(5.2)
နင့်မေကြီးကိုပဲ ထူးဆန်းနေလိုက်။
သူက မြွေ တစ်ကောင်ကို လက်ထပ်ထားတာကို တွေးမိပြီးတဲ့နောက် အခုတော့ မြွေတစ်ကောင် ကိုပါ သွားမြူစွယ် ရတော့မယ် ဆိုတာ သိလိုက်ရတော့ သူ့ခမျာ အရမ်းတွေကို ကျိန်ဆဲချင်စိတ်တွေ ပေါ်လာခဲ့လေတယ်။
စုယွမ် က သွားဖို့ရာကို ငြင်းဆန် လိုခဲ့တယ်။ သူက ဒီအထီးကျန်တဲ့ နေရာမှာ ပဲ နေလိုခဲ့တယ်။ အမဲလိုက်ပြီးတော့ ကန်စွန်းဥတွေ ကို ကင်စား ရတာက ပဲ အရမ်း အရသာ ရှိနေပါပြီ။
ကန်စွန်းဥ အကြောင်းတွေး လိုက်မိတော့ သူ့ရဲ့ အခုလေးတင် ကင်ထားတဲ့ ကန်စွန်း ဥ တွေဆီ ကနေ ချိုမြိန်တဲ့ မွှေးရနံ့တွေ ရလာခဲ့တယ်။
'' ငါ အခုမှ နေ့လည်စာ လုပ်နေတုံး။ ငါ နေ့လည်စာ စားပြီးတော့မှ ပဲ သွားလို့ ရနိုင်မလား? ''
အခုချိန်မှ မစားရင် အနာဂတ်မှာ သူစားဖို့ အချိန်ကော ရှိပါအုံးမလား ဆိုတာကို သူလည်း မသိတော့ပေ။
စိတ်မရှည်တဲ့ အကြည့်တွေက ရွှီးဟယ် ရဲ့ မျက်လုံးထဲမှာ ဖြတ်ပြေးသွားတယ်။
'' မြွေဘုရင် က အရမ်း ကို လွှမ်းမိုးလိုစိတ် ပြင်းထန်တယ်။ သူက ဒီရေခဲငွေမြွေ မျိုးနွယ်စု တစ်ခုလုံးမှာ အင်အားအကြီးဆုံး ဆိုတာက အသေအချာပဲလေ။ မင်းက ဘယ်လိုတောင် သူ့ကို စောင့်ခိုင်းရဲရတာလဲ? ''
ရွှီးဟယ် က စကားပြောပြီးတဲ့ နောက်မှာ ခြံဝင်းထဲကို သာမန်ကာလျှံကာ ဝေ့ကြည့်လိုက်တယ်။ ဒါပေမယ့် ခြံဝင်းထဲမှာ မီးပုံကို မတွေ့ရပဲ အဲ့ပေါ်မှာ ကန်စွန်းဥ အသေးလေးတွေ တင်ထားတာ ကိုတွေ့လိုက်ရတယ်။ ကြည့်ရတာတော့ ကန်စွန်းဥတွေကို တင်ပြီး ကင်ထားတဲ့ ဟန်ပဲ။
ထို ရွံ့မြေဥ တွေရဲ့ အနံ့ကို ရရုံနဲ့တင် ရွှီးဟယ် တစ်ယောက် သူမရဲ့ အစာအိမ်ကိုတောင် ထိခိုက်လာစေတယ်လို့ ခံစားရတယ် ။
( ဗိုက်ကြီးနေပြီလား ကောင်မ 😏)
သေချာပါတယ်။
သူက လုံးဝ ကို တန်ဖိုးမဲ့တဲ့ လူပဲ။ ဒါကြောင့်မို့ သာ ဒီလိုမျိုး မကောင်းတဲ့ ဟာတွေကို စားနိုင်မှာပေါ့။
သူမအကြောင်းတွေးမိတော့ သူမက နေ့တိုင်းပဲ စိတ်ဝိဉာဥ် အသီးတွေ ၊ စိတ်ဝိဉာဥ် ဆန်တွေနဲ့ မွန်းစတား အသားကို စားရတယ်လေ။
တစ်ခြားပြောရရင်လည်း စုယွမ် က မလေ့ကျင့်နိုင်တဲ့ သေမျိုး တစ်ယောက် ပဲလေ။ သူ့လို လူက ဒီလောက် အဖိုးတန်တာတွေ စားရင် ဖြုန်းတီးသလိုမျိုး ဖြစ်နေမှာပေါ့။ သူ့လို အမှိုက်လို လူက အမှိုက် အစားအစာ တွေကို စားတာ ပဲ ထိုက်တန်တယ်။
ဘယ်လောက်တောင် စျေးပေါ လိုက်သလဲ။
'' မြွေဘုရင် က အရမ်းကို ကြင်နာတက်တဲ့သူပါ။ မင်းကို သူ့ကို အရင်သွားတွေ့ သင့်တယ်။ အဲ့အချိန်မှာ မြွေဘုရင် က မင်းကို အစားအစာ တစ်ချို့ ဆုချ ရင် ချမှာပေါ့။ ထိုအစားအစာတွေက ထိပ်တန်းတွေ ချည်းပဲ။ ဒီလောက် စျေးပေါတာ တွေ စားရတာ ထက်တော့ ပိုကောင်းတယ် မဟုတ်လား?''
ဒီခွေးမ ကတော့!
စုယွမ် က အံကြိတ်ထားရလွန်းလို့ သွားတွေကို ချိုးမိလုနီးပါးပဲ။
တကယ်လို့ သူသာ ခေတ်သစ်မှာ ဆိုရင် ပါးတစ်ချက်ခြင်း ရိုက်ပြီးတော့ ဒီခွေးမရွှီးဟယ်ကို ဘာကြောင့် ပန်းတွေက နီသလဲ ဆိုတာကို ပြသ ပေးလိုက်မယ်။
ကံမကောင်းစွာနဲ့ပဲ အခုက စိတ်ကူးယဉ် ကမ္ဘာ ဖြစ်တဲ့ အတွက်ကြောင့် အင်အားကြီးမားတာ ကပဲ အရာရာဖြစ်လေတယ်။ သူက ဘာမှ မတက်တဲ့ကောင် ဖြစ်နေကာ တစ်ဖက်က အမျိုးသမီး ကတော့ ပင်လယ်တွေခမ်း ၊ တောင်တွေကို ရွေ့အောင် မလုပ်နိုင်ပေမယ့် သူမ မှာ စွမ်းအင် တစ်ချို့တော့ ရှိနေသေးတယ်လေ။
တကယ်လို့ သူက သူမ ခိုင်းတာ သာ မလုပ်သရွေ့ သူ့ရဲ့ တည်ရှိမှုကို သူမက အသာလေး ဖျောက်ပစ်လို့ ရလေတယ်။
စုယွမ် က အခု လက်ရှိ အခြေအနေ က ဘယ်လို ဖြစ်နေသလဲ ဘာလုပ်ရမလဲ ဆိုတာကို ကောင်းကောင်း သိတက်တဲ့ လူစား မျိုးပါ။
သူက အနောက်ကို လှည့်ကာ ရင့်မှည့်လို့ မီးကင်ထားတာကြောင့် ထွက်ပေါ်လာတဲ့ ကန်စွန်းဥ မွှေးရနံတွေကို ကြည့်ကာ အရှေ့ဆီ ပြန်လှည့် ပြီးတော့ ရွှီးဟယ် နောက်ကနေ လိုက်သွား ရလေတယ်။
သဘာဝ အတိုင်းသာ ဆိုရင် ဒီလို အပြုအမူ အသေးလေးတွေကို ရွှီးဟယ် က မမြင်ချင်ယောင် ဆောင်လေ့ ရှိတယ်။ စုယွမ်ရဲ့ နှလုံးသား ထဲမှာ ရွှီးဟယ် ကို ပို ပိုပြီးတော့ အထင်အမြင် သေးလာခဲ့ လေတယ်။
စုယွမ် က ရွှီးဟယ်နောက် ကနေ အလယ်ခေါင် နေရာကို လိုက်လာပြီးတော့ ပထမဆုံး ရောက်စ က နေရတဲ့ အိမ်ထဲကို လိုက်ဝင် လာခဲ့တယ်။
ထို အိမ်အသစ်ထဲကို ဝင်လိုက်ချင်း မှာပဲ စုယွမ်ရဲ့ နှလုံးသား က တုန်ရီသွားလေတယ်။
'' မင်း က မြွေဘုရင်ကို နှုတ်ဆက်ဖို့ မသွားဘူးလား? ''
စုယွမ် က သာမန်ကာလျှံကာ မေးလိုက်လေတယ်။
သူက မြွေဘုရင်ကို သူ့ရဲ့ ကိုယ်နဲ့တော့ ကြိုဆို ရမှာတော့ မဟုတ်ဘူး မလား?
သူက ယောကျာ်း တစ်ယောက် လေ။
.......