ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွ...

By SuMon5383

29.2K 2.5K 22

EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရ... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Paid gp
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
တစ်လတာအထူးပရိုမိုးရှင်းအစီအစဉ်
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
New Bl novel
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
✅✅ Complete ✅✅
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
ပရိုမိုးရှင်းလေးလာပါပြီ
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
ပရိုမိုးရှင်းလေးလာပါပြီရှင့်
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Gpဝင်မယ့်ကလေးတွေအတွက်

Ch-13

491 51 0
By SuMon5383

ဒီရက်ထဲမီးရောဝိုင်ဖိုင်ရောမကောင်းလို့ အပိုင်းသစ်လေးတွေလာတာ‌ေနာက်ကျနိုင်ပါတယ်နော်။

Ch-13 မင်းဘယ်သူနဲ့စကားပြောနေတာလဲ

  "ကျွန်မသာလူသတ်ခဲ့မယ်ဆိုရင်ဒီလိုအေးအေးဆေးဆေးအိမ်ပြန်လာနိုင်မယ်လို့ရှင်ထင်နေတာလား။ကျွန်မကပြန်လာပြီးရဲတွေကျွန်မကိုလာဖမ်းမှာကိုစောင့်နေလိမ့်မယ်လို့ရှင်ထင်လား"

  စုယန်၏တုန့်ပြန်မှုသည်မိမိအားအံ့အားသင့်စေသည်။ဤကဲ့သို့သွေးများပေကျံနေသည့်မိမိပုံကိုမြင်တွေ့ပြီးသည်ကိုပင်တည်ငြိမ်လွန်းနေသည့်သူ့ပုံစံအားမိမိမမျှော်လင့်ထားခဲ့ပေ။သူ၏ကိုယ်မှဝိညာဥ်ထွက်လုမတတ်ဖြစ်‌ေန‌ေသာ တက္ကစီဒရိုင်ဘာနှင့်နှိုင်းယှဉ်ကြည့်ရလျှင် စုယန်သည်ရှင်းလင်းစွာပင်ပုံမှန်ဟုတ်မနေခဲ့ပါပေ။

  သူကလူမဟုတ်ဘူးပဲ။

  "ဖီ...မင်းရဲ့နှေးကွေးတဲ့ကိုယ်စွမ်းကိုယ်ဆနဲ့ပေါ့လေ။မင်းလမ်းပေါ်ကကြုံရာလူတစ်ယောက်ယောက်နဲ့ရန်ဖြစ်လာပြီးဓားထိုးခံလာရတာလား"

  စုယန်သည်မှန်းဆနေရင်းညာလက်ဖြင့်သူ၏မေးစေ့အားပွတ်သပ်နေသည်။

  သူ့မှာကိုယ်ရည်သွေးတဲ့ပြဿနာရှိနေတဲ့အပြင်ငါလုပ်‌တယ်လို့တောင်ပြောရဲတယ်ပေါ့လေ။

  မိမိသည်အေးစက်စွာပင်နှာမှုတ်လိုက်သည်။

  "ကျွန်မမှာပိုးဟပ်တစ်ကောင်လိုစွမ်းရည်ရှိမနေဘူးရှင့်။ကျွန်မသာဓားထိုးခံခဲ့ရရင်အခုကျွန်မကရှင့်ရှေ့မှာရပ်နေနိုင်ဦးမယ်လို့ထင်လား။စိတ်မပူပါနဲ့။ကျွန်မကဘယ်သူ့ကိုမှဓားနဲ့မထိုးခဲ့သလို ကျွန်မကိုလည်းဘယ်သူကမှဓားနဲ့မထိုးပါဘူး။ဒါပေမယ့်ရဲဝန်ထမ်းတစ်ဦးကကျွန်မကိုကယ်ခဲ့ပြီး အခုသူမကICUထဲမှာ…"

  မိမိသည်ရေခဲသေတ္တာထဲမှရေတစ်ဘူးထုတ်လိုက်ကာ မိမိအိပ်ခန်းဆီပြန်ရန်စီစဉ်လိုက်သည်။

  မိမိအထဲမဝင်ခင်တွင် စုယန်အားရည်ရွယ်ချက်ရှိရှိစိုက်ကြည့်ကာသတိပေးလိုက်သည်။

  "ကျွန်မမှာတစ်ကယ်ကိုအရေးကြီးတဲ့တစ်ခုခုလုပ်စရာရှိ‌ေနတယ်။ကျွန်မကိုလာမနှောင့်ယှက်နဲ့။အခုနောက်ကျ‌ေနပြီ။ဒါကြောင့်ရှင့်ရဲ့အခန်းဆီပြန်ပြီးသွားအိပ်တော့"

  မိမိသည်အခန်းတွင်းလျှောက်လာသောအခါ ရှီယုသည်ပြတင်းပေါက်ရှိအငယ်မ၏ဘေးတွင်ခိုစီးနေလေသည်။မိမိသည်လိုက်ကာများအားမြန်မြန်ပိတ်လိုက်ကာ ‌‌ေပြာလိုက်သည်။

  "မကောင်းတဲ့အကျင့်တွေကိုအတုခိုးမနေနဲ့။အဲ့ဒါကသူမရဲ့ဝါသနာလေ"
 
မိမိသည်ကုတင်ပေါ်တွင်ထိုင်ကာ ရှီယုအားလာဖို့ခေါ်လိုက်သည်။

  "ဒီနေ့မှာ နင့်ကြောင့်သာမဟုတ်ရင် ငါဖြစ်ကောင်းဖြစ်နိုင်လောက် မဟုတ်သေးဘူး ငါသေချာပေါက်‌ေသသွားခဲ့လောက်ပြီ"

  မိမိသည်ရှီယု၏လက်ပေါ်ဖမ်းဆုပ်လိုက်သော်ငြား မိမိလုပ်နိုင်သမျှအားလုံးသည်လေအားဆုပ်ကိုင်ထားရုံသာပင်။

  မိမိသည်မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်အားအားစိုက်ထုတ်ကာတပ်ထားလိုက်ပြီး ရှီယုအားနှစ်သိမ့်ရန်ကြိုးစားလိုက်သည်။

  "ငါ့ရဲ့ပင်ကိုသိစိတ်ပေါ်အခြေခံရရင် နင်ကမသေသေးဘူး။အဲ့ဒါနင့်ဝိညာဉ်ကခန္ဓာကိုယ်ကနေယာယီထွက်လာရုံလေးတင်ပါ။အဲ့လိုကိုTVမှာမြင်ဖူးတယ်မလား။ဝိညာဉ်ကခန္ဓာကိုယ်ကနေထွက်သွားတာလေ။အဲ့ဒါကအခုလက်ရှိနင့်လိုပဲ...အိုက်ယား!ပွင့်ပွင့်လင်းလင်းပြောရရင် ငါလည်းအများကြီးမသိဘူးရယ်။နင့်မှာအသက်ရှင်ဖို့အခွင့်အရေးတစ်ခုရှိ‌နေသရွေ့တော့ အရှုံးမပေးလိုက်နဲ့နော်"

  မိမိသည်အလုပ်တွေဆက်လုပ်နေလိုက်သည်။ရှီယု၏မျက်နှာမှာတော့ အမူအယာမဲ့နေဆဲပင်။ရုတ်တရက်ပင် မိမိ၏အိပ်ခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။စုယန်သည်တံခါးအားမှီနေကာ မိမိအခန်းအားသတိထားသောအမူအယာဖြင့်စေ့စေ့စပ်စပ်အကဲဖြတ်နေတော့သည်။သူသည်အံ့ဩစွာဖြင့်

  "မင်းဘယ်သူနဲ့စကားပြောနေတာလဲ"

  "ရှင့်ကိုဘယ်သူကဝင်ခိုင်းလို့လဲ"

  မိမိလည်းခွန်းတုံ့ပြန်လိုက်သည်။

  "ကျွန်မကိုမနှောင့်ယှက်ဖို့ပြောမထားဘူးလား"

  စုယန်သည်အ‌ေရထူလှပြီးမိမိ၏ဝေဖန်လာသည့်ပုံကိုပြန်လည်တုံပြန်လာသည်။

  "ငါအထဲမဝင်ဘူး‌ေလ။ငါအပြင်မှာရပ်နေတာကိုမင်းမမြင်ဘူးလား"

  "ရှင်ဘာလိုချင်တာလဲ။ရှင့်မှာပြောစရာတစ်ခုခုရှိနေရင် အခုပဲအကုန်ပြောလိုက်တော့။ကျွန်မအရမ်းအလုပ်ရှုပ်‌‌ေနတယ်"

  စုယန်သည်သူ့လက်အားမြှောက်ကာတံခါးအား နှစ်ခါခေါက်လိုက်သည်။

  "အဲ့ဒါဘာကိုဆိုလိုတာလဲ"

  "ငါ့ကိုအထဲဝင်ခွင့်ပြုလိုက်"

  "တံခါးကပွင့်နေပြီးသားလေ။ရှင့်ဘာသာရှင်ဝင်လာရုံပဲကို ဘာလဲ ကျွန်မကရှင့်ကိုပွေ့‌ေခါ်ပေးဖို့လိုသေးတာလား"

  စုယန်သည်မိမိ‌ဒေါသထွက်နေသည့်အချက်ကို လျစ်လျူရှုလိုက်သည်။သူသည်တံခါးအားနှစ်ကြိမ်ထပ်ခေါက်လိုက်သည်။

  "မင်းကငါ့ကိုအထဲဝင်ခဲ့လို့ပြော"

  မိမိသည်တစ်ခုခုကိုသဘောပေါက်လိုက်ကာ အပြုံးတစ်ခုအသွင်ကွေးလိုက်သည်။

  "စုယန်။ကျွန်မကသာအထဲဝင်ဖို့မပြောရင် ရှင်အထဲဝင်မှာမဟုတ်ဘူးလို့ဆိုလိုတာလား"

  စုယန်သည်အခက်တွေ့သွားသည်။ထိုသည်မှာတစ်စက္ကန့်သာကြာခဲ့သော်ငြား မိမိ၏လျင်သောမျက်လုံးများမှာထိုအရာအားဖမ်းမိလိုက်သည်။

  အိုး!!!စုယန်မှာအားနည်းချက်ရှိတာသေချာပါတယ်။ငါကသာသူ့ကိုဝင်ဖို့မပြောရင်သူကငါ့ရဲ့ကိုယ်ပိုင်‌‌ေနရာထဲမဝင်လာနိုင်ဘူးပေါ့လေ။

  ဤသည်မှာမိမိ၏ယူဆချက်ပင်။

  "မင်းဘယ်သူနဲ့စကားပြောနေတာလဲ။စာချုပ်မှာသေချာပြောထားတယ်။မင်းသာသူငယ်ချင်းတွေခေါ်ခဲ့မယ်‌ဆိုရင် ငါဖြစ်တဲ့ပါတီဘီကထောက်ခံပေးမှ……"

  စုယန်သည်သူ့ကိုယ်သူညွှန်ပြရင်း မိမိအခန်းအားဆက်လက်စစ်ဆေးနေလေသည်။

  "သူငယ်ချင်း?ရှင်ဒီမှာတစ်‌ယောက်ယောက်ကိုမြင်မိလို့လား"

  မိမိသည်လက်အားလှုပ်ယမ်းကာ ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်သည်။

  "ငါအတည်ပြုဖို့အခန်းထဲဝင်ရမယ်။ငါ့ကိုအထဲဝင်ခွင့်ပေး"

  သူသည်ငြီးတွားနေသည်။

ငါအိပ်မက်မက်နေတာလား။ပြီးပြည့်စုံလှသည့်စုယန်သည် ချစ်စရာကောင်းစွာဝုန်းဒိုင်းကြဲနေသည်လော။

  "တံခါးကဖွင့်ထားတယ်။ရှင့်ကိုဘယ်သူကမှပိတ်မထားဘူး"

  မိမိသည်စုယန်မှအသည်းအသန်ကြားချင်နေသည့်စကားနှစ်လုံးအားပြောရန်ငြင်းဆိုလိုက်သည်။မိမိသည်သူ့အားရူးမတတ်မောင်းထုတ်ပစ်ချင်နေသည်။သူ့ကိုရူးသွားစေမှာပဲ။

  စုယန်သည်ခါးထောက်လိုက်ကာ

  "မင်းကရည်ရွယ်ချက်ရှိရှိလုပ်နေတာမလား မဟုတ်ဘူးလား"

  မိမိသည်မျက်လုံးများအားပေကလပ်ပေကလပ်လုပ်ကာရိုးသားဟန်ဆောင်နေလိုက်သည်။

  "ရှင်ဘာတွေပြောနေတာလဲဆိုတာကို ကျွန်မနားမလည်ဘူးရှင့်။ဒါပေမယ့်ရှင်ဘာမှလုပ်စရာမရှိတော့ရင် ကျွန်မတံခါးကိုပိတ်ပြီးကိုယ့်ဘာသာစကားဆက်ပြောရဦးမယ်"

  စုယန်သည်ဒေါသထွက်လွန်း၍သူ၏မျက်နှာမှာနီလိုက်စိမ်းလိုက်ဖြစ်နေတော့သည်။မိမိသည်သူမှမိမိအားဤနေရာမှကန်ထုတ်လိုက်မည်ကိုစတင်စိုးရိမ်လာသည်။ငါရင်ဆိုင်လိုက်တာပိုကောင်းမယ်။

  "ကျေးဇူးပြုပြီးဝင်ပါရှင်"

  စုယန်အဖို့ထိုစကားနှစ်ခွန်းမှာ အပြေးပြိုင်ပွဲစရန်ယှဉ်ပြိုင်ခွင့်ပြုလိုက်‌ေသာအဖွင့်သေနတ်ပစ်သံလိုပင်။စုယန်သည်မိမိအခန်းတွင်းသို့ချက်ချင်းဝင်ရောက်လာတော့သည်။

  "ငါသာဒီမှာတစ်ယောက်ယောက်ကိုတွေ့လို့ကတော့ မင်းအ‌သေပဲ"

  "လွတ်လွတ်လပ်လပ်စစ်ဆေးပါနော်။ဒါပေမယ့်ရှင်ဘာမှမတွေ့ခဲ့ရင်တော့ ကျွန်မကရှင့်ကိုလိုလိုလားလားနဲ့စွပ်စွဲခွင့်ပြုမှာမဟုတ်ဘူး"

  သူသည်ရှီယုအားမမြင်နိုင်သည်ကိုမိမိသိလေသည်။ထို့ကြောင့်မိမိအနေဖြင့်ဘာမှကြောက်စရာမရှိပေ။

  ‌ေမျှာ်လင့်ထားသလိုပင်စုယန်သည် ရှီယုမှသူ့ရှေ့တွင်ရပ်နေသည်ကိုပင် မမြင်နိုင်သလိုမခံစားမိနိုင်ခဲ့ပေ။သူသည်သူမအားတိုက်ရိုက်ဖြတ်သွားလေသည်။

  "မင်းတစ်ယောက်ယောက်နဲ့စကားပြောနေတာကိုငါကြားခဲ့တယ်ဆိုတာ သေချာတယ်"

  စုယန်သည်သက်ပြင်းမောချရင်းရေရွတ်နေကာ မိမိဗီရိုအားစတင်လှန်လှောတော့သည်။သူသည်မိမိအိပ်ရာအောက်ကိုပင်သတိထားပြီးစူးစမ်းနေခဲ့သည်။

  "ဝိုး တံခါးအပြင်ကနေရှင်ကခိုးနား‌‌ေထာင်တယ်ပေါ့လေ။ရှင့်မှာအဆင့်မရှိဘူးလား"

  မိမိသည်သူကိုယ်တိုင်မိမိအိပ်ရာ‌ေအာက်အားတူးဖော်ရန်ကြိုးစားနေသည်အားစောင့်ကြည့်ရင်းမျက်လုံးလှိမ့်လိုက်သည်။

  မိမိသည်လှည့်ထွက်ကာသူ့ကိုလျစ်လျူရှုထားရန်‌ဆုံးဖြတ်လိုက်ပြီး မိမိ၏သွေးများပေနေသောအပေါ်ဝတ်အားချွတ်ကာ သန့်ရှင်းသောအဝတ်ဖြင့်လဲရန်ရှာဖွေလိုက်သည်။

  စုယန်သည်ကြမ်းပြင်ပေါ်မှထလိုက်သည်နှင့် မိမိသည်လက်ပြတ်အင်္ကျီကပ်ကပ်လေးသာဝတ်ထားသည်ကိုသတိပြုမိလိုက်သည်။ချက်ချင်း‌ဆိုသလိုသူသည်မျက်လုံးများအားကာလိုက်ပြီး လှည့်လိုက်ကာ စိတ်လှုပ်ရှားစွာအထစ်ထစ်အငေါ့ငေါ့ပြောလာသည်။

  "မ...မင်း...ဘာလို့အဝတ်တွေချွတ်လိုက်တာလဲ။မင်းရူးနေလား"

  "ကျွန်မအဝတ်တွေကသွေးတွေပေနေတာလေ။ဒါပေါ့အဝတ်လဲရမှာပေါ့။ရှင်ကဘာတွေမျှော်လင့်နေတာလဲ။ရှင်ကကျွန်မကိုအဲ့ဒါကြီးဝတ်ပြီးနှစ်သစ်ကူးပွဲကျင်းပ‌ေစချင်လို့လား"

(T/N-တရုတ်မှာအနီရောင်ကမင်္ဂလာရှိတဲ့အရောင်ဖြစ်လို့ နှစ်သစ်ကူးပွဲတို့မှာဝတ်ဆင်ကြသည်။)

  စုယန်၏အလွန်အကျွံတုန့်ပြန်မှုသည်မိမိအားတော်တော်စိတ်ဝင်စားစရာကောင်းစေသည်။သူက...အရမ်းကို....ဖြူစင်တာလား။

  စုယန်သည်ဆွံ့အသွားတော့သည်။

  ခဏတာတိတ်ဆိတ်ပြီးနောက်မှာတော့ သူသည်မိမိထံညွှန်ပြကာခပ်တင်းတင်းတင်ပြလာသည်။

  "စာချုပ်ထဲမှာ အများပိုင်နေရာ၌မင်းကိုယ်မင်းမဖော်ပြသင့်ဆိုပြီးတင်ပြထားတယ်။မင်း‌ေမ့နေတာလား။မင်းကစာချုပ်ကိုဆန့်ကျင်ချင်နေတာလား"

  "ညီကိုရေ။ဒါကအများပိုင်နေရာလား။ဒါကကျွန်မအိပ်ခန်းလေ။အမ်။ ကျွန်မကတုံးလုံးကျွတ်နေတာလဲမဟုတ်ဘူးလေ။ရှင်ဒီtank topကိုမမြင်ဘူးလား"

  မိမိသည်စုယန်၏ကျောအားပုတ်လိုက်သည်။

  အံ့အားသင့်စွာဖြင့် စုယန်သည်မိမိမှသူ့ကိုအပ်များဖြင့်ထိုးလိုက်သလိုခုန်လိုက်သည်။သူသည်မျက်လုံးများအားပိတ်ထားပြီး မိမိခုတင်ပေါ်မှခုန်ချကာပြေးထွက်သွားသည်။သူသည်တံခါးအားမပိတ်ခင်တွင် နံရံအားဝင်တိုက်သွားသေးသည်။

  "မင်းကအမျိုးသားတစ်ဦးရှေ့မှာ အင်္ကျီချွတ်ချလိမ့်မယ်ဆိုတာ ငါမယုံကြည်နိုင်ဘူး။မင်းကနှာဘူးပဲ"

  စုယန်သည်တံခါး၏တစ်ဖက်ခြမ်းမှအော်လာသည်။

  "ရှင်!"

  မိမိသည်တံခါးအားခပ်ကြမ်းကြမ်းဆွဲဖွင့်ကာစုယန်အားစိုက်ကြည့်လိုက်သည်။မိမိသည်လက်မောင်းများအားကြက်‌ခြေခတ်လိုက်ကာtank topအောက်ခြေအားဆုပ်ကိုင်ကာဆွဲချွတ်တော့မလိုလုပ်လိုက်သည်။

  မျှော်လင့်ထားသလိုပင် စုယန်သည်မကိုင်တွယ်နိုင်တော့ပေ။သူသည်ချက်ချင်းဆိုသလိုသူ့အခန်းထဲသို့ထိန်းမနိုင်သိမ်းမရပြေးဝင်သွားတော့သည်။

  ဖီ....နင်ကငါနဲ့တိုက်ခိုက်ချင်တယ်ပေါ့လေ။

  မိမိသည်လက်များအားရိုက်လိုက်ကာ အောင်ပွဲခံပြုံးပြလိုက်သည်။မိမိသည်လှည့်ပတ်ကာ တံခါးအားပိတ်လိုက်ပြီးရှီယုအားအောင်ပွဲခံသင်္ကေတတစ်ခုပေးလိုက်သည်။

  "ငါတော့စိတ်ရှုပ်စရာကောင်းတဲ့မှင်စာရဲ့အားနည်းချက်ကိုရှာတွေ့လိုက်ပြီ"

  ယခုတွင်မိမိမှာစုယန်အားဖယ်ရှားပြီးသွား၍မိမိတို့၏ခုနမှဆွေးနွေးပွဲကိုဆက်လိုက်သည်။သို့သော်မိမိတို့သည်ဖြေရှင်းချက်တစ်ခုမှရမလာပေ။ထို့ကြောင့်မိမိသည်လပ်တော့ဆီလှည့်သွားကာ ခန္ဓာကိုယ်များမှထွက်သွားသောဝိညာဉ်များအကြောင်းကိုရှာဖွေလိုက်သည်။

စိတ်မကောင်းစွာပင် ရလဒ်အများစုမှာအသုံးမဝင်ခဲ့ပေ။မိမိမှရှာဖွေလေလေမိမိမှာမျှော်လင့်ချက်မဲ့သလိုခံစားရလေလေပင်။မိမိသည်စိတ်ပျက်နေချိန်၌မည်သည့်သစ်ပင်ကိုမဆို‌လိုက်ဟောင်နေဖို့အတွေးရှိနေပြီး ဖိုရမ်တစ်ခုပေါ်တွင် မေးခွန်းတစ်ခုချန်ထားခဲ့ကာ ဝိညာဉ်တစ်ခုကခန္ဓာကိုယ်တွင်းဘယ်လိုပြန်ဝင်ရမည်ဆိုသည့်အကြံအတွက်အကြမ်းဖျင်းရှာဖွေလိုက်သည်။

  နာရီအတော်ကြာစောင့်ဆိုင်းပြီးနောက်တွင်တော့ နောက်ဆုံးတွင်တစ်ယောက်ယောက်မှ‌တုံ့ပြန်လာခဲ့သည်။သို့သော်သူသည်မိမိအားလှောင်ပြောင်နေသည်။

  အချိန်အနည်းငယ်အကြာတွင်တော့ အခြားတုံ့ပြန်မှုများရှိလာသည်။သို့သော်ထိုသည်မှာထေ့ငေါ့သည့်ကွန်းမန့်နှင့်ထူးဆန်းသောကြော်ငြာအချို့သာပင်။မိမိသည်နည်းလမ်းမှာကျရှုံးသွားသလိုခံစားလိုက်ရသည်။မိမိသည်နောက်တစ်ခါနက်နက်နဲနဲထပ်စဉ်းစားလိုက်ရာ တစ်ခုခုအားရုတ်ချည်းတွေးမိလိုက်သည်။မိမိသည်စိတ်လှုပ်ရှားစွာဖြင့်လက်ကိုရိုက်ချလိုက်သည်။

  "ရှီယုရေ ဆေးရုံကိုထပ်သွားရအောင်"

  ထို့နောက်မိမိသည်အနွေးထည်အားဝတ်လိုက်ကာ အခန်းထဲမှထွက်ရန်ပြင်လိုက်သည်။

  "ငါအရင်ကTVမှာမြင်ဖူးတယ်။နင့်ရဲ့ဝိညာဉ်ကခန္ဓာကိုယ်ထဲမရှိရင် ဘာလို့ထပ်ပြီးပြန်မဝင်နိုင်ရတာလဲ။သိပ္ပံနည်းအရတော့ နင့်ရဲ့ရုပ်ခန္ဓာကအသက်ရှင်နေတုန်းပဲ။ရလဒ်နဲ့မဆိုင်ပဲ နင်ပြန်ဝင်နိုင်သင့်တယ်...ငါတို့‌ေတွဆေးရုံကိုပြန်သွားပြီးကြိုးစားကြည့်ကြတာပေါ့"

  မိမိသည်တံခါးဖွင့်ဖို့ကြိုးစားရင်းစိုးရိမ်‌ေနသလိုစိတ်အားထက်သန်‌နေတော့သည်။

  "ဟာ!ထူးဆန်းလိုက်တာ။ငါတံခါးကိုဖွင့်လို့မရပါလား"

  မိမိသည်အားစိုက်လိုက်ပြီး တံခါးဖုအားဘယ်ညာလှည့်လိုက်သော်ငြားတုတ်တုတ်မှမလှုပ်ခဲ့ချေ။စောစောကစုယန်ကိုကျီစယ်ရတာကောင်းတာကိုတော့ဝန်ခံရမယ်။

  မိမိသည်သဘောပေါက်လာပြီးတံခါးအားထုကာ‌ေအာ်လိုက်သည်။

  "စုယန်!ရှင်ဘာသောက်ကိစ္စတွေလုပ်နေတာလဲ"

  တုံ့ပြန်မှုမရှိ...

  "စုယန်!ရှင်ကျွန်မတံခါးကိုတစ်ခုခုလုပ်ထားတယ်ဆိုတာ ကျွန်မသိတယ်နော်။ရှင်ကျွန်မကိုအပြင်ထွက်ခွင့်ပေးတာ ပိုကောင်းမယ်နော်။ကျွန်မမှာအရေးတကြီးလုပ်စရာတစ်ခုရှိနေတယ်လို့"

  သူသည်မိမိအားဘာကြောင့်များလော့ချထားသည်ကိုနားမလည်နိုင်ပေ။

  အချိန်ခဏအကြာတွင် မှတ်စုတစ်စောင်သည်တံခါးကွဲကြောင်းမှတစ်ဆင့်ဝင်လာသည်။

  ထိုအရာမှပြောထားသည်မှာ

  "ဒီနေ့မင်းလုပ်ခဲ့သမျှကို‌ေတွး‌ေတာဆင်ခြင်နေလိုက်ပါ။ငါကမင်းရဲ့မူမမှန်တဲ့အပြုအမူတွေကိုစုံစမ်းတော့မှာမဟုတ်ဘူး။ပြီးတော့ စာချုပ်ချိုးဖောက်တဲ့အတွက်မင်းကိုအပြစ်ပေးရမယ်။ကြင်နာတတ်တဲ့နှလုံးသားရှိသောအခန်းဖော်တစ်ယောက်အနေနဲ့ငါ့ရဲ့ငဲ့ညှာတတ်တဲ့ဘက်ခြမ်းကိုပြသဖို့ငါကမင်းကိုကောင်းကောင်းနားခိုင်းဖို့ဆုံးဖြတ်လိုက်တယ်"

Continue Reading

You'll Also Like

13.1K 1K 27
Paid GP 5လပိုင်း 20 တွင် စပါမည်။
32K 4.2K 47
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
293K 14.1K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
13.1K 2.2K 26
Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...