(7.1)
ငွေရောင်မြွေငယ်လေး! ?
စုယွမ် က နေရာမှာတင် အေးခဲ သွားလေတယ်။ ဒါက သူ့အိမ်မက်ထဲက ငွေရောင် မြွေငယ်လေး မဟုတ်ဘူး လား။
ဒါဆိုရင် ထိုအဖြစ်အပျက်က အိမ်မက်လား ဒါမှမဟုတ် တကယ်ဖြစ်ခဲ့တာလား?
ထိုမေးခွန်းတွေက စုယွမ်ရဲ့ ဉာဏ်ရည်လေး နဲ့ ဖြေရှင်းဖို့ရာ အတွက် အရမ်းကို နက်နဲလွန်းနေ ခဲ့တယ်လေ။
မြွေဘုရင် ဟဲလျန်ချန်း ကတော့ စုယွမ်ရဲ့ အမျိုးမျိုး ဖြတ်ပြေးသွားတဲ့ ခံစားချက် တွေကို ဖမ်းမိခဲ့တာကြောင့် သူက အရမ်းကို ပြင်းပြ စွာ ခံစားလိုက်ရတယ်။
တုန်လှုပ်ခြင်း ၊ စိတ်ရှုပ် ထွေးခြင်းနဲ့ အနည်းငယ် ဆုံးရှုံးမှု ။
ဘာကြောင့် သူက တုန်လှုပ်ရတာလဲ?
သူက ဘာအတွက်ကြောင့် အံ့သြ သွားတာလဲ?
ပြီးတော့ ဘာလို့ တစ်ခုခု ကို ဆုံးရှုံးဟန် ပြနေရတာလဲ?
သူက စုချင်းရှု အပေါ်မှာ ဘာ ထင်မြင်ချက်မှ အရင်က မရှိခဲ့ပေ။ သူက သူမကို မြင်တဲ့ အချိန်မှာ ဒါက စုမိသားစုရဲ့ ပါရမီရှင် မိန်းကလေးလို့ ပြောနေတာကို ကြားခဲ့ ရတယ်။ ဒါကြောင့် မလို့ သူက သူ့ရဲ့ ငွေရောင်မြွေ ကလန်ထဲကို ဝင်ပြီးတော့ လက်အောက်ငယ်သား အဖြစ် အမှုတော် ထမ်းချင်လားလို့ သာမန်ကာလျှံကာ မေးခဲ့မိတယ်။
ဒီတစ်ချိန်မှာတော့ စုယွမ်ရဲ့ အမူအရာပေါင်းစုံ ဖြတ်ပြေး သွားတာကြောင့် ဟဲလျန်ချန်း က စိတ်ဝင်စား သွားလေတယ်။ ပြီးတော့ သူ့ရှေ့က အမျိုးသမီး ကို သေချာလေး ကြည့်နေခဲ့တယ်။
အနက်ရောင် ရေတံခွန်လို ကျဆင်းနေတဲ့ ဆံပင်တွေရယ်၊ ဖီးနစ်ငှက်လို သွယ်လျတဲ့ မျက်လုံးတွေရယ်၊ မိုးမခ လို ကွေးညွတ်နေတဲ့ မျက်ခုံးတွေ၊ နီရဲရွန်းစို နေတဲ့ နှုတ်ခမ်း ၊ လနတ်ဘုရားမလို လှပတဲ့ ရုပ်သွင်နဲ့ သွယ်လျတဲ့ ကိုယ် ရှိလေတယ်။
သူမက အမှန်တကယ်ကို ကမ္ဘာပေါ်က အလှလေး ဖြစ်တာကြောင့် အလှဆုံးဆိုတဲ့ အမျိုးသမီး ဘွဲ့ကို ရတာက ထိုက်တန်ပါတယ် ။
ဒါပေမယ့် အဲ့အလှလေး က သူ့အတွက်တော့ ဖြတ်သွား ဖြတ်လာ တစ်ယောက် လိုပါပဲ။
စုချင်းရှု ( စုယွမ်) က ထိုသူ အကြောင်း ကို သိနေလောက်လား?
ဟဲလျန်ချန်း က စိတ်ထဲမှာသာ တွေးနေပေမယ့် အပြင်မှာတော့ ဘာစကားမှ မပြောပေ။ သူက တိုက်ရိုက်ပဲ စုယွမ်ရဲ့ ပုံတူပန်းချီ ကို သူမရှေ့မှာ ဖြန့်ချ လိုက်တယ်။
ပြီးတော့ ချက်ချင်းပဲ သူ့ရဲ့ စိတ်ဝိဉာဥ် အထဲထိ ရှာဖွေနည်း စနစ်ကို သုံးလိုက်ပြီးတော့ စုယွမ်ရဲ့ ပထမ ဘဝ တစ်ဝက် က စုမိသားစု မှာ အနှိမ်ခံ ဘဝ နဲ့ နေခဲ့ ရတယ်ဆိုတာ ကို ရှာတွေ့ခဲ့တယ်။
သူ့လို မျိုးပဲပေါ့။ အနည်းငယ် တော့ သနားစရာ ကောင်းပါတယ် ။
ဒါပေမယ့် သူက အခု မကောင်းဆိုးဝါး မြွေဘုရင်ကြီး ဖြစနေပြီ မလို့ ဘယ်သူကမှ သူ့ကို အနိုင်မကျင့်ရဲတော့ ဘူးလေ။
မဟုတ်သေးဘူး ။ ဒါက စုချင်းရှု မဟုတ်ဘူး!
ဟဲလျန်ချန်းရဲ့ မျက်လုံးတွေက ချက်ချင်းပဲ ကျဥ်းမြောင်း သွားပြီးတော့ မျက်နှာ ကလည်း နစ်မြုပ် သွားတော့တယ်။
စု မိသားစု က အရမ်းကို သတ္တိတွေ ရှိနေလို့ အမျိုးသား တစ်ယောက် ကို အမျိုးသမီး လို ဝတ်ပေးပြီးတော့ သူ့ကိုတောင် လက်ထပ်ခိုင်း ရဲသေးတယ်ပေါ့လေ။
ပါရမီရှင် မိန်းကလေးကို ပျက်စီးစေမှာကို ကြောက်လို့ အရေးမကြီး ၊ အရည်အချင်း မရှိတဲ့ သားကို မြွေဘုရင် စားဖို့ ပို့ပေးလိုက်တယ်ပေါ့။
စုမိသားစု က လူတွေက ထိုကောင်လေး ရဲ့ ရုပ်သွင် ကိုပဲ ဖုံးကွယ် ထားပြီးတော့ ဟဲလျန်ချန်း က စိတ်ဝိဉာဥ် အထိပါ ရှာမယ်လို့ မတွေးမိခဲ့ ကြပေ။
အခုချိန်မှာ ဟဲလျန်ချန်း က စိတ်ကောင်းဝင် မနေပဲ မကျေမနပ် ဖြစ်သလို ခံစားနေရတယ်။ သူ့ရဲ့ ငယ်ဘဝ က အတွေ့အကြုံတွေကြောင့် သူဟာ အလွန်အမင်းကို ခံစားလွယ်ပြီးတော့ စိတ်တိုလွယ်သူ ဖြစ်တယ်။
သူ့အပေါ် အခုလိုမျိုး ဆက်ဆံတာ ကို သူက ဘယ်လိုလုပ် အလွတ်ပေး နိုင်မှာ တဲ့လဲ?
သူက ချက်ချင်းပဲ လက်သီးဆုပ်လိုက်မိတယ်။ အရှေ့က လူကို အရင်ဆုံး သူ့လက်နဲ့ ညှစ်သတ် ပြီးတော့မှ စုမိသားစုကို ဆေးကြောဖို့ သွားမယ်လို့ စီစဥ် လိုက်လေတယ်။
စုယွမ်က ချက်ချင်း ကြီး လည်ပင်း ထညှစ်ခံ လိုက်ရတာကြောင့် တုန်လှုပ်သွားသလို သူ့ရဲ့ ကိုယ်ထဲ ကနေ ဝိဉာဉ် တောင် အမြန်ထွက်တော့ မလိုခံစား နေရလေတယ်။
မကြာခင်မှာပဲ သူ့လည်ပင်းကို ညှစ်ထားတာ က အရမ်းကို ပြင်းထန်လာတာကြောင့် ရုတ်တရက် ပဲ မျက်လုံးတွေ ပြူးသွားကာ အကြောက်တရားတွေ ရုတ်တရက် ပြည့်လာ ခဲ့တယ်။
ဒါပေမယ့် ဟဲလျန်ချန်း က သူ့လက်တွေကို ရပ်တန့်လိုက်တယ်။ သူ့မျက်လုံးတွေ ကတော့ တစ်နေရာကို စိုက်ကြည့်နေခဲ့တယ်။
ဒီအကြည့်က အရမ်းကို ဆင်တူ လွန်းတယ်။
အဲ့တာက ဘုရားသခင်လို့ သူ့ကိုယ်သူ ပြောခဲ့တဲ့ အမျိုးသားနဲ့ တူနေတယ်။ ဒီမကောင်းဆိုးဝါး နေရာ တစ်ခုလုံးမှာ ထိုအမျိုးသား တစ်ယောက် ထဲ ကသာ သူ့ကို နွေးထွေးမှုတွေ ပေးခဲ့တာ။
ဘယ်လိုပဲ ဖြစ်ပါစေ သူ့လက်ထဲက လူက ထိုအမျိုးသား လုံးဝ မဟုတ်ဘူး ဆိုတာကို သူသိလေတယ်။
တစ်ဖက်လူရဲ့ မှတ်ဉာဏ်တွေ ထဲမှာ သူတွေ့ခဲ့ရတာက သူရဲဘောကြောင်တယ်၊ သည်းခံတက်တယ်၊ ဘေးဖယ်ခံထားရတယ်၊ ဘာမှမသိပဲ လျစ်လျူ ရှုခံထားရတယ် ဆိုတာတွေပဲ။
သူ့ နှလုံးသား ထဲမှာ ရှိတဲ့ ထိုလူကတော့ တက်ကြွတယ်၊ ကြင်နာ ပြီးတော့ နေမင်းလိုပဲ ငြင်သာ နွေးထွေးတယ်။ ထိုအမျိုးသား အတွက်ဆိုရင် ကောင်းမွန်တဲ့ စကားတွေတောင် မှ ဖော်ပြဖို့ရာ မလုံလောက်ပေ။
စုယွမ်ရဲ့ မျက်လုံးထဲက ကြယ်လေးတွေ ကိုတွေ့သွားတော့ ဟဲလျန်ချန်းရဲ့ နှုတ်ခမ်းထောင့် က အသာလေး ကွေးကျ သွားတယ်။
ထိုလူဟာ ဟိုအမျိုးသားလေး မဟုတ်ရင်တောင်မှ ပဲ တူညီတဲ့ အကြည့်တွေ ရှိနေတဲ့ အတွက်ကြောင့် သူဘာမှ မလုပ်နိုင်တော့ ပါပေ။
ဒါပေမယ့် သူက အဲ့တာကို မကြိုက်ဆဲ ဖြစ်နေပြီးတော့ စုယွမ်ကို တစ်ခဏ မှာပဲ အဝေးကို ပစ်ထုတ် လိုက်တယ်။
အပစ်ခံလိုက်ရတဲ့ စုယွမ်ဟာ မြေပြင်ပေါ်ကို ဘန်း ခနဲ ပြုတ်ကျ သွားကာ နာကျင်မှုကြောင့် ကွေးကွေးလေး ဖြစ်သွားတော့တယ်။
စုယွမ် က စိတ်ထဲမှာ အသားကုန် ကျိန်ဆဲ နေပေမယ့် သူက ကိုယ်ပိုင်အားပေါ် မူတည်ပြီး အချင်းချင်း ချရင်တောင်မှ မြွေဘုရင်ကို ထိတောင်မထိနိုင်ဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါက အရမ်းများလွန်းတယ်။
သူသာ မှော်ပညာကို တက်ပြီး အောင်မြင်စွာနဲ့ သန်မာတဲ့ လူတစ်ယောက် ဖြစ်လာတဲ့ အချိန် ရောက်ရင် သူ့ကို လုပ်ခဲ့တဲ့ ထိုသူတွေ ကို သူ့အပေါ် လုပ်ခဲ့သလို ပြန်ခံစားခွင့် ပေးလိုက် မယ်။
စုယွမ် က မြေပြင်ပေါ် လဲနေရင်းနဲ့ သူဟာ တစ်နေ့မှာ အသန်မာဆုံး လူဖြစ်လာပြီးတော့ ရောင်စုံတိမ်တွေကို စီးနင်းရင်း သူ့ကို အနိုင်ကျင့် ဘူးတဲ့ လူတွေကို ပြန်ပေးဆပ်စေကာ ထိုလူတွေက သူ့ကို လွတ်ပေးဖို့ တောင်းပန်နေတာကို စိတ်ကူးယဥ် ကြည့်နေခဲ့လေတယ်။
ဒါပေမယ့် အထက်မှာ ရပ်နေတဲ့ ဟဲလျန်ချန်း က ချက်ချင်း ပဲ သူ့ရဲ့ ရင်ဘက်ကို ဖိကာ သူ့မျက်နှာပေါ်မှာ နာကျင်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။ သူ့မျက်လုံးတွေ က ကြည့်ရတာ တော့ အေးခဲ နေဟန်ပါပဲ။
ဒုတိယအကြိမ် မိတ်လိုက်ရာသီ က စတင်လာပြီ!
ဟဲလျန်ချန်း က ဘယ်သူမှ မရှိတဲ့ နေရာကို တက်နိုင်သမျှ မြန်မြန် ရှာချင်ပေမယ့် သူ့ရဲ့ ကိုယ်က အားနည်းတဲ့ အခြေအနေကို ရောက်နေတာကြောင့် လုံးဝကို မလှုပ်နိုင်တော့ပေ။ သူက အတက်နိုင်ဆုံး လှုပ်ရှားပေမယ့် လက်ချောင်းတွေ ကိုသာ အနည်းငယ် လှုပ်နိုင်ခဲ့တယ်။
ဟဲလျန်ချန်း က အလျင်လို နေခဲ့တယ်။ သူ့ရဲ့ မိတ်လိုက်ရာသီ က တက်လာရင် သူနဲ့ အနီးစပ်ဆုံး သက်ရှိသတ္တဝါ တစ်ခုကို ဆွဲယူပြီးတော့ မင်္ဂလာ ဦးညမှာ လုပ်ရမယ့် ဟာတွေကို လုပ်မိပြီး အတင်း ပေါင်းစည်း ပြစ်လိမ့်မယ်။
......................
တနင်္ဂနွေ နေ့တိုင်း တစ်ပိုင်းတင်သည်!