(7.2)
ပေါင်းစည်း မှု က အောင်မြင်သွားတာနဲ့ သူဟာ ထိုလူနဲ့ ပေါင်းစပ်သွားပြီး သေအတူ ရှင်အတူ ဖြစ်သွားလိမ့်မယ်။
ရစ်ငှက် တစ်ကောင်နဲ့ ပေါင်းစည်း မိရင် တောင်မှပဲ မြွေဘုရင်ကြီးဟာ ထို ရစ်ငှက်နဲ့ သေတူရှင်တူ ဖြစ်သွားတော့မှာ ပဲ ဖြစ်တယ်။
အဲ့ဒါကြီး က တကယ်ကို ဆိုးဝါးလှတဲ့ အရာကြီးပဲ။
ဟဲလျန်ချန်း က အဲ့အကြောင်းကို အရင်ကတည်း က သိတဲ့ အတွက်ကြောင့် မိတ်လိုက်လိုစိတ် ပေါ်လာရင် သူ့ရဲ့ ကိုယ်ပိုင် ဂူထဲကို သွားကာ အပေါက်သေးသေးလေးသာ ချန်ထားပြီးတော့ အကုန်ပိတ်ထားကာ သူ့နားမှာ ဘယ်သက်ရှိသတ္တဝါ ကိုမှ မရှိစေအောင် လုပ်ခဲ့လေတယ်။
အခုချိန်မှာ သူ့ရဲ့ မိတ်လိုက်ရာသီကို ချက်ချင်း ဝင်သွားလိမ့်မယ်လို့ ဟဲလျန်ချန်း တစ်ကယ် မမျှော်လင့် ထားမိပေ။ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်ရလေတယ်။
သူက သူ့ကိုယ်သူ အဲ့လို လုပ်ခွင့် မပြုနိုင်ပေ။
ဟဲလျန်ချန်း ရဲ့ မျက်လုံးနက်တွေက မဆုံးနိုင်တဲ့ ည အမှောင်လို ပါပေ။ ထိုနေရာမှာ ဟဲလျန်ချန်းရဲ့ နှလုံးသား ရှိတဲ့ နေရာကနေ အနီရောင် အလင်းတန်း တစ်ခု ဆန့်ထွက်လာပြီးတော့ ထိုဟာက စုယွမ်ရဲ့ ရှေ့မှာ အသာလေး ရပ်သွားတော့တယ်။
စုယွမ် က ကြည့်လိုက်ပြီးတော့ အရမ်းကို အံ့အားသင့် သွားလေတယ်။
ဒါက ဒဏ္ဏာရီလာ စာချုပ် မဟုတ်ဘူး လား?
မြွေဘုရင်ကြီး က စုယွမ်တစ်ယောက် သူ့ကိုယ်သူ ကျွန်တစ်ယောက် အဖြစ် စာချုပ် ချုပ်စေချင် နေတာလား?
စုယွမ် ခမျာ သူ့ဘာသာ တွေးပြီး တုန်လှုပ်နေခဲ့တယ်။
ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး ။
စုယွမ် က မမျှော်လင့် ပဲ စိတ်ကူးယဥ် ကမ္ဘာကြီး ထဲကို ကျရောက် လာကာ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှု မရှိရင်တောင်မှ သူ့စိတ် ကတော့ လွတ်လပ်နေသေးတယ်လေ။
တကယ်လို့ သူသာ မြွေဘုရင်ကြီး ရဲ့ ကျွန်အဖြစ် စာချုပ် ချုပ်ခံ လိုက်ရရင် သူ့ရဲ့ စိတ် လွတ်လပ်ခွင့်ပါ ဆုံးရှုံးရမှာ မဟုတ်ဘူး လား?
စုယွမ် က ကြောက်လန့်တကြားနဲ့ အနောက်ကို မြန်မြန် ဆုတ်လိုက်ပေမယ့် အဲ့တာ က အသုံးမဝင်ပေ။ အနီရောင် လိုင်း က သူ့နောက်ကို ပြေးလိုက်လာလေတယ်။
ပြီးတော့ သူ့ရဲ့ ကြောက်လန့် နေတဲ့ အကြည့်အောက်မှာပဲ အနီရောင် လိုင်းက စုယွမ်ရဲ့ ရင်ဘက် ထဲကို ဖြတ်ပြီးတော့ ဝင်သွားတယ် ။
ထိုဟာလည်း ဝင်ဝင်ပြီးချင်း စုယွမ်တစ်ယောက် နာကျင်လွန်းလို့ ဖျော့တော့ သွားလေတယ်။
တစ်ဖက်လူက မမျှော်လင့်ထား သလို မူးဝေ သွားတာ ကိုတွေ့တော့ ဟဲလျန်ချန်းရဲ့ မျက်နှာက မဲမှောင် သွားတယ်။
ဘယ်လိုတောင် အသုံးမဝင်လိုက်တဲ့ အမှိုက်လဲ ဒီလောက် နာကျင် မှုလေး ကိုတောင်မှ ခံနိုင်ရည် မရှိဘူး။
ထိုနေရာမှာ မရှင်းပြနိုင်တဲ့ ဝမ်းနည်း မှု တစ်မျိုးကို ခံစားလိုက်ရပြီးတော့ ဟဲလျန်ချန်း က ပိုလို့တောင် ဒေါသတွေ ထွက်လာလေတယ်။ သူ့ရဲ့ မိတ်လိုက်ရာသီရဲ့ အစွမ်း က အလိုလောဘ ပြည့်သွားတဲ့ အချိန်မှာ မကောင်းဆိုးဝါး ကလန်ထဲတုံး က သူ့အပေါ်နွေးထွေးမှု ပေးခဲ့တဲ့ ထိုအမျိုးသား ရဲ့ ပုံရိပ်ဟာ မမျှော်လင့်ထားပဲ သူ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
( စုယွမ် က သူ့ရဲ့ နတ်ဘုရားနဲ့ အတူတူ ပဲ ဆိုတာ ပေါင်းစပ် ပြီးတော့ သိသွားတာလားပဲ)
စုယွမ်နိုးလာတဲ့ အခါမှာတော့ သူက ချက်ချင်း ထထိုင်လိုက်ကာ နောက်တော့ သူက ထူးဆန်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ရောက်နေတာမှန်း တွေ့သွားတော့တယ်။
နေရာတိုင်းက မဲမှောင်နေကာ အလင်းကျောက်တိုင် နှစ်ခု မှာ ဆေးဆိုးထားတဲ့ ဖဲပြားနှစ်ခုက စက်ဝိုင်းတစ်ခု လို ပတ်နေတာ ကိုပဲ တွေ့လိုက်ရတယ်။
ဖဲပြား က ရွေ့လျားနေဆဲပဲ။
နေပါအုံး။
ဖဲပြားတွေက ဘယ်လိုလုပ် ရွေ့လျားနိုင်မှာ တဲ့လဲ?
စုယွမ် က တုန်လှုပ်သွားပြီးတော့ သေချာလေး ကြည့်လိုက်တဲ့ အချိန်မှာ အလင်းကျောက်တိုင် ပေါ်မှာ မြွေခေါင်းက ရွေ့နေတာကို တွေ့လိုက်ရလေတယ်။
ဟားဟား အဲ့တာက ရွေ့လျားနေတာ အံ့သြစရာတော့ မဟုတ်တော့ပါဘူး။ ဆေးဆိုးထားတဲ့ ဖဲပြားတွေက အလင်းတိုင်တစ်ခု ဆီကို ပတ်ထားတာ မဟုတ်ပဲနဲ့ အစိမ်းရောင် မြွေနှစ်ကောင် က တွယ်ပတ်နေတာကိုး ။
ထိုစကားက သူ့ခေါင်းထဲမှာ မြည်ဟီးသွားပြီးတော့ တစ်ကိုယ်လုံး ဖျော့တော့ သွားတော့တယ်။
ထိုအချိန်မှာပဲ ဟဲလျန်ချန်း က ကန်ထဲမှာ ကျင့်ကြံနေခဲ့တယ်။
အစိမ်းရောင်ဖဲပြား လို မြွေကြီးက ရေကန်ထဲကို အမြန် ကူးလာပြီးတော့ ဟဲလျန်ချန်းရဲ့ တားခြင်းကို ခံလိုက်ရတယ်။ ပြီးတော့ လှပပြီး ကျက်သရေ ရှိတဲ့ အမျိုးသမီး တစ်ယောက် အဖြစ်ပြောင်း သွားကာ ဒူးထောက်ချ ကာ ပြောလိုက်တယ်။
'' အရှင်မင်းကြီး သခင်မ မေ့လဲ သွားပါပြီ ''
ထပ်ပြီးတော့ အားနည်း နေတုံးပဲ!
ဟဲလျန်ချန်း က သူ့လက်ထဲမှ ယောင်ယွဲ့ဓားကို ရပ်လိုက်ကာ သူ့မျက်နှာကလည်း အရမ်းကို မဲမှောင် သွားတော့တယ်။
သူတို့ မကောင်းဆိုးဝါး ဘုရင် မျိုးဆက်တွေက အရမ်းကို သတ္တိရှိတယ်။ သူတို့လမ်းကို နတ်ဘုရား လာပိတ်ရင် အဲ့နတ်ဘုရားကို သတ်မယ်။ ဘုရားသခင်လာတားရင် တောင်မှ အကြောက်အလန့်မရှိ သတ်မှာပဲ။
( welcome to HELL! )
မမျှော်လင့်စွာနဲ့ပဲ သူ့နဲ့ မိတ်ဖက်စာချုပ် ချုပ်မိတဲ့ သူ့မိန်းမ ကတော့ ဒီလောက်လေးတောင် အသုံးမဝင်တဲ့ သူပဲ။ သူက အကြိမ်တိုင်းကို ဖျော့တော့ နေတော့တာ။
ပိုဆိုးတာက ယောကျာ်း ကြီးတစ်ယောက် ဖြစ်နေပါလျက်နဲ့ ဖျော့တော့ သွားတယ်ဆိုတာကို သူတွေးမိတိုင်း အရမ်းကို မသက်မသာ ခံစားရတယ်။
'' သူက ဘာလို့ မေ့သွားရတာလဲ ?''
'' သူက ဒီငယ်သားတွေကို မြင်သွားတာကြောင့်လို့ ထင်ပါတယ်''
အစေခံမလေး တန်းရိ ခမျာ သိပ်ပြီးတော့ မသေချာပါပေ။ အဲ့အချိန်တုံး က သူမဟာ လှုပ်ရှားသံတွေကို ကြားလိုက်ရတာကြောင့် သခင်မ နိုးလာပြီ ဆိုတာကို သူမ သိလိုက်တယ်။ ဒါကြောင့် သူမက ခေါင်းလေးကို ထုတ်ကာ လှည့်ပြီးတော့ သခင်မ ဘာလိုအပ်သေးလဲ လို့ မေးမလို့ပဲ ရှိသေးတယ် သခင်မ က မေ့လဲ သွားတာကို တွေ့လိုက်ရတယ်။
( သတ္တိခဲ ကြီးပါဆို 🤣🤣)
ဟဲလျန်ချန်း က အံကို ကြိတ်လိုက်မိတယ်။ သူ့မိန်းမ က သူ့လက်အောက်ငယ်သား တွေရဲ့ ပုံစံအစစ်ကြောင့် ကြောက်လန့် ပြီးတော့ မေ့လဲ သွားတယ် ဆိုတာကို တစ်ခြားသူတွေ သိသွားရင် သူ့မျက်နှာ က ဘယ်ကိုသွားထား ရတော့မလဲ?
မဖြစ်သေးဘူး ။
သတ္တိ ရှိလာအောင် များများ လေ့ကျင့် ပေးရမယ်။
ဟဲလျန်ချန်း က မျက်လုံး ကျဥ်းမြောင်းသွားကာ အကြံတစ်ခု ကို ရသွားလေတယ်။
မေ့လဲ သွားတဲ့ စုယွမ် ခမျာ တစ်ကိုယ်လုံး ကြက်သီးတွေ ထ အေးစက်သွားကာ မကောင်းတဲ့ တစ်ခုခု ဖြစ်လာတော့မယ် လို့ ခံစားမိနေလေတယ်........ ။
( မြွေကြောက်ခါမှ မြွေရဲ့ မိန်းမ ဖြစ်ရတယ် လို့ 🤣🤣🤣❤)
.......................
တင်းဂွေ နေ့တိုင်း တစ်ပိုင်း! but ဒီနေ့တော့ ၂ပိုင်း တင်ပေးမယ်