(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

241K 31.7K 745

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (8.2)

4.4K 620 11
By Kyiphyuswe

(8.2)

စုယွမ် က သူ က အကြောက်လွန်လွန်း လို့ ချက်ချင်းပဲ သေတော့မယ် လို့ ခံစားနေရလေတယ်။

ဒီကမ္ဘာကြီး က အရမ်းကို ကြောက်ဖို့ကောင်းတာပဲ။ မြွေတွေကို ကြည့်ဖို့ လူတွေကို အတင်း တွန်းအားပေးတယ်။ မြွေတွေကို ထိတွေ့ဖို့ အတင်း တွန်းအားပေးတယ်။ နောက်ပိုင်းမှာ သူ့ကို မြွေတွေနဲ့တောင် အတင်းတွန်းအားပေး ပြီး အိပ်ခိုင်း တော့မလား ပဲ။

စုယွမ်က မတော်တဆနဲ့ အမှန်တရား ကို ထိမိသွားလေတယ်။ သူဟာ အနာဂတ်မှာ တကယ်ပဲ မြွေတစ်ကောင်နဲ့ အိပ် ( sex) ရတော့မှာ ပဲ ဖြစ်လေတယ်။

လူတွေက တံစက်မြိတ် အောက်ကို ရောက်ရင်တော့ ခေါင်းငုံ့ကြရ စမြဲပဲလေ။

စုယွမ် က သူ့ရဲ့ ကံကြမ္မာကို လက်ခံ လိုက်ပြီးတော့ သူက မြွေတွေကို စတင်ပြီးတော့ ပွတ်သပ် လိုက်လေတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လေ သူက မြွေတွေကို မြင်ရတာနေသား ကျနေပြီပဲကို သူတို့ကို ထိတွေ့ဖို့ ကတော့ သူက မကြောက်လော​က်တော့ ပါဘူးလေ။

ဒီနေ့မှာတော့ စုယွမ် က မြွေလေးတွေကို ပွတ်သပ်ပေး ရတာကြောင့် သူ့ရဲ့ လက်တစ်ခုလုံး စေးကပ်ပြီးတော့ အေးစက်နေခဲ့တယ်။ စုယွမ်က အရင်ဆုံး လက်ပြင် တစ်ခုလုံး ကြက်သီးမွှေးငြင်း တွေ ထလာပြီးတဲ့ နောက် မှာတော့ နောက်ကျောတွေမှာ ပါ အမွှေးတွေ ထောင်လာခဲ့တော့တယ်။

အဆုံးမှာတော့ မြွေပေါင်း တစ်ရာ ကို ထိတွေ့ရမယ့် တာဝန် က ပြီးသွားလေတယ်။ ပြီးတော့ စုယွမ် ကလည်း လက်တွေက သူ့အပိုင် မဟုတ်တော့ သလိုကို ခံစားနေရတယ်။

တာဝန်ပြီးသွားတဲ့နောက် စုယွမ်က သူ့ရဲ့လက်ကို ထိပ်ထိပ်ပျာပျာ နဲ့ သွားဆေးလေတယ်။ သူ့ရဲ့ လက်ကို အရေခွံခွာ မတက် ဖြူဖွေး လာတဲ့ အထိ ဆေးကြောပြီးတဲ့ နောက်မှာတော့ စုယွမ်က ပိုသက်သာသွား သလိုခံစားရလေတယ်။

မြွေတွေကို ထိတွေ့ပြီးသွားတဲ့နောက် စုယွမ် က နောက်ဆုံး တာဝန်ကို လက်ခံ ရရှိခဲ့တယ်။ အဲ့တာကတော့ တာဝန်တွေ အကုန်ပြီးသွားတာနဲ့ အပြီးသတ် တစ်ခု ကတော့ မြွေပေါက်စလေးတွေနဲ့ အတူ ဆော့ကစား ရမှာပဲ ဖြစ်လေတယ်။

ဟားဟ ၊ တကယ်ကို ကြောက်စရာ ကောင်းတယ်နော်။ ဒါပေမယ့်လည်း စုယွမ် ခမျာ ကျည်ဆန် ကိုက်ကာ လုပ်ရတော့တယ်။

ထိုမြွေပေါက်စ လေးတွေက အတော်လေးကို ချစ်စရာ ကောင်းလေတယ်။ သူတို့တွေက သူတို့ရဲ့ ကိုယ်လေး တွေကို ပုံစံအမျိုးမျိုး ကွေးကာ သူတို့ခေါင်းလေးတွေနဲ့ စုယွမ်ကို ပွတ်သပ် ကြပြီးတော့ သူတို့ရဲ့ အမြီးထိပ်လေး တွေနဲ့ စုယွမ်ကို ပုတ်ပေး ကြလေတယ်။

စုယွမ်ဟာ ထိုမြွေလေးတွေရဲ့ ချစ်စရာ ကောင်းတဲ့ အပြုအမူတွေ ကြောင့် အလွန်အမင်း အရည်ပျော် သွားပြီးတော့ သူတို့လေးတွေက်ို တွေ့ပြီးတဲ့ နောက် စုယွမ်ဟာ သူ့ရဲ့ အကြောက်တရား ကို တစ်ဝက်လောက် လျော့ချနိုင် ခဲ့လေတယ်။

ထို လေ့ကျင့်ခန်း တွေ ပြီးတဲ့နောက် စုယွမ် က မြွေတွေ အပေါ် ကြောက်လန့် မှု မရှိတော့ ပါပေ။

ချင်းဟွာ ကလည်း ပြီးပြတ်တဲ့ တာဝန်တွေကို ဟဲလျန်ချန်းကို တင်ပြ ပြီးတော့ ဟဲလျန်ချန်း ကလည်း ဒါက်ို စိတ်ကျေနပ်နေလေတယ်။

အဲ့ညမှာပဲ စုယွမ်အိပ်နေတုံး တစ်စုံတစ်ယောက် က သူ့ကိုစိုက်ကြည့် နေတယ်လို့ ခံစားလိုက်ရတယ်။ သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အခါမှာတော့ ဟဲလျန်ချန်း က အိပ်ယာဘေးမှာ ရပ်ပြီးတော့ သူ့ကို ကြည့်နေတာကို တွေ့လိုက်ရလေတယ်။

'' အရှင်မင်းကြီး က ဒီနေရာမှာ ဘာလုပ်နေသလဲ ဆိုတာကို ကျွန်တော်မျိုးမ မသိပါဘူး? ''

ထိုကဲ့သို့ စကား ပြောနေချိန်မှာ စုယွမ် က သူ့ရဲ့ ကိုယ်ကိုစောင်နဲ့ အတူ တင်းကျပ်စွာ ပတ်ထားလေတယ်။

သူက အမျိုးသမီး တစ်ယောက် လိုမျိုး ဝတ်ဆင်ပေး ခံရပြီးတော့ လက်ထပ်ပေးခြင်း ခံထားရတဲ့ အမျိုးသားတစ်ယောက်ပါ။

တကယ်လို့နောက်ပိုင်းမှာ မြွေဘုရင်က သူ့ကို တစ်ခုခု လုပ်ရင် ဘယ်လိုလုပ်ကြ မလဲ?

ဟဲလျန်ချန်း က လှည့်ထွက် သွားပြီးတော့ အခန်းထဲက စားပွဲခုံဘေး မှာ သွားထိုင်လိုက်တယ်။

'' ပိုင်ရှန်းရှန့် နေရာ က နောက်၃ ရက်အတွင်းမှာ ဖွင့်တော့မှာ။ မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေက ပါရမီရှင် တွေ၊ ရတနာတွေနဲ့ နတ်ဘုရားဖြစ်ဖို့ နည်းလမ်းတွေ ရှာဖို့လာကြမှာ။ မင်းလည်း ငါနဲ့ အတူ မနက်ဖြန် ကျရင်လိုက်ဖို့ ပြင်ဆင်ထားတော့ ''

ကြားရတာ ကတော့ အန္တရာယ်များ မယ့်ပုံပေါ်ပေမယ့် ပျော်စရာကောင်း မယ့်ပုံလည်း ပေါ်နေလေတယ်။

အဲ့နေရာမှာ တောင်တန်းနဲ့ ပင်လယ်တွေကို ရွေ့အောင် လုပ်နိုင်တဲ့ စူပါစွမ်းအားတွေလိုမျိုး၊ ကောင်းကင်ထဲမှာ ပျံပြီး ပုန်းနိုင်တဲ့ စူပါ့စူပါ့ စွမ်းအား လိုမျိုး ကိုတွေ့ရတော့မှာ မဟုတ်လား?

ဟဲလျန်ချန်း က စကားပြောပြီးတဲ့နောက် သူက အကြာကြီး မနေခဲ့ပေ။ ပြီးတော့ သူ့ရဲ့ ပုံရိပ် က အခန်းထဲ ကနေ အမြန်ပဲ ပျောက်ကွယ် သွားတော့တယ်။

စုယွမ် က အိပ်ယာ ကနေ ထကာ အခန်းထဲမှာ အရှေ့နဲ့ အနောက် ခေါက်တုံ့ခေါက်ပြန် လျောက်နေ ခဲ့လေတယ်။ ထိုနေရာမှာ သူ့အတွက်ရော အခွင့်အရေး တစ်ခုလောက်များ ရှိနေမလား မသိပေ။

မပြောနိုင်ဘူး လေ။ သူက ထိုင်နေရုံနဲ့တင် နတ်ဘုရားဖြစ်လာ နိုင်တဲ့ အခွင့်အရေး တွေ့ရင် တွေ့ရမှာ ပေါ့လေ။

ဘယ်အမျိုးသား မဆို သူတို့က သူရဲကောင်း တစ်ယောက် ဖြစ်လာစေ လိုတဲ့ အိမ်မက်တွေ ရှိကြတဲ့ အတွက်ကြောင့် စုယွမ်မှာလည်း ပုံမှန်အားဖြင့် ထို အိမ်မက် ရှိလေတယ်။

ဒီအချိန်မှာ လည်း သူက ပိုလို့တောင် စိတ်ဝင်စား လေတယ်။ ဒါ့အပြင် သူ့က တစ်ခြားသူတွေထက် ပိုအကျိုးရှိတာတဲ့ အရာ ကတော့ မြွေဘုရင် ဟဲလျန်ချန်း နဲ့ အတူ သွားမှာ ဖြစ်လေတယ်။

မြွေဘုရင် ဟဲလျန်ချန်း ဆိုတာ က ဘယ်သူလဲ?

သူက ငွေမြွေကလန်ရဲ့ ရက်စက်ကြီးစိုး တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ ကြောက်စရာ မကောင်းဆိုးဝါး ဘုရင်တစ်ယောက် ပဲလေ။

( သူ ဂုဏ်ဆာရှာတယ်)

ဟဲလျန်ချန်း နဲ့ အတူသာဆိုရင် ဘယ်သူကမှ သူ့ကို လာပြီး တော့ ရန်စရဲမှာ မဟုတ်သလို လှုပ်ရှားမှုတွေ လုပ်ရဲမှာ လည်း မဟုတ်တော့ပေ။

အချိန်ရောက်တာနဲ့ သူက ဟဲလျန်ချန်းရဲ့ နောက်ကို အသာလေး လိုက်ပြီးတော့ အကောင်းဆုံးကို ကောက်ယူလိုက်လို့ ရတယ်လေ။

မကောင်းဆိုးဝါး ဘုရင်ရဲ့ လက်အောက်ငယ်သား တစ်ယောက် အနေနဲ့ဆို သူက သေချာပေါက် ရှားပါး ရတနာတွေ ရမှာပဲ။

အနာဂတ်မှာ သူက ဂါထာတွေကို အသုံးပြုနိုင်ပြီးတော့ ကောင်းကင်ထဲကို ပျံသန်း လွတ်မြောက် နိုင်တဲ့ အကြောင်း တွေးလိုက်မိတာနဲ့ စုယွမ်ခမျာ စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်နိုင်ပေ။

ညရဲ့ အဆုံးမှာတော့ သူက နောက်ဆုံးမှာ အိပ်ပျော်သွားလေတယ်။ ပြီးတော့ သူ့ရဲ့ အိမ်မက်ထဲမှာ တော့ ကောင်းကင်ပေါ် ကို ပျံသန်းနေတဲ့ မြင်ကွင်းတွေပဲ ပြည့်နေခဲ့လေတယ်။

သူနိုးလာတဲ့ အချိန်မှာတော့ စုယွမ် က သူ့သွေးတွေ ဆူပွက်နေဆဲ ပဲလို့ ခံစားနေရတယ်။ ပြီးတော့ သူ့ရဲ့ ကျောပိုးအိတ်အသေးလေး ကို အစောကြီး ကတည်းက ပြင်ဆင်ထားပြီး ဖြစ်လေတယ်။

ထိုထဲမှာတော့ တန်ဖိုးရှိတဲ့ ကျောက်မြတ်ရတနာ တစ်ချို့နဲ့ ချွန်ထက်တဲ့ဓားမြောင်တွေ ပါလေတယ်။ ရတနာက ငွေရတာ လွယ်အောင်လို့ ဖြစ်ပြီးတော့ ဓားမြှောင်ကတော့ ကိုယ့်ဘာသာ ကာကွယ်ဖို့အတွက် ပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း ရော​က်တဲ့ အချိန်မှာတော့ စုယွမ် က ပန်းရောင်ဝတ်စုံလေး ဝတ်ထားကာ နှိုင်းယှဥ်လို့ မရတဲ့ အထိလှပကာ ကျက်သရေ ရှိနေခဲ့တယ်။ ဒါပေမယ့် သူ့နောက်ကျောက ကျောပိုးအိတ်ကြီး ကတော့ တကယ်လန့်ဖို့ကောင်း နေလေတယ်။

ဟဲလျန်ချန်း က စုယွမ်ရဲ့ အသိစိတ်ကို တောင် သံသယဝင်သွားလေတယ်။ တစ်ဖက်လူရဲ့ ကျောပိုးအိတ်ထဲမှာ ဘာတွေ ပါလဲ ဆိုတာ သိသွားတဲ့ အချိန်မှာတော့ ဟဲလျန်ချန်း တစ်ယောက် မတက်နိုင်တော့ပဲ ကြောင်အ သွားတော့တယ်။

ဒီကောင်လေး က သူ့ရဲ့ ဦးနှောက်ကို ချန်ခဲ့ပြီးတော့ များ မွေးလာတာ လား?

ပိုင်ရှန်းရှန့် ( နတ်ဘုရား တစ်ဝက်) တောင်ရဲ့ လျှို့ဝှက်မျိုးနွယ် နဲ့ ရင်ဆိုင်တွေ့ချိန်မှာ ဒီသေမျိုး ပစ္စည်းတွေ နဲ့ သူက ဘာသွားလုပ်လို့ ရမှာလဲ?

ဒီကောင်လေး ခေါင်း မကောင်းတော့တာ များလား?

( အကို ကလည်း မဖဲ့ပါနဲ့ ။ ဟိုက တောသား မြို့ရောက်လေး ကို)

.............................

တင်းဂွေ နေ့တိုင်း တစ်ပိုင်း တင်သည်!

Continue Reading

You'll Also Like

250K 14.9K 40
My priority /property/privacy
23.5K 964 4
Growl company ရဲ့သူဌေးဖြစ်တဲ့ Oh Sehun နဲ့ Growl company ကိုအလုပ်လာလျှောက်တဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ LuHan
49.2K 6.6K 11
ကျွန်တော်မနေ့က body check upသွားလုပ်ခဲ့တယ်။ DRE test စစ်ပေးတဲ့လူက ကျွန်တော့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေတယ်ဗျာ။ ပြီးတော့ သူကကျွန်တော့်ကို...
115K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...