"မင်းတို့ အမြန်လက်ထပ်ကြတော့"
Park သခင်ကြီး ၏ စကားကြောင့် နှင်းဆီလေး ကိုကြီးကို တစ်ချက်ကြည့်ကာ
"Daddy ကျွန်တော် မလုပ်နိုင်ဘူး
ြီပီးတော့ ဒါက ကုမ္ပဏီ ကို ထိန်းချုပ်ချင်လို့ Daddy လုပ်ထားတယ် ဆိုတာ သားသိတယ်"
"Daddy က နေမကောင်းဘူး ဆိုပြီးတော့ သည်းငယ်က မလေးစားချင်တော့တာလား"
"သားရဲ့ အားနည်း ချက်ကို မနင်းပါနဲ့
Daddy
နှစ်ခါနာ ရဖို့အတွက် ရူးလောက်အောင် ကြောက်လွန်းလို့ပါ"
ကိုကြီးသည် စကားတစ်ခွန်းမှ ဝင်မပြောစွာ နှင်းဆီလေး ကိုတွေတွေလေး ကြည့်နေခဲ့သည်
"အားလုံးဟာ သည်းငယ် အတွက်ပဲ Daddy လုပ်ခဲ့တာ
မင်းကိုကြီး ကိုလည်းငဲ့ ကြည့်ဦး
သူ့ မိဘတွေ ပိုင်တဲ့ ရှယ်ယာ တွေကို အားလုံး သည်းငယ် နာမည်နဲ့ ပဲ ပေးခဲ့တာ
ကုမ္ပဏီ ရဲ့ အကြီးဆုံး ရာထူးနဲ့ ထိုက်တန်အောင် Daddy တို့ ဘယ်လောက်တောင် လမ်းတွေဖောက်ခဲ့ရလဲ
မင်း ကိုကြီး လိုလူမျိုး နှစ်ယောက်မရှိဘူး"
သူ့ အတွက် ဆိုသော အရာတွေကို သူမမက်မောတတ်တော့ တာ ကြာခဲ့ ပြီပေါ့
ဖရိုဖရဲ နှင့် စိတ်မပါ သည့် ဘဝမှာ အသက်ရှင်ခဲ့ ရသည့် ဘဝသည် ဘယ်လောက်ပင်ပန်းလဲ သူအသိဆုံး
သူ့အတွက်ဆိုသည့် အရာတွေကြောင့်ပဲ သူအတော်လေး ပူလောင်ခဲ့ရပြီးပြီမဟုတ်လား
"ကိုကြီး Min ကိုချစ်ပေးတာ
စေတနာ ရှိပေးခဲ့ တာတွေ အတွက်
ရင်ထဲ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်
ဒါပေမယ့် ကိုကြီးကို Min လက်မထပ်နိုင်ဘူး"
Nam Joon သိပြီးသား အဖြေတစ်ခု ဖြစ်သည်မို့ မျက်ရည်တွေ ကျနေရုံကလွဲ လို့ ဘာမှ မပြောနိုင်ခဲ့
"အခု ဒီရာထူး ဒီအခြေအနေတွေ အားလုံးကို ကိုကြီး ပဲပြန်ယူလိုက်ပါ
တကယ်တမ်းပြောရရင် သည်နေရာကအစကတည်းက ကိုကြီးရှိနေသင့်ခဲ့တဲ့ နေရာပါ
ကျွန်တော် အကုန်လုံးကို စွန့်လွတ် နိုင်ပေမယ့် ငယ့်ကို မစွန့်လွတ်နိုင် ဘူး"
Daddy သည် ဒေါသတွေ အလွန်အမင်း ထွက်လာဟန်ရှိကာ စူးရဲပေါက်ထွက်မတတ်နှင်းဆီလေးကို ကြည့်လာခဲ့ပြီး
"မွှန် နေတဲ့ ကောင် သွား ဘယ်တော့မှ ပြန်မလာနဲ့"
နှင်းဆီလေး မျက်ဝန်းမှ မျက်ရည်တွေသည် ထိန်းချုပ်၍ မရတော့စွာ ကျဆင်း လာကြတော့သည်။
"Daddy သိလား သား သိရက်နဲ့ ဒဏ်ရာ အနာတရ တွေ ဖြစ်ခံ ပြီး ဒီရင်ဘတ်ထဲ ထိုးသိပ်ထည့်ပြီး မသိချင်ယောင်ဆောင် ခဲ့တာတွေကို
ငယ့်မှာ ဘာအပြစ်ရှိလို့ ငယ့်ကို သတ်ခိုင်းခဲ့ရတာလဲ
သတ်ပစ်လောက်တဲ့ အထိလုပ်ဖို့ လိုလို့လား
ငယ်က သားတစ်မျက်နှာတည်း နဲ့ အခုချိန်ထိ Daddy ဆံပင်တစ်ချောင်းကို တောင်မထိခဲ့ ဘူး
သူအခု ဘာဖြစ် နေပြီလဲ သိလား ကမ္ဘာ သြဇာ အရှိဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲ သူ လုပ်ချင်တယ် ဆို Daddy ထူထောင် ထားတဲ့ ဒီအင်ပါယာလောက်ကို နေ့ချင်း ညချင်း အမှုန့်ခြေ ပစ်လိုက်လို့ရတယ်
အကြောင်းပြ ချက် ကတစ်ခုပဲ ရှိတယ် သားမျက်နှာငြိုး မှာကို သူရူး လောက်အောင် မကြိုက်လို့ပဲ
သူ့အသက်ကို ရက်ရက်စက်စက် သတ်ခိုင်းခဲ့ တဲ့ သူက သားအဖေ ဖြစ် နေလို့လေ"
"Jimin"
Daddy သည် အံသြ သလိုကြည့် လာခဲ့ကာ သတိပေးလာခဲ့သည်။
"ငယ်က တကယ်တော့ မျိုးရိုး ကြီးက ဆင်းသက်လာတဲ့ သူတစ်ယောက်ပဲ
Daddy ထင် နေသလို တစ်ခြားသူကို မှီခို နေမယ့် သူမဟုတ်ဘူး
သူနဲ့ စတွေ့ပြီး သိပ်မကြာ ခင်မှာပဲ သိလိုက်ရတယ်
သူက သာ မာန်လူမဟုတ်ဘူးဆိုတာ
သားက သာ သူနဲ့ ယှဉ်ရင် စိတ်ဓာတ် ပိုင်းဆိုင်ရာရော လူရော နိမ့်ကျ ခဲ့တာပါ
သူ့ကို ဒုက္ခ တွင်းထဲ ဆွဲခေါ်ထား ခဲ့ မိတာလေ
Daddy သူ့ကို ဒီလို ဆက်ဆံ မယ်မှန်းမသိခဲ့ လို့ အတင်းဖက်တွယ် ထား ခဲ့မိတာ
ဒီနှစ်တွေမှာ အရူးလိုပဲ နောင် တရနေခဲ့ရတာ
သားကြောင့် ငယ်သေရတယ် ဆိုတဲ့ စိတ်က အကြိမ်ကြိမ် သေနေရသလိုပဲ
ဘယ်လောက်ထိ သားသူ့ကို ခြေချုပ်ဖို့ ကြိုးစား ခဲ့လဲ သိလား
လက်ထပ်စာချုပ် မှာ သူ့ကို လက်မှတ်ထိုး ခိုင်း ခဲ့ တဲ့ အထိပဲ
အချစ်ကို ခုတုံးလုပ်ပြီးပေါ့
သားအရမ်းဆိုးတယ် မလား သူ ကလောဘတက်ချင်စရာ အရမ်းကောင်းနေတာလေ
သူ့ကို မြင်တိုင်း လို ချင်နေမိတာ
အဲဒီ စာချုပ်တွေ အားလုံး သားပဲ သိမ်းထား ခဲ့တာ
အဲအရူးလေးက ဘာမှ မပြော ခဲ့ ဘူးဗျ
သား တခြား တစ်ယောက်နဲ့ သူ့အရှေ့မှာ စေ့စပ် ခဲ့တာတောင် အဲ အရူးလေးက သိပ်ပျော် ပြနေခဲ့ သေးတာ
သားရင်တွေကို အပိုင်းပိုင်း ဆုပ်ဖြဲ ခံလိုက်ရသလို ပဲ အရမ်းနာတာ သိလား Daddy
ဒီတစ်ခါ သားဆုံး ဖြတ်လိုက်တဲ့ ဆုံးဖြတ် ချက်တွေကို ကျေးဇူး ပြု ပြီး Daddy တို့ လေးစားပေးကြပါ
သားအနု အညွတ် တောင်းဆိုတာပါ
ဒီတစ်ခါ သာဆို သား တကယ် သေတော့ မှာ
Jeon Jung Kook ကိုဒီတစ်ခါ Daddy တို့သတ်ရင် သားအလောင်းနဲ့ပါ တပါတည်း ရော မြှုတ် လိုက်ပါ
ဒါကြိုတင် အသိပေးထားတာပဲ"
Jimin ပြော ပြီး Daddy အခန်းထဲမှ ထွက်လာ ခဲ့တော့သည်။
Nam Joon ထွက် သွားတဲ့ ကျောပြင်ငယ် လေးကို ဆွေးဆွေးမြေ့မြေ့ လေးစိုက်ကြည့်နေမိသည်။
ဘာပြောစရာ ရှိမှာလဲ သည်ပွဲမှာ သူက မပြိုင်ခင်ကတည်းက ရှုံးခဲ့ပြီးသားပဲ မဟုတ်လား
Jimin သည်ရပ် ဝန်းတွေ သည်လူတွေနှင့် ဝေးရာကို ငယ့်လက်ကို ဆွဲကာ ပြေးထွက်သွားချင်မိသည်။
လျှောက်လမ်း ရောက်သည်နှင့် တစ်စုံတစ်ယောက်နှင့် တိုက်မိကာ ထိုလူက သူ့လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး
"Jimin ထင်တယ်"
လေးထောင့်ဆန်ဆန် မျက်နှာလေးနှင့် ပြုံးရယ် ပြနေသော ဆရာဝန်လေးအား နှင်းဆီလေး မသိပါ
ဆရာဝန်လေးကတော့ နှင်းဆီလေး ကို ရင်းရင်းနှီးနှီးသိနေဟန်
"အာ..ကျွန်တော်တို့ ယောက်ဖတော် ကြလိမ့်မယ်ထင်တယ်"
ဘယ်နေရာကို လာပြီး သည်ကောင်လေး အမျိုးစပ် နေတာပါ လိမ့် လူက ယိုင်လဲ ချင်နေပါပြီ ဆိုမှ
"ကျွန်တော့်နာမည် Kim Taehyung ပါ Jeon Jung Kook ရဲ့ ဝမ်းကွဲ အစ်ကို တစ်ယောက်ပါ"
Box smile လေးပြုံးပြ ပြီး ပြောလာသော ကောင်လေးက ငယ့်အစ်ကိုတဲ့
ကြည့်ရတာနှင့်တင် နှစ်လိုဖွယ်ကောင်းနေခဲ့လေသည်။
ငယ်နှင့်ပတ်သက်သော အရာတွေဟာ သူ့ကို နွေးနွေးထွေးထွေး လှလှပပလေး ကြိုဆို ခဲ့သလောက်
သူနှင့်ပတ်သက်သော အရာတွေကတော့ ငယ့်မှာ မသေရုံတမယ် ဒဏ်ရာဒဏ်ချက်တွေ ချည်း
တွေ့မိလိုက်တိုင်း မျက်ရည် ကျရသည်။
"အို... ငိုနေတာပဲ မငိုပါနဲ့
Jeon လေးက ယောက်ဖငို နေရင် နေမကောင်း ဖြစ်လာလိမ့်မယ်
ရော့..ဒီ ပုဝါလေးယူထား"
ထူးဆန်းဟန်ဖြင့် မျက်ဝန်းမှေးကျဉ်းကျဉ်းလေး တွေကကြည့်လာခဲ့ ကြကာ
"အဲလိုမျိုး ငယ်က ရှိတယ်လား"
"ကျွန်တော် သေချာမသိပေမယ့် Jeonလေးက နေလို့ထိုင်လို့ မကောင်းတော့ရင်
သူငိုနေပြန်ပြီ အစ်ကို လို့တော့ ပြောတာပဲ
ဒီလို လုပ်ဗျာ ဆေးရုံအပေါ်ဆုံး roof garden ကို သွားလိုက်ပါ ကျွန်တော် ကော်ဖီဖျော်ပြီးလာခဲ့ပါ့မယ်"
နှင်းဆီလေး ထိုတက်ကြွနေသည့် ဆရာဝန်လေး ၏ အကြံအစည်ကို လက်ခံလိုက်ကာ ဆေးရုံ အပေါ်ဆုံး ထပ်သို့ တက်လာခဲ့ လိုက်တော့သည်။
သိပ်မကြာ ခင်အချိန်လေး အတွင်းမှာ ဆရာဝန်လေးက ကော်ဖီခွက်လေးများ ကိုင် ပြီးရောက်လာခဲ့သည်။
တစ်ခွက်ကမ်းပေးလာပြီးနောက်
"စောင့် နေရတာကြာသွားပြီလား"
"တောင်းပန်ပါတယ် "
အမေးတခြား အဖြေတခြားဖြစ်နေသော်လည်း ဆရာဝန်လေးသည်ပို၍ပင်ပြုံးကာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်မျိုးတွေကို မေးခွန်းမထုတ်ခဲ့
"သူ့ကို ပိုချစ်ပေးလေ သူက ကျွန်တော်တို့ အိမ်ရဲ့ ရင်နှစ်သည်းချာလေးပဲ"
ငယ်နှင့် ပတ်သက်လို့ ထူးထူးထွေထွေ တွေတောင်းဆိုခဲ့ ခြင်းမရှိစွာ
ငယ့်အစ်ကို ကလည်းငယ့်ကို ချစ်ပေးပါတဲ့
ငယ်ဟာ အမှန်တကယ်ပဲ အချစ်ခံ ထိုက်သူလေးပါ
"သူ ဘယ်လိုတောင် အသက်ရှင် နိုင် ရတာလဲ
ဦးခေါင်းကို ထိသွား ခဲ့ တာ မဟုတ်လား"
"အင်း..တင်းတင်းချည်ထားတဲ့ ကြိုး လေး ကြောင့်လို့ပြောရမယ်
အဲကြိုးလေးကို စိတ်မချလို့ သူ ပြန်လာဖို့ဆုံးဖြတ်ခဲ့တယ်နဲ့ တူပါတယ် "
"ပင်ပန်းခဲ့မှာပဲ"
ကော်ဖီကို တစ်ငုံ သောက်လိုက်ပြီး Taeက
"သူရော ကျွန်တော်ရော ပင်ပန်းခဲ့ ရတာပေါ့ ဗျာ
သူက အသက်ရှင်ဖို့ အတွက် သူ့စိတ်သူ ရုန်းကန်ရတယ်
ကျွန်တော်က တော့ သူ့အနားမှာ အမြဲစောင့်ကြပ်ပြီး အစ်ကိုအနေနဲ့ရော ဆရာဝန် အနေနဲ့ပါ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တွေကို မနည်းတည့်မတ် ခဲ့ရတယ်
ကျွန်တော် တို့ အရမ်း ရုန်းကန်ခဲ့ကြရတယ်"
"...."
"ကျည်ဆံ ကို မထုတ်ပစ်ခင်အထိ သူက အမှောင် ကမ္ဘာထဲမှာပဲ နေခဲ့ရတာ
သူ့မျက်လုံတွေ မမြင်ခဲ့ ရဘူး
အန္တရာယ် ရှိလည်း ရှိသွားသလို မရှိလည်း မရှိခဲ့ဘူး
ကြာရင် အဆင်မပြေနိုင် ပေမယ့် ချက်ချင်းလည်း သေမသွားနိုင်ဘူး
အန္တရာယ် များတဲ့ နေရာမှာ ကျည်ဆံက ရောက်နေတာ မဟုတ်ပေမယ့်  အမြင် အာရုံကျောကိုတော့ ဖိနေတယ်
တစ်ချိန်လုံး သူ့ခေါင်းထဲက ပစ္စည်းကို ထုတ်ဖို့အတွက် က ကျွန်တော် တို့ ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပဲ
ဝါရင့်သမားတော်ကြီးတွေ အများကြီးကို စုံစမ်းပြီး team တစ်ခု ဖွဲ့ စည်းခဲ့ရတယ်
သဘောထား မတိုက်ဆိုင်မှုတွေ ရှိတဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿ နာတွေအတွက် ကျွန်တော်တို့ ညီအစ်ကိုတွေ ခေါင်းခံ ဖြေရှင်းခဲ့ရတယ်
စစ်ဆေးမှုတွေအကြိမ်ကြိမ်ကို သူအလူးအလဲခံခဲ့တယ်
Operation လုပ်မယ့် အချိန်ကို သင့်တော်မတော် ချိန်းလိုက် အဆင်မပြေ တဲ့ အခါ ဖျက်လိုက်နဲ့
နောက်ဆုံး နာရီပေါင်း များစွာ ကြာမယ့် Operation ကို လုပ်ဖို့ ရက် သတ်သတ်မှတ်မှတ် ရှိလာခဲ့ ကြတယ်
Operatoin မလုပ်ခင် ည မှာ Jeon လေးက ကျွန်တော့် ကို ခေါ်ပြောခဲ့တယ်
အကယ်၍ သူပြန်မလာနိုင်ခဲ့ တဲ့ အခါ
ပြန်လို့မရတော့မယ့် အနေအထား ကို ရောက်တဲ့ အခါ
သူ့ရဲ့ပိုင်ဆိုင်မှု တွေ က Jimin အတွက် ပါတဲ့
Jimin ကို စောင့် ရှောက် ပေးဖို့ မှာခဲ့တာ
ကျွန်တော် ဝန်ခံပါတယ် အဲဒီအချိန်တုန်းက ကျွန်တော် အမုန်းဆုံးလူက Jimin ပဲဖြစ် လိမ့်မယ်
Jeon လေးနဲ့ ကျွန်တော် ခဏခဏ စကားတွေ များခဲ့ရတယ်
ဆူးဖြစ်နေတာ
နာကျင်နေရတာ
သွေးစိမ်းရှင်ရှင် ကျနေတာတောင် ဖက်တွယ် နေတုန်းမို့
သူကပြန်ပြောတယ် ဆူးတွေ သိပ်လှတာ အစ်ကိုမှ မသိဘဲတဲ့
ကျွန်တော် သူ့ကို အမှုန့်ကြိတ်ပစ်ချင်မိတဲ့အထိပဲ"
နှင်းဆီ လေး မျက်ရည်တွေ ကျရလွန်း၍ ထင်သည် ထပ်၍ မျက်ရည်ပင် မကျနိုင်တော့စွာ ငူငူငိုင်ငိုင်နှင့် ဖြစ်နေခဲ့သည်။
"ကျွန်တော် အတ္တအရမ်းကြီးခဲ့တယ်
သိမ်းဖွက် ထားချင်မိတဲ့ အထိပဲ
နေ့နေ့ ည ညအပိုင်လိုချင်လွန်းလို
ကျွန်တော်က လွဲရင် သူ့ကို တခြားသံယောဇဉ်တွေနဲ့ မဆက်နွယ် ခိုင်း ခဲ့တဲ့အထိပဲ
ကျွန်တော့်ကိုယ်ပိုင် အင်ပါယာကြီး ထူထောင်ပြီး သူ့ကိုပဲ တစ်ပါးတည်း မင်းမူစေချင်ခဲ့တာ
တစ်နေ့ကျရင် ကျွန်တော့် ဘဝအတွက်ရော ကျွန်တော့် ပိုင်ဆိုင်တဲ့ ရပ်ဝန်းအတွက်ရော ငယ်က ဘုရင်ကြီး ဖြစ်လာလိမ့်မယ် လို့ပေါ့
တကယ်တော့ ဒါဟာ စိတ်ကူးယဉ် သက်သက် ဖြစ်နေခဲ့တာပဲ
ငယ့်ကို အများကြီး ထိခိုက်သွားခဲ့တယ်လေ
အခု ငယ့်ကို ဘေးဥပါဒ် ပေးနိုင်တဲ့ အရာတွေ မှန်သမျှ စွန့်လွှတ် လိုက်ပါပြီ
ဒီတစ်ခါသာဆို ကျွန်တော် မတွေးရဲအောင်ပဲ
ကျွန်တော့် ရဲ့ နေ့နေ့ညည တိုင်းကို သူ့ကို ချစ်ဖို့အတွက်ပဲ စဉ်းစား တော့မယ်
ငယ်လိုချင်တဲ့ ရိုးရိုးရှင်းရှင်း ဘဝလေးမှာပေါ့"
Tae ကခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကာ
"ကျွန်တော် မျှော်လင့်ပါတယ်
သူအလုပ်တွေ များ လာတဲ့ အခါ အရမ်းပင်ပန်းလွန်းလို့ ခေါင်းကိုက် လာတတ်တဲ့ အချိန်မျိုးတွေမှာ Jiminက အနားမှာ အဖော်ပြု ပေးပေါ့
သူက ခေါင်းတစ်ချက် တစ်ချက် ကိုက်တဲ့ ဝေဒနာကိုတော့ သေရာပါတဲ့ အထိ ခံစားရလိမ့်မယ်
ခွဲစိတ်မှု ရဲ့ side effect ပေါ့"
အတော်ကြာကြာ စကားတွေ ပြော ဖြစ်ခဲ့ ကြပြီး ခပ်သွက်သွက် ဖြင့် လူငယ် ဆန်ဆန် ကောင်လေး တစ်ယောက် roof garden ပေါ်တက်လာသည်မြင်မှ စကား စကိုဖြတ်လိုက်ကြသည်။
Taeက အရင်ဆင်းသွား ခဲ့ပြီး ထိုကောင်လေး ပြောသမျှ ကို ဂရုတစိုက် နားထောင်နေခဲ့သည့်ပုံကို ကြည့်ပြီး Jimin ပြုံး လိုက်သည်။
အချစ်ရှိတဲ့ နေရာတိုင်းက သိပ်လှသည်ဟု ထင်ပါသည်။
သူလည်း ဘာထူး မည်လဲ
ငယ်ရှိနေတဲ့ အရပ်က သူ့အတွက် အလှ တွေပေါင်းစုရာ ကမ္ဘာကြီး ပဲ မဟုတ် လား
.... ..... .... ..... ....
J&K အဆောက်အဦး ထဲသို့ဝင်လာသည့် ကားတစ်စီး ကြောင့် လုံခြုံရေးတွေသည်လှုတ်လှုတ် ရွရွ ဖြစ်ကုန် လေသည်။
ကားပေါ်မှ ဆင်းလာသည့် သူ ကကြည်သာစွာပဲ ဆင်းလာကာ အစစ်အဆေး ခံခဲ့သည်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"
"Jeon Jung Kook နဲ့တွေ့ချင်လို့ပါ"
ရာထူး ဂုဏ်သိမ်တွေကို ဖယ်ရှားပြီး နာမည်ကို တိုက်ရိုက်ပြောလာသူဟာ
တည်တည်တန့်တန့်ပင်
"ကြိုတင် appointment ယူထားတာမျိုး ရှိလား ရှင့်"
"မရှိပါဘူး ဒါပေမယ့်  Kim Nam Joon လို့ ပြောလိုက်ပါ
သူလက်ခံ ပေးပါလိမ့်မယ်"
ယုံကြည်မှု ရှိရှိဖြင့်ပြောလာသည့် Nam Joon စကားကြောင့် reception မှ ဝန်ထမ်း မလေးများသည် ဖုန်းဆက်ပြီး အကြောင်းကြားပေးလာသည်။
"ဟုတ် အပေါ်ဆုံးထပ်ကို တက်သွားလိုက်ပါနော်"
ခွင့်ပြုချက်ရပြီးသည်နှင့် Nam Joon liftထဲသို့ ဝင်ကာ အပေါ်ဆုံးထပ်သို့ တက်လာခဲ့ လိုက်တော့ သည်။
အပေါ်ဆုံး ထပ်သို့ ရောက်သည့်နှင့် ပွင့်သွားသော lift တံခါးနှင့်အတူ မြင်လိုက်ရသည်များကိုကြည့် ပြီး အတော်လေး အံအားသင့်သွားရသည်။
လျှောက်လမ်းတစ်လျှောက် ချထားတဲ့ နှင်းဆီအိုးတွေ သည် မနည်း မနော
ရောင်စုံနှင်းဆီတွေသည် အရောင်သွေးမျိုးစုံ ပန်းအိုးအကြီးအသေးမျိုးစုံဖြင့် သူ့ထက်ငါ အလုအယက် အပြိုင်အဆိုင် လှပစွာ ဖူးပွင့်နေကြသည်။
ပန်းအိုး တွေစီချထားရာ လမ်းတစ်လျှောက်က သူတို့၏ ပိုင်ရှင်ကို လမ်းညွန်ပေးနေကြသယောင် ရှိလေသည်။
အံသြ မင်သက်စွာ လျှောက်လာရင်းတ ဖြည်းဖြည်းဖြင့် နှင်းဆီခင်းအသေးစားလေး ထံသို့ ရောက်ရှိသွားရလေသည်။
နက်စွေ့ နေတဲ့ suit ကို coat ချွတ်ထားပြီး နှင်းဆီတွေကို ယုယနေတဲ့ သူဟာ Nam Joon ကို ကျောခိုင်း လျှက်
"ရောက်လာပြီလား"
တစ်လုံးချင်းစီ ပြောလာသံက တိုးညင်းနေသော်လည်း သူ့ကြားဖို့ လုံလောက်ပါသည်။
"အင်း"
ပန်းတွေကြားတွင် ချထားသည့် စားပွဲ ဝိုင်း လေးကို ပြကာ
"အဲမှာ ထိုင်ကြတာပေါ့ "
နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင် မိကြတော့ စက္ကန့် ပိုင်းလောက် တော့ ဘာတစ်ခွန်းမှ မပြောဖြစ်ကြပဲ ငြိမ်ငြိမ်သက်သက်လေး ရှိနေခဲ့ကြလေသည်။
ပြောမည် ဆိုပြီး လာခဲ့ သော်လည်း သည်ကောင်လေး ကို မြင်လိုက်ရသည်နှင့် ပြောစရာ စကားတွေကို အတော်လေးပင် အားယူနေရလေသည်။
"Min ကမင်းကို ဘာ့ကြောင့် အရူးအမူး ဖြစ်ရလဲဆိုတာ မင်းမပြောလည်း ကိုယ်သိလိုက်ပါပြီ
သူပြောသလိုပဲ မင်းက သူ့အတွက် လောဘတက် ချင်စရာတွေချည်းပဲ ဖြစ်နေခဲ့တာကိုး"
"ကျွန်တော် သူ့ကို ရိုးရိုးလေး ပဲချစ်ခဲ့တာပါ
သူ့အပေါ်ချစ်တဲ့ ကျွန်တော့် အချစ်က ဘာတွေမှ ဆန်းကြယ်မနေခဲ့ ဘူး
ကျွန်တော့်အတွက်တော့ သူအဆင်ပြေနေတာမြင်နေရရင် သူပြုံးပျော်နေတာမြင်နေရရင် လွယ်လွယ် ကူကူ ပဲ အချစ်လို့ ခေါင်းစဉ် တပ်လိုက်တာပါပဲ"
Nam Joon စိတ်လိုလက်ရ ပြုံးမိသွားသည်။
Jeon Jung Kook ကရိုးရိုးလေး ချစ်ပြခြင်းမှာတောင် သူရှုံးသွားလိုက်တာ ယှဉ်လို့မရတဲ့အထိ အပြတ်အသတ် ပင်
"တောင်းဆိုစရာလည်း ရှိသလို ရှင်းပြစရာတွေလည်း ရှိလို့ မင်းဆီကို လာခဲ့ရတာပါ"
ပြောပါ ဆိုသည့်သဘောဖြင့် Jeon ဟာ ဂရုတစိုက် နားထောင် ပေးလာပါသည်။
"တကယ်တော့ ကိုယ်မင်းကို အရင်ဆုံးတောင်းပန်ရမှာပါ
မင်းသေသွားပြီလို့ သူ့ကိုပြောခဲ့မိတယ်
အဲဒီစကားကြောင့် ပဲ ငါးနှစ်တိတိ သူ့ရဲ့ပျော်ရွှင်မှုတွေ သူ့ရဲ့ အဆင်ပြေမှုတွေ အကုန်လုံးဆိတ်သုဉ်း ခဲ့ရတယ်
ကိုယ်တွေးမိတာက မင်းမရှိတဲ့ အခါ Min ဟာ အချိန်ကြာလာတာနဲ့အမျှ အနည်ထိုင် ပြီး မေ့မေ့ပျောက်ပျောက် ရှိသွားလိမ့်မယ်လို့ပေါ့
ဒါပေမယ့်  သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တွေက ပိုပို ဆိုးလာတယ်
မလဲပြိုအောင်ပဲ မနည်းတည့်မတ် ပေးခဲ့ရတယ်
ဘယ်နေ့ သူ ဒီလောကကြီးထဲကလုံးလုံး ထွက်ခွာသွားမယ် ဆိုတာ အရိပ်တကြည့်ကြည့် နဲ့ ကြည့်နေခဲ့ရတယ်
ငါဝန်ခံပါတယ် စေ့စပ်ပွဲ ကိုငြင်းလို့ရပေမယ့် မငြင်းဖြစ်ခဲ့ဘူး
ကိုယ့်လက်ထဲမှာ ပိုပြီး လှပလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်တွေ ပြင်းပြနေခဲ့တာ
သူကတော့ မင်းထွက်သွားပြီးတဲ့ နောက်ပိုင်း လက်ထပ်မယ့် ကိစ္စကို ငြင်းဆန် တာလဲ မလုပ်သလို လက်ခံတာလည်း မလုပ်ခဲ့ဘူး
သူ့စိတ်နဲ့ သူ့ကိုယ် မဟုတ်တော့တဲ့ အတွက် စီစဉ်ပေးသလို လက်ခံမယ့် သဘောရှိတယ်
မင်းကို ပြန်တွေ့လိုက်တဲ့ အချိန်မှာ သူ့အခြေအနေက အတော်လေး ဆိုးဝါးလာခဲ့တယ်
သူလက်ခံထားတဲ့ မင်းဟာ တစ်ချိန်က သူ ရင်ထဲမှာ ရှိခဲ့ တဲ့သူပဲဆိုတာကို မယုံနိုင်သေးဘူး
နေ့စဉ်ရက်ဆက် အိပ်ဆေးတွေ သောက်ခဲ့ရတယ်
Min ရဲ့ရွေးချယ်မှုက အရင်တုန်းက ရော အခုရော မင်းတစ်ယောက် တည်းကိုပဲ မပြောင်းလဲခဲ့ဘူး
တစ်နေ့ သူပြန်လာပြီး တော်တော်လေး ငူငိုင်နေခဲ့တယ်
သူ့ကမ္ဘာကြီးထဲက နှင်းဆီတွေမရှိတော့ဘူးတဲ့
ညနေဘက် သူအချိန်မီ ပြန်မရောက်တဲ့ နေ့တွေဆို ကိုယ် မင်းတို့ရပ်ကွက် ထဲကိုပဲ သူ့ကိုသွားရှာလို့ရတယ်
မိုးရွာတာပဲဖြစ်ဖြစ် နှင်းကျတာပဲဖြစ်ဖြစ် သူ့ကိုတားမရဘူး
တစ်ခုပါပဲ သူ့ကို ယုံကြည်ပြီး အရင်လိုပဲ ပြန်နေပေးပါ"
အချစ်အတွက် လုပ်နေနိုင်ခဲ့ခြင်းတွေသည် များများစားစား မရှိခဲ့
သည်နေရာမှာ သူဒူးထောက်တောင်းပန်ရမည်ဆိုလျှင်တောင် လုပ်ဖြစ်လိမ့်မည် ထင်ပါသည်။
"ချစ်ခဲ့ ကြတာဟာ မုန်းဖို့မှ မဟုတ်တာ
အမြဲတမ်းထာဝရအတွက်
ကျွန်တော့် နှလုံးသားရဲ့ ရွေးချယ်မှုဟာ သူဆိုတာ မပြောင်းမလဲ ပါပဲ
သူ့ကို ချစ်ရတာကို ဘယ်တုန်းက မှ ဒုက္ခလို့မမြင်ခဲ့ဖူးဘူး
သူလှေနံနှစ်ဖက်နင်းမယ် ဆိုရင်တောင် အနင်းခံဖို့ တွေးပြီးသားပါ
သည် နှင်းဆီတွေကိုကြည့်ကြည့်
ကျွန်တော်ကျောင်းသားဘဝနဲ့ ဒီမှာ အလုပ်သင်နေတုန်းက သူကျွန်တော့်ကို တစ်ခါ ချစ်တယ်ပြောတိုင်း တစ်အိုးပျိုးထားဖြစ်ခဲ့တာ
အခုတော့ ဥယျာဉ်လေးတောင်ဖြစ်နေပြီပေါ့
သူက ကျွန်တော့်ကို ငယ်လားလို့ မေးလာတဲ့ အခါ သူ့စိတ်ကြိုက်ဆုံးဖြတ်ခွင့်ရအောင် သူ့စိတ်ထဲမှာ ထင်မှတ်နေတဲ့ အတိုင်းပဲ ကျွန်တော့်ကို သူ့အတွေးထဲမှာ မှတ်သားခိုင်းထားတယ်
သူ့အတွက် ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ရှိလာတဲ့ အခါ ကျွန်တော်ကြောင့် သူနောက်ဆံတင်းမှာ ငဲ့ညှာရမှာတွေ မဖြစ်စေချင်လို့
ကျွန်တော် ရူးတယ်မဟုတ်လား
ကျွန်တော့် အစ်ကိုတွေကတော့ ဒီလို အရူးမျိုး မတွေ့ဖူးသေးဘူးတဲ့"
Nam Joon ယဲ့ယဲ့ လေးသာ ပြုံးပြနိုင်တော့သည် သူလည်း သည်လို အရူးလေးကို တစ်ခါမှ မတွေ့ခဲ့ ဖူးဘူးမဟုတ်လား
"Ti...Ti...Ti"
ရုတ်တရက် နံပတ်စိမ်းတစ်ခုနှင့် ဖုန်းဝင်လာသည့်မို့ Nam Joon ဖုန်ကောက် ကိုင်လိုက်သည်။
"ဘာ...Min ကို ထိဖို့ မကြိုးစားနဲ့ ငါမင်းလိုချင်တဲ့ စာရွက်စာတမ်း တွေ ယူပြီးလာခဲ့မယ်"
Min ဆိုတာနှင့် အရှေ့မှ ကောင်လေး၏ မျက်ဝန်း တွေသည် ဝိုင်းကနဲ
"ဘာဖြစ်တာလဲ
ချစ်ဆုံး..ကဘာဖြစ်တာလဲ "
Nam Joon အရှေ့မှကောင်လေးကိုတစ်ချက်စူးစိုက်ကြည့် လိုက်ပြီး
"Min..."
1.5.23