အချစ်ထက်သာလွန်သော[Completed]

By Ta_yaw2006

915K 50.7K 3.2K

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း
memo
ART
Book!!

အပိုင်း(၉)

22.5K 1.5K 96
By Ta_yaw2006

Recommended song _Bolbbalgan4 _Galaxy

Unicode

ကိုဇမ်းအိမ်တွင် ၂နာရီလောက် အချိန်ကုန်သွားသလို စကားဝိုင်းထဲ တစ်ယောက်ထဲခွဲထွက်နေတဲ့ ကျွန်တော့်ကို လွမ်းစေသော်က ဆွဲခေါ်ပြီး စကားပြောစေခဲ့တာကြောင့် ကိုဇမ်းနဲ့ ကျွန်တော် ရင်းနှီးသလောက် ရှိလာခဲ့သည်။

သိလိုက်ရတာက ကိုဇမ်းနာမည်အရင်းက ကိုဇမ်းရှင်းနိုင် ဖြစ်ပြီး ငယ်စဥ်က သူ့ဆီလည်း အလည်လာဖူးသေးတယ်ဟု ပြောသေးသည်။အပြန်တွင် အချိန်မစောတော့တာမို့ အနည်းငယ်မှောင်နေလေ၏။

မြို့ထဲသွားသည့် လမ်းမကြီးက လူတော့ပြတ်မနေ။သူ့နေရာ နဲ့ သူစည်စည်ကားကားရှိသည်။ အိမ်ပြန်ရောက်ရောက်ချင်း ချွေးစေးတွေနဲ့ မနေတတ်တာကြောင့် ရေတစ်ထပ်ချိုးလိုက်၏။လွမ်းစေသော်က သည်လိုနေရာတွင် ညစ်ပတ်သည်ဟု ပြောရမည်။ကျွန်တော်ကသာမနေနိုင်တာ သူက သူ့သူငယ်ချင်းတွေနဲ့ အိမ်ရှေ့မှာ ဘောလုံးပင် ထွက်ကစားနေလေသည်။

အန်တီခိုင်က မုန့်ဟင်းခါးအသဲစွဲပီပီ မုန့်ဟင်းခါးကို  ကျွန်တော်တို့ကိုတောင် မစောင့်တော့ဘဲ အပီဆွဲနေသည်။ပျင်းပျင်းနဲ့ အိမ်ရှေ့ထွက်ကာ လွမ်းစေသော်တို့ ဆော့နေတာကို ထိုင်ကြည့်နေလိုက်၏။ဒါ့အပြင် အိမ်နီးနားချင်းဘေးအိမ်က ဆော့နေတဲ့ကလေးတစ်သိုက်လည်း ရှိသေးသည်။အလွန်ဆုံးရှိငါးနှစ်အရွယ်လေးတွေပင်။
ကြက်တောင်စီးလေးတွေနဲ့ ပါးကွက်ဝိုင်းဝိုင်းလေးတွေက ကလေးချစ်တဲ့ကျွန်တော့်အဖို့ ချစ်စရာအလွန်ကောင်းသည်။

"ဟိတ် ရန်ကုန်သားလေး ပျင်းရင် ဝင်ကန်ပါလား"

ဟင်းချက်တိုင်း ကစားနေတဲ့ ကလေးတစ်သိုက်ကို ငေးကြည့်နေတဲ့ ကျွန်တော့်အား ဘောလုံးကန်နေတဲ့လွမ်းစေသော်ရဲ့ သူငယ်ချင်းတွေ တစ်ယောက်ကလှမ်းခေါ်သည်။

"ချစ်ငယ် ရေချိုးပြီးပြီမလား မကန်နဲ့"

ထိုအခါ မှုန်ကုတ်ကုတ်မျက်နှာထားဖြင့် ပြန်ဖြေတဲ့သူက လွမ်းစေသော်ဖြစ်သည်။

"မင်းကလည်း ပျင်းနေမှာပေါ့ လာလာ"

လွမ်းစေသော် သူငယ်ချင်းက ပြောရင်ဆိုရင်း ကျွန်တော့်လက်မောင်းကိုင်ကာ ဆွဲခေါ်သည်။

"မင်းတို့ကကြမ်းတယ် ထိုက်စံ အေးအေးဆေးဆေးဆော့"

"အေးပါ အေးပါ"

ခပ်အေးအေးလေသံနဲ့ လူကြီးပုံဖမ်းကာ ပြောနေတဲ့ပုံစံက ကျွန်တော် အနည်းငယ်တော့ ရှိန်သွားသည်။တကယ်လဲ ကျွန်တော်က ချွေးတလုံးလုံးနဲ့ဆော့ရတာမျိုး ဝါသနာမပါ။နွေရာသီဆိုတော့ ပိုဆိုးသည်။ကျွန်တော်ဝါသနာပါသည်က စာဖတ်ချင်ဖတ် မဖတ်ချင် သီချင်းနားထောင်လေ့ရှိသည်။

"ကိုကို"

"ဟင်"

ကျွန်တော်နံဘေးတွင် ကြက်တောင်စည်းထားကာ သနပ်ခါးဘဲကြားနဲ့ ကလေးမလေးတစ်ယောက် ရောက်လာ၏။

"ကိုကို က ဘယ်ကလဲဟင် ခုမှမြင်ဖူးလို့"

"အင်း ကိုကိုက ရန်ကုန်က"

"ဟီး အဲ့ဒါကြောင့်ကို ပျင်းရင် သမီးတို့နဲ့ လာဆော့ပါလား"

ငယ်သွားလဲတဲ့အရွယ်ဖြစ်ရာ ပြုံးပြလာတဲ့ကလေးမလေးသွားမှာ နှစ်ချောင်းကျိုးလို့နေသည်။

"ဆော့ပါ ကိုကို မဆော့တော့ဘူး"

"ဟုတ် ဟို ကိုကိုက ကိုကြီးလွမ်းနဲ့ သိတာလား"

"အင်း"

"ကိုကြီးလွမ်းကကျကြောက်စရာကြီး ကိုကိုကကျချောတယ်နော် ဟီး"

ထိုအခါ ကျွန်တော် ကျေနပ်စွာ ပြုံးလိုက်ရင်း  ဒီကလေးအမြင်ရှိသည်ဟု ချီးကျူးမိလိုက်သည်။

"ဟုတ်လား ကိုကြီးလွမ်းလည်း ချောပါတယ်ကွ"

"ချောဘူး စောစောက ကိုကို့ကိုကြည့်တာကို သမီးကိုမျက်စောင်းလာထိုးနေတယ် အခုလည်းကြည့်"

ကျွန်တော့်လက်ကို ကိုင်ရမ်းရင်း ကလေးပီပီပြန်တိုင်လာသည်။ကလေးစကားကြောင့် မယုံသင်္ကာဖြင့် ဘောလုံးကန်နေတဲ့ လွမ်းစေသော်ကို အကြည့်ရောက်လိုက်တော့

"ဟား ဟား ဟား"

ကျွန်တော် ထိန်းမနိုင်စွာ ရယ်မိတော့သည်။ရုတ်တရက် သတိရမိတာသည်
ရန်ကုန်အိမ်က ဘေးအိမ်မှာမွေးထားတဲ့ အင်းခွေးကြီးကိုသာ။မာန်ဖီရင် လွမ်းစေသော်လိုမျိုး ခပ်ဆင်ဆင်ရှိသည်။ဘုရားရေ....ကျွန်တော်ရယ်တာ မရပ်တော့။

"ကိုကို ရော့"

"..."

မျက်စိရှေ့ရောက်လာတဲ့ နှင်းဆီပန်းတစ်ပွင့်။ကလေးမလေးက ဖြူလုံးလေးမို့ ရှက်နေတာမှန်းအသိသာ။မလွယ်ကြောလေး။

"ပန်းပေးတာလား ကိုကို့ကို"

"ဟီး ကိုကိုကချောလို့"

"ကျေးဇူးပါဗျာ"

"မယူရပါဘူး"

ကျွန်တော့်လက်ထဲမှ နှင်းဆီပန်းကိုဆွဲယူသွားသူက လွမ်းစေသော်။ဘောလုံးကန်ရင်းက ဘယ်လိုဖြစ်ပြီး
ရောက်ချလာတာလဲ။

"ပုံ့ပုံ့ သွား ကိုယ့်ဘာသာဆော့လေ ဘာကိစ္စပန်းလာပေးတာလဲ"

"ကိုကိုကချောလို့ပေးတာ ဘာဖြစ်လဲ ဘာဖြစ်လဲ"

"အောင်မာ ညည်းအမေကို ငါတိုင်မှာနော် ကောင်လေးကို ပန်းပေးနေတယ်ဆိုပြီး"

"အင့် ဟင့် အဲ့ဒါကြောင့် ကိုကြီးလွမ်းက ချစ်ဖို့မကောင်းတာ"

"လွမ်းစေသော်ရာ ကလေးကို...."

"ဘာလဲ မင်းက သူ့ဘက်ကလား"

ကလေးနဲ့အပြိုင်ရန်ဖြစ်တာအားမရလို့ ကျွန်တော့်ဘက် မြှားဦးကလှည့်လာသည်။တစ်ဆက်တည်းတွင် မျက်မှောင်ကြုတ်ပြီးရစ်တောမည့် လွမ်းစေသော်က  ဖြူလုံးလေးထက် ချစ်စရာ​ကောင်းနေသည်ကို အရှက်သည်းစွာ ဝန်ခံရဦးမည်။

"မဟုတ်ပါဘူး"

"ကိုကို က သမီးဘက်က မဟုတ်ဘူးပေါ့ အီး ဟင့် ပန်းလဲပေးရသေး အူးဝါး"

"မ မဟုတ်ပါဘူး ကိုကိုက ပုံ့ပုံ့ဘက်က မငိုနဲ့နော် ကိုကြီးလွမ်းကစနေတာ နော် ဟုတ်တယ်မလား လွမ်းစေသော် စနေတာမလား"

ငိုနေပြီဖြစ်တဲ့ ကလေးအား မငိုရန်တားမြစ်ရင်း ချော့မော့နေကာမှ အလိုက်ကန်းဆိုးမသိတဲ့လွမ်းစေသော်က သူ့လက်ထဲက နှင်းဆီပန်းကို ချေပစ်နေသည်။ဒီကောင်ကတော့..

"အူးးးးဝါးး ကိုကို့ ပေးထားတဲ့ ပန်းကို အင့် ချေပစ်တယ်"

"ဟမ့် ဘာဖြစ်လဲ ဒီမှာ နောက်တစ်ခါ သူ့ကို ပန်းလာပေးရဲပေးကြည့် နင့်အမေကိုငါတိုင်မှာနော် ပုံ့ပုံ့"

"ဟေ့ကောင် လွမ်းစေသော် ဘယ်လိုဖြစ်နေတာလဲ ကလေး ငိုနေတယ်လေ"

"ချစ်ငယ်ကလည်း..."

ပူအိုက်သည့် ကြားထဲ ပြသာနာဖြစ်နေတဲ့၂ယောက်ကြောင့် ကျွန်တော်စိတ်က မရှည်ချင်တော့။လွမ်း​စေသော်ကို ပါးစပ်ပိတ်ဟု ပြောလိုက်သည့် အကြည့်မျိုးကြည့်ပေးလိုက်ရင်း နံဘေးက ငိုနေသည့် ကလေးအား ချော့မော့ရသည်။

"တိတ်တိတ် ပုံ့ပုံ့သူငယ်ချင်းတွေနဲ့ သွားဆော့တော့နော် ကိုကြီးလွမ်းကို ကိုကိုရိုက်လိုက်မယ် ဟုတ်ပြီလား"

"ဟင့် နာနာလေးရိုက်ပေး "

"ဒီကောင်မလေးကတော့"

"လွမ်းစေသော်"

ခပ်ကြိတ်ကြိတ်အသံနဲ့ သတိပေးလိုက်တော့ ငြိမ်ကျသွားသူကလွမ်းစေသော်။ကျွန်တော် သက်ပြင်းဖွဖွချရင်း

"ရေသွားချိုးတော့ ခဏနေ ညစာစားရအောင်"

ထိုအခါ ဘာစကားမှပြန်မပြောဘဲ လှည့်ထွက်သွားသူကြောင့် ငုတ်တုတ်ကြီးကျန်နေခဲ့သူမှာ ကျွန်တော်။ဘာလဲ စိတ်ဆိုးသွားတာလား။

ရေတဗွမ်းဗွမ်းချိုးနေတဲ့အသံသည် ဆောင့်အောင့်ချိုးနေတဲ့ပုံစံမျိုးမို့ ကျွန်တော် ရိပ်စားမိလိုက်သည်။သေချာနေပြီ လွမ်းစေသော် ကျွန်တာ့်ကိုစိတ်ဆိုးနေတာ။ညစာစားသည့် အချိန်ထိ ကျွန်တော်နဲ့ လွမ်းစေသော် ဘာစကားမှ မပြောဖြစ်သေး။အန်တီခိုင်က စားပြီးပြီမို့ စားပွဲဝိုင်းတွင် ကျွန်တော်နဲ့လွမ်းစေသော်သာ ရှိနေ၏။ခပ်သင်းသင်းမုန့်ဟင်းခါးအနံ့က ဆာလောင်နေတဲ့ ကျွန်တော့်ဗိုက်ကိုဆွဲဆောင်နေသယောင်။သံပုရာသီး၂စိပ်လောက်ညစ်ကာ ငရုတ်သီးမှုန့် ခပ်များများလေးထည့်လိုက်လျှင်

"ငရုတ်သီးမှုန့်တွေ အများကြီးမထည့်နဲ့လေ"

"အမ်"

"စပ်မှာပေါ့"

ဆူနေသည် မဆိုသော အသံနဲ့ဖြင့် လွမ်းစေသော်က ပြောလာသည်။ရုတ်တရက် ကျွန်တော်စားတော့မည့်ပန်းကန်းအား ယူကာ သူစားတော့မည့် ပန်းကန်နဲ့လဲပစ်သည်။ထိုအခါ ကျွန်တော်က ကြောင်အစွာဖြင့်

"ဘာလုပ်တာလဲ ငါစားမဲ့ပန်းကန်ကို"

"အဲ့ဒါဘဲစား ဒါငါစားလိုက်မယ် ဒီလောက်ထိထည့်စားမလို့လား စပ်ပြီး ဗိုက်နာချင်တာလား မင်းက"

"မင်းလည်း ဗိုက်နာမှာလေ"

"ငါက အစပ်စားနိုင်တယ် စားစရာရှိတာစား"

ဘာမှဆက်ပြောမနေတော့ဘဲ စားစရာရှိတာစားနေသော်ငှား ကျွန်တော့်စိတ်က မလုံ့မလဲ။ပုံမှန်ဆို လေနဲ့မပြတ်အောင် စကားပြောလွန်းသည့်လွမ်းစေသော်က ယခုတွင် အသံတိတ်နေသည်မှာ ဇွန်းသံ ပန်းကန်သံမှ လွဲ စကားသံ တစ်လုံးတစ်လေလေးမှ ဟမလာခဲ့။ထိုအခါ ကျွန်တော် မနေတတ်စွာ မေးလိုက်၏။

"စိတ်ဆိုးနေတာလား"

"မဆိုးပါဘူး"

"အင်း ပြီးတာပဲ"

"ဟာကွာ...ချစ်ငယ်ကဘာမှန်းမသိဘူး စိတ်ဆိုးနေတာလားမေးတော့စိတ်မဆိုးဘူးဘဲဖြေမှာပေါ့ အဲ့တာကိုစိတ်မဆိုးဘူးထင်ပြီးပစ်ထားလို့မရဘူးလေ ချော့ရမှာပေါ့ ချော့ရင်လဲမသိမသာလေးချော့ သိသိသာသာကြီးချော့ရင်ကျရှက်စရာကြီး အခုလိုတွေပြောနေရတာမဟုတ်သေးဘူး စိတ်ဆိုးနေတာ စိတ်ဆိုးနေတာ
ရပြီလား"

ခေါင်းကိုငုံ့ကာ မုန့်ဟင်းခါးဖက်တွေကို ဇွန်းကြီးနဲ့ထိုးထိုးချနေတာ ပန်းကန်ကြီးပါ ကွဲတော့မလို။ဒါ လွမ်းစေသော် စိတ်ဆိုးတဲ့ အမူအရာလား။ကျွန်တော် မနေနိုင်စွာ ပြုံးမိရင်း

"မင်းကဘာစိတ်ဆိုးနေတာလဲ"

"ဟိုကလေးမဘက် ဘာလို့ပါတာလဲ ဟိုကလေးမက ငါ့လောက် မင်းကိုဂရုစိုက်ပေးလို့လား ပြီးတော့ ငါ့ကိုလည်း ကလေးရှေ့အော်တယ် "

ပထမအချက်ကကလေးဆန်တယ် ဆိုပေမဲ့ ဒုတိယအချက်က ကလေးရှေ့အော်မိသွားတာ ။ကျ့န်တော် ကျောမတ်သွားကာ ငါမှားပြီ ဟူသည့် အသိက တန်းကနဲ ဝင်ရောက်လာတော့၏။ဟုတ်တယ် ဒါကျွန်တော့် အမှား။ ကလေးရှေ့အော်ခံရတဲ့ လွမ်းစေသော် ဘယ်လောက်ရှက်သွားမလဲ။ဒါကို ကျွန်တော်မတွေးလိုက်မိဘူး။

"မဟုတ်ပါဘူး ငါကမင်းဘက်ကပါကွာ....အဲ့ကလေးမလေး ငိုနေတာနားငြီးလို့ ပြီးပြီးရော ပြောလိုက်တာလေ သူ့ဘက်ကသာဆို ငါမင်းကိုရိုက်ပြီးပြီ ကလေးရှေ့အော်မိတာကလည်း နေကလဲပူ နားကလဲပူဆိုတော့ ငါလည်းစိတ်တိုသွားလို့ပါ ငါတောင်းပန်တယ်နော် စိတ်မဆိုးနဲ့ ဟုတ်ပြီလား မင်းစိတ်ဆိုးရင်ငါမနေတတ်လို့ပါကွာ နော် စိတ်မဆိုးနဲ့"

၅စက္ကန့်လောက်ကြာသည်အထိ လွမ်းစေသော်ဘက်မှ မတုံ့ပြန်သေး။မကြာလိုက် ကျွန်တော်တို့ နှစ်ယောက်ကြား တိတ်ဆိတ်မှုကို ဖြိုခွင်လိုက်တဲ့ ချောင်းဟန့်သံကို ကြားလိုက်ပြီးနောက် လွမ်းစေသော်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလာ၏။

"စိတ်မဆိုးစေချင်ရင် ကိုကို လို့ခေါ်လေ"

"ဘာ"

"ကိုကို လို့ခေါ် အဲ့တာမှ စိတ်ဆိုးပြေမယ်"

"လွမ်းစေသော် မင်းဟာကကွာ...."

"ဪ လူတွေများနော် ဟုတ်ကိုမဟုတ်ဘူး စိတ်ဆိုးရင် မနေတတ်ဘူးဘူး ပြောပြီး တကယ် စိတ်ဆိုးပြေမဲ့ဟာကျ လုပ်မပေးဘူး "

"မင်းဟာကြီးက မဟုတ်သေးဘူးနော်"

တကယ်လဲမဟုတ်သေးဘူး။ ကိုကိုလို့ခေါ်ရမှာ ရှက်တယ်လေ။မဖြစ်သေး။ ကျွန်တော် မသိချင်ယောင်ဆောင်ကာ  မုန့်ဟင်းခါးသာ ဆက်စားနေလိုက်၏။လွမ်းစေသော်ဆိုတဲ့ကောင် အသက်ကြီးတိုင်းအနိုင်ကျင့်နေတာ။ကိုကိုတဲ့ ခေါ်စရာလား။

"ငယ်ချစ်ဦး ငါစိတ်ဆိုးနေသေးတုန်းနော်"

"အမ် အင်း"

ကြားနေကျ ချစ်ငယ်ဟုတ်မနေဘဲ နာမည်အပြည့်အစုံခေါ်လိုက်သူကြောင့် ကြောင်အမ်းအမ်းဖြစ်သွားတဲ့သူက ကျွန်တော်။လွမ်းစေသော်က စိတ်ကလဲကြီးသည်။သူဖြစ်ချင်ရင် တဇွတ်ထိုးဆန်သည်။
မတတ်နိုင်တော့ သည်ကိစ္စက မဟုတ်ရင် ပြီးမှာမဟုတ်။ချောင်းတချက်ကိုဟန့်၊ အသက်ဝဝရှူရင်း၊ချွေးစေးအနည်းငယ် ပြန်နေသည့် လက်ကို ပုဆိုးဖြင့် သုတ်ကာ လွမ်းစေသော်ရဲ့ခပ်တည်တည်မျက်နှာကိုကြည့်ပြီး

"ကိုကို"

"ဗျာ"

ဘုရားရေ.... ကျွန်တော်မနေတတ်တော့။ဒီအခြေနေကြီးနဲ့လွမ်းစေသော်ရှေ့ မနေတတ်ချင်တော့တာ အမှန်။။

"အာ ရှူးပေါက်ချင်လာပြီ"

စားပွဲဝိုင်းကနေ အကြောင်းပြချက် မုသားဆိုရင်း ထထွက်လာခဲ့လိုက်တော့သည်။ကျွန်တော့်ကို လွမ်းစေသော်က ရူးအောင်လုပ်နေတာ။အရူးကောင်။

ပိုင်ဆိုင်လိုစိတ်တို့က
ဖြစ်တည်မှုဆိုတဲ့အသိနဲ့ ညံ့သက်သွားလျက်
မေတ္တာတို့ဖြင့်သာ တိတ်တဆိတ်ချစ်နေပါ့မည်..

....
Ta_yaw
Words _2100
ကြိုက်ကြရဲ့လားရှင့်😁

Recommended song _Bolbbalgan4 _Galaxy

လွမ်းစေသော်
Birthday _8.7.1991(ဗုဒ္ဓဟူးသား)

ငယ်ချစ်ဦး
Birthday _2.11.1992(အင်္ဂါသား)

Zawgyi

ကိုဇမ္းအိမ္တြင္ ၂နာရီေလာက္ အခ်ိန္ကုန္သြားသလို စကားဝိုင္းထဲ တစ္ေယာက္ထဲခြဲထြက္ေနတဲ့ ကြၽန္ေတာ့္ကို လြမ္းေစေသာ္က ဆြဲေခၚၿပီး စကားေျပာေစခဲ့တာေၾကာင့္ ကိုဇမ္းနဲ႕ ကြၽန္ေတာ္ ရင္းႏွီးသေလာက္ ရွိလာခဲ့သည္။

သိလိုက္ရတာက ကိုဇမ္းနာမည္အရင္းက ကိုဇမ္းရွင္းနိုင္ ျဖစ္ၿပီး ငယ္စဥ္က သူ႕ဆီလည္း အလည္လာဖူးေသးတယ္ဟု ေျပာေသးသည္။အျပန္တြင္ အခ်ိန္မေစာေတာ့တာမို႔ အနည္းငယ္ေမွာင္ေနေလ၏။

ၿမိဳ႕ထဲသြားသည့္ လမ္းမႀကီးက လူေတာ့ျပတ္မေန။သူ႕ေနရာ နဲ႕ သူစည္စည္ကားကားရွိသည္။ အိမ္ျပန္ေရာက္ေရာက္ခ်င္း ေခြၽးေစးေတြနဲ႕ မေနတတ္တာေၾကာင့္ ေရတစ္ထပ္ခ်ိဳးလိုက္၏။လြမ္းေစေသာ္က သည္လိုေနရာတြင္ ညစ္ပတ္သည္ဟု ေျပာရမည္။ကြၽန္ေတာ္ကသာမေနနိုင္တာ သူက သူ႕သူငယ္ခ်င္းေတြနဲ႕ အိမ္ေရွ႕မွာ ေဘာလုံးပင္ ထြက္ကစားေနေလသည္။

အန္တီခိုင္က မုန့္ဟင္းခါးအသဲစြဲပီပီ မုန့္ဟင္းခါးကို  ကြၽန္ေတာ္တို႔ကိုေတာင္ မေစာင့္ေတာ့ဘဲ အပီဆြဲေနသည္။ပ်င္းပ်င္းနဲ႕ အိမ္ေရွ႕ထြက္ကာ လြမ္းေစေသာ္တို႔ ေဆာ့ေနတာကို ထိုင္ၾကည့္ေနလိုက္၏။ဒါ့အျပင္ အိမ္နီးနားခ်င္းေဘးအိမ္က ေဆာ့ေနတဲ့ကေလးတစ္သိုက္လည္း ရွိေသးသည္။အလြန္ဆုံးရွိငါးႏွစ္အ႐ြယ္ေလးေတြပင္။
ၾကက္ေတာင္စီးေလးေတြနဲ႕ ပါးကြက္ဝိုင္းဝိုင္းေလးေတြက ကေလးခ်စ္တဲ့ကြၽန္ေတာ့္အဖို႔ ခ်စ္စရာအလြန္ေကာင္းသည္။

"ဟိတ္ ရန္ကုန္သားေလး ပ်င္းရင္ ဝင္ကန္ပါလား"

ဟင္းခ်က္တိုင္း ကစားေနတဲ့ ကေလးတစ္သိုက္ကို ေငးၾကည့္ေနတဲ့ ကြၽန္ေတာ့္အား ေဘာလုံးကန္ေနတဲ့လြမ္းေစေသာ္ရဲ႕ သူငယ္ခ်င္းေတြ တစ္ေယာက္ကလွမ္းေခၚသည္။

"ခ်စ္ငယ္ ေရခ်ိဳးၿပီးၿပီမလား မကန္နဲ႕"

ထိုအခါ မႈန္ကုတ္ကုတ္မ်က္ႏွာထားျဖင့္ ျပန္ေျဖတဲ့သူက လြမ္းေစေသာ္ျဖစ္သည္။

"မင္းကလည္း ပ်င္းေနမွာေပါ့ လာလာ"

လြမ္းေစေသာ္ သူငယ္ခ်င္းက ေျပာရင္ဆိုရင္း ကြၽန္ေတာ့္လက္ေမာင္းကိုင္ကာ ဆြဲေခၚသည္။

"မင္းတို႔ကၾကမ္းတယ္ ထိုက္စံ ေအးေအးေဆးေဆးေဆာ့"

"ေအးပါ ေအးပါ"

ခပ္ေအးေအးေလသံနဲ႕ လူႀကီးပုံဖမ္းကာ ေျပာေနတဲ့ပုံစံက ကြၽန္ေတာ္ အနည္းငယ္ေတာ့ ရွိန္သြားသည္။တကယ္လဲ ကြၽန္ေတာ္က ေခြၽးတလုံးလုံးနဲ႕ေဆာ့ရတာမ်ိဳး ဝါသနာမပါ။ႏြေရာသီဆိုေတာ့ ပိုဆိုးသည္။ကြၽန္ေတာ္ဝါသနာပါသည္က စာဖတ္ခ်င္ဖတ္ မဖတ္ခ်င္ သီခ်င္းနားေထာင္ေလ့ရွိသည္။

"ကိုကို"

"ဟင္"

ကြၽန္ေတာ္နံေဘးတြင္ ၾကက္ေတာင္စည္းထားကာ သနပ္ခါးဘဲၾကားနဲ႕ ကေလးမေလးတစ္ေယာက္ ေရာက္လာ၏။

"ကိုကို က ဘယ္ကလဲဟင္ ခုမွျမင္ဖူးလို႔"

"အင္း ကိုကိုက ရန္ကုန္က"

"ဟီး အဲ့ဒါေၾကာင့္ကို ပ်င္းရင္ သမီးတို႔နဲ႕ လာေဆာ့ပါလား"

ငယ္သြားလဲတဲ့အ႐ြယ္ျဖစ္ရာ ၿပဳံးျပလာတဲ့ကေလးမေလးသြားမွာ ႏွစ္ေခ်ာင္းက်ိဳးလို႔ေနသည္။

"ေဆာ့ပါ ကိုကို မေဆာ့ေတာ့ဘူး"

"ဟုတ္ ဟို ကိုကိုက ကိုႀကီးလြမ္းနဲ႕ သိတာလား"

"အင္း"

"ကိုႀကီးလြမ္းကက်ေၾကာက္စရာႀကီး ကိုကိုကက်ေခ်ာတယ္ေနာ္ ဟီး"

ထိုအခါ ကြၽန္ေတာ္ ေက်နပ္စြာ ၿပဳံးလိုက္ရင္း  ဒီကေလးအျမင္ရွိသည္ဟု ခ်ီးက်ဴးမိလိုက္သည္။

"ဟုတ္လား ကိုႀကီးလြမ္းလည္း ေခ်ာပါတယ္ကြ"

"ေခ်ာဘူး ေစာေစာက ကိုကို႔ကိုၾကည့္တာကို သမီးကိုမ်က္ေစာင္းလာထိုးေနတယ္ အခုလည္းၾကည့္"

ကြၽန္ေတာ့္လက္ကို ကိုင္ရမ္းရင္း ကေလးပီပီျပန္တိုင္လာသည္။ကေလးစကားေၾကာင့္ မယုံသကၤာျဖင့္ ေဘာလုံးကန္ေနတဲ့ လြမ္းေစေသာ္ကို အၾကည့္ေရာက္လိုက္ေတာ့

"ဟား ဟား ဟား"

ကြၽန္ေတာ္ ထိန္းမနိုင္စြာ ရယ္မိေတာ့သည္။႐ုတ္တရက္ သတိရမိတာသည္
ရန္ကုန္အိမ္က ေဘးအိမ္မွာေမြးထားတဲ့ အင္းေခြးႀကီးကိုသာ။မာန္ဖီရင္ လြမ္းေစေသာ္လိုမ်ိဳး ခပ္ဆင္ဆင္ရွိသည္။ဘုရားေရ....ကြၽန္ေတာ္ရယ္တာ မရပ္ေတာ့။

"ကိုကို ေရာ့"

"..."

မ်က္စိေရွ႕ေရာက္လာတဲ့ ႏွင္းဆီပန္းတစ္ပြင့္။ကေလးမေလးက ျဖဴလုံးေလးမို႔ ရွက္ေနတာမွန္းအသိသာ။မလြယ္ေၾကာေလး။

"ပန္းေပးတာလား ကိုကို႔ကို"

"ဟီး ကိုကိုကေခ်ာလို႔"

"ေက်းဇူးပါဗ်ာ"

"မယူရပါဘူး"

ကြၽန္ေတာ့္လက္ထဲမွ ႏွင္းဆီပန္းကိုဆြဲယူသြားသူက လြမ္းေစေသာ္။ေဘာလုံးကန္ရင္းက ဘယ္လိုျဖစ္ၿပီး
ေရာက္ခ်လာတာလဲ။

"ပုံ႕ပုံ႕ သြား ကိုယ့္ဘာသာေဆာ့ေလ ဘာကိစၥပန္းလာေပးတာလဲ"

"ကိုကိုကေခ်ာလို႔ေပးတာ ဘာျဖစ္လဲ ဘာျဖစ္လဲ"

"ေအာင္မာ ညည္းအေမကို ငါတိုင္မွာေနာ္ ေကာင္ေလးကို ပန္းေပးေနတယ္ဆိုၿပီး"

"အင့္ ဟင့္ အဲ့ဒါေၾကာင့္ ကိုႀကီးလြမ္းက ခ်စ္ဖို႔မေကာင္းတာ"

"လြမ္းေစေသာ္ရာ ကေလးကို...."

"ဘာလဲ မင္းက သူ႕ဘက္ကလား"

ကေလးနဲ႕အၿပိဳင္ရန္ျဖစ္တာအားမရလို႔ ကြၽန္ေတာ့္ဘက္ ျမႇားဦးကလွည့္လာသည္။တစ္ဆက္တည္းတြင္ မ်က္ေမွာင္ၾကဳတ္ၿပီးရစ္ေတာမည့္ လြမ္းေစေသာ္က  ျဖဴလုံးေလးထက္ ခ်စ္စရာေကာင္းေနသည္ကို အရွက္သည္းစြာ ဝန္ခံရဦးမည္။

"မဟုတ္ပါဘူး"

"ကိုကို က သမီးဘက္က မဟုတ္ဘူးေပါ့ အီး ဟင့္ ပန္းလဲေပးရေသး အူးဝါး"

"မ မဟုတ္ပါဘူး ကိုကိုက ပုံ႕ပုံ႕ဘက္က မငိုနဲ႕ေနာ္ ကိုႀကီးလြမ္းကစေနတာ ေနာ္ ဟုတ္တယ္မလား လြမ္းေစေသာ္ စေနတာမလား"

ငိုေနၿပီျဖစ္တဲ့ ကေလးအား မငိုရန္တားျမစ္ရင္း ေခ်ာ့ေမာ့ေနကာမွ အလိုက္ကန္းဆိုးမသိတဲ့လြမ္းေစေသာ္က သူ႕လက္ထဲက ႏွင္းဆီပန္းကို ေခ်ပစ္ေနသည္။ဒီေကာင္ကေတာ့..

"အူးးးးဝါးး ကိုကို႔ ေပးထားတဲ့ ပန္းကို အင့္ ေခ်ပစ္တယ္"

"ဟမ့္ ဘာျဖစ္လဲ ဒီမွာ ေနာက္တစ္ခါ သူ႕ကို ပန္းလာေပးရဲေပးၾကည့္ နင့္အေမကိုငါတိုင္မွာေနာ္ ပုံ႕ပုံ႕"

"ေဟ့ေကာင္ လြမ္းေစေသာ္ ဘယ္လိုျဖစ္ေနတာလဲ ကေလး ငိုေနတယ္ေလ"

"ခ်စ္ငယ္ကလည္း..."

ပူအိုက္သည့္ ၾကားထဲ ျပသာနာျဖစ္ေနတဲ့၂ေယာက္ေၾကာင့္ ကြၽန္ေတာ္စိတ္က မရွည္ခ်င္ေတာ့။လြမ္းေစေသာ္ကို ပါးစပ္ပိတ္ဟု ေျပာလိုက္သည့္ အၾကည့္မ်ိဳးၾကည့္ေပးလိုက္ရင္း နံေဘးက ငိုေနသည့္ ကေလးအား ေခ်ာ့ေမာ့ရသည္။

"တိတ္တိတ္ ပုံ႕ပုံ႕သူငယ္ခ်င္းေတြနဲ႕ သြားေဆာ့ေတာ့ေနာ္ ကိုႀကီးလြမ္းကို ကိုကိုရိုက္လိုက္မယ္ ဟုတ္ၿပီလား"

"ဟင့္ နာနာေလးရိုက္ေပး "

"ဒီေကာင္မေလးကေတာ့"

"လြမ္းေစေသာ္"

ခပ္ႀကိတ္ႀကိတ္အသံနဲ႕ သတိေပးလိုက္ေတာ့ ၿငိမ္က်သြားသူကလြမ္းေစေသာ္။ကြၽန္ေတာ္ သက္ျပင္းဖြဖြခ်ရင္း

"ေရသြားခ်ိဳးေတာ့ ခဏေန ညစာစားရေအာင္"

ထိုအခါ ဘာစကားမွျပန္မေျပာဘဲ လွည့္ထြက္သြားသူေၾကာင့္ ငုတ္တုတ္ႀကီးက်န္ေနခဲ့သူမွာ ကြၽန္ေတာ္။ဘာလဲ စိတ္ဆိုးသြားတာလား။

ေရတဗြမ္းဗြမ္းခ်ိဳးေနတဲ့အသံသည္ ေဆာင့္ေအာင့္ခ်ိဳးေနတဲ့ပုံစံမ်ိဳးမို႔ ကြၽန္ေတာ္ ရိပ္စားမိလိုက္သည္။ေသခ်ာေနၿပီ လြမ္းေစေသာ္ ကြၽန္တာ့္ကိုစိတ္ဆိုးေနတာ။ညစာစားသည့္ အခ်ိန္ထိ ကြၽန္ေတာ္နဲ႕ လြမ္းေစေသာ္ ဘာစကားမွ မေျပာျဖစ္ေသး။အန္တီခိုင္က စားၿပီးၿပီမို႔ စားပြဲဝိုင္းတြင္ ကြၽန္ေတာ္နဲ႕လြမ္းေစေသာ္သာ ရွိေန၏။ခပ္သင္းသင္းမုန့္ဟင္းခါးအနံ႕က ဆာေလာင္ေနတဲ့ ကြၽန္ေတာ့္ဗိုက္ကိုဆြဲေဆာင္ေနသေယာင္။သံပုရာသီး၂စိပ္ေလာက္ညစ္ကာ င႐ုတ္သီးမႈန့္ ခပ္မ်ားမ်ားေလးထည့္လိုက္လွ်င္

"င႐ုတ္သီးမႈန့္ေတြ အမ်ားႀကီးမထည့္နဲ႕ေလ"

"အမ္"

"စပ္မွာေပါ့"

ဆူေနသည္ မဆိုေသာ အသံနဲ႕ျဖင့္ လြမ္းေစေသာ္က ေျပာလာသည္။႐ုတ္တရက္ ကြၽန္ေတာ္စားေတာ့မည့္ပန္းကန္းအား ယူကာ သူစားေတာ့မည့္ ပန္းကန္နဲ႕လဲပစ္သည္။ထိုအခါ ကြၽန္ေတာ္က ေၾကာင္အစြာျဖင့္

"ဘာလုပ္တာလဲ ငါစားမဲ့ပန္းကန္ကို"

"အဲ့ဒါဘဲစား ဒါငါစားလိုက္မယ္ ဒီေလာက္ထိထည့္စားမလို႔လား စပ္ၿပီး ဗိုက္နာခ်င္တာလား မင္းက"

"မင္းလည္း ဗိုက္နာမွာေလ"

"ငါက အစပ္စားနိုင္တယ္ စားစရာရွိတာစား"

ဘာမွဆက္ေျပာမေနေတာ့ဘဲ စားစရာရွိတာစားေနေသာ္ငွား ကြၽန္ေတာ့္စိတ္က မလုံ႕မလဲ။ပုံမွန္ဆို ေလနဲ႕မျပတ္ေအာင္ စကားေျပာလြန္းသည့္လြမ္းေစေသာ္က ယခုတြင္ အသံတိတ္ေနသည္မွာ ဇြန္းသံ ပန္းကန္သံမွ လြဲ စကားသံ တစ္လုံးတစ္ေလေလးမွ ဟမလာခဲ့။ထိုအခါ ကြၽန္ေတာ္ မေနတတ္စြာ ေမးလိုက္၏။

"စိတ္ဆိုးေနတာလား"

"မဆိုးပါဘူး"

"အင္း ၿပီးတာပဲ"

"ဟာကြာ...ခ်စ္ငယ္ကဘာမွန္းမသိဘူး စိတ္ဆိုးေနတာလားေမးေတာ့စိတ္မဆိုးဘူးဘဲေျဖမွာေပါ့ အဲ့တာကိုစိတ္မဆိုးဘူးထင္ၿပီးပစ္ထားလို႔မရဘူးေလ ေခ်ာ့ရမွာေပါ့ ေခ်ာ့ရင္လဲမသိမသာေလးေခ်ာ့ သိသိသာသာႀကီးေခ်ာ့ရင္က်ရွက္စရာႀကီး အခုလိုေတြေျပာေနရတာမဟုတ္ေသးဘူး စိတ္ဆိုးေနတာ စိတ္ဆိုးေနတာ
ရၿပီလား"

ေခါင္းကိုငုံ႕ကာ မုန့္ဟင္းခါးဖက္ေတြကို ဇြန္းႀကီးနဲ႕ထိုးထိုးခ်ေနတာ ပန္းကန္ႀကီးပါ ကြဲေတာ့မလို။ဒါ လြမ္းေစေသာ္ စိတ္ဆိုးတဲ့ အမူအရာလား။ကြၽန္ေတာ္ မေနနိုင္စြာ ၿပဳံးမိရင္း

"မင္းကဘာစိတ္ဆိုးေနတာလဲ"

"ဟိုကေလးမဘက္ ဘာလို႔ပါတာလဲ ဟိုကေလးမက ငါ့ေလာက္ မင္းကိုဂ႐ုစိုက္ေပးလို႔လား ၿပီးေတာ့ ငါ့ကိုလည္း ကေလးေရွ႕ေအာ္တယ္ "

ပထမအခ်က္ကကေလးဆန္တယ္ ဆိုေပမဲ့ ဒုတိယအခ်က္က ကေလးေရွ႕ေအာ္မိသြားတာ ။က့်န္ေတာ္ ေက်ာမတ္သြားကာ ငါမွားၿပီ ဟူသည့္ အသိက တန္းကနဲ ဝင္ေရာက္လာေတာ့၏။ဟုတ္တယ္ ဒါကြၽန္ေတာ့္ အမွား။ ကေလးေရွ႕ေအာ္ခံရတဲ့ လြမ္းေစေသာ္ ဘယ္ေလာက္ရွက္သြားမလဲ။ဒါကို ကြၽန္ေတာ္မေတြးလိုက္မိဘူး။

"မဟုတ္ပါဘူး ငါကမင္းဘက္ကပါကြာ....အဲ့ကေလးမေလး ငိုေနတာနားၿငီးလို႔ ၿပီးၿပီးေရာ ေျပာလိုက္တာေလ သူ႕ဘက္ကသာဆို ငါမင္းကိုရိုက္ၿပီးၿပီ ကေလးေရွ႕ေအာ္မိတာကလည္း ေနကလဲပူ နားကလဲပူဆိုေတာ့ ငါလည္းစိတ္တိုသြားလို႔ပါ ငါေတာင္းပန္တယ္ေနာ္ စိတ္မဆိုးနဲ႕ ဟုတ္ၿပီလား မင္းစိတ္ဆိုးရင္ငါမေနတတ္လို႔ပါကြာ ေနာ္ စိတ္မဆိုးနဲ႕"

၅စကၠန့္ေလာက္ၾကာသည္အထိ လြမ္းေစေသာ္ဘက္မွ မတုံ႕ျပန္ေသး။မၾကာလိုက္ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကား တိတ္ဆိတ္မႈကို ၿဖိဳခြင္လိုက္တဲ့ ေခ်ာင္းဟန့္သံကို ၾကားလိုက္ၿပီးေနာက္ လြမ္းေစေသာ္က ယုံၾကည္မႈအျပည့္ျဖင့္ ျပန္ေျပာလာ၏။

"စိတ္မဆိုးေစခ်င္ရင္ ကိုကို လို႔ေခၚေလ"

"ဘာ"

"ကိုကို လို႔ေခၚ အဲ့တာမွ စိတ္ဆိုးေျပမယ္"

"လြမ္းေစေသာ္ မင္းဟာကကြာ...."

"ဪ လူေတြမ်ားေနာ္ ဟုတ္ကိုမဟုတ္ဘူး စိတ္ဆိုးရင္ မေနတတ္ဘူးဘူး ေျပာၿပီး တကယ္ စိတ္ဆိုးေျပမဲ့ဟာက် လုပ္မေပးဘူး "

"မင္းဟာႀကီးက မဟုတ္ေသးဘူးေနာ္"

တကယ္လဲမဟုတ္ေသးဘူး။ ကိုကိုလို႔ေခၚရမွာ ရွက္တယ္ေလ။မျဖစ္ေသး။ ကြၽန္ေတာ္ မသိခ်င္ေယာင္ေဆာင္ကာ  မုန့္ဟင္းခါးသာ ဆက္စားေနလိုက္၏။လြမ္းေစေသာ္ဆိုတဲ့ေကာင္ အသက္ႀကီးတိုင္းအနိုင္က်င့္ေနတာ။ကိုကိုတဲ့ ေခၚစရာလား။

"ငယ္ခ်စ္ဦး ငါစိတ္ဆိုးေနေသးတုန္းေနာ္"

"အမ္ အင္း"

ၾကားေနက် ခ်စ္ငယ္ဟုတ္မေနဘဲ နာမည္အျပည့္အစုံေခၚလိုက္သူေၾကာင့္ ေၾကာင္အမ္းအမ္းျဖစ္သြားတဲ့သူက ကြၽန္ေတာ္။လြမ္းေစေသာ္က စိတ္ကလဲႀကီးသည္။သူျဖစ္ခ်င္ရင္ တဇြတ္ထိုးဆန္သည္။
မတတ္နိုင္ေတာ့ သည္ကိစၥက မဟုတ္ရင္ ၿပီးမွာမဟုတ္။ေခ်ာင္းတခ်က္ကိုဟန့္၊ အသက္ဝဝရႉရင္း၊ေခြၽးေစးအနည္းငယ္ ျပန္ေနသည့္ လက္ကို ပုဆိုးျဖင့္ သုတ္ကာ လြမ္းေစေသာ္ရဲ႕ခပ္တည္တည္မ်က္ႏွာကိုၾကည့္ၿပီး

"ကိုကို"

"ဗ်ာ"

ဘုရားေရ.... ကြၽန္ေတာ္မေနတတ္ေတာ့။ဒီအေျခေနႀကီးနဲ႕လြမ္းေစေသာ္ေရွ႕ မေနတတ္ခ်င္ေတာ့တာ အမွန္။။

"အာ ရႉးေပါက္ခ်င္လာၿပီ"

စားပြဲဝိုင္းကေန အေၾကာင္းျပခ်က္ မုသားဆိုရင္း ထထြက္လာခဲ့လိုက္ေတာ့သည္။ကြၽန္ေတာ့္ကို လြမ္းေစေသာ္က ႐ူးေအာင္လုပ္ေနတာ။အ႐ူးေကာင္။

ပိုင္ဆိုင္လိုစိတ္တို႔က
ျဖစ္တည္မႈဆိုတဲ့အသိနဲ႕ ညံ့သက္သြားလ်က္
ေမတၱာတို႔ျဖင့္သာ တိတ္တဆိတ္ခ်စ္ေနပါ့မည္..

....
Ta_yaw
Words _2100
ႀကိဳက္ၾကရဲ႕လားရွင့္😁

Recommended song _Bolbbalgan4 _Galaxy

လြမ္းေစေသာ္
Birthday _8.7.1991(ဗုဒၶဟူးသား)

ငယ္ခ်စ္ဦး
Birthday _2.11.1992(အဂၤါသား)

Continue Reading

You'll Also Like

1.3M 55.5K 54
"မောင့်အရိပ်က ပြောပြပါအုံး...မောင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ" စာလုံးပေါင်းမမှန်တာတွေ လက်တစ်လောပြန်မပြင်နိုင်သေးတာကြောင့်...အဆင်ပြေမှဖတ်ပါရှင့်။ ...
2.2M 148K 104
Doctor Handsome & Medical Student
636K 45.9K 38
ဒီတစ်ခါပြန်ဆုံရင်တော့ လက်မလွှတ်ပေးတော့ဘူး အသဲငယ် မင်းက ကိုကို့ရဲ့ဇနီးလေးပဲ ဖြစ်စေရမယ် ဒီတစ္ခါျပန္ဆုံရင္ေတာ့ လက္မလႊတ္ေပးေတာ့ဘူး အသဲငယ္ မင္းက ကိုကိ...
504K 26.5K 32
#ညဥ့်ဦးယံ (seme) #ကြေွရုပ်လွှာ (uke) Normal fic မဟုတ်ပါ။ bl fic💗 January 15 . Sat . 2022 #ညဥ့္ဦးယံ (seme) #ေႂကြ႐ုပ္လႊာ (uke) Normal fic မဟုတ္ပါ။ b...