လာတိုင်း နှင်းဆီလေးက ရိုးရိုးလေးပဲတွေးကာ ရိုးရိုးလေးပဲ ရှင်းတတ်တာမျိုး
နောက်ဆက်တွဲတွေအတွက် ကြိုတင်ပြင်ဆင်ချက်တွေ အဖြေတွေသည် ရှိမနေတတ်
အချစ်မှာလည်း သည်လိုပါပဲ
ချစ်ရဖို့ပဲ သိခဲ့တာပါ
အလွှာ ဆိုတဲ့ နောက်ဆက်တွဲ side effect ဖြစ်စေမယ့် အရာတွေအတွက် ကြိုတင် ပြင်ဆင်ချက်တွေ အဖြေတွေ မရှိခဲ့ ပြန်ပါဘူး
..... ..... ..... .....
သည်နေ့ Jeon အလုပ်နောက်ကျ စွာ မှောင်ရိပ်သန်းနေသည့် အချိန်မှ ပြန်လာဖြစ်ခဲ့သည်။
လမ်းမီးတိုင် ပြပြ လေးတွေ က အထီးကျန် နေရခြင်းမှာတောင် နှစ်သိမ့်ဖို့ မစွမ်းသာသည့် အခြေအနေရယ်ဖြင့် စွမ်းသလောက် သာ အလင်းရောင် လေးတွေ ကို ထုတ်လွှတ်လျှက်
ဘဝသည် အဆင်ပြေသည်ရယ်လည်းမဟုတ် မပြေသည်လည်းမဟုတ်
အရာရာဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေဖြင့် နေသားတကျ
မအပ်စပ်သည့် အခြေအနေ မအပ်စပ်သည့် ဘဝပုံစံတွေ ကို အတင်းဆွဲယူညှိဖို့ အတွက် သူမကြိုးစားချင်
လက်ရှိဘဝကိုပဲ ကောင်းမွန်သည်ထက်ပိုကောင်းအောင် သူနေလိုက်မည်။
သူ့ရဲ့နေ့ရက်တိုင်းကိုအကောင်းဆုံး ကြိုးစား မည်။
ကြိုးစား ၍ သူ့နောက်က ကပ်ပါလာမည့် အောင်မြင်မှုကိုတော့
သူလိုချင်လောဘရှိမိပါသည်။
တစ်စုံတစ်ယောက်ကတော့ မအပ်စပ်သည့် သူတို့ဘဝတွေကို အတင်းဆွဲ ညှိဖို့ ကြိုးစားနေဆဲ
မြို့၏ မီးအရောင်တွေဟပ်နေသောကောင်းကင်ကြီးကို မော့ ကြည့်မိသည်။
အပြောင် သိမ်းထားတဲ့ ဆံသားတွေရယ်
ဖြောင့် တန်နေတဲ့ မျက် ခုံးတန်းလေးတွေရယ်
မှေးကျဉ်းကျဉ်း မျက်ဝန်းတစ်စုံရယ်
နှုတ်ခမ်းဖူးဖူးလေးတွေ ရယ်
နှာတံစင်းစင်းလေးတွေနှင့် အချိုးကျရောစပ်ထားတဲ့ မျက်နှာ တစ်ခုကို မြင်လိုက်ရသည်။
တော်ပြီလေ... အိမ်မက်တွေ လှရုံဆိုတော်ပြီပေါ့
သိပ်လှတာ သိနေတာပဲကို
မအပ်စပ်သည့် အရာလေးဟာ သူ့စိတ်ကို အမြဲ အနိုင်နှင့် ပိုင်းချပြစ်တာပဲ
ရပ်ကွက်ထိပ်ရောက်သည်နှင့် မြင်နေကျ အရောင် တစ်မျိုးမျိုးနှင့် ကားတစ်စီးဟာ နေ့စဉ် ရက်ဆက် မပျက်မကွက် တာဝန်ကို ယူနေသလို မားမားကြီး တည်ရှိနေဆဲပဲ
အချိန်တွေသည် မနည်းတော့ သူနောက်ကျ နေတာကို သည်လူ ဘာဖြစ်ချင်နေတာလဲမသိ
ကားအနီးကို လျှောက်သွားကာ ကားမှန်ကို ခေါက်လိုက်တော့ မည်သည့် တုံ့ပြန်မှုမှ မရှိတာမို့ မျက်ဝန်းဝိုင်းတွေ အလိုမကျ ဖြစ်သွားရသည်။
"ဒီလူကတော့"
သူသိထားသည့် ထိုလူရှိနိုင်မည့် နေရာဆီသို့သာ မြန်မြန်သွက်သွက် လျှောက် လာခဲ့လိုက်သည်။
ဆောက်လက်စ အဆောက် အဦး သို့ ရောက် သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် Jeon မျက်ဝန်းတွေ သည် တစ္ဆေတစ်ကောင် ဝင်ပူးသည့် အလား ဖြစ်သွားရသည်။
သူတောင် မထိရက် မတို့ရက်လို့ ခပ်ဝေးဝေးက နေခဲ့ရတာကို
သုံးယောက် တစ်ယောက်မို့မြင်ကွင်းတွေသည် လှပမနေ
ထိုသူ၏ ခန္ဓာကိုယ်ကို ထိတွေ့ ကာ အနိုင်ကျင့်ဖို့ ကြိုးစား နေခြင်းက ခန္ဓာကိုယ်က သွေးတွေ ပြောင်းပြန်စီးသွားသည့်အလား
"မျိုးမစစ်ကောင်တွေ!"
ဘေးမှဆောက်လုပ်ရေးခွင်မို့ အရံသင့်ရှိနေသော သံပိုက်ဖြင့် အားလုံး ကို သိမး်ကြုံး ရိုက်ပစ်တော့သည်။
လူသုံးယောက်သည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားရကာ
သွေးများသည် မြင်မကောင်း လောက်အောင် စီးကျနေသည်အထိ Jeonဟာ မကောင်းဆိုးဝါး ဝင်ပူးနေသည့် အလား အဆက်မပြတ်ရိုက်နေဆဲ
ရပ်ကွက်ထဲမှ လူများသည် အဆောက်အဦး ထဲသို့ ပြေးဝင်လာကြကာ လက်ရှိဖြစ်ပျက်နေသော အရာများကို ကြည့်ကာ ကြောင် အနေကြသည်။
သူတို့၏ ရပ်ကွက် star သည် အတော်လေး အထိန်းအကွပ် မဲ့ နေပြီမို့ ဝင်မဆွဲရဲကြ
"ငယ်!တော်ပါတော့ ကိုယ် ကြောက်နေပြီ"
အော်ဟစ်လိုက်သည့် အသံစူးစူးက အသေပဲဟု အချိန်အဆမဲ့ ရိုက်ချက်တွေကို မဆက်ဖြစ်စွာ လေထဲတွင်တန့်လို့
ထို့နောက် ငြိမ်သက်သွားရပြီး သံပိုက်ကို လွှတ်ချလိုက်သံက ငြိမ်သက်နေသော ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။
နောက်ကိုလှည့် ကြည့် လာသည့်မျက်ဝန်းတွေ ဟာ မီးပွားတွေအလား
မျက်ရည်စတွေသည် ရောစွတ်လို့
"ခင်ဗျားတို့ သူ့ကို မကြည့်နဲ့!"
ဝတ်လာသော long coat အရှည်ကြီးကို ချွတ်ကာ ဖရိုဖ ရဲ အလှတရားကို သိမ်းပွေ့ သိမ်းထုပ် လိုက်တာမို့ သူ့ဒေါသကြောင့်ရပ်ကွက်ထဲမှလူတွေသည် ကြောင်အနေရာမှအ လန့်လန့် အဖျတ်ဖျတ် တွေဖြစ်ကုန်သည်။
သူ့ရဲ့ နှင်းဆီလေး ကို ရင်ခွင်ထဲတွင် သိမ်းပွေ့ ချီလိုက်ကာ ခေါင်းကို ရင်ခွင် ထဲ သိမ်းဖွက် လိုက်ပြီး
"မနက်ဖြန် ဒီရပ်ကွက်ထဲ မှာ အဲဒီမျိုးမစစ် သုံးကောင် ရှိနေသေးရင် ခင်ဗျားတို့ သဂြိုလ် တဲ့ နေရာအထိ ပို့ဖို့ ကားပါ တပါတည်း ခေါ်လာခဲ့ကြ"
ခပ်ပြတ်ပြတ်ထွက် လာတဲ့ စကားတွေအောက်မှာ ရပ်ကွက်က လူတွေသည်အယောင်ယောင်အမှားမှားဖြင့် ကွဲပြဲနေသူတွေကိုဆေးရုံပို့ဖို့ လုပ်ကြရသည်။
တစ်ဆက်တည်း မိသားစုဝင်တွေကိုပါ ဒီရပ်ကွက်ကို အလည်အပတ် အနေနှင့်ပင် မလာရန် သတိပေးဖို့ရာ စဉ်းစားလိုက်ကြသည်။
ဒေါသအိုးလေးက တော့ အနောက်ဖက်မှ လူများ၏ သေခြင်းရှင်ခြင်းတွေကိုစိတ်မဝင်စားတော့စွာ ရင်ခွင်ထဲမှ နှင်းဆီလေး ကို လုံလုံးခြုံခြုံ သိမ်းထုပ်ကာ
သည်ရပ်ဝန်းနှင့် ဝေးရာကို ခေါ်သွား လေသည်။
23.4.23