(12.1)
ကောင်းကင် ပေါ်က တံခါး က တဖြေးဖြေး နဲ့ အစိုင်အခဲ ကြီးကနေ အလင်းရောင်တွေ တောက်ပ လာခဲ့တယ်။
တံခါးက သင့်တော် တဲ့ လောက်အထိ ရုပ်လုံး ပေါ်လာ ပြီးတဲ့နောက် အထဲကနေ ရွှေရောင် အလင်းတန်းတွေ က ပျံ့ထွက်လာလေတယ်။
နောက်တော် လျှို့ဝှက် နယ်မြေ ဝင်ပေါက် ကလည်း တဖြေးဖြေးနဲ့ ပွင့်ဟ လာခဲ့တယ်။ အပေါက်ဝ ကနေ ပြီးတော့ တောင်မှ အထဲက ပွင့်လန်း နေတဲ့ ပန်းလေ တွေနဲ့ ပျံသန်း ပျော်မြူးနေတဲ့ ငှက်လေးတွေ ကို သူတို့က မြင်တွေ့နိုင်ပြီးတော့ မွှေးပျံ့တဲ့ ရနံ့တွေနဲ့ အထဲက ထုတ်လွှတ်နေတဲ့ သန်မာတဲ့ အရှိန်အဝါ တွေကို ခံစားနေရလေတယ်။
သူတို့သာ နတ်ဘုရား တစ်ဝက်တောင် ရဲ့ လျှို့ဝှက် နယ်မြေ ထဲကို ဝင်နိုင် နေသမျှ မရေမတွက်နိုင်တဲ့ ရတနာတွေ နဲ့ သိုင်းကျမ်း တွေကို ပိုင်ဆိုင် နိုင်ကြမှာ ပဲဖြစ်လေတယ်။ တကယ်လို့ သူတို့သာ အဲ့မှာ တစ်ခဏလေး လောက် ကျင့်ကြံရင်တောင်မှ ပဲ အကျိုးကျေးဇူး အများကြီး ရနိုင်မှာ ပဲ ဖြစ်လေတယ်။
နတ်ဘုရား တစ်ဝက်တောင် က သူ့ရဲ့ နာမည်နဲ့ လိုက်အောင် တကယ်ကြီး နတ်ဘုရား တစ်ဝက်တွေနဲ့ ဆက်နွယ် ခဲ့လေတယ်။ ဒဏ္ဍာရီ အရ ဆိုရင်တော့ နတ်ဘုရားတစ်ဝက် အဆင့်ထိ ရောက်နေတဲ့ သူက ဒီနေရာကို ပြုတ်ကျ ခဲ့ ပြီးတော့ သူ့ကိုယ် ကနေ လျှို့ဝှက် နယ်မြေ ဖြစ်လာတယ်လို့ ပြောကြလေတယ်။
ထိုလျှို့ဝှက်နယ် မြေထဲမှာ ပိုင်ရှင်ရဲ့ စိတ်ဝိဉာဥ် စွမ်းအားတွေ အများကြီး ပျံ့နှံ့နေကာ သူပိုင်ဆိုင်ထားတဲ့ လက်နက်နဲ့ ရတနာတွေ အမျိုးမျိုးလဲ ရှိတဲ့ အပြင် အဲ့ထဲမှာ နတ်ဘုရား အဖြစ်သို့ တက်လှမ်းနိုင်မယ့် လျှို့ဝှက်ချက် ပါ ရှာတွေ့ နိုင်သေးတယ်တဲ့လေ။
ဒါကြောင့်မလို့ နတ်ဘုရား တစ်ဝက်တောင် ပွင့်တဲ့ အချိန်တိုင်း ကြီးကျယ်တဲ့ အခမ်းအနား တစ်ခု ဖြစ်ပြီးတော့ လူတိုင်းက အဲ့တာ နဲ့ ပတ်သက်ပြီး ရူးသွပ်သွားကြတာ ဖြစ်လေတယ်။
တံခါး က ပွင့်သွားပြီ ဆိုပေမယ့် ဘယ်သူကမှ ဟဲလျန်ချန်း နဲ့ မတိုက်ခိုက် ရဲပါပေ။
ဟဲလျန်ချန်း ကတော့ သူတို့တွေကို ဘယ်တော့မှ စောက်ဖက် မလုပ်ပဲ စုယွမ်ကို ကိုင်ကာ လျှို့ဝှက်နယ်မြေ ထဲကို ဝင်သွား ကြလေတယ်။ သူ့နောက် က ငွေရောင် ရေခဲမြွေ မျိုးနွယ် စု က လိုက်သွား ကြလေတယ်။
သူ့ရဲ့ ကိုယ်က နူးညံ့တဲ့ လေ တစ်ခု ရဲ့ သယ်ဆောင် သွားခြင်း ခံရတယ် လို့ သာ စုယွမ် ခံစားမိလေတယ်။ စုယွမ်လည်း ကုန်းမြေကို ခြေချမိကာ မျက်လုံးဖွင့် လိုက်ရော သူ့ရဲ့ မြင်ကွင်းထဲမှာ စိမ်လန်းနေတဲ့ ကွင်းပြင် ကြီးကို တွေ့လိုက်ရတယ်။
သူ့ရဲ့ နှာခေါင်းထိပ်လေး က ရှုသွင်းနေရတဲ့ လေလေး ကတောင် အလွန်အမင်း လက်ဆက်နေပြီးတော့ ရေချိုးပြီးကာ စ လိုမျိုး ကိုယ်က လန်းဆန်းနေလေတယ်။
တကယ်လို့ သူသာ ဒီနေရာမှာပဲ အမြဲနေရမယ် ဆိုရင် အရမ်းကို ကောင်းမှာ ပဲ လို့ စုယွမ် တွေးမိလေတယ်။
စုယွမ် က ဘေးပတ်ဝန်းကျင်ကို ထူးဆန်းစွာ ပတ်ကြည့်နေပြီးတော့ ဘယ်နေရာမှာများ ရတနာ တစ်ခု ရှိမလဲ ဆိုတာကို တွေးမိလေတယ်။
ရတနာတွေ က ဘယ်နေရာမှာ တဲ့လဲ?
အဲ့တာ တွေရဲ့ အနီးတစ်ဝိုက်မှာ အရောင်တွေ ဖြာထွက်နေမှာလား?
ဘုမသိဘမသိတဲ့ ကောင်လေး စုယွမ် က သိချင်စိတ် နောက်ကိုလိုက်ကာ တစ်ခြားနေရာတွေ သွားဖို့ ခြေတစ်လှမ်း လှမ်းပြီးတဲ့နောက် ဟဲလျန်ချန်း ရဲ့ ပြန်ဆွဲခြင်းကို ခံလိုက်ရလေတယ်။
'' ငါ့အနားကို ကပ်နေပါလို့ မင်းကို ပြောထားတယ် မဟုတ်ဘူး လား။ ဘယ်လို အရှုပ်တွေ လုပ်မလို့လဲ ''
စုယွမ် က ဟဲလျန်ချန်း ပြောတာ တွေကို ဘာမှ မကြားတော့ပဲ သူ့ရဲ့ စိတ်တွေ အကုန်လုံးက ဟဲလျန်ချန်း ဆုတ်ကိုင်ထားတဲ့ သူ့ရဲ့ လက်မှာ ပဲ ရှိနေတော့တယ်။
သူက အဲ့တာကို လျစ်လျူရှု ထားချင်ပေမယ့် ခံစားချက်တွေ အားလုံးက ထိုနေရာမှာ ပဲ စုပြုံနေကာ ကြီးမားတဲ့ လက်က အေးစက်စက် ဖြစ်နေတာကို ခံစား မိလေတယ်။
ဟဲလျန်ချန်းရဲ့ လက်ဖဝါး က သူ့ရဲ့ ကိုယ်ပိုင် လက်ဖဝါး ထက် တစ်ဆ ပိုကြီးတဲ့ အတွက်ကြောင့် သူ့ရဲ့ လက်ဖဝါးကို လုံးဝ ကိုင်ထား လိုက်နိုင်လေတယ်။
တကယ်လို့ သူသာ မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ရင် သူက ဟဲလျန်ချန်း ပေါ်မှာ ကျဆုံး သွားမှာတောင် ကြောက်ရလေတယ်။
ကံကောင်းစွာနဲ့ သူက ယောကျာ်းလေး တစ်ယောက် ဖြစ်ပြီးတော့ စတီးထက်တောင် ဖြောင့် တဲ့သူ ဖြစ်လေတယ်။
ကောင်းပြီလေ။ ယောကျာ်းကြီး နှစ်ယောက်က လက်ကိုင်ထားတာ ကတော့အတော်လေး ကို ထူးဆန်းနေလေတယ်။ ဒါပေမယ့် အခုဟာက အလွန်အမင်း သာမန် ဖြစ်ပြီးတော့ အဲ့တာ က နားလည်ရတာ လွယ်ကူနေသလိုပဲ။
( နင်က မိန်းမ လို ဝတ်ထားတာလေ။)
ထိုနည်းလမ်းနဲ့ ဟဲလျန်ချန်း က စုယွမ်ရဲ့ လက်ကို ကိုင်ထားပြီးတော့ သူ့ကိုယ် ကနေ အကာအကွယ်အလွှာ တစ်ခုထွက် လာကာ စုယွမ်ကို ကာကွယ်ပေး လိုက်လေတယ်။
စုယွမ်က ပန်းတွေကို အသာငမ်းငမ်း ကြည့်နေပြီးတော့ ဒီနေရာ ရဲ့ ပန်းတွေက အရမ်းလှရုံတင် မက ပဲနဲ့ တစ်ချို့ ပန်းတွေ ဆိုရင် သူ တစ်ခါမှ မတွေ့ဘူးတဲ့ အမျိုးအစားတွေ ရှိနေဆဲ ဖြစ်လေတယ်။
အခုတော့ သူ့ရှေ့မှာ ရှိနေတဲ့ ပန်းတစ်ပွင့်လိုပေါ့။ ထိုပန်းပွင့်က တောက်ပ နေပြီးတော့ အတွင်းပိုင်းက ပိုလို့တောင် တောက်ပ နေခဲ့တယ်။
အရမ်းတောင်ပ နေတာပဲ!
'' အဲ့ထဲမှာ တန်ဖိုးကြီးတဲ့ ရတနာ တစ်ခု ရှိလားဟင်?''
စုယွမ် က သူ့ရဲ့ ခေါင်းကို လှည့်လိုက်ပြီးတော့ သူ့မျက်လုံး တွေကလည်း တောက်ပ နေခဲ့လေတယ်။
ခွင့်ပြုချက် တောင်းခံ နေတဲ့ အကြည့်ပဲ ဖြစ်တယ်။
ဟဲလျန်ချန်း က ငတုံးလေးလို လုပ်နေတဲ့ စုယွမ်ရဲ့ အမူအရာကြောင့် သူက ရယ်လိုက်ကာ လှောင်လိုက်လေတယ်။
'' အဲ့တာ က မီးအိမ် ပန်းလေ။ သူ့ရဲ့ အတွင်းပိုင်း က အဆိပ်ပြင်းပြီးတော့ တိုက်စားလွယ်တဲ့ ဂုဏ်သတ္တိရှိတယ်။ တကယ်လို့ မင်းအဲ့တာကို ထိလိုက်တာ နဲ့ ရေအဖြစ် တိုက်ရိုက် ပြောင်းသွား လိမ့်မယ် ''
အဲ့တာက ဆာလဖျူရစ် အက်ဆစ် ထက် ပိုပြီးတော့ ဆိုးဝါးတာပဲ။ စုယွမ် က ကြောက်လန့်မှုကြောင့် သူ့လည်ပင်းကို ချက်ချင်းပဲ စု့ကျုံ့လိုက်တယ်။
ဟဲလျန်ချန်း က အဲ့တာ ကိုတွေ့တော့ သူ့ရဲ့ မျက်ခုံးလေး တွေက နှစ်ကြိမ် ခပ်ပါးပါး တွန့်သွားလေတယ်။ ဒီကောင်လေး က တုံးအ ရုံတင်သာ မကပဲ သတ္တိတွေလည်း ရှိနေ တာပဲဖြစ်လေတယ်။
( သတ္တိတွေ ရှိတာက ရွဲ့ပြောတာ)
ကြည့်ရတာတော့ အရင်က လေ့ကျင့်ပေးမှု က မလုံလောက်ဘူးနဲ့ တူတယ်။ သူတို့ပြန်ရောက်တဲ့ အခါ ထိုငတုံးလေးကို မြွေတစ်သောင်းဂူ ထဲ ပစ်ချ ပြီးတော့ တစ်လလောက် ထားရမယ်။ တကယ်လို့ အဲ့တာ မှ အလုပ်မဖြစ်ရင် အဆိပ်ငါးမျိုး အသိုက်ထဲကို ပစ်ချရမယ်။
သနားစရာ စုယွမ်လေး ခမျာ သူ့ဘေးနားက မြွေမကောင်းဆ်ိုးဝါးကြီး ရဲ့ အတွေးတွေကို မသိခဲ့ပေ။ တကယ်လို့ သိပါက ကြောက်ရွံ့ မှုကြောင့် တုန်ရီနေမှာပဲ ဖြစ်လေတယ်။
ထိုအချိန်မှာ ပဲ သူက ဟဲလျန်ချန်းရဲ့ ဘေးနားမှာ လိမ်လိမ်မာမာ လေး ရပ်နေပြီးတော့ သူ့ရဲ့ ကိုယ်က တစ်ခြား တစ်ယောက် ရဲ့ ကိုယ်ကို ထိလုနီးပါးပဲ။ ဒါပေမယ့် စုယွမ်ရဲ့ စိတ်ထဲမှာတော့ ရှက်ရွံ့မှုတွေ ဘာမှ မရှိတော့ပါပေ။
ဘဝ အသက်ရှင်ဖို့ ရဲ့ အရှေ့မှာ တစ်ခြား ကိစ္စတွေက ဘာကိုမှ အရေးမကြီးတော့ပါပေ။
ဟဲလျန်ချန်း က စုယွမ်ရဲ့ တိုးကပ်လာမှုကို အတော်လေး မနှစ်မြို့ပါပေ။ တကယ်လို့ အဲ့နေရာမှာသာ တစ်ခြားတစ်ယောက် ဖြစ်ကြည့်ပါလား သူက လက်ကိုယမ်းပြီး အဝေးကို ကိုင်ပေါက် ပြစ်မှာပဲ ဖြစ်လေတယ်။
ဒါပေမယ့် တစ်ဖက်လူက ငတုံးငကြောက်လေး ဖြစ်ရုံသာ မက အသုံးမကျတဲ့ ပစ္စည်းလေး ဖြစ်လို့ သူသာ ရိုက်ထုတ်ပါက တိုက်ရိုက်ပဲ သေသွားမှာကို စိတ်ပူနေတာ ပဲ ဖြစ်လေတယ်။
အင်းပေါ့လေ သူ့ခမျာ ဒီလောက် အသုံးမကျတဲ့ ပစ္စည်းလေး နဲ့ မတော်တဆ မောင်နှံ စာချုပ် ချုပ်မိသွားမှ တော့ သူ သည်းခံ ရတော့မှာပေါ့။
( သည်းမခံ လည်းရပါတယ် 🤣🐍💗)
နှစ်ယောက် သား တိတ်တိတ်လေး လမ်းလျောက်လာကြရင်း ဟဲလျန်ချန်း က ရပ်သွားကာ သူ့ရဲ့ မျက်ခုံးတွေက အသာလေး ပင့်သွားလေတယ်။
ဒီနေရာမှာတောင် ကံကောင်းမှု ရှိနေတယ်ပေါ့!
ဟဲလျန်ချန်း က ရုတ်တရက်ကြီး ရပ်လိုက်တာ ကြောင့် စုယွမ် က ကြောက်လန့် သွားကာ ဟဲလျန်ချန်း နောက်ကို ဝင်ပုန်းလိုက်တယ်။
ဟဲလျန်ချန်းရဲ့ မျက်လုံးတွေက အတော်လေး စုကြုံ့သွား ပြီးတော့ သူလုံးဝ ကို သည်းမခံနိုင်တော့ပေ။
'' မင်း ဒီလောက်ထိ ကြောက်လန့် မနေလို့ မရဘူးလား။ ဘာပဲ ပြောပြော မင်းက ငါဆိုတဲ့ ဟဲလျန်ချန်းရဲ့ မိန်းမ ပဲလေ။ ဘာကို ကြောက်နေတာလဲ?''
'' ကြောက်တာပေါ့! ''
'' မင်းက ဘာတွေ ကြောက်နေတာတုံး? ''
'' သေမှာ ကြောက်တာလေ! ''
'' ....... ''
................................................
မနေ့ က စိတ်ခံစားချက်တွေ ကောင်းနေတာ အန်တီလာ တော့ မ လို့ကိုး ။ မနေ့က တစ်နေကုန် ကိုက်ခဲ နေလို့ လုံးဝ နေမကောင်ပါရှင် ။ အခုထိ ပဲ 😖