" ဖြစ်ပါ့မလား ကိုသာထက် ကျုပ်တို့ကြောင့်တော့ သူ့ကို မပင်ပမ်းစေချင်ဘူး"
" ခုက သူ့ဝါသနာကို တို့က လမ်းကြောင်းပေါ် တင်ပေးရမယ်လေ.. ငါတို့မိသားစုထဲ နေလို့ အစားစားရဖို့ မကြောင့်ကြရပေမယ့် ငါတို့ အမြင့်တင်ပေးနိုင်ဘူးလေ မိဝေရာ..နင်စဉ်းစားကြည့်ပါ ...ဒါ သူ့တက်လမ်းပါ ..နောက်ပြီး သူစိမ်းနေရာမှ သွားနေတာမဟုတ်..နင့်အစ်ကိုဆိုင်လေ..."
အိမ်ရှေ့ ကွတ်ပစ်လေးပေါ် လင်မယားနှစ်ယောက် ဆွေးနွေးနေသည်ကား ကိုငယ်ကို မနက်ဖန် အစ်ကိုမျိုးဆိုင် ပို့ပေးရန်ကိစ္စ ဖုန်းဆက်အကြောင်းကြားလာသည်မို့။
အောင်မြင်ဖို့ အလားအလာရှိတဲ့ကလေး။
မွေးရာပါ ဂစ်တာတီးကျွမ်းကျင်သည့် ပါရမီရှင်လေးမို့ ကိုယ်လို တဲကုပ်မှာ မည်သို့မျှ မအောင်မြင်နိုင်၊ သွေးသားမရောသည့် ညီငယ်မောင်ငယ်မို့ မိဝေစိတ်မချနေသည်မှာ အညာသူမကြီး၏ မျက်နာပြင်ပေါ်က စိုးရိမ်မူများက အထင်သား။
ခက်ပြီမိဝေ.....မိဝေတို့က သံယောဇဉ်သိပ်တွယ်တာပါရော....။
" ကျုပ်စိတ်မချတာ ကိုငယ်က ကျုပ်တို့လို တခုခုဆို ရန်တွေဘာတွေလည်း မဖြစ်ဖူးဘူးတော့....လူစိမ်းတွေကြား ကိုငယ် အားငယ်နေမှာ ကျုပ်မှာ အဲ့အကြောင်း တွေးရင်း ရင်ပူရတယ်တော့ ...သူက ဘာမှသိတက်တာမဟုတ်သေးဘူး..သူထက် အိမ်က ဖိုးသာထူးကမှ လည်သေး..."
" နင်ပြောတာ နားလည်တယ် မိဝေ...ဒါပေမယ့် သူ့ အနာဂတ် ၊ သူ့တက်လမ်းလေ ငါတို့ တက်နိုင်တဲ့ဘက်ကနေ မြေတောင်မြှောက်ပေးသည့်တယ်မဟုတ်လား....သူကိုငါတိုလို သာမာန်လူလို ငါအဖြစ်မခံနိင်ဘူးမိဝေ..."
" ကျုပ်နားလည်ပါတယ်ဆို ..တော်က တမျိုး....ကျုပ်ဖြင့် အပြင်ကနေ သာ အဲ့ကလေးတခုခု ဖြစ်လာရင် ငိုမိမှာတော့ ...."
" အေးပါကွာ...ဘာမှမဖြစ်စေရဘူး ...ငါတို့အဖွဲ့က သူကို တယောက်မအား တစ်ယောက်လိုက်ပို့ပေးမှာပါဟ..နေ့ချင်းညချင်းရွေ့မှာမဟုတ်သေးဘူးလေ..."
" အင်းပါ....ကျုပ်ရေချိုးတော့မယ်..."
" အေး..."
ဒီလောက်ချော့ပြောနေရသည့်ကြားက ကျုပ်မိန်းမက မျက်စောင်းထိုးသွားသေးသည်။
မိဝေ တစ်ယောက်နဲ့တော့ခက်ပြီ။
အကယ်၍ ကိုငယ်သာ တကယ်နာမည်ကြီးတွေလို အောင်မြင်ခဲ့ရင်.....။
အကယ်၍ လူပုံအလယ် Star တယောက်နေဖြင့် ထွန်းတောက်ခဲ့ရင်......ခက်ပြီမိဝေ မျက်ရည်လွယ်ပုံနဲ့တော့ ဟုတ်နေပါပြီ။
" ကိုကို့က နောက်နေ့ သွားရမှာလား ဦးမျိုးတို့ဆိုင်..."
" အင်း...မနက်ဖန်..."
" ဖေဖေလိုက်ပို့မှာဟုတ်လား...ကိုကို့"
" အင်း..."
" မူန့်ရော...ကိုကို့..သားဖို့ မူန့်ဝယ် ဖို့ မမေ့ရဘူးနော်..."
" အင်း...."
" iron man စက်ရုပ်ကိုကို့၊ သားသူငယ်ချင်းတွေကို ကိုကို့ဝယ်ပေးတာဆိူပြီး ကြွားချင်လို့..နော် ..ဝယ်ပေးနော် "
" အေး..."
အစ်ကိုတယောက်ကို ပိုင်ဆိုင်ရတာ ကံကောင်းလိုက်တာလို့ ဖိုးသာထူးမြင်၏။
" ဟော ပြန်လာကြပါပြီတော်...မိုးအေးအေး..ရေခဲမူန့်တွေစားပြန်ပြီလား ဖိုးသာထူး ..အမေ ဘာပြောထားလဲ.."
" အမေကလည်း...."
" ဘာအမေကလဲ....ထုလိုက်ရင် နင်သေတော့မယ်....ရေခဲမူန့်ကကြိုက်သလားမမေးနဲ့ ည လူအိပ်ချိန်ဆို ချောင်းတဟွတ်ဟွတ်နဲ့...နော်..နင်...."
" ကိုကို့....."
ဤ မိသားစုလေး ကျွန်တော်ကို နွေးထွေးကြင်နာပေး၏။
သွေးသားမတော်စပ်သည့် သူစိမ်းတစ်ယောက်အပေါ် ပိုသာလွန်သော နွေးထွေးပေးသည်။
'ဘုရားသခင်က ကျွန်ုပ်အား ဤသို့သော ချစ်ခင်နွေးထွေးဖွယ်မိသားစုလေးအား ကြင်နာပေးသနားတော်မူသည်'
နောင်တစ်ချိန် ယခုလို ပျော်ရွှင်နေကြပါ့မလား...။
" ကိုငယ်ကို အစ်ကိုဆီသေချာပို့ပီးမှ တော် အလုပ်သွားနော်....ကလေးမျက်စိလည် လမ်းမှားမစိုးကြောင့် ကျုပ်ပြောတာ ကြားလား ...ကိုသာထက် "
" အေးပါ မိဝေရ.....ညကတည်းက နင်မှာနေတာ ငါသဘောပေါက်ပါတယ်ဟ..."
" ဒါဆို တော် အင်း...အဲ လုပ်လေ..."
" အေးပါဆိုကွာ...ငါမသွားမချင်း နားပူခံနေရတယ်....ငါ့ညီ ပြီးပြီလားဝေ့....မင်းအစ်မကြောင့် ငါ့နားတွေလည်း ထိုင်းတော့မှာပဲ ...လာ..လာ.."
" ဟုတ် အစ်ကို...မိဝေ..စိတ်မပူနဲ့နော်...."
မိဝေလက်မောင်းလေးကို အသာဆုပ်ကိုင်ကာ တည်ငြိမ်နေသော မျက်ဝန်းတို့ဖြင့် ကတိပေးနေသော လွယ်အွေ့လေး။
" ကျောင်းမှာ လိမ်မာမာနေရမယ်နော်၊ ကိုကို မူန့်ဝယ်လာခဲ့မယ်.."
" ဟုတ်ကိုကို.."
" အင်း....မူန့်ဖိုးထပ်ထည့်ပေးထားတယ်..မတည့်တာမစားရဘူး"
" ဟုတ်လား.....သားလိမ်မာမယ်နော်...ဟီးးးး"
သွားကျိုးလေးနဲ့ ဖိုးသာထူးက သနပ်ခါးပါးကွက်ကြားဖြင့် အဖြူစင်ဆုံးပြုံးပြနေသည်။
ဖိုးသာထူးခေါင်းလေးကို အုန်းဆီလိမ်းပေးနေရင်း မူန့်ဖိုးထပ်ထည့်ပေးထားကြောင်း ပြောဆိုနေလေ၏ ။ ဖိုးသာထူး ကျောင်းလွယ်အိတ်လေးထဲက ကွန်ပါဗူးလေးထဲဝယ် ထောင်တန်၊ ရာတန် အမြဲမပြတ် ထည့်တက်သည်မို့ ။
ကိုယ်လို မိဘမဲ့ တစ်ကောင်ကြွက်အဖို့ ဖိုးသာထူးလေးက ညီငယ်လိုသဘောထားပြီး အစစအရာရာ ပံ့ပိုးပေးနိုင်အောင် ဒီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းမည်။
ကိုယ်အပေါ် သားအရင်းနဲ့မခြား နွေးထွေးစောင့်ရှောက်ပေးထားတဲ့ ဒီမိသားစုလေးအပေါ် တက်နိင်တဲ့ဘက်ကနေ ဝင်ငွေရှာပြီး ပြန်လည် ကူညီပေးချင်သည်။ မေမေချန်ထားပေးခဲ့သော မနည်းသော ငွေပမာဏအချို့ကိုယ့်ကျန်းမာရေးအတွက် လုံလောက်တယ်ဆိုသော်ငြား မိသားစုဝင်လေး ဖိုးသာထူးရဲ့ ကျောင်းပညာရေးအတွက် ကိုယ်တိုင်ငွေရှာရမည်။
ဖိုးသာထူးကို ကျောင်းကောင်းကောင်းမှာ ပညာကောင်းကောင်း သင်စေချင်သည်။
ဖိုးသာထူးကို ထူးချွန်ထက်မြတ်သော ပညာတက်ကြီးဖြစ်စေချင်သည်။
ဖိုးသာထူး ဘွဲ့ယူရမည့်အချိန် အလှဆုံးပြုံးနေမည့် မိဝေတို့လင်မယားကို မြင်ချင်သည်။
တစ်ဦးက မေတ္တာ တစ်ဦးက စေတနာဆိုသည့်အတိုင်း အစ်ကိုတို့မိသားစုလေးအတွက် တက်နိုင်တဲ့ဘက်ကနေ ငွေရှာပေးချင်သည်လေ။
" သား..ကိုကို့ ပြန်အလာစောင့်နေမှာနော်...."
" အင်း..."
လှေကားကျဉ်းပေါ်ကနေ ဂစ်တာအိတ်လေးကိုဆွဲပြီး မပြောင်းလဲသော အနက်ရောင်ဂျင်းလေးကို အပေါ်က T-shirt အဖြူရောင်ကို ဝတ်ဆင်ထားပြီး အပြာရောင်ဖလံထည်ကွက်ကျဲ ထပ်ကာဝတ်ဆင်ထားတက်သည့် လွယ်အွေ့ကအပြင်ထွက်တိုင်း mask အုပ်ကာ ဦးထုပ်နက်လေးဆောင်းဖို့မမေ့ခဲ့။
လွယ်အွေ့ကို မြောက်ဥက္ကလာပထဲက အစ်ကိုဆိုင်လိုက်ပို့ရမှာမို့ လမ်းတစ်လျှောက် မည့်သည့်ငှါးရမ်းသူကိုမျှ မကြည့်တော့ပဲ လိုရာခရီးကို သာ တဖြေးဖြေးမောင်နှင်နေမိသည်။ မိဝေက ညကပြောထားတယ် သူမောင့်ကို လိုက်ပို့ရင် ဘေးက မည်သူမှမပါစေနဲ့တဲ့! ဒီလောက်တောင်တွယ်တာတက်တဲ့ သံယောဇဉ်တွေလဲ လို့ မေးယူရမလို။
တီ...တီ...
လမ်းမကျယ်ကြီးဘေးက ၃ထပ်မြင့်အောင်ထည်ဝါလွန်းသည့် လမ်းမထောင့်ကျယ်က တည်ဆောက်ထားသော ဦးမျိုးဆိုင်က မြင်ရရုံဖြင့်သိပ်ခမ်းနားမှန်း တွက်ချက်ရပြီလေ။ နေ့နေ့ညည မပြတ်သော ဧည့်သည့်အပေါင်းနဲ့အလုပ်ရူပ်နေသော ဝန်ထမ်းအင်အားများစွာက ကိုသာထက်ကားဖြူလေးကို ငေးမောကြည့်နေကြသည်။
ဆိုင်အပြင်အဆင်နှင့် ထည်ဝါပုံကိုကြည့်ပြီး ဆုပ်ကိုင်ထားသော ကားတံခါးလေးက ပို၍ တင်းလာသယောင်။ လူဂုဏ်တန်အသိုင်းအဝန်းကိုရှောင်ရှားတက်လာသော ချစ်ရသူပေးတဲ့ ဒုခက မသေးလှပါတကား။
ကားများစွာ ရပ်တန်းထားတဲ့ parking နေရာလေးမှာ ထိုအသိုက်အဝန်းက အသိမိတ်ဆွေများပါလေမလား တွေးတောပူပင်နေမိသည့်အခိုက် တက်ကြွစွာ စိတ်ကူးယဉ်ခဲ့သမျှတခဏ အသက်ရူမေ့ရပြန်ပြီလေ။
ထိုအသိုက်အဝန်းမှ ထွက်လာခဲ့သော အချိန်တခဏအတွင်း မိမိမှာ ဘာမှလက်ဆုပ်လက်ကိုင်ပြစရာရယ်က မရှိသေးချိန် ထိုအသိုက်အဝန်းကလူတွေကို မတွေ့ချင်သေးတာ အမှန်တရား။
ဒုက္ခိတ....ဒုက္ခိတ ..မို့ ဆိုတဲ့ နာမ်စားဖြင့် ချန်ထားခံခဲ့ရသည့်အသည်းထဲက ဒဏ်ရာသညါကား အနာမကျက်သေး။
နားထဲဝယ် ဆွေးတမြေ့မြေ့ ထပ်ကာကြားယောင်နေဆဲ။
ဂုဏ်မြင့်အသိုက်အဝိုင်းအား ဤနာမ်စားဖြင့် ထိုးချချေပစရာ စကားမရှိမို့ တက်နိုင်သမျှရှောင်ရှားနေမိသည် ကိုယ့်စိတ်ကိုယ်လည်း လက်ခံထားသည်။
မအောင်မြင်သေးသရွေ့ ဖေကြီးတို့ကို ပြန်မတွေ့ချင်ဘူး။
အားနာရမည့် အမည်နာမစာရင်းထဲဝယ် စိတ်ထဲကနေပဲ ဖေကြီးတို့၊ ကိုကိုကြီးတိူ့ကို တောင်းပန်စကားဆိုနေမိသည်။
"ကျွန်ုပ်သည်ကား ဒုက္ခိတမို့ "
ကားပါကင်နေရာလေးမှာ ကိုသာထက် taxi လေးနေရာယူထားပြီး Seven star အမည်ဆိုင်းပုဒ်ကြီး ကိုမော့ကြည့်ကာ ဆိုင်တွင်အပြင်အဆင်များကို လည်ပြန်ငေးနေမိသည်။ အဖြူရောင်နှင့်အနက်ရောင်ကိုသာ အထူးအသုံးပြုထားသော များပြားသော စားပွဲဝိုင်းများနှင့် လက်ရှိလုပ်ကိုင်နေကြသော အဖြူနှင့်အနက်ရောင်ကိုသာ ဝတ်ဆင်ထားသော waiters များက ဝင်ရောက်လာသော လွယ်အွေ့လေးတို့ကို နေရာချထားပေးဖို့ ကြိုဆိုနေကြသေးသည်။
" မဂ်လာပါ.."
" မင်းတို့ Boss နဲ့တွေ့ဖို့လာတာ ညီလေး.."
" ဒီဘက်ကြွပါအစ်ကို.."
Waiter လေးညွှန်ပြသော ဆိုင်တွင်းရုံခန်းနေရာလေးသို့ ခြေဦးလှည့်မိတော့ ကိုယ်နောက်က ကပ်ပါလာသော ကိုငယ်ကို စိတ်မလူပ်ရှားဖို့ရာ အားပေးနေမိသည့် ကိုသာထက်။
" ဆရာ...ဧည့်သည်..."
ဘေးနားက ဆိုင်မန်နေဂျာဆိုရမည့် လူတစ်ယောက်ကို စာရင်းအချက်အလက်များ ပြန်လည်စစ်ဆေးနေတဲ့ ဦးမျိုးက ဧည့်သည်လာသည်ဆိုတဲ့ waiter လေးစကားကြောင့် အခန်းဝမှာ ရပ်နေသော လူနှစ်ဦးဆီ ကြည့်မိတော့တော့ပြုံးရယ်ရွှင်ပြစွာ မျက်မှန်လေးကို ချထားပြီး အားရဝမ်သာ ဗန်လွယ်အွေ့လေးကို လာဖက်၏။
" လာ..လာ..သားရေ...မတွေ့ရတဲ့ရက်တွင်း ပိုချောလာသလားလို့....ဦးမျိုးကစောင့်နေတာ..."
" ဟုတ်...."
" လာ...သာထက်..သားဖြေးဖြေးလျှောက်နော်...ကျောက်စရစ်လေးတွေနဲ့ အလှဆင်ထားလို့ သားရေ..."
" မနွယ်ရေ...သမီး.သဥ္ဇာ လာအုံး"
များပြားလှသော ဧည့်သည်တွေကြားကနေ ကိုယ်အတွက်တကူးတက လာပြီး ကိုယ်တိုင်ဖိတ်ခေါ်လာသည့် ဦးမျိုး။
"ဟုတ်ကဲ့"
" လာ ညီ...ဒါက ဒေါ်မြနွယ်တဲ့ ဒါက ဦးမျိုးသမီး သဥ္ဇာမျိုးနွယ်တဲ့ ..ငါ့ညီထက် ငယ်တယ် ဒုတိယနှစ်တက်နေပြီလေ ..."
" ဟုတ်ကဲ့ဗျ.."
ခေါင်းလေးညိမ့်ကာ Mask ကိုဖြုတ်ပြီး ပြုံးပြနူတ်ဆက်နေသူ လွယ်အွေ့ကို မြင်ပြီး မိနွယ်နဲ့ သမီးဖြစ်သူက တအံ့တဩ ရွှင်မြူးလျှက်။
" မမနွယ်..ဒါကကျွန်တော့ညီလေး က်ိုငယ်တဲ့..နော် ငါ့တူမကြီးလည်း ကိုကြီးကိုမှတ်ထားပေး"
" အေးအေး...သာထက်....ကလေးကအချောလေးဟယ်....ချစ်စရာခင်စရာလေးနော် ကိုမျိုး..."
" ဟုတ်တယ်မေမေ....ကိုကြီးက ရယ်ပြရင်ပိုချောတယ်..."
" ဟုတ်ကဲ့"
" ဖိုးသာထူးလေး သူအစ်ကိုကို့ ကပ်တာလည်း မပြောနဲ့ သားက..တကယ့်ချစ်စရာလေးပဲ"
" ဟုတ်တယ် နွယ်ရေ...အရင်တခေါက်ကိုမျိုးရောက်တုန်းကလည်း မိဝေဘယ်လောက်ဆူဆူ ငေါက်ငေါက် ကိုငယ့်အနားမှ တောက်တဲ့လို ကပ်နေတာဗျ...သူကိုကို့က လူချော...သူကိုကို့က အရမ်းအသံကောင်းတာ...ဟားးးး"
" ကြားရတာ ဝမ်းသာလိုက်တာ သာထက်ရယ်....ဘာပဲဖြစ်ဖြစ် အန်တီတို့က ဆွေမျိုးတွေပဲလေ ငါ့တူလေးကလည်း ဒီကသမီးလေးကို ညီမလေးလိုသဘောထားပီး ဖိုးသာထူးလို အမြင်မတော်တာရှိ ပြောဆိုဆုံးမပေးနော်..ငါ့တူ...အန်တီကိုလည်း မိဝေလိုသဘောထားပြီး အရာရာတိုင်ပင်လို့ ရတယ်နော် သား..."
ကြားလိုက်ရတဲ့ကြင်နာတဲ့ အသံချိုချိုဖြင့် ရင်ခွင်ဖွင့်ကာကြိုဆိုနေသော အန်တီဒေါ်မြနွယ်ကိုကြည့်ပြီး လွမ်းဆွတ်ခဲ့ရတဲ့ မေကြီးကို သတိရကာ ရင်ခွင်ထဲဝင်ပြီး ကလေးတစ်ယောက်လို ငိုပစ်လိုက်ချင်သည်။
မေကြီးလို နွေးထွေးတဲ့နှလုံးသားပိုင်ရှင် သားငယ်တွေ့ပြီ မေကြီး။
သားငယ် မေကြီးကို အရမ်းသတိရတယ် မေကြီး။
" ကျေးဇူးတင်ပါတယ် အန်တီနွယ်.."
" အေး..အေး.."
" ကိုကြီးက ဒီမှာ အမြဲဆိုမှာလား ဖေဖေ"
" ကြာသပတေးညနဲ့ စနေည မှာ unplugged stage မှာ ဖြေဖျော်မှာလေ သမီး"
" အော်...သမီး ဝင့်ဝါတို့ကိုကြွားရမယ် "
" ကဲ သမီး သင်တန်းသွားဖို့လုပ်တော့...."
" ဟုတ်ဖေဖေ..ကိုကြီး ညနေမှပြန်နော်...ဦးသာထက် မိုးချုပ်မှကိုကြီးကို လာခေါ်လှည့်နော်..."
" အေးပါ ငါ့တူမရ...တစ်ခါတည်း သမီးကို သင်တန်းပို့ခဲ့မယ်လေ..."
" တကယ်လား..."
"သမီးရယ် သာထက်ကိုအလုပ်ရူပ်နေပါ့မယ်...ကိုယ်ဘာသာသွား..."
" ကျွန်တော်ပြေပါတယ် အစ်ကိုရာ...သွား..ပြင်စရာရှိတာပြင်ချေ တူမကြီး..."
" ဟုတ် ဦးသာထက်ကို ကျေးဇူးတင်ပါတယ်လို့..."
သဥ္ဇာမျိုးနွယ်ကိုကြည့်ပြီး ခေါင်းတစ်ခါခါ ပြုံးနေကြပြန်သည်။
သိပ်ချစ်ခင်ကြသည့် အမျိုးတွေဟု ဗန်လွယ်အွေ့ သတ်မှတ်လိုက်သည်။
" လာ..သားကို ဆိုင်ကတီးဝိုင်းအဖွဲ့နဲ့ မိတ်ဆက်ပေးမယ်..ဘာမှစိတ်ပူစရာမလိုနော်..ဘယ်သူမှလည်း သားကိုအထင်အမြင်မစောင်းစေရဘူး...သားကကိုယ့်တက်လမ်းအတွက်ကြိုးစား ..ဟုတ်ပြီလား"
ပုခုံးလေးကိုဖက် အပေါ်ထပ်ဆီက တီးဝိုင်းအဖွဲ့တွေဆီ ခေါ်သွားသော ဦးမျိုးစကားတို့ကြောင့် အားတက်မိသည်။
"ဟော..ရောက်လာပြီလား..ဆရာ...ဒါလေးက ဆရာပြောထားတဲ့ ကလေးလား..."
" ဟုတ်ပါ့ ကိုညီရာ...ကလေးကို မင်းတ်ု့အဖွဲ့က ဂရုစိုက်ပေးကြပါအုံး..အပ်ပါတယ်ကွာ"
" အာ....မဟုတ်တာ...Boss ရ..အမြဲလက်ကမ်းကြိုဆိုလျှက်ပါဗျာ...ဒါနဲ့ငါ့ညီက အသက်ပြည့်ပြီလား...အတော်ငယ်သေးသလိုပဲနော်..."
"ကျွန်တော် အသက်ပြည့်ပြီးပြီဗျ...."
" ဟေ....တကယ့်မထင်ရဘူးကွာ...ငါ့ကောင်တို့..."
" ဟုတ်တယ် က်ိုညီရေ..."
" ဟားးးးဒါဆို သားကိုထားခဲ့ပြီနော်...ဘာမှစိတ်မပူနဲ့"
" ဟုတ်...ဦးမျိုး..."
" စိတ်ချပါ Boss ရာ....လာ...ငါ့ညီ..."
လက်ပြနူတ်ဆက်ပြီး အောက်ထပ်ဆင်းသွားကို ဆိုင်ပိုင်ရှင်ဦးမျိုးက ဝန်ထမ်းတွေကိုမိသားစုလိုသဘောထားကာ နေစရာ၊ စားစရာကအစ စီစဉ်ပေးပြီး မိသားစုလုပ်ငန်းအဖြစ်လုပ်ကိုင်နေမှန်း ပိုသိသာလာသည်။
" ငါ့ညီက ဂစ်တာတီးတက်တယ်ဆို...ဆရာကပြောပြထားလို့သိပြီးပြီ..အစ်ကိုတို့ ပညာစမ်းတယ်မမြင်ပဲ နည်းနည်းလောက်တီးပြပါ့လား ကွ.."
" ဟုတ်...အစ်ကို..."
လွယ်ထားသော ကိုယ်ပိုင်ဂစ်တာဟောင်းလေးကိုထုတ်ပြီး ကြိုးညှိမိတော့အနားကို ဝိုင်းထိုင်ကာ စေ့ကြည့်နေသော ဂီတ အဖွဲ့မှူးနဲ့သူ၏ လုပ်ဖော်ကိုင်ဖက်များ။
တတောင်~ တောင် အသံဖြင့် အစချီကာ ကြိုးညှိနေတဲ့ လွယ်အွေ့လက်ဖျားလေးကိုကြည့်ပြီး နူးညံ့ရဲတွက်နေတဲ့ ဖယောင်းလက်ကလေးက တကယ်ရော ဆရာပြောသလို ဂစ်တာတီးတက်ပါ့မလား...။
မေးထူးခေါ်ပြော အနေဖြင့် အနေအေးတဲ့ကလေးက တကယ့်ရော ဂီတလမ်းကြောပေါ် လျှောက်နိုင်ပါ့မလား...။
Boss စကားကို ဝေခွဲရခက်။
Bossအမြင်ရူထောင့်ကမမှားတက်ပေမယ့် ဒီလို နုနုနယ်နယ် ကလေးက ဟုတ်ပါ့မလား ဆိုတဲ့သံသယ တွေက အဖွဲ့သားတိုင်း၏ စိတ်ထဲ ဝေခွဲမရ။
တ..တောင်..တောင်..စတင်တီးခတ်လိုက်တဲ့ သံစဉ်လေးက လူတိုင်းနားယဉ်ပြီးသား ဆရာစိုင်းထီးဆိုင်၏ သီချင်းတစ်ပုဒ်မို့ ကိုယ်တွေ့အဖွဲ့သား အားလုံးက ရင်သပ်ရူမောဖွယ်စောင့်ကြည့်နေမိသည်။
(လူတွေနဲ့ ဝေး....ဝေး..ဝေး..တဲ့နယ်မြေ.....အတူသွား...သွား..သွားကြမယ်လေ..အနက်ရိူင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ....သဘာဝရဲ့ ရင်သွေးငယ်တွေ.../သဘာဝရဲ့ ရင်သွေးငယ်တွေ )
ဂစ်တာလေးကိုသေသေသပ်သပ်တီးခတ်ကာ ဆရာစိုင်းထီးဆိုင်လိုအသံချိုချိုကြည်ကြည်လေးဖြင့် ထွက်ပေါ်လာသော ထိုလူငယ်လေးအား အဖွဲ့သားအားလုံးမက အခန်းတွင်းရှိ လူအားလုံးရဲ့စိတ်ဝင်စားမူအမြင့်ဆုံးရပြီး မျက်လုံးလေးမှိတ်ကာ ဂစ်တာလေးကိုတီးခတ်ပြီး သံစဉ်တွေကြားလွင့်မျောနေတဲ့ ထိုကောင်လေးကမည်သူနည်း။
(ဒီကမ္ဘာမှာ စစ်...စစ်..စစ်မဖြစ်ရာမြေ....တစ်နေရာရှိ...ရှိ......ရှိရမယ်လေ....ထာဝရငြိမ်းချမ်းမူရှာကာ ပျော်ရွှင်နေ....သဘာဝရဲ့ ရင်သွေးငယ်တွေ/ သဘာဝရဲ့ ရင်သွေးငယ်တွေ)
ထိုမျှလောက်ခက်ခဲတဲ့တီးကွက်ကို အကျွမ်းကျင်ဆုံးတီးပြနိုင်သည့် စိတ်ဝင်စားစရာအကောင်းဆုံးကောင်လေး..။
တီးခတ်သီဆိုနေတဲ့ကောင်လေး ပတ်လည်မှာ ဝိုင်းထိုင်ကာ လက်စွဲတော် ဂစ်တာ၊ ဗာခြာ၊ အစရှိသည့်တူရိယာများဖြင့် melody လိုက်ပါအားဖြည့်နေသည့် ဂီတအဖွဲ့မှူးနဲ့ အဖွဲ့သားများအားလုံး...။
(ပိုင်ဆိုင်တာ အားလုံးစွန့်ကာလေ.....မနာလိုစရာလည်းဘဲ မရှိတော့ပေ......ဘယ်သူမဆို အားလုံးတန်းတူနေ...ညီအစ်ကိုလိုကြင်နာမူနဲ့လေ.......လောကအသစ်တစ်ခုတည်နေ...........
အရာရာ လှ...လှ...လှပရာမြေ......အရာရာ သန့်....သန့်....သန့်ရှင်းရာမြေ...ထာဝရငြိမ်းချမ်းမူရှာကာ ပျော်ရွှင်နေ...သဘာဝရဲ့ ရင်သွေးငယ်တွေ/သဘာဝရဲ့ရင်သွေးငယ်တွေ......)၂
အဖွဲ့သားအားလုံးက Melody ပိုင်းကနေ တီးခတ်မူရော vocal cord ပိုင်းပါမကျန် ပျော်မြူးစွာပါဝင်အားဖြည့်ပေးနေကြသည့် တိုင်းရင်းသားကောင်လေး၏ အသံစစ်ဆေးမူအပိုင်းကအကဲဖြတ်စရာမလိုပဲ သေချာပြောရဲ၏ ။
*သည်ကလေးက တနေ့ ဂီတလမ်းကြောင်းပေါ် အောင်မြင်ထွန်းတောက်စေမည့် ကလေး...
*အမျိုးသမီး/အမျိုးသားတို့၏ နှလုံးသားကို ခပ်ကြမ်းကြမ်းကိုင်လူပ်နိုးထစေမည့် ဂီပါရမီရှင်လေး၊ အသံပိုင်းရော/ ရုပ်ရည်ပိုင်းဆိုင်ရာကအစ တီးခတ်နေတဲ့မူဟန်ကြွယ်ပုံပါ ပေါင်းစပ်လိုက်လျှင် ထုတ်လုပ်သူ sponsored တွေကြား ပန်းပျားခတ်မတက်လိုချင်ကြမည့်ကလေး *ဟု ဂီတအဖွဲ့ ကိုညီက တစ်ခဏအတွင်းမှတ်ချက်ချလိုက်သည်။
*ဖြောင်း.....ဖြောင်း.....ဖြောင်း.....
သောသောညံသွားသော လက်အုပ်ဩဘာသံတွေက အခန်းငယ်လေးအတွင်း ပဲ့တင်ထပ်လျှက်။
" တော်လိုက်တာ ငါ့ညီရာ...အစ်ကိုဖြင့် မျက်စိရှေ့မြင်နေရတာကိုမယုံနိုင်ဘူးကွာ..."
" ငါ့ညီ ဂစ်တာတီးအခြေခံ ဘယ်မှာ သင်လဲကွ....လက်အချ/ အတီးအခတ် သိပ်သေသပ်တာပဲ.."
လွယ်အွေ့ပုခုံးစွန်းလေးကို ပုတ်၍ အားရကျေနပ်သော မျက်နာများဖြင့် ဂီတအဖွဲ့ဝင်များကြောင့် ဝမ်းသာမိ၏။
" ငါ့အဖိုးက...ဂစ်တာတီးတယ်လေ...တောင်ပေါ်က ဘုရားကျောင်းမှာ pianoလည်းပိုင်နိူင်တယ်...."
ခေါင်းလေးညိမ့်ကာ ထောက်ခံနေကြသည့် ကိုသိန်း။
" ဒါဆို ငါ့ညီက pianoရော တီးတက်တယ်ပေါ့...ဒါကရော အဖိုးရဲ့အမွေပဲလား..."
" အင်း...အဖိုးက ပေးခဲ့တာ သူကိုင်နေကြ လက်စွဲတော်လေ...ငါက pianoကို နည်းနည်းလောက်ပဲ သိနားလည်တာပါ...."
" ဟားးးးးးငါ့ညီရဲ့ နည်းနည်းလောက်က အစ်ကိုတို့လို ဂီတမှူးတွေ ငိုရမည့် skills မို့ သိပ်အားရတာပဲကွာ...အစ်ကိုတို့အဖွဲ့ကနေ လမ်းကမ်းကြိုဆိုလျှက်ပါကွာ..."
" သိပ်တော်တဲ့ကလေးဗျာ....တို့ဘောစိ ဘယ်ကရှာတွေ့ထားလဲမသိဘူး.....အဲ့ဘောစိမျက်စိစူးသားပဲ..."
"....ဟားးးးးဘာနေနေ ညီလေးလိုပါရမီရှင်ကို လက်တွဲခွင့်ရတာ တို့အဖွဲ့ သိပ်ကံကောင်းတာဝေ့ ..ဒါနဲ့ ဒီအပတ်စနေနေ့ည ငါ့တို့ညီလေးကို ပွဲထုတ်ရအောင်လေ ..."
အံ့ဩရိပ်တို့ဖြင့် အဆငိပြေပါ့မလားဆိုတဲ့ စိုးရိမ်မူတွေကိုမျက်ဝန်းကနေတဆင့်မေးမြနိးနေသည့် လွယ်အွေ့ ။
" ဘာလို့မဖြစ်ရမှာလဲ...ဒီနေရာက ငါ့ညီအတွက် ပထမဆုံးခြေလှမ်းပဲ...နောက်မှအစ်ကိုတို့အဖွဲ့ရှိတယ်....ငါ့ညီက သတ္တိရှိရှိလှမ်းလျှောက်ပါ....ငါ့ညီအစွမ်းအစကို တို့အဖွဲ့ယုံကြည်တယ်"
ဂစ်တာပေါ်တင်ထားတဲ့ ညာဘက်လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ကာ အားအင်တွေကိုဖြည့်တင်းပေးနေတဲ့ အဖွဲ့မှူးကို ခေါင်းညိမ့်ကာ ကျေးဇူးတင်နေမိသည်။
" ဟုတ်တယ်ကွ...ဒါနဲ့ငါ့ညီက Sunday ဘုရားကျောင်းတွေမှာလည်း ဆိုတယ်မဟုတ်လား..."
" ဟုတ်ကဲ့ဗျ...ဘုရားသခင်ကျေးဇူးတော်တွေ သီဆိုတယ်ဗျ"
" ဒါဆိုရတယ်...ဘာမှကြောက်စရာမလိုဘူး...အစ်ကိုတို့ဆိုင်က စနေနေ့ည အထူးစပါယ်ရှယ်အနေနဲ့ အဖွဲ့ဝင်သစ်ကို စင်တင်ပေးမယ့်လို့ တို့အဖွဲ့ page /ဆိုင် page မှာ ကြောငြာလိုက်..."
အဖွဲ့မှူး၏ စကားကိုမှတ်သားနေသည့်ဆိုင်မန်နေဂျာအပါအဝင် လုပ်ဖော်ကိုင်ဖက်များက စာရှက်များဖြင့်ရေးမှတ်နေကြသည်။
" ညနေကြ photographer ကိုလင်းကိုခေါ်ပြီး Group photo ရိုက်မယ် နောက်ခံ ကာလကအစ ပြန်ပြင်စရာရှိတာပြင်ကြမယ်...ခုတော့ ငါလူတို့ လေ့ကျင့်စရာရှိတာလေ့ကျင်ကြပါ..."
" အိုခေပါ..ဆရာ...."
" ဟုတ်ကဲ့ဆရာ...လာ ညီလေး အဆင်ပြေမယ့် တူရိယာနဲ့ လေ့ကျင့်လို့ရတယ်နော်..."
" ကျေးဇူးပါဗျ...."
" အာ...ပြောစရာမလိုပါဘူးကွာ...တကယ့်လူရူပ်လေး...."
ဆိုင်မန်နေဂျာအပါအဝင်နဲ့အဖွဲ့မှူးက အောက်ထပ်က ဘော့စ်ိဆီသို့ ဆွေးနွေးစရာရှိသည်ဟုသော ခေါင်းစဉ်ဖြင့်။
နွေးထွေးကြိုဆိုနေသည့် ဂီတအဖွဲ့သားများအကြား ဆာလောင်နေတဲ့မေတ္တာ/အကြင်တနာတရားကို လက်ဝယ်ပိုင်ဆိုင်သည့်နှယ်...အားသန်ရာ ဂီတလမ်းကြောင်းပေါ် ဘုရားသခင်ကျေးဇူးတော်ဖြင့် ကြိုးစားလျှောက်လှမ်းမည်။
တောင်ပေါ်ကထွက်ခွါလာကတည်းက ဝေးကွာခဲ့ရသော Piano လေးပေါ် ထိတွေ့ချင်စိတ်ကတားမရ။
ထိတွေ့ချင်စိတ်တို့ကလက်ဖျားမှအစ အရင်းတည်လာခဲ့သောနှလုံးသွေးကြောတို့၏တောင်းဆိုမူတို့ကြောင့် piano ဘေးမှာ Drum တီးသမားအစ်ကို ခေါင်းညိမ့်ကာ ခွင့်တောင်းမိတော့ အပြုံးလေးတစ်ခုဖြင့် တီးခတ်နိုင်သည်လို့ ခွင့်ပြုမိန့်ရခဲ့သည်။ ဘဝလမ်းကြောင်းမှာ ဒီလို အခြေအနေ/ မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံရမယ်မျှော်လင့်မထားမိ။
ဤသို့သော မိတ်ဆွေအပေါင်ူအဖော်များသည် ဘုရားသခင်ရဲ့ကောင်းချီးထဲက တစ်ခုဟု ယုဆကာ Sunday ဘုရားကျောင်းကြရင် ဖာသာကို ရင်ဖွင့်ပြောကြားမည်။
*ဘုရားသခင်စောင့်မ ပါစေ
#မမ အတွက် vote ပေးဖို့ မမေ့နဲ့နော်
#Take care all
(အိမ်ပြန်ချင်စိတ်တွေကြီးစိုး...ပြန်မရတဲ့အခြေအနေမို့ စာရေးချင်စိတ်တစ်ခဏ ပျောက်ဆုံး ပြီး update နောက်ကျတာ တောင်းပန်ပါတယ် 😢...ဒီလိုပါပဲ ကြုံလေရာလောကဓံ အားတင်းရင်း ၊ ကျော်ဖြတ်ရင်း ....နောက်အပိုင်းမှာ လွယ်အွေ့လေး မိသားစုနဲ့အရင်တွေ့မလား၊ဇာတ်လိုက်ကျော်နဲ့တွေ့မလား....စောင့်မျှော်ပေးပါအုံး ချစ်သောတို့ရေ...)
——————————————————————————————————————————-
Zawgyi
" အေး..."
" အင်း...မနက်ဖန်..."
" အင်း..."
" အင်း...."
" iron man စက်ရုပ်ကိုကို့၊ သားသူငယ်ချင်းတွေကို ကိုကို့ဝယ်ပေးတာဆိုပြီး ကြွားချင်လို့..နော် ..ဝယ်ပေးနော် "
" အေး..."
" အမေကလည်း...."
" ကိုကို့....."
'ဘုရားသခင်က ကြှနျုပျအား ဤသို့သော ချစ်ခင်နွေးထွေးဖွယ်မိသားစုလေးအား ကြင်နာပေးသနားတော်မူသည်'
" ဟုတ်ကိုကို.."
" အင်း..."
တီ...တီ...
အားနာရမည့် အမည်နာမစာရင်းထဲဝယ် စိတ်ထဲကနေပဲ ဖေကြီးတို့၊ ကိုကိုကြီးတို့ကို တောင်းပန်စကားဆိုနေမိသည်။
"ကြှနျုပျသညျကား ဒုက္ခိတမို့ "
" မဂ်လာပါ.."
" ဒီဘက်ကြွပါအစ်ကို.."
" ဆရာ...ဧည့်သည်..."
" ဟုတ်...."
" မနွယ်ရေ...သမီး.သဉ်ဇာ လာအုံး"
"ဟုတ်ကဲ့"
" လာ ညီ...ဒါက ဒေါ်မြနွယ်တဲ့ ဒါက ဦးမျိုးသမီး သဉ်ဇာမြိုးနှယျတဲ့ ..ငါ့ညီထက် ငယ်တယ် ဒုတိယနှစ်တက်နေပြီလေ ..."
" ဟုတ်ကဲ့ဗျ.."
" မမနွယ်..ဒါကကျွန်တော့ညီလေး ကျိုငယျတဲ့..နော် ငါ့တူမကြီးလည်း ကိုကြီးကိုမှတ်ထားပေး"
" ဟုတ်ကဲ့"
" အေး..အေး.."
" တကယ်လား..."
" ဟုတ်ပါ့ ကိုညီရာ...ကလေးကို မငျးတျု့အဖှဲ့က ဂရုစိုက်ပေးကြပါအုံး..အပ်ပါတယ်ကွာ"
" ဟုတ်တယ် ကျိုညီရေ..."
" ဟုတ်...ဦးမျိုး..."
" ဟုတ်...အစ်ကို..."
(လူတွေနဲ့ ဝေး....ဝေး..ဝေး..တဲ့နယ်မြေ.....အတူသွား...သွား..သွားကြမယ်လေ..အနက်ရိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ....သဘာဝရဲ့ ရင်သွေးငယ်တွေ.../သဘာဝရဲ့ ရင်သွေးငယ်တွေ )
" ငါ့အဖိုးက...ဂစ်တာတီးတယ်လေ...တောင်ပေါ်က ဘုရားကျောင်းမှာ pianoလည်းပိုင်နိုင်တယ်...."
" အိုခေပါ..ဆရာ...."
" ကျေးဇူးပါဗျ...."
ဆိုင်မန်နေဂျာအပါအဝင်နဲ့အဖွဲ့မှူးက အောက်ထပ်က ဘော့ဈိဆီသို့ ဆွေးနွေးစရာရှိသည်ဟုသော ခေါင်းစဉ်ဖြင့်။
#Take care all
-