ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{127}

3.9K 716 14
By Greentealay-

Unicode



ကျိချင်းကျိုးနှင့်ချူချန်တို့ အီးလေးဆွဲနေကြပြီး နေ့လည်စာ စားချိန်မှသာ အိပ်ရာထဲက ထွက်တော့သည်။ချူချန်အတွက် ပထမဆုံးအကြိမ် ဟင်းချက်သင်ခြင်းဖြစ်သည်နှင့်အညီ အသီးအရွက်တွေအား ညီညီညာညာ လှီးနည်းကို သင်ယူရလေသည်။သူ့ရဲ့ စိတ်ဓာတ်ချုံးချုံးကျနေသည့် အမူအရာကြောင့် ကျိချင်းကျိုးတစ်ယောက် မနေသာတော့ဘဲ အားပေးစကားဆိုရတော့သည်။

"ခင်ဗျား လှီးထားတာ မိုက်လိုက်တာ။ ကျွန်တော် ပထမဆုံး ဟင်းချက်စသင်တုန်းကဆို ခင်ဗျားလောက်တောင် ကောင်းကောင်းမလှီးတတ်ဘူးသိလား။တကယ်ပြောတာ ခင်‌ဗျားက အရမ်းတော်တာပဲ"

ချူချန်က မယုံသင်္ကာလေးဖြစ်နေသော်ငြား ကျိချင်းကျိုးက ကျိန်ပြောလာခဲ့သည့်အပြင် သူ့မှာ ဟင်းချက်ပါရမီပါပြီး စာဖိုမှူးတစ်ယောက်တောင် ဖြစ်နိုင်သေးတယ်ဟု ဟစ်ကျွေးနေတော့သည်။ ထိုမှ ချူချန်က သဘောတကျလေးရယ်ပြီး သူ့ရဲ့ ဓားစကေးပေါ် နည်းနည်းမှ စိတ်အနှောင့်အယှက်မဖြစ်တော့ပေ။

ပျော်ပျော်ရွှင်ရွှင်စားသောက်ကြပြီးနောက် အနောက်ဘက်က တောင်တန်းတွေအားကြည့်ရန် ချူချန်က ကျိချင်းကျိုးကို ဆွဲခေါ်သွားလေသည်။

"အခုရာသီက မကောင်းလို့သာ...နွေရာသီရောက်တာနဲ့ တောင်ပေါ်မှာ အလေ့ကျသီးတွေမှ တပုံတပင်ပေါသောလို့။ အရသာလည်းတော်တော်ရှိတာ။ဒါပေမယ့်ဒီရာသီမှာကျတော့ မသီးဘူးလေ"

"ရပါတယ်...အဲ့ရာသီရောက်တဲ့ထိ စောင့်ကြတာပေါ့"

"နွေရာသီရောက်တာနဲ့ ဒီမြစ်ထဲမှာ ငါးတွေအများကြီးပဲ။တစ်ခါတစ်လေဆို ယုန်ရိုင်းတွေကိုလည်း တောင်ပေါ်မှာ တွေ့မိနိုင်သေးတယ်။ကိုယ်တို့ ကျောင်းတုန်းကဆို ဒီမှာ ဘာဘီကျူးလုပ်စားဖို့အတွက်ရယ် အပျော်ခရီးထွက်ဖို့တွေအတွက်လာရတာ သိပ်သဘောကျတာ။အခု လုပ်ငန်းခွင်တွေဝင်နေပြီဆိုတော့ အဲ့စိတ်ကူးတွေလည်း မရှိတော့ပါဘူး။မင်း သဘောကျရင် ဒီနွေရာသီကျ ယွီအန်းယီနဲ့တစ်ခြားသူတွေကို ခေါ်ပြီး ပျော်ပွဲစားလာလို့ရတယ်။လူများတော့ ပျော်ရတာပေါ့"

"အွန်း"

ကျိချင်းကျိုးက တွေးဆဆလုပ်ကာဖြင့်-

"ဒါဆို ယင်းနျန်ကိုလည်း ခေါ်လိုက်မယ်နော်။သူ့မှာ သူငယ်ချင်းသိပ်မရှိပုံပဲ။အပြင်လည်း ထွက်လေ့ရှိတာမဟုတ်ဘူးရယ်။ပြီးတော့ ကော...ကောက အလုပ်တွေရှုပ်လွန်းနေတာ။ကျွန်တော် ဒီကို ရောက်နေတဲ့အချိန် သူကတော့ ရုပ်ရှင်ပရိုမိုးရှင်းတွေနဲ့ ပြေးလွှားနေရ‌တာ ကျွန်တော်ဖြင့် ရှက်တောင်ရှက်မိတယ်။ကောအနေနဲ့ဆို ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့နေရာမျိုး သိလောက်မှာ မဟုတ်ဘူး"

"မင်းဟာလေ လျန်ကျင်းရှင်ဆို ဘယ်တော့မှ မမေ့ဘူး" ချူချန်က သူ့ကို တစ်ချက်စွေကြည့်၏။

သက်သက်မဲ့ သဝန်တိုနေပြန်ပါပြီ...ကျိချင်းကျိုးဘာသာ စိတ်ထဲကပဲတွေးဖြစ်လိုက်ခြင်း ။

"ယင်းနျန်ကို အရင်ပြောလိုက်တာ ဒီလောက် ရှင်းနေတဲ့ဟာကြီးကို ခင်ဗျားကြားတဲ့အချိန်ကျ ဘာလို့ ကောကိုပဲ ကြားသွားရတာလဲ? ခင်ဗျားကမှ ကောကို မမေ့နိုင်ဖြစ်နေတဲ့သူမဟုတ်ဘူးလား။ နာမည်လေးကြားရုံနဲ့ အလိုလိုတန်းသိနေတာ"


ချူချန်က အေးတိအေးစက် နှာခေါင်းရှုံ့သည်။

"ဟမ့်"

" ဟေ့ဒီမှာ....တကယ်လို့ ကျွန်တော် ဒီကထွက်သွားတဲ့ အချိန်က ယင်းနျန်နဲ့ အိမ်နီးချင်းဖြစ်ရမယ့်အစား ကောနဲ့ အိမ်နီးချင်းဖြစ်သွားမယ်ဆို ခင်ဗျားဘာလုပ်မှာလဲ?"

ချူချန် : ...........

ကျိချင်းကျိုးတို့ ဘေးအိမ်ကို တန်းပြောင်းမိမယ်ထင်တယ်...ပြီးတာနဲ့ နေ့တိုင်း သူ့ကို မျက်စိဒေါက်ထောင့်ကြည့်နေမှာ....ကျိချင်းကျိုးနဲ့လျန်ကျင်းရှင်ကြားမှာ မဖြစ်သင့်တာတွေ မဖြစ်သွားအောင် သူကတော့ တားမှာပဲ!

"ခင်ဗျားမျက်နှာကြီးကိုလဲ ကြည့်ပါဦး"

ကျိချင်းကျိုးက ကျွတ်စ်ခနဲ စုတ်သပ်သည် ။

"ကောကို အရမ်းကြောက်တာပဲလား... ဟုတ်လား? ဒါဖြင့် ခင်‌ဗျားကို သတင်းကောင်းလေးတစ်ခုပြောပြလိုက်ဦးမယ်။စီနီယာကောမှာ သဘောကျရတဲ့လူရှိပြီးသားတဲ့။ဘယ်သူလဲတော့ ကျွန်တော်မသိပေမယ့် ကောပြောတာကတော့ မြန်ရင် နောက်နှစ်လောက် အဖြေရလိမ့်မယ်တဲ့လေ"

"သူသဘောကျတဲ့လူရှိတယ်လား?"

ချူချန်က အံ့အားသင့်စွာမေးလာသည်။

"သူ့လိုသဘောထားမြင့်တဲ့လူမှာလည်း သဘောကျတဲ့လူရှိနိုင်တယ်လား? ဟုတ်သား အခုတော့ သူဖုံးထားသင့်တယ်လို့ ကိုယ်ထင်တယ်သိလား။သူ့ကျော်ကြားမှုနဲ့ဆို ပရိတ်သတ်တွေသိသွားတာနဲ့ စိတ်ပျက်သွားကြမှာ။ပြီးရင် hot searchထိတက်ပြီး အော်ငိုကြပါတော့မယ်"

"ကောရဲ့ကောင်မလေးဆို ကိုင်တွယ်နိုင်မလား မသိပေမယ့် ကောကို သဘောကျအောင်တောင် လုပ်နိုင်တဲ့ လူဆိုတော့ သူလည်း ထူးချွန်ထက်မြက်မယ်ထင်တယ်။ကျွန်တော်တော့ အဲ့လို ဖြစ်ပါစေလို့ မျှော်လင့်မိတာပဲ"

"ဘယ်သူသိမလဲလေ?" ချူချန်မှာ ပြုံးစိစိဖြစ်နေ၏။

နှစ်ယောက်မှာ စကားတပြောပြောနဲ့ တောင်ထိပ်ထိ တက်ကြသည်။လမ်းတစ်ဝက်ရောက်ကြချိန်၌ ချူချန်ကနေ လမ်းခွဲလေးတစ်ခုဆီ ဦးဆောင်လျှောက်သွား၏။

"ဒီကမြစ်က အေးခဲနေတာလေ။မြစ်က ကျယ်ပေမယ့် တကယ့်တကယ်တော့ တိမ်တိမ်လေး။ဆောင်းရာသီရောက်တာနဲ့ ခဲသွားရော။အဲ့ကျရင် ရေခဲတွေပေါ်မှာ ကစားလို့ အရမ်းကောင်းတာ။ကိုယ်က ကလေးလေးပဲ ရှိသေးတော့ ice cartစီးရတာကို သဘောကျမှကျလေ။အဲ့ကျ ကိုယ့်ပါးပါးနဲ့ ကောက ice cart ကို ဆွဲပေးကြတယ်။ကိုယ် အရွယ်ရောက်လာတော့ ရေခဲစကိတ်စီးရတာကို ပိုကြိုက်ပေမယ့် ice cartကြီးကတော့ အခုထိ ရှိနေတုန်းပဲ။မင်း အတွေ့အကြုံရချင်ရင် ကိုယ်မင်းနဲ့ ကစားပေးမယ်လေ"

"ကောင်းသားပဲ"

ကျိချင်းကျိုးတစ်ယောက် စိတ်ဝင်စားသွားချေပြီ။

"ဒါပေမယ့် ခင်ဗျားကလေးတုန်းက ice cartဆိုတော့ ကျွန်တော်နဲ့ ဆံ့ပါ့မလား?"

"ဆံ့တာပေါ့။ ကိုယ်က တစ်ခါတစ်လေကျရင် စိတ်ကူးပေါက်ရာကစားချင်တာမို့ ကိုယ့်မားမားပါ ဝင်လို့ရအောင် အကြီးကြီးလုပ်ထားတာ။မင်းထိုင်ဖို့ အနေတော်ပဲ"


ချူချန်က ပြောတဲ့အတိုင်းပဲ မြစ်နားလေးက သစ်သားအိမ်လေးဆီ လျှောက်သွားသည်။ အိမ်က အကြီးကြီးမဟုတ်ပေမယ့် ငါဖမ်းပစ္စည်းတွေရော၊စကိတ်ပစ္စည်းတွေရော အများကြီးရှိသည်။ချူချန်သည် သူ့ကလေးတုန်းက ice cart လေးကို တွေ့သည်နှင့် သန့်ရှင်းသွားအောင် သုတ်လိုက်ကာ မြစ်ဆီသယ်လာသည်။

"ထိုင်"

ကျိချင်းကျိုးသည် သူ့ရှေ့ရှိ လှပစွာ ပုံဖော်ထားသော ice cart ကိုကြည့်ကာ တက်ထိုင်လိုက်သည်။

ice cart ရဲ့ အောက်မှာက ဘီးတွေပါသည့်အတွက် ချူချန် ဆွဲလိုက်သည်နှင့် အားအများကြီး စိုက်စရာမလိုဘဲ တစ်ရှိန်ထိုးပြေးလေသည်။ကျိချင်းကျိုးမှာ ကျေနပ်ဖွယ် အရှိန်ကိုခံစားရင်း ရွှင်မြူးစွာဖြင့် ချူချန်ကို ပြောသည်။

"ခင်ဗျားရောစီးပါလား ကျွန်တော် ဆွဲပေးမယ်"

ချူချန်သည်ကား သူ့ကို ဆွဲခွင့်မပေးချင်ပါ။သို့သော် ကျိချင်းကျိုး ခဏလောက် ကစားလို့ ရစေရန် ရှေ့ကို ရောက်တယ်ဆိုရုံလေး ဆွဲခွင့်ပြုလိုက်သည် ။

တကယ်တော့လည်း သူတို့က ကလေးတွေ မဟုတ်ကြပေ။ခဏလောက် ice cart နဲ့ ကစားပြီးတာနဲ့ စကိတ်စီးရန် အာရုံရောက်သွားကြသည်။ကျိချင်းကျိုးရဲ့ စကိတ်စကေးကတော့ OK ပင်။ကိုယ်နေဟန်ထားကောင်းကောင်းဖြင့် ‌လှပသေသပ်စွာ ရေခဲလျှောစီးနေခဲ့သည်။ကနေသလိုယိမ်းနွဲ့ဟန်ပန်လေးဖြင့် တစ်ဆင့်ချင်းဆီ ရေခဲလွှာပေါ် လျှောစီးနေသည့် သူ့ကို မျက်စိမလွတ်တမ်းကြည့်နေသည့် ချူချန်မှာတော့ စွဲလမ်းခြင်းစိတ်အစုံနဲ့ နစ်မြောနေခဲ့သည်။

နေ့လည်ခင်းနေရောင်ခြည်မှာ တောက်ပစွာဖြင့် ကျိချင်းကျိုး၏ပိန်ပါးပါးခန္ဓာကိုယ်လေးပေါ်သို့ ဖြာကျလျက်ရှိ၏။

ကျိချင်းကျိုးက နေရောင်ခြည်ကို ကျောပေးထားလျက် သူ့အား ရွှင်မြူးစွာ ပြုံးပြလာသည့်ခဏ ချူချန်ရင်ထဲ လိပ်ပြာတွေ ပျံဝဲနေသလိုပါပင်။

"ဒီနားကိုဘာလို့မလာတာလဲ။" ကျိချင်းကျိုးက လှမ်းမေးသည်။

ကျိချင်းကျိုးဟာ အရှေ့သို့ ထပ်မစီးတော့ဘဲ ကျယ်ပြန့်သောအလင်းတန်းကြီးအတွင်း၌ ရပ်ကာ ချူချန် သူ့ဆီလာမှာကို ငြိမ်ငြိမ်လေးစောင့်နေခဲ့သည်။

ကျိချင်းကျိုးကို ငေးကြည့်နေရင်းနဲ့မှ ချူချန် သိလာရသည်မှာ ကျိချင်းကျိုးအပေါ် ထားသည့် သူ့အချစ်တွေက အရူးအမူးဖြင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဆိုတာပင်။ အချိန်လွန်မှ ကျိချင်းကျိုးအား သူထင်ထားခဲ့တာထက်တောင် ပိုသဘောကျတယ်ဆိုတာကို သဘောပေါက်လာရသည့်သူ့အဖြစ်ပင် ။သူဆိုတာ အမြဲ အာရုံစုစည်းရလွယ်ကူသူတစ်ယောက် ဖြစ်ခဲ့ပေမယ့် ကျိချင်းကျိုးကို ကြည့်လိုက်တဲ့ အချိန်တိုင်းမှာတော့ ကျိချင်းကျိုးတစ်ဦးတည်းသာလျှင် သူ့မျက်လုံးတွေထဲ စိုးမိုးထားသည့်အလားဖြစ်နေတော့သည်။

သူ မြန်မြန်ပဲ ကျိချင်းကျိုး အနားထိ လျှောစီးသွားပြီး တစ်ကိုယ်လုံးကျိချင်းကျိုးထံ ပစ်ဝင်လိုက်သည်။ ထို့နောက်ကျိချင်းကျိုး မတုံ့ပြန်နိုင်ခင် သိုင်းဖက်လိုက်ကာ နမ်းရှိုက်လိုက်သည်။ သူ့နှလုံးသားအတွင်း ပြည့်နှက်နေသည့် လိပ်ပြာလေးတွေအား အနမ်းကနေတစ်ဆင့် ကျိချင်းကျိုး၏နှလုံးသားထဲသို့ ကူးပြောင်းပေးချင်ခဲ့သည်။

ချူချန်သည် ထိုလူသားလေးအား ရင်ခွင်ထဲထည့်ဖက်ရင်း မိန်းမောစွာဖြင့် လက်ထပ်ကြစို့ဟု ပြောပစ်မိလုနီးပါး အထိန်းအချုပ်မဲ့နေခဲ့သည်။နောက်မှ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ကာ ချစ်ခြင်းတို့ အပြည့်ပါဝင်‌သော ဖြူစင်သည့် အနမ်းလေးတစ်ပွင့်သာ နဖူးပေါ် ခြွေလိုက်ခြင်းနှင့် အဆုံးသတ်၏။

သူ့ကိုယ်သူ အချိန်ပေးဖို့လိုသလို ကျိချင်းကျိုးဘက်က လိုလိုလားလား ဖွင့်ဟလာဖို့အတွက်လည်း အချိန်ပေးရန် လိုသည်။ထို့ပြင် သူတို့ဆက်ဆံရေး ပိုပြီးနက်ရှိုင်းလာအောင်လုပ်ဖို့ သူကိုယ်တိုင်အတွက်လည်း အချိန်လိုအပ်၏။ဆယ်ကျော်သက်အချစ်တွေက အမြဲ စိတ်လှုပ်ရှားဖို့ကောင်းပြီး ချိုမြိန်လျက်။သူတို့က ဆယ်ကျော်သက်ဘဝကို ဖြတ်ကျော်ပြီးသော်လည်း တစ်ယောက်က တစ်ယောက်ရဲ့ အချစ်ဦးဖြစ်နေသောကြောင့် အရမ်းကာရော စိတ်လှုပ်ရှားနေကြရသည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ချူချန်က ဒီစိတ်လှုပ်ရှားမှုဆိုတာကနေ ရေရှည်ရည်ရွယ်ချက်ဆီသို့ ပြောင်းလဲသွားဖို့ အချိန်တစ်ချို့ ယူချင်သည်။ယာယီစိတ်လှုပ်ရှားမှုကိုပဲ သူတို့လိုအပ်နေတာမဟုတ်ပေ။တစ်ဘဝလုံးစာကတိကို သူတို့ လိုအပ်နေတာဖြစ်သည်။

သူသည် ကျိချင်းကျိုး မျက်လုံးလေးများထဲမှ အဆုံးမဲ့ ချစ်ခြင်းမေတ္တာတွေအား အကြည့်ရောက်ရင်း နှုတ်ခမ်းလေးပေါ် ဖိကပ်လိုက်သည်။

"ကိုယ်ရောက်ပြီ"

ကျိချင်းကျိုးနှင့်ချူချန်တို့သည် ထိုရှေးဟောင်ဗီလာကြီး၌ သုံးရက်ထိ နေခဲ့ပြီး နှစ်သစ်ကူးအားလပ်ရက် မပြီးမချင်း မပြန်ခဲ့ကြပေ။

ကျိချင်းကျိုးက မပြန်ချင်ဖြစ်နေ၏။သုံးရက်အတွင်း သူနဲ့ချူချန်အတွက် စိတ်အေးချိုမြိန်မှုတို့အတိ။အလုပ်ရော ဒီပြင့်ကိစ္စတွေရော တွေးပူစရာမလိုအပ်ခဲ့။သူတို့စိတ်စေရာအတိုင်းကစားကြရုံပင်။

ချူချန်က သူမပြန်ချင်ဖြစ်နေတာကို သတိထားမိကာ ချော့လာသည်။

"မင်းသဘောကျရင်လည်း နောက် မင်းရဲ့ အားလပ်ရက်ရောက်မှကိုယ်တို့ ထပ်လာကြမယ်လေ"

ကျိချင်းကျိုး သဘောတူလိုက်သည်။သူဒီနေရာလေးက မပြန်ချင်ပေမယ့် သူ့ဘေးက လူကို ပိုသ‌ဘောကျသည်။ချူချန်သာ သူ့ဘေးနားရှိနေရင် ဘယ်နေရာမဆို အဆင်ပြေ၏။

"အိမ်ပြန်စို့" ကျိချင်းကျိုးက တိုးတိုးလေးပြောလေသည်။

ချူချန်နှင့်ကျိချင်းကျိုးတို့ အိမ်ပြန်ရောက်ရောက်ချင်းပဲ WeChat ဂရုထဲမှာ မနက်ဖြန် လူစုကြရန် ပြောနေကြသည်ကို တွေ့လိုက်ရသည်။

ရှောက်ရုံကတော့ {အားချန်ရေ ကျိုးကျိုးကိုပါ ခေါ်လာရမှာနော်} ဆိုတဲ့စကားကိုပဲ အထူးအလေးထား ဖိပြောနေ၏ ။

ချူချန်မှာ ဂရုကြီးကို ကြည့်ပြီး အတွေးထဲအလိုလိုပေါ်လာသည်က သူနဲ့ကျိချင်းကျိုးတို့ ပြန်တွဲဖြစ်ကြသည့်အချိန်သို့။သူ့မှာ အရမ်းစိတ်လှုပ်ရှားလွန်းအားကြီးပြီး သူတို့ ပြန်သင့်မြတ်ပြီး အတွဲတွေဖြစ်နေကြပြီဆိုတဲ့အကြောင်း ထိုကောင်တွေထံ ပြောပြမိသည်။ရလဒ်ကတော့ ဂရုကြီးတစ်ခုလုံး သူ့ကို လှောင်ရယ်နေကြတဲ့ စာတွေ အပြည့်ဖြစ်သွားတာပင်။

ယောက်ရှိုးယွမ်ကလည်း {ဝေ့...အပျော်ပါကွာ ဆိုပြီးပြောခဲ့တာ ငါ့ကောင်ကြီးပဲမဟုတ်ဘူးလား? ငါက အိပ်ချင်ရုံပါကွာ ဆို! ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းလေးပါ ဖြစ်လာတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ! ဟုတ်တယ်မလားငါ့ကောင်ရ!} ဆိုပြီး မေးတာလိုလိုဖြေတာလိုလိုလုပ်လာသည်။

{ဟုတ်ပ။ ပြီးတော့ ဘာတဲ့ ငါ့လို အရင်းရှင်ကြီးက အဲ့လိုအမှားမျိုး လုပ်မှာမဟုတ်ဘူးဆိုပဲ} ချင်းရွှယ်ကလည်းခနဲ့သည်။

ချူချန်မှာ ဒေါသတွေထွက်လွန်းလို့ ထိုကလေးစုတ်အုပ်စုရဲ့ ဆံပင်တွေကို တစ်မွှေးပြီးတစ်မွှေးထိုင်နှုတ်ပစ်ချင်တော့တာပဲ! အားနေ သူ့ကို ဖိနှိပ်ဖို့ဘဲ ကြံနေတဲ့ဟာတွေ!

ချူချန် ကျိချင်းကျိုးကို မေးလိုက်သည်။

"သူတို့နဲ့တွေ့ချင်လား"

"အင်း"

ကျိချင်းကျိုး၏တရားဝင်ကြေညာချက်က နောက်ရက်အနည်းငယ်နေမှ ထွက်မှာဖြစ်၍ နှစ်ရက်သုံးရက်လောက်တော့ နားလို့ရသေးသည်။

"ကျွန်တော်လည်း သူတို့ကို ဇာတ်ကားကြည့်မို့ ဖိတ်မယ်လုပ်နေတာနဲ့အတော်ပဲဖြစ်သွားတာပေါ့"

"ဟုတ်ပြီ"

ချူချန်က WeChatမှ အုပ်စုကြီးကို သတိပေးလိုက်သည်။

{မင်းတို့အားလုံး ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းလေးနေကြ။ဘာကပြောသင့်တယ်... ဘာကမပြောသင့်ဘူးဆိုတာလည်း မင်းတို့ သိပြီးသားပဲဥစ္စာ။ ပေါက်ကရလေးဆယ်လျှောက်မပြောကြနဲ့နော်}

ရှောက်ရုံဖြင့်ရယ်လိုက်ရတာ ပေါက်ထွက်မတတ်ပဲ။

{ကဲ ... ကဲ ... ငါ့ကို လာဘ်လာထိုးလိုက်။ ဘာဆိုဘာမှမပြောတော့ဘူးလို့ ကတိပေးမယ်}

ချူချန် : ...............

အရှက်မဲ့လိုက်ကြတာ! ငါ့မှာ ဘယ်လိုလုပ်ပြီး အဲ့လို သူငယ်ချင်းတွေရှိနေရတာလဲ!

ချူချန်ရဲ့သူငယ်ချင်းတွေနဲ့ ကျိချင်းကျိုး မတွေ့ဖြစ်တာကြာပြီ။ချူချန်မွေးနေ့မှာ တွေ့ဖြစ်တာက နောက်ဆုံးပင်။အဲ့တုန်းက သူနဲ့ချူချန်လည်း အပေါ်ယံဆက်ဆံရေးပဲရှိသေးပြီး အခုကျ တကယ် အချစ်နဲ့ဆက်နွှယ်ထားတာဖြစ်နေပြီလေ။ကံကောင်းချင်တော့ သူနဲ့ချူချန်က ကောင်လေးဆိုပြီး ကြော်ငြာပြီးသားဖြစ်၍ ပြန်မိတ်ဆက်စရာတော့ မလိုလောက်ပေ။

ယွီအန်းယီက ပွဲတက်စရာရှိသေး၍ နောက်ကျမှာဖြစ်သောကြောင့် သူမကို မစောင့်ဘဲ မှာစားထားကြဖို့ ကြိုပြောထားလေသည်။တကယ်တော့ ကျိချင်းကျိုး တကယ်ကြီး သူမနဲ့တွေ့ချင်နေပြီ။နောက်ဆုံး ဖန်ယောင်ရွှမ်းကိစ္စကို အဆုံးသတ်လိုက်သူက ချူချန်ဖြစ်နေသော်ငြား အဲ့တုန်းက ယွီအန်းယီရဲ့ တုံ့ပြန်မှုက သူ့ကို စိတ်အေးသွားစေပါသည်။ထို့ကြောင့် သူမနဲ့ လူချင်းတွေ့ပြီး ကျေးဇူးတင်စကားပြောချင်နေတာဖြစ်သည်။ဆိုးတာက ယွီအန်းယီအား အခုထိ အရိပ်အယောင်တောင်မတွေ့ရသေးပါ။ထို့ကြောင့် ယွီအန်းမင်ကိုပဲ အရင်ဆုံး ကျေးဇူးတင်စကားပြောလိုက်သည်။

ယွီအန်းမင်က ယဉ်ကျေးစွာ ပြန်ပြောလာ၏။

"ရပါတယ်။မင်းလည်း အန်းယွီကို ကူညီခဲ့ဖူးတာပဲ။ငါတို့ မောင်နှမနှစ်ယောက်က မင်းအပေါ် ကျေးဇူးကျွေးရှိတယ်လေ။အန်းယွီကိုယ်စား ငါလည်း မင်းကို ကျေးဇူးတင်ပါတယ်"

ထိုလူက ယဉ်ကျေးပျူငှာလွန်းသည်ဟု ကျိချင်းကျိုးထင်သည်။ ထို့ကြောင့်ပဲ သူ့ကို ခဏခဏ ကျေးဇူးတင်နေတော့တာလေ။

ရှောင်ရုံကလည်း စပ်စုလာချေသည်။

"ဘာတွေဖြစ်သွားလို့လဲ။ငါလဲမသိရပါလား? အန်းမင်....မင်းနဲ့သခင်မလေးက ဘာကူညီခဲ့လို့လဲ?"

"မင်းနဲ့ဘာဆိုင်လို့လဲ။မင်းသာဘာ ဝိုင်းပဲ ကောင်းကောင်းသောက်စမ်းပါ"

ချူချန်က မကျေမနပ်ထပြောသည်။

ရှောက်ရုံမကြိုက်တာလည်း အဲ့လို ပြောပေါက်တွေပင်။

"ဟ မင်းလူကောဟုတ်သေးရဲ့လား? စကားပြောတဲ့ပုံကိုက ငါလည်း စိတ်တိုတတ်တယ်ကွ။ မင်းတို့ အားလုံးမသိလို့ ဒီအားချန်က ညလယ်ကြီး ငါ့ကို ဖုန်းခေါ်လာတယ်ကွာ။ ငါ့မှာတော့ အစ်ကိုကြီး တစ်ယောက်အနေနဲ့ သူ့အတွက် အိတ်ချင်စိတ်ကိုတောင် မေ့ပစ်ခဲ့တာ။ငါ ဘယ်လောက် ကြင်နာတတ်လိုက်သလဲ။ဒါပေမယ့် သူ ငါ့ကို ဘာပြောတယ်ထင်လဲ? ငါ့ ပါးစပ်ထဲကို ခွေးစာတွေ သိပ်ထည့်သွားရုံတင်မကဘူး ငါ့ကိုလည်း ဆန်ကုန်မြေလေးကောင်လို့ ခေါ်သွားသေးတာကွ! အဲ့လို ဆန်ကုန်မြေလေးကောင်ကြီးလို့ အခေါ်ခံရဖို့ သူ့ပြဿနာတွေကို ငါကူရှင်းပေးခဲ့တာလား! ဟမ်?ဘာလို့ ငါ့ကျ ဆန်ကုန်မြေလေးဖြစ်ရတာလဲ? "

လူတိုင်း တသောသောထရယ်ကြတော့သည်။

ချူချန်မှာ ဆွံ့အသွားရ၏။

"ဝိုင်လည်း မင်းပါးစပ်ကို မပိတ်နိုင်တော့ဘူးထင်တယ်"

"ကျိုးကျိုး....မင်းရော ငါ့ကို ဆန်ကုန်မြေလေးကောင်ကြီးလို့ထင်လား?"

ရှောက်ရုံက ကျိချင်းကျိုးကို ကြည့်နေသည်။

သူ့ဘာသာ ဆန်ကုန်မြေလေးဟုတ်ဟုတ်မဟုတ်ဟုတ် ကျိချင်းကျိုးက ဘယ်လိုသိမှာလဲ?

ကျိချင်းကျိုးကိုပါ မေးရဲသည့်လူကြောင့် ချူချန်အမြန်ဖြတ်ပြောလိုက်ရသည်။

"မင်းက ဆန်ကုန်မြေလေးလေ။ငါ့သူငယ်ချင်းထဲက ယောင်္ကျားမိန်းမတွေ အကုန်ပေါင်းရင်တောင် ဘယ်သူမှ မင်းလောက်ရည်စားမများကြဘူး"

"အဲ့ဒါကြောင့်ပေါ့ ။ငါဘာသာ မချစ်လို့လေ။အိုကေလား? မင်းကသာ ငယ်ရွယ်မှုကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ကောင်"

ချူချန်က လှောင်ရယ်ကာ-

"မင်းကတော့ မဖြုန်းတီးဘဲ ဘယ်လိုတန်ဖိုးထားရမှန်းသိတယ်ပေါ့လေ"

"ဒါပေါ့" ရှောက်ရုံက ဂုဏ်ယူစွာ ပြောသည်။

သိပ်မကြာခင် ဝိတ်တာတွေက စားစရာတွေ လာချပေးသဖြင့် အားလုံးလည်း စကားတပြောပြောနဲ့ စားနေကြတော့သည်။ခဏအကြာ ကျိချင်းကျိုး တွိုင်းလက်ကို ထွက်လာခဲ့သည်။အခန်းဆီ သူပြန်လာတဲ့ အချိန်မှာတော့ ထိုသီးသန့်ခန်းထဲမှ စနောက်သံတွေကို ကြားလိုက်ရလေသည်။

" မင်းအလှည့်ကျ ငါက ဆန်ကုန်မြေလေးဆိုတဲ့အကြောင်း ကျိုးကျိုးကို ပြောပြလိုက်တယ်။ ငါ့မှာတော့ ... ငါက သူနဲ့ အိပ်ပဲအိပ်ချင်ပြီး ကစားနေရုံသက်သက်ပဲ... ဆိုတဲ့ မင်းပြောခဲ့တာတွေကို ကျိုးကျိုးဆီ ဖောက်သည်မချထားဘူးနော် အေး"

>>>>>>>>>>>>>>>>>>>>>

ပါးချူကြီးကို ကိုယ်တွေတောင် ဖဲ့စရာမလိုဘူး။သူ့သူငယ်ချင်းကောင်းကြီးတွေ ဝိုင်းဖဲ့နေတာနဲ့ကုန်ပြီ😂😂

နောက်တစ်ပိုင်းကျ ပိုဖဲ့ကြမှာ 🤣🤣🤣🤣 ဖုန်းထဲမှာ သိမ်းမှတ်ထားတဲ့လူက ရှိသေး🤣🤣🤣

ပါးချူခမျာ မျက်နှာငယ်လေးနဲ့😂🤣 တော်ပြီ မစတော့ဘူးကွယ်။

Suprise 💃

>>>>>> >>>>>>>>>>>>>>>>>>

Zawgyi




က်ိခ်င္းက်ိဳးႏွင့္ခ်ဴခ်န္တို႔ အီးေလးဆြဲေနၾကၿပီး ေန႔လည္စာ စားခ်ိန္မွသာ အိပ္ရာထဲက ထြက္ေတာ့သည္။ခ်ဴခ်န္အတြက္ ပထမဆုံးအႀကိမ္ ဟင္းခ်က္သင္ျခင္းျဖစ္သည္ႏွင့္အညီ အသီးအ႐ြက္ေတြအား ညီညီညာညာ လွီးနည္းကို သင္ယူရေလသည္။သူ႕ရဲ႕ စိတ္ဓာတ္ခ်ံဳးခ်ံဳးက်ေနသည့္ အမူအရာေၾကာင့္ က်ိခ်င္းက်ိဳးတစ္ေယာက္ မေနသာေတာ့ဘဲ အားေပးစကားဆိုရေတာ့သည္။

"ခင္ဗ်ား လွီးထားတာ မိုက္လိုက္တာ။ ကြၽန္ေတာ္ ပထမဆုံး ဟင္းခ်က္စသင္တုန္းကဆို ခင္ဗ်ားေလာက္ေတာင္ ေကာင္းေကာင္းမလွီးတတ္ဘူးသိလား။တကယ္ေျပာတာ ခင္‌ဗ်ားက အရမ္းေတာ္တာပဲ"

ခ်ဴခ်န္က မယုံသကၤာေလးျဖစ္ေနေသာ္ျငား က်ိခ်င္းက်ိဳးက က်ိန္ေျပာလာခဲ့သည့္အျပင္ သူ႕မွာ ဟင္းခ်က္ပါရမီပါၿပီး စာဖိုမႉးတစ္ေယာက္ေတာင္ ျဖစ္ႏိုင္ေသးတယ္ဟု ဟစ္ေကြၽးေနေတာ့သည္။ ထိုမွ ခ်ဴခ်န္က သေဘာတက်ေလးရယ္ၿပီး သူ႕ရဲ႕ ဓားစေကးေပၚ နည္းနည္းမွ စိတ္အေႏွာင့္အယွက္မျဖစ္ေတာ့ေပ။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စားေသာက္ၾကၿပီးေနာက္ အေနာက္ဘက္က ေတာင္တန္းေတြအားၾကည့္ရန္ ခ်ဴခ်န္က က်ိခ်င္းက်ိဳးကို ဆြဲေခၚသြားေလသည္။

"အခုရာသီက မေကာင္းလို႔သာ...ေႏြရာသီေရာက္တာနဲ႔ ေတာင္ေပၚမွာ အေလ့က်သီးေတြမွ တပုံတပင္ေပါေသာလို႔။ အရသာလည္းေတာ္ေတာ္႐ွိတာ။ဒါေပမယ့္ဒီရာသီမွာက်ေတာ့ မသီးဘူးေလ"

"ရပါတယ္...အဲ့ရာသီေရာက္တဲ့ထိ ေစာင့္ၾကတာေပါ့"

"ေႏြရာသီေရာက္တာနဲ႔ ဒီျမစ္ထဲမွာ ငါးေတြအမ်ားႀကီးပဲ။တစ္ခါတစ္ေလဆို ယုန္႐ိုင္းေတြကိုလည္း ေတာင္ေပၚမွာ ေတြ႕မိႏိုင္ေသးတယ္။ကိုယ္တို႔ ေက်ာင္းတုန္းကဆို ဒီမွာ ဘာဘီက်ဴးလုပ္စားဖို႔အတြက္ရယ္ အေပ်ာ္ခရီးထြက္ဖို႔ေတြအတြက္လာရတာ သိပ္သေဘာက်တာ။အခု လုပ္ငန္းခြင္ေတြဝင္ေနၿပီဆိုေတာ့ အဲ့စိတ္ကူးေတြလည္း မ႐ွိေတာ့ပါဘူး။မင္း သေဘာက်ရင္ ဒီေႏြရာသီက် ယြီအန္းယီနဲ႔တစ္ျခားသူေတြကို ေခၚၿပီး ေပ်ာ္ပြဲစားလာလို႔ရတယ္။လူမ်ားေတာ့ ေပ်ာ္ရတာေပါ့"

"အြန္း"

က်ိခ်င္းက်ိဳးက ေတြးဆဆလုပ္ကာျဖင့္-

"ဒါဆို ယင္းႏ်န္ကိုလည္း ေခၚလိုက္မယ္ေနာ္။သူ႕မွာ သူငယ္ခ်င္းသိပ္မ႐ွိပုံပဲ။အျပင္လည္း ထြက္ေလ့႐ွိတာမဟုတ္ဘူးရယ္။ၿပီးေတာ့ ေကာ...ေကာက အလုပ္ေတြ႐ႈပ္လြန္းေနတာ။ကြၽန္ေတာ္ ဒီကို ေရာက္ေနတဲ့အခ်ိန္ သူကေတာ့ ႐ုပ္႐ွင္ပ႐ိုမိုး႐ွင္းေတြနဲ႔ ေျပးလႊားေနရ‌တာ ကြၽန္ေတာ္ျဖင့္ ႐ွက္ေတာင္႐ွက္မိတယ္။ေကာအေနနဲ႔ဆို ဒီေလာက္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ေနရာမ်ိဳး သိေလာက္မွာ မဟုတ္ဘူး"

"မင္းဟာေလ လ်န္က်င္း႐ွင္ဆို ဘယ္ေတာ့မွ မေမ့ဘူး" ခ်ဴခ်န္က သူ႕ကို တစ္ခ်က္ေစြၾကည့္၏။

သက္သက္မဲ့ သဝန္တိုေနျပန္ပါၿပီ...က်ိခ်င္းက်ိဳးဘာသာ စိတ္ထဲကပဲေတြးျဖစ္လိုက္ျခင္း ။

"ယင္းႏ်န္ကို အရင္ေျပာလိုက္တာ ဒီေလာက္ ႐ွင္းေနတဲ့ဟာႀကီးကို ခင္ဗ်ားၾကားတဲ့အခ်ိန္က် ဘာလို႔ ေကာကိုပဲ ၾကားသြားရတာလဲ? ခင္ဗ်ားကမွ ေကာကို မေမ့ႏိုင္ျဖစ္ေနတဲ့သူမဟုတ္ဘူးလား။ နာမည္ေလးၾကား႐ုံနဲ႔ အလိုလိုတန္းသိေနတာ"


ခ်ဴခ်န္က ေအးတိေအးစက္ ႏွာေခါင္း႐ႈံ႕သည္။

"ဟမ့္"

" ေဟ့ဒီမွာ....တကယ္လို႔ ကြၽန္ေတာ္ ဒီကထြက္သြားတဲ့ အခ်ိန္က ယင္းႏ်န္နဲ႔ အိမ္နီးခ်င္းျဖစ္ရမယ့္အစား ေကာနဲ႔ အိမ္နီးခ်င္းျဖစ္သြားမယ္ဆို ခင္ဗ်ားဘာလုပ္မွာလဲ?"

ခ်ဴခ်န္ : ...........

က်ိခ်င္းက်ိဳးတို႔ ေဘးအိမ္ကို တန္းေျပာင္းမိမယ္ထင္တယ္...ၿပီးတာနဲ႔ ေန႔တိုင္း သူ႕ကို မ်က္စိေဒါက္ေထာင့္ၾကည့္ေနမွာ....က်ိခ်င္းက်ိဳးနဲ႔လ်န္က်င္း႐ွင္ၾကားမွာ မျဖစ္သင့္တာေတြ မျဖစ္သြားေအာင္ သူကေတာ့ တားမွာပဲ!

"ခင္ဗ်ားမ်က္ႏွာႀကီးကိုလဲ ၾကည့္ပါဦး"

က်ိခ်င္းက်ိဳးက ကြၽတ္စ္ခနဲ စုတ္သပ္သည္ ။

"ေကာကို အရမ္းေၾကာက္တာပဲလား... ဟုတ္လား? ဒါျဖင့္ ခင္‌ဗ်ားကို သတင္းေကာင္းေလးတစ္ခုေျပာျပလိုက္ဦးမယ္။စီနီယာေကာမွာ သေဘာက်ရတဲ့လူ႐ွိၿပီးသားတဲ့။ဘယ္သူလဲေတာ့ ကြၽန္ေတာ္မသိေပမယ့္ ေကာေျပာတာကေတာ့ ျမန္ရင္ ေနာက္ႏွစ္ေလာက္ အေျဖရလိမ့္မယ္တဲ့ေလ"

"သူသေဘာက်တဲ့လူ႐ွိတယ္လား?"

ခ်ဴခ်န္က အံ့အားသင့္စြာေမးလာသည္။

"သူ႕လိုသေဘာထားျမင့္တဲ့လူမွာလည္း သေဘာက်တဲ့လူ႐ွိႏိုင္တယ္လား? ဟုတ္သား အခုေတာ့ သူဖုံးထားသင့္တယ္လို႔ ကိုယ္ထင္တယ္သိလား။သူ႕ေက်ာ္ၾကားမႈနဲ႔ဆို ပရိတ္သတ္ေတြသိသြားတာနဲ႔ စိတ္ပ်က္သြားၾကမွာ။ၿပီးရင္ hot searchထိတက္ၿပီး ေအာ္ငိုၾကပါေတာ့မယ္"

"ေကာရဲ႕ေကာင္မေလးဆို ကိုင္တြယ္ႏိုင္မလား မသိေပမယ့္ ေကာကို သေဘာက်ေအာင္ေတာင္ လုပ္ႏိုင္တဲ့ လူဆိုေတာ့ သူလည္း ထူးခြၽန္ထက္ျမက္မယ္ထင္တယ္။ကြၽန္ေတာ္ေတာ့ အဲ့လို ျဖစ္ပါေစလို႔ ေမွ်ာ္လင့္မိတာပဲ"

"ဘယ္သူသိမလဲေလ?" ခ်ဴခ်န္မွာ ျပဳံးစိစိျဖစ္ေန၏။

ႏွစ္ေယာက္မွာ စကားတေျပာေျပာနဲ႔ ေတာင္ထိပ္ထိ တက္ၾကသည္။လမ္းတစ္ဝက္ေရာက္ၾကခ်ိန္၌ ခ်ဴခ်န္ကေန လမ္းခြဲေလးတစ္ခုဆီ ဦးေဆာင္ေလွ်ာက္သြား၏။

"ဒီကျမစ္က ေအးခဲေနတာေလ။ျမစ္က က်ယ္ေပမယ့္ တကယ့္တကယ္ေတာ့ တိမ္တိမ္ေလး။ေဆာင္းရာသီေရာက္တာနဲ႔ ခဲသြားေရာ။အဲ့က်ရင္ ေရခဲေတြေပၚမွာ ကစားလို႔ အရမ္းေကာင္းတာ။ကိုယ္က ကေလးေလးပဲ ႐ွိေသးေတာ့ ice cartစီးရတာကို သေဘာက်မွက်ေလ။အဲ့က် ကိုယ့္ပါးပါးနဲ႔ ေကာက ice cart ကို ဆြဲေပးၾကတယ္။ကိုယ္ အ႐ြယ္ေရာက္လာေတာ့ ေရခဲစကိတ္စီးရတာကို ပိုႀကိဳက္ေပမယ့္ ice cartႀကီးကေတာ့ အခုထိ ႐ွိေနတုန္းပဲ။မင္း အေတြ႕အၾကဳံရခ်င္ရင္ ကိုယ္မင္းနဲ႔ ကစားေပးမယ္ေလ"

"ေကာင္းသားပဲ"

က်ိခ်င္းက်ိဳးတစ္ေယာက္ စိတ္ဝင္စားသြားေခ်ၿပီ။

"ဒါေပမယ့္ ခင္ဗ်ားကေလးတုန္းက ice cartဆိုေတာ့ ကြၽန္ေတာ္နဲ႔ ဆံ့ပါ့မလား?"

"ဆံ့တာေပါ့။ ကိုယ္က တစ္ခါတစ္ေလက်ရင္ စိတ္ကူးေပါက္ရာကစားခ်င္တာမို႔ ကိုယ့္မားမားပါ ဝင္လို႔ရေအာင္ အႀကီးႀကီးလုပ္ထားတာ။မင္းထိုင္ဖို႔ အေနေတာ္ပဲ"


ခ်ဴခ်န္က ေျပာတဲ့အတိုင္းပဲ ျမစ္နားေလးက သစ္သားအိမ္ေလးဆီ ေလွ်ာက္သြားသည္။ အိမ္က အႀကီးႀကီးမဟုတ္ေပမယ့္ ငါဖမ္းပစၥည္းေတြေရာ၊စကိတ္ပစၥည္းေတြေရာ အမ်ားႀကီး႐ွိသည္။ခ်ဴခ်န္သည္ သူ႕ကေလးတုန္းက ice cart ေလးကို ေတြ႕သည္ႏွင့္ သန္႔႐ွင္းသြားေအာင္ သုတ္လိုက္ကာ ျမစ္ဆီသယ္လာသည္။

"ထိုင္"

က်ိခ်င္းက်ိဳးသည္ သူ႕ေ႐ွ႕႐ွိ လွပစြာ ပုံေဖာ္ထားေသာ ice cart ကိုၾကည့္ကာ တက္ထိုင္လိုက္သည္။

ice cart ရဲ႕ ေအာက္မွာက ဘီးေတြပါသည့္အတြက္ ခ်ဴခ်န္ ဆြဲလိုက္သည္ႏွင့္ အားအမ်ားႀကီး စိုက္စရာမလိုဘဲ တစ္႐ွိန္ထိုးေျပးေလသည္။က်ိခ်င္းက်ိဳးမွာ ေက်နပ္ဖြယ္ အ႐ွိန္ကိုခံစားရင္း ႐ႊင္ျမဴးစြာျဖင့္ ခ်ဴခ်န္ကို ေျပာသည္။

"ခင္ဗ်ားေရာစီးပါလား ကြၽန္ေတာ္ ဆြဲေပးမယ္"

ခ်ဴခ်န္သည္ကား သူ႕ကို ဆြဲခြင့္မေပးခ်င္ပါ။သို႔ေသာ္ က်ိခ်င္းက်ိဳး ခဏေလာက္ ကစားလို႔ ရေစရန္ ေ႐ွ႕ကို ေရာက္တယ္ဆို႐ုံေလး ဆြဲခြင့္ျပဳလိုက္သည္ ။

တကယ္ေတာ့လည္း သူတို႔က ကေလးေတြ မဟုတ္ၾကေပ။ခဏေလာက္ ice cart နဲ႔ ကစားၿပီးတာနဲ႔ စကိတ္စီးရန္ အာ႐ုံေရာက္သြားၾကသည္။က်ိခ်င္းက်ိဳးရဲ႕ စကိတ္စေကးကေတာ့ OK ပင္။ကိုယ္ေနဟန္ထားေကာင္းေကာင္းျဖင့္ ‌လွပေသသပ္စြာ ေရခဲေလွ်ာစီးေနခဲ့သည္။ကေနသလိုယိမ္းႏြဲ႕ဟန္ပန္ေလးျဖင့္ တစ္ဆင့္ခ်င္းဆီ ေရခဲလႊာေပၚ ေလွ်ာစီးေနသည့္ သူ႕ကို မ်က္စိမလြတ္တမ္းၾကည့္ေနသည့္ ခ်ဴခ်န္မွာေတာ့ စြဲလမ္းျခင္းစိတ္အစုံနဲ႔ နစ္ေျမာေနခဲ့သည္။

ေန႔လည္ခင္းေနေရာင္ျခည္မွာ ေတာက္ပစြာျဖင့္ က်ိခ်င္းက်ိဳး၏ပိန္ပါးပါးခႏၶာကိုယ္ေလးေပၚသို႔ ျဖာက်လ်က္႐ွိ၏။

က်ိခ်င္းက်ိဳးက ေနေရာင္ျခည္ကို ေက်ာေပးထားလ်က္ သူ႕အား ႐ႊင္ျမဴးစြာ ျပဳံးျပလာသည့္ခဏ ခ်ဴခ်န္ရင္ထဲ လိပ္ျပာေတြ ပ်ံဝဲေနသလိုပါပင္။

"ဒီနားကိုဘာလို႔မလာတာလဲ။" က်ိခ်င္းက်ိဳးက လွမ္းေမးသည္။

က်ိခ်င္းက်ိဳးဟာ အေ႐ွ႕သို႔ ထပ္မစီးေတာ့ဘဲ က်ယ္ျပန္႔ေသာအလင္းတန္းႀကီးအတြင္း၌ ရပ္ကာ ခ်ဴခ်န္ သူ႕ဆီလာမွာကို ၿငိမ္ၿငိမ္ေလးေစာင့္ေနခဲ့သည္။

က်ိခ်င္းက်ိဳးကို ေငးၾကည့္ေနရင္းနဲ႔မွ ခ်ဴခ်န္ သိလာရသည္မွာ က်ိခ်င္းက်ိဳးအေပၚ ထားသည့္ သူ႕အခ်စ္ေတြက အ႐ူးအမူးျဖင့္ နက္နက္႐ိႈင္း႐ိႈင္း အျမစ္တြယ္ေနၿပီဆိုတာပင္။ အခ်ိန္လြန္မွ က်ိခ်င္းက်ိဳးအား သူထင္ထားခဲ့တာထက္ေတာင္ ပိုသေဘာက်တယ္ဆိုတာကို သေဘာေပါက္လာရသည့္သူ႕အျဖစ္ပင္ ။သူဆိုတာ အၿမဲ အာ႐ုံစုစည္းရလြယ္ကူသူတစ္ေယာက္ ျဖစ္ခဲ့ေပမယ့္ က်ိခ်င္းက်ိဳးကို ၾကည့္လိုက္တဲ့ အခ်ိန္တိုင္းမွာေတာ့ က်ိခ်င္းက်ိဳးတစ္ဦးတည္းသာလွ်င္ သူ႕မ်က္လုံးေတြထဲ စိုးမိုးထားသည့္အလားျဖစ္ေနေတာ့သည္။

သူ ျမန္ျမန္ပဲ က်ိခ်င္းက်ိဳး အနားထိ ေလွ်ာစီးသြားၿပီး တစ္ကိုယ္လုံးက်ိခ်င္းက်ိဳးထံ ပစ္ဝင္လိုက္သည္။ ထို႔ေနာက္က်ိခ်င္းက်ိဳး မတုံ႔ျပန္ႏိုင္ခင္ သိုင္းဖက္လိုက္ကာ နမ္း႐ိႈက္လိုက္သည္။ သူ႕ႏွလုံးသားအတြင္း ျပည့္ႏွက္ေနသည့္ လိပ္ျပာေလးေတြအား အနမ္းကေနတစ္ဆင့္ က်ိခ်င္းက်ိဳး၏ႏွလုံးသားထဲသို႔ ကူးေျပာင္းေပးခ်င္ခဲ့သည္။

ခ်ဴခ်န္သည္ ထိုလူသားေလးအား ရင္ခြင္ထဲထည့္ဖက္ရင္း မိန္းေမာစြာျဖင့္ လက္ထပ္ၾကစို႔ဟု ေျပာပစ္မိလုနီးပါး အထိန္းအခ်ဳပ္မဲ့ေနခဲ့သည္။ေနာက္မွ သူ႕ကိုယ္သူ ထိန္းခ်ဳပ္လိုက္ကာ ခ်စ္ျခင္းတို႔ အျပည့္ပါဝင္‌ေသာ ျဖဴစင္သည့္ အနမ္းေလးတစ္ပြင့္သာ နဖူးေပၚ ေႁခြလိုက္ျခင္းႏွင့္ အဆုံးသတ္၏။

သူ႕ကိုယ္သူ အခ်ိန္ေပးဖို႔လိုသလို က်ိခ်င္းက်ိဳးဘက္က လိုလိုလားလား ဖြင့္ဟလာဖို႔အတြက္လည္း အခ်ိန္ေပးရန္ လိုသည္။ထို႔ျပင္ သူတို႔ဆက္ဆံေရး ပိုၿပီးနက္႐ိႈင္းလာေအာင္လုပ္ဖို႔ သူကိုယ္တိုင္အတြက္လည္း အခ်ိန္လိုအပ္၏။ဆယ္ေက်ာ္သက္အခ်စ္ေတြက အၿမဲ စိတ္လႈပ္႐ွားဖို႔ေကာင္းၿပီး ခ်ိဳၿမိန္လ်က္။သူတို႔က ဆယ္ေက်ာ္သက္ဘဝကို ျဖတ္ေက်ာ္ၿပီးေသာ္လည္း တစ္ေယာက္က တစ္ေယာက္ရဲ႕ အခ်စ္ဦးျဖစ္ေနေသာေၾကာင့္ အရမ္းကာေရာ စိတ္လႈပ္႐ွားေနၾကရသည္မွာ ေျမႀကီးလက္ခတ္မလြဲပင္။

ခ်ဴခ်န္က ဒီစိတ္လႈပ္႐ွားမႈဆိုတာကေန ေရ႐ွည္ရည္႐ြယ္ခ်က္ဆီသို႔ ေျပာင္းလဲသြားဖို႔ အခ်ိန္တစ္ခ်ိဳ႕ ယူခ်င္သည္။ယာယီစိတ္လႈပ္႐ွားမႈကိုပဲ သူတို႔လိုအပ္ေနတာမဟုတ္ေပ။တစ္ဘဝလုံးစာကတိကို သူတို႔ လိုအပ္ေနတာျဖစ္သည္။

သူသည္ က်ိခ်င္းက်ိဳး မ်က္လုံးေလးမ်ားထဲမွ အဆုံးမဲ့ ခ်စ္ျခင္းေမတၱာေတြအား အၾကည့္ေရာက္ရင္း ႏႈတ္ခမ္းေလးေပၚ ဖိကပ္လိုက္သည္။

"ကိုယ္ေရာက္ၿပီ"

က်ိခ်င္းက်ိဳးႏွင့္ခ်ဴခ်န္တို႔သည္ ထိုေ႐ွးေဟာင္ဗီလာႀကီး၌ သုံးရက္ထိ ေနခဲ့ၿပီး ႏွစ္သစ္ကူးအားလပ္ရက္ မၿပီးမခ်င္း မျပန္ခဲ့ၾကေပ။

က်ိခ်င္းက်ိဳးက မျပန္ခ်င္ျဖစ္ေန၏။သုံးရက္အတြင္း သူနဲ႔ခ်ဴခ်န္အတြက္ စိတ္ေအးခ်ိဳၿမိန္မႈတို႔အတိ။အလုပ္ေရာ ဒီျပင့္ကိစၥေတြေရာ ေတြးပူစရာမလိုအပ္ခဲ့။သူတို႔စိတ္ေစရာအတိုင္းကစားၾက႐ုံပင္။

ခ်ဴခ်န္က သူမျပန္ခ်င္ျဖစ္ေနတာကို သတိထားမိကာ ေခ်ာ့လာသည္။

"မင္းသေဘာက်ရင္လည္း ေနာက္ မင္းရဲ႕ အားလပ္ရက္ေရာက္မွကိုယ္တို႔ ထပ္လာၾကမယ္ေလ"

က်ိခ်င္းက်ိဳး သေဘာတူလိုက္သည္။သူဒီေနရာေလးက မျပန္ခ်င္ေပမယ့္ သူ႕ေဘးက လူကို ပိုသ‌ေဘာက်သည္။ခ်ဴခ်န္သာ သူ႕ေဘးနား႐ွိေနရင္ ဘယ္ေနရာမဆို အဆင္ေျပ၏။

"အိမ္ျပန္စို႔" က်ိခ်င္းက်ိဳးက တိုးတိုးေလးေျပာေလသည္။

ခ်ဴခ်န္ႏွင့္က်ိခ်င္းက်ိဳးတို႔ အိမ္ျပန္ေရာက္ေရာက္ခ်င္းပဲ WeChat ဂ႐ုထဲမွာ မနက္ျဖန္ လူစုၾကရန္ ေျပာေနၾကသည္ကို ေတြ႕လိုက္ရသည္။

ေ႐ွာက္႐ုံကေတာ့ {အားခ်န္ေရ က်ိဳးက်ိဳးကိုပါ ေခၚလာရမွာေနာ္} ဆိုတဲ့စကားကိုပဲ အထူးအေလးထား ဖိေျပာေန၏ ။

ခ်ဴခ်န္မွာ ဂ႐ုႀကီးကို ၾကည့္ၿပီး အေတြးထဲအလိုလိုေပၚလာသည္က သူနဲ႔က်ိခ်င္းက်ိဳးတို႔ ျပန္တြဲျဖစ္ၾကသည့္အခ်ိန္သို႔။သူ႕မွာ အရမ္းစိတ္လႈပ္႐ွားလြန္းအားႀကီးၿပီး သူတို႔ ျပန္သင့္ျမတ္ၿပီး အတြဲေတြျဖစ္ေနၾကၿပီဆိုတဲ့အေၾကာင္း ထိုေကာင္ေတြထံ ေျပာျပမိသည္။ရလဒ္ကေတာ့ ဂ႐ုႀကီးတစ္ခုလုံး သူ႕ကို ေလွာင္ရယ္ေနၾကတဲ့ စာေတြ အျပည့္ျဖစ္သြားတာပင္။

ေယာက္႐ိႈးယြမ္ကလည္း {ေဝ့...အေပ်ာ္ပါကြာ ဆိုၿပီးေျပာခဲ့တာ ငါ့ေကာင္ႀကီးပဲမဟုတ္ဘူးလား? ငါက အိပ္ခ်င္႐ုံပါကြာ ဆို! ခ်ိဳၿမိန္တဲ့ အခ်စ္ဇာတ္လမ္းေလးပါ ျဖစ္လာတယ္ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲ! ဟုတ္တယ္မလားငါ့ေကာင္ရ!} ဆိုၿပီး ေမးတာလိုလိုေျဖတာလိုလိုလုပ္လာသည္။

{ဟုတ္ပ။ ၿပီးေတာ့ ဘာတဲ့ ငါ့လို အရင္း႐ွင္ႀကီးက အဲ့လိုအမွားမ်ိဳး လုပ္မွာမဟုတ္ဘူးဆိုပဲ} ခ်င္း႐ႊယ္ကလည္းခနဲ႔သည္။

ခ်ဴခ်န္မွာ ေဒါသေတြထြက္လြန္းလို႔ ထိုကေလးစုတ္အုပ္စုရဲ႕ ဆံပင္ေတြကို တစ္ေမႊးၿပီးတစ္ေမႊးထိုင္ႏႈတ္ပစ္ခ်င္ေတာ့တာပဲ! အားေန သူ႕ကို ဖိႏွိပ္ဖို႔ဘဲ ၾကံေနတဲ့ဟာေတြ!

ခ်ဴခ်န္ က်ိခ်င္းက်ိဳးကို ေမးလိုက္သည္။

"သူတို႔နဲ႔ေတြ႕ခ်င္လား"

"အင္း"

က်ိခ်င္းက်ိဳး၏တရားဝင္ေၾကညာခ်က္က ေနာက္ရက္အနည္းငယ္ေနမွ ထြက္မွာျဖစ္၍ ႏွစ္ရက္သုံးရက္ေလာက္ေတာ့ နားလို႔ရေသးသည္။

"ကြၽန္ေတာ္လည္း သူတို႔ကို ဇာတ္ကားၾကည့္မို႔ ဖိတ္မယ္လုပ္ေနတာနဲ႔အေတာ္ပဲျဖစ္သြားတာေပါ့"

"ဟုတ္ၿပီ"

ခ်ဴခ်န္က WeChatမွ အုပ္စုႀကီးကို သတိေပးလိုက္သည္။

{မင္းတို႔အားလုံး ကိုယ့္ကိုကိုယ္ ထိန္းထိန္းသိမ္းသိမ္းေလးေနၾက။ဘာကေျပာသင့္တယ္... ဘာကမေျပာသင့္ဘူးဆိုတာလည္း မင္းတို႔ သိၿပီးသားပဲဥစၥာ။ ေပါက္ကရေလးဆယ္ေလွ်ာက္မေျပာၾကနဲ႔ေနာ္}

ေ႐ွာက္႐ုံျဖင့္ရယ္လိုက္ရတာ ေပါက္ထြက္မတတ္ပဲ။

{ကဲ ... ကဲ ... ငါ့ကို လာဘ္လာထိုးလိုက္။ ဘာဆိုဘာမွမေျပာေတာ့ဘူးလို႔ ကတိေပးမယ္}

ခ်ဴခ်န္ : ...............

အ႐ွက္မဲ့လိုက္ၾကတာ! ငါ့မွာ ဘယ္လိုလုပ္ၿပီး အဲ့လို သူငယ္ခ်င္းေတြ႐ွိေနရတာလဲ!

ခ်ဴခ်န္ရဲ႕သူငယ္ခ်င္းေတြနဲ႔ က်ိခ်င္းက်ိဳး မေတြ႕ျဖစ္တာၾကာၿပီ။ခ်ဴခ်န္ေမြးေန႔မွာ ေတြ႕ျဖစ္တာက ေနာက္ဆုံးပင္။အဲ့တုန္းက သူနဲ႔ခ်ဴခ်န္လည္း အေပၚယံဆက္ဆံေရးပဲ႐ွိေသးၿပီး အခုက် တကယ္ အခ်စ္နဲ႔ဆက္ႏႊယ္ထားတာျဖစ္ေနၿပီေလ။ကံေကာင္းခ်င္ေတာ့ သူနဲ႔ခ်ဴခ်န္က ေကာင္ေလးဆိုၿပီး ေၾကာ္ျငာၿပီးသားျဖစ္၍ ျပန္မိတ္ဆက္စရာေတာ့ မလိုေလာက္ေပ။

ယြီအန္းယီက ပြဲတက္စရာ႐ွိေသး၍ ေနာက္က်မွာျဖစ္ေသာေၾကာင့္ သူမကို မေစာင့္ဘဲ မွာစားထားၾကဖို႔ ႀကိဳေျပာထားေလသည္။တကယ္ေတာ့ က်ိခ်င္းက်ိဳး တကယ္ႀကီး သူမနဲ႔ေတြ႕ခ်င္ေနၿပီ။ေနာက္ဆုံး ဖန္ေယာင္႐ႊမ္းကိစၥကို အဆုံးသတ္လိုက္သူက ခ်ဴခ်န္ျဖစ္ေနေသာ္ျငား အဲ့တုန္းက ယြီအန္းယီရဲ႕ တုံ႔ျပန္မႈက သူ႕ကို စိတ္ေအးသြားေစပါသည္။ထို႔ေၾကာင့္ သူမနဲ႔ လူခ်င္းေတြ႕ၿပီး ေက်းဇူးတင္စကားေျပာခ်င္ေနတာျဖစ္သည္။ဆိုးတာက ယြီအန္းယီအား အခုထိ အရိပ္အေယာင္ေတာင္မေတြ႕ရေသးပါ။ထို႔ေၾကာင့္ ယြီအန္းမင္ကိုပဲ အရင္ဆုံး ေက်းဇူးတင္စကားေျပာလိုက္သည္။

ယြီအန္းမင္က ယဥ္ေက်းစြာ ျပန္ေျပာလာ၏။

"ရပါတယ္။မင္းလည္း အန္းယြီကို ကူညီခဲ့ဖူးတာပဲ။ငါတို႔ ေမာင္ႏွမႏွစ္ေယာက္က မင္းအေပၚ ေက်းဇူးေကြၽး႐ွိတယ္ေလ။အန္းယြီကိုယ္စား ငါလည္း မင္းကို ေက်းဇူးတင္ပါတယ္"

ထိုလူက ယဥ္ေက်းပ်ဴငွာလြန္းသည္ဟု က်ိခ်င္းက်ိဳးထင္သည္။ ထို႔ေၾကာင့္ပဲ သူ႕ကို ခဏခဏ ေက်းဇူးတင္ေနေတာ့တာေလ။

ေ႐ွာင္႐ုံကလည္း စပ္စုလာေခ်သည္။

"ဘာေတြျဖစ္သြားလို႔လဲ။ငါလဲမသိရပါလား? အန္းမင္....မင္းနဲ႔သခင္မေလးက ဘာကူညီခဲ့လို႔လဲ?"

"မင္းနဲ႔ဘာဆိုင္လို႔လဲ။မင္းသာဘာ ဝိုင္းပဲ ေကာင္းေကာင္းေသာက္စမ္းပါ"

ခ်ဴခ်န္က မေက်မနပ္ထေျပာသည္။

ေ႐ွာက္႐ုံမႀကိဳက္တာလည္း အဲ့လို ေျပာေပါက္ေတြပင္။

"ဟ မင္းလူေကာဟုတ္ေသးရဲ႕လား? စကားေျပာတဲ့ပုံကိုက ငါလည္း စိတ္တိုတတ္တယ္ကြ။ မင္းတို႔ အားလုံးမသိလို႔ ဒီအားခ်န္က ညလယ္ႀကီး ငါ့ကို ဖုန္းေခၚလာတယ္ကြာ။ ငါ့မွာေတာ့ အစ္ကိုႀကီး တစ္ေယာက္အေနနဲ႔ သူ႕အတြက္ အိတ္ခ်င္စိတ္ကိုေတာင္ ေမ့ပစ္ခဲ့တာ။ငါ ဘယ္ေလာက္ ၾကင္နာတတ္လိုက္သလဲ။ဒါေပမယ့္ သူ ငါ့ကို ဘာေျပာတယ္ထင္လဲ? ငါ့ ပါးစပ္ထဲကို ေခြးစာေတြ သိပ္ထည့္သြား႐ုံတင္မကဘူး ငါ့ကိုလည္း ဆန္ကုန္ေျမေလးေကာင္လို႔ ေခၚသြားေသးတာကြ! အဲ့လို ဆန္ကုန္ေျမေလးေကာင္ႀကီးလို႔ အေခၚခံရဖို႔ သူ႕ျပႆနာေတြကို ငါကူ႐ွင္းေပးခဲ့တာလား! ဟမ္?ဘာလို႔ ငါ့က် ဆန္ကုန္ေျမေလးျဖစ္ရတာလဲ? "

လူတိုင္း တေသာေသာထရယ္ၾကေတာ့သည္။

ခ်ဴခ်န္မွာ ဆြံ႕အသြားရ၏။

"ဝိုင္လည္း မင္းပါးစပ္ကို မပိတ္ႏိုင္ေတာ့ဘူးထင္တယ္"

"က်ိဳးက်ိဳး....မင္းေရာ ငါ့ကို ဆန္ကုန္ေျမေလးေကာင္ႀကီးလို႔ထင္လား?"

ေ႐ွာက္႐ုံက က်ိခ်င္းက်ိဳးကို ၾကည့္ေနသည္။

သူ႕ဘာသာ ဆန္ကုန္ေျမေလးဟုတ္ဟုတ္မဟုတ္ဟုတ္ က်ိခ်င္းက်ိဳးက ဘယ္လိုသိမွာလဲ?

က်ိခ်င္းက်ိဳးကိုပါ ေမးရဲသည့္လူေၾကာင့္ ခ်ဴခ်န္အျမန္ျဖတ္ေျပာလိုက္ရသည္။

"မင္းက ဆန္ကုန္ေျမေလးေလ။ငါ့သူငယ္ခ်င္းထဲက ေယာက်ၤားမိန္းမေတြ အကုန္ေပါင္းရင္ေတာင္ ဘယ္သူမွ မင္းေလာက္ရည္စားမမ်ားၾကဘူး"

"အဲ့ဒါေၾကာင့္ေပါ့ ။ငါဘာသာ မခ်စ္လို႔ေလ။အိုေကလား? မင္းကသာ ငယ္႐ြယ္မႈကို တန္ဖိုးထားရေကာင္းမွန္းမသိတဲ့ေကာင္"

ခ်ဴခ်န္က ေလွာင္ရယ္ကာ-

"မင္းကေတာ့ မျဖဳန္းတီးဘဲ ဘယ္လိုတန္ဖိုးထားရမွန္းသိတယ္ေပါ့ေလ"

"ဒါေပါ့" ေ႐ွာက္႐ုံက ဂုဏ္ယူစြာ ေျပာသည္။

သိပ္မၾကာခင္ ဝိတ္တာေတြက စားစရာေတြ လာခ်ေပးသျဖင့္ အားလုံးလည္း စကားတေျပာေျပာနဲ႔ စားေနၾကေတာ့သည္။ခဏအၾကာ က်ိခ်င္းက်ိဳး တြိဳင္းလက္ကို ထြက္လာခဲ့သည္။အခန္းဆီ သူျပန္လာတဲ့ အခ်ိန္မွာေတာ့ ထိုသီးသန္႔ခန္းထဲမွ စေနာက္သံေတြကို ၾကားလိုက္ရေလသည္။

" မင္းအလွည့္က် ငါက ဆန္ကုန္ေျမေလးဆိုတဲ့အေၾကာင္း က်ိဳးက်ိဳးကို ေျပာျပလိုက္တယ္။ ငါ့မွာေတာ့ ... ငါက သူနဲ႔ အိပ္ပဲအိပ္ခ်င္ၿပီး ကစားေန႐ုံသက္သက္ပဲ... ဆိုတဲ့ မင္းေျပာခဲ့တာေတြကို က်ိဳးက်ိဳးဆီ ေဖာက္သည္မခ်ထားဘူးေနာ္ ေအး"

>>>>>>>>>>>>>>>>>>>>>

ပါးခ်ဴႀကီးကို ကိုယ္ေတြေတာင္ ဖဲ့စရာမလိုဘူး။သူ႕သူငယ္ခ်င္းေကာင္းႀကီးေတြ ဝိုင္းဖဲ့ေနတာနဲ႔ကုန္ၿပီ😂😂

ေနာက္တစ္ပိုင္းက် ပိုဖဲ့ၾကမွာ 🤣🤣🤣🤣 ဖုန္းထဲမွာ သိမ္းမွတ္ထားတဲ့လူက ႐ွိေသး🤣🤣🤣

ပါးခ်ဴခမ်ာ မ်က္ႏွာငယ္ေလးနဲ႔😂🤣 ေတာ္ၿပီ မစေတာ့ဘူးကြယ္။

ဖတ္ေပးတာ ေက်းဇူးပါေနာ္♥️♥️♥️♥️♥️

>>>>>> >>>>>>>>>>>>>>>>>>

Continue Reading

You'll Also Like

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
325K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း