Ch-14 ကျွန်မလူဆိုးသွားဖမ်းမလို့
Oh god!စာရေးဆရာတွေအားလုံးမှာဒီလိုထူးဆန်းတဲ့အတွေးအခေါ်ေတွရှိတာလား။ဒါကဘယ်လိုလော့ဂျစ်ကြီးလဲ။သူနံရံကိုတိုက်မိတုန်းကခေါင်းထိသွားတာလား။
"ညီအစ်ကိုရေ ကျွန်မမှာတစ်ကယ်ကိုအရေးတကြီးလုပ်စရာရှိနေတာနော်။တံခါးဖွင့်ပေးပါ"
မိမိသည်ဒေါသတကြီးဆက်ခေါက်နေလိုက်သည်။သို့သော်တုန့်ပြန်မှုမရှိပေ။နောက်ဆုံးမှာတော့မိမိမှာအရှုံးပေးလိုက်တော့သည်။
"ရှင် စိတ်ရှုပ်စရာမှင်စာကောင်"
မိမိသည်တံခါးထံအော်ဟစ်လိုက်သည်။
မိမိသည်မျှော်လင့်ချက်မဲ့စွာဖြင့်လှည့်လိုက်ပြီးရှီယုနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ငါတို့ဒီနေ့တော့မသွားနိုင်တော့ဘူးလို့ထင်တယ်"
ရှီယုသည်မိမိပြောသည်အားကြားသည်နှင့် မိမိရှေ့တွင်ပင် နံရံအားဖြတ်သွားလိုက်ပြီး ပြန်လာသည်။နံရံကိုဖြတ်တယ် ပြန်လာတယ်။နံရံကိုဖြတ်တယ် ပြန်လာတယ်။
……………
အမျိုးသမီးရှင့် ရှင်ကနံရံတွေကိုဖြတ်သွားနိုင်ပေမယ့်ကျွန်မကမလုပ်နိုင်ဘူးလေ။
သိုသော်အပြင်ဘက်တွင်တော့ မိမိသည်လက်ခုပ်လက်ဝါးတီးကာ ပမာမခန့်လေသံဖြင့်ပြောလိုက်သည်။
"ဝိုး!နံရံကိုဖြတ်သွားတဲ့နည်းပညာက အရမ်းအံ့ဩစရာကောင်းတာပဲ။နင်ငါ့ကိုမျက်နှာလာပြောင်နေတာလား"
သူမသည်မိမိ၏ထေ့ငေါ့နေသည့်သဘောထားအားအာရုံရသွားပုံပေါ်ပြီး မိမိအားတစ်ယောက်တည်းထားခဲ့ကာ မိမိ၏ကြောင်သရဲလေးနှင့်ေဆာ့ရန် ထောင့်တွင်ခွေထိုင်လိုက်သည်။
တင်းကြပ်စွာပြောရလျှင် ရှီယုသည်သူမ၏ခန္ဓာကိုယ်မှာအသက်ရှိနေသေးသည့်အတွက် လူသားတစ်ဦးဖြစ်နေဆဲပင်။ထို့ကြောင့်ဤအကြိမ်သည် တစ်ယောက်ေယာက်မှမိမိနှင့်တစ်ညလုံးလိုလိုလားလားနေခဲ့သောပထမဆုံးအကြိမ်ဖြစ်သည်။
ဒါကဒဏ္ဍာရီလာbestie nightဖြစ်နိုင်မလား။
ဤအကြောင်းအားတွေးကြည့်ရာ မိမိသည်ပုံမှန်မဟုတ်စွာပျော်ရွှင်နေသလိုခံစားနေရသည်။အချိန်နှင့်အမျှ မိမိသည်ရှီယုအားစိုက်ကြည့်နေမိလိုက်သည်။သူမသည်တွန်နှင့်ကစားနေဆဲပင်။
သူမကငါ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းပုံစံမဟုတ်ပေဘူးလား။လှပတယ်၊ရိုးသားတယ် ပြီးတော့ရဲရင့်တယ်။အရေးအကြီးဆုံးကတော့ ငါကဘယ်လိုလူဖြစ်ဖြစ်လက်ခံပေးတာပဲ။
မိမိမှာသူမဆန္ဒရှိမည်လားကိုမသိသော်ငြား သူမမှာမိမိသူငယ်ချင်းအဖြစ်တိတ်တိတ်လေးသတ်မှတ်ထားနှင့်ပြီးဖြစ်သည်။
အမှန်တစ်ကယ်တော့ မိမိသည်သူငယ်ချင်းတစ်ေယာက်ဖြစ်တယ်ဆိုသည်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုမသေချာသော်ငြား ယခုတွတော့ရှီယုသည်မိမိ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။
အာ.....ငါအခုဒါတွေမတွေးသင့်တော့ဘူး။မိမိတို့သည်အခန်းထဲမှမထွက်နိုင်ကြပေမယ့် မိမိမှာအလုပ်လုပ်ရေပမည်။ငါအရူးဆိုက်ကိုကောင်ကိုဖမ်းရမယ်။အထူးသဖြင့်မိမိတွင်အခြားသူများ၌မရှိသည့် အကျိုးကျေးဇူးတစ်ခုရှိနေသောကြောင့်ပင်။မိမိသည်သူ့နောက်လိုက်နေသောသရဲနှစ်ကောင်အားတွေ့ဖူးလေသည်။ဒီအဓိပ္ပာယ်က ငါကလူသတ်သမားရဲ့တည်နေရာကို ညွှန်ပြနိုင်လိမ့်မယ်။သို့သော်မေးခွန်းမှာ သရဲနှစ်ကောင်အားဘယ်လိုထပ်ရှာရမလဲဆိုတာပင်။
မိမိသည်လူသတ်သမား၏နောက်ဆုံးရသတင်းများအား webတွင်စတင်ရှာေဖွတော့သည်။လူတစ်ယောက်သည်ဤမျှထိနတ်ဆိုးဆန်နိုင်မှန်းအား မိမိမယုံကြည်နိုင်ခဲ့ပေ။ယခုမတိုင်မီေနာက်ဆုံးဖေဖော်ဝါရီ၌ ရဲဌာနသည်အခြားတူညီသည့်အမှုကိုးမှုအားရှာဖွေစစ်ဆေးေတွ့ရှိခဲ့ကြသည်။သူသည်သံသယရှိသူဖြစ်သော်ငြား အခုထိသူ့အားမဖမ်းမိနိုင်သေးပေ။
ကိုးမှု၊ခုနစ်ယောက်သေပြီး နှစ်ယောက်ကကိုမာဝင်နေတယ်။
နှစ်ယောက်ကကိုမာဝင်နေတယ်?
ဤသည်မှာလူသတ်သမား၏တည်နေရာသော့ချက်ဖြစ်နိုင်လေသည်။လျင်မြန်တဲ့webကိုကျေးဇူးတင်ပါတယ်။မိမိသည်နှစ်မိနစ်မကြာခင်မှာပင် အသက်ရှင်နေသေးသည့်သားကောင်နှစ်ဦး၏ပုံအားရှာဖွေနိုင်လိုက်သည်။
"ဘာလဲဟ!"
မိမိသည်အံ့အားသင့်စွာဖြင့်မော်နီတာစခရင်အား ငေးကြည့်လိုက်သည်။သူတို့ကလူသတ်သမားနောက်လိုက်နေတဲ့သရဲနှစ်ကောင်ပဲ။
အိုး သူတို့မသေကြသေးဘူးပေါ့။ဒါဆိုသူတို့ရဲ့အခြေအနေကရှီယုနဲ့ဆင်နေတာပဲ။
တိုက်ဆိုင်စွာပင် သူတို့သည်ရှီယုနှင့်ဆေးရုံတစ်ခုတည်းတွင်နေထိုင်နေကြသည်။
ဖိုရမ်မှအချက်ပေးချက်တစ်ခုပေါ်လာသည် : သင်သည်responseတစ်ခုလက်ခံရရှိခဲ့သည်။
webကနေအခြား response ပေါ့လေ။မိမိသည်မျှော်လင့်ချက်ကြီးကြီးထားမထားပေ။သို့သော်လည်း မိမိ၏OCDကြောင့် မိမိအားအချိန်ကြာကြာနှောက်ယှက်နေသော အနီေရာင်အစက်လေး၏တည်ရှိမှုအားနှိပ်လိုက်သည်။မိမိသည်တုန့်ပြန်ချက်အားဂရုတစိုက်ငေးကြည့်နေလိုက်သည်။ထိုလူမှမေးလာခဲ့သည်။
"ဒီခန္ဓာကိုယ်ထဲကထွက်တဲ့ကိစ္စကို ဘယ်လိုအတွေ့အကြုံမျိုးကနေဦးဆောင်လာတာလဲ"
ငါပရော်ဖက်ရှင်နယ်တစ်ေယာက်နဲ့ချိတ်မိသွားတာလား။
မိမိသည်မြန်မြန်စာပြန်လိုက်သည်။
"သူမခန္ဓာကိုယ်ကဆေးရုံမှာလေ။အဲ့ဒါကကောင်းကောင်းအလုပ်လုပ်နေပေမယ့် သူမဝိညာဉ်ကတော့သူ့ဘာသာသူခွဲထွက်လာတယ်။ကျွန်မကသူမဝိညာဉ်ကိုခန္ဓာကိုယ်ထဲဘယ်လိုပြန်ထည့်ရမှာလဲရှင့်"
ထိုလူမှထပ်မေးလာသည်။
"သူမဝိညာဉ်ကသူ့ဘာသာဖြစ်နေတာကိုမင်းကဘယ်လိုလုပ်သိနေတာလဲ"
မိမိ၏အဖြေ :
"ကျွန်မအဲ့ဒါကိုမြင်နိုင်တယ်"
ပုံမှန်ဆိုလျှင်ဤနေရာတွင်ပင် လူအများစုမှာမိမိအားလှောင်ပြောင်ကာငြင်းဆိုကြမည်ဖြစ်သည်။သို့သော်ဤလူမှာတော့ဖြင့်ခြားနားပေသည်။ဤလူမှာစွဲလန်းနေပုံရသည်။(ပရလောကနဲ့ပတ်သက်ပြီး)
"စိတ်ဝင်စားစရာပဲ။မနက်ဖြန်နေ့လည်၃နာရီမှာ ချင်းထန်အဆောက်အအုံA၊၁၆ထပ် အခန်းနံပါတ်၁၈၀၄ကိုလာခဲ့ပါ။အဲ့ဒီမှာမင်းအထဲရောက်တာနဲ့လမ်းပြပေးနိုင်တဲ့လူတစ်ယောက်ရှိတယ်"
ပြီးတော့ အဲ့ဒါပဲပေါ့လေ။
မိမိပြောသည်နှင့်မသက်ဆိုင်သည်တို့ကို ထိုလူမှာဒီထက်ပို၍ပြန်ဖြေမလာတော့ပေ။မိမိသည်သူ၏statusအားကြည့်လိုက်ရာ ထိုသည်မှာofflineဖြစ်သွားလေပြီ။မိမိသည်ဤသည်မှာရိုက်စားဖြစ်နေမည်ကိုကြောက်မိသော်ငြား မိမိမှာအလွန်ကိုအဆောတလျင်ဖြစ်နေ၍လိပ်စာအားချရေးထားလိုက်သည်။
ချင်းထန်အဆောက်အအုံ အေ၊၁၆ထပ် အခန်းနံပါတ်၁၈၀၄။ငါအရင်ကအဲ့ဒီကိုတစ်ခါမှမရောက်ဖူးဘူး။
မိမိသည်ဖြည်းဖြည်းချင်းဖြင့် တစ်စထက်တစ်စအိပ်ငိုက်လာသည်။ယနေ့သည်အမှန်ကိုထိတ်လန့်ပြီးစိတ်အနှောက်အယှက်ဖြစ်စရာကောင်းလွန်းခဲ့သည်။မိမိသည်headboardအားမှီလိုက်ပြီး တွန်နှင့်ေဆာ့နေသောရှီယုအားဆက်ကြည့်နေလိုက်သည်။ဖြည်းညှင်းစွာပင်မိမိမှာအိပ်ပျော်သွားခဲ့သည်။
မိမိမှာအိပ်မက်တစ်ခုမက်ခဲ့သည်။ပြီးနောက်စုယန်လည်းပါဝင်နေခဲ့သည်။
ထိုအရာသည်သီးခြားနေရာတစ်ခုတွင်တည်ရှိနေသောအိပ်မက်တစ်ခုမဟုတ်ပေ။နောက်ခံမှာသန့်စင်သောအဖြူရောင်ဖြစ်သည်။အိပ်မက်ထဲတွင် စုယန်သည်ပွပွချောင်ချောင်စီနီယာအထက်တန်းယူနီဖောင်းအားဝတ်ဆင်ထားပြီး မိမိရှေ့တွင်ရပ်နေခဲ့သည်။သူမှအော်လာခဲ့သည်။
"မင်းဘာလို့အဲ့ဒီမှာအရူးတစ်ယောက်လိုရပ်ေနတာလဲ။လာခဲ့"
မိမိသည်အလွန်အံ့အားသင့်သွားရသည်။မိမိသည်သူ့အားဂရုတစိုက်ကြည့်နေရင်း မိမိလက်ချောင်းအားဖြည်းဖြည်းချင်းမြှောက်ကာကိုယ့်ကိုကိုယ်ညွှန်ပြလိုက်သည်။
"ရှင်ကျွန်မကိုပြောနေတာလား"
စုယန်သည်နှစ်လိုဖွယ်ကောင်းစွာတခစ်ခစ်ရယ်နေရင်းမိမိဆီခြေလှမ်းကြီးကြီးလှမ်းလာခဲ့သည်။သူသည်သူ၏လက်မောင်းနှင့်တံေတာင်ဆစ်အားမိမိခေါင်းပေါ်တင်လိုက်ကာ မိမိပေါ်ငြင်ငြင်သာသာလေးမှီလိုက်သည်။
"မင်းအရူးမလေး။ဒါပေါ့ ကိုယ်ကမင်းကိုပြောနေတာပေါ့ကွ"
"ဘာလို့ရှင်နဲ့ကျွန်မပဲ......."
မိမိတို့ကြားအကွာအဝေးမှာနီးကပ်လွန်းသောကြောင့် မိမိမှာပါးပြင်များထူပူနေသည်ကိုရှင်းရှင်းလင်းလင်းခံစားနေရသည်။ထို့အပြင်မိမိမှာစုယန်၏မျက်နှာသွင်ပြင်မှအကြည့်မလွှဲနိုင်တော့ပေ။
"မင်းသာအရမ်းတောင့်တင်းပြီးမလှုပ်မယှက်ဖြစ်နေမယ်ဆိုရင် ကိုယ်တော့ပျောက်ကွယ်သွားရတော့မှာပဲ"
စုယန်သည်နူးနူးညံ့ညံ့လေးဖြင့်ခြိမ်းခြောက်လာသည်။
မိမိသည်ခေါင်းယမ်းလိုက်ပြီး
"ရှင်ပျောက်ကွယ်သွားလိမ့်မယ်?"
မိမိသည်သူ့ကိုစမ်းသပ်ချင်နေပြီး သူ့လက်အားဆုပ်ကိုင်ရန်ကြိုးစားလိုက်သည်။သို့သော်မိမိသည်ဘာတစ်ခုပေါ်မှမဆုပ်ကိုင်နိုင်ခဲ့ပေ။ထိုအစားစုယန်၏ခန္ဓာကိုယ်သည်မိမိရှေ့တွင်ဖြည်းဖြည်းချင်းဖောက်ထွင်းမြင်နေရသည့်အခြေအနေအားပြောင်းသွားသည်။
"ရှင်..."
"ကိုယ်မင်းကိုအရမ်းတောင့်တင်းပြီးမလှုပ်မယှက်ဖြစ်မနေပါနဲ့လို့မပြောဘူးလား။ကိုယ်အရင်သွားရတော့မယ်"
စုယန်မှမိမိခေါင်းအားထိလိုက်သည်ကိုမြင်နေရသော်ငြား မိမိသည်ဘာမှမခံစားရပေ။မိမိသည်သူ၏အပြုံးမှာမိမိရှေ့တွင်နည်းနည်းချင်းစီပြန်ကျဲသွားသည်ကိုမျှော်လင့်ချက်မဲ့စွာငေးကြည့်နေရသည်။
အဆုံးမှာတော့ အဖြူရောင်နယ်မြေထဲတွင်မိမိတစ်ဦးတည်းသာကျန်ေနခဲ့တော့သည်။
အဖြူရောင်နယ်မြေသည်အပြစ်ကင်းသည်ဟုမခံစားရတော့ပေ။မိမိမှာရှုပ်ပွနေသောကမ္ဘာတစ်ခုတွင်းနေရာချထားခံရသလိုခံစားနေရသည်။
ငါ့အိပ်မက်ထဲမှာငါတို့ရဲ့ပတ်သက်မှုကဘာလဲ။
မိမိတွင်အတွေးစမရှိတော့ပေ။သို့သော်အိပ်မက်ထဲတွင်ခံစားချက်အသစ်များမြင့်တက်လာသည်ကိုတော့သိခဲ့လေသည်။ထိုအရာသည်လက်တွေ့ဘဝတွင်သူ့အားခံစားမိသည်နှင့်ကွာခြားလေသည်။မိမိမှလက်ေတွ့တွင်သူ့အားစိတ်ဆိုးပြီးမောင်းထုတ်နေရသည့်အခိုက်အတန့်များရှိနေမည့်အစား ထိုအရာသည်မိမိအသက်အရွယ်ရှိလူတစ်ဦး၌မရှိသင့်သောအစောပိုင်းတွန်းအားပေးမှုပင်ဖြစ်နေခဲ့သည်။
"ေရွှငါးလေး ထတော့"
မိမိမျက်လုံးများမှာပိတ်နေသည်။မိမိသည်တစ်စုံတစ်ဦးမှမိမိအားခပ်ေပါ့ေပါ့ခေါ်နေသည်ကိုကြားေနရသည်။
မမျှော်လင့်စွာပင် မနေ့ည၌မိမိသည်လပ်တော့အားမိမိလက်မောင်းများတွင်းပွေ့ပိုက်ကာအိပ်ပျော်နေခဲ့သည်။မိမိသည်ငိုက်မျည်းနေသောမျက်လုံးများအားဖွင့်ကာ ပထမဆုံးအရာအနေဖြင့် တံခါးအားမှီနေသောစုယန်ကိုသတိထားမိလိုက်သည်။သူ့လက်ထဲတွင်နို့တစ်ခွက်ရှိနေသည်။
"ရှင်ကနှိုးစက်နာရီလား။နေ့တိုင်းကိုမနက်ခင်းရောက်တာနဲ့ကျွန်မကိုလာလာနှိုးနေတယ်"
မိမိသည်ငြီးတွားနေရင်းအိပ်ရာမှဝှစ်ခနဲထလိုက်သည်။
မိမိသည်လျင်မြန်စွာထလိုက်ပြီး မိမိ၏ရှုပ်ပွနေသောဆံပင်ရှည်များသည်မိမိမျက်နှာအားဖုံးအုပ်နေသည်မှာ သရဲမတစ်ကောင်အလားပင်။မိမိသည်ဆံပင်ကြားမှနေစုယန်အားစိုက်ကြည့်လိုက်သည်။
"မနေ့ညကငါရှောက်ချင်ကိုခေါ်ခဲ့တာ။သူကပြောတယ် လူတွေကကြောက်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုကိုကြုံတွေ့ခဲ့ရရင် သူတို့ကမတည်မငြိမ်ဖြစ်ပြီး လူတိုင်းကိုရန်သူတစ်ယောက်လိုဆက်ဆံတယ်တဲ့။အထူးသဖြင့် အားနည်းပြီး ကျိုးပဲ့လွယ်တဲ့မိန်းကလေးတွေပေါ့။ငါကတော့ မင်းကအားနည်းပြီးကျိုးပဲ့လွယ်တယ်ဆိုတဲ့အမျိုးအစားထဲမပါဝင်မှန်းသေချာသိနေပေမယ့် သူကငါကနေမင်းကိုနှစ်သိမ့်ဖို့ သည်းခံဖို့ နားလည်ပေးဖို့အချိန်ယူရမယ်လို့အသေအချာပြောခဲ့တယ်လေ"
"ဒါဆိုကျွန်မကိုနှစ်သိမ့်ဖို့ သည်းခံဖို့ နားလည်ပေးဖို့ကိုရှင်ကပြင်ဆင်ပြီးပြီလား"
မိမိသည်လက်ေမာင်းမှရာဘာခေါင်းစည်းကွင်းအားယူကာ ဆံပင်များကိုစုစည်းလိုက်သည်။ထို့နောက် မိမိသည်ဖိနပ်ပါးများကိုစီးကာ တရွတ်တိုက်လျှောက်လာပြီး ရှုပ်ပွနေသောဆံပင်နှင့်ညစ်ပတ်ေနသောမျက်နှာဖြင့် စုယန်ရှေ့ရပ်လိုက်သည်။မိမိသည်ခေါင်းအားမော့ကာ သူ့ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။
စုယန်မှာခဏကြာမိမိအားအထက်အောက်အကဲဖြတ်လိုက်ပြီး သက်ပြင်းချနေခဲ့သည်။ပြီးနောက်ထိုသည်မှာ ဆုံးဖြတ်ချက်အချို့ချမှတ်ထားလိုက်သလိုဖြစ်နေခဲ့သည်။သူသည်နို့ခွက်အားမြင်သာအောင်ပင့်လိုက်ပြီး ပြောလာခဲ့သည်။
"ငါမင်းအတွက်ဒါကိုအထူးအနေနဲ့ေနွှးလာပေးခဲ့တယ်"
သူသည်စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုများကို ဖြတ်ကျော်ခဲ့ဖူးသည်ဟု မိမိသေချာပြောနိုင်သည်။
"ကျေးဇူးပဲ"
မိမိသည်သူ့ဆီမှဖန်ခွက်အားယူကာ တစ်ငုံတည်းဖြင့်အပြီးသတ်လိုက်သည်။ထို့နောက် ဖန်ခွက်အားဖိညှစ်ကာ သူ့လက်ထဲပြန်ထည့်ပေးလိုက်သည်။
"ဒါပေမယ့် ရှင်သာကျွန်မကိုပိုကောင်းအောင်ဂရုစိုက်ချင်ရင် ကျွန်မအိပ်ခန်းတံခါးကို လက်လွတ်စပယ်ဖွင့် ဖွင့်ပြီးမဝင်လာပေးလို့ရမလား။ကျွန်မကိုသဘာဝအတိုင်းနှိုးထခွင့်ပေးပါလားဟင် please.."
စုယန်သည် 'မင်းကတော့ အများကြီးမျှော်လင့်နေပြန်ပါပြီ' ဆိုသည့်အမူအယာပေးလာပြီး အခိုင်အမာတင်ပြလာတော့သည်။
"ဒါကငါမင်းကိုကောင်းကောင်းပြုစုပေးဖြစ်မယ့် တစ်ခုတည်းသောအကြိမ်ပဲ"
"ရှင်!"
မိမိသည်စုယန်အားလက်ညှိုးထိုးလိုက်သော်ငြား သူသည်လက်ညှိုးအားဆုပ်ကိုင်လိုက်သည်။သူမှမိမိလက်အားလွှတ်ပေးလိုက်သောအခါ မိမိလက်ထဲတွင် တစ်ရှူးများစွာရှိနေခဲ့သည်။သူသည်ခေါင်းအားလှည့်ကာ လှည့်မကြည့်တော့ဘဲထွက်သွားတော့သည်။
မိမိသည်တစ်ရှူးများအားယမ်းကာမေးလိုက်သည်။
"ဒါကဘာအဓိပ်ပ္ပာယ်လဲ"
စုယန်နောက်ဖက်မြင်ကွင်းသည် မိမိအမြင်မှပျောက်သွားနှင့်ပြီးဖြစ်သည်။သူ၏အသံသည် မီးဖိုချောင်မှပဲ့တင်ထွက်လာသည်။
"မင်းရဲ့ပါးစပ်..."
မသိစိတ်အရ မိမိသည်ပါးစပ်ထောင့်အားထိလိုက်သည်။အားးးသူကတော့ငါ့ရဲ့ဆိုးဝါးနေတဲ့ပုံကိုထပ်မြင်သွားပြန်ပြီဟ။
မိမိသည် တစ်ရှူးဖြင့်ပါးစပ်အားပြီးစလွယ်သုတ်လိုက်ပြီး သွားတိုက်မျက်နှာသစ်ရန်ရေချိုးခန်းဆီပြေးသွားလိုက်သည်။ထို့နောက် မိမိသည်ရှီယုအားနှိုးလိုက်သည်။သူမသည် ထောင့်တွင်မှီခွေနေရင်း မှိန်းနေသည်။
"ငါတို့အခုသွားရေအာင်"
ရှီယုသည်မိမိနောက်တွင်လိုက်လာသည်နှင့် မိမိသည်ဖိနပ်လဲရန် ရှေ့တံခါးဆီမြန်မြန်ပြေးသွားလိုက်သည်။
စုရန်သည် ကူရှင်ပေါ်တွင်tabletဖြင့်ဆော့နေသည်။သို့သော်သူသည်မိမိလှုပ်ရှားမှုအားမြင်သည်နှင့် ရောက်ချလာကာမေးလိုက်သည်။
"မင်းအခုဘယ်သွားမလို့လဲ"
"ကျွန်မလူဆိုးသွားဖမ်းမလို့"