(1.3)
ကျောက်ချင် က ကျိုးကောအာ ကို ကြည့်နေခဲ့ ပေမယ့် ကောင်ငယ်လေး ကတော့ အေးစက်တဲ့ မျက်နှာထား နဲ့ အဝေးကို အကြည့်လွဲကာ မလှုပ်မရှား ရှိနေဆဲ ပါပဲ။
ကျိုးကောအာ က ကျောက်ချင် ရဲ့ စူးစိုက်ကြည့် မှုကို သိသိသာသာ ပဲ ခံစား ရတဲ့ အတွက်ကြောင့် မထိန်းနိုင်တော့ပဲ သူ့ရဲ့ နောက်ကျောတွေ အနည်းငယ် အေးစက် သွားလေတယ်။
ခါတိုင်းဆိုရင် ကျောက်ချင်ကို သူက လက်လေးနဲ့ တို့ရင်တောင်မှ လူတိုင်း မျက်နှာလွဲ ရတဲ့ အထိ ကို သူ့အား ကျ်ိန်ဆဲလေ့ ရှိတယ်။ ထိုလိုလူနဲ့ အတူ ရှိနေမိလို့လဲ ကျိုးကောအာ က သူ့ဘာသာ သူ မုန်းမိတယ်။
အခုတော့ သူတို့နှစ်ယောက် က အရမ်းကို နီးကပ်တဲ့ ဆက်ဆံရေး ရှိသွားပြီ ဆိုတော့ ကျောက်ချင် က သူ့ကို နှလုံးသား ထဲမှာ အတော်လေး စက်ဆုပ်ရွံရှာ နေတော့မှာပဲ။
အခုက ရွာသားတွေရဲ့ မျက်နှာကြောင့်သာ ကျိန်ဆဲ ဖို့လဲ မလွယ်သလို သူ့ကို ရိုက်နှက်ဖို့လည်း မလွယ်တာ ပဲ ဖြစ်လေတယ်။
ပိုပြီး ဖြစ်နိုင်တာက သူက သေလမ်း ကနေ အခုလေးတင်ပြန် လာခဲ့ရတာကြောင့် ကျောက်ချင် က ကောင်းကောင်း သတိ မလည် လာသေးတာ ပဲ ဖြစ်ရမယ်။
ကောင်းကင် က တိမ်မဲကြီးတွေက စုဝေးလာကာ မိုးကြိုးလျှပ်စီးတွေ ဖြာထွက်လာပြီးတော့ ပင်လယ်နက်ကြီးကို မြင်ရစေတယ်။ နောက်တော့ သိပ်သည်းတဲ့ မိုးတွေ က ကျဆင်း လာတော့တယ်။
ကျောက်ချင် က တိတ်ဆိတ် နေတာကို တွေ့တော့ ကျိုးကော အာ က သူ့ရဲ့ စိုစွတ်နေတဲ့ မျက်နှာကို စကား တစ်ခွန်းမှ မပြောပဲ သုတ်လိုက်လေတယ်။ ပြီးတော့ လှည့်ကာ အိမ်ရှိရာ အရပ်ဆီကို သွားတော့တယ်။
ကျောက်ချင် က မြေပေါ်မှာ ထိုင်နေပြီတော့ သူထွက်သွားတာ ကို ကြည့်နေခဲ့လေတယ်။
သူ့လိုမျိုး ဒီနေရာနဲ့ မရင်းနှီးတဲ့ လူတစ်ယောက် က ထိုကောင်လေး နောက်ကို လိုက်သွားသင့်တယ် မဟုတ်လား။
ကျိုးကောအာ က သူ့အနောက်ကလှုပ် ရှားမှုကို အာရုံစိုက် ထားလေတယ်။
အကွာအဝေး အနည်းငယ်လောက် လမ်းလျောက် ပြီးတဲ့နောက်မှာ သူ့နောက်ကနေ လိုက်လာတဲ့ ခြေသံက်ို မကြား ရတာကြောင့် သူက ပြန်လှည့် လိုက်တယ်။
ကျောက်ချင် က နေရာမှာတင် ထိုင်နေပြီးတော့ သူ့ရဲ့ မျက်လုံးကိုရော ပါးစပ်ကိုပါ ပိတ်ထား ပြီးတော့ ဘာတွေးနေလဲ ဆိုတာ သူ မသိတော့ပေ။
'' မင်း အိမ်ကို ပြန်လိုက်ချင်လား! ''
ကျောက်ချင် က ထို အက်ကွဲနေတဲ့ အသံကို နားထောင် ပြီးတော့ သူက ခွင့်ပြုချက် အာမခံ တစ်ချို့ ရသွားတာကြောင့် မြေပြင်ပေါ် ကနေ ထရပ်လိုက်တယ်။
သူက လမ်းလျောက်ကာ မိုးရေထဲက ကျိုးကောအာရဲ့ အရှေ့မှာ ရပ်လိုက်လေတယ်။
သူတို့နှစ်ယောက် စလုံး အိမ်ကို ပြန်ရောက်တဲ့ အချိန်မှတော့ အကုန်လုံး စိုရွဲနေပြီပဲ ဖြစ်လေတယ်။
ကျောက်ချင် က ပင်လယ် ထဲကို တစ်ခဏ ကျခဲ့တာ ကြောင့် သူ့ကိုယ် ပေါ်မှာ ခြောက်သွေ့တဲ့ နေရာဆိုတာ မရှိတော့ပေ။
သူက အိမ်လို့ ခေါ်တဲ့ နေရာကို ဝင်လိုက်တယ်။ အိမ်လေးက သေးပြီးတော့ အရမ်းကို ရိုးရှင်း ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ပဲ ထိုအိမ်လေး က အပြင်ဘက်မှ လေ တွေနဲ့ လှိုင်း တွေကို ကာကွယ်နိုင်တယ်လေ။
အပြင်ဘက် က မဲမှောင်နေတဲ့ ကောင်းကင်ကြီးနဲ့ နှိုင်းယှဥ်လို့ ရရင် ဒီအခန်းလေး က မဖော်ပြ နိုင် လောက်အောင်ပဲ လူတွေကို စိတ်သက်သာရာ ရစေတယ်လေ။
ကျိုးကောအာ လဲ အိမ်ထဲကို ဝင်ပြီးတဲ့နောက် သူက ရေပုံး နှစ်ခုကို သယ်ကာ အပေါ်ထပ်ကို ပြေးတက် သွားလေတယ်။
သူက အောက်ထပ်ကို နှစ်ကြိမ်တိုင် လှည့်ပတ် ကြည့်ခဲ့ပေမယ့် ဘာလုပ်ရမှန်း မသိတာကြောင့် ကျောက်ချင်က အမှောင်ထဲကနေ လှေကားပေါ် ကို တက်လာခဲ့တယ်။
မိုးက မစဲသေးတာကြောင့် အခု ခေါင်မိုးကနေ မိုးရေတွေ ကျနေကာ တစက်စက်နဲ့ စီးချက်ကျသံ ဖြင့် ကြမ်းပြင်ကို ရိုက်ခတ် နေခဲ့တယ်။
ကျိုးကောအာ က မိုးရေ ယိုတဲ့ နေရာတွေကို ရေပုံးတွေနဲ့ ဇလုံတွေ လိုက်ခံ ပြီးသွားတဲ့နောက် ကြမ်းပြင်ကို အဝတ် အခြောက်နဲ့ ဒူးထောက်ကာ လိုက်သုတ် နေခဲ့တယ်။
အိမ်မှာ က အဝတ်အခြောက် တွေ အများကြီး မရှိတဲ့ အတွက်ကြောင့် ကျိုးကောအာ က ရေကို စုပ်ယူစေပြီးတော့ ပြန်မသုတ်ခင် အဝတ်ကို ရေပုံးထဲ လိမ်ညှစ်ကာ ရေတွေကို ညှစ်ချ လိုက်တယ်။
သူက အရမ်းကို အလုပ်ကြိုးစားနေခဲ့တယ်။ တကယ်လို့များ မိုးရေ ကသာ ကြမ်းကြား ထဲ စိမ့်ဝင်ကျ သွားကြည့်ပါလား တစ်ညလုံး ကောင်းကောင်း အိပ်ဖို့ တွေးတောင် မတွေးနိုင်တော့ မှာပဲ ဖြစ်လေတယ်။
သူက တစ်ခဏ သုတ်ပြီးတဲ့နောက် မော့ကြည့်လိုက်တဲ့ အခါ ကျောက်ချင် က လှေကားရဲ့ ထိပ်ဆုံးအထစ်မှာ ရပ်နေပြီးတော့ သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရလေတယ်။
သူ့လက်တွေက တုန်တက်သွားလေတယ်။
ကျောက်ချင်က အဝတ်အစား မလဲပဲ နဲ့တောင် သူ့နောက်ကို လိုက်လာခဲ့တယ်။ ကျောက်ချင် က သူ့ကို သေချာပေါက် ရိုက်တော့မှာပဲ။
ကျိုးကောအာ က မျက်လုံးကို မှိတ်ကာ ကြမ်းပြင်ပေါ်ကို ကွေးချ လိုက်တယ်။
ထိုကောင်လေး ရဲ့ ဆံပင်တွေ ကျသွားတာကို ကြည့်ပြီးတော့ ကျောက်ချင်တစ်ယောက် အနည်းငယ် ထူးဆန်းသလို ခံစားရလေတယ်။
'' အဲ့နေရာမှာ ဘာကြီးကို ဖုံးထားတာလဲ? ''
ကျိုးကောအာ က ကျောက်ချင် ဘာပြောတာ လဲ ဆိုတာကို နားမလည် သလိုမျိုး မော့ကြည့် လာတယ်။
'' မဟုတ်သေးဘူး ၊ မဟုတ်သေးဘူး ၊ ဘာလို့ မင်းက စကားမပြောရတာလဲ?''
ကျောက်ချင် က ပြောလိုက်တယ်။
သူက သူ့ရဲ့ စိုနေတဲ့ အပေါ်ဝတ်ကို ချွတ်ကာ အရှေ့က ရေပုံးထဲကို ရေညှစ်ချ လိုက်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ လိုက်သုတ်တော့တယ်။
သူ့ရဲ့ စျေးပေါပေါနဲ့ ရထားတဲ့ အမျိုးသား ဇနီးလေး က တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရတယ်။ တကယ်လို့ သူစကားပြောတာကိုသာ ကျောက်ချင် မကြားခဲ့ရရင် ထိုကောင်လေး က ဆွံ့အ နေတဲ့ လူလို့ သူထင်မိတော့မလို့ပဲ။
စကားပြောနိုင်တယ်။ ပြီးတော့ သူနဲ့ ပြောဆို ဆက်သွယ်မှု မရှိဘူး။ ကြမ်းတမ်းတဲ့ ဒေါသလည်း ထွက်နေပြီးတော့ ကြည့်ရတာ သူ့ကို ရွံရှာစက်ဆုပ်ပြီးတော့ ကြောက်ရွံ့နေသလိုပဲ။
ထိုကောင်လေးရဲ့ တစ်ကိုယ်လုံး က စိုစွတ်နေပြီးတော့ ပိန်ပါးနေတဲ့ ကိုယ်လေးကို ကပ်နေတာ တွေ့လိုက်ရတော့ သူက ထိုကောင်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာ အတွက် စိုးရိမ်မိသွားတယ်။
'' သွားပြီးတော့ အဝတ်အခြောက်တွေ သွားလဲချည်။ အဖျား မမိစေနဲ့! ''
ကျောက်ချင် က စကားကို ကောင်းကောင်း မပြောတက်ပေ။ ဒါကြောင့်မို့ စကားပြောတဲ့ အခါ သူ့အကျင့်အတိုင်း အမိန့်ပေးတဲ့ လေသံ မျိုး ဖြစ်သွားလေတယ်။ ထို အကျင့်က ဒီနှစ်တွေမှာ ရခဲ့တဲ့ မကောင်းတဲ့ အကျင့်ပဲ ဖြစ်လေတယ်။
ကျိုးကောအာ က ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေပြီးတော့ မလှုပ်ရှား ပါပေ။
'' မြန်မြန်လုပ်၊ ကျန်တာတွေကို ငါပဲ ဆက်သုတ်လိုက်မယ် ''
အခုတော့ ကျိုးကောအာ က မတ်တပ်ရပ်လိုက် ပေမယ့် အချိန်အတော်ကြာထိ ဒူးထောက်နေရတာကြောင့် သူ့ဒူးခေါင်း တွေက အနည်းငယ် ထုံနေကာ သူ့ခြေထောက်တွေက လေးကန်နေပြီးတော့ အရှေ့ကို ခြေတစ်လှမ်း ရွေ့လိုက်လေတယ်။
ကျောက်ချင်ရဲ့ မျက်လုံးတွေက အရမ်းကို လျင်မြန်ပြီးတော့ ထိုကောင်လေးကို လက်တစ်ဖက်တည်း နဲ့ လှမ်းကိုင်လိုက်တယ်။
သူက သူ့အကျင့် အရ မဆူ ရသေးခင်မှာပဲ ကျိုးကောအာ က သူ့ကို တွန်းလွတ်ပြီးတော့ အောက်ထပ်ကို အမြန်ပြေးဆင်း သွားတော့တယ်။
သူက အပေါ်ထပ်မှာရပ်ကာ သူ့လက် ကလည်း နေရာမှာတင် အေးခဲနေတယ်။
အဲ့ဒါက အမျိုးသား တစ်ယောက် နဲ့ ယောကျာ်း တစ်ယောက် ရဲ့ ကွာခြားချက်များလား?
.............
( gp 1 -1500)နဲ့ စဖွင့် ပြီနော်