ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{126}

4.1K 703 50
By Greentealay-

Unicode





“‌ဒါကိုအစက ဟင်းသီးဟင်းရွက်ဥယျာဉ်လုပ်မလို့လေ။ကိုယ့်ပါးက ပြောပြီးပြီ။မနက်ပိုင်း သူ့ဘာသာပေါင်းပင်တွေရှင်းပြီး ကြာပန်းတွေ စိုက်မို့လုပ်တာ။နှစ်ရက်လောက်လည်း စိုက်ပြီးရော လက်လျော့သွားပြီး တစ်ခြားသူတွေကိုပဲ ပေါင်းပင်ရှင်းခိုင်းတော့တယ်။သူကတော့ အိမ်ကို ကြာပန်းတွေသယ်လာဖို့ပဲ တာဝန်ယူတော့တယ်လေ။ဒါ့ပြင် ပါးကလည်း မကြာမကြာမလာနိုင်တော့တာနဲ့ ဒီနေရာက အလွတ်ကြီးဖြစ်သွား ရော။ နှစ်နှစ်လောက်ကြာတော့ ကိုယ်လည်း လူတွေငှားပြီး ဒီနေရာကို သီးပင်စားပင်တွေစိုက်ပလိုက်တယ်။ဒါကြောင့် ကိုယ်မကြာမကြာ ဂရုမစိုက်ဖြစ်ရင်တောင် အချိန်ကျတာနဲ့ သူ့ဘာသာ သီးပြီးပွင့်နေရော။ အကုန်သဘာဝအတိုင်းကြီးလာတာတွေချည်းပဲ။ဒီအပင်တွေအကုန်လုံး ပန်းသီးပင်တွေ၊သစ်တော်သီးပင်တွေနဲ့၊မက်မွန်သီးပင်တွေလေ။အခုက ရာသီချိန်မဟုတ်သေးလို့ မသီးတာ။နောက်နွေရာသီကျရင် မင်းခူးလို့ရအောင် ခေါ်လာပြမယ်”

“အင်း”

သူနှင့်လိုက်လာတဲ့ တစ်လမ်းလုံး ကျိချင်းကျိုးဖြင့် မနာလို အားကျနေရသည်။

“ခင်ဗျားတို့မိသားစုဘဝက အရမ်းပျော်ဖို့ကောင်းတာပဲ”

“ဒီမှာက ခဏတဖြုတ်ပဲနေတာပါ။ ဒီနေရာက မြို့နဲ့ဝေးတော့ အေးချမ်းတယ်ဆိုပေမယ့်လည်း စိတ်အပန်းဖြေဖို့လိုအပ်တဲ့အချိန်မှအသုံးဝင်တာမျိုး။မဟုတ်ရင် ဒီမှာပဲနေဖို့ကျ အထီးကျန်သလိုချည်းလေ။ကိုယ်ကတော့ အထီးကျန်မခံနိုင်ပါဘူး။အဲဒါကြောင့် အနားယူလို့ဝတာနဲ့ ဟိုပဲပြန်ပြေးတာ။ဒီခေတ်လူတွေအကုန်ကလည်း စည်စည်ကားကားရှိတဲ့နေရာကိုပဲ ပိုသဘောကျကြတာလေ”

သူပြောတာကို ကျိချင်းကျိုးလက်ခံပေမယ့်လည်း ဒီလိုကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးရှိတာ အရမ်းကောင်းတယ်လို့ ထင်နေဆဲပဲ။

တစ်အိမ်လုံး လှည့်ပတ်ကြည့်ပြီးနောက် ကောင်းကင်လည်း မှောင်လာပြီဖြစ်၍ တစ်ခုခုစားလိုက်ကြကာ ရေကူးဘောင်ဘီလဲဝတ်၍ ရေပူစမ်းဆီ ချီတက်ကြတော့သည်။

ဘယ်အချိန်မဆို ဆောင်ဦးရာသီလေးမှာ ရေပူစမ်းစိမ်လိုက်ရခြင်းက အသေမိုက်ပင်။ကျိချင်းကျိုးတစ်ယောက် ကျောက်နံရံအားမှီရင်း ပန်းရနံ့လေးကို ရှူရှိုက်ကာ လူတစ်ကိုယ်လုံး သက်သောင့်သက်သာရှိနေသည်။

ချူချန်ကတော့ သူ့ဘေးမှာထိုင်ရင်း စကားတွေ ဖောင်ဖွဲ့ပေးနေ၏။

“အခုချိန် အနှိပ်ဆရာလေးတစ်ယောက်လောက်များရှိရင် ဘယ်လောက်ကောင်းလိမ့်မလဲ” ကျိချင်းကျိုး ပြောလိုက်ခြင်းပင်။

“မင်းကတော့ဝေးဝေးလံလံတွေပြောပြီ။ ကိုယ်နှိပ်ပေးရမလား?”

“လုပ်ပေးချင်လို့လား” ကျိချင်းကျိုးက မျက်လုံးလေးစွေကြည့်ပြီး မေးသည်။

ချူချန်သည် မိမိရှေ့သို့ လူကို ဆွဲယူလိုက်ကာ လက်တွေကို ပခုံးပေါ်တင်ထားလိုက်သည် ။

“ကိုယ်စမ်းကြည့်မယ်”

သူက ပြောရင်း ပခုံးတွေကိုဖိချလိုက်သည်။ ချူချန်ရဲ့အနှိပ်စွမ်းရည်က မဆိုးဘူးလို့ ကျိချင်းကျိုးထင်သည်။ထို့ပြင် သူကပါ စိတ်အားထက်သန်စွာဖြင့် လိုက်ညွှန်ကြားပေးနေမိတော့သည်။

“ဘယ်ဘက်ကိုလေ ဘယ်ဘက်...ဟုတ်ပြီ ထပ်ပြီး ဘယ်ဘက်တိုးဦး”

ချူချန်က သူ့စကားအတိုင်းလိုက်နှိပ်ပေးနေပြီး ကျိချင်းကျိုးတစ်ယောက် ခံစားလို့ကောင်းတာ လုံလောက်ပြီဟု ထင်သည့်အချိန်ကျမှ  ဖြည်းဖြည်းချင်း ပွေ့ဖက်လိုက်ပြီး ခေါင်းငုံ၍ နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်သည်။


ကျိချင်းကျိုးကလည်း ခေါင်းလေးငဲ့၍ သူ့နဲ့အတူအနမ်းယာဉ်မှာ လိုက်ပါစီးမျောရင်း သိုင်းဖက်ထားသည့်ချူချန်လက်မောင်းတွေကြားမှပင် ကိုယ်ကိုတစ်ပတ်လှည့်ကာ တင်းတင်းကြပ်ကြပ်ပြန်ဖက်လာခဲ့သည် ။

“အခန်းပြန်ကြမလား” သူ့ကို ဖိကပ်နမ်းနေလျက်မှ ချူချန်က ညင်သာစွာ အမေးစကားဆိုလာသည်။ 

ဒီတစ်ခါမေးလာသည့် အခန်းပြန်ကြမလားဆိုတဲ့ အဓိပ္ပါယ်ကို ကျိချင်းကျိုး ကောင်းကောင်းသိပါသည်။ထို့ကြောင့်လည်း အသံတိတ်ပင် ခေါင်းလေးညိမ့်ပြလိုက်၏။ ချူချန်ကတော့ သူ့ကို ဖက်ထားရင်း အတော်ကြာထိ နမ်းရှိုက်နေ ပြီးကာမှ  ပွေ့ချီလျက် ရေပူစမ်းထဲမှ မတ်တပ်ထရပ်လေသည်။

ကျိချင်းကျိုးတစ်ယောက် လရောင်အောက်မှ လူသားကို စိုက်ကြည့်မိသည်။ လေပြေလေးက တဟူးဟူးတိုက်ခတ်နေပြီး အနီရောင်ဇီးပန်လေးတွေက လေပြေနဲ့အတူ သူတို့ ဘေးမှာ ဝဲပျံနေခဲ့ပါ၏။ သူ့နှလုံးသားထဲမှာ လောင်ကျွမ်းနေသည့် နီစွေးစွေးသဲမှဲ့လေးလိုမျိုး ချူချန်ပခုံးခေါ်မှီအပ်ထား လိုက်သည်။

ထိုည၌ သူ့ကိုယ်သူ ချူချန်ဆီ အပ်နှင်းခဲ့သည်။

ချူချန်ကို သိုင်းဖက်ထားရင်း အနမ်းမိုးတို့ခြွေခွင့်ပြုကာ သူ့နားလေးနားကပ်၍ အကြိမ်ကြိမ်ရေရွတ်နေသည့် "ကိုယ်မင်းကိုချစ်တယ်" ဆိုသည့်စကားတွေအားသူ့နှလုံးသားတစ်ခုလုံး ဗြောင်းဆန်အောင်
နားဆင်ခဲ့ရသည်။

နောက်နေ့မနက် ကျိချင်းကျိုး နိုးလာသည့်အချိန်၌ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။သူ့ခါးလေးတစ်ဝိုက်ကို ဖွဖွလေးပွတ်သပ်ပေးနေသည့် ချူချန်က သူနိုးလာသည့်အခြင်းအရာကို မြင်တာနှင့် ပြုံးရွှင်သွား၏။

“နိုးပြီလား?”

ကျိချင်းကျိုးက အိပ်ချင်မူးတူးခေါင်းညိမ့်ပြသည်။

“နာနေသေးလား” 

ကျိချင်းကျိုး ခေါင်းရမ်းပြလိုက်၏။မျက်လုံးတွေ ဖွင့်လိုက်သည့်အချိန် သူ့ခေါင်းရင်းဘက်မှ ပြတင်းပေါက်တံခါးလေးဟာဖွင့်လျက်သားဖြစ်နေပြီး နေရောင်ခြည်များ ဖြာကျနေကာ အခန်းထဲမှလူတွေကို နေရထိုင်ရကောင်းစေသည်။စာကလေးငှက်လေးများ၏ ကျည်ကျည်ကျာကျာ အော်မြည်သံလေးကိုတောင် မပီမပြင်ကြားနေရပါ၏။

ခပ်နိမ့်နိမ့်ပြတင်းပေါက်လေးဖြစ်၍ ထထိုင်လိုက်သည်နှင့် ပြတင်တံခါးအပြင်ဘက်အား တန်းမြင်နိုင်လေသည်။ ကျိချင်းကျိုးက မျက်လုံးလေးပွတ်ကာ ထထိုင်လိုက်ပြီး အပြင်မှ ‌နွေးထွေးလှပသည့် ရှူခင်တွေကို ငေးကြည့်နေတော့သည်။

“အရမ်းလှတာပဲ”

သူ အအေးပက်သွားမှာ စိုးရိမ်မိသည့် ချူချန်ကပဲ ကမန်းကတန်း စောင်တွေကောက်ဆွဲ၍ ထိုလူသား ကိုယ်လုံးလေးအား ထပ်ခြုံပေးလိုက်ရသည့်အပြင် စောင်အပြင်ကနေပါ သိမ်းကြုံးဖက်ထားပြီး တရှုံ့ရှုံ့နမ်းလိုက်ဖြင့်လုပ်ရင်း ‌တစ်ဖက်လူကို ငေးကြည့်ကာ ပြောမိသည်က

“အရမ်းလှတယ်”* ဟူ၍ပင်။

ကျိချင်းကျိုးက ခွီးခနဲရယ်တော့သည်။ အခုချိန် ချူချန်ကို ကြည့်လိုက်တိုင်း ရှက်သလို ခံစားနေရပေမယ့် ချူချန်ကတော့ ပုံမှန်လိုပင်။

“နှစ်သစ်ရောက်ပြီ။ happy new yearပါ။ ဒီနှစ်လည်း မင်း ပိုပိုကောင်းမွန်အဆင်ပြေသွားဖို့ ကိုယ်ဆန္ဒပြုပါတယ်”

“ခင်ဗျားရောပဲ”

သူ့စကားကြားသည်နှင့် ချူချန်က နမ်းရှိုက်လာသလို သူကလည်း ပြန်လည် ဖက်၍ စိတ်အားထက်သန်စွာ ပြန်နမ်းမိသည်။

နှစ်ယောက်လုံးက လူငယ်တွေဖြစ်ကြသည့်အပြင် ပထမဆုံးအကြိမ် လိင်ဆက်ဆံမှု ပြုဖူးခြင်းဖြစ်သဖြင့် ထိန်းချုပ်မိမရှိကြတာကတော့ မလွဲဧကန်ပင်။ပိုပြီး တက်ကြွစိတ်ကပြင်းပြနေသည်။ ချူချန်က ပြန်ထိန်းရင်း သူ့ကိုမေးလေသည်။

“မင်းရလို့လား”

ကျိချင်းကျိုး ရှက်ရွံ့စွာ ခေါင်းညိမ့်ပြလိုက်၏။

ချူချန်က ဖြေးညှင်းစွာဖြင့် သူ့ကို အိပ်ရာပေါ် တွန်းချလိုက်လေသည်။

နေရောင်ခြည်တောက်တောက်လေးက ကျိချင်းကျိုး၏ မျက်စိကျိန်းလောက်ဖွယ် အသားဖြူဖြူလေးပေါ် ယှက်ဖြာနေခဲ့ပါလျက်။ ထိုအလှလေးက ချူချန်ကိုဖြင့် မိန်းမောတွေးဝေသွားစေပါသည်။

ချူချန်မှာ ဖက်ထားပါလျက်ကို သူ့ရင်ခွင်ထဲရောက်နေသည့် ရှေ့တူရှုမှ လူသားအား ရင်ခွင်ထဲ သော့ခတ်သိမ်းပြီး နှလုံးသားထဲမှာ ထည့်ဖွက်ထားချင်မိသည်အထိ ပိုပြီး တင်းကြပ်စွာတင်းတင်းလေး တိုးဖက်မိချေသည်။
အရင်ကဆို ကျိချင်းကျိုး၏ပရိတ်သတ်မလေးတွေက သူတို့ကောကာဟာ ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သားလေးဆိုပြီး ချီးကျူစကားဆိုကြ၏။သူတောင် ထိုစကားကို သဘောကျစွာ ရယ်မိသေးသည်။သို့သော် အခုချိန်မှာတော့ ထိုလူသားလေးဟာ တကယ်ကို ‌သေမျိုးနယ်မြေအတွင်း အမှတ်မထင်ပြုတ်ကျလာသည့် နတ်သားလေးအလား ခံစားနေရပြီဖြစ်၏။အဖြူစင်ဆုံးလူသားလေးဖြစ်နေသည့်တိုင် တစ်ဖက်ကလည်း ဆွဲညှို့နိုင်လွန်းသည့် နတ်သားလေးအလား။သူ့မျက်လုံးလေးများဖွင့်ပြီး အချစ်တို့ပျော်ဝင်နေသည့် အကြည့်လေးဖြင့် အကြည့်ခံရရင်ကို ထိုမျက်လုံးလေးများထဲ သူ့ကိုယ်သူ ပျောက်ဆုံးသွားရပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကိုတောင် ရှာမတွေ့နိုင်တော့သည့်အဖြစ်မျိုးပင်။

ပြတင်းပေါက်အပြင်မှ စာကလေးများဟာ တကျီကျီမြည်နေကြဆဲဖြစ်သည့်တိုင် ကျိချင်းကျိုးမှာ သူတို့အား အဖက်မလုပ်နိုင်ခဲ့။သူသည်ကား ချူချန်နှင့်အတူ တောက်ပသည့် ကောင်ကင်ထဲရှိ ကြယ်အပြည့်နှင့် လှေလေးတစ်စီးထဲ နစ်ဝင်နေခဲ့တာဖြစ်လေသည် ။

အိပ်ရာပေါ်မှာ လှဲအိပ်ရင်း ချူချန်က ကျိချင်းကျိုးအား ရင်ခွင်ထဲထည့်၍ သက်သောင့်သက်သာဖြစ်စေရန်အလို့ငှာ ခါးတစ်ဝိုက်လေးကို ဖွဖွရွရွလေး ပွတ်သပ်ပေးနေသည် ။ ကျိချင်းကျိုးကတော့ သူ့ရင်ခွင်ထဲ တိုးမှီရင်း  ဒီအခိုက်အတန့်လေးရှိ နွေးထွေးမှုနှင့် အေးချမ်းမှုလေးကို ခံစားနေသည်။

“ဗိုက်ဆာပြီလား?” ချူချန်က မေးသည်။

“နည်းနည်းပါပဲ။သိပ်တော့မဆာဘူး။ ခဏလောက်အိပ်ဦးမယ်နော်ကျွန်တော်တကယ်မထချင်သေးဘူး။ ”

သူ့စကားလေးကြားတော့ ချူချန်တစ်ယောက် အပြစ်ရှိစိတ်လေးဝင်လာသည် ။

“ကိုယ်ခုန အဲ့ဒါကိုမလုပ်လိုက်မသင့်ဘူး”

ကျိချင်းကျိုးက မျက်လုံးပင့်ကြည့်သည်။

“ပြီးတာကပြီးသွားပြီကို အခုမှ ဒါတွေပြောစရာလား”

“မင်း ကိုယ့်ကို တားလိုက်သင့်တာ...”

သူ့ကို အကြိမ်များကြီးလုပ်မိတာမျိုး ချူချန်မဖြစ်ချင်ခဲ့ပါ။သူ့ကိုယ်သူလည်း ထိန်းချုပ်နိုင်လိမ့်မည်ထင်ခဲ့သည်။ သို့သော် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ကိုယ့်ကိုကိုယ် တစ်စက်လေးမှကို မထိန်းနိုင်ခဲ့ပါ။အခုမှပဲ အစပိုင်းနှစ်ယောက်သားစတွေ့ဖြစ်ကြစဉ်တည်းက ကျိချင်းကျိုးအား လိင်ဆက်ဆံရန် ဖိအားမပေးခဲ့မိသည့်အဖြစ်ကို ဝမ်းသာရသည်။မဟုတ်ရင် မနေ့ညကလိုမျိုး ကြင်နာယုယမှုတို့ ခံစားရလိမ့်မည်မဟုတ်ပါ။

သူ ကျိချင်းကျိုးအား မြတ်နိုးစွာ နမ်းမိသည်။

“နောက်တစ်ခါဆို မင်း ကိုယ့်ကို ငြင်းလို့ရတယ်နော်။သိရဲ့လား?”

“မဟုတ်တာ”

ကျိချင်းကျိုးက တိုးတိုးလေးပြန်ဖြေလာသည်။

“ကျွန်တော်လည်း ခင်ဗျားနဲ့လုပ်ချင်တယ်”

ချူချန်က နှာခေါင်းတွေရှုံလိုက် ချောင်းတွေ တဟွတ်ဟွတ်ထဆိုးလိုက်ဖြစ်ကုန်သည်။

ချူချန်ရဲ့ တဒိတ်ဒိတ်ခုန်လှုပ်နေသော ရင်ခုန်သံကြောင့် ကျိချင်းကျိုးတောင် လန့်လာ၏။

“ဘယ်ကတည်းက ဒီလိုတွေတတ်လာတာလဲ ကျွန်တော်တောင် မသိရဘူးနော်။အမြဲတမ်း ကိုယ့်ကိုကိုယ် ထိန်းချုပ်လွန်းနိုင်သူကြီးလုပ်ခဲ့တာမဟုတ်ဘူးလား”

“ပေါင်ပေါင်ရာ...အခုဖြစ်နေတဲ့ မင်းမျက်လုံးလေးတွေက မာယာရှင်လေးနဲ့တူတယ်ဆိုတာရော သိရဲ့လား? မင်းပါးစပ်လေးဖွင့်ဟလိုက်ချိန်တိုင်း  ကိုယ့်နှလုံးသားကို ဖမ်းစားနိုင်တဲ့ သီချင်းလေးတစ်ပုဒ်သီကျူး‌နေသလိုဖြစ်နေပြီကွ။သိရဲ့လား ”

ကျိချင်းကျိုး : .............

ချူချန်မှာ သူ့ရဲ့ဖလန်းဖလန်းဖြစ်ချင်နေသည့် စိတ်တို့အား ခဏအကြာထိ ထိန်းချုပ်လိုက်ပြီးမှ ကျိချင်းကျိုးကို ကြည့်သည်။

“ကိုယ်မထိန်းနိုင်တော့ဘူးလို့။အခုဖြစ်နေတဲ့မင်းပုံစံလေးက တအားတအားဆွဲဆောင်မှုရှိလွန်းနေတာ တကယ်ပါကွာ”

“ခင်ဗျားကိုက ပိုလွန်းနေတာမဟုတ်ဘူးလား”

“အချစ်က လူတိုင်းကို အထိန်းအချုပ်မဲ့စေသည်တဲ့‌လေ”

ချူချန်က အရှက်မရှိတမ်းပြောသည်။

ကျိချင်းကျိုး တစ်ယောက် သူ့ကို စိုက်ကြည့်၍ သိချင်စိတ်ပြင်းပြစွာ မေးမိသည်။

“တကယ်လို့ ခင်ဗျားနဲ့ကျွန်တော် ငွေကြေးပတ်သက်မှုလုပ်ချိန်တည်းက ကားမောင်းဖြစ်သွားမယ်ဆို စာချုပ်သက်တမ်းကုန်တဲ့အချိန် ကျွန်တော့်ကို ထွက်သွားခွင့်ပြုဦးမှာလား?”


ချူချန်ကတော့ ဖွဖွလေးရယ်ရင်း ခေါင်းခါပြလာသည်။

“ကျိုးကျိုး....ကိုယ် မင်းကို စတွေ့တုန်းက ဘာခံစားချက်မှ မရှိဘူးဆိုတာ မင်းသိထားမှရမယ်။အဲ့တုန်းက ကိုယ်တို့တွေ တစ်လမ်းတည်းသွားနေကြတာ။ကိုယ်ကလည်း ကိုယ့်ကျေနပ်မှုအတွက်ပဲ ဆန္ဒရှိပြီး မင်းဘက်ကို လုံးလုံး ဂရုမစိုက်ဘူး။ကိုယ်အခု မင်းကြောင့်ခံစားနေရတဲ့ မင်းက သေလောက်အောင် ဆွဲဆောင်မှုရှိပြီး ညှို့ယူနိုင်စွမ်းရှိတယ်ဆိုတဲ့ခံစားချက်မျိုးလည်း အဲ့တုန်းက  နည်းနည်းတောင်မခံစားခဲ့ရဘူး”

“ကိုယ် အရူးအမူးချစ်မိသွားတာ... သဘောကျမိသွားတာက...ကိုယ့်ကို အထိန်းအချုပ်မဲ့စေတဲ့ အခုချိန် ကိုယ်ချစ်မိသွားတဲ့ မင်းကိုပဲ။ ကိုယ်နဲ့ အိပ်ရာပေါ်မှာ လူးလိမ့်ပေးနေမဲ့ မင်းကိုမဟုတ်ဘူး”

ကျိချင်းကျိုးက ခေါင်းလေးညိမ့်ကာ-

“နောက်ပိုင်း စာချုပ်သက်တမ်းအလယ်ပိုင်းနဲ့အဆုံးသတ်တဲ့အချိန်တွေမှာ ကျွန်တော်ပေါ် အရမ်းကောင်းပေးနေတာဆိုတော့ကာ.... ခင်ဗျားဘက်က ကျွန်တော့်ကို နည်းနည်းလောက်သဘောကျနေပြီတော့လုပ်လိုက် ”

ချူချန်မှာ သဘောတွေကျပြီး အော်ရယ်ကာ လူကို ရင်ခွင်ထဲ ဆွဲထည့်သည်။

“အဲ့တုန်းက ကိုယ် သဘောကျနေပြီဆိုတာ မင်းလည်းသိတာပဲပေါ့။ တကယ်တော့လေ အရာအားလုံး  နောက်ပြန်လှည့်နိုင်ရင်တောင် ကိုယ်က  မင်းနဲ့လိင်ဆံဖြစ်မှာမဟုတ်ဘူးဆိုတာကိုတော့  မင်းလေးသိသင့်တယ်။ကိုယ်ပြောခဲ့ဖူးသလိုပဲ ကိုယ်က မင်းကိုကောင်းတာတွေပဲပိုင်ဆိုင်သွားစေချင်တာ။ ကိုယ့်ဆီကနေ ဖြူဖြူစင်စင်နဲ့ပဲ ထွက်သွားစေချင်တာ။အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝတစ်ခု ရှိသွားစေချင်တာ။အဲ့အချိန်တုန်းက မင်းနဲ့ကိုယ်တို့ ဆက်ဆံရေးကို ကိုယ် ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ နှေးကွေးလွန်းခဲ့တာမှန်ပေမယ့် အဲ့ကိစ္စနဲ့ပတ်သက်တိုင်း ကိုယ် တစ်ကပြန်စရရင်တောင် အဲ့တိုင်းပဲ ပြန်လုပ်ဖြစ်မှာ”

“ကိုယ်မင်းကို မချစ်ဘဲနဲ့ လိင်ဆက်ဆံလိုက်လို့သာ မင်းကို အရူးအမူးချစ်မိသွားတာမျိုးမဟုတ်ဘူးနော်။  ကိုယ် မင်းကို ချစ်မိသွားလို့သာ မင်းအနာဂတ်ကို နစ်မွန်းသွားစေမဲ့ အဲ့လိုငွေကြေးဆက်ဆံရေမျိုး မရှိချင်တော့လို့ရပ်ပစ်လိုက်တာ။”

ချူချန်က ကျိချင်းကျိုးရဲ့လက်လေးအား ဆွဲယူပြီး နမ်းရှိုက်လေသည်။

“အဲဒါကြောင့် ဒါက အကောင်းဆုံးရလဒ်တစ်ခုပါကွာ”

ကျိချင်းကျိုး နားလည်သွားကာ ချူချန်ကို ငေးကြည့်၍ ပြုံးမိသည် ။

“ကျွန်တော်လည်း အဲ့လို ထင်ပါတယ်”

ဟိုတစ်ချိန်တုန်းကတော့ သူ့မွေးနေ့ညမှာ သူ့ကိုယ်သူ ချူချန်ဆီ ပေးအပ်ချင်ခဲ့သည်။ချူချန် ငြင်းလိုက်တော့လည်း သူအရမ်းဝမ်းနည်းခဲ့ရသည်။ အခုလည်းကျရောအဲ့နေ့က သူ့ရဲ့ ပိုးဖလံလို မီးတောတိုးနေမှုအား ချူချန်က အရမ်းကာရော လက်မခံခဲ့တာရော အဲ့နေ့ကဘာမှ မဖြစ်မိသည့်အတွက်ပါ ကျေးဇူးတင်မိ၏။ နှစ်ယောက်သားချစ်မိပြီးနောက်ပိုင်း မနေ့က ဖြစ်ခဲ့တာတွေအကုန်လုံးက ဟိုနေ့မှာ ဖြစ်သွားမှာထက်စာရင်တော့ အများကြီးပိုကောင်းပါသည်။

သူတို့လည်း ချစ်နေကြပြီဖြစ်သည်။ အတွေလွန်းခြင်းဖြင့် အလှဆုံးပန်းပွင့်တွေ ပွင့်လန်းလာနိုင်မှာမဟုတ်ပါ။

ကျိချင်းကျိုးတစ်ယောက် သူ့ကို ဖက်ထားလျက် နွေးထွေးကြင်နာမှုတို့ကို ငြိမ်ငြိမ်လေးနေပြီး ခံယူနေသည် ။

နှစ်ယောက်သား အိပ်နေကြသည်မှာ အတော်ကြာပြီဖြစ်၍ ကျိချင်းကျိုး ချူချန်ကို မေးလိုက်သည်။

“ခင်ဗျားဘာစားချင်လဲ”

“ဘာဖြစ်ဖြစ်ရပါတယ်။ကိုယ်တို့ ဒီကို မရောက်ခင်တည်းက လိုအပ်တာအကုန် ပြင်ဆင်ထားပြီးသားမို့ မင်းရော ဘာစားမလဲ”

ကျိချင်းကျိုးက စဉ်းစားဟန်လေးပြုကာ-

“အမ်း...ဟင်းနည်းနည်းလောက်ချက်ကြတာပေါ့”

“အိုကေ”

ချူချန်မှာ စောဒကတက်ရန်မရှိ။

“ကိုယ်လည်း မင်းဆီက သင်မှရတော့မယ်”

ကျိချင်းကျိုးကိုကြည့်လာသောသူ့အကြည့်တွေက နူးညံ့ပြီး အတည်ပေါက်ပြောနေဟန်ပင်။

“မင်းကြိုက်တဲ့ဟင်းချက်နည်းလေးတွေ ကိုယ့်ကိုသင်ပေးပါဦး။ဒါမှ နောက်ပိုင်း မင်းစိတ်ဆိုးတဲ့အချိန်ကျရင် ချက်ကျွေးပြီးချော့လို့ရမှာ”

သူ့စကားကို မမျှော်လင့်ထားသည့်အလား ကျိချင်းကျိုးက တအံ့တဩမေးလာသည်။

“ခင်ဗျားက ဟင်းချက်ရတာ မကြိုက်ဘူးမဟုတ်လား”

အရင်က ချူချန်အား ဟင်းချက်ကြမယ်လို့ သူ့ဘက်က စပြောတိုင်း ချူချန်ငြင်းတာ မှတ်မိသေးတယ်။ထို့ပြင် “ကိုယ့်ကိုလွှတ်ပေးပါကွာ။ကိုယ်က စားပဲစားတတ်တာ တကယ်မချက်တတ်ဘူး” ဆိုတဲ့စကားကလည်း လက်စွဲပင်။
အခုကျမှ ဘယ်လိုဘယ်ပုံဟင်းချက်ချင်စိတ်တွေဝင်နေရတာလဲ!

“ဒါကတော့ကွာ ကိုယ်ပြောချင်တာက မင်းကြိုက်တဲ့ ဟင်းချက်နည်းလေးတွေပဲ ကိုယ့်ကို သင်ပေးပါလို့။မင်းကြိုက်တဲ့ ဟင်းတွေကိုပဲ သင်မှာနော်။ဒါမှ မင်းစားချင်တဲ့အချိန် ကိုယ် ချက်ကျွေးလို့ရမှာ။တကယ်လို့ မင်း အဲ့ဟင်းတွေ မစားချင်တော့ဘူးဆိုရင်လည်း မင်းချက်တာကို ကိုယ်တို့ တူတူစားကြတာပေါ့”

“ကျွန်တော်ကြိုက်တဲ့ဟင်းချက်နည်းကိုပဲသင်မှာလား?”

ချူချန်က ခေါင်းလေးဆတ်ခနဲညိမ့်၏။

“ခင်ဗျားကြိုက်တဲ့ ဟင်းတွေကရော? မသင်ချင်ဘူးလား?”

“ကိုယ်ကြိုက်တာ....မင်းသာ ကိုယ့်အတွက်ချက်ပေးရင် ကိုယ်က အကုန်ကြိုက်နေတာလေ။ ဘယ်လိုလုပ်ရပါ့?”

ကျိချင်းကျိုးမှာ မတတ်နိုင်သလိုမျိုး ရယ်သွမ်းသွေး၏။သို့သော် သတိစကားလည်း ဆိုဖြစ်သေးသည်။

“နောက်ဆို တစ်ခြားသူတွေကို မချက်ကျွေးရဘူးနော်”

ချူချန်အတွက်တော့ သူလေးတောင် သတိပေးစရာမလိုပါပေ။

“မင်းဘေးမှာရှိရက်နဲ့  တစ်ခြားဘယ်သူ့ကို ကိုယ် သွားချော့ရမှာလဲ”

သူသည် ကျိချင်းကျိုး နဖူးလေးအား ဖိကပ်နမ်း၍-

“ ဟင်းချက်ရတာကို ကိုယ်တကယ်မကြိုက်ဘူး။  ကလေးလေးတုန်းကလည်း  ကိုယ်မိသားစုထဲက ဘယ်သူကမှ ဟင်းချက်သင်ဖို့ မပြောကြဖူးဘူး။ဒါပေမယ့် ကိုယ်က မင်းကို ပျော်စေချင်တာလေ။တစ်ခါတစ်လေဆို မင်းက ကိုယ်နှင့်အတူ ဟင်းချက်ရတာကို သဘောကျတယ်မဟုတ်လား။ဟင်?”

ချိုမြမြချစ်စကားတွေ နားထောင်နေရသည့် ကျိချင်းကျိုး၏နှလုံးသားလေးထဲ၌ ပျားရည်အိုးကြီး သွန်ချထားသလိုပါပင်။သူလည်း ခေါင်းလေးယိမ်း၍ ချူချန်ကို နမ်းလိုက်ပြီး နူးညံ့စွာ စကားဆိုလိုက်တယ်။

“ခင်ဗျားက အရမ်းကောင်းလွန်းလို့ ဘယ်လိုလုပ်ရတော့မလဲဟမ်”

သူသည် ချစ်ခြင်းမေတ္တာတွေပျော်ဝင်နေသည့် အချစ်မျက်လုံးများဖြင့် ချူချန်ကို ငေးကြည့်လိုက် နမ်းလိုက်၊ရပ်လိုက်၊နမ်းလိုက်နဲ့ ကလေးပေါက်စလို့ အသံလေးထုတ်ကာ ချိုမြမြသံလွင်လွင်လေးနဲ့ ပြောလိုက်သည်။

“တအားကြင်နာတတ်လွန်း‌နေပြီ ခင်ဗျားရဲ့ ”

ချူချန်ဖြင့် ရင်ခွင်ထဲမှ မြတ်နိုးဖွယ်ချစ်သူလေးအား သိမ်းဖက်ကာ  အနမ်းမိုးတို့ တရက်စက်သွန်းဖြိုးလိုက်ချေတော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပါးချူရဲ့ မားမားနဲ့ပါးပါး : ကြားလို့ကောင်းကြရဲ့လား အရပ်တို့ရေ တစ်သက်လုံးမအေချက်ကျွေးလာတာကို အမေကြိုက်တဲ့ ဟင်းလေးသင်မယ်မရှိဘူး တော်တော်မွေးရကျိုးနပ်တယ်😂😂😂

အဟမ်း သူ့ဟာသူတော့ ကားစီးသွားကြတာပဲ။ ဘယ်သူများဖမ်းမိလိုက်လဲရှင့်။ ကိုယ်တောင် ဘာသာပြန်နေရင်း လှမ်းဆွဲတာ မမိလိုက်ဘူး။ (⁠●⁠_⁠_⁠●⁠)

ကျိုးကျိုးသုံးသွားတဲ့ "အရမ်းလှတာပဲ" ဆိုတာက beautiful ကိုဖြစ်ပြီး ချူချန်သုံးသွားတာကတော့ ကျိုးကျိုးကိုကြည့်ပြီး ပြောတဲ့ pretty ဖြစ်ပါတယ်ရှင့်¯⁠\⁠_⁠(⁠ツ⁠)⁠_⁠/⁠¯

ကောင်လေးက စာရေးဆရာဆိုတော့ စာတစ်တန်ပေတစ်တန်နဲ့ အချစ်တွေ ဖွဲ့နွဲ့လိုက်တာလွန်ရော။  အပေါ်က စာကို ဖတ်ပြီးနားလည်ကြရဲ့လားမသိဘူး။ ကျိုးကျိုးမေးတာက တကယ်လို့ စာချုပ်အတော်အတွင်း သူတို့အိပ်မိသွားရင်လည်း ပါးချူက ချစ်မိသွားမှာပဲမလားလို့ပါ။ အဲဒါကြောင့် ချူချန်က ပြန်ဖြေပါတယ်။ သူချစ်မိသွားတာက ကျိုးကျိုးသူနဲ့ အိပ်ပေးလို့မဟုတ်ဘဲ သူက ချစ်မိသွားလို့သာ ကျိုးကျိုးနဲ့ လိင်ဆက်ဆံရုံသာ အကျုံးဝင်ပြီး ကျိုးကျိုးအနာဂတ်ကို နစ်မွန်းစေမဲ့ ငွေကြေးစာချုပ်ကို ဖျက်ပစ်တာဖြစ်ကြောင်းပြောတာပါ။အခု လိင်ဆက်ဆံတာကလည်း ချစ်လို့ ဆက်ဆံတာပါ။ဆက်ဆံလို့ ချစ်သွားတာ မဟုတ်ပါဘူးဆိုတဲ့သဘောပါ။နားလည်ကြရဲ့လားရှင့်♥️

ကျေးဇူးပါ💙💙💙

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


Zawgyi









“‌ဒါကိုအစက ဟင္းသီးဟင္း႐ြက္ဥယ်ာဥ္လုပ္မလို႔ေလ။ကိုယ့္ပါးက ေျပာၿပီးၿပီ။မနက္ပိုင္း သူ႕ဘာသာေပါင္းပင္ေတြ႐ွင္းၿပီး ၾကာပန္းေတြ စိုက္မို႔လုပ္တာ။ႏွစ္ရက္ေလာက္လည္း စိုက္ၿပီးေရာ လက္ေလ်ာ့သြားၿပီး တစ္ျခားသူေတြကိုပဲ ေပါင္းပင္႐ွင္းခိုင္းေတာ့တယ္။သူကေတာ့ အိမ္ကို ၾကာပန္းေတြသယ္လာဖို႔ပဲ တာဝန္ယူေတာ့တယ္ေလ။ဒါ့ျပင္ ပါးကလည္း မၾကာမၾကာမလာႏိုင္ေတာ့တာနဲ႔ ဒီေနရာက အလြတ္ႀကီးျဖစ္သြား ေရာ။ ႏွစ္ႏွစ္ေလာက္ၾကာေတာ့ ကိုယ္လည္း လူေတြငွားၿပီး ဒီေနရာကို သီးပင္စားပင္ေတြစိုက္ပလိုက္တယ္။ဒါေၾကာင့္ ကိုယ္မၾကာမၾကာ ဂ႐ုမစိုက္ျဖစ္ရင္ေတာင္ အခ်ိန္က်တာနဲ႔ သူ႕ဘာသာ သီးၿပီးပြင့္ေနေရာ။ အကုန္သဘာဝအတိုင္းႀကီးလာတာေတြခ်ည္းပဲ။ဒီအပင္ေတြအကုန္လုံး ပန္းသီးပင္ေတြ၊သစ္ေတာ္သီးပင္ေတြနဲ႔၊မက္မြန္သီးပင္ေတြေလ။အခုက ရာသီခ်ိန္မဟုတ္ေသးလို႔ မသီးတာ။ေနာက္ေႏြရာသီက်ရင္ မင္းခူးလို႔ရေအာင္ ေခၚလာျပမယ္”

“အင္း”

သူႏွင့္လိုက္လာတဲ့ တစ္လမ္းလုံး က်ိခ်င္းက်ိဳးျဖင့္ မနာလို အားက်ေနရသည္။

“ခင္ဗ်ားတို႔မိသားစုဘဝက အရမ္းေပ်ာ္ဖို႔ေကာင္းတာပဲ”

“ဒီမွာက ခဏတျဖဳတ္ပဲေနတာပါ။ ဒီေနရာက ၿမိဳ႕နဲ႔ေဝးေတာ့ ေအးခ်မ္းတယ္ဆိုေပမယ့္လည္း စိတ္အပန္းေျဖဖို႔လိုအပ္တဲ့အခ်ိန္မွအသုံးဝင္တာမ်ိဳး။မဟုတ္ရင္ ဒီမွာပဲေနဖို႔က် အထီးက်န္သလိုခ်ည္းေလ။ကိုယ္ကေတာ့ အထီးက်န္မခံႏိုင္ပါဘူး။အဲဒါေၾကာင့္ အနားယူလို႔ဝတာနဲ႔ ဟိုပဲျပန္ေျပးတာ။ဒီေခတ္လူေတြအကုန္ကလည္း စည္စည္ကားကား႐ွိတဲ့ေနရာကိုပဲ ပိုသေဘာက်ၾကတာေလ”

သူေျပာတာကို က်ိခ်င္းက်ိဳးလက္ခံေပမယ့္လည္း ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ အိမ္ႀကီး႐ွိတာ အရမ္းေကာင္းတယ္လို႔ ထင္ေနဆဲပဲ။

တစ္အိမ္လုံး လွည့္ပတ္ၾကည့္ၿပီးေနာက္ ေကာင္းကင္လည္း ေမွာင္လာၿပီျဖစ္၍ တစ္ခုခုစားလိုက္ၾကကာ ေရကူးေဘာင္ဘီလဲဝတ္၍ ေရပူစမ္းဆီ ခ်ီတက္ၾကေတာ့သည္။

ဘယ္အခ်ိန္မဆို ေဆာင္ဦးရာသီေလးမွာ ေရပူစမ္းစိမ္လိုက္ရျခင္းက အေသမိုက္ပင္။က်ိခ်င္းက်ိဳးတစ္ေယာက္ ေက်ာက္နံရံအားမွီရင္း ပန္းရနံ႔ေလးကို ႐ွဴ႐ိႈက္ကာ လူတစ္ကိုယ္လုံး သက္ေသာင့္သက္သာ႐ွိေနသည္။

ခ်ဴခ်န္ကေတာ့ သူ႕ေဘးမွာထိုင္ရင္း စကားေတြ ေဖာင္ဖြဲ႕ေပးေန၏။

“အခုခ်ိန္ အႏွိပ္ဆရာေလးတစ္ေယာက္ေလာက္မ်ား႐ွိရင္ ဘယ္ေလာက္ေကာင္းလိမ့္မလဲ” က်ိခ်င္းက်ိဳး ေျပာလိုက္ျခင္းပင္။

“မင္းကေတာ့ေဝးေဝးလံလံေတြေျပာၿပီ။ ကိုယ္ႏွိပ္ေပးရမလား?”

“လုပ္ေပးခ်င္လို႔လား” က်ိခ်င္းက်ိဳးက မ်က္လုံးေလးေစြၾကည့္ၿပီး ေမးသည္။

ခ်ဴခ်န္သည္ မိမိေ႐ွ႕သို႔ လူကို ဆြဲယူလိုက္ကာ လက္ေတြကို ပခုံးေပၚတင္ထားလိုက္သည္ ။

“ကိုယ္စမ္းၾကည့္မယ္”

သူက ေျပာရင္း ပခုံးေတြကိုဖိခ်လိုက္သည္။ ခ်ဴခ်န္ရဲ႕အႏွိပ္စြမ္းရည္က မဆိုးဘူးလို႔ က်ိခ်င္းက်ိဳးထင္သည္။ထို႔ျပင္ သူကပါ စိတ္အားထက္သန္စြာျဖင့္ လိုက္ၫႊန္ၾကားေပးေနမိေတာ့သည္။

“ဘယ္ဘက္ကိုေလ ဘယ္ဘက္...ဟုတ္ၿပီ ထပ္ၿပီး ဘယ္ဘက္တိုးဦး”

ခ်ဴခ်န္က သူ႕စကားအတိုင္းလိုက္ႏွိပ္ေပးေနၿပီး က်ိခ်င္းက်ိဳးတစ္ေယာက္ ခံစားလို႔ေကာင္းတာ လုံေလာက္ၿပီဟု ထင္သည့္အခ်ိန္က်မွ  ျဖည္းျဖည္းခ်င္း ေပြ႕ဖက္လိုက္ၿပီး ေခါင္းငုံ၍ ႏႈတ္ခမ္းေတြကို နမ္း႐ိႈက္လိုက္သည္။


က်ိခ်င္းက်ိဳးကလည္း ေခါင္းေလးငဲ့၍ သူ႕နဲ႔အတူအနမ္းယာဥ္မွာ လိုက္ပါစီးေမ်ာရင္း သိုင္းဖက္ထားသည့္ခ်ဴခ်န္လက္ေမာင္းေတြၾကားမွပင္ ကိုယ္ကိုတစ္ပတ္လွည့္ကာ တင္းတင္းၾကပ္ၾကပ္ျပန္ဖက္လာခဲ့သည္ ။

“အခန္းျပန္ၾကမလား” သူ႕ကို ဖိကပ္နမ္းေနလ်က္မွ ခ်ဴခ်န္က ညင္သာစြာ အေမးစကားဆိုလာသည္။ 

ဒီတစ္ခါေမးလာသည့္ အခန္းျပန္ၾကမလားဆိုတဲ့ အဓိပၸါယ္ကို က်ိခ်င္းက်ိဳး ေကာင္းေကာင္းသိပါသည္။ထို႔ေၾကာင့္လည္း အသံတိတ္ပင္ ေခါင္းေလးညိမ့္ျပလိုက္၏။ ခ်ဴခ်န္ကေတာ့ သူ႕ကို ဖက္ထားရင္း အေတာ္ၾကာထိ နမ္း႐ိႈက္ေန ၿပီးကာမွ  ေပြ႕ခ်ီလ်က္ ေရပူစမ္းထဲမွ မတ္တပ္ထရပ္ေလသည္။

က်ိခ်င္းက်ိဳးတစ္ေယာက္ လေရာင္ေအာက္မွ လူသားကို စိုက္ၾကည့္မိသည္။ ေလေျပေလးက တဟူးဟူးတိုက္ခတ္ေနၿပီး အနီေရာင္ဇီးပန္ေလးေတြက ေလေျပနဲ႔အတူ သူတို႔ ေဘးမွာ ဝဲပ်ံေနခဲ့ပါ၏။ သူ႕ႏွလုံးသားထဲမွာ ေလာင္ကြၽမ္းေနသည့္ နီေစြးေစြးသဲမွဲ႔ေလးလိုမ်ိဳး ခ်ဴခ်န္ပခုံးေခၚမွီအပ္ထား လိုက္သည္။

ထိုည၌ သူ႕ကိုယ္သူ ခ်ဴခ်န္ဆီ အပ္ႏွင္းခဲ့သည္။

ခ်ဴခ်န္ကို သိုင္းဖက္ထားရင္း အနမ္းမိုးတို႔ေႁခြခြင့္ျပဳကာ သူ႕နားေလးနားကပ္၍ အႀကိမ္ႀကိမ္ေရ႐ြတ္ေနသည့္ "ကိုယ္မင္းကိုခ်စ္တယ္" ဆိုသည့္စကားေတြအားသူ႕ႏွလုံးသားတစ္ခုလုံး ေျဗာင္းဆန္ေအာင္
နားဆင္ခဲ့ရသည္။

ေနာက္ေန႔မနက္ က်ိခ်င္းက်ိဳး ႏိုးလာသည့္အခ်ိန္၌ တစ္ကိုယ္လုံးနာက်င္ကိုက္ခဲေနသည္။သူ႕ခါးေလးတစ္ဝိုက္ကို ဖြဖြေလးပြတ္သပ္ေပးေနသည့္ ခ်ဴခ်န္က သူႏိုးလာသည့္အျခင္းအရာကို ျမင္တာႏွင့္ ျပဳံး႐ႊင္သြား၏။

“ႏိုးၿပီလား?”

က်ိခ်င္းက်ိဳးက အိပ္ခ်င္မူးတူးေခါင္းညိမ့္ျပသည္။

“နာေနေသးလား” 

က်ိခ်င္းက်ိဳး ေခါင္းရမ္းျပလိုက္၏။မ်က္လုံးေတြ ဖြင့္လိုက္သည့္အခ်ိန္ သူ႕ေခါင္းရင္းဘက္မွ ျပတင္းေပါက္တံခါးေလးဟာဖြင့္လ်က္သားျဖစ္ေနၿပီး ေနေရာင္ျခည္မ်ား ျဖာက်ေနကာ အခန္းထဲမွလူေတြကို ေနရထိုင္ရေကာင္းေစသည္။စာကေလးငွက္ေလးမ်ား၏ က်ည္က်ည္က်ာက်ာ ေအာ္ျမည္သံေလးကိုေတာင္ မပီမျပင္ၾကားေနရပါ၏။

ခပ္နိမ့္နိမ့္ျပတင္းေပါက္ေလးျဖစ္၍ ထထိုင္လိုက္သည္ႏွင့္ ျပတင္တံခါးအျပင္ဘက္အား တန္းျမင္ႏိုင္ေလသည္။ က်ိခ်င္းက်ိဳးက မ်က္လုံးေလးပြတ္ကာ ထထိုင္လိုက္ၿပီး အျပင္မွ ‌ေႏြးေထြးလွပသည့္ ႐ွဴခင္ေတြကို ေငးၾကည့္ေနေတာ့သည္။

“အရမ္းလွတာပဲ”

သူ အေအးပက္သြားမွာ စိုးရိမ္မိသည့္ ခ်ဴခ်န္ကပဲ ကမန္းကတန္း ေစာင္ေတြေကာက္ဆြဲ၍ ထိုလူသား ကိုယ္လုံးေလးအား ထပ္ျခဳံေပးလိုက္ရသည့္အျပင္ ေစာင္အျပင္ကေနပါ သိမ္းၾကဳံးဖက္ထားၿပီး တ႐ႈံ႕႐ႈံ႕နမ္းလိုက္ျဖင့္လုပ္ရင္း ‌တစ္ဖက္လူကို ေငးၾကည့္ကာ ေျပာမိသည္က

“အရမ္းလွတယ္”* ဟူ၍ပင္။

က်ိခ်င္းက်ိဳးက ခြီးခနဲရယ္ေတာ့သည္။ အခုခ်ိန္ ခ်ဴခ်န္ကို ၾကည့္လိုက္တိုင္း ႐ွက္သလို ခံစားေနရေပမယ့္ ခ်ဴခ်န္ကေတာ့ ပုံမွန္လိုပင္။

“ႏွစ္သစ္ေရာက္ၿပီ။ happy new yearပါ။ ဒီႏွစ္လည္း မင္း ပိုပိုေကာင္းမြန္အဆင္ေျပသြားဖို႔ ကိုယ္ဆႏၵျပဳပါတယ္”

“ခင္ဗ်ားေရာပဲ”

သူ႕စကားၾကားသည္ႏွင့္ ခ်ဴခ်န္က နမ္း႐ိႈက္လာသလို သူကလည္း ျပန္လည္ ဖက္၍ စိတ္အားထက္သန္စြာ ျပန္နမ္းမိသည္။

ႏွစ္ေယာက္လုံးက လူငယ္ေတြျဖစ္ၾကသည့္အျပင္ ပထမဆုံးအႀကိမ္ လိင္ဆက္ဆံမႈ ျပဳဖူးျခင္းျဖစ္သျဖင့္ ထိန္းခ်ဳပ္မိမ႐ွိၾကတာကေတာ့ မလြဲဧကန္ပင္။ပိုၿပီး တက္ႂကြစိတ္ကျပင္းျပေနသည္။ ခ်ဴခ်န္က ျပန္ထိန္းရင္း သူ႕ကိုေမးေလသည္။

“မင္းရလို႔လား”

က်ိခ်င္းက်ိဳး ႐ွက္႐ြံ႕စြာ ေခါင္းညိမ့္ျပလိုက္၏။

ခ်ဴခ်န္က ေျဖးညႇင္းစြာျဖင့္ သူ႕ကို အိပ္ရာေပၚ တြန္းခ်လိုက္ေလသည္။

ေနေရာင္ျခည္ေတာက္ေတာက္ေလးက က်ိခ်င္းက်ိဳး၏ မ်က္စိက်ိန္းေလာက္ဖြယ္ အသားျဖဴျဖဴေလးေပၚ ယွက္ျဖာေနခဲ့ပါလ်က္။ ထိုအလွေလးက ခ်ဴခ်န္ကိုျဖင့္ မိန္းေမာေတြးေဝသြားေစပါသည္။

ခ်ဴခ်န္မွာ ဖက္ထားပါလ်က္ကို သူ႕ရင္ခြင္ထဲေရာက္ေနသည့္ ေ႐ွ႕တူ႐ႈမွ လူသားအား ရင္ခြင္ထဲ ေသာ့ခတ္သိမ္းၿပီး ႏွလုံးသားထဲမွာ ထည့္ဖြက္ထားခ်င္မိသည္အထိ ပိုၿပီး တင္းၾကပ္စြာတင္းတင္းေလး တိုးဖက္မိေခ်သည္။
အရင္ကဆို က်ိခ်င္းက်ိဳး၏ပရိတ္သတ္မေလးေတြက သူတို႔ေကာကာဟာ ေကာင္းကင္က ဆင္းသက္လာတဲ့ နတ္သားေလးဆိုၿပီး ခ်ီးက်ဴစကားဆိုၾက၏။သူေတာင္ ထိုစကားကို သေဘာက်စြာ ရယ္မိေသးသည္။သို႔ေသာ္ အခုခ်ိန္မွာေတာ့ ထိုလူသားေလးဟာ တကယ္ကို ‌ေသမ်ိဳးနယ္ေျမအတြင္း အမွတ္မထင္ျပဳတ္က်လာသည့္ နတ္သားေလးအလား ခံစားေနရၿပီျဖစ္၏။အျဖဴစင္ဆုံးလူသားေလးျဖစ္ေနသည့္တိုင္ တစ္ဖက္ကလည္း ဆြဲညိႇဳ႕ႏိုင္လြန္းသည့္ နတ္သားေလးအလား။သူ႕မ်က္လုံးေလးမ်ားဖြင့္ၿပီး အခ်စ္တို႔ေပ်ာ္ဝင္ေနသည့္ အၾကည့္ေလးျဖင့္ အၾကည့္ခံရရင္ကို ထိုမ်က္လုံးေလးမ်ားထဲ သူ႕ကိုယ္သူ ေပ်ာက္ဆုံးသြားရၿပီး ကိုယ့္ရဲ႕ျဖစ္တည္မႈကိုေတာင္ ႐ွာမေတြ႕ႏိုင္ေတာ့သည့္အျဖစ္မ်ိဳးပင္။

ျပတင္းေပါက္အျပင္မွ စာကေလးမ်ားဟာ တက်ီက်ီျမည္ေနၾကဆဲျဖစ္သည့္တိုင္ က်ိခ်င္းက်ိဳးမွာ သူတို႔အား အဖက္မလုပ္ႏိုင္ခဲ့။သူသည္ကား ခ်ဴခ်န္ႏွင့္အတူ ေတာက္ပသည့္ ေကာင္ကင္ထဲ႐ွိ ၾကယ္အျပည့္ႏွင့္ ေလွေလးတစ္စီးထဲ နစ္ဝင္ေနခဲ့တာျဖစ္ေလသည္ ။

အိပ္ရာေပၚမွာ လွဲအိပ္ရင္း ခ်ဴခ်န္က က်ိခ်င္းက်ိဳးအား ရင္ခြင္ထဲထည့္၍ သက္ေသာင့္သက္သာျဖစ္ေစရန္အလို႔ငွာ ခါးတစ္ဝိုက္ေလးကို ဖြဖြ႐ြ႐ြေလး ပြတ္သပ္ေပးေနသည္ ။ က်ိခ်င္းက်ိဳးကေတာ့ သူ႕ရင္ခြင္ထဲ တိုးမွီရင္း  ဒီအခိုက္အတန္႔ေလး႐ွိ ေႏြးေထြးမႈႏွင့္ ေအးခ်မ္းမႈေလးကို ခံစားေနသည္။

“ဗိုက္ဆာၿပီလား?” ခ်ဴခ်န္က ေမးသည္။

“နည္းနည္းပါပဲ။သိပ္ေတာ့မဆာဘူး။ ခဏေလာက္အိပ္ဦးမယ္ေနာ္ကြၽန္ေတာ္တကယ္မထခ်င္ေသးဘူး။ ”

သူ႕စကားေလးၾကားေတာ့ ခ်ဴခ်န္တစ္ေယာက္ အျပစ္႐ွိစိတ္ေလးဝင္လာသည္ ။

“ကိုယ္ခုန အဲ့ဒါကိုမလုပ္လိုက္မသင့္ဘူး”

က်ိခ်င္းက်ိဳးက မ်က္လုံးပင့္ၾကည့္သည္။

“ၿပီးတာကၿပီးသြားၿပီကို အခုမွ ဒါေတြေျပာစရာလား”

“မင္း ကိုယ့္ကို တားလိုက္သင့္တာ...”

သူ႕ကို အႀကိမ္မ်ားႀကီးလုပ္မိတာမ်ိဳး ခ်ဴခ်န္မျဖစ္ခ်င္ခဲ့ပါ။သူ႕ကိုယ္သူလည္း ထိန္းခ်ဳပ္ႏိုင္လိမ့္မည္ထင္ခဲ့သည္။ သို႔ေသာ္ ပထမဆုံးအႀကိမ္ျဖစ္ေသာေၾကာင့္ ကိုယ့္ကိုကိုယ္ တစ္စက္ေလးမွကို မထိန္းႏိုင္ခဲ့ပါ။အခုမွပဲ အစပိုင္းႏွစ္ေယာက္သားစေတြ႕ျဖစ္ၾကစဥ္တည္းက က်ိခ်င္းက်ိဳးအား လိင္ဆက္ဆံရန္ ဖိအားမေပးခဲ့မိသည့္အျဖစ္ကို ဝမ္းသာရသည္။မဟုတ္ရင္ မေန႔ညကလိုမ်ိဳး ၾကင္နာယုယမႈတို႔ ခံစားရလိမ့္မည္မဟုတ္ပါ။

သူ က်ိခ်င္းက်ိဳးအား ျမတ္ႏိုးစြာ နမ္းမိသည္။

“ေနာက္တစ္ခါဆို မင္း ကိုယ့္ကို ျငင္းလို႔ရတယ္ေနာ္။သိရဲ႕လား?”

“မဟုတ္တာ”

က်ိခ်င္းက်ိဳးက တိုးတိုးေလးျပန္ေျဖလာသည္။

“ကြၽန္ေတာ္လည္း ခင္ဗ်ားနဲ႔လုပ္ခ်င္တယ္”

ခ်ဴခ်န္က ႏွာေခါင္းေတြ႐ႈံလိုက္ ေခ်ာင္းေတြ တဟြတ္ဟြတ္ထဆိုးလိုက္ျဖစ္ကုန္သည္။

ခ်ဴခ်န္ရဲ႕ တဒိတ္ဒိတ္ခုန္လႈပ္ေနေသာ ရင္ခုန္သံေၾကာင့္ က်ိခ်င္းက်ိဳးေတာင္ လန္႔လာ၏။

“ဘယ္ကတည္းက ဒီလိုေတြတတ္လာတာလဲ ကြၽန္ေတာ္ေတာင္ မသိရဘူးေနာ္။အၿမဲတမ္း ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္လြန္းႏိုင္သူႀကီးလုပ္ခဲ့တာမဟုတ္ဘူးလား”

“ေပါင္ေပါင္ရာ...အခုျဖစ္ေနတဲ့ မင္းမ်က္လုံးေလးေတြက မာယာ႐ွင္ေလးနဲ႔တူတယ္ဆိုတာေရာ သိရဲ႕လား? မင္းပါးစပ္ေလးဖြင့္ဟလိုက္ခ်ိန္တိုင္း  ကိုယ့္ႏွလုံးသားကို ဖမ္းစားႏိုင္တဲ့ သီခ်င္းေလးတစ္ပုဒ္သီက်ဴး‌ေနသလိုျဖစ္ေနၿပီကြ။သိရဲ႕လား ”

က်ိခ်င္းက်ိဳး : .............

ခ်ဴခ်န္မွာ သူ႕ရဲ႕ဖလန္းဖလန္းျဖစ္ခ်င္ေနသည့္ စိတ္တို႔အား ခဏအၾကာထိ ထိန္းခ်ဳပ္လိုက္ၿပီးမွ က်ိခ်င္းက်ိဳးကို ၾကည့္သည္။

“ကိုယ္မထိန္းႏိုင္ေတာ့ဘူးလို႔။အခုျဖစ္ေနတဲ့မင္းပုံစံေလးက တအားတအားဆြဲေဆာင္မႈ႐ွိလြန္းေနတာ တကယ္ပါကြာ”

“ခင္ဗ်ားကိုက ပိုလြန္းေနတာမဟုတ္ဘူးလား”

“အခ်စ္က လူတိုင္းကို အထိန္းအခ်ဳပ္မဲ့ေစသည္တဲ့‌ေလ”

ခ်ဴခ်န္က အ႐ွက္မ႐ွိတမ္းေျပာသည္။

က်ိခ်င္းက်ိဳး တစ္ေယာက္ သူ႕ကို စိုက္ၾကည့္၍ သိခ်င္စိတ္ျပင္းျပစြာ ေမးမိသည္။

“တကယ္လို႔ ခင္ဗ်ားနဲ႔ကြၽန္ေတာ္ ေငြေၾကးပတ္သက္မႈလုပ္ခ်ိန္တည္းက ကားေမာင္းျဖစ္သြားမယ္ဆို စာခ်ဳပ္သက္တမ္းကုန္တဲ့အခ်ိန္ ကြၽန္ေတာ့္ကို ထြက္သြားခြင့္ျပဳဦးမွာလား?”


ခ်ဴခ်န္ကေတာ့ ဖြဖြေလးရယ္ရင္း ေခါင္းခါျပလာသည္။

“က်ိဳးက်ိဳး....ကိုယ္ မင္းကို စေတြ႕တုန္းက ဘာခံစားခ်က္မွ မ႐ွိဘူးဆိုတာ မင္းသိထားမွရမယ္။အဲ့တုန္းက ကိုယ္တို႔ေတြ တစ္လမ္းတည္းသြားေနၾကတာ။ကိုယ္ကလည္း ကိုယ့္ေက်နပ္မႈအတြက္ပဲ ဆႏၵ႐ွိၿပီး မင္းဘက္ကို လုံးလုံး ဂ႐ုမစိုက္ဘူး။ကိုယ္အခု မင္းေၾကာင့္ခံစားေနရတဲ့ မင္းက ေသေလာက္ေအာင္ ဆြဲေဆာင္မႈ႐ွိၿပီး ညိႇဳ႕ယူႏိုင္စြမ္း႐ွိတယ္ဆိုတဲ့ခံစားခ်က္မ်ိဳးလည္း အဲ့တုန္းက  နည္းနည္းေတာင္မခံစားခဲ့ရဘူး”

“ကိုယ္ အ႐ူးအမူးခ်စ္မိသြားတာ... သေဘာက်မိသြားတာက...ကိုယ့္ကို အထိန္းအခ်ဳပ္မဲ့ေစတဲ့ အခုခ်ိန္ ကိုယ္ခ်စ္မိသြားတဲ့ မင္းကိုပဲ။ ကိုယ္နဲ႔ အိပ္ရာေပၚမွာ လူးလိမ့္ေပးေနမဲ့ မင္းကိုမဟုတ္ဘူး”

က်ိခ်င္းက်ိဳးက ေခါင္းေလးညိမ့္ကာ-

“ေနာက္ပိုင္း စာခ်ဳပ္သက္တမ္းအလယ္ပိုင္းနဲ႔အဆုံးသတ္တဲ့အခ်ိန္ေတြမွာ ကြၽန္ေတာ္ေပၚ အရမ္းေကာင္းေပးေနတာဆိုေတာ့ကာ.... ခင္ဗ်ားဘက္က ကြၽန္ေတာ့္ကို နည္းနည္းေလာက္သေဘာက်ေနၿပီေတာ့လုပ္လိုက္ ”

ခ်ဴခ်န္မွာ သေဘာေတြက်ၿပီး ေအာ္ရယ္ကာ လူကို ရင္ခြင္ထဲ ဆြဲထည့္သည္။

“အဲ့တုန္းက ကိုယ္ သေဘာက်ေနၿပီဆိုတာ မင္းလည္းသိတာပဲေပါ့။ တကယ္ေတာ့ေလ အရာအားလုံး  ေနာက္ျပန္လွည့္ႏိုင္ရင္ေတာင္ ကိုယ္က  မင္းနဲ႔လိင္ဆံျဖစ္မွာမဟုတ္ဘူးဆိုတာကိုေတာ့  မင္းေလးသိသင့္တယ္။ကိုယ္ေျပာခဲ့ဖူးသလိုပဲ ကိုယ္က မင္းကိုေကာင္းတာေတြပဲပိုင္ဆိုင္သြားေစခ်င္တာ။ ကိုယ့္ဆီကေန ျဖဴျဖဴစင္စင္နဲ႔ပဲ ထြက္သြားေစခ်င္တာ။အနာဂတ္မွာ ေကာင္းမြန္တဲ့ဘဝတစ္ခု ႐ွိသြားေစခ်င္တာ။အဲ့အခ်ိန္တုန္းက မင္းနဲ႔ကိုယ္တို႔ ဆက္ဆံေရးကို ကိုယ္ ႐ွင္း႐ွင္းလင္းလင္းျမင္ႏိုင္ဖို႔ ေႏွးေကြးလြန္းခဲ့တာမွန္ေပမယ့္ အဲ့ကိစၥနဲ႔ပတ္သက္တိုင္း ကိုယ္ တစ္ကျပန္စရရင္ေတာင္ အဲ့တိုင္းပဲ ျပန္လုပ္ျဖစ္မွာ”

“ကိုယ္မင္းကို မခ်စ္ဘဲနဲ႔ လိင္ဆက္ဆံလိုက္လို႔သာ မင္းကို အ႐ူးအမူးခ်စ္မိသြားတာမ်ိဳးမဟုတ္ဘူးေနာ္။  ကိုယ္ မင္းကို ခ်စ္မိသြားလို႔သာ မင္းအနာဂတ္ကို နစ္မြန္းသြားေစမဲ့ အဲ့လိုေငြေၾကးဆက္ဆံေရမ်ိဳး မ႐ွိခ်င္ေတာ့လို႔ရပ္ပစ္လိုက္တာ။”

ခ်ဴခ်န္က က်ိခ်င္းက်ိဳးရဲ႕လက္ေလးအား ဆြဲယူၿပီး နမ္း႐ိႈက္ေလသည္။

“အဲဒါေၾကာင့္ ဒါက အေကာင္းဆုံးရလဒ္တစ္ခုပါကြာ”

က်ိခ်င္းက်ိဳး နားလည္သြားကာ ခ်ဴခ်န္ကို ေငးၾကည့္၍ ျပဳံးမိသည္ ။

“ကြၽန္ေတာ္လည္း အဲ့လို ထင္ပါတယ္”

ဟိုတစ္ခ်ိန္တုန္းကေတာ့ သူ႕ေမြးေန႔ညမွာ သူ႕ကိုယ္သူ ခ်ဴခ်န္ဆီ ေပးအပ္ခ်င္ခဲ့သည္။ခ်ဴခ်န္ ျငင္းလိုက္ေတာ့လည္း သူအရမ္းဝမ္းနည္းခဲ့ရသည္။ အခုလည္းက်ေရာအဲ့ေန႔က သူ႕ရဲ႕ ပိုးဖလံလို မီးေတာတိုးေနမႈအား ခ်ဴခ်န္က အရမ္းကာေရာ လက္မခံခဲ့တာေရာ အဲ့ေန႔ကဘာမွ မျဖစ္မိသည့္အတြက္ပါ ေက်းဇူးတင္မိ၏။ ႏွစ္ေယာက္သားခ်စ္မိၿပီးေနာက္ပိုင္း မေန႔က ျဖစ္ခဲ့တာေတြအကုန္လုံးက ဟိုေန႔မွာ ျဖစ္သြားမွာထက္စာရင္ေတာ့ အမ်ားႀကီးပိုေကာင္းပါသည္။

သူတို႔လည္း ခ်စ္ေနၾကၿပီျဖစ္သည္။ အေတြလြန္းျခင္းျဖင့္ အလွဆုံးပန္းပြင့္ေတြ ပြင့္လန္းလာႏိုင္မွာမဟုတ္ပါ။

က်ိခ်င္းက်ိဳးတစ္ေယာက္ သူ႕ကို ဖက္ထားလ်က္ ေႏြးေထြးၾကင္နာမႈတို႔ကို ၿငိမ္ၿငိမ္ေလးေနၿပီး ခံယူေနသည္ ။

ႏွစ္ေယာက္သား အိပ္ေနၾကသည္မွာ အေတာ္ၾကာၿပီျဖစ္၍ က်ိခ်င္းက်ိဳး ခ်ဴခ်န္ကို ေမးလိုက္သည္။

“ခင္ဗ်ားဘာစားခ်င္လဲ”

“ဘာျဖစ္ျဖစ္ရပါတယ္။ကိုယ္တို႔ ဒီကို မေရာက္ခင္တည္းက လိုအပ္တာအကုန္ ျပင္ဆင္ထားၿပီးသားမို႔ မင္းေရာ ဘာစားမလဲ”

က်ိခ်င္းက်ိဳးက စဥ္းစားဟန္ေလးျပဳကာ-

“အမ္း...ဟင္းနည္းနည္းေလာက္ခ်က္ၾကတာေပါ့”

“အိုေက”

ခ်ဴခ်န္မွာ ေစာဒကတက္ရန္မ႐ွိ။

“ကိုယ္လည္း မင္းဆီက သင္မွရေတာ့မယ္”

က်ိခ်င္းက်ိဳးကိုၾကည့္လာေသာသူ႕အၾကည့္ေတြက ႏူးညံ့ၿပီး အတည္ေပါက္ေျပာေနဟန္ပင္။

“မင္းႀကိဳက္တဲ့ဟင္းခ်က္နည္းေလးေတြ ကိုယ့္ကိုသင္ေပးပါဦး။ဒါမွ ေနာက္ပိုင္း မင္းစိတ္ဆိုးတဲ့အခ်ိန္က်ရင္ ခ်က္ေကြၽးၿပီးေခ်ာ့လို႔ရမွာ”

သူ႕စကားကို မေမွ်ာ္လင့္ထားသည့္အလား က်ိခ်င္းက်ိဳးက တအံ့တဩေမးလာသည္။

“ခင္ဗ်ားက ဟင္းခ်က္ရတာ မႀကိဳက္ဘူးမဟုတ္လား”

အရင္က ခ်ဴခ်န္အား ဟင္းခ်က္ၾကမယ္လို႔ သူ႕ဘက္က စေျပာတိုင္း ခ်ဴခ်န္ျငင္းတာ မွတ္မိေသးတယ္။ထို႔ျပင္ “ကိုယ့္ကိုလႊတ္ေပးပါကြာ။ကိုယ္က စားပဲစားတတ္တာ တကယ္မခ်က္တတ္ဘူး” ဆိုတဲ့စကားကလည္း လက္စြဲပင္။
အခုက်မွ ဘယ္လိုဘယ္ပုံဟင္းခ်က္ခ်င္စိတ္ေတြဝင္ေနရတာလဲ!

“ဒါကေတာ့ကြာ ကိုယ္ေျပာခ်င္တာက မင္းႀကိဳက္တဲ့ ဟင္းခ်က္နည္းေလးေတြပဲ ကိုယ့္ကို သင္ေပးပါလို႔။မင္းႀကိဳက္တဲ့ ဟင္းေတြကိုပဲ သင္မွာေနာ္။ဒါမွ မင္းစားခ်င္တဲ့အခ်ိန္ ကိုယ္ ခ်က္ေကြၽးလို႔ရမွာ။တကယ္လို႔ မင္း အဲ့ဟင္းေတြ မစားခ်င္ေတာ့ဘူးဆိုရင္လည္း မင္းခ်က္တာကို ကိုယ္တို႔ တူတူစားၾကတာေပါ့”

“ကြၽန္ေတာ္ႀကိဳက္တဲ့ဟင္းခ်က္နည္းကိုပဲသင္မွာလား?”

ခ်ဴခ်န္က ေခါင္းေလးဆတ္ခနဲညိမ့္၏။

“ခင္ဗ်ားႀကိဳက္တဲ့ ဟင္းေတြကေရာ? မသင္ခ်င္ဘူးလား?”

“ကိုယ္ႀကိဳက္တာ....မင္းသာ ကိုယ့္အတြက္ခ်က္ေပးရင္ ကိုယ္က အကုန္ႀကိဳက္ေနတာေလ။ ဘယ္လိုလုပ္ရပါ့?”

က်ိခ်င္းက်ိဳးမွာ မတတ္ႏိုင္သလိုမ်ိဳး ရယ္သြမ္းေသြး၏။သို႔ေသာ္ သတိစကားလည္း ဆိုျဖစ္ေသးသည္။

“ေနာက္ဆို တစ္ျခားသူေတြကို မခ်က္ေကြၽးရဘူးေနာ္”

ခ်ဴခ်န္အတြက္ေတာ့ သူေလးေတာင္ သတိေပးစရာမလိုပါေပ။

“မင္းေဘးမွာ႐ွိရက္နဲ႔  တစ္ျခားဘယ္သူ႕ကို ကိုယ္ သြားေခ်ာ့ရမွာလဲ”

သူသည္ က်ိခ်င္းက်ိဳး နဖူးေလးအား ဖိကပ္နမ္း၍-

“ ဟင္းခ်က္ရတာကို ကိုယ္တကယ္မႀကိဳက္ဘူး။  ကေလးေလးတုန္းကလည္း  ကိုယ္မိသားစုထဲက ဘယ္သူကမွ ဟင္းခ်က္သင္ဖို႔ မေျပာၾကဖူးဘူး။ဒါေပမယ့္ ကိုယ္က မင္းကို ေပ်ာ္ေစခ်င္တာေလ။တစ္ခါတစ္ေလဆို မင္းက ကိုယ္ႏွင့္အတူ ဟင္းခ်က္ရတာကို သေဘာက်တယ္မဟုတ္လား။ဟင္?”

ခ်ိဳျမျမခ်စ္စကားေတြ နားေထာင္ေနရသည့္ က်ိခ်င္းက်ိဳး၏ႏွလုံးသားေလးထဲ၌ ပ်ားရည္အိုးႀကီး သြန္ခ်ထားသလိုပါပင္။သူလည္း ေခါင္းေလးယိမ္း၍ ခ်ဴခ်န္ကို နမ္းလိုက္ၿပီး ႏူးညံ့စြာ စကားဆိုလိုက္တယ္။

“ခင္ဗ်ားက အရမ္းေကာင္းလြန္းလို႔ ဘယ္လိုလုပ္ရေတာ့မလဲဟမ္”

သူသည္ ခ်စ္ျခင္းေမတၱာေတြေပ်ာ္ဝင္ေနသည့္ အခ်စ္မ်က္လုံးမ်ားျဖင့္ ခ်ဴခ်န္ကို ေငးၾကည့္လိုက္ နမ္းလိုက္၊ရပ္လိုက္၊နမ္းလိုက္နဲ႔ ကေလးေပါက္စလို႔ အသံေလးထုတ္ကာ ခ်ိဳျမျမသံလြင္လြင္ေလးနဲ႔ ေျပာလိုက္သည္။

“တအားၾကင္နာတတ္လြန္း‌ေနၿပီ ခင္ဗ်ားရဲ႕ ”

ခ်ဴခ်န္ျဖင့္ ရင္ခြင္ထဲမွ ျမတ္ႏိုးဖြယ္ခ်စ္သူေလးအား သိမ္းဖက္ကာ  အနမ္းမိုးတို႔ တရက္စက္သြန္းၿဖိဳးလိုက္ေခ်ေတာ့သည္။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပါးခ်ဴရဲ႕ မားမားနဲ႔ပါးပါး : ၾကားလို႔ေကာင္းၾကရဲ႕လား အရပ္တို႔ေရ တစ္သက္လုံးမေအခ်က္ေကြၽးလာတာကို အေမႀကိဳက္တဲ့ ဟင္းေလးသင္မယ္မ႐ွိဘူး ေတာ္ေတာ္ေမြးရက်ိဳးနပ္တယ္😂😂😂

အဟမ္း သူ႕ဟာသူေတာ့ ကားစီးသြားၾကတာပဲ။ ဘယ္သူမ်ားဖမ္းမိလိုက္လဲ႐ွင့္။ ကိုယ္ေတာင္ ဘာသာျပန္ေနရင္း လွမ္းဆြဲတာ မမိလိုက္ဘူး။ (⁠●⁠_⁠_⁠●⁠)

က်ိဳးက်ိဳးသုံးသြားတဲ့ "အရမ္းလွတာပဲ" ဆိုတာက beautiful ကိုျဖစ္ၿပီး ခ်ဴခ်န္သုံးသြားတာကေတာ့ က်ိဳးက်ိဳးကိုၾကည့္ၿပီး ေျပာတဲ့ pretty ျဖစ္ပါတယ္႐ွင့္¯⁠\⁠_⁠(⁠ツ⁠)⁠_⁠/⁠¯

ေကာင္ေလးက စာေရးဆရာဆိုေတာ့ စာတစ္တန္ေပတစ္တန္နဲ႔ အခ်စ္ေတြ ဖြဲ႕ႏြဲ႕လိုက္တာလြန္ေရာ။  အေပၚက စာကို ဖတ္ၿပီးနားလည္ၾကရဲ႕လားမသိဘူး။ က်ိဳးက်ိဳးေမးတာက တကယ္လို႔ စာခ်ဳပ္အေတာ္အတြင္း သူတို႔အိပ္မိသြားရင္လည္း ပါးခ်ဴက ခ်စ္မိသြားမွာပဲမလားလို႔ပါ။ အဲဒါေၾကာင့္ ခ်ဴခ်န္က ျပန္ေျဖပါတယ္။ သူခ်စ္မိသြားတာက က်ိဳးက်ိဳးသူနဲ႔ အိပ္ေပးလို႔မဟုတ္ဘဲ သူက ခ်စ္မိသြားလို႔သာ က်ိဳးက်ိဳးနဲ႔ လိင္ဆက္ဆံ႐ုံသာ အက်ံဳးဝင္ၿပီး က်ိဳးက်ိဳးအနာဂတ္ကို နစ္မြန္းေစမဲ့ ေငြေၾကးစာခ်ဳပ္ကို ဖ်က္ပစ္တာျဖစ္ေၾကာင္းေျပာတာပါ။အခု လိင္ဆက္ဆံတာကလည္း ခ်စ္လို႔ ဆက္ဆံတာပါ။ဆက္ဆံလို႔ ခ်စ္သြားတာ မဟုတ္ပါဘူးဆိုတဲ့သေဘာပါ။နားလည္ၾကရဲ႕လား႐ွင့္♥️

ေက်းဇူးပါ💙💙💙

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Continue Reading

You'll Also Like

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
913K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
289K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
1.5M 68.5K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...