Unicode
ချူချန်ကတော့ ဘူးခံနေဆဲ။
“ငါဘယ်တုန်းကမင်းကိုပြောခဲ့လို့လဲ? ငါ့ဘာသာ ချင်းရွှယ်ကိုပြောပြတာ။အဲ့ချင်းရွှယ်က လုံးဝစိတ်ချလို့မရတာကို ဘယ်သူကသိထားမှာတုန်း? လူတိုင်းကို လျှောက်ပြောလိုက်သေးတယ်။တကယ်စိတ်ပျက်စရာ”
ချင်းရွှယ်မှာတော့ ပါးစပ်အပြည့်စာသွေးတွေကိုအန်ထုတ်မိလုနီးပါး။
“အားချန်...အခုတော့ မင်းက အလှလေးရှိတယ်ဆိုပြီး ပျော်ရွှင်မြူးတူးနေနိုင်ပြီပေါ့။မင်း စိတ်ဓာတ်တွေချုံးချုံးကျပြီး ဝမ်းနည်းပက်လက်ဖြစ်နေတဲ့အချိန် ဘယ်သူတွေက မင်းကို အသိတရားရစေလဲ မေ့သွားပြီမလား? မင်းစိတ်ဆင်းရဲအောင် ငါသာ မနှိပ်စက်ခဲ့ရင် မင်းဆိုတာ အခုထိ သူ့ရဲ့ နောက်ခံဒယ်ဒီ သာသာပဲ ရှိနေဦးမှာကွ! အဲ့နေ့က မင်းပုံစံကိုသာ record လုပ်ထားမိရင် အခုချိန် ကျိုးကျိုးကို ပြပလိုက်ပြီ။အဲ့ဒါမှ ငတုံးဆိုတာ ဘယ်လိုလဲ သူသိသွားမှာ။ပုံမှန်ဆို တော်တော်စမတ်ကျတဲ့ကောင်က အချစ်နဲ့လည်းကျရော ငပေါကြီးဖြစ်သွားတယ်လေ”
“ဟေ... ဟေ.... ဟေး....အဲ့ဒါ ငါ့မှာရှိပါတယ်”
ယောက်ရှိုးယွမ်က ဖုန်းဆွဲထုတ်သည်။
“ငါ keyword တွေ သုံးပြီး ရိုက်ရှာလိုက်တော့ ဂရုထဲကနေ တွေ့လာတာ။ အားချန် ပြောထားတာက 'ငါက သူ့ကို ကြိုက်တယ်? ငါက အဲ့လို အဆင့်နိမ့်တဲ့ အမှားမျိုး လုပ်မှာမဟုတ်ဘူး...အပျော်သက်သက်ပဲ' တဲ့။ တွေ့ပြီလား။ မင်းဘာသာ ဂရုထဲမှာ လာပြောထားပြီး ချင်းရွှယ်ကို အထင်မှားနေသေးတယ်”
“အဲ့တုန်းက ချင်းရွှယ်လည်း မင်းကို ပြောပြီးပြီဆိုတော့ ငါတို့အားလုံးသိသွားတယ်ဆိုပြီး မင်ထင်လို့ စာတွေပြန်မဖျက်သွားတာလေ”
“ဒီတော့ကာ အဲ့လိုအမှားမျိုး မလုပ်ဖြစ်လိုက်ဘူးဆိုတော့ မင်းက ကောက်ကျစ်တဲ့အရင်းရှင်းကြီးမဟုတ်တော့ဘူးပေါ့နော်” ရှောက်ရုံက စပြောသည်။
“မင်းမျက်နှာကြီး မနာဘူးလားဟမ်”
“ဒါမှမဟုတ် ချစ်မိသွားသောလူသားများ၏အနှစ်ချုပ်ဆိုပြီး ငါတို့ပြောပြရဦးမလား? အခု ပြန်တွေးကြည့်မှပဲ ဒီကောင်အားချန် အလံဖြူပြလိုက်တာ မြန်ချက်”
ချူချန်ကလည်း ဒီလိုဒီလိုတွေပြောတော့မှာကို ကြိုတွေးပြီးသားလေ။အဲ့တော့ သဘောထားကြီးစွာ ပြန်ဖြေပေးလိုက်ပါတယ်။
“အခုကစပြီး ငါ့ကို ရက်စက်တဲ့အရင်းရှင်ကြီးလို့ မမြင်ကြနဲ့တော့။ငါက အင်မတိအင်မတန် ဥပဒေဘောင်အတွင်းကနေထိုင်ပြီး အခွန်ကောက်တွေကိုလည်း ပုံမှန်ပေးတော့မယ့်လူဖြစ်သွားပြီ။ဒါမှ စီးပွားရေးလောကရဲ့ စိတ်ဓာတ်ကြီးမဟုတ်လား?”
တစ်ဖက်လူရဲ့ တရာနည်းလမ်းကျသလိုတွေလာလုပ်နေသည့် မျက်နှာကြီးအား တိုက်ရိုက်ကြည့်နေရတာကို ရှောက်ရုံ သည်းမခံနိုင်တော့ဘူး။
“မင်းအရေထူချက်က မြို့နံရံကြီးလောက်ကိုပဲ။သာမန်လူတွေဆို မင်းနဲ့စကားပြိုင်လုနိုင်မှာမဟုတ်ဘူး”
“ဘာဖြစ်ဖြစ်။ဒီကိစ္စကပြီးသွားပြီလေ။ကျိုးကျိုးက တအောင့်နေလာတော့မှာ မင်းတို့အားလုံး ပေါက်ကရတွေ လျှောက်မပြောလိုက်နဲ့။ငါတို့အတွဲပျက်သွားလည်း မင်းတို့တွက် ဘာမှကောင်းလာမှာ မဟုတ်ဘူးမလား။ အန်းမင်ကိုကြည့်စမ်။မင်းတို့လို လုံးဝမဟုတ်ဘူး။သူ့ဆီက သင်ယူကြစမ်းပါ”
အန်းမင် သူ့ကိုကြည့်လိုက်သည်။
“ အစောကြီးတည်းက မင်းရဲ့ပေါက်ကရစကားတွေကို ငါလုံးလုံး မယုံစားခဲ့ဘူးလေ။ ဒါကြောင့်ပါ”
ချူချန် :..........
“ငါပြောခဲ့သားပဲ ငါတွေ့ဖူးတဲ့ဘယ်ဝက်မှ မင်းလို မပြေးဘူးလို့”
“မခံမရပ်အဖြစ်ရဆုံးကိစ္စကိုပြောပါဆိုရင် ဝက်တွေက မင်းလိုမပြေးလို့မဟုတ်ဘဲ ဝက်တစ်ကောင်ဖြစ်ရက်နဲ့ ဂေါ်ဖီထုပ်တောင် ဘယ်လို စားရမလဲမသိတဲ့ မင်းက ဝက်လုပ်ချင်နေလို့ပဲ။မင်းက ဝက်လောကကြီးကို အရှက်ရစေတယ်သားကြီးရဲ့” ချင်းရွှယ်က မစာမနာပြောသည်။
[ET/N ဝက်နဲ့ ဂေါ်ဖီထုပ်ဥပမာ----အလွန်ကောင်တဲ့ မိန်းကလေးတွေ၊ယောက်ျားလေးတွေကို ဂေါ်ဖီထုပ်နဲ့ခိုင်းနှိုင်းပြီး မကောင်းတဲ့ ယောက်ျားတွေကိုတော့ ဝက်/ဝက်သိုး တွေနဲ့နှိုင်းကြတယ်-အခြေခံအားဖြင့် အဓိပ္ပါယ်ဖွင့်ရရင်တော့ အမျိုးကောင်းသမီးလေးတွေက ရုပ်ဆိုးဆင်းရဲပြီး အကျင့်မကောင်းတဲ့ ယောက်ျားတွေနဲ့ တွဲမိရင် အလိုလိုက်မခံရဘူးလို့ဆိုလိုတာပါ]
“မျက်နှာပျက်တာက ပျက်တာပဲ။ ဂေါ်ဖီထုပ်လေးကျိုးကျိုးက ဉာဏ်ကောင်းပြီး စဉ်းစားတတ်လို့သာပေါ့။တစ်ခြား ဂေါ်ဖီထုပ်သာဆို ဒီကောင် ပြန်လိုက်မရတော့ဘူး။မင်းကလေ တစ်ခြားဂေါ်ဖီထုပ်ရဲ့ ပါးပါးဖြစ်သွားသင့်တာ” ရှောက်ရုံက ဖြည့်ပြောသည်။
ယောက်ရှိုးယွမ်က ခွက်အား တစ်ဒေါက်ဒေါက်ခေါက်ကာ နိဂုံးချုပ်ပေးလာသည်။
“ဟုတ်ပ”
ချူချန် : ........
ရှားရှားပါးပါး ချူချန်ဘက်မှ အသံတိတ်သွား၏။
ကျိချင်းကျိုးက ခေါင်းလေးငုံ့ပြီး တံခါးအပြင်မှာရပ်ရင်း တခွီးခွီးရယ်တော့သည်။အကျယ်ကြီး ရယ်ရမှာ ရှက်လို့မဟုတ်ဘဲ အထဲက လူတွေ ကြားသွားမှာ စိုး၍ဖြစ်သည်။ဒါပေမယ့် မရယ်ပဲနဲ့လည်း မနေနိုင်ပေ။ချူချန်ရဲ့သူငယ်ချင်းတွေက သူက ချူချန်ရဲ့ ကောင်လေးပြန်ဖြစ်သွားတဲ့အပေါ် အမှန်တကယ်တွေးပေးတတ်ကြသည်။သူ့အတွက် ထိုစကားမျိုး ပြောလိုက်ခြင်းက သူ့ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေတော့အောင်ပင်။
ကျိချင်းကျိုးက အမြဲ အစွဲမကြီးသူဖြစ်၍ ထိုကိစ္စလေးတွေအား စိတ်ထဲမထားပေ။တကယ်တော့ ချူချန်ရဲ့သူငယ်ချင်းတွေက သူ့အပေါ် ဆို အမြဲ ယဉ်ယဉ်ကျေးကျေးရှိပြီး ဖော်ရွေကြတာပင်။ချူချန်ကို ဒီလိုထိ စနောက်နေလိမ့်ကြမယ်လို့သာ မထင်ထားခဲ့တာပါ။တွေးကြည့်မှဖြင့် သူတို့လမ်းခွဲတုန်းက ချူချန် ဘာတွေလျှောက်ပြောထားလည်း သိချင်လာ၏။ဒီလောက်ဝေဖန်ချက်တွေအများကြီးထွက်လာရအောင်ထိ ဘာတွေလုပ်ခဲ့တာပါလိမ့်?
သူသိချင်ပေမယ့် ချူချန်ကို မေးကြည့်ဖို့ကကျ ရှက်ဖို့ကောင်းလွန်းတယ်။အဆုံးမှာတော့ သူ့ပါးပါးအိုကြီးက မျက်နှာကို အလေးထားသူတစ်ယောက်ပါပဲလေ။
ကျိချင်းကျိုး ရယ်နေချိန် လူတစ်ယောက် ခေါ်သံကြားလိုက်ရ၏။
“ကျိချင်းကျိုး”
သူလှည့်ကြည့်လိုက်တော့ ယွီအန်းယီက သူ့ဆီလှမ်းလာနေတာကို တွေ့လိုက်ရ၏။ကျိချင်းကျိုး မြန်မြန်ပဲ အနားလျှောက်သွားလိုက်ချိန် ယွီအန်းယီ၏ ပွစိပွစိရွတ်နေသံကို ကြားလိုက်ရသည်။
“ငါ အေးလွန်းလို သေတော့မယ်။တကယ်ပါပဲ လူမဆန်လိုက်ကာ။ ဒီသောက်ချီးရာသီဥတုကြီးမှာ ဒီအင်္ကျီမျိုး ဝတ်ထားရတယ်တဲ့လေ”
ကျိချင်းကျိုးက သူမအိတ်ကို ကူသယ်ပေးလိုက်သည်။
“အခုရော အေးနေသေးလား”
“အခုတော့ အဆင်ပြေသွားပါပြီ။အဲ့တုန်းက တကယ်ကြီး အေးတာ။ငါဆို အေးလွန်းလို့ ခိုက်ခိုက်ပါတုန်တယ်။အနွေးထည်တွေလည်း အသုံးမဝင်ဘူးလေ”
“ဒါဖြင့် အိမ်ထဲဝင်တော့လေ။ ငါ လေအေးပေးစက်ပိတ်ပေးရမလား”
“ရတယ် ရတယ်။ အခုက သိပ်မအေးတော့ဘူး။မင်းသမီးတွေက သနားဖို့ကောင်းလွန်းတယ်နော်။သူတို့မှာ ဆောင်းရာသီကြီး အတိုအပြတ်တွေနဲ့။နောက်ခါ red carpet ပွဲတွေတက်ရလို့ကတော့ suit ပဲဝတ်တော့မယ်! အဲ့လိုဆို ငါ့ကြောင့် လူတွေအံ့ဩသွားကြမယ့်အပြင် အဲ့နေ့ရဲ့ အကျော်ကြားဆုံးမင်းသမီးတောင် ဖြစ်ချင်ဖြစ်သွားဦးမှာ”
“ကောင်းသားပဲ”
“အာ...ဟုတ်သား။ငါဟိုနေ့က ကြားတာတော့ 《 ကြေကွဲဖွယ်အလင်းတစ်စ》ရဲ့ ရိုက်ကူးရေးအဖွဲ့က Golden Laurel Award အကောင်းဆုံမျက်နှာသစ်ဆုအတွက် နင့်ကို တင်ပြမယ်ထင်တယ်တဲ့။သိပြီပြီလား?”
“အင်း။ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးက အဓိကဇာတ်ဆောင်နှစ်ယောက်ကို တင်ထားပြီးပြီ။ဒါရိုက်တာကတော့ ငါ့ကို အထူးတလည် ခေါ်ပြောပါတယ်။လင်းလော့ယန်ရဲ့ ဇာတ်ကောင်ပုံစံက နည်းနည်း ပေါ့ပါးပြီး စိတ်ထဲစွဲနေဖို့ထိ မလံုလောက်သေးဘူးတဲ့။အကောင်းဆုံးဇာတ်ပို့မင်းသားဆုရဖို့ မဖြစ်နိုင်လောက်ဘူးပေါ့ကွာ။အဲ့ဒါကြောင့် အကောင်းဆုံးမျက်နှာသစ်ဆုထဲ ငါ့ကို လျှောက်ထားလိုက်တာတဲ့။ပြီးတော့ ဒီနှစ်လူသစ်တွေရဲ့ ယှဉ်ပြိုင်မှုကလည်း တအားပြင်းထန်နေပြီး သူတို့ထဲက တော်တော်များများဆို ခေါင်းဆောင်မင်းသားတွေချည်းပဲတဲ့။သရုပ်ဆောင်တွေလည်း ကောင်းကြတာမို့ ဒီကိစ္စအပေါ် ပေါ့ပေါ့ပါးပါးစိတ်လေးပဲထားဖို့ ငါ့ကို ပြောတာ။ရရင်ကောင်းသလို။မရလည်း အဆင်ပြေပါတယ်”
ယွီအန်းယီက ခေါင်းတညိမ့်ညိမ့်ဖြင့်-
“ဒါပေါ့။နင်က အခုမှ ရုပ်ရှင်အသိုင်းဝိုင်းထဲ ဝင်ရုံရှိသေးတာလေ။ဒါကနင့်ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပဲဟာ။ဆုရရင်တော့ အကောင်းဆုံးဆိုပေမယ့် မရလည်း ဒါက သာမန်ပါပဲ။လျန်ကျင်းရှင်တောင် Golden Laurel Award ဆုအတွက်ယာထားခံရပြီး လူတိုင်း သူပဲရမယ်ထင်ကြေးပေးကြတာတောင် တကယ်တမ်းရသွားက တစ်ခြားတစ်ယောက်လေ။အဲ့ဒါကြောင့် ဆုရမယ်မရဘူးဆိုတာက လျှောက်ခန့်မှန်းနေကြတာပဲ။ဘယ်သူမှ တပ်အပ်ပြောနိုင်ကြတာမဟုတ်ဘူး”
¶¶×××××××
ကျန်သေးတယ်နော်√
××××××××××××××××××׶¶
Zawgyi
ခ်ဴခ်န္ကေတာ့ ဘူးခံေနဆဲ။
“ငါဘယ္တုန္းကမင္းကိုေျပာခဲ့လို႔လဲ? ငါ့ဘာသာ ခ်င္း႐ႊယ္ကိုေျပာျပတာ။အဲ့ခ်င္း႐ႊယ္က လုံးဝစိတ္ခ်လို႔မရတာကို ဘယ္သူကသိထားမွာတုန္း? လူတိုင္းကို ေလွ်ာက္ေျပာလိုက္ေသးတယ္။တကယ္စိတ္ပ်က္စရာ”
ခ်င္း႐ႊယ္မွာေတာ့ ပါးစပ္အျပည့္စာေသြးေတြကိုအန္ထုတ္မိလုနီးပါး။
“အားခ်န္...အခုေတာ့ မင္းက အလွေလး႐ွိတယ္ဆိုၿပီး ေပ်ာ္႐ႊင္ျမဴးတူးေနႏိုင္ၿပီေပါ့။မင္း စိတ္ဓာတ္ေတြခ်ံဳးခ်ံဳးက်ၿပီး ဝမ္းနည္းပက္လက္ျဖစ္ေနတဲ့အခ်ိန္ ဘယ္သူေတြက မင္းကို အသိတရားရေစလဲ ေမ့သြားၿပီမလား? မင္းစိတ္ဆင္းရဲေအာင္ ငါသာ မႏွိပ္စက္ခဲ့ရင္ မင္းဆိုတာ အခုထိ သူ႕ရဲ႕ ေနာက္ခံဒယ္ဒီ သာသာပဲ ႐ွိေနဦးမွာကြ! အဲ့ေန႔က မင္းပုံစံကိုသာ record လုပ္ထားမိရင္ အခုခ်ိန္ က်ိဳးက်ိဳးကို ျပပလိုက္ၿပီ။အဲ့ဒါမွ ငတုံးဆိုတာ ဘယ္လိုလဲ သူသိသြားမွာ။ပုံမွန္ဆို ေတာ္ေတာ္စမတ္က်တဲ့ေကာင္က အခ်စ္နဲ႔လည္းက်ေရာ ငေပါႀကီးျဖစ္သြားတယ္ေလ”
“ေဟ... ေဟ.... ေဟး....အဲ့ဒါ ငါ့မွာ႐ွိပါတယ္”
ေယာက္႐ိႈးယြမ္က ဖုန္းဆြဲထုတ္သည္။
“ငါ keyword ေတြ သုံးၿပီး ႐ိုက္႐ွာလိုက္ေတာ့ ဂ႐ုထဲကေန ေတြ႕လာတာ။ အားခ်န္ ေျပာထားတာက 'ငါက သူ႕ကို ႀကိဳက္တယ္? ငါက အဲ့လို အဆင့္နိမ့္တဲ့ အမွားမ်ိဳး လုပ္မွာမဟုတ္ဘူး...အေပ်ာ္သက္သက္ပဲ' တဲ့။ ေတြ႕ၿပီလား။ မင္းဘာသာ ဂ႐ုထဲမွာ လာေျပာထားၿပီး ခ်င္း႐ႊယ္ကို အထင္မွားေနေသးတယ္”
“အဲ့တုန္းက ခ်င္း႐ႊယ္လည္း မင္းကို ေျပာၿပီးၿပီဆိုေတာ့ ငါတို႔အားလုံးသိသြားတယ္ဆိုၿပီး မင္ထင္လို႔ စာေတြျပန္မဖ်က္သြားတာေလ”
“ဒီေတာ့ကာ အဲ့လိုအမွားမ်ိဳး မလုပ္ျဖစ္လိုက္ဘူးဆိုေတာ့ မင္းက ေကာက္က်စ္တဲ့အရင္း႐ွင္းႀကီးမဟုတ္ေတာ့ဘူးေပါ့ေနာ္” ေ႐ွာက္႐ုံက စေျပာသည္။
“မင္းမ်က္ႏွာႀကီး မနာဘူးလားဟမ္”
“ဒါမွမဟုတ္ ခ်စ္မိသြားေသာလူသားမ်ား၏အႏွစ္ခ်ဳပ္ဆိုၿပီး ငါတို႔ေျပာျပရဦးမလား? အခု ျပန္ေတြးၾကည့္မွပဲ ဒီေကာင္အားခ်န္ အလံျဖဴျပလိုက္တာ ျမန္ခ်က္”
ခ်ဴခ်န္ကလည္း ဒီလိုဒီလိုေတြေျပာေတာ့မွာကို ႀကိဳေတြးၿပီးသားေလ။အဲ့ေတာ့ သေဘာထားႀကီးစြာ ျပန္ေျဖေပးလိုက္ပါတယ္။
“အခုကစၿပီး ငါ့ကို ရက္စက္တဲ့အရင္း႐ွင္ႀကီးလို႔ မျမင္ၾကနဲ႔ေတာ့။ငါက အင္မတိအင္မတန္ ဥပေဒေဘာင္အတြင္းကေနထိုင္ၿပီး အခြန္ေကာက္ေတြကိုလည္း ပုံမွန္ေပးေတာ့မယ့္လူျဖစ္သြားၿပီ။ဒါမွ စီးပြားေရးေလာကရဲ႕ စိတ္ဓာတ္ႀကီးမဟုတ္လား?”
တစ္ဖက္လူရဲ႕ တရာနည္းလမ္းက်သလိုေတြလာလုပ္ေနသည့္ မ်က္ႏွာႀကီးအား တိုက္႐ိုက္ၾကည့္ေနရတာကို ေ႐ွာက္႐ုံ သည္းမခံႏိုင္ေတာ့ဘူး။
“မင္းအေရထူခ်က္က ၿမိဳ႕နံရံႀကီးေလာက္ကိုပဲ။သာမန္လူေတြဆို မင္းနဲ႔စကားၿပိဳင္လုႏိုင္မွာမဟုတ္ဘူး”
“ဘာျဖစ္ျဖစ္။ဒီကိစၥကၿပီးသြားၿပီေလ။က်ိဳးက်ိဳးက တေအာင့္ေနလာေတာ့မွာ မင္းတို႔အားလုံး ေပါက္ကရေတြ ေလွ်ာက္မေျပာလိုက္နဲ႔။ငါတို႔အတြဲပ်က္သြားလည္း မင္းတို႔တြက္ ဘာမွေကာင္းလာမွာ မဟုတ္ဘူးမလား။ အန္းမင္ကိုၾကည့္စမ္။မင္းတို႔လို လုံးဝမဟုတ္ဘူး။သူ႕ဆီက သင္ယူၾကစမ္းပါ”
အန္းမင္ သူ႕ကိုၾကည့္လိုက္သည္။
“ အေစာႀကီးတည္းက မင္းရဲ႕ေပါက္ကရစကားေတြကို ငါလုံးလုံး မယုံစားခဲ့ဘူးေလ။ ဒါေၾကာင့္ပါ”
ခ်ဴခ်န္ :..........
“ငါေျပာခဲ့သားပဲ ငါေတြ႕ဖူးတဲ့ဘယ္ဝက္မွ မင္းလို မေျပးဘူးလို႔”
“မခံမရပ္အျဖစ္ရဆုံးကိစၥကိုေျပာပါဆိုရင္ ဝက္ေတြက မင္းလိုမေျပးလို႔မဟုတ္ဘဲ ဝက္တစ္ေကာင္ျဖစ္ရက္နဲ႔ ေဂၚဖီထုပ္ေတာင္ ဘယ္လို စားရမလဲမသိတဲ့ မင္းက ဝက္လုပ္ခ်င္ေနလို႔ပဲ။မင္းက ဝက္ေလာကႀကီးကို အ႐ွက္ရေစတယ္သားႀကီးရဲ႕” ခ်င္း႐ႊယ္က မစာမနာေျပာသည္။
[ET/N ဝက္နဲ႔ ေဂၚဖီထုပ္ဥပမာ----အလြန္ေကာင္တဲ့ မိန္းကေလးေတြ၊ေယာက်္ားေလးေတြကို ေဂၚဖီထုပ္နဲ႔ခိုင္းႏိႈင္းၿပီး မေကာင္းတဲ့ ေယာက်္ားေတြကိုေတာ့ ဝက္/ဝက္သိုး ေတြနဲ႔ႏိႈင္းၾကတယ္-အေျခခံအားျဖင့္ အဓိပၸါယ္ဖြင့္ရရင္ေတာ့ အမ်ိဳးေကာင္းသမီးေလးေတြက ႐ုပ္ဆိုးဆင္းရဲၿပီး အက်င့္မေကာင္းတဲ့ ေယာက်္ားေတြနဲ႔ တြဲမိရင္ အလိုလိုက္မခံရဘူးလို႔ဆိုလိုတာပါ]
“မ်က္ႏွာပ်က္တာက ပ်က္တာပဲ။ ေဂၚဖီထုပ္ေလးက်ိဳးက်ိဳးက ဉာဏ္ေကာင္းၿပီး စဥ္းစားတတ္လို႔သာေပါ့။တစ္ျခား ေဂၚဖီထုပ္သာဆို ဒီေကာင္ ျပန္လိုက္မရေတာ့ဘူး။မင္းကေလ တစ္ျခားေဂၚဖီထုပ္ရဲ႕ ပါးပါးျဖစ္သြားသင့္တာ” ေ႐ွာက္႐ုံက ျဖည့္ေျပာသည္။
ေယာက္႐ိႈးယြမ္က ခြက္အား တစ္ေဒါက္ေဒါက္ေခါက္ကာ နိဂုံးခ်ဳပ္ေပးလာသည္။
“ဟုတ္ပ”
ခ်ဴခ်န္ : ........
႐ွား႐ွားပါးပါး ခ်ဴခ်န္ဘက္မွ အသံတိတ္သြား၏။
က်ိခ်င္းက်ိဳးက ေခါင္းေလးငုံ႔ၿပီး တံခါးအျပင္မွာရပ္ရင္း တခြီးခြီးရယ္ေတာ့သည္။အက်ယ္ႀကီး ရယ္ရမွာ ႐ွက္လို႔မဟုတ္ဘဲ အထဲက လူေတြ ၾကားသြားမွာ စိုး၍ျဖစ္သည္။ဒါေပမယ့္ မရယ္ပဲနဲ႔လည္း မေနႏိုင္ေပ။ခ်ဴခ်န္ရဲ႕သူငယ္ခ်င္းေတြက သူက ခ်ဴခ်န္ရဲ႕ ေကာင္ေလးျပန္ျဖစ္သြားတဲ့အေပၚ အမွန္တကယ္ေတြးေပးတတ္ၾကသည္။သူ႕အတြက္ ထိုစကားမ်ိဳး ေျပာလိုက္ျခင္းက သူ႕ဂုဏ္သိကၡာကိုလည္း မထိခိုက္ေစေတာ့ေအာင္ပင္။
က်ိခ်င္းက်ိဳးက အၿမဲ အစြဲမႀကီးသူျဖစ္၍ ထိုကိစၥေလးေတြအား စိတ္ထဲမထားေပ။တကယ္ေတာ့ ခ်ဴခ်န္ရဲ႕သူငယ္ခ်င္းေတြက သူ႕အေပၚ ဆို အၿမဲ ယဥ္ယဥ္ေက်းေက်း႐ွိၿပီး ေဖာ္ေ႐ြၾကတာပင္။ခ်ဴခ်န္ကို ဒီလိုထိ စေနာက္ေနလိမ့္ၾကမယ္လို႔သာ မထင္ထားခဲ့တာပါ။ေတြးၾကည့္မွျဖင့္ သူတို႔လမ္းခြဲတုန္းက ခ်ဴခ်န္ ဘာေတြေလွ်ာက္ေျပာထားလည္း သိခ်င္လာ၏။ဒီေလာက္ေဝဖန္ခ်က္ေတြအမ်ားႀကီးထြက္လာရေအာင္ထိ ဘာေတြလုပ္ခဲ့တာပါလိမ့္?
သူသိခ်င္ေပမယ့္ ခ်ဴခ်န္ကို ေမးၾကည့္ဖို႔ကက် ႐ွက္ဖို႔ေကာင္းလြန္းတယ္။အဆုံးမွာေတာ့ သူ႕ပါးပါးအိုႀကီးက မ်က္ႏွာကို အေလးထားသူတစ္ေယာက္ပါပဲေလ။
က်ိခ်င္းက်ိဳး ရယ္ေနခ်ိန္ လူတစ္ေယာက္ ေခၚသံၾကားလိုက္ရ၏။
“က်ိခ်င္းက်ိဳး”
သူလွည့္ၾကည့္လိုက္ေတာ့ ယြီအန္းယီက သူ႕ဆီလွမ္းလာေနတာကို ေတြ႕လိုက္ရ၏။က်ိခ်င္းက်ိဳး ျမန္ျမန္ပဲ အနားေလွ်ာက္သြားလိုက္ခ်ိန္ ယြီအန္းယီ၏ ပြစိပြစိ႐ြတ္ေနသံကို ၾကားလိုက္ရသည္။
“ငါ ေအးလြန္းလို ေသေတာ့မယ္။တကယ္ပါပဲ လူမဆန္လိုက္ကာ။ ဒီေသာက္ခ်ီးရာသီဥတုႀကီးမွာ ဒီအက်ႌမ်ိဳး ဝတ္ထားရတယ္တဲ့ေလ”
က်ိခ်င္းက်ိဳးက သူမအိတ္ကို ကူသယ္ေပးလိုက္သည္။
“အခုေရာ ေအးေနေသးလား”
“အခုေတာ့ အဆင္ေျပသြားပါၿပီ။အဲ့တုန္းက တကယ္ႀကီး ေအးတာ။ငါဆို ေအးလြန္းလို႔ ခိုက္ခိုက္ပါတုန္တယ္။အေႏြးထည္ေတြလည္း အသုံးမဝင္ဘူးေလ”
“ဒါျဖင့္ အိမ္ထဲဝင္ေတာ့ေလ။ ငါ ေလေအးေပးစက္ပိတ္ေပးရမလား”
“ရတယ္ ရတယ္။ အခုက သိပ္မေအးေတာ့ဘူး။မင္းသမီးေတြက သနားဖို႔ေကာင္းလြန္းတယ္ေနာ္။သူတို႔မွာ ေဆာင္းရာသီႀကီး အတိုအျပတ္ေတြနဲ႔။ေနာက္ခါ red carpet ပြဲေတြတက္ရလို႔ကေတာ့ အေနာက္တိုင္းဝတ္စုံပဲဝတ္ေတာ့မယ္! အဲ့လိုဆို ငါ့ေၾကာင့္ လူေတြအံ့ဩသြားၾကမယ့္အျပင္ အဲ့ေန႔ရဲ႕ အေက်ာ္ဆုံးမင္းသမီးေတာင္ ျဖစ္ခ်င္ျဖစ္သြားဦးမွာ”
“ေကာင္းသားပဲ”
“အာ...ဟုတ္သားပဲ။ငါဟိုေန႔က ၾကားတာေတာ့ 《 ေၾကကြဲဖြယ္အလင္းတစ္စ》ရဲ႕ ႐ိုက္ကူးေရးအဖြဲ႕က Golden Laurel Award အေကာင္းဆုံမ်က္ႏွာသစ္ဆုအတြက္ နင့္ကို တင္ျပမယ္ထင္တယ္တဲ့။သိၿပီၿပီလား?”
“အင္း။ ႐ိုက္ကူးေရးအဖြဲ႕သားေတြအားလုံးက အဓိကဇာတ္ေဆာင္ႏွစ္ေယာက္ကို တင္ထားၿပီးၿပီ။ဒါ႐ိုက္တာကေတာ့ ငါ့ကို အထူးတလည္ ေခၚေျပာပါတယ္။လင္းေလာ့ယန္ရဲ႕ ဇာတ္ေကာင္ပုံစံက နည္းနည္း ေပါ့ပါးၿပီး စိတ္ထဲစြဲေနဖို႔ထိ မလံုေလာက္ေသးဘူးတဲ့။အေကာင္းဆုံးဇာတ္ပို႔မင္းသားဆုရဖို႔ မျဖစ္ႏိုင္ေလာက္ဘူးေပါ့ကြာ။အဲ့ဒါေၾကာင့္ အေကာင္းဆုံးမ်က္ႏွာသစ္ဆုထဲ ငါ့ကို ေလွ်ာက္ထားလိုက္တာတဲ့။ၿပီးေတာ့ ဒီႏွစ္လူသစ္ေတြရဲ႕ ယွဥ္ၿပိဳင္မႈကလည္း တအားျပင္းထန္ေနၿပီး သူတို႔ထဲက ေတာ္ေတာ္မ်ားမ်ားဆို ေခါင္းေဆာင္မင္းသားေတြခ်ည္းပဲတဲ့။သ႐ုပ္ေဆာင္ေတြလည္း ေကာင္းၾကတာမို႔ ဒီကိစၥအေပၚ ေပါ့ေပါ့ပါးပါးစိတ္ေလးပဲထားဖို႔ ငါ့ကို ေျပာတာ။ရရင္ေကာင္းသလို။မရလည္း အဆင္ေျပပါတယ္”
ယြီအန္းယီက ေခါင္းတညိမ့္ညိမ့္ျဖင့္-
“ဒါေပါ့။နင္က အခုမွ ႐ုပ္႐ွင္အသိုင္းဝိုင္းထဲ ဝင္႐ုံ႐ွိေသးတာေလ။ဒါကနင့္ရဲ႕ပထမဆုံး႐ုပ္႐ွင္ဇာတ္ကားႀကီးပဲဟာ။ဆုရရင္ေတာ့ အေကာင္းဆုံးဆိုေပမယ့္ မရလည္း ဒါက သာမန္ပါပဲ။လ်န္က်င္း႐ွင္ေတာင္ Golden Laurel Award ဆုအတြက္ယာထားခံရၿပီး လူတိုင္း သူပဲရမယ္ထင္ေၾကးေပးၾကတာေတာင္ တကယ္တမ္းရသြားက တစ္ျခားတစ္ေယာက္ေလ။အဲ့ဒါေၾကာင့္ ဆုရမယ္မရဘူးဆိုတာက ေလွ်ာက္ခန္႔မွန္းေနၾကတာပဲ။ဘယ္သူမွ တပ္အပ္ေျပာႏိုင္ၾကတာမဟုတ္ဘူး”
¶¶×××××××
က်န္ေသးတယ္ေနာ္√
××××××××××××××××××׶¶