ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{122}

4.3K 766 23
By Greentealay-

Unicode


ကျိချင်းကျိုးမှာတွေးကြည့်တိုင်း ဒုက္ခများနေရတော့တယ်။ ရှန်းဝမ့်ရှီရဲ့ အတွေးတွေကို သူတကယ်နားမလည်နိုင်တော့ဘူး။ သူ့လို နာမည်ကြီး ဒါရိုက်တာကြီးတစ်ယောက်ကဘာလို့များ ခေါင်းအရမ်းမာရတာလဲ? သူသာဆန္ဒရှိရင် ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်တဲ့သူမှ တောင်ပုံရာပုံရှိနေတာကို ဘာလို့ သူ့ကိုချည်းကပ်တွဲနေရသလဲနော် ။

သို့သော်ငြား ရှန်းဝမ့်ရှီအတွက်ကမူ သူ့ရဲ့ တီထွင်မှုတစ်ခုတိုင်းက သွေးသားရင်း ကလေးတွေလိုပင်။ထို့ကြောင့် သူကလေးတွေရဲ့ ကြီးပြင်းလာမှုအား အထိခိုက်နည်းနည်းလေးမှ မဖြစ်ချင်ပါ။ကျိချင်းကျိုးကသာသင့်တော်သည်ဟု သူထင်သည်။ထို့ကြောင့် ဒုတိယအကောင်းဆုံးတစ်ခြားတစ်ယောက်အား သူစဉ်းစားလိမ့်မည်မဟုတ်တော့ ။

ရှန်းဝမ့်ရှီက မပြောပြထားသောကြောင့်ကျိချင်းကျိုးကဒါတွေမသိပေ။ထို့ကြောင့် ဒီရုပ်ရှင်ကို အကြိမ်ကြိမ်ငြင်းပယ်ချပြီး သူ့အကြံပေးချက်ပေါ် ခဲရာခဲဆစ်လုပ်နေခြင်း။

နောက်နေ့ရှန်းဝမ့်ရှီ ရိုက်ကွင်းကိုသွားသည့်အချိန် ချူချန်ဆိုသူဟာ သူအရင်က ထိုင်သည့် နေရာမှာထိုင်ပြီး ကျိချင်းကျိုး ရိုက်ကူးရေးလုပ်တာကို ထိုင်ကြည့်နေသည်။အဲ့နေရာကလည်း အနားယူတဲ့ နေရာအတွင်း အကောင်းဆုံးနေရာတစ်ခု။ရှန်းဝမ့်ရှီမှာ ဖယ်ဖို့ ပြောလိုက်ချင်ပေမယ့် တကယ့်တကယ်တော့လည်း အဲ့နေရာက သူ့အပိုင်ဟုတ်မနေ၍ ချူချန်ဘေးမှာသာ ထိုင်ချရတော့သည်။

ချူချန်သည် သူ့ဘေးမှာ သဘာဝကျသလိုလို ဝင်ထိုင်လာသည့် ရှန်းဝမ့်ရှီကို ကြည့်ကာ မေးမြန်းလိုက်တယ်။

“ဒါရိုက်တာရှန်း...ငါ မှတ်ထားတာမမှားရင် မင်းကို ကျိချင်းကျိုးငြင်းလိုက်ပြီးပြီမဟုတ်ဘူးလား?”

ရှန်းဝမ့်ရှီသည် သူ့ကို စောင်းကြည့်၍ အထင်းသေးစွာ ပြောလိုက်တယ်။

“မင်းက သူ့မန်နေဂျာမို့လား”

ချက်ချင်းဆိုသလို ရှောင်ချန်းလေး တုန်ရီသွား၏။

သူ့စကားကြားချိန် ချူချန်က ထရယ်သည်။

“ငါက သူ့ရဲ့မန်နေဂျာတော့မဟုတ်ပေမယ့် သူ့ရဲ့အုပ်ထိန်းသူပါ”

တစ်ဖက်လူက တကယ်ကို အရှက်အကြောက်မရှိဘူးဟု ရှန်းဝမ့်ရှီတွေးလိုက်မိတယ်။လူကြားထဲမှာ မရှက်မကြောက်ပြောနေတာများ သူနဲ့ကျိချင်းကျိုးတို့ ဆက်ဆံရေးကို တစ်ခြားသူတွေ မသိမှာစိုးနေသလားပဲ?

သူနှာမှုတ်၍ငေါ့တော့တော့ပြန်ချေပလိုက်သည်။

“သူက အရွယ်ရောက်နေပြီဟာကို။အုပ်ထိန်းသူတွေဘာတွေလိုတယ်လား”

“အရွယ်ရောက်ပြီးသားဆိုတာနဲ့ပဲ တစ်ခြားသူတွေ အုပ်ထိန်းပေးဖို့ မလိုတော့ဘူးလား? မင်းအရွယ်ရောက်ပြီဆိုပြီး မင်းမိဘတွေက မင်းကို ပစ်ထားရက်ကြလို့လား?”

ဒီဗြောင်ကျလွန်းသည့် စကားကြီးက သူဟာ ကျိချင်းကျိုးရဲ့ ရှူးဂါးဒယ်ဒီဆိုတာကို ရှန်းဝမ့်ရှီအား သိစေချင်သလိုမျိုး။

ရှန်းဝမ့်ရှီလည်း စိတ်ဆိုးစွာ ပြန်ပြောလိုက်သည်။

“ဥက္ကဋ္ဌချူက စကားအပြောအဆိုဆင်ခြင်ပေးပါ”

“ဘာလို့ငါက စကားအပြောအဆို ဆင်ခြင်ရမှာလဲ?  မင်းမိဘတွေလည်း အရွယ်ရောက်ပြီးသားမင်းကို ဂရုစိုက်ပေးကြတာပဲလေ။ သူ့အစ်ကိုကြီးဖြစ်တဲ့ငါ့မှာလည်း သူ့ကို ဂရုစိုက်ပေးခွင့်ရှိရဦးမှာပေါ့”

“ကျိချင်းကျိုးမှာ ဘယ်တုန်းကများအစ်ကိုတစ်ယောက်ရှိသွားပါလိမ့်။ငါလည်း မသိရပါလား?”

“ဒါဆိုရင်တော့ မင်းမသိ‌တာတွေ များလွန်းနေပြီပဲ”

ချူချန်က အပြုံးပန်းဆင်ရင်းပြောသည်။

“ရိုက်ကူးရေးပြီးတဲ့ထိ ခဏပဲစောင့် ။ ငါ သူ့ကို ညီလေးလို့ ခေါ်လိုက်ရင် သူပြန်ဖြေလိမ့်မယ်ကြည့်နေ”

ရှန်းဝမ့်ရှီ စကားမပြောလိုက်တော့ပေ။ ဒါပေမယ့် အတွေးကတော့ မပျက်။ 
သူက ပြန်မဖြေပဲ နေရဲမလားလို့? မင်းတို့ ပတ်သက်ပုံနဲ့ဆို မင်းဘာပြောပြော သူလျစ်လျူရှုရဲမှာ မဟုတ်ဘူးလေ။

ချူချန်နဲ့ စကားဆက်ပြောဖို့ သူပျင်းရိလွန်းနေသလို ချူချန်ကလည်း သူနဲ့ စကားဆက်ပြောဖို့ ပျင်းလွန်းနေခဲ့ပါတယ်။ နှစ်ယောက်လုံးဟာ ကျိချင်းကျိုးရဲ့ သရုပ်ဆောင်ခြင်းအပေါ်ပဲ အာရုံစိုက်နေကြပြီဖြစ်၍ အတော်ကြာထိ စကားမများခဲ့ကြတော့ပေ။

ရှောင်ချန်းလည်း ထိုမှ စိတ်အေးစွာ သက်ပြင်းချရတယ် ။ ခုနလေထုက သူနဲ့ တကယ်ကို စိမ်းသက်လွန်းပါရဲ့။

ကျိချင်းကျိုးသည် ရိုက်ကူးရေးပြီးသည်နှင့် အနားယူတဲ့ နေရာဆီ ပြန်လာသည်။ထိုနေရာမှ ရှန်းဝမ့်ရှီအား တွေ့လိုက်ရသဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်စကားဆိုလိုက်သည်။ထို့နောက် ချူချန်၏ လှမ်းခေါ်သံအား ကြားလိုက်ရလေသည်။

“ညီလေး”

ကျိချင်းကျိုးလည်း သူ့ရိုက်ကွင်းမှာ ရှိတိုင်းသွေးဝေးညီအစ်ကိုတွေလို သရုပ်ဆောင်ကြလေ့ရှိသဖြင့် သဘာဝကျကျပင် ပြန်ဖြေလိုက်တယ်။

“ဘာလဲ”

ချူချန်က သူ့ဘေးရှိ ခုံအား ပုတ်ပြရင်း-

“ထိုင်ဦးလေ”

“အော”

ကျိချင်းကျိုး အသံလေးပြုကာ အနားသွားထိုင်ချလိုက်သည်။

ချူချန်ဘေးမှာ ထိုင်နေသည့် သူ့ကို ကြည့်ရင်း ရှန်းဝမ့်ရှီက စိတ်အနှောင့်အယှက်ဖြစ်လာကာမတ်တပ်ထရပ်၍ ကျိချင်းကျိုးထံ အလျင်စလို စကားဆိုလိုက်သည်။

“ကျိချင်းကျိုး...ဒီနားကိုခဏလေးလာဦး”

သူက စကားဆိုပြီးနောက် တစ်ဖက်လှည့်ကာ ခပ်လှမ်းလှမ်းကို လျှောက်သွားသည်။

ကျိချင်းကျိုး စိတ်ရှုပ်သွားပေမယ့် ရှန်းဝမ့်ရှီဆိုတာကြီးကြောင့် ချူချန်ကို ပြောရသည်။

“သွားလိုက်ဦးမယ်”

ချူချန်ကတော့ သူသွားစရာမလိုဘူးဟု ထင်ပေမယ့် ကျိချင်းကျိူး ပြောတဲ့အတိုင်း ထပ်တွန့်တက်မနေတော့ဘဲ ခေါင်းသားညိမ့်ပြလိုက်တော့သည်။

ကျိချင်းကျိုးနှင့် ရှန်းဝမ့်ရှီတို့ တစ်ခြားသူများနှင့် တော်တော်လှမ်းလှမ်းထိ လျှောက်သွားပြီးမှ ရှန်းဝမ့်ရှီကမေးလာတယ်။

“တကယ်ကို အားဟန်နေရာမှာသရုပ်မဆောင်ချင်တာလား”

ကျိချင်းကျိုးက ခေါင်းညိမ့်သည်။

“ကျွန်တော်သရုပ်မဆောင်ဖြစ်ပါဘူး”

“တကယ်လို့  အနုပညာကြေးမြင့်ပေးမယ်ဆိုရင်ရော”

“အခုက ပိုက်ဆံကြောင့် ငြင်းနေတာမဟုတ်ပါဘူး”

ကျိချင်းကျိုး ပြောလိုက်တယ်။

“အဲ့ကားမှာ သရုပ်မဆောင်ချင်တာက ရိုးရိုးလေးပဲ အဲ့ကားက ကျွန်တော်နဲ့ အဆင်မပြေဘူး ထင်လို့ပါ”

“တစ်ရာမီလီယံ” ရှန်းဝမ့်ရှီပြောလိုက်သည်။ 

ကျိချင်းကျိုးမှာ အတန်ကြာအေးခဲသွား၏။ TV ဒရမ်မာတွေထက် ရုပ်ရှင်ကားတွေက အမြဲလိုလို အနုပညာကြေးနိမ့်သည်။ဒါ့ပြင် သူ့ရဲ့လက်ရှိ အနေအထားနှင့်  ဒီလောက်မြင့်တဲ့ အနုပညာကြေးမျိုး လုံးလုံး မရနိုင်ပါချေ ။ ထိုကိန်းဂဏန်းများက အောင်မြင်မှုရပြီးသားလူတွေအတွက်ဖြစ်သည် ။

“ကျွန်တော်.......”

“နှစ်ရာမီလီယံ...သုံးရာမီလီယံ...လေးရာမီလီယံ....”  ရှန်းဝမ့်ရှီက ဆက်ဆက်ပြီး တိုးပေးလာသည်။

ကျိချင်းကျိုးမှာ အမြန် ကြားဖြတ်ပြောလိုက်ရ၏။

“ခဏ...ခဏလေး...ဒါရိုက်တာရှန်း...ခင်ဗျားအထင်လွဲနေပြီ။ ကျွန်တော် ငြင်းနေတာက တကယ်ကိုပိုက်ဆံကြောင့်မဟုတ်ဘူး။”

“သိပါတယ်။အခုပေးနေတဲ့ပိုက်ဆံတွေကလည်း ဇာတ်ကားရိုက်ကူးရေးအတွက်ပဲမဟုတ်ဘူးလေ”

“ဟမ်?” အခုတော့ ကျိချင်းကျိုးစဉ်းစားရကြပ်သွား၏။

ရှန်းဝမ့်ရှီ သူ့ကို ကြည့်လိုက်ကာ-

“မင်းနဲ့ချူချန်ကဘာတွေလဲ”

“သူက ကျွန်တော့်အစ်ကိုလေ”

ရှန်းဝမ့်ရှီက ရမ်းသွမ်းသွေးကာဖြင့်

“ချူမိသားစုမှာ ကျိအမည်ရတဲ့ဆွေမျိုးရှိကြောင်း ငါမသိခဲ့ဘူး”

သူစကားတွေကြောင့် ကျိချင်းကျိုးမှာ အတော်ကြာထိ ဖွင့်ပြောဖို့ နေရခက်နေခဲ့သည်။

“မွေးစားအစ်ကိုလား?” ရှန်းဝမ့်ရှီက သူ့ကို မေးသည်။

“ကျွန်တော့်သူငယ်ချင်း” ကျိချင်းကျိုး ပြန်ဖြေလိုက်တယ် ။

ရှန်းဝမ့်ရှီတစ်ယောက် တစ်ဖက်လူက အရေပါးပြီး လက်ခံဖို့ နေရခက်နေတယ်လို့သာ ထင်လိုက်တယ် ။ သူ့မျက်ခုံးတွေအား ဖိနှိပ်၍ အကူအညီမဲ့စွာ ပြောလိုက်သည်။

“ကျိချင်းကျိုး...မင်းက အရမ်းအရည်အချင်းရှိတာနော်။ကိုယ့်ကိုကိုယ် တန်ဖိုးထားသင့်တယ်”

“ကျွန်တော်ကိုယ်ကျွန်တော် တန်ဖိုးထားပါတယ်”

ကျိချင်းကျိုးက တီးတိုးလေးရွတ်၏။မဟုတ်ရင် ရှန်းဝမ့်ရှီရဲ့ ဖိတ်ကြားချက်ကို သူငြင်းနေမှာ မဟုတ်ဘူးလေ။

ရှန်းဝမ့်ရှီမှာ ကျိချင်းကျိုးကိုကြည့်၍ ခံစားချက်တွေ ရှုပ်ထွေးလာသည် ။ ကျိချင်းကျိုး ပထမဆုံးအကြိမ် ငြင်းတဲ့အချိန်က သူတွေးမိတာတော့ သရုပ်ဆောင် စိတ်ဓာတ်မရှိဘူး။တိုးတက်ချင်စိတ်မရှိဘူး။ပရော်ဖက်ရှင်နယ်မကျဘူးဘာဘူးပေါ့။ပေါ့ပြက်ပြက်နဲ့လို့တောင်တွေးမိ၏။ဒါပေမယ့် ကျိချင်းကျိုးရဲ့ သရုပ်ဆောင်အရည်အချင်းက မတအားထူးချွန်နေ၏။သူ့တစ်ကိုယ်လုံး စိတ်အားထက်သန်မှုအပြည့်ပင်။လက်လျော့ပေးဖို့ကိုတောင် သူနည်းနည်း တွန့်ဆုတ်လာ၏။သူ့မှာ ထိုအကြမ်းထည်စိန်တုံးအား ပေါလစ်တင်ချင်ရင်တောင် ထိုကျောက်မျက်က သူများ လက်ထဲ ဆုပ်ကိုင်ထားပြီးသားဖြစ်နေလေသည်။

ကျိချင်းကျိုးနဲ့ချူချန်ကြားက ဆက်နွယ်မှုကလည်း ကျိချင်းကျိုး ငြင်းဆန်ရသည့် အကြောင်းရင်း တစ်ခုဖြစ်မည်။အနုပညာပါရမီပါတဲ့ စာဝါငှက်လေးအား ထိန်းချုပ်ရသည်မှာ တကယ် ခက်ခဲလွန်းလှသည် ။ အမှန်ဆို တစ်ဖက်လူက ချူချန်လက်ထဲမှာပဲ ရှိနေသေးသည်လေ။သူလိုချင်တာ ပိုက်ဆံလား။ကျော်ကြားမှုလား။ထို့ကြောင့် ရှန်းဝမ့်ရှီ သူ့ကို ပိုက်ဆံပေးလိုက်ကာ ချူချန်နဲ့ ဆက်ဆံရေးကို ဖြစ်နိုင်သလောက် လွှတ်ချနိုင်ဖို့အတွက် ဇာတ်ကားတစ်ကားမှာ သာမန်ရနေကျ ငွေကြေးထက် ပိုပေးလိုက်တာဖြစ်သည် ။

ချူချန်က ရှီးယွီရဲ့ ဒုတိယသခင်လေးဖြစ်ပြီး ကျိချင်းကျိုးကတော့ ရှီးယွီရဲ့ အနုပညာလေးဖြစ်သည်လေ။ရှန်းဝမ့်ရှီမျက်လုံးထဲမှာတော့ ချူချန်လိုချင်လို့သာ ကျိချင်းကျိုး မခုခံနိုင်ဖြစ်နေရတာဟုပဲ မြင်တော့သည်။

“ငါပြောချင်တာကို မင်းသဘောမပေါက်ပါဘူး။ငါ မင်းကို လစာဒိထက်မြင့်မြင့်ပေးတာက ဒီပိုက်ဆံတွေကို မင်းသုံးချင်တဲ့ နေရာမှာ သုံးလို့ရတယ်။နောက်ပိုင်း မင်းသရုပ်ဆောင်လို့ရမယ့် ဇာတ်ကောင်တွေ ငါ့မှာရှိလာရင်လည်း သင့်တော်သလို မင်းရဲ့လစာကို လျော့ချသွားမယ်လေ။ဒီပိုက်ဆံကတော့ အနာဂတ်မှာ မင်း ငါ့ရဲ့သရုပ်ဆောင်ဖြစ်လာဖို့အတွက် အကြိုပေးတဲ့လစာပဲ”

ဘာလို့အရာအားလုံး ဒီလိုဖြစ်သွားလဲ ကျိချင်းကျိုး နားမလည်နိုင်တော့ဘူး။သူ့ကို အရည်အချင်းမရှိတဲ့ သရုပ်ဆောင်လို့ တွေးနေတဲ့ ရှန်းဝမ့်ရှီက သူ့ကို သက်သောင့်သက်သာလေး မနေစေချင်ဘူးလားလို့? ဘာလို့ ရုတ်တရက်ကြီး သူ့ရဲ့ အနုပညာရှင်လာလုပ်ခိုင်းနေတာလဲ? သူ့ကို ပိုကောင်းအောင် သင်ပေးခဲ့ကြသလား?

“မလိုပါဘူး” သူပြောလိုက်တယ်။

“ လောလောဆယ်တော့ ကျွန်တော်လည်း အဲ့လောက်ပိုက်ဆံအများကြီးလိုအပ်မနေပါဘူး။ပြီးတော့ ဒါရိုက်တာရှန်းရဲ့ နောက်ပိုင်း ဇာတ်ကားတွေလည်း ဒီလိုပုံပဲလာမယ်ဆို ကျွန်တော် သရုပ်ဆောင်ဖြစ်မယ်မထင်ဘူး။” သူအပွင့်လင်းဆုံးပြောလိုက်သည်။

“ကျွန်တော်က ကိုယ့်ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိချင်တာ။ဘာလို့လဲဆို  ကျွန်တော်သာ ခင်ဗျားရဲ့ ပိုက်ဆံတွေယူပြီး ခင်ဗျား အကူအညီကို လက်ခံလိုက်မယ်ဆို ကျွန်တော် သရုပ်မဆောင်ချင်ရင်တောင် ငြင်းဖို့ အခက်အခဲဖြစ်နေမှာ မဟုတ်လား”

“အခုချိန်မှာ မင်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို မင်းဘာသာပိုင်တယ်ပေါ့။အဲ့လိုလား”

“ဒါပေါ့” ကျိချင်းကျိုး ခေါင်းညိမ့်လိုက်သည်။

“ချူချန်ကရောမင်းဆုံးဖြတ်ချက်တွေကို ဝင်မစွက်ဖက်ဘူးလား”

“တစ်ခါတစ်လေ သူ့အမြင်တွေရှိပေမယ့် ဝင်မပါတာက များပါတယ်။ဒါမဲ့ သူဝင်ပါလည်း ရေးကြီးခွင့်ကျယ်ကိစ္စမှမဟုတ်ဘဲ” ကျိချင်းကျိုးက ပြန်ဖြေလာသည်။

“ဒီတော့ မင်းက သူ့ကို ဝင်စွက်ဖက်ခွင့်ပေးတယ်လား?”

“အင်းလေ”

ကျိချင်းကျိုးက ရှက်မနေခဲ့ပေ။

“ကျွန်တော်ဘာလုပ်လုပ် သူဝင်စွက်ဖက်နိုင်တယ်”

“မရင့်ကျက်တဲ့ လူတစ်ယောက်လိုမျိုး မင်းလမ်းကြောင်းမှာ သူ့ကို ဝင်စွက်ဖက်ခွင့်မပေးသင့်ဘူး။မင်း မြင့်မြင့်ရောက်ချင်ရင် ပိုကောင်းတဲ့ အစီအစဉ်ရှိသင့်တယ်။ကျိချင်းကျိုး။ မင်းဆန္ဒရှိရင် ငါ့စတူဒီယို နဲ့ စာချုပ်ချုပ်လို့ရတယ်။မင်းကို ပိုကောင်းတဲ့ အစီအစဉ်တွေဆွဲပေးပြီး တစ်ခြားကိစ္စတွေမှာလည်း ငါကူညီပေးနိုင်တယ်”

“ဟင့်အင်း။မလိုပါဘူး”

ရှန်းဝမ့်ရှီ ဘာလို့ သူနဲ့ လက်မှတ်ထိုးချင်နေမှန်း ကျိချင်ကျိုး နားမလည်တော့ဘူး။ဒါပေမယ့်-

“ကျွန်တော် ရှီးယွီက ထွက်မှာ မဟုတ်ဘူး။ပြီးတော့ ကျွန်တော့် သရုပ်ဆောင် လမ်းကြောင်းကို ကိုယ့်ဘာသာ စီစဉ်ချမှတ်ချင်တာ။အခု ဒီတိုင်းပဲ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်”

ရှန်းဝမ့်ရှီလို နောက်ခံရှိတဲ့သူနဲ့ လက်မှတ်ထိုးတာက အရင်းအနှီးကောင်းတွေရော ဆုတံဆိပ်တွေပါ ပိုရဖို့ လွယ်တယ်ဆိုပေမယ့် ရှန်းဝမ့်ရှီလို လူမျိူးနောက် လိုက်ရတာက သူ့လုပ်ပိုင်ခွင့်တွေကို ဆုံးရှုံးသွားစေမှာ အသေအချာပဲ။သူဆုတွေရချင်ပေမယ့်လည်း ကိုယ်ပိုင် လုပ်ပိုင်ခွင့်လေးတော့ ရှိချင်ပါသည်။ရှီးယွီက အရမ်းကောင်းလွန်းသည်။ကျိုးချန်ဖုန်းက သူ့ပေါ် လေးစားပေးသလို ကျင်းရှင်လို လူကတောင် သူ့အပေါ် အရမ်းကောင်းပေးနေတာ။အဲ့အပြင် ရှီးယွီက ချူမိသားစုပိုင်တာဖြစ်နေတယ် ။ သူရိုက်ကူးရေးလုပ်လို့ ပိုက်ဆံရှာနေတာက ချူမိသားစုနဲ့ ချူချန်အတွက် ပိုက်ဆံ ရှာပေးခြင်းနဲ့ တူတူပဲလေ။ အဲ့ဒါက သူ့ကို အလွန်ပျော်ရွှင်စေသည် ။

သူလည်း အလုပ်ကြိုးစားပြီး ချူရှင်းရဲ့ နှစ်သက်မှုရအောင် ဒီသုံးနှစ်အတွင်း ရှီးယွီအတွက် ဂုဏ်ဆောင်ပေးရမှာဖြစ်သည်ကို ရှန်းဝမ့်ရှီနဲ့ စာချုပ်ချုပ်ဖို့ကတော့ သူတွေးကြည့်ဖိုနေနေသာ အဲ့ခေါင်းစဉ်ကို ဘယ်လို ရောက်သွားလဲပင် နားမလည်နိုင်ဖြစ်နေရသည်။

“ဒါရိုက်တာရှန်းက ကျွန်တော်နဲ့ စာချုပ်ချုပ်ချင်တဲ့ အပေါ် အရမ်းဂုဏ်ယူမိ‌ပေမယ့် ရှီးယွီကနေ ထွက်သွားဖို့ အစီအစဉ်မျိုး ကျွန်တော့်မှာ မရှိပါဘူး။ပြီးတော့ ကျွန်တော်ရဲ့ လက်ရှိအနေအထားကို အများကြီး ကျေနပ်ရတာမို့ တစ်ခြား ကုမ္ပဏီတွေနဲ့ စာချုပ်မချုပ်ချင်ဘူး။ခင်ဗျားရဲ့ ဇာတ်ညွှန်းက အရမ်းကောင်းသလို ခင်ဗျာ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ကလည်း တအား မိုက်ပေမယ့် ကျွန်တော့်အတွက် အဆင်‌မပြေဘူး။ဒါ့ပြင် ကျွန်တော်က ရှီးယွီရဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်တာမို့ ကျွန်တော် လုံးလုံး သရုပ်မဆောင်ဖြစ်တော့ဘဲ ဒီလောကထဲက ထွက်သွားမယ့် အချိန်ကျမှသာ ရှီးယွီက ထွက်ခွာမှာပါ။အဲ့ဒါကြောင့် ခင်ဗျား အချိန်တွေကို မဖြုန်းပါနဲ့တော့”

“ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျား ရိုက်ကွင်းမှာရှိတဲ့ ဒီရက်ပိုင်းအတွင်း လူတိုင်းက ကျွန်တော့်ကို မျက်စိဒေါင့်ထောက်ကြည့်နေကြတာ။ကျွန်တော်လည်းဝန်လေးရတာပဲလေ။ခင်ဗျားရဲ့ ဖိတ်ကြားမှုတွေ၊အသိအမှတ်ပြုမှုတွေကြောင့် အရမ်းပျော်မိပေမယ့် ကျွန်တော်က ခေါင်းမာတဲ့ လူတစ်‌ယောက်ပဲ ။ အရမ်းခေါင်းမာတာ။အရမ်းလည်း တစ်ကိုယ်ကောင်းဆန်တယ် ။ ခင်ဗျားမှာရှိတဲ့ မတအားမြင့်တဲ့အနုပညာပေါ် ကြိုးစားအားထုတ်မှုတွေ ကျွန်တော့်မှာမရှိဘူး။ပြီးတော့ ဇာတ်ကား‌တစ်ကားမှာ သရုပ်ဆောင်လိုက်တာကြောင့်နဲ့  ကျွန်တော့်ဘဝကိုလည်း အကျိုးမသက်ရောက်သွားစေချင်ဘူး။ခင်ဗျားဘာသာ ဒီမှာ ဘယ်လောက်ကြာကြာနေနေ ကျွန်တော်ကတော့ လက်ခံမှာမဟုတ်တာမို့ ဆော်ရီးပါ”

ရှန်းဝမ့်ရှီက သူ့ကို စကားမဆိုဘဲကြည့်သည်။

အရမ်းကိုမှ ရှင်းရှင်းလင်းလင်းပြောလိုက်ပြီးပြီဟု ကျိချင်းကျိုး ခံစားလိုက်ရကာ ရှန်းဝမ့်ရှီထံပြောလိုက်တယ်။

“ကျွန်‌တော်အရင်သွားနှင့်ပါဦးမယ်။ခင်ဗျားလည်း ပြန်ချင်ပြန်နိုင်ပါပြီ။ဂွတ်ဒ်ဘိုင်”

ထို့နောက် အနားယူတဲ့နေရာဆီ ပြန်သွားလိုက်သည်။

ရှန်းဝမ့်ရှီ သူ့ကိုကြည့်နေ၏။ ကျိချင်းကျိုးက သူတွေးထားသည်နှင့် ကွာခြားသလိုပါပင်။သို့သော် ဘာကွာခြားသလဲတော့ သူမပြောပြတတ်။ ကြည့်ရတာ ကျိချင်းကျိုးက တကယ်ကြီး သူ့လက်ရှိဘဝကို ကျေနပ်နေတာလား? ဘာလို့လဲ? လှောင်ချိုင့်ထဲက ငှက်လေးဖြစ်ရတာ ဘာကောင်းလို့လဲ? မဟုတ်မှ သူ့အတွက် မလွယ်ကူခဲ့လို့  သူနဲ့ရင်းနှီးနေတဲ့ လှောင်ချိုင့်ထဲ နေဖို့ပဲ ရွေးလိုက်တာလား?

ရှန်းဝမ့်ရှီ အတော် နားမလည်ဘူး။သူက ချမ်းသာတဲ့ အခြေအနေမှာ မွေးဖွားခဲ့သဖြင့် သာမန်လူတွေနဲ့ ခက်ခဲတဲ့ မိသားစုပတ်ဝန်းကျင်မှ လူတွေရဲ့ အတွေးတွေကို တကယ်နားမလည်ဘူး။သူထင်ထားတာကတော့ သူသာလက်ကမ်းပြီး ကူညီလိုက်ရင် ကျိချင်းကျိုးက သဘောတူပြီး သူ့ကိုတောင် ကျေးဇူးတင်လာလိမ့်မည်ဟု ထင်ခဲ့မိသည်။သို့တိုင် ကျိချင်းကျိုးကတော့ မဟုတ်ခဲ့ပေ။သူက လှောင်ချိုင့်ထဲဝင်ပြီး တစ်ခြားသူရဲ့ လှောင်ချိုင့်ထဲဝင်ဖို့ ကြောက်နေတာကြောင့်များလား? တစ်ဖက်လူက သတိကြီးလွန်းတယ်ဟု ရှန်းဝမ့်ရှီထင်သည်။

သို့သော်ငြား ကျိချင်းကျိုးအတွက် သူ့အချိန်တွေ အကြာကြီးဖြုန်းပြီးပြီဖြစ်သောကြောင့် ပြန်ဖို့ပြင်တော့သည်။ ရှန်းဝမ့်ရှီအတွက်တော့ ဘယ်သူမှ သူ့အချိန်ဖြုန်းပေးဖို့ မတန်ပေ။ကျိချင်းကျိုးကို စိတ်ရှည်လက်ရှည် ‌နဲ့စောင့်ပြီးပြီဖြစ်သည်။ကျိချင်းကျိုးကသာ တန်ဖိုး မထားတတ်တာပင်။ထိုမှတော့ သူလည်း အချိန်ဖြုန်းစရာမလိုအပ်တော့ပါ။

ညတွင်းချင်းပဲ သူပြန်သွားပြီး မပြန်ခင် ကျိချင်းကျိုးနဲ့ WeChat  လဲလိုက်သည်။သူပြန်သွားမှပဲ ကျိချင်းကျိုး စိတ်သက်သာမိတော့တယ်။ရှန်းဝမ့်ရှီရဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းက ပြင်းထန်လွန်းသည်။ သူ့ကိုစကားပြောရတာ ကျိချင်းကျိုး ပင်ပန်းရတယ်။ချူချန်လည်း ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတာပါပဲ။ချူချန်ကတော့ သူ့အတွေးအမြင်တွေကို နားထောင်ပေးပေမယ့် ရှန်းဝမ့်ရှီကတော့ သူ့အတွေးအမြင်ကိုသာ တစ်ဖက်လူအား နားထောင်စေပါသည်။

အဲ့လိုမျိုး ကိုယ့်ဆန္ဒကို ရှေ့တန်းတင်လွန်းသူတွေအား ကျိချင်းကျိုး လုံးဝသဘောမကျပါပေ။  ရှန်းဝမ့်ရှီထက်စာရင် ချူချန်ကမှ ပိုတန်ဖိုးကြီးပုံပေါ်သေးတယ်။

“ရှန်းဝမ့်ရှီပြန်သွားပြီ” ချူချန်ကိုကြည့်၍ ကျိချင်းကျိုးပြောလိုက်ခြင်း။

“သူပြန်သင့်တာကြာပြီလေ”

ရှန်းဝမ့်ရှီအား ချူချန် တစ်စက်လေးမှ သဘောမကျပါ။သူတို့နှစ်ခါသာ တွေ့ဖူးတယ်ဆိုပေမယ့် ရှန်းဝမ့်ရှီက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းအောင် မောက်မာလွန်းတယ်လေ ။

ကျိချင်းကျိုးလည်း ချူချန်အား လှမ်းဖက်လိုက်ကာ အကြည့်ချင်းဆုံလိုက်သည်။

“ဒီနေ့လည်က သူနဲ့စာချုပ်ချုပ်ချင်လားဆိုပြီးကျွန်တော့်ကို ပြောသေးတယ်”

“သူကဘာလို့ မင်းနဲ့ စာချုပ်ချုပ်ချင်တာလဲ” ချူချန် အံ့ဩသွားသည်။

“သူနဲ့ စာချုပ်ချုပ်လိုက်ရင် သူက ကျွန်တော်သူဌေးဖြစ်သွားပြီမို့ သူ့ဇာတ်ကောင်တွေမှာ သရုပ်ဆောင်မှရတော့မယ်လေ။အဲ့ဒါကြောင့်ဖြစ်မယ်ထင်တယ်”

“ဒီတော့ သူက အကြံကြီးနဲ့ပေါ့”

“ကျွန်တော်တော့ သဘောမတူလိုက်ပါဘူး။ ကျွန်တော် ဒီလောကမှာ ကျင်လည်နေသမျှကာလပတ်လုံး ရှီးယွီကနေ မထွက်သွားဘူးလို့ သူ့ကိုပြောလိုက်တယ်” ကျိချင်းကျိုးက ပြောလာလေသည်။

》》》》》》》》》》》》》

စာရေးသူမှာပြောစရာရှိပါတယ် :

ချူချန် : ငါက သူ့အစ်ကိုကြီးဖြစ်ရုံတင်မကဘူး သူ့ရဲ့ချစ်သူ၊သူ့ရဲ့ ပါးပါးအိုကြီး၊သူ့ရဲ့ idol ၊ သူ့ရဲ့ တစ်ဦးတည်းသော ကျောင်းသား၊ သူ့support club ရဲ့ ခေါင်းကိုင် ဥကဋ္ဌရောပဲဆိုတာ မင်း သိထားရင် ကောင်းမယ်!

ရှန်းဝမ့်ရှီ : [သွေးအန်နေတဲ့ .jpg]

ချူချန် : ဟမ့်!

ကျိုးကျိုး : ငါလည်း ရှီးယွီက ထွက်သွားမှာ မဟုတ်သလို ရှီးယွီအတွက် ဂုဏ်ဆောင်ဆုတံဆိပ်တွေရော ပိုက်ဆံတွေပါ ရှာဖို့ အလုပ်ပါ ကြိုးစားဦးမှာ။ အားချန်ရဲ့ အစ်ကိုကြီးက နည်းနည်းလောက်ဖြစ်ဖြစ် ငါ့ကို သဘောကျဖို့ မျှော်လင့်ရတာပဲ!

ချူချန် : ကြည့်သာကြည့်လိုက်တော့ ကောရေ .... ဘယ်လောက်အံ့ဩဖို့ကောင်းတဲ့ ခယ်မလေးလဲလို့! ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ ကျွန်တော်တို့ သူ့ကို တန်ဖိုးထားမြတ်နိုးပေးမှကိုရမယ်!

ချူရှင်း : .....ကောင်းပါတယ်လေ

Good night ပါရှင့်♥️ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လူတိုင်း ဘေးကင်းကြပါစေနော်💙💙💙  နေအပူရှိန်ကအရမ်းပြင်းတာမို့ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ကြပါနော်💙

《《《《《《《《《《《《《《《《

Zawgyi


က်ိခ်င္းက်ိဳးမွာေတြးၾကည့္တိုင္း ဒုကၡမ်ားေနရေတာ့တယ္။ ႐ွန္းဝမ့္႐ွီရဲ႕ အေတြးေတြကို သူတကယ္နားမလည္ႏိုင္ေတာ့ဘူး။ သူ႕လို နာမည္ႀကီး ဒါ႐ိုက္တာႀကီးတစ္ေယာက္ကဘာလို႔မ်ား ေခါင္းအရမ္းမာရတာလဲ? သူသာဆႏၵ႐ွိရင္ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခ်င္တဲ့သူမွ ေတာင္ပုံရာပုံ႐ွိေနတာကို ဘာလို႔ သူ႕ကိုခ်ည္းကပ္တြဲေနရသလဲေနာ္ ။

သို႔ေသာ္ျငား ႐ွန္းဝမ့္႐ွီအတြက္ကမူ သူ႕ရဲ႕ တီထြင္မႈတစ္ခုတိုင္းက ေသြးသားရင္း ကေလးေတြလိုပင္။ထို႔ေၾကာင့္ သူကေလးေတြရဲ႕ ႀကီးျပင္းလာမႈအား အထိခိုက္နည္းနည္းေလးမွ မျဖစ္ခ်င္ပါ။က်ိခ်င္းက်ိဳးကသာသင့္ေတာ္သည္ဟု သူထင္သည္။ထို႔ေၾကာင့္ ဒုတိယအေကာင္းဆုံးတစ္ျခားတစ္ေယာက္အား သူစဥ္းစားလိမ့္မည္မဟုတ္ေတာ့ ။

႐ွန္းဝမ့္႐ွီက မေျပာျပထားေသာေၾကာင့္က်ိခ်င္းက်ိဳးကဒါေတြမသိေပ။ထို႔ေၾကာင့္ ဒီ႐ုပ္႐ွင္ကို အႀကိမ္ႀကိမ္ျငင္းပယ္ခ်ၿပီး သူ႕အၾကံေပးခ်က္ေပၚ ခဲရာခဲဆစ္လုပ္ေနျခင္း။

ေနာက္ေန႔႐ွန္းဝမ့္႐ွီ ႐ိုက္ကြင္းကိုသြားသည့္အခ်ိန္ ခ်ဴခ်န္ဆိုသူဟာ သူအရင္က ထိုင္သည့္ ေနရာမွာထိုင္ၿပီး က်ိခ်င္းက်ိဳး ႐ိုက္ကူးေရးလုပ္တာကို ထိုင္ၾကည့္ေနသည္။အဲ့ေနရာကလည္း အနားယူတဲ့ ေနရာအတြင္း အေကာင္းဆုံးေနရာတစ္ခု။႐ွန္းဝမ့္႐ွီမွာ ဖယ္ဖို႔ ေျပာလိုက္ခ်င္ေပမယ့္ တကယ့္တကယ္ေတာ့လည္း အဲ့ေနရာက သူ႕အပိုင္ဟုတ္မေန၍ ခ်ဴခ်န္ေဘးမွာသာ ထိုင္ခ်ရေတာ့သည္။

ခ်ဴခ်န္သည္ သူ႕ေဘးမွာ သဘာဝက်သလိုလို ဝင္ထိုင္လာသည့္ ႐ွန္းဝမ့္႐ွီကို ၾကည့္ကာ ေမးျမန္းလိုက္တယ္။

“ဒါ႐ိုက္တာ႐ွန္း...ငါ မွတ္ထားတာမမွားရင္ မင္းကို က်ိခ်င္းက်ိဳးျငင္းလိုက္ၿပီးၿပီမဟုတ္ဘူးလား?”

႐ွန္းဝမ့္႐ွီသည္ သူ႕ကို ေစာင္းၾကည့္၍ အထင္းေသးစြာ ေျပာလိုက္တယ္။

“မင္းက သူ႕မန္ေနဂ်ာမို႔လား”

ခ်က္ခ်င္းဆိုသလို ေ႐ွာင္ခ်န္းေလး တုန္ရီသြား၏။

သူ႕စကားၾကားခ်ိန္ ခ်ဴခ်န္က ထရယ္သည္။

“ငါက သူ႕ရဲ႕မန္ေနဂ်ာေတာ့မဟုတ္ေပမယ့္ သူ႕ရဲ႕အုပ္ထိန္းသူပါ”

တစ္ဖက္လူက တကယ္ကို အ႐ွက္အေၾကာက္မ႐ွိဘူးဟု ႐ွန္းဝမ့္႐ွီေတြးလိုက္မိတယ္။လူၾကားထဲမွာ မ႐ွက္မေၾကာက္ေျပာေနတာမ်ား သူနဲ႔က်ိခ်င္းက်ိဳးတို႔ ဆက္ဆံေရးကို တစ္ျခားသူေတြ မသိမွာစိုးေနသလားပဲ?

သူႏွာမႈတ္၍ေငါ့ေတာ့ေတာ့ျပန္ေခ်ပလိုက္သည္။

“သူက အ႐ြယ္ေရာက္ေနၿပီဟာကို။အုပ္ထိန္းသူေတြဘာေတြလိုတယ္လား”

“အ႐ြယ္ေရာက္ၿပီးသားဆိုတာနဲ႔ပဲ တစ္ျခားသူေတြ အုပ္ထိန္းေပးဖို႔ မလိုေတာ့ဘူးလား? မင္းအ႐ြယ္ေရာက္ၿပီဆိုၿပီး မင္းမိဘေတြက မင္းကို ပစ္ထားရက္ၾကလို႔လား?”

ဒီေျဗာင္က်လြန္းသည့္ စကားႀကီးက သူဟာ က်ိခ်င္းက်ိဳးရဲ႕ ႐ွဴးဂါးဒယ္ဒီဆိုတာကို ႐ွန္းဝမ့္႐ွီအား သိေစခ်င္သလိုမ်ိဳး။

႐ွန္းဝမ့္႐ွီလည္း စိတ္ဆိုးစြာ ျပန္ေျပာလိုက္သည္။

“ဥကၠ႒ခ်ဴက စကားအေျပာအဆိုဆင္ျခင္ေပးပါ”

“ဘာလို႔ငါက စကားအေျပာအဆို ဆင္ျခင္ရမွာလဲ?  မင္းမိဘေတြလည္း အ႐ြယ္ေရာက္ၿပီးသားမင္းကို ဂ႐ုစိုက္ေပးၾကတာပဲေလ။ သူ႕အစ္ကိုႀကီးျဖစ္တဲ့ငါ့မွာလည္း သူ႕ကို ဂ႐ုစိုက္ေပးခြင့္႐ွိရဦးမွာေပါ့”

“က်ိခ်င္းက်ိဳးမွာ ဘယ္တုန္းကမ်ားအစ္ကိုတစ္ေယာက္႐ွိသြားပါလိမ့္။ငါလည္း မသိရပါလား?”

“ဒါဆိုရင္ေတာ့ မင္းမသိ‌တာေတြ မ်ားလြန္းေနၿပီပဲ”

ခ်ဴခ်န္က အျပဳံးပန္းဆင္ရင္းေျပာသည္။

“႐ိုက္ကူးေရးၿပီးတဲ့ထိ ခဏပဲေစာင့္ ။ ငါ သူ႕ကို ညီေလးလို႔ ေခၚလိုက္ရင္ သူျပန္ေျဖလိမ့္မယ္ၾကည့္ေန”

႐ွန္းဝမ့္႐ွီ စကားမေျပာလိုက္ေတာ့ေပ။ ဒါေပမယ့္ အေတြးကေတာ့ မပ်က္။ 
သူက ျပန္မေျဖပဲ ေနရဲမလားလို႔? မင္းတို႔ ပတ္သက္ပုံနဲ႔ဆို မင္းဘာေျပာေျပာ သူလ်စ္လ်ဴ႐ႈရဲမွာ မဟုတ္ဘူးေလ။

ခ်ဴခ်န္နဲ႔ စကားဆက္ေျပာဖို႔ သူပ်င္းရိလြန္းေနသလို ခ်ဴခ်န္ကလည္း သူနဲ႔ စကားဆက္ေျပာဖို႔ ပ်င္းလြန္းေနခဲ့ပါတယ္။ ႏွစ္ေယာက္လုံးဟာ က်ိခ်င္းက်ိဳးရဲ႕ သ႐ုပ္ေဆာင္ျခင္းအေပၚပဲ အာ႐ုံစိုက္ေနၾကၿပီျဖစ္၍ အေတာ္ၾကာထိ စကားမမ်ားခဲ့ၾကေတာ့ေပ။

ေ႐ွာင္ခ်န္းလည္း ထိုမွ စိတ္ေအးစြာ သက္ျပင္းခ်ရတယ္ ။ ခုနေလထုက သူနဲ႔ တကယ္ကို စိမ္းသက္လြန္းပါရဲ႕။

က်ိခ်င္းက်ိဳးသည္ ႐ိုက္ကူးေရးၿပီးသည္ႏွင့္ အနားယူတဲ့ ေနရာဆီ ျပန္လာသည္။ထိုေနရာမွ ႐ွန္းဝမ့္႐ွီအား ေတြ႕လိုက္ရသျဖင့္ ယဥ္ေက်းစြာ ႏႈတ္ဆက္စကားဆိုလိုက္သည္။ထို႔ေနာက္ ခ်ဴခ်န္၏ လွမ္းေခၚသံအား ၾကားလိုက္ရေလသည္။

“ညီေလး”

က်ိခ်င္းက်ိဳးလည္း သူ႕႐ိုက္ကြင္းမွာ ႐ွိတိုင္းေသြးေဝးညီအစ္ကိုေတြလို သ႐ုပ္ေဆာင္ၾကေလ့႐ွိသျဖင့္ သဘာဝက်က်ပင္ ျပန္ေျဖလိုက္တယ္။

“ဘာလဲ”

ခ်ဴခ်န္က သူ႕ေဘး႐ွိ ခုံအား ပုတ္ျပရင္း-

“ထိုင္ဦးေလ”

“ေအာ”

က်ိခ်င္းက်ိဳး အသံေလးျပဳကာ အနားသြားထိုင္ခ်လိုက္သည္။

ခ်ဴခ်န္ေဘးမွာ ထိုင္ေနသည့္ သူ႕ကို ၾကည့္ရင္း ႐ွန္းဝမ့္႐ွီက စိတ္အေႏွာင့္အယွက္ျဖစ္လာကာမတ္တပ္ထရပ္၍ က်ိခ်င္းက်ိဳးထံ အလ်င္စလို စကားဆိုလိုက္သည္။

“က်ိခ်င္းက်ိဳး...ဒီနားကိုခဏေလးလာဦး”

သူက စကားဆိုၿပီးေနာက္ တစ္ဖက္လွည့္ကာ ခပ္လွမ္းလွမ္းကို ေလွ်ာက္သြားသည္။

က်ိခ်င္းက်ိဳး စိတ္႐ႈပ္သြားေပမယ့္ ႐ွန္းဝမ့္႐ွီဆိုတာႀကီးေၾကာင့္ ခ်ဴခ်န္ကို ေျပာရသည္။

“သြားလိုက္ဦးမယ္”

ခ်ဴခ်န္ကေတာ့ သူသြားစရာမလိုဘူးဟု ထင္ေပမယ့္ က်ိခ်င္းက်ိဴး ေျပာတဲ့အတိုင္း ထပ္တြန္႔တက္မေနေတာ့ဘဲ ေခါင္းသားညိမ့္ျပလိုက္ေတာ့သည္။

က်ိခ်င္းက်ိဳးႏွင့္ ႐ွန္းဝမ့္႐ွီတို႔ တစ္ျခားသူမ်ားႏွင့္ ေတာ္ေတာ္လွမ္းလွမ္းထိ ေလွ်ာက္သြားၿပီးမွ ႐ွန္းဝမ့္႐ွီကေမးလာတယ္။

“တကယ္ကို အားဟန္ေနရာမွာသ႐ုပ္မေဆာင္ခ်င္တာလား”

က်ိခ်င္းက်ိဳးက ေခါင္းညိမ့္သည္။

“ကြၽန္ေတာ္သ႐ုပ္မေဆာင္ျဖစ္ပါဘူး”

“တကယ္လို႔  အႏုပညာေၾကးျမင့္ေပးမယ္ဆိုရင္ေရာ”

“အခုက ပိုက္ဆံေၾကာင့္ ျငင္းေနတာမဟုတ္ပါဘူး”

က်ိခ်င္းက်ိဳး ေျပာလိုက္တယ္။

“အဲ့ကားမွာ သ႐ုပ္မေဆာင္ခ်င္တာက ႐ိုး႐ိုးေလးပဲ အဲ့ကားက ကြၽန္ေတာ္နဲ႔ အဆင္မေျပဘူး ထင္လို႔ပါ”

“တစ္ရာမီလီယံ” ႐ွန္းဝမ့္႐ွီေျပာလိုက္သည္။ 

က်ိခ်င္းက်ိဳးမွာ အတန္ၾကာေအးခဲသြား၏။ TV ဒရမ္မာေတြထက္ ႐ုပ္႐ွင္ကားေတြက အၿမဲလိုလို အႏုပညာေၾကးနိမ့္သည္။ဒါ့ျပင္ သူ႕ရဲ႕လက္႐ွိ အေနအထားႏွင့္  ဒီေလာက္ျမင့္တဲ့ အႏုပညာေၾကးမ်ိဳး လုံးလုံး မရႏိုင္ပါေခ် ။ ထိုကိန္းဂဏန္းမ်ားက ေအာင္ျမင္မႈရၿပီးသားလူေတြအတြက္ျဖစ္သည္ ။

“ကြၽန္ေတာ္.......”

“ႏွစ္ရာမီလီယံ...သုံးရာမီလီယံ...ေလးရာမီလီယံ....”  ႐ွန္းဝမ့္႐ွီက ဆက္ဆက္ၿပီး တိုးေပးလာသည္။

က်ိခ်င္းက်ိဳးမွာ အျမန္ ၾကားျဖတ္ေျပာလိုက္ရ၏။

“ခဏ...ခဏေလး...ဒါ႐ိုက္တာ႐ွန္း...ခင္ဗ်ားအထင္လြဲေနၿပီ။ ကြၽန္ေတာ္ ျငင္းေနတာက တကယ္ကိုပိုက္ဆံေၾကာင့္မဟုတ္ဘူး။”

“သိပါတယ္။အခုေပးေနတဲ့ပိုက္ဆံေတြကလည္း ဇာတ္ကား႐ိုက္ကူးေရးအတြက္ပဲမဟုတ္ဘူးေလ”

“ဟမ္?” အခုေတာ့ က်ိခ်င္းက်ိဳးစဥ္းစားရၾကပ္သြား၏။

႐ွန္းဝမ့္႐ွီ သူ႕ကို ၾကည့္လိုက္ကာ-

“မင္းနဲ႔ခ်ဴခ်န္ကဘာေတြလဲ”

“သူက ကြၽန္ေတာ္႕အစ္ကိုေလ”

႐ွန္းဝမ့္႐ွီက ရမ္းသြမ္းေသြးကာျဖင့္

“ခ်ဴမိသားစုမွာ က်ိအမည္ရတဲ့ေဆြမ်ိဳး႐ွိေၾကာင္း ငါမသိခဲ့ဘူး”

သူစကားေတြေၾကာင့္ က်ိခ်င္းက်ိဳးမွာ အေတာ္ၾကာထိ ဖြင့္ေျပာဖို႔ ေနရခက္ေနခဲ့သည္။

“ေမြးစားအစ္ကိုလား?” ႐ွန္းဝမ့္႐ွီက သူ႕ကို ေမးသည္။

“ကြၽန္ေတာ့္သူငယ္ခ်င္း” က်ိခ်င္းက်ိဳး ျပန္ေျဖလိုက္တယ္ ။

႐ွန္းဝမ့္႐ွီတစ္ေယာက္ တစ္ဖက္လူက အေရပါးၿပီး လက္ခံဖို႔ ေနရခက္ေနတယ္လို႔သာ ထင္လိုက္တယ္ ။ သူ႕မ်က္ခုံးေတြအား ဖိႏွိပ္၍ အကူအညီမဲ့စြာ ေျပာလိုက္သည္။

“က်ိခ်င္းက်ိဳး...မင္းက အရမ္းအရည္အခ်င္း႐ွိတာေနာ္။ကိုယ့္ကိုကိုယ္ တန္ဖိုးထားသင့္တယ္”

“ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္ တန္ဖိုးထားပါတယ္”

က်ိခ်င္းက်ိဳးက တီးတိုးေလး႐ြတ္၏။မဟုတ္ရင္ ႐ွန္းဝမ့္႐ွီရဲ႕ ဖိတ္ၾကားခ်က္ကို သူျငင္းေနမွာ မဟုတ္ဘူးေလ။

႐ွန္းဝမ့္႐ွီမွာ က်ိခ်င္းက်ိဳးကိုၾကည့္၍ ခံစားခ်က္ေတြ ႐ႈပ္ေထြးလာသည္ ။ က်ိခ်င္းက်ိဳး ပထမဆုံးအႀကိမ္ ျငင္းတဲ့အခ်ိန္က သူေတြးမိတာေတာ့ သ႐ုပ္ေဆာင္ စိတ္ဓာတ္မ႐ွိဘူး။တိုးတက္ခ်င္စိတ္မ႐ွိဘူး။ပေရာ္ဖက္႐ွင္နယ္မက်ဘူးဘာဘူးေပါ့။ေပါ့ျပက္ျပက္နဲ႔လို႔ေတာင္ေတြးမိ၏။ဒါေပမယ့္ က်ိခ်င္းက်ိဳးရဲ႕ သ႐ုပ္ေဆာင္အရည္အခ်င္းက မတအားထူးခြၽန္ေန၏။သူ႕တစ္ကိုယ္လုံး စိတ္အားထက္သန္မႈအျပည့္ပင္။လက္ေလ်ာ့ေပးဖို႔ကိုေတာင္ သူနည္းနည္း တြန္႔ဆုတ္လာ၏။သူ႕မွာ ထိုအၾကမ္းထည္စိန္တုံးအား ေပါလစ္တင္ခ်င္ရင္ေတာင္ ထိုေက်ာက္မ်က္က သူမ်ား လက္ထဲ ဆုပ္ကိုင္ထားၿပီးသားျဖစ္ေနေလသည္။

က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္ၾကားက ဆက္ႏြယ္မႈကလည္း က်ိခ်င္းက်ိဳး ျငင္းဆန္ရသည့္ အေၾကာင္းရင္း တစ္ခုျဖစ္မည္။အႏုပညာပါရမီပါတဲ့ စာဝါငွက္ေလးအား ထိန္းခ်ဳပ္ရသည္မွာ တကယ္ ခက္ခဲလြန္းလွသည္ ။ အမွန္ဆို တစ္ဖက္လူက ခ်ဴခ်န္လက္ထဲမွာပဲ ႐ွိေနေသးသည္ေလ။သူလိုခ်င္တာ ပိုက္ဆံလား။ေက်ာ္ၾကားမႈလား။ထို႔ေၾကာင့္ ႐ွန္းဝမ့္႐ွီ သူ႕ကို ပိုက္ဆံေပးလိုက္ကာ ခ်ဴခ်န္နဲ႔ ဆက္ဆံေရးကို ျဖစ္ႏိုင္သေလာက္ လႊတ္ခ်ႏိုင္ဖို႔အတြက္ ဇာတ္ကားတစ္ကားမွာ သာမန္ရေနက် ေငြေၾကးထက္ ပိုေပးလိုက္တာျဖစ္သည္ ။

ခ်ဴခ်န္က ႐ွီးယြီရဲ႕ ဒုတိယသခင္ေလးျဖစ္ၿပီး က်ိခ်င္းက်ိဳးကေတာ့ ႐ွီးယြီရဲ႕ အႏုပညာေလးျဖစ္သည္ေလ။႐ွန္းဝမ့္႐ွီမ်က္လုံးထဲမွာေတာ့ ခ်ဴခ်န္လိုခ်င္လို႔သာ က်ိခ်င္းက်ိဳး မခုခံႏိုင္ျဖစ္ေနရတာဟုပဲ ျမင္ေတာ့သည္။

“ငါေျပာခ်င္တာကို မင္းသေဘာမေပါက္ပါဘူး။ငါ မင္းကို လစာဒိထက္ျမင့္ျမင့္ေပးတာက ဒီပိုက္ဆံေတြကို မင္းသုံးခ်င္တဲ့ ေနရာမွာ သုံးလို႔ရတယ္။ေနာက္ပိုင္း မင္းသ႐ုပ္ေဆာင္လို႔ရမယ့္ ဇာတ္ေကာင္ေတြ ငါ့မွာ႐ွိလာရင္လည္း သင့္ေတာ္သလို မင္းရဲ႕လစာကို ေလ်ာ့ခ်သြားမယ္ေလ။ဒီပိုက္ဆံကေတာ့ အနာဂတ္မွာ မင္း ငါ့ရဲ႕သ႐ုပ္ေဆာင္ျဖစ္လာဖို႔အတြက္ အႀကိဳေပးတဲ့လစာပဲ”

ဘာလို႔အရာအားလုံး ဒီလိုျဖစ္သြားလဲ က်ိခ်င္းက်ိဳး နားမလည္ႏိုင္ေတာ့ဘူး။သူ႕ကို အရည္အခ်င္းမ႐ွိတဲ့ သ႐ုပ္ေဆာင္လို႔ ေတြးေနတဲ့ ႐ွန္းဝမ့္႐ွီက သူ႕ကို သက္ေသာင့္သက္သာေလး မေနေစခ်င္ဘူးလားလို႔? ဘာလို႔ ႐ုတ္တရက္ႀကီး သူ႕ရဲ႕ အႏုပညာ႐ွင္လာလုပ္ခိုင္းေနတာလဲ? သူ႕ကို ပိုေကာင္းေအာင္ သင္ေပးခဲ့ၾကသလား?

“မလိုပါဘူး” သူေျပာလိုက္တယ္။

“ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္လည္း အဲ့ေလာက္ပိုက္ဆံအမ်ားႀကီးလိုအပ္မေနပါဘူး။ၿပီးေတာ့ ဒါ႐ိုက္တာ႐ွန္းရဲ႕ ေနာက္ပိုင္း ဇာတ္ကားေတြလည္း ဒီလိုပုံပဲလာမယ္ဆို ကြၽန္ေတာ္ သ႐ုပ္ေဆာင္ျဖစ္မယ္မထင္ဘူး။” သူအပြင့္လင္းဆုံးေျပာလိုက္သည္။

“ကြၽန္ေတာ္က ကိုယ့္ဘာသာ ဆုံးျဖတ္ပိုင္ခြင့္႐ွိခ်င္တာ။ဘာလို႔လဲဆို  ကြၽန္ေတာ္သာ ခင္ဗ်ားရဲ႕ ပိုက္ဆံေတြယူၿပီး ခင္ဗ်ား အကူအညီကို လက္ခံလိုက္မယ္ဆို ကြၽန္ေတာ္ သ႐ုပ္မေဆာင္ခ်င္ရင္ေတာင္ ျငင္းဖို႔ အခက္အခဲျဖစ္ေနမွာ မဟုတ္လား”

“အခုခ်ိန္မွာ မင္းရဲ႕ ဆုံးျဖတ္ပိုင္ခြင့္ကို မင္းဘာသာပိုင္တယ္ေပါ့။အဲ့လိုလား”

“ဒါေပါ့” က်ိခ်င္းက်ိဳး ေခါင္းညိမ့္လိုက္သည္။

“ခ်ဴခ်န္ကေရာမင္းဆုံးျဖတ္ခ်က္ေတြကို ဝင္မစြက္ဖက္ဘူးလား”

“တစ္ခါတစ္ေလ သူ႕အျမင္ေတြ႐ွိေပမယ့္ ဝင္မပါတာက မ်ားပါတယ္။ဒါမဲ့ သူဝင္ပါလည္း ေရးႀကီးခြင့္က်ယ္ကိစၥမွမဟုတ္ဘဲ” က်ိခ်င္းက်ိဳးက ျပန္ေျဖလာသည္။

“ဒီေတာ့ မင္းက သူ႕ကို ဝင္စြက္ဖက္ခြင့္ေပးတယ္လား?”

“အင္းေလ”

က်ိခ်င္းက်ိဳးက ႐ွက္မေနခဲ့ေပ။

“ကြၽန္ေတာ္ဘာလုပ္လုပ္ သူဝင္စြက္ဖက္ႏိုင္တယ္”

“မရင့္က်က္တဲ့ လူတစ္ေယာက္လိုမ်ိဳး မင္းလမ္းေၾကာင္းမွာ သူ႕ကို ဝင္စြက္ဖက္ခြင့္မေပးသင့္ဘူး။မင္း ျမင့္ျမင့္ေရာက္ခ်င္ရင္ ပိုေကာင္းတဲ့ အစီအစဥ္႐ွိသင့္တယ္။က်ိခ်င္းက်ိဳး။ မင္းဆႏၵ႐ွိရင္ ငါ့စတူဒီယို နဲ႔ စာခ်ဳပ္ခ်ဳပ္လို႔ရတယ္။မင္းကို ပိုေကာင္းတဲ့ အစီအစဥ္ေတြဆြဲေပးၿပီး တစ္ျခားကိစၥေတြမွာလည္း ငါကူညီေပးႏိုင္တယ္”

“ဟင့္အင္း။မလိုပါဘူး”

႐ွန္းဝမ့္႐ွီ ဘာလို႔ သူနဲ႔ လက္မွတ္ထိုးခ်င္ေနမွန္း က်ိခ်င္က်ိဳး နားမလည္ေတာ့ဘူး။ဒါေပမယ့္-

“ကြၽန္ေတာ္ ႐ွီးယြီက ထြက္မွာ မဟုတ္ဘူး။ၿပီးေတာ့ ကြၽန္ေတာ့္ သ႐ုပ္ေဆာင္ လမ္းေၾကာင္းကို ကိုယ့္ဘာသာ စီစဥ္ခ်မွတ္ခ်င္တာ။အခု ဒီတိုင္းပဲ ေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

႐ွန္းဝမ့္႐ွီလို ေနာက္ခံ႐ွိတဲ့သူနဲ႔ လက္မွတ္ထိုးတာက အရင္းအႏွီးေကာင္းေတြေရာ ဆုတံဆိပ္ေတြပါ ပိုရဖို႔ လြယ္တယ္ဆိုေပမယ့္ ႐ွန္းဝမ့္႐ွီလို လူမ်ိဴးေနာက္ လိုက္ရတာက သူ႕လုပ္ပိုင္ခြင့္ေတြကို ဆုံး႐ႈံးသြားေစမွာ အေသအခ်ာပဲ။သူဆုေတြရခ်င္ေပမယ့္လည္း ကိုယ္ပိုင္ လုပ္ပိုင္ခြင့္ေလးေတာ့ ႐ွိခ်င္ပါသည္။႐ွီးယြီက အရမ္းေကာင္းလြန္းသည္။က်ိဳးခ်န္ဖုန္းက သူ႕ေပၚ ေလးစားေပးသလို က်င္း႐ွင္လို လူကေတာင္ သူ႕အေပၚ အရမ္းေကာင္းေပးေနတာ။အဲ့အျပင္ ႐ွီးယြီက ခ်ဴမိသားစုပိုင္တာျဖစ္ေနတယ္ ။ သူ႐ိုက္ကူးေရးလုပ္လို႔ ပိုက္ဆံ႐ွာေနတာက ခ်ဴမိသားစုနဲ႔ ခ်ဴခ်န္အတြက္ ပိုက္ဆံ ႐ွာေပးျခင္းနဲ႔ တူတူပဲေလ။ အဲ့ဒါက သူ႕ကို အလြန္ေပ်ာ္႐ႊင္ေစသည္ ။

သူလည္း အလုပ္ႀကိဳးစားၿပီး ခ်ဴ႐ွင္းရဲ႕ ႏွစ္သက္မႈရေအာင္ ဒီသုံးႏွစ္အတြင္း ႐ွီးယြီအတြက္ ဂုဏ္ေဆာင္ေပးရမွာျဖစ္သည္ကို ႐ွန္းဝမ့္႐ွီနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ကေတာ့ သူေတြးၾကည့္ဖိုေနေနသာ အဲ့ေခါင္းစဥ္ကို ဘယ္လို ေရာက္သြားလဲပင္ နားမလည္ႏိုင္ျဖစ္ေနရသည္။

“ဒါ႐ိုက္တာ႐ွန္းက ကြၽန္ေတာ္နဲ႔ စာခ်ဳပ္ခ်ဳပ္ခ်င္တဲ့ အေပၚ အရမ္းဂုဏ္ယူမိ‌ေပမယ့္ ႐ွီးယြီကေန ထြက္သြားဖို႔ အစီအစဥ္မ်ိဳး ကြၽန္ေတာ့္မွာ မ႐ွိပါဘူး။ၿပီးေတာ့ ကြၽန္ေတာ္ရဲ႕ လက္႐ွိအေနအထားကို အမ်ားႀကီး ေက်နပ္ရတာမို႔ တစ္ျခား ကုမၸဏီေတြနဲ႔ စာခ်ဳပ္မခ်ဳပ္ခ်င္ဘူး။ခင္ဗ်ားရဲ႕ ဇာတ္ၫႊန္းက အရမ္းေကာင္းသလို ခင္ဗ်ာ့ ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ကလည္း တအား မိုက္ေပမယ့္ ကြၽန္ေတာ့္အတြက္ အဆင္‌မေျပဘူး။ဒါ့ျပင္ ကြၽန္ေတာ္က ႐ွီးယြီရဲ႕ အႏုပညာ႐ွင္တစ္ေယာက္ပဲ ျဖစ္တာမို႔ ကြၽန္ေတာ္ လုံးလုံး သ႐ုပ္မေဆာင္ျဖစ္ေတာ့ဘဲ ဒီေလာကထဲက ထြက္သြားမယ့္ အခ်ိန္က်မွသာ ႐ွီးယြီက ထြက္ခြာမွာပါ။အဲ့ဒါေၾကာင့္ ခင္ဗ်ား အခ်ိန္ေတြကို မျဖဳန္းပါနဲ႔ေတာ့”

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ခင္ဗ်ား ႐ိုက္ကြင္းမွာ႐ွိတဲ့ ဒီရက္ပိုင္းအတြင္း လူတိုင္းက ကြၽန္ေတာ့္ကို မ်က္စိေဒါင့္ေထာက္ၾကည့္ေနၾကတာ။ကြၽန္ေတာ္လည္းဝန္ေလးရတာပဲေလ။ခင္ဗ်ားရဲ႕ ဖိတ္ၾကားမႈေတြ၊အသိအမွတ္ျပဳမႈေတြေၾကာင့္ အရမ္းေပ်ာ္မိေပမယ့္ ကြၽန္ေတာ္က ေခါင္းမာတဲ့ လူတစ္‌ေယာက္ပဲ ။ အရမ္းေခါင္းမာတာ။အရမ္းလည္း တစ္ကိုယ္ေကာင္းဆန္တယ္ ။ ခင္ဗ်ားမွာ႐ွိတဲ့ မတအားျမင့္တဲ့အႏုပညာေပၚ ႀကိဳးစားအားထုတ္မႈေတြ ကြၽန္ေတာ့္မွာမ႐ွိဘူး။ၿပီးေတာ့ ဇာတ္ကား‌တစ္ကားမွာ သ႐ုပ္ေဆာင္လိုက္တာေၾကာင့္နဲ႔  ကြၽန္ေတာ့္ဘဝကိုလည္း အက်ိဳးမသက္ေရာက္သြားေစခ်င္ဘူး။ခင္ဗ်ားဘာသာ ဒီမွာ ဘယ္ေလာက္ၾကာၾကာေနေန ကြၽန္ေတာ္ကေတာ့ လက္ခံမွာမဟုတ္တာမို႔ ေဆာ္ရီးပါ”

႐ွန္းဝမ့္႐ွီက သူ႕ကို စကားမဆိုဘဲၾကည့္သည္။

အရမ္းကိုမွ ႐ွင္း႐ွင္းလင္းလင္းေျပာလိုက္ၿပီးၿပီဟု က်ိခ်င္းက်ိဳး ခံစားလိုက္ရကာ ႐ွန္းဝမ့္႐ွီထံေျပာလိုက္တယ္။

“ကြၽန္‌ေတာ္အရင္သြားႏွင့္ပါဦးမယ္။ခင္ဗ်ားလည္း ျပန္ခ်င္ျပန္ႏိုင္ပါၿပီ။ဂြတ္ဒ္ဘိုင္”

ထို႔ေနာက္ အနားယူတဲ့ေနရာဆီ ျပန္သြားလိုက္သည္။

႐ွန္းဝမ့္႐ွီ သူ႕ကိုၾကည့္ေန၏။ က်ိခ်င္းက်ိဳးက သူေတြးထားသည္ႏွင့္ ကြာျခားသလိုပါပင္။သို႔ေသာ္ ဘာကြာျခားသလဲေတာ့ သူမေျပာျပတတ္။ ၾကည့္ရတာ က်ိခ်င္းက်ိဳးက တကယ္ႀကီး သူ႕လက္႐ွိဘဝကို ေက်နပ္ေနတာလား? ဘာလို႔လဲ? ေလွာင္ခ်ိဳင့္ထဲက ငွက္ေလးျဖစ္ရတာ ဘာေကာင္းလို႔လဲ? မဟုတ္မွ သူ႕အတြက္ မလြယ္ကူခဲ့လို႔  သူနဲ႔ရင္းႏွီးေနတဲ့ ေလွာင္ခ်ိဳင့္ထဲ ေနဖို႔ပဲ ေ႐ြးလိုက္တာလား?

႐ွန္းဝမ့္႐ွီ အေတာ္ နားမလည္ဘူး။သူက ခ်မ္းသာတဲ့ အေျခအေနမွာ ေမြးဖြားခဲ့သျဖင့္ သာမန္လူေတြနဲ႔ ခက္ခဲတဲ့ မိသားစုပတ္ဝန္းက်င္မွ လူေတြရဲ႕ အေတြးေတြကို တကယ္နားမလည္ဘူး။သူထင္ထားတာကေတာ့ သူသာလက္ကမ္းၿပီး ကူညီလိုက္ရင္ က်ိခ်င္းက်ိဳးက သေဘာတူၿပီး သူ႕ကိုေတာင္ ေက်းဇူးတင္လာလိမ့္မည္ဟု ထင္ခဲ့မိသည္။သို႔တိုင္ က်ိခ်င္းက်ိဳးကေတာ့ မဟုတ္ခဲ့ေပ။သူက ေလွာင္ခ်ိဳင့္ထဲဝင္ၿပီး တစ္ျခားသူရဲ႕ ေလွာင္ခ်ိဳင့္ထဲဝင္ဖို႔ ေၾကာက္ေနတာေၾကာင့္မ်ားလား? တစ္ဖက္လူက သတိႀကီးလြန္းတယ္ဟု ႐ွန္းဝမ့္႐ွီထင္သည္။

သို႔ေသာ္ျငား က်ိခ်င္းက်ိဳးအတြက္ သူ႕အခ်ိန္ေတြ အၾကာႀကီးျဖဳန္းၿပီးၿပီျဖစ္ေသာေၾကာင့္ ျပန္ဖို႔ျပင္ေတာ့သည္။ ႐ွန္းဝမ့္႐ွီအတြက္ေတာ့ ဘယ္သူမွ သူ႕အခ်ိန္ျဖဳန္းေပးဖို႔ မတန္ေပ။က်ိခ်င္းက်ိဳးကို စိတ္႐ွည္လက္႐ွည္ ‌နဲ႔ေစာင့္ၿပီးၿပီျဖစ္သည္။က်ိခ်င္းက်ိဳးကသာ တန္ဖိုး မထားတတ္တာပင္။ထိုမွေတာ့ သူလည္း အခ်ိန္ျဖဳန္းစရာမလိုအပ္ေတာ့ပါ။

ညတြင္းခ်င္းပဲ သူျပန္သြားၿပီး မျပန္ခင္ က်ိခ်င္းက်ိဳးနဲ႔ WeChat  လဲလိုက္သည္။သူျပန္သြားမွပဲ က်ိခ်င္းက်ိဳး စိတ္သက္သာမိေတာ့တယ္။႐ွန္းဝမ့္႐ွီရဲ႕ ကိုယ့္ကိုကိုယ္ အထင္ႀကီးျခင္းက ျပင္းထန္လြန္းသည္။ သူ႕ကိုစကားေျပာရတာ က်ိခ်င္းက်ိဳး ပင္ပန္းရတယ္။ခ်ဴခ်န္လည္း ခ်မ္းသာတဲ့ မိသားစုက ဆင္းသက္လာတာပါပဲ။ခ်ဴခ်န္ကေတာ့ သူ႕အေတြးအျမင္ေတြကို နားေထာင္ေပးေပမယ့္ ႐ွန္းဝမ့္႐ွီကေတာ့ သူ႕အေတြးအျမင္ကိုသာ တစ္ဖက္လူအား နားေထာင္ေစပါသည္။

အဲ့လိုမ်ိဳး ကိုယ့္ဆႏၵကို ေ႐ွ႕တန္းတင္လြန္းသူေတြအား က်ိခ်င္းက်ိဳး လုံးဝသေဘာမက်ပါေပ။  ႐ွန္းဝမ့္႐ွီထက္စာရင္ ခ်ဴခ်န္ကမွ ပိုတန္ဖိုးႀကီးပုံေပၚေသးတယ္။

“႐ွန္းဝမ့္႐ွီျပန္သြားၿပီ” ခ်ဴခ်န္ကိုၾကည့္၍ က်ိခ်င္းက်ိဳးေျပာလိုက္ျခင္း။

“သူျပန္သင့္တာၾကာၿပီေလ”

႐ွန္းဝမ့္႐ွီအား ခ်ဴခ်န္ တစ္စက္ေလးမွ သေဘာမက်ပါ။သူတို႔ႏွစ္ခါသာ ေတြ႕ဖူးတယ္ဆိုေပမယ့္ ႐ွန္းဝမ့္႐ွီက စိတ္အေႏွာင့္အယွက္ ျဖစ္စရာေကာင္းေအာင္ ေမာက္မာလြန္းတယ္ေလ ။

က်ိခ်င္းက်ိဳးလည္း ခ်ဴခ်န္အား လွမ္းဖက္လိုက္ကာ အၾကည့္ခ်င္းဆုံလိုက္သည္။

“ဒီေန႔လည္က သူနဲ႔စာခ်ဳပ္ခ်ဳပ္ခ်င္လားဆိုၿပီးကြၽန္ေတာ့္ကို ေျပာေသးတယ္”

“သူကဘာလို႔ မင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ခ်င္တာလဲ” ခ်ဴခ်န္ အံ့ဩသြားသည္။

“သူနဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္ရင္ သူက ကြၽန္ေတာ္သူေဌးျဖစ္သြားၿပီမို႔ သူ႕ဇာတ္ေကာင္ေတြမွာ သ႐ုပ္ေဆာင္မွရေတာ့မယ္ေလ။အဲ့ဒါေၾကာင့္ျဖစ္မယ္ထင္တယ္”

“ဒီေတာ့ သူက အၾကံႀကီးနဲ႔ေပါ့”

“ကြၽန္ေတာ္ေတာ့ သေဘာမတူလိုက္ပါဘူး။ ကြၽန္ေတာ္ ဒီေလာကမွာ က်င္လည္ေနသမွ်ကာလပတ္လုံး ႐ွီးယြီကေန မထြက္သြားဘူးလို႔ သူ႕ကိုေျပာလိုက္တယ္” က်ိခ်င္းက်ိဳးက ေျပာလာေလသည္။

》》》》》》》》》》》》》

စာေရးသူမွာေျပာစရာ႐ွိပါတယ္ :

ခ်ဴခ်န္ : ငါက သူ႕အစ္ကိုႀကီးျဖစ္႐ုံတင္မကဘူး သူ႕ရဲ႕ခ်စ္သူ၊သူ႕ရဲ႕ ပါးပါးအိုႀကီး၊သူ႕ရဲ႕ idol ၊ သူ႕ရဲ႕ တစ္ဦးတည္းေသာ ေက်ာင္းသား၊ သူ႕support club ရဲ႕ ေခါင္းကိုင္ ဥက႒ေရာပဲဆိုတာ မင္း သိထားရင္ ေကာင္းမယ္!

႐ွန္းဝမ့္႐ွီ : [ေသြးအန္ေနတဲ့ .jpg]

ခ်ဴခ်န္ : ဟမ့္!

က်ိဳးက်ိဳး : ငါလည္း ႐ွီးယြီက ထြက္သြားမွာ မဟုတ္သလို ႐ွီးယြီအတြက္ ဂုဏ္ေဆာင္ဆုတံဆိပ္ေတြေရာ ပိုက္ဆံေတြပါ ႐ွာဖို႔ အလုပ္ပါ ႀကိဳးစားဦးမွာ။ အားခ်န္ရဲ႕ အစ္ကိုႀကီးက နည္းနည္းေလာက္ျဖစ္ျဖစ္ ငါ့ကို သေဘာက်ဖို႔ ေမွ်ာ္လင့္ရတာပဲ!

ခ်ဴခ်န္ : ၾကည့္သာၾကည့္လိုက္ေတာ့ ေကာေရ .... ဘယ္ေလာက္အံ့ဩဖို႔ေကာင္းတဲ့ ခယ္မေလးလဲလို႔! ေယာက်ၤားေကာင္းတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္တို႔ သူ႕ကို တန္ဖိုးထားျမတ္ႏိုးေပးမွကိုရမယ္!

ခ်ဴ႐ွင္း : .....ေကာင္းပါတယ္ေလ

Good night ပါ႐ွင့္♥️ စိတ္ခ်မ္းသာကိုယ္က်န္းမာၿပီး လူတိုင္း ေဘးကင္းၾကပါေစေနာ္💙💙💙  ေနအပူ႐ွိန္ကအရမ္းျပင္းတာမို႔ ကိုယ့္ကိုကိုယ္လည္း ဂ႐ုစိုက္ၾကပါေနာ္💙

《《《《《《《《《《《《《《《《

Continue Reading

You'll Also Like

299K 26K 33
"ငါ့မှာ အရှိန်အဝါကြီးလွန်းတဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိတယ်။ သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ သီးသန့်ဆန်ကာသိုဝှက်လွန်းသူ။အမြဲ ခက်ထန်နေတတ်ပြီးတော့ လူကြီး...
1.1M 47.3K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
186K 13.8K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
168K 17.5K 109
ဘာသာပြန်သူ - စွဲညို့အသင်း