(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

242K 31.7K 745

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (11. 1)

3.5K 495 29
By Kyiphyuswe

(11. 1)

'' ဒါဆို ငါက မင်းကို ဘယ်လို ပြုမူရမလဲ ဆိုတာသင်ပေး မယ် ပြီးတော့ ဘယ်လို ဦးညွှတ်ရမလဲ ဆိုတာ သင်ပေးမယ် ''

ဒီစကားတွေက အရမ်းကို လွှမ်းမိုးပြီးတော့ သူသာ တစ်ယောက် ထဲ အမြင့်ဆုံးလို့ ပြောတာ နဲ့တောင် တူနေပါသေးတယ်။

စုယွမ် ကတော့ အသဲနှလုံးတွေ အထိ ကနေတောင် လန့်သွားတုန်သွား တာကို ခံစားမိလေတယ်။

ဒါက ခေတ်သစ် ဝတ္ထုတွေ ထဲက လွှမ်းမိုး ချုပ်ချယ်လိုတဲ့ စီအီးအို တွေလိုမျိုး ဇာတ်ကောင် စရိုက်ပဲ မဟုတ်ဘူး လား။

ထိုစကားကို ကြားလိုက်တာ နဲ့ လုံ ဖေးယန် ရဲ့ အမူအရာ က ပိုပို ပြီးတော့ အရုပ်ဆိုးလာကာ စကားပြောတာ ကို ရုတ်တရက် ရပ်လိုက်ပြီးတော့ သူ့ရဲ့ပုံရိပ်က ဖျက်ကခနဲ ဖြစ်သွားလေတယ်။
ပြီးတော့ အပြင်ဘက် ကောင်းကင်မှာ သူ့ရဲ့ မျိုးနွယ်ရင်း မူလ ပုံစံနဲ့ ပေါ်လာခဲ့တယ်။

စုယွမ် က ပါးစပ်အဟောင်းသား နဲ့ ကောင်းကင် ကို မော့ကြည့်လိုက်တယ်။

အဲ့တာ က တကယ်နဂါး တစ်ကောင်ပဲ။

တကယ်ကြီး နဂါးပဲ!

သူက အတော်ကြီးပြီးတော့ ချီးပုံကြီးနဲ့ တူကာ ကောင်းကင်ကနေ အုပ်မိုးထား ပြီးတော့ ဟိန်းသံ တစ်ချက် ပေးလိုက်တယ်။

( ဟဲ့ 🤣)

'' အဲ့တာ က ခြေသည်းငါးချောင်းပါ  ရွှေရောင် နဂါး မဟုတ်လား? ''

'' အဲ့တာ နဂါးကလန် ရဲ့ နဂါးငယ် က ပျံသန်းနေတာ ပဲ! ''

'' ဘာမှားလို့လဲ? အဲ့တာ က တိုက်ပွဲ ပုံစံ မဟုတ်ဘူး လား။ လုံဖေးယန် က ဘယ်သူနဲ့ တိုက်ခိုက်မှာလဲ? ''

'' ဘယ်သူကများ မသိနိုးနားနဲ့ လုံဖေးယန် ကို အာခံရတာလဲ?''

လုံဖေးယန် ကတော့ ကောင်းကင်မှာ ဝဲပျံနေကာ မျက်လုံးထဲမှာ ဒေါသ တွေနဲ့ ပြည့်နေခဲ့တယ်။ ပြီးတော့ သရော်မှု တွေနဲ့ တန်ပြန်တိုက်လို မှုတွေ ပါဝင်နေခဲ့တယ်။

အဲ့တာက မြွေလေး တစ်ကောင်ပဲ မဟုတ်လား။

ဘာလို့ ကမ္ဘာကြီးမှာ သူက နံပါတ်တစ်ဖြစ်ရမှာတဲ့လဲ?

အဲ့လို သွေးအနိမ့်စားက ဘယ်လိုသတ္တိနဲ့ ပြောရဲတာလဲ?

ဒီနေ့မှာတော့ သူဆိုတဲ့ လုံဖေးယန် က ဘာက အစစ်အမှန်လဲ ဆိုတာကို သင်ပေးပြီးတော့ သူ့ရဲ့ မူလ နဂိုအဆင့် ကို ပြသပေးလိုက်မယ်။

'' မြွေဘုရင် လာပြီးတော့ တိုက်လှည့်! ''

လုံဖေးယန် က လူသားစကား ထုတ်​ပြောလိုက် ပြီးတော့ ကောင်းကင်နဲ့ မြေကြီး လှုပ်ခါ သွားစေ နိုင်တဲ့ ခွန်အားကြီး တစ်ခု ထွက်လာ ခဲ့လေတယ်။

'' ဘာရယ်? သူစိန်ခေါ် နေတာက မြွေဘုရင်တဲ့လား! ''

'' အဲ့ နဂါးသခင်ငယ်လေး လုံဖေးယန် က နဂါး ကလန်ရဲ့ မျိုးဆက်သစ် လူငယ်တွေ ကြားထဲမှာ ပါရမီရှင် ပဲ။ ကလန် ခေါင်းဆောင် အကြီးအကဲတွေ ကတောင် ရွှေရောင် နဂါးအစစ် တစ်ကောင် ဖြစ်လာလိမ့်မယ် ဆိုပြီးတော့ ဟောကိန်း ထုတ်ထားတဲ့ တစ်ယောက် ပဲ။ အခုတော့ ကလန် ခေါင်းဆောင် ​ပြောတာ ကတော့ သူဟာ အခု လုံလန် ထက်တောင် ပို ပြီး သန်မာနေပြီတဲ့။ ပြီးတော့ သူက ကလန် ထဲက နံပါတ် ၁ လူငယ်တဲ့လေ ''

'' နဂါး နဲ့ မြွေ ကြားထဲက တိုက်ပွဲပဲ ။ ကြည့်ရဖို့ ထိုက်တန်တယ်။ ''

'' ငါ ဘယ်သူ နိုင်မလဲ ဆိုတာ မသိသေးဘူး? ''

'' အဲ့တာ က ပြောရတာ ခက်တယ်ကွ''

'' ငါ့အထင်တော့ လုံဖေးယန် က ပိုပြီးတော့ နိုင်မယ် လို့တော့ ထင်တာ ပဲကွ!''

လိုက်ပါလာကြတဲ့ ဂိုဏ်းငယ်လေး တွေနဲ့ လေလွင့် ကျင့်ကြံ သူတွေက တစ်ယောက်ပြီး တစ်ယောက် လာပြီး စုကြလေကာ ကောင်းကင်ပေါ်က ကြီးကျယ်တဲ့ တိုက်ပွဲကို ကြည့်လိုကြလေတယ်။

စုယွမ်က လုံဖေးယန် ရဲ့ မူလ ပုံစံ ကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူ့ရဲ့ သွေးတွေ က ဆူပွက်လာ သလို ခံစားရလေတယ်။

သူက ကြီးကျယ်တဲ့ တိုက်ပွဲ ကြီးကို ကြည့်ရတော့မယ်။ ခေတ်သစ်ကလို တီဗွီ ထဲမှာ ပဲ ကြည့်ရတာ မဟုတ်တော့ပဲ အပြင်မှာ တကယ့် နဂါးနဲ့ မြွေ ဖိုက်တာ ကို မျက်မြင်တွေ့ ရတော့မယ်ကွ။

တကယ်လို့ အဲ့တိုက်ပွဲ က နေ နဲ့ လ တွေ ကိုတောင် ဖုံးသွား မလား ဆိုတာ ကိုတော့ သူလည်း မသိပါပေ။

ကောင်းပြီ။

သူက သေချာတွေ့ရဖို့ အရှေ့ကို အနည်းငယ် တိုးသွားလေတယ်။

စုယွမ် က လုံဖေးယန် ရဲ့ မျက်လုံးကို ကြည့်လိုက်တယ်။ အဲ့ထဲမှာ ကြယ်တွေ ပြည့်နေကာ မူးယစ် ရီဝေ စေနိုင်တဲ့ အပြင် ကြမ်းတမ်းမှုတွေ လည်း ပြည့်နေခဲ့လေတယ်။

ဟဲလျန်ချန်းရဲ့ မျက်နှာက ချက်ချင်းပဲ ကြည့်ရတာ အရုပ်ဆိုး သွားလေတယ်။

ဒီလူက သူ့မျက်နှာရှေ့မှာတင် တစ်ခြား လူကို ဒီလောက်ထိ နှစ်လိုဖွယ် ကောင်းတဲ့ မျက်လုံး တွေကို ကြည့်ရဲ သေးတယ်ပေါ့။ သူ့လင် က သူ့ဘေးမှာ မတ်တပ်ရပ် နေပြီးတော့ အသက်ရှင်လျက်ကြီး ရှိနေ သေးတယ်လေ။

ဟမ့် ။ သူ ဒီအကြောင်းကို သေချာ မှတ်ထားတယ်။ ငွေရောင် မြွေကလန်ကို ပြန်ရောက်လို့ ကတော့ စာရင်း သေချာ ရှင်းရမယ်။

ထိုအတွေး ပြီးသွားတဲ့ အချိန်မှာတော့ ဟဲလျန်ချန်း ရဲ့ ပုံရိပ်က ချက်ချင်းကို ပျောက်သွားပြီးတော့ အပြင်မှာ ပေါ်လာပေမယ့် သူ့ရဲ့ မူလ ပုံစံ ကို မပြောင်းတော့ပဲ လူသား ကိုယ် ကိုသာ ထိန်းသိမ်း ထားလေတယ်။

'' ခများရဲ့ မူလ ပုံစံကို သုံးစမ်း ဒါမှမဟုတ် ရင် တိုက်ပွဲ က အမြန်ပြီးသွား လိမ့်မယ် ''

လုံဖေးယန် က ဟဲလျန်ချန်း ဟာ သူ့ရဲ့ လူသား ပုံစံက်ို တွေ့တော့ အေးစက်စွာ နဲ့  ​ပြောလေတယ်။

'' ဟင့်အင်း ၊ အပိုတွေ ပြောမနေနဲ့တော့ အမြန်ပဲ အပြီးသတ်လိုက်တော့ ''

ဟဲလျန်ချန်း ကို ကြည့်ရတာ တော့ တစ်ဖက်လူကို ဂရုစိုက်ရမှာကို ပျင်းနေဟန် ပေါ်နေလေတယ်။ သူက မျက်ခွံကို အသာလေး ပင့်ကြည့်ကာ လုံဖေးယန် ကို ပြိုင်ဘက် တစ်ယောက် လိုမျိုး တောင် မမြင်တဲ့ ပုံပေါ်နေလေတယ်။ ပြီးတော့ သူ့ရဲ့ ဒေါသ က ရုတ်တရက် မြင့်တက် သွားလေတယ်။

လုံဖေးယန် ကလည်း ဒေါသ ထွက်လွန်းလို့ လည်ဆံမွှေးတွေနဲ့ ဆံပင်တွေပါ အကျယ်ကြီး ထောင်ထ သွားလေတယ်။ ပြီးတော့ သူ့ကိုယ်ပေါ်က နဂါးကြေးခွံတွေက လည်း ထောင်ထ သွားပုံ ပေါ်လေတယ်။

သူက ဘာမှ ဆက်မပြောတော့ပေ။ သူက ချက်ချင်းပဲ စလိုက်လေတယ်။ ပြီးတော့ ပါးစပ်နဲ့ အပြည့် နဂါး အသက်ရှုသံ ကို ထုတ်လွှတ်လိုက်လေတယ်။

ဟဲလျန်ချန်းက အင်္ကျီ လက်စ ကို ဝှေ့ယမ်းလိုက်တဲ့ အခါ ကြီးမားတဲ့ နဂါးအသက်ရှုသံ စွမ်းအား က ချက်ချင်းပဲ ပျောက်ကွယ် သွားလေတယ်။

လုံဖေးယန် က တုန်လှုပ်သွားတယ်။ ဒါက နဂါးအသက်ရှုသံ လေး တစ်ခုတင် ဖြစ်တာကြောင့် မြွေဘုရင် ကို တစ်ချက်ထဲ လဲအောင် မလုပ်နိုင်ဘူး ဆိုတာ ကို လုံဖေးယန် သိလေတယ်။

ဒါက ပထမအကြိမ် အစမ်းသပ်ရုံ လောက်ပဲ ဖြစ်လေတယ်။ ဒါပေမယ့် တစ်ဖက်လူ က ပေါ့ပေါ့ပါးပါးနဲ့ ဖြေရှင်း လိုက်နိုင်မယ်လို့တော့ တကယ်မထင်ထားခဲ့ပေ။

လုံဖေးယန် အံ့သြနေစဥ် အတွင်းမှာပဲ ဟဲလျန်ချန်း က လှုပ်ရှား လေတယ်။  သူ့ရဲ့ပုံရိပ်က အရမ်းကို အံ့သြစရာ ကောင်းပေမယ့် သူ့အရှိန် ကတော့ ကမ္ဘာမြေကြီး ​ကိုတောင် တုန်လှုပ် နေစေလေတယ်။

နောက်တော့ စုယွမ်က တွဲလောင်း ကျတယ်ဆိုတာက ဘာဆိုတာ ကို မြင်တွေ့ ရလေတယ်။

..........................................

တင်းဂွေနေ့လေ ဘေးဘေး ❤

vote နဲ့ cmt တွေ ပေးရမယ်နော်

Continue Reading

You'll Also Like

23.5K 964 4
Growl company ရဲ့သူဌေးဖြစ်တဲ့ Oh Sehun နဲ့ Growl company ကိုအလုပ်လာလျှောက်တဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ LuHan
242K 31.7K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
15.1K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
189K 19.9K 82
အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချစ်နေခဲ့တဲ့ တစ်ယောက်သောသူကိုတော့ ပြန်လည်မ...