အလႊာ (အလွှာ)(Completed)

By Junowai97

28.2K 1.7K 77

ကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ ကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအ... More

Part-(1)
Part-(2)
Part-(3)
Part-(4)
Part-(5)
Part-(6)
Part-(7)
Part-(8)
Part-(10)
Part-(11)
Part-(12)
Part-(13)
Part-(14)
Part-(15)
Part-(16)
Part-(17)
Part-(18)Ending
Part-(1)Uni
Part-(2)uni
Part-(3)uni
Part-(4)uni
Part-(5)uni
Part-(6)uni
Part-(7)uni
Part-(8)uni
Part-(9)uni
Part-(10)uni
Part-(11)uni
Part-(12)uni
Part-(13)uni
Part-(14)uni
Part-(15)uni
Part-(16)uni
Part-(17)uni
Part-(18)Ending uni

Part-(9)

115 10 0
By Junowai97

မကြာခင် သူဦးစီးနေသည့် Project လည်းပြီးစီးတော့မည်။
အကောင်းတကအကောင်းဆုံး တွေကိုသာ ကြိုက်တတ်သူဟာ ရလဒ်ကိုလည်း အကောင်းဆုံး ဖြစ်ရမည်ဟူသော ယုံကြည်မှုတွေသည်ပြည့်ပြည့်ဝဝ

အရာရာဟာ မနက်ခင်းတိုင်း ညနေခင်းတိုင်းတွင် ပုံမှန် လည်ပတ်နေဆဲပဲ
ငယ့် ကျောင်းဘက်က သတင်းတွေကို လည်း ကြားမိပါသည်။
ငယ်ဘယ်လောက်တော် ကြောင်း
ငယ်ဘယ်လောက် popular ဖြစ်ကြောင်းကို
ကြားတိုင်း ကျေနပ်ရသည်များက ဘာနှင့်မှ မတူ

ငယ်ဟာ သူမက်မောသမျှအရာတွေအားလုံးနှင့် ဘယ်တော့မှမလဲနိုင်တဲ့ ဖြစ်တည်မှုလေးတစ်ခု
သူ့ရှိသမျှ အရာအားလုံးနှင့်တောင် ယှဉ်လို့မရခဲ့
သူ့ရဲ့ငယ်ဟာ ကမ္ဘာပေါ်မှာ ဘယ်တော့မှနောက်ထပ်ရှိမလာနိုင်တဲ့ တန်ဖိုး အကန့်သတ်မဲ့
သူ့ဘဝရဲ့ အရာရာပါပဲ

"ချစ်တယ် ငယ်"

သူရဲ့ အလုပ်စားပွဲ ပေါ်မှ ငယ့်ရဲ့ ဘေးစောင်းတိုက် လျှပ်တပြက် ဓာတ်ပုံငယ်သည် ဘယ်သူမှ ထိလို့ ကိုင်လို့မရသည့်ရပ်ဝန်းတစ်ခု
အဲလောက်ထိ သူ ငယ့်ကို လောဘ ကြီးတာပါ

"တီ...တီ...တီ"

ဖုန်းဝင် လာသည်မို့ ကောက်ကိုင် လိုက်တော့ တစ်ဖက်မှပြောလာသည့် စကားများကြောင့် မျက်ခုံးတန်းတွေ သည် အလိုလို တွန့်ချိုးမိရက်သား

ထပ်ပြောလာသည့် စကားများကြောင့် နှင်းဆီလေး ၏ မျက်ဝန်းတွေသည် နှင်းဆီအရောင်တွေ ထလာရသည်။

အသက်ရှူ သံတွေသည် ပြင်းပြင်းရှရှဖြစ်လာရပြီး တစ်ဖက်မှ ဖုန်းချသွားသည်နှင့် မနေ့ကမှလဲ ထားသည့် နောက်ဆုံးပေါ် ဖုန်းလေးသည် ကြမ်းပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် ကျဆင်းသွားရသည်။

"တောက်!"

ထိုင်ခုံမှ Coat ကိုဆွဲလိုက်ကာ

အတွင်းရေးမှူး အား

"ဒီနေ့ အစီအစဉ်တွေ အကုန်ဖျက်လိုက်"

အလောတကြီး ထွက်ခွာလာခဲ့ လိုက်ကာ အဆောက်အဦး ရှေ့ ထိုးရပ်ထားသော Model မြင့် အနီရောင် ကားလေးပေါ်သို့ တက်ကာ ဦးတည် ရာကို အကြမ်းပတမ်း မောင်း ပြီးထွက်ခွာလိုက်တော့သည်။

.... .... .....

သည်နေ့ ကျောင်းတွင် အတန်းချိန် တစ်ချိန်သာရှိသည်မို့ နေ့လည်ဘက်တွင် အလုပ်မြန်မြန်ဝင်ကာ အိမ်စောစောပြန်ရမည်။

"Jung Kook sam ခေါ်နေတယ်"

အတန်း၏ EC လည်းဖြစ်သလို The whole king လည်းဖြစ်တဲ့ သူ့မှာ အလုပ်တွေက ကျောင်းရောက် လာပြီဆို ဆီးကြို နေတတ်သည်။

သူရွေးချယ်ခဲ့ခြင်းမရှိဘဲ အများရွေးချယ်ပေးထားသည့် သည်လမ်းမှာ စိတ်တိုင်းမကျ ခြင်းတွေ ပင်ပန်း ရခြင်းတွေတော့ ရှိပါသည်။

Sam နှင့် လိုအပ်သည်များကို ဆွေးနွေးကာ အတန်းပြန်တက်လိုက်သည်။
ကျောင်းEC မို့ ကျောင်းသား အားလုံးနှင့် အဆင်ပြေအောင်နေရသည်မှာ လည်းအလုပ်တစ်ခုပင်

"Jung Kook မင်းကိုပေးတာတဲ့"

ဘေးမှာ အချိန်ပြည့်မှောက်အိပ်နေတတ်သည့် သူ၏ နှစ်ကျ ရှားပါး သူငယ်ချင်းကြီး Min Yoongiက ပန်းစီးကြီး တစ်စီးကို ထိုးပေးလာသည်။

"မလို ချင်ပါဘူး hyungပဲယူ လိုက်"

"အင်း အထိမ်းအမှတ် အတွက် အလှဆင်တဲ့ ပန်းဆိုင်မှာ ငါပြန်ရောင်းစားလိုက်မယ်"

"အင်း"

မငြင်းပါ ဒါသည် ဖြစ်ရိုးဖြစ်စဉ်တွေမိုလို့
Jeon ကစကားနည်းနည်း
Yoongi က ပြောလိုက်သည့် စကားလုံးတိုင်းသည် တစ်လောကလုံး ကို နင်သွားစေနိုင်သော အစွမ်းသတ္တိတွေနှင့်
သူတို့နှစ်ဦး၏ ပေါင်းစပ်မှုသည် လိုက်လိုက်ဖက်ဖက်

"ဒီနှစ်တော့ အောင်အောင်ဖြေ ဗျာ hyung"

"ဘေးမှာ စာတော်ကျောင်းသားတစ်ယောက်လုံးရှိနေတာ ပဲ ကျစရာလား"

"ကျွန်တော် တော်တာ ကျွန်တော်ပဲ ရတာလေဗျာ"

Yoongi hyung က အိပ်ထားလို့ ပွယောင်းယောင်း ဖြစ်နေသော ဆံပင်တွေကို လှန်တင်လိုက်ပြီး

"စာလုပ်ဖို့ အချိန်တန်ပြီလေ
နှစ်နှစ်တောင် ကျောင်းမှာ ပျော်ပြီးပြီကို
အထက်တန်းတုန်း ကနဲ့ပေါင်းရင် လေးနှစ် ပေါ့ကွာ

မင်းကို မြင်ရတာ ငါစာလုပ်ဖို့ အချိန်ကျနေပြီလို့ ကိုယ့်ကိုယ်ကို မြင်တယ်"

"အင်း"

ဘယ်လိုရယ် ဘာ့ကြောင့်ရယ်တွေမရှိ သူငယ်ချင်းလိုတစ်မျိုး ညီအစ်ကို လို တစ်မျိုး သူတို့ကြားက ဆက်ဆံရေး တွေသည် ပြေပြေလည်လည်

Yoongi hyung သည် ဥာဏ်နည်း သူမဟုတ်တာ သူလည်းအသိ
ဘာ့ကြောင့် စာမေးပွဲတွေ ကောင်းကောင်းမဖြေလဲ ဆိုသည်ကိုတော့ သူလည်းမမေးဖြစ်

Min Yoongi တို့က ဒါကို လုပ်ကိုလုပ်မည်ဟု ဆုံးဖြတ်ထားလျှင်တော့ အမှန်တကယ်ပင်လုပ်ဆောင်တော့မည်ဖြစ်သည်။

"ဟို Queen ကောင်မလေး မင်းကို သဘောကျနေတာနော်သိလား"

"ကျွန်တော်... စိတ်မဝင်စားပါဘူး hyung ရာ"

စာတွေလိုက်မှတ်ရင်း တိုးတိုးပြောလာသော hyung ကြောင့် ဘောပင်ကို ဆုပ်ကိုင်ရင်းငြိမ်သက်ကာ တုန့်ပြန်ပြောဆိုလိုက်သော်လည်း
အားရုံထဲသို မဖိတ်ခေါ်ဘဲ ဝင်လာသော မျက်ဝန်းမှေးကျဉ်းကျဉ်းလေး တွေသည် ရင်မောရပြန်သည်။

ခေါင်းကို ခါရမ်းလိုက်ပြီး အတန်းကို ပြီးအောင် စိတ်နစ်ပြီး တက်လိုက်သည်။

အတန်းပြီးသည်နှင့် ထွက်လာတော့

"Jung Kook ....sam က ဘောလုံးကွင်းထဲ လာခဲ့ပါတဲ့"

လာပြောသည့် ကောင်မလေးသည် ရှက်ကိုးရှက်ကန်းဖြင့်

"အင်း"

စိတ်ထဲမှ ဘဝင်မကျသော်လည်း sam ကခေါ်သည် ဆိုသောကြောင့် သွားရတော့သည်။
Sam ကအတန်းမတက်သေးခင်လည်း ခေါ်ခဲ့သေးတာပဲ

ဘောလုံးကွင်းထဲ သို့ ရောက်သည်နှင့် samကိုမတွေ့ရ
ဘေးပတ်ပတ်လည်မှ ဝန်းရံလာသည့် ကျောင်းသား ကျောင်းသူများ သာ
နားမလည်နိုင်သလို မျက်ဝန်းဝိုင်းတွေနှင့် ကြည့် တော့ အားလုံးက ပြုံးရွှင်စွာ ဖြင့်

အနားရောက်သည်နှင့် ပန်းပွင့် များကိုကျဲဖြန့်လိုက်ပြီး

"ဂုဏ်ယူ ပါတယ် Jung Kook

တစ်ကျောင်းလုံး ရဲ့ Queen အချစ်ကို ရသွားလို့"

လူအုပ်ကြားထဲ မှ သူရင်းနှီးပြီးသား ကောင်မ လေး က ကိတ်မုန့်လေးတစ်ခုကို ကိုင်ပြီး ထွက်လာခဲ့သည်။
အတော်လေး လှတာ သူသိပါသည်။
သို့သော် သူ့နှလုံးသားတွေသည် အလုပ်လုပ်မနေခဲ့

သည်လို result ဖြစ် လာမည်မှန်း သူကြိုသိထားသော်လည်း
သည်လုပ်ရပ်ကိုရုတ်တရက် လုပ်ခဲ့ သည့် ကောင်မလေး အတွက် သူဘယ်လိုဖြေရှင်းရမလဲ ကြိုတင် မစဉ်းစားမိခဲ့

"Jung ငါနင့်ကို သဘောကျတယ်
အများကြီး သဘောကျခဲ့ရတာ စတွေ့ကတည်းက ပဲ

ဒီနေ့ငါ့မွေးနေ့မှာ နင်ငါ့ကို လက်ဆောင်အနေနဲ့ ငါ့အချစ်ကို လက်ခံ ပေးလို့ မရဘူးလား ဟင်

နင် သဘောတူ တယ် ဆို ငါတို့ ဒီကိတ်မုန့်ကို တူတူမီးမှုတ်ကြမယ်နော်"

ကောင်မလေးသည် ပြုံးရွှင် စွာ Jeon ကို ပြောနေခဲ့ သည်
Jeon ကတော့ ဝိုင်းဝန်း ကောင်းချီးပေး နေရသည့် ချစ်ခွင့်ပန်ခံ ရခြင်းကို မည့်သည့် တုန့်ပြန်မှု မှ မရှိစွာ မိနစ်နည်းနည်းကြာသည်အထိ ရပ်ကြည့်နေခဲ့သည်။

အခုမှ အိပ်ရေးဝကာ ထလာဟန်ရှိသော Yoongi hyung က လူအုပ်ကြားထဲမှ သူ့ကို မြင်သွားဟန်ရှိပြီး ခေါင်းရမ်းနေခဲ့သည်။

"လက်ခံလိုက်ပါ
လက်ခံလိုက်ပါ !"

ပတ်ပတ်လည် မှ ဆော်သြ သံတွေသည် တစ်ကွင်းလုံး ဟိန်းလျှက်

"တီ...တီ...တီ"

ကျယ်လောင်သော ကားဟွန်း သံနှင့် အတူ ကွင်းထဲ ဝင်လာသည့် ပြိုင်ကားနီနီလေး ကြောင့် အားလုံး၏ အာရုံတွေသည် တိမ်းစောင်းသွားကြရလေသည်။

ကားပေါ်မှ ဆင်းလာသော တစ်စုံတစ်ယောက် ကြောင့်လက်ရှိအခြေအနေကိုပင် ကျောင်း သားလေးတွေ သည် အမေ့မေ့အလျော့လျော့ တွေ ဖြစ်ကုန်ကြလေသည်။

Style pantနက်ပြာရောင်shirt အဖြူ ရောင်အောက်ခံပေါ် နက်ပြာရောင် coatကို ကြယ်သီး မတပ်ဘဲ ဝတ်ဆင်ထားတဲ့ နှင်းဆီလေး ဟာ သည်နေ့မှာလဲ တောက်တောက်လောင်လောင်ပါပဲ

အနက်ရောင် မျက်မှန်တစ်လက်ကို တပ်လာကာ လမ်းလျှောက်လာပုံက စမတ်ကျကျ

တစ်လှမ်း ချင်းလျှောက်လာသော ခြေလှမ်းတွေ မှာ ပတ်ဝန်းကျင် မှ သက်ရှိအစု စုတို့၏ အာရုံတွေသည် ဆူးတွေကို မမြင်နိုင်ကြလောက်အောင် သည်နှင်းဆီလေး အပေါ်တွင်မျော ပါလျှက်

သတိပင်မထား လိုက်မိပါဘဲ နှင်းဆီလေး လျှောက်သွားရာ လမ်းတစ်လျှောက် အဟန့်အတား မရှိ ရှောင်ဖယ် ပေးနေခဲ့ ကြလေသည်။

သည်နေ့ ၏ ဇာတ်လိုက်ဟုယူဆရသော ဇာတ်လိုက် ကျော် လေးရှေ့မျက်နှာချင်းဆိုင်ရပ်လိုက်ကာ မျက်မှန်ကိုဆွဲချွတ်လိုက်သည်။

Jeon မျက်မှန်အောက် မှ မျက်ဝန်းတွေကိုမြင်လိုက်ရချိန်တွင် သူ့ရဲ့ နှလုံးသား တွေကို တစ်စုံတစ်ရာနှင့် အားပြင်းပြင်း ဖျစ်ညှစ်ခံလိုက်ရသည့်နှယ်
ဒီလူဟာ အဆိပ်ဆူးတွေ အမြဲ ဝန်းရံ ခယနေတဲ့သူ
အမြဲတမ်းသူ့အရှေ့မှာ ဆူးမဲ့ နှင်းဆီလေး လုပ်နေတတ်ပေမယ့်
အရေးကြုံလာသည်နှင့် သည်လူ၏ အကာအရံတွေသည် ပေါ်လာတတ်စမြဲ

"ရွေးလေ ကို က လာအားပေးတာပါ
ငယ် မွေးနေ့လက်ဆောင် ပေးမှာ မဟုတ်လားသူငယ်ချင်းကို"

မွေးနေ့ကိတ်လေးကို ကိုင်ထားသည့် ယွန်းမီသည် ကြောင်အအ
ခပ်လှမ်းလှမ်း မှ Yoongi hyung သည် မျက်ခုံးတွေ ပင့်ကာ လခြမ်းကွေးသဏ္ဍန် ခပ်ရေးရေးလေးပြုံးနေခဲ့သည်။

"ဘာလာလုပ်တာလဲ"

"ကို လာလို့မရဘူးလား"

"မရဘူး"

ချက်ချင်းပြန်ဖြေပုံက ရှူးရှူးရှားရှား
ငယ့်မျက်ဝန်းတွေ မှာ ဒေါသရောင်တွေ တလက်လက် ထလို့ အသက်ရှူ တွေမြန်လာရသည်။
ငယ်က ဟန်မဆောင်တတ်ပါဘူးဆို

"ဘယ်လို လုပ် ရမလဲ ကို အလုပ်တွေ ကအရမ်းအားနေတော့ ဒီကျောင်းကို ကို လက်လွှဲ ယူရမလား စဉ်းစားနေတာ

အခု တော့ မြန်မြန် အကောင်ထည်ဖော်မှ ဖြစ်မယ်ထင်တယ်
ကို့ အမျိုးသားလောင်း လေးက စိတ်မချရတော့ဘူး"

"Park Jimin!"

သတိပေးလိုက်တဲ့ ငယ့်ရဲ့ ဟိန်းဟောက်သံ ဟာ တစ်ကွင်းလုံးကို ဟိန်းသွားရသည်။
နှင်းဆီလေး က လှလှလေး ပြုံးနေခဲ့သည်။

သိတာပေါ့ ငယ်မကြိုက်တာ
ငယ်ဟာ ငွေဆိုသည့် အသုံးအဆောင် ကို လက်နက်အဖြစ်ပြောင်းလဲ ခြင်းကို သိပ်မုန်းတီးတတ်တယ်ဆိုတာ

သို့သော် ဒီနေရာ မှာ သူ ငယ်ကို ပြတ်ပြတ်သားသား ပင်ငွေနှင့်စိန်ခေါ်ခဲ့ ခြင်းပင်
မတရားမှန်းသိ နေသော်လည်း တရားမှုသည် သည်နေရာတွင် အသုံးမဝင်သောကြောင့်ပင်

"ငယ်ကလည်း ကို ကြားပါတယ်
ကိုပြောတာမှာ စိတ်ဆိုးစရာ လည်း မပါဘဲနဲ့ ဘာ့လို့စိတ်ဆိုးနေတာလဲ လန့်စရာကောင်းအောင်"

စိတ်ရှိလက်ရှိ သာ လုပ်ပစ်ရလျှင် သည်လူ အရိုးတခြား အသားတခြားပဲ

သည်လူ လုပ်ပုံနှင့် မြန်မြန် အသက်တိုကုန်တော့မည်။

"ခင်ဗျား မပြန်ဘူးဆို ကျုပ်ပြန်ပြီ"

"ဒီကလေးကို ကို အဖြေ ပြန်ပေးလိုက်ရမှာလား ဒါဆို"

ယွန်းမီ လက်ထဲမှ ကိတ်မုန့် လေးပင် ယောင်ရမ်း လွတ်ကျကုန်လေသည်။
အားနည်းသူကို အနိုင် ကျင့်တတ်တာ သည်လူ့ဝါသနာထင်ပါ့

နက်ပြာ ရောင် ပုံရိပ် လေးကို စွေ့ကနဲ ကောက် ထမ်း လိုက်တဲ့ Jeon ကြောင့် ကျောင်းသူကျောင်း သားများသည် မျက်လုံးများပြူးကုန်ကြလျှက် တချို့တစ်ဝက် ဆိုလျှင် သွေးပွက်ပွက်အန်ကြတော့မတတ်

" ငယ် ကို့ ကို အောက်ချပေးစမ်းပါ

ငယ် ကိုပြောလို့ မပြီးသေးဘူးလို့ ငယ်ရေ.."

"ဖြောင်း!"

တင်ပါးပေါ်သို့ ကျရောက်လာသော ရိုက်ချက်သည် မသေးခဲ့
စကားသံတွေသည် ထွက်မလာတော့

ပြိုင်ကားနီနီလေး ထဲ ပစ်ထည့် လိုက်ကာ ခါးပတ် သေချာ ပတ်ပေးလိုက်ပြီး

"ပြန်တော့ ခင်ဗျား စိစိညက်ညက် မကြေချင်ဘူးဆို ပြန်တော့"

"ငယ်ကလည်း"

သည်တစ်ခါ ငယ့် အကြည့်တွေသည် သူလွန်ဆန်၍ မရနိုင်သော သတိပေးမှုတွေကို တွေ့လိုက်ရပြီ မိုလို့ နှင်းဆီလေး ကျေနပ်သွားရကာ

"Ok!ကို သွားပြီ မွ"

ပါးပြင် ထက်ကို ကျရောက်လာသော နှုတ်ခမ်းဖူးဖူးတွေ သည် ရှောင်တိမ်းချိန်မရခဲ့
ကျောင်းသားတွေ သည် ဟေးကနဲ ထအော် ကြလေ သည်။
Yoongi hyung ဆိုလက်ခုပ် လက်ဝါးပင် တီးလျှက်

ကားနီလေး ထွက်သွားမှ Jeon ခေါင်းရမ်းလိုက်သည်။
သူတို့၏ ဖူးစာရေးပွဲသည် မအောင်မြင်ခဲ့ကာ ဇာတ်လိုက်ကျော်မှာ ဧည့်သည်ဖြစ်နေခဲ့ သည်မို့ ကျောင်းသူ ကျောင်းသား များ သည်လည်း အသီးသီး ပြန်ထွက်သွားကြလေသည်။

ပန်းပွင့်ဖတ်တွေ ကြားမှာ သူရယ် ယွန်းမီရယ် ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ကိတ်မုန့်လေး တစ်လုံးရယ်

မျက်ရည် တွေစီးကျနေသောယွန်းမီ က Jeon ကို စူးစိုင်ကြည့်လာပြီး

"သူ့ကို အဲလောက်တောင် သဘောကျတယ်လား"

"ငါ..."

"သူ့ကို သူများတွေ ကြည့်မှာကို အဲလောက်တောင် နှမျော တာလား"

အဖြေ တွေ ကို မပေးဖြစ်ခဲ့စွာ ငြိမ်ငြိမ်သက်သက်လေး ရှိနေခဲ့ပါသည်။
တချို့ အဖြေတွေ က ပြန်ဖြေစရာ မလိုလောက်အောင် ငြိမ်သက်နေခြင်းကပဲ အဖြေပေးနေခဲ့ခြင်း ဖြစ်တာမို့ ငြိမ်ငြိမ်လေး သာ နေမိသည်။

ယွန်းမီ သိတာပေါ့ နက်ပြာရောင် တွေ ၏ ခြေလှမ်းအစမှာပင် သူမဟာ သည်ပွဲ ရဲ့ ဘယ်အခန်းကဏ္ဍ မှာမှ မရှိတော့ဘူးဆိုတာ

"အဲလိုပဲ ဖြစ်သွားတယ်

ငါသူ့ကို မလွန်ဆန်နိုင်ဘူး"

"မလွန်ဆန် ရက်တာပါဟာ
နင် ပျော်ရွှင်ရမှာပါ Jung ရယ် သူက နင့်ကို သိပ်ချစ်ပုံပါပဲ

ငါက..ငါကသာ ...."

"နင်က ဘာဖြစ်နေလို့လဲ
နင့်ကို ဂရုစိုက် ပြီး ချစ်ပေးမယ့်သူ ကို ပဲရွေးပါဟာ
အဲဒါက ပိုသင့်တော်ပါတယ်
ဒီနေ့ဟာ နင့်မွေးနေ့လေး ပဲ
သူငယ်ချင်းတွေနဲ့ မွေးနေ့ လုပ်တာ
ဟုတ်ပြီလား
ငါတို့ကြားမှာ ဘာမှ မရှိခဲ့ဘူး "

နေနိုင်သူဟာ သည်နေရာမှာ သိပ်ဆရာကျခဲ့တာမျိုး
လွယ်လွယ်နဲ့ မေ့ပစ်လိုက်ရအောင် တော်ရုံတန်ရုံ ခံစားချက် တွေမှမဟုတ်တာ
လွယ်လွယ်နဲ့ ဘယ်မေ့ပါ့မလဲ
ပြောနိုင်သူက ပြောထွက်ခဲ့ ပြီမို့ ယွန်းမီ ငိုနေရင်းကပင် အားတင်း၍ သူမချစ်ဦးသူကို ကြိုးစားပြုံးပြ နေခဲ့ပါသည်။

.... ..... .... .....

မျက်ဝန်းတွေ ဖွင့်လိုက်သည်နှင့် မေးထောက်ကြည့် နေသည့် မှေးကျဉ်းကျဉ်း မျက်ဝန်းတွေကို တွေ့ လိုက် ရပါသည်။

အိမ်လေးတစ်ခါ ခေါ်မိပါသည်။

သည်လူက တကယ့် ကို မလွယ်ကြော

"ငယ်..."

နဖူးကို လာစမ်းကြည့်ပြီး

"အင်း ကိုယ်မပူတော့ဘူးပဲ"

လက်သေးသေး လေးတွေ သည် နဖူးပေါ်လာရောက် ထိတွေ့လျှက်

သူဘယ်တုန်းက ဖျားသွားတာလဲ

ညနေအလုပ်စောစော ပြန်လာဖြစ်သော်လည်း သူနေမကောင်းဖြစ်သွားကြောင်းကို နည်းနည်း ပြန်မှတ်မိလာသည်။

အချိန်ကို ကြည့်လိုက်တော့ ည ဆယ်နာရီ
သည်လူ အိမ်မပြန်သေးဘူးလား....

ထိုလူ့ ခန္ဓာကိုယ်ကို ကြည့်လိုက်တော့ သူ့ရဲ့ Shirt တစ်ထည်က နေရာယူထားသည်။

"မပြန်သေးဘူးလား"

စိတ်လေပါသည် ဟုသော ပုံစံမျိုးဖြင့် နှင်းဆီလေး က သူ့ရှေ့မှာပေါ်ပေါ်တင်တင် သက်ပြင်းကို ချပြသည်။

"မပြန်ဘူး မင်းနဲ့ တစ်သက်လုံးနေမှာ"

ရှူးတည်တည်ဖြင့်စိုက်ကြည့် လိုက်တော့ လှလှ ပပ လေး ပြုံးပြလာသည်။
တတ်လည်းတတ်နိုင်သည့်လူ

"အိမ်ကို မပြန်ဘူးပဲ ဖုန်းဆက်လိုက်တယ်
ငယ်ကမှ နေလို့မကောင်းတာ"

စကားတွေတော့ အထူးထွေ မပြောဖြစ်တော့

အိပ်ယာမှ ထလိုက်သည်နှင့် နှင်းဆီလေးက စားပွဲသေးသေးလေးကို အနားရွေ့ ပေးလာသည်။

အငွေ့တလူလူ ထနေသော ထမင်းနှင့် ဟင်းများကြောင့် Jeon မျက်ခုံးတွေ ပင့်တက်သွားရသည်။

"ခင်ဗျား ချက်တာတော့ မဖြစ်နိုင်ဘူး"

"ကို့ အတွင်းရေးမှူး ကို လာပို့ ခိုင်းထားတာ"

သည်လောက် အစွမ်းအစတွေ ရှိနေမည်ဟုလည်း မထင်ပါ
ရွှေဇွန်းကိုက်လေး မို့ ထိမိခိုက်မိမှာ စိုးသောကြောင့်မေးခြင်းပင်

"ခင်ဗျားလည်း.စားလေ"

မျက်ဝန်လေးတွေက လင်းလက်သွားရကာ

"အဲလိုမျိုးရလား"

အဖြေမပေးတော့ သည်မို့ လေးဘက်ထောက်ပြီး ရောက်လာက အနားတွင် ထိုင်ချသည်။

တူနှစ်စုံရှိနေတာမို့ ကမ်းပေးတော့ ခေါင်းကို အတွင်တွင် ခါရမ်းပြသည်။
သည်လူကတော့လေ

လူနာလေးသည် ထမင်း တစ်လုတ်ခွံ့ကြွေး လိုက် စားလိုက်ဖြင့်သာ လူနာပြုစုသူအားပြန်ပြုစု ပေးခဲ့ပါသည်။

စားသောက် ပြီးသည်နှင့် လက်ထဲသို့ လာထည့်ပေးသော ဆေးတွေ ကို သောက်ချလိုက်သည်။
အဝတ်အစား တွေ လဲ လိုက်ပြီး မအိပ်ဖြစ်ခဲ့

စာကြည့် စားပွဲ ၌သာ ဝင်ထိုင်ဖြစ်ခဲ့သည်။
သူသည်ဘဝကြီးက ရုန်းထွက်ရန် သင်ခန်းစာ တွေကသာဆွဲခေါ်သွားနိုင်ပေလိမ့်မည်။
စာတွေ လေ့လာ တာ အချိန်တစ်ခု ရောက် သည်နှင့် သူခေတ္တခဏ လျစ်လျူ ရှုထားမိသော အခန်းထဲမှ နှင်းဆီလေး သည် စာအုပ် ကိုင်ထားသည့် လက်တစ်ဖက် ကို ဖယ် လိုက် ကာ ပေါင်ပေါ်ခွထိုင်ပြီး ရင်ခွင်ထဲ ခေါင်းမှီလာပါတော့သည်။

"ဘာလုပ်တာလဲ အောက်ပြန်ဆင်း"

"မဆင်းဘူး... ဒီတိုင်းလေး ပဲ ငြိမ်ငြိမ်လေး ကို နေမှာပါ

ငယ်က စာပြန်ဖတ်လေ ကို နေတတ်ပါတယ်"

တတ်လည်း တတ်နိုင်သည့် အနှောက်ယှက်လေးပင် သူ့ကို နေတတ်လားလို့ မမေးခဲ့
ကို နေတတ်ပါတယ် ဆိုပဲ

"အိပ်ချင်တယ်ဆို အိပ်ယာပေါ်မှာအိပ်လေ"

"စကားများလိုက်တာ ငယ်ရာ
ကိုပင်ပန်းလို့ပါ"

"ကျွန်တော် နဲ့ နေရရင် ဒီးထက်ပိုပင်ပန်းရလိမ့်မယ်"

"ငယ်...ငယ်က ကိုနဲ့ အတူနေဖို့တွေးထားပြီပေါ့"

ချက်ချင်း ရွှင်မြူးသွားသည့် မျက်နှာလေးသည် ဖုံးမရဖိမရ
Jeon မျက်ဖြူတောင် ဆိုက်ချင်လာပါသည် ။ သည်လူ ဟာ တကယ့် ပြောမကောင်းဆိုမကောင်း လေ

"အိပ်တော့မှာ ဆိုအိပ် စာဆက်ကြည့်ရဦးမှာ"

မျက်စောင်းဖြင့် ထိုးလာသော အလှတရားကြောင့် ရင်ဘတ်ထဲသို့ စူးကနဲ့
လက်သီးဆုပ် နှင့် ရင်ဘတ်ကို ဖွဖွထုကာ ခေါင်းအပ် ပြီး ပြန်အိပ်သွားလေသည် ။

အများအမြင်မှာ Jeon ဟာ ဘုဆတ်ဆတ်နှင့် လက်ပေါက်ကတ်တယ် လို့ ထင်ကောင်း ထင်ကြပါလိမ့်မည်။
သည်လူ လက်ပေါက်ကတ်တာကိုတော့ Jeon သာ လျှင် အသိဆုံး

စာ တော်တော် များများကို လေ့လာပြီးသည့်နောက် စာအုပ်များကို စနစ်တကျ သိမ်းဆည်း လိုက်ကာ ရင်ခွင် ထဲကို ငုံ့ကြည့်တော့ အနှောက်ယှက် လေးသည် အသက်ရှူ မှန်မှန်ဖြင့် အိပ်ပျော် လျှက်

ပင်ပန်တာ သိတာပေါ့
ကိုယ့်ကြောင့် သည်လောက်ထိ အပင်ပန်းခံ ပြီး နေသူကို အပြစ်မမြင်ရက်တော့ပါ
အချစ်ဝင်လျှင် အပြစ်မမြင် တတ်ကြတာဓမ္မတာမို့

အသာအယာ ပွေ့ချီလိုက်ကာ အိပ်ယာ ထက်သို့ ချပေးတော့ လက်သေးသေး တွေ က Jeon အင်္ကျီ စတွေ ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

လက်သေးသေး တွေကို တစ်ချောင်းချင်းဖြည်ချမည်ပြုတော့
နှုတ်ခမ်းက တထော်ထော်ဖြင့် ရှိုက်သံလေး စွက်ကာ ယောင်နေခဲ့ပါသေးသည်။

"မသွားပါနဲ့ ငယ်ရယ်"တဲ့

သူဟာ သည်လူကိုအိမ်မက်ထဲတွင်တောင် စိတ်အနား မပေးခဲ့ မိပြန်ဘူးထင်ပါသည်။
သည်လောက် စိတ်ဒုက္ခတွေ ရောက်နေတာကိုများ

သက်ပြင်းဖွဖွလေး ချပြီး ခန္ဓာကိုယ်လေးကို သိမ်းကြုံ ပွေ့ဖက် ပစ်လိုက်သည်။

ရင်ခွင်ထဲက ပါးဖောင်းဖောင်တွေ နစ်ဝင်သွားသည်အထိ နမ်းရှိုက်လိုက်ကာ

"ခင်ဗျား နဲ့တော့ ခက်တယ် အချစ်ဆုံးရာ"

25.4.23

Continue Reading

You'll Also Like

15.1K 1K 6
ဒယ်ဒီဂျွန်ဘေဘီဂျီမင်၏ဆောင်ပုဒ် "ချစ်လို့မွှေတာများများချစ်ရင်များများမွှေရမယ်" ဒယ်ဒီဂျွန်ဘေဘီဂျီမင်၏ဆောင်ပုဒ် "ချစ်လို့မွှေတာများများချစ်ရင်များများမေ...
17.1K 1.4K 40
Incorrect (correct) Ishman quotes. ❤️❤️ 👉🏻👈🏻 Not all are mine
31.4K 2.4K 13
{ JEON Jungkook } မုန်းတယ် ... သေလောက်အောင်မေ့ပစ်ချင်နေတာတောင်လုံးဝမေ့လို့မရတဲ့မင်းကို မုန်းတယ် သေလောက်အောင်နာကျင်စေခဲ့တဲ့မင်းကိုလုံးဝမမုန်းဘဲချစ်နေသ...